မန္တလေးမှ ညီမလေး မမများ သတိထားဆင်ခြင်နိုင်ရန်
နိုင်ငံတကာ ဈေးကွက် ကောင်းနေသည့်
ချောင်းရိုက် စီးပွားရေး မြန်မာနိုင်ငံမှာ
ဖြစ်နေပါပြီး ညစ်ညမ်း ဆိုဒ်တွေမှာ
“မန်းလေး-ချောင်းသာ သန့် စင်ခန်းမှ
အလန်းလေးများ” ဆိုပြီးထွက် နေပြီလို့ သိရပါတယ်၊ မမ ညီမလေးများ သတိထားကြဘို့  အတွက်ဒီစာကိုရေးသားလိုက်ခြင်းဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာ မျက်လုံးတွေ ရှိနေလို့  အမျိုးကောင်းသမီးတွေ
သတိထားကြရပါမယ်။ အိမ်သာတို့  ရေချိုးခန်းတို့ မှာ မသင်္ကာစရာ ကင်မရာတွေ
့ခဲ့ရင် တာဝန်ရှိတဲ့ တာဝန်ရှိတဲ့ မန်နေဂျာဆီသွားပြီး တိုက်ရိုက်
တိုင်ကြားနိုင်ပါတယ်။ နိုင်ငံတကာမှာဆိုရင် ရဲစခန်းမှာ
တိုင်ကြားအမှုဖွင့်ရင် ဟော်တည်ပိတ်ပစ်လိုက်ရတဲ့အထိ အရေးယူလို့ ရပါတယ်။
တိုင်းပြည်တွင်းမှာ ချောင်းရိုက် စီးပွားရေးဈေးကောင်းနေပြီး နိုင်ငံတကာရဲ့
အပြာဝက်ဆိုဒ်တွေမှာ home made myanmar တွေ ဗီဒီယို ဇာတ်လမ်းတွေ
အင်တာနက်မှာ ရေပန်းစားလာတာကြောင့် တရုတ်ပြည်ကနေ ပုံစံမျိုးစုံချောင်းရိုက်
ကင်မရာ တွေတင်သွင်းပြီး ထုတ်ထုပ်ရောင်းချ နေတဲ့ သူတွေကို အရေးယူမယ့်
သူမရှိလို့  ပိုပြီး ကျယ်ပြန့် လာနေတယ်။
ဒီလိုညစ်ညမ်းခွေတွေကို လမ်းဘေးမှာတောင်
လိုင်းကြေးပေးပြီးအော်ရောင်းနေတယ်ဆိုတော့ နောက်ပိုင်းဆိုရင် နိုင်ငံတကာ
လိင်ဗူးအဖွဲ့ ဝင်တွေ နိုင်ငံတွင်းကို အစုလိုက်အပြုံလိုက် ရောက်လာတော့မှာ
ပိုဆိုးလာနိုင်တာက ခလေးငယ်တွေနဲ့ လိင်ဆက်ဆံတာတွေ၊ မုဒိန်းကျင့်ပွဲတွေကို
ပြောင်ပြောင်တင်းတင်း ရိုက်လာကြတော့ မယ်ဖြစ်ပါတယ်။
ကမ္ဘောရီးယားနိုင်ငံမှာလို မိမိသားသမီးတွေကို နိုင်ငံခြားသားတွေဆီမှာ လိင်ဆက်ဆံဘို့  ရောင်းစား နေရာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။
ထိုင်းမှာတော့ ခလေးငယ်နဲ့ အမျိုးသမီးစောင့်ရှောက်ရေး အဖွဲ့ တွေက ရှေ
့နေနှင့် ရဲတွေရဲ့ အကူညီယူပြီး ညစ်ညမ်းမှုခင်းတွေ
လိုက်နိမ်နင်းကြပါတယ်ဆိုပေမယ့် ထိထိရောက်လုပ်တာမျိုးမတွေ့ ရသေးဘူး။
ဒါကြောင်းအခု ဖြစ်နေတာတွေကို တာဝန်ရှိနိုင်ငံတော်အကြီးအကဲများနှင့်
သက်ဆိုင်ရာတာဝန်ရှိသူတွေများ ညီမချင်းကိုယ့်ချင်းစာနာပြီး
ထိရောက်စွာအရေးယူပေးကြပါရန့်  တိုင်းကြားအပ်ပါသည်။
No comments:
Post a Comment