Saturday, June 21, 2014

အရင်လိုဘ၀မျိုးရောက်ချင်တယ် 

 ဆရာကြီးမောင်ထူး

          မောင်ရင်နဲ့ ကိုယ်တို့တပ်ထဲမှာရှိနေတုံးက ဘဝတွေကိုမှတ်မိလား၊ ရဲဘော်လစာ ၈၂ိ/-ကလေး ငါးယောက်ကို ထမင်းအဝကျွေးပြီး ကျောင်းထားပေး နိုင်တယ်။  ခုခေတ်ရဲဘော်တွေရဲ့ဘဝနဲ့ ဘာမှမဆိုင် ဘူး။ သားရေစစ်ဖိနပ်လည်ရှည်ကို KIWIဖိနပ် ဆေး နဲ့မဲပြောင်နေအောင်တိုက်ပြီး ထမင်းရည်နဲ့ကော်တင် မီးပူထိုးထားတဲ့ ယူနီဖောင်းကိုကော့နေအောင်ဝတ်ပြီး အကျအန ဗဟိုကင်းမှာ ဂျူတီဝင်နိုင်တယ်။ စစ်သား ဆိုပေမယ့်ကြည့်လိုက်ရင် SMARTဘဲ၊ ချောင်ချောင် လည်လည်ဘဲ အခုတော့ရန်ကုန်နဲ့နီးတဲ့တပ်တွေမှာ တောင်တစ်ချို့စစ်သား သားသမီးတွေကျောင်းလခ မပေးနိုင်လို့ ကျောင်းထုတ်ထားရတယ်။ ကျောင်းမ တက်ဘဲ တပ်ရင်းမှူး၊ တပ်မမှူး အိုကေစိုပြေဖို့ တည် ထောင်ထားတဲ့ ကြက်ခြံ၊ ဘဲခြံ အုတ်လုပ်ငန်းတွေမှာ နေ့စားဝင်လုပ်ကြရတယ်။ တိုင်းမှူးသားတွေပြိုင်ကားစီးပြီး ကျောင်းတက်နေချိန်မှာ ရဲဘော်သားသမီးတွေ တရုတ်ကဂျင်းထည့်ထားတဲ့ စစ်တပ်ကျောင်းကား ­­­FAW ကားကိုကျောခိုင်းခဲ့ကြရတယ် ဆရာကြီး မောင်ထူးရေ။

          အရင်တုန်းကပြည်သူ့တပ်မတော်စာစဉ်မှာ တပ် ကြပ်မောင်ထူးဆိုတဲ့နာမည်နဲ့ တပ်အကြောင်း အဆိုး အကောင်းတွေ မောင်ရင်ရေးနေကြမဟုတ်လား။ ဆက်ရေးပါကွာ။ ခုချိန်မှာမောင်ရင်ရေးမယ်ဆိုရင် ကုန်ကြမ်းမရှားဘူးကွ။ တပ်ထောက်စတိုကရိက္ခာ ဂိုဒေါင်ထဲမှာ ခြစားတဲ့အကြောင်းကစရေးကွာ။ တပ်မတော်က တိုင်းပြည်ကိုအုပ်ချုပ်တာ ပြည်သူတွေ တင်ဆင်းရဲချမ်းသာကွာခြားတာမဟုတ်ဘူး။ ဒို့တပ်ထဲ မှာကပိုတောင်ဆိုးနေသေးတယ်။ တပ်မတော်ရဲ့အ ကြီးအကဲတွေကိုယ်ပိုင် ဘဏ်တွေ၊ စက်ရုံတွေ၊ စီးပွား ရေးလုပ်ငန်းကြီးတွေနဲ့တိုင်းတပါးကဘဏ်တွေမှာ ငွေပိုငွေလျှံအပ်နှံနိုင်တဲ့အချိန်မှာ အောက်ခြေရဲဘော် တွေ သူတို့ရင်သွေးကိုစာ မသင်နိုင်တော့ဘူး ဆရာ ကြီးရေ။ ရုပ်ပိုင်းဆိုင်ရာမှာ ချို့ယွင်းနိမ့်ကျသွားတာကို ခံနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာပါ ဒို့ရဲဘော်တွေ အများကြီးထိခိုက်နာကျင်ရတာကိုမခံစားနိုင်လို့ ပြော ပြချင်တယ်။

          ဒို့တွေရဲဘော်ဖြစ်ကာစကရှေ့တန်းသွားရင် ရောက်တဲ့ရွာမှာ အိမ်ဦးခန်းတက်ပြီးထမင်းစားလို့ရတယ်။ ရွာကလူတွေကဒို့လာရင်သိပ်ပျော်တာ။ မရှိရှိတာချကျွေးပြီး ကွဲကွာနေတဲ့ဆွေမျိုးသားချင်းအလည်ပြန်လာသလိုကိုဆက်ဆံခဲ့ကြတာ။ အခုတော့ ကွာ ဒို့ရွာထဲဝင်လာပြီဆိုရင် အကုန်ထွက်ပြေး ကုန် ကြရော။ ဖွက်လို့ရတာ အကုန်ဖွက်ထားတာ ကြက် ဝက်နွားဆိတ်အကုန် ရွာပြင်မောင်းထုတ်ပြီးပုန်းရှောင် ကုန်ကြတာ။ အဲဒီလိုတောထဲမှာ ခံစားရလို့ မြို့ပြန်ရင် ကောင်းမလားမှတ်တယ်။ ကိုယ့်တပ်ရင်းကိုပြန်ဝင်ရင် ကုပ်ချောင်းချောင်းနဲ့လူမသိသူမသိ မိုးချုပ်ချုပ်မှာ ပြန်ဝင်ကြရတာ။ အရင်တုန်းကမြို့ခံတပ်ရင်း ရှေ့တန်းကပြန်လာရင် စာသင်ကျောင်းတွေပါပိတ်ပြီး ရှေ့တန်းပြန်ကြိုဆိုပွဲကို ခြိမ့်ခြိမ့်သဲကျင်းပကျတာ။ သူ့ထက်ငါပန်းကုံးတွေဝယ်ပြီးစွပ်ကြတာရဲဘော် တွေလဲဇက်ကျိုးမတက်ဘဲ။ အခုတော့ ဘယ်သူမှ အဖက်လုပ်ပြီး မကြိုဆိုကျတော့ဘူး။  

ဆရာကြီးမောင်ထူး

          မောင်ရင်နဲ့တပ်ခွဲတစ်ခွဲအတူနေပြီး ကရင်ပြည် နယ်မှာမိုင်းထိခဲ့တဲ့ရဲဘော်ဖိုးစီကိုမှတ်မိလား။ ခြေတ ဖက်ပေါင်ရင်းကနေဖြတ်လိုက်ရလို့ အပြင်မှာ ချိုင်း ထောက်နဲ့ အပြင်မှာစာအုပ်ကလေးတွေလည်ရောင်း နေတာ။ အရင်တုန်းကစစ်ယူနီဖောင်းနဲ့ရပ်ကွက်တွေထဲမှာ စာအုပ်ရောင်းရင် ကရုဏာသက်ပြီးစာအုပ်တွေ ကိုဝယ်ကြဖတ်ကြသတဲ့။ ခုများတော့ကွာ အိမ်ထဲခြံထဲ ဝင်လာတာနဲ့ မောင်းထုတ်တော့တာဘဲတဲ့။ တပ်မ တော်က သူတို့ဘဝကို တာဝန်မယူဘဲ စွန့်ပစ်ထားခဲ့ လို့အံကြိတ်ပြီး အပြင်မှာကောင်းရောင်း ကောင်းဝယ် လုပ်စားခဲ့ပေမဲ့လဲ စစ်သားမို့ဘယ်သူမှ  မကြည်ဖြူချင် ကြတော့ဘူးတဲ့ ရင်နာစရာဘဲ။ အငြိမ်းစားဗိုလ်ချုပ်ကြီး တွေရဲ့ ကိုယ်ပိုင်လုပ်ငန်းခွင်တွေထဲမှာ ဒုက္ခိတ စစ် သည်တွေအတွက် နေရာမပေးနိုင်ကြဘူးလား မသိပါ ဘူး ဆရာကြီးရာ။

          ပြည်သူတွေနဲ့တပ်မတော်ကြားမှာ အခုလိုအမုန်း တရားတွေကြီးထွားလာအောင် ဘယ်သူတွေလုပ်ခဲ့ကြ သလဲမသိပါဘူး ဆရာကြီးရေ။ ဒို့တပ်ကစစ်သားတွေ မပြောနဲ့ဗိုလ်ကြီးတွေတောင် ဓါးပြထွက်တိုက်ကုန် ကြပြီလို့ ဂျာနယ်တွေထဲမှာဖတ်ရတယ်။ ရှေ့လျောက် ရင်လေးမိတယ် ဆရာကြီးမောင်ထူး။ ခေါင်းဆောင် ဗိုလ်ချုပ်တွေက ပြည်သူ့ဘဏ္ဍာကို ရှေ့ဆောင်လမ်းပြ ခိုးဆိုးတိုက်ခိုက်ယူငင်ြ<ွကယ်ဝနေကြတော့ နောက် လိုက် ရဲဘော်တွေကို ဘယ်လိုထိန်းကြမလဲဆရာကြီး။ ဒို့ငယ်ငယ်က စစ်စည်းကမ်းဆိုတာ သိပ်ကြီးတယ်ကွာ။ အခုတော့ တပ်ထဲမှာ အဂတိလိုက်စားမှု ၊ လူမှုရေး ဖောက်ပြန်မှုတွေအများကြီး၊ ရှေ့ဆောင်နွားလားတွေ ဖြောင့်ဖြောင့်မသွားခဲ့လို့ ငါတို့လက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ခုလုံး ပျက်ပါပကောလား။  အဓိကဝမ်း အနည်းဆုံးက ပြည်သူ့မေတ္တာကိုမရတော့တာကိုလုံး ဝစိတ်မကောင်းဘူးဆရာကြီး။

          စားဝတ်နေရေးကျပ်တည်းလို့ လမ်းပေါ် ထွက် ပြီး ဆန္ဒဖော်ထုတ်တာကို ရက်ရက်စက်စက်နှိမ်နင်း တဲ့အခါ စစ်တပ်ကို လက်ကိုင်တုတ်လိုအသုံးချပြီး ပြည်သူကိုသတ်ဖြတ်ခဲ့ကြတာကြောင့် ပြည်သူ့နှလုံး သားမှာ အမာရွတ်ထင်ခဲ့ပြီကွ၊ စစ်သားကို ချေးထက် ရွံမုန်းနေကြပြီ၊ အရင်ကလိုပြည်သူချစ်တဲ့ရဲဘော်ပြန် ဖြစ်ချင်တယ်ကွာ၊ ဆင်းရဲပေမယ့် သွားလေရာရာတင့် တယ်တယ်။မျက်နှာပွင့်တယ်၊ လူဝင်ဆန့်တယ်။အခု တော့ အရပ်ဖက်ဌာနဆိုင်ရာတွေမှာလည်း ငါတို့တပ် က အရာရှိတွေဌာနပြောင်းပြီး အနိုင်ကျင့်နေရာယူ အခွင့်ရေးယူတော့ မိုးပေါ်ကကျလာတဲ့ မိုးကျရွှေကိုယ် ဆိုပြီးကျိန်ဆဲနေကြလေရဲ့ဆရာကြီးရေ ...

          စစ်သားအလုပ်ကိုစစ်သားလုပ်ရတဲ့ ဘဝကို ပြန်လိုချင်တယ်ကွာ။ စစ်တိုက်တဲ့အခါတိုက်၊ လေ့ ကျင့်တဲ့အခါလေ့ကျင့်၊မွန်းမံသင်တန်းတက်တဲ့ အခါ တက်နဲ့ စစ်သားဘဝပရော်ဖက်ရှင်နယ်ဖြစ်အောင် ပြန်လုပ်ပေးစေချင်တယ်။ စပါးစိုက်တာ၊ ကြက်မွေး တာ၊ ငုံးမွေးတာ၊ ငါးမွေးတာ၊ နွားမွေးတာ ငါတို့အ လုပ်မဟုတ်ဘူး။ ငါတို့အလုပ်ကစစ်ပညာတွေ တိုးတက်အောင်နိုင်ငံတကာနဲ့တွဲပြီးလေ့ကျင့်မယ်။ လက်နက်အသစ်အဆန်းတွေနဲ့ ရင်းနှီးကျွမ်းဝင် အောင် သင်တန်းတွေတက်မယ်။ စစ်ပညာနဲ့ပတ်သက် တဲ့ စစ်ပွဲတွေနည်းဗျူဟာတွေ သင်ယူမယ်။ အာကာသစစ်ပွဲတွေအကြောင်း လေ့လာမယ်။ ကြက်မွေး၊ဘဲမွေးစာရင်းတွေလိမ်ပြ၊ ဒီတပ်ကိုဝင် စစ်ရင် ဟိုတပ်က ပစ္စည်းယူပြ၊ စစ်ဆေးရေးအဖွဲ့ပြန် သွားရင် ငှားလာတဲ့ တပ်ကိုပြန်ပို့၊ တပ်ရင်းမှူး တစ်ယောက်နဲ့တစ်ယောက်တပ်ရင်း လွှဲယူရင် ညှိုနှိုင်းကြပေးကြကမ်းကြနဲ့ သိပ်ရှုပ်တာဘဲကွာ။ စစ် သားဘဝစစ်စစ်ကိုပြန်သွားချင်တယ်ကွာ။ စီးပွား ရေးမလုပ်တတ်လို့ တပ်ထဲဝင်ပါ တယ်ဆိုမှ စစ်သား ကိုစီးပွားရေးလုပ်ခိုင်းလို့ အရင်းတင်မကဘူး အမြစ်ပါပြုတ်သွားမှာ။ ငါတို့ခေါင်းဆောင်တွေ မသိဘူးလား။

ဆရာကြီးမောင်ထူး

          နောက်ဆုံးအနေနဲ့ ဒီနေ့စစ်တပ်ရဲ့ဘဝကို အနီး စပ်ဆုံးဖော်ကြူးထားတဲ့ သီးချင်းစာသားလေး မောင် ရင့်ကိုရွတ်ပြမယ်။ စာဆိုနဝဒေးကြီးရဲ့ နတ်ရှင်နောင်။ စိုင်းဆိုင်မော့ဝ်ရဲ့ တောင်ပြာတန်းက သိတယ်ဆိုတဲ့  သီချင်းတွေထက်ပိုပေါက်ပြီး အရပ်ထဲမှာကလေးတွေ အော်အော်ဆိုနေကြသီချင်းလေးပါ။ ဘာတဲ့....

          ''ပြည်သူ့တပ်မတော်သားများ ရွာကကြက်တွေ ခိုးစား၊ ရွာသားရိုက်လို့ထွက်ပြေးရမယ့် ဒို့တပ်မ တော်သား'' တဲ့။ ငါတို့တပ်မတော်သားတွေထမင်းမဝ လို့၊ ငါတို့ခေါင်းဆောင်ဒို့ရဲဘော်တွေကို ပစ်ထားလို့၊ သူတိြု့<ွကယ်ဝချမ်းသာဖို့ဘဲကြည့်ကြလို့၊ ငါတို့ ရဲဘော် တွေ ရွာကကြက်တွေခိုးစားတဲ့ဘဝရောက်ခဲ့ကြရပြီ။ ပြည်သူက သည်းမခံနိုင်တဲ့ အခါဝိုင်းရိုက်လို့ထွက်ပြေး ကြရတဲ့ဘဝကို ရောက်တော့မယ်ဆိုတာ အဲဒီအပြောင် အပျက်သီချင်းလေးက သတိပေးနေခဲ့ပါပြီ။ တပ်မ တော်ကို ပြည်သူချစ်သောတပ်မတော်ပြန်ဖြစ်စေချင် တယ်ကွာ။ ပြည်သူနဲ့တပ်မတော်အရင်လိုဘဝမျိုးပြန် ရောက်စေချင်တယ်။  စိုင်းထီးဆိုင်ရဲ့ အရင်လိုဘဝ မျိုးပြန်ရောက်ချင်တယ် သီချင်းကို လူပျိုဘားတိုက် ထိပ်က အုတ်ခုံမှာ ငါတို့ဂစ်တာတီး ရင်းဆိုခဲ့ကြတာကို လွမ်းလွမ်းဆွေးဆွေးပြန်ဆိုနေမိတယ်။

ဆရာကြီးမောင်ထူးရေ.....။

၇ဝ ခုနှစ် ဝန်းကျင်က စစ်သားဘဝလေးကို  နှမြောတမ်း တမိပါရဲ့။

          သင့်ရဲဘော်

                            အရမ်းသန်းညွန့်

ပြည်သူ့ဆန္ဒဂျာနယ်အတွဲ(၂)အမှတ်စဉ်(၅)

ကျန်းမာရေးကြောင်.အနားယူနေရသောအမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်

 တောင်ငူမြိုနယ်ပြည်သူ.လွတ်တော်ကိုယ်စားလှယ် ဦးအောင်စီုးမြင်ထံ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေဆုံ

 ၂၁.၆.၂၀၁၄နေ နေလည်၁း၀၀နာရီတွင်
အဖွဲချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် နှင်.အဖွဲသည်
ကျန်းမာရေးကြောင်.အနားယူနေရသော
အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် တောင်ငူမြိုနယ်
ပြည်သူ.လွတ်တော်ကိုယ်စားလှယ်
ဦးအောင်စီုးမြင်ထံသွားရောက်တွေဆုံ အားပေးစကားပြောကြားပြီး လက်
ရှိတောင်ငူမြိုနယ်အတွင်းကျန်းမာရေး၊လူမှူရေး၊စီးပွါးရေး၊ အလုပ်လက် မဲများအခြေအနေ၊လယ်ယာသိမ်းခံတောင်သူများကိစ
၊လူငယ်များနှင်.မူးယစ်ဆေးဝါးသုံးစွဲမှူ.၊ကျောင်းများအခြေအနေကိုဒေသခံများအားမေးမြန်းဆွေးနွေးပြီး၊
ဒေသခံလွတ်တော်ကိုယ်စားလှယ်ကျန်မားရေးအခြေအနေအရအနားယူဆေးဝါးကုသနေစဉ်ကာလတွင်
နယ်မြေနီးပြည်သူလွတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ်၊
များမှတာဝန်ယူဆောင်ရွက်ပေးနိုင်ရန်စီစဉ်ဆောင်ရွက်ပေးပြီး အဖွဲချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် နှင်
.အဖွဲသည် နေပြည်တော်သိုပြန်လည်ထွက်ခွါခဲ့ပါသည်။

အင်ဂျလီနာဂျူလီ ကရင်နီ ဒုက္ခသည်စခန်း လည်ပတ်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ် နာမည်ကျော် မင်းသမီး အင်ဂျလီနာဂျူလီ ထိုင်း-မြန်မာ နယ်စပ် မဲဟောင်ဆောင်ခရိုင်ထဲက ကရင်နီဒုက္ခသည်စခန်းကို ထပ်မံလည်ပတ်ပါတယ်။ ဒီလည်ပတ်မှုဟာ သူ့ရဲ့ လေးကြိမ်မြောက်ဖြစ်ပြီး ဇွန်လ ၂၀ ရက်မှာ ကျရောက်ခဲ့တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်ဖြစ်ပါတယ်။ အင်ဂျလီနာဂျူလီဟာ နာမည်ကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီးဖြစ်ပေမယ့် တခြားနာမည်ကျော်မင်းသမီးတွေနဲ့မတူ အမျိုးသမီးအခွင့်အရေးနဲ့ ဒုက္ခသည်တွေအရေးမှာ အလွန်တက်ကြွသူဖြစ်ပါတယ်

အသက်၁၅ နှစ်အရွယ် မယားပါ သမီးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်ငွေတောင်း 

 အသက်၁၅ နှစ်အရွယ် မယားပါ သမီးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်၍ငွေေ ကြးပါ ထပ်မံတောင်းခံသဖြင့် MAT နှင့် FED တို့ က နယ်မြေခံရဲဖြင့်ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

 အဖြစ်အပျက်တို့အား ၈လအကြာတွင် မိခင်ဖြစ် သူက သိရှိခဲ့သည်။  ဇွန်လ ၁၈ ရက်နေ့က ၁၅ နှစ်အရွယ် ကလေးမ၏ မိခင်ဖြစ်သူထံသို့ အသက်၄၂ နှစ်အရွယ် ဦးခင်မောင်တင့် ဆိုသူက အဓမ္မပြုကျင့်ထားခြင်းများအား လူအများမသိစေ လိုပါက ဘတ်ငွေ၂၀,၀၀၀ ပေးရမည်ဖြစ်ေ ကြာင်း အကြပ်ကိုင် တောင်ခံလာခဲ့သည်။ အကယ်၍ မပေးအပ်ပါက မြန်မာပြည်သို့လည်း လူသိအောင် အရှက်ခွဲမည်ဟု ပြောပြန်သဖြင့်  မိခင်ဖြစ်သူက ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ M.A.Tသို့ အကူညီတောင်းခံလာခဲ့သည်။ M.A.T အဖွဲ့က ထိုင်းတောင် ပိုင်း တကွန်ပါ  အခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFE နှင့် ညှိနှိုင်းပြီးေ နာက် ချက်ခြင်းအကောင်အထည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

      M.A.T အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ခွင့်မလွှတ်ချင်အောင် ယုတ်မာတဲ့အမှုကိစ္စဖြစ်တယ်။ ကျနော်တို့ အတွေ့အကြုံအရ ရဲဆေးရုံ စစ်ဆေး ချက်တို့ သက်သေခံအထောက်အထားတို့ တစ်စုံတစ်ခု ရရှိဖို့ ခက်ခဲနေတယ်။ ဒါပေမယ့်ဖြစ်ရပ်ကမှန်နေတယ်။ ကလေးမလေးဘက်က အလွန်နစ်နာနေ တယ်။ ကျနော်တို့  အတော်စဉ်းစားပြီးတော့လုပ်ရတယ်။ တစ်ခုခုမှားယွင်းမှာ စိုးရိမ်တယ်။ နယ်မြေခံ ရဲအရာရှိကို အကျိုးအကြောင်းတင်ပြတယ်။ အချက်အလက်တွေမှန်ကန်တိကျတယ်ဆိုတော့မှ ပထွေးဆိုသူကို ပိုက်ဆံ လာယူ  ဆိုပြီးခေါ်ဖမ်းလိုက်ရတယ်” ဟုပြောသည်။

   ဘန်ကောက်မြို့ ဖက်ကဆင်....လမ်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော အသက်၁၅နှစ်အရွယ် မိန်းကလေး၏မိခင်က“ကျမတို့ ထိုင်းမှာ ပေါင်းသင်းလာ တာ ၇နှစ်လောက်ရှိပြီ။ သမီးလေးအရွယ်ရောက်လာတာနဲ့ ခေါ်လိုက်တာ။ ကျမ မသိတဲ့အချိန်မှာ သမီးကို အဓမ္မပြုကျင့်တယ်။ တစ်ခါတစ်ရံ သမီး မျက်နှာညှိးနေတာမြင့်လို့ ကျမမေးတော့ သူဆူထားလို့ ဆိုပြီးပြောတာ။ ကျမကတောင်မှ အဖေဆူတာ သမီးကို ဆုံးမတာဆိုပြီးတော ပြောပြသေး တယ်။ ကျမ ဒီလိုပက်စက်မယ်လို့မထင်ဘူးလေ။ သမီး နေမကောင်း လို့ ဆေးရုံသွားပြတော့ ဆရာဝန်က ကလေးဟာ လိင်ဆက်ဆံခံဖူးတဲ့ လက္ခဏာ ရှိတယ်လို့ပြောမှ သမီးကိုမေးကြည့်တယ်။ ဒီတော့မှ ကျမသိတာ။ သိတော့ ကျမကသူ့ကို မပေါင်းတော့ဘူးဘာညာပြောတော့ သူက အရှက် မကွဲချင်ရင် ဘတ်ငွေ၂၀,၀၀၀ ချက်ခြင်းပေးဆိုပြီး အကြပ်ကိုင်တောင်းတာ” ဟုပြောသည်။  

   ပထွေးဖြစ်သူ ဦးခင်မောင်တင့် အား ယခုအခါ  ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး အမှုရင်ဆိုင်နေရ ဆဲဖြစ်သည်။ ၎င်းသည် မွန်ပြည် နယ် မော်လမြိုင်မြို့နယ်၊ ခရိတ်သစ်ကျေးရွာမှဖြစ်ပြီး အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ ကရင်ပြည်နယ်၊…………….မြို့နယ်၊ ……….ကျေးရွာမှဖြစ်ကြောင်းသိရှိရသည်။

ထိုင်းနိုင်ငံအနှံ့အပြားတို့တွင် မြန်မာအလုပ်သမားအချင်းချင်း သတ်ဖြတ်မှု၊ အဓမ္မမှု၊ လိမ်လည်မှု  စသည့် ရာဇ၀တ်မကင်းသော အမှုများနေ့စဉ်ဖြစ် ပွားလျှက်ရှိသော်လည်း ဖေါ်ထုတ်အရေးယူဆောင်ရွက်နိုင်မှုနည်းပါးသည်။

  မင်းဘခက်

လှည်းတန်းဈေးအနီး ဓာတ်ကြိုးပြတ်ကျရာ ဓာတ်လိုက်၍ နှစ်ဦး သေ နှစ်ဦး ဒဏ်ရာရ

 ဓာတ်လိုက်၍ ဒဏ်ရာရရှိသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ရန် သယ်ယူနေစဉ် 


ရန်ကုန်မြို့ ကမာရွတ် လှည်းတန်း ဈေးအနီးတွင် ဇွန်လ ၂၁ ရက် ညနေက ဓာတ်ကြိုးပြတ် ကျရာ ဓာတ်လိုက်၍ လူနှစ်ဦး သေဆုံးသွားပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ကမာရွတ်မြို့နယ်၊ လှည်း တန်းဈေး ပေ ၅၀ လမ်းထဲရှိ ဖိနပ် ဆိုင်တစ်ဆိုင်သို့ ဖိနပ်လာပို့သော ကားပေါ် ဇွန်လ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် Main Service လျှပ်စစ်ကြိုး ပြတ်ကျသောကြောင့် ဓာတ်လိုက်၍ လူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။
‘‘ဖိနပ်လာပို့တဲ့ ကားပေါ်ကို ကျသွားတာ ကံကောင်းသွားတာ အဲဒီကားသာမရှိရင် မိုးကရွာနေ တော့ လမ်းထဲမှာ ဈေးရောင်းတဲ့လူတွေ တသီကြီး သေသွားနိုင်တယ်’’ ဟု ဓာတ်လိုက်သူများ အား ရန်ကုန်ဆေးရုံကြီးသို့ လိုက် ပို့ခဲ့သူ ကိုဉာဏ်မြင့်က ဆိုသည်။
အခင်းဖြစ်ပွားသည့် အချိန် ၌ မိုးရွာနေပြီး လျှပ်စစ်မီး ပြန် လာသည့်အချိန်တွင် ဓာတ်ကြိုးပြတ်ကျခဲ့ခြင်းဖြစ်ကာ ကုန်စိမ်းရောင်းသော အမျိုးသမီး နှစ်ဦး၊ ဖိနပ်လာဝယ်သော အမျိုးသားတစ်ဦးနှင့် ကားပေါ်တွင် ရှိသော အမျိုးသားတစ်ဦးတို့ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း ပေ ၅၀ လမ်းထဲတွင် ယိုးဒယားအကင်ရောင်းနေသည့် ဒေါ်ချိုက ပြောသည်။
၎င်းတို့လေးဦးအနက် ဖိနပ်လာပို့သော ကားပေါ်မှ အမျိုးသားတစ်ဦးနှင့် ကုန်စိမ်းရောင်းသော အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။
လူနာများအား ရန်ကုန်ဆေး ရုံကြီးသို့ ပို့ထားပြီး ကျန်နှစ်ဦးမှာလည်း အရေးပေါ် အခြေအနေတွင်ရှိကြောင်း ဓာတ်လိုက်သူ များကို ဆေးရုံကြီးသို့ လိုက်ပို့ခဲ့ သူ ကိုဉာဏ်မြင့်က ပြောကြားသည်။
ပြတ်ကျခဲ့သည့် ဓာတ်ကြိုး မှာ လှည်းတန်းဈေးပေ ၅၀ လမ်းနှင့် ထန်းတပင် လမ်းထောင့်ရှိ ဓာတ်တိုင်မှဖြစ်ပြီး မကြာသေးမီကလည်း တစ်ခါ ပြတ်ကျခဲ့ဖူးကာ မကြာခဏ ပြတ်ကျလေ့ရှိကြောင်း ဒေါ်ချိုကပြောသည်။
‘‘အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အထက်က ဘယ်လိုအရေးယူမယ် ဆိုတာတော့ မသိသေးဘူး။ လတ် တလောမှာ အလုပ်တွေ ရှုပ်နေ တဲ့အတွက် မလုပ်နိုင်သေးတာပါ။ ပြုတ်ကျသွားတဲ့ ဓာတ်ကြိုးကို တော့ နောက်တစ်ခါ ထပ်မဖြစ် အောင်လို့ ပိုပြီးကောင်းအောင် ပြင်ပေးနေပါတယ်’’ ဟု ကမာ ရွတ်မြို့နယ်လျှပ်စစ်ရုံးမှ လျှပ်စစ် အင်ဂျင်နီယာ ဦးရဲမာန်ဦးက ပြော ကြားသည်။
‘‘ဒီကိစ္စဟာ ကမာရွတ်မြို့ နယ်လျှပ်စစ်ဌာနမှာ တာဝန်ရှိ တယ်။ ဓာတ်ကြိုးတွေကို ကောင်း အောင် လုပ်ဖို့သူမှာတာဝန်ရှိ တယ်။ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) အရ တာဝန်ရှိသူရဲ့ ပေါ့ဆမှု ကြောင့် လူသေတာဖြစ်တဲ့အ တွက် ဥပဒေနဲ့အညီအရေးယူတာ တွေလုပ်သွားရမှာ ဖြစ်ပါတယ်’’ ဟု တရားရုံးချုပ်ရှေ့နေ ဦးခင် ဇော်(မရမ်းကုန်း)က ဓာတ်ကြိုး ပြတ်ကျ၍ ပြည်သူအချို့သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းနှင့် ပတ်သက်၍ ပြောသည်။
ရန်ကုန်ဆေးရုံကြီးတွင် ကုသနေသည့် လူနာနှစ်ဦးတွင် အမျိုးသမီးမှာ သတိပြန်လည်လာပြီဖြစ်သော်လည်း အမျိုးသားမှာအရေးပေါ်အခြေအနေတွင် ရှိနေသေးကြောင့် ဇွန် ၂၁ ည ၁၀ နာရီခွဲတွင် နောက်ဆုံးသိရသည်။
အခင်းဖြစ်ပွားသည့်ဓာတ်တိုင်မှာ ည ၁၀ နာရီ ၂၀မိနစ်အထိပြန်လည်တပ်ဆင်၍ မရသေးဘဲရှော့ခ်ဖြစ်နေသေးကြောင်း ယင်းလမ်းထဲတွင် နေသူတစ်ဦးက ပြောကြားသည်။

ကလေးငယ်တွေ ဈေးရောင်းခိုင်းသူ မြန်မာနိုင်ငံသား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး 

အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အဓမ္မ အလုပ်လုပ်ခိုင်းတဲ့ အတွက် အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသား မောင်မြန်ဦး ဆိုသူကို ထိုင်းနိုင်ငံ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွေက ဘန်ကောက်မြို့ Phar Nakhon ဒေသမှာ ဖမ်းဆီးရမိ လိုက်တယ်လို့ ဇွန်လ ၂၁ ရက်နေ့ထုတ် ထိုင်းနိုင်ငံက အဓိက သတင်းဌာနကြီး တွေဖြစ်တဲ့ Bangkok Post နဲ့ The Nation သတင်းစာတွေမှာ ဖော်ပြ ထားပါတယ်။
ဒေသခံတွေက သတင်းပေးပို့တဲ့အတွက် ဘန်ကောက်မြို့က ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ ခေါက်ဆန်လမ်းမှာ တာဝန်ရှိသူတွေက စောင့်ကြည့်စစ်ဆေးတဲ့အခါ မောင်မြန်ဦးက အသက် ၁၅ နှစ်အောက် ကလေးငယ် ၂ ဦးရဲ့ မိခင်ကို ပိုက်ဆံပေးပြီး အဲဒီကလေးတွေကို နှင်းဆီပန်း ရောင်းခိုင်းထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အမည်ဖော်ပြထားခြင်းမရှိတဲ့ ကလေးငယ်တဦးရဲ့အဆိုအရ သူတို့ကို ကျပ် ၅ သောင်းစီနဲ့ သူတို့မိခင်ထံက ၀ယ်ယူလိုက်တာဖြစ်ပြီး တနေ့ကို နှင်းဆီပန်း ၂၄ ခုစီ ရောင်းခိုင်းပြီး ပိုက်ဆံလလည်း တပြားမှ မပေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ပန်း ၂၄ ပွင့် မရောင်းနိုင်ရင် အရိုက်ခံကြရတယ်လို့ ဆိုပါတယ်။
အဲဒီကလေးတွေကို မြန်မာပြည်ကနေ ၀ယ်ယူခဲ့တာဖြစ်ပြီး သူတို့ ပန်းရောင်းလို့ရတဲ့ ၀င်ငွေဟာ တလမှာ ဘတ် ၃ သောင်းစီရှိတယ်လို့ မောင်မြန်ဦးကပြောတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောတာကို ကိုးကားပြီး သတင်းစာမှာ ဖော်ပြထားပါတယ်။
သူ့အနေနဲ့ ကလေးတွေ မိခင်ထံ တလမှာ ကျပ် တသိန်းခွဲစီ ပို့ပေးနေတယ်လို့ ပြောပါတယ်။ မောင်မြန်ဦးကို ဘယ်လို ပြစ်ဒဏ်မျိုး စီရင်မယ်ဆိုတာတော့ မသိရသေးပါဘူး။
ဗွီအိုအေ (မြန်မာဌာန)

 

Ooredoo နဲ့​ Samsungေ​ပါ​င်းြ​ပီးေ​ဈးချို​တဲ့ မို​ဘို​င်းလ်ဖု​န်းေ​တွ ထုတ်မှာ​လား


 


ဇူလိုင်လထဲမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဖြစ်လာမယ့် 3G ကွန်ရက် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုတွေ စတင်ဖို့ရှိနေတဲ့ Ooredoo ကုမ္ပဏီက ကမ္ဘာ့မိုဘိုင်းလ်ဖုန်းရဲ့ နည်းပညာမှာ ဦးဆောင်နေတဲ့ Samsung တို့ ဇွန် ၂ဝရက်နေ့မှာ လက်တွဲလိုက်ပါပြီ။ ဒီလိုလက်တွဲတာဟာ မိုဘိုင်းဈေးကွက်မှာ ဘာတွေ အကျိုးရှိစေမလဲ။
3G ဆင်းကတ်တွေ စတင်ရောင်းချချိန်မှာ Ooredoo ကပေးတဲ့ ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းဟာ ကမ္ဘာ့အဆင့်မီဖြစ်တယ်ဆိုတာ ပြသချင်လို့ ဆမ်ဆောင်းနဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး Ooredoo-Samsung ပူးပေါင်းမှု ရလဒ်အရ Exclusive Model Handset တွေ ထုတ်ဝေမှာဖြစ်တယ်လို့ ဒေါ်သီရိကြာညိုက ပြောပါတယ်။
မြန်မာပြည်သူတွေ နည်းပညာမြင့် ဆမ်ဆောင်း မိုဘိုင်းလ်ဖုန်းတွေကို ဈေးချိုချိုနဲ့ သုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး ပူးပေါင်းလိုက်တာဟာ မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ ကြီးမားတဲ့ ပြောင်းလဲမှုကြီးဖြစ်တယ်လို့ ဆိုပါတယ်။ မိုဘိုင်းလ်ဖုန်း ဈေးကွက်ထဲမှာ ရှိတဲ့ ကုန်အမှတ်တံဆိပ်ပေါင်းများစွာနဲ့ Ooredoo အနေနဲ့ ညှိနှိုင်းနေပြီး လူတိုင်းမျှော်လင့်စောင့်စားရတာနဲ့ ထိုက်တန်အောင် ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးမယ်လို့ ပြောပါတယ်။
Ooredoo ကုမ္ပဏီဟာ ပြီးခဲ့တဲ့ သတင်းပတ်ကလည်း ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Microsoft နဲ့လည်း ပူးပေါင်းလိုက်ပြီလို့ ကြေညာခဲ့ပြီး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အများကြီး အထောက်အကူ ဖြစ်စေမယ်လို့ ဆိုပါတယ်။
Ooredoo က ဇူလိုင်ကနေ စက်တင်ဘာအတွင်း 3G Network ဆင်းကတ်တွေကို စတင်ရောင်းချတော့မှာဖြစ်ပြီး တယ်လီနော်ကတော့ စက်တင်ဘာကျမှ 2G/3G ဆင်းကတ်တွေ ရောင်းမယ်လို့ ဆိုပါတယ်။ MPT က ဂျပန်ကုမ္ပဏီ KDDI နဲ့ပူးပေါင်းခဲ့ပေမယ့် ရတနာပုံတယ်လီပေါ့တ်ကတော့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

 

ကလေးသူငယ်အခွင့်အရေး လူတိုင်းသိဖို့လိုပြီ 

လက်ရှိမြန်မာနိုင်ငံတွင် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကုလ သမဂ္ဂ၏ သဘောတူညီချက်စာချုပ် (The United Nations Convention on the Rights of the Child-UN-CRC) ကို ကလေးသူငယ်မှစ၍ လူ ကြီးအဆုံး သေသေချာချာ ဂဃဏန မည်သူမှမသိရှိကြပေ။ ကလေးသူ ငယ်အခွင့်အရေးဆို ပိုတောင်ဝေး လေစွ။
၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေ (Child Law) သည် ယနေ့ ခေတ်တွင် အသုံးဝင်ခြင်းမရှိသော ကြောင့် ပြစ်ဒဏ်၊ ဖွဲ့စည်းပုံများကို ပြင်ဆင်ရမည်ဖြစ်ပြီး ထိုသို့ပြင်ဆင် ရာ၌ အမျိုးသားအဆင့်နှင့် တိုင်းအ ဆင့်တွင် ပြဿနာမရှိသော်လည်း ခရိုင်နှင့်မြို့နယ်အဆင့်၌မူ ဖွဲ့စည်းပုံ အကုန်ပြင်ရမည်ဟု ကလေးသူငယ် အခွင့်အရေးများအတွက် လုပ်ဆောင် နေသော ဦးအာကာစိုးနောင်က ပြော သည်။
၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေ၏ အဓိကရည်ရွယ်ချက်သည် ကလေးသူငယ်များ၏ ကောင်းစား ရေးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့် အရေးများကို ကာကွယ်စောင့်ရှောက် ရန်ဖြစ်သောကြောင့် ယင်းဥပဒေ သည် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ပါ ကလေးသူငယ်များ၏ အခွင့်အ ရေးများကို အကောင်အထည်ဖော် နိုင်ရန် ကွန်ဗင်းရှင်းပါအချက်များနှင့် အညီ ရေးဆွဲထားခြင်းဖြစ်သည်။
ယင်းဥပဒေအရ ကလေးသူငယ် ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့် သေးသောသူဖြစ်ပြီး အသက် ၇ နှစ် မပြည့်သေးသော ကလေးသူငယ် တစ်ဦး၏ ပြုလုပ်မှုသည် ပြစ်မှုမ မြောက်ပေ။ ပြုလုပ်စဉ်က ပြုလုပ်မှု ၏ အကျိုးအပြစ်ကို မသိနားမလည် ပါက အသက် ၇ နှစ်နှင့်အထက် ၁၂ နှစ်အောက် အရွယ်ရှိသော ကလေး သူငယ်၏ ပြုလုပ်မှုသည်လည်း ပြစ် မှုမမြောက်။ ထို့အပြင် ကလေးသူ ငယ်၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင် ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အ ကြောင်းမဲ့ထိပါးခံရခြင်း မရှိစေရန် သက်ဆိုင်ရာအစိုးရဌာနများက အကာအကွယ်ပေးရမည်ဖြစ်သည်။
“၉၃ ခုနှစ် ကလေးသူငယ်ဥပဒေ ဟာ အသက်မ၀င်ဘူး”ဟု ဦးအာကာ စိုးနောင်က သူ့အမြင်ကိုပြောသည်။
အဆိုပါ ကလေးသူငယ်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များ၌ ရေဒီယို၊ ရုပ်မြင်သံကြား၊သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များလိုက်နာရမည့် ပြဋ္ဌာန်းချက်များလည်း ပါဝင်သည်။ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရ သော ကလေးသူငယ်များ မှုခင်းတစ် ရပ်ရပ်၌ သက်သေအဖြစ်ပါဝင်နေ သော ကလေးသူငယ်သည် မည်သူ မည်ဝါဖြစ်ကြောင်း သိသာထင်ရှား စေနိုင်သော သတင်းအချက်အလက် များ ဓာတ်ပုံများကို သက်ဆိုင်ရာ ကလေးသူငယ် တရားရုံး၏ ကြိုတင် ခွင့်ပြုချက်မရှိဘဲ စာနယ်ဇင်းများ၊ ရေဒီယိုရုပ်မြင်သံကြား၊ ရုပ်ရှင်စသည့် မီဒီယာများ၌ ဖော်ပြခြင်းမပြုရပေ။
ကလေးသူငယ်အား ညစ်ညမ်း သော ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်မြင်သံ ကြား သို့မဟုတ် ဓာတ်ပုံရိုက်ကူးခြင်း မပြုရပေ။ သက်ဆိုင်ရာ ကလေးသူ ငယ်တရားရုံးက ကလေးသူငယ်အ တွက် အကျိုးရှိမည်ဟု ယုံကြည်ပါက အသုံးပြုခွင့်ပေးနိုင်သည်။ ပြစ်မှုကျူး လွန်သူကို ထောင်ဒဏ်နှစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ၁၀၀၀၀ ကျပ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချ မှတ်နိုင်ပါသည်။
CRC - အပိုဒ်(၇)၊ (၈) တွင် ဖော်ပြထားချက်အရ ကလေးသူငယ် တိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယင်း ကလေးသူငယ်များမှာ နိုင်ငံသားဖြစ် ခွင့် ဆုံးရှုံးနေသည်။ တချို့ကလေး များ ၁၀ တန်းသာအောင်သွားသော် လည်း မှတ်ပုံတင်မရှိခြင်းကြောင့် အ လုပ်ဝင်၍မရ။ တက္ကသိုလ်ရောက် သွားသော်လည်း မှတ်ပုံတင်မရှိသော ကြောင့် ဘွဲ့ယူ၍မရဖြစ်နေကြသည်။ သူတို့ဘ၀ နစ်နာသလို သူတို့လိုလူမျိုး များ အများကြီးဖြစ်လာပါက နိုင်ငံ တော်အတွက်လည်း နစ်နာနိုင်သည် ဟု ဦးအာကာစိုးနောင်က ရှင်းပြသည်။
“ကလေးသူငယ်ဥပဒေမှာ အခန်း ၁၉ ခန်းပါတယ်။ ဖြုတ်ပစ်ရမှာလည်း ရှိတယ်။ပြင်ရမှာလည်းရှိတယ်။ခေါင်း စဉ်ကအစ ပြောင်းရမယ်။ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ဆိုပြီးပြောင်းမယ်။ နိုင်ငံသားတစ် ယောက်အနေနဲ့ ဥပဒေပြုပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်ရှိတယ်။ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေနဲ့ပြောရင်တောင် ပုဒ်မ ၃၅၄ (ခ) နဲ့ကိုင်ပြီး ပြောလို့ရ တယ်”ဟု ၎င်းင်းက ဆက်လက်ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် က လေးသူငယ် အဓမ္မပြုကျင့်ခံရမှုသည် ၂၀၁၂ ခုနှစ်အတွင်း ၈၈ မှုရှိခဲ့၍ ၂၀၁၃ ခုနှစ် သြဂုတ်လအထိ ၆၂ မှု ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ကလေး သူငယ်များကို အဓမ္မပြုကျင့်မှုသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း၌ ၂ ဆနီးပါး မြင့်တက်လာနေပြီး ယင်းတို့အထဲမှာ အသက် ၁၀ နှစ်၊ ၁၅ နှစ်အတွင်း ကလေးများကို အဓမ္မပြုကျင့်မှုသည် အများဆုံးဖြစ်ကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ပြုလုပ် ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်အစည်းအဝေးတွင် တိုင်းအစိုးရ အဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြော ဆိုခဲ့ဖူးသည်။
ထို့အပြင် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရမှုများတွင် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး ဥပဒေတစ် ရပ် သီးသန့်ပေါ်ထွက်လာစေရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ၂၀၁၃ ခုနှစ် ဇူလိုင် လအတွင်းက ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ အဆိုပြု တင်သွင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ကလေးသူငယ်များ အဓမ္မပြု ကျင့်ခံရမှုများသည် မြန်မာနိုင်ငံတွင် သာမကဘဲ အခြားနိုင်ငံမှာတွင်လည်း အနည်းနှင့်အများရှိသည်။ ယင်းပြစ် မှုအတွက် တချို့နိုင်ငံများတွင် သေ ဒဏ်ပေးလေ့ရှိသလို တချို့နိုင်ငံများ တွင် ထောင်ဒဏ်တစ်သက်တစ် ကျွန်း သို့မဟုတ် နှစ်ရှည်ထောင်ဒဏ်၊ ငွေဒဏ် စသည့် ပြစ်ဒဏ်တို့ကို ပေး လေ့ရှိသည်။ မြန်မာနိုင်ငံ၏ အိမ်နီး ချင်းထိုင်းနိုင်ငံတွင်လည်း ထိုသို့အမှု များရှိသော်လည်း ထိုင်းနိုင်ငံသားများ ကိုယ်တိုင်ကျူးလွန်ခြင်းနည်းပါးပြီး အခြားနိုင်ငံများမှလာကြသည့် နိုင်ငံ ခြားသားများ ကျူးလွန်မှုသည် များ ပြားကြောင်း လူ့အခွင့်အရေး ပညာ ပေးရေးဌာန (မြန်မာနိုင်ငံ) (HREIB) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ် များကို စနစ်တကျပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည် ဆိုပါက လွန်စွာကောင်းမွန်သော အစီအစဉ်တစ်ခုဖြစ်သည်။ နောင် တစ်ချိန်တွင် တိုင်းပြည်ကိုဦးဆောင် မည့်သူများ ငယ်ရွယ်စဉ်မှစ၍ အသိ ဉာဏ်ဖွံ့ဖြိုးမှု၊ အကျင့်စာရိတ္တကောင်း မွန်မှု၊ စည်းကမ်းလိုက်နာတတ်မှုများ ကို စနစ်တကျလေ့ကျင့်သင်ကြား၍ ဆောင်ရွက်စေသင့်သည်။
သို့သော် မိဘအများစုသည် ၀မ်းစာရေးအတွက် ဦးစားပေးဆောင် ရွက်နေကြရသဖြင့် ကလေးသူငယ် များကို စနစ်တကျ လေ့ကျင့်ပြုစု ပျိုး ထောင်ပေးရန် အခက်အခဲများစွာရှိ နေသည်။
ဆင်းရဲမွဲတေခြင်းမှ ကာကွယ် တားဆီးနိုင်ရေးတွက် မိဘတိုင်း ကိုယ်စီကိုယ်င စီးပွားရေးလုပ်ငန်း များကို လွတ်လွတ်လပ်လပ်လုပ်ကိုင် နိုင်ရန် ကလေးသူငယ်များ ပြုစုစောင့် ရှောက်ပေးမည့် နေ့ကလေးထိန်းဌာန များနှင့် မူကြိုကျောင်းများ လွန်စွာ လိုအပ်လျက်ရှိသည်။ ယနေ့မြို့ကြီး များတွင် လူဦးရေနှင့် ကလေးထိန်း ဌာနများ၊ မူကြိုကျောင်းများ မမျှမတ ဖြစ်ပြီး အရေအတွက် လွန်စွာနည်း ပါးသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ ကလေးသူငယ်ဥပဒေ ကြမ်းတွင် နေ့ကလေးထိန်းကျောင်း နှင့် မူကြိုကျောင်းများကို ဖွံ့ဖြိုးတိုး တက်စေရန်အတွက် ဆောင်ရွက်ပေး မည့် ရည်ရွယ်ချက်များ မတွေ့ရှိရ ဘဲ တားဆီးဟန့်တားသည့် ပြဋ္ဌာန်း ချက်များဖြင့်သာ ပြဋ္ဌာန်းထားသည် ကို တွေ့ရှိရသည်။ တကယ့်ရည်ရွယ် ချက်မှာ ကလေးသူငယ်များ ပြုစုပျိုး ထောင်ရန်အတွက် မူကြိုကျောင်းနှင့် နေ့ကလေးထိန်းကျောင်းများကို စနစ် တကျ ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးအားမြှောက်ပြုသည့် ဥပဒေ ဖြစ်ရန် အထူးလိုအပ်သည်။ မြန်မာ နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ဖွံ့ ဖြိုးတိုးတက်နိုင်မည့် အနေအထား အပေါ်ဆင်ခြင်သုံးသပ်၍ ယခုဥပဒေ ကြမ်းကို အမှန်တကယ် ဖွံ့ဖြိုးတိုး တက်၍ အားပေးအားမြှောက်ပြုသည့် ဥပဒေကြမ်းဖြစ်အောင် စီမံဆောင် ရွက်သင့်သည်။
ထိုသို့ စီမံဆောင်ရွက်ရာတွင် နေ့ကလေးထိန်းကျောင်းများ စနစ် တကျ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကလေးထိန်း ဆရာ/မများ ပေါ်ထွန်း လာစေရန် သင်တန်းပေးခြင်း၊ ပညာ ပေးခြင်းများ၊ လိုအပ်သည့် အကူအ ညီ ထောက်ပံ့ပေးမှုများကို သက် ဆိုင်သည့် ၀န်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးရန် လိုအပ်သည်။
၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေ အခန်း ၉ အထွေထွေအခန်းတွင် နေ့ ကလေးထိန်း သို့မဟုတ် မူလတန်း ကြိုကျောင်းများကိုလည်းကောင်း၊ ရပ်ရွာအခြေပြုလုပ်ငန်း သို့မဟုတ် အိမ်အခြေပြုလုပ်ငန်းများကို ငွေကြေး၊ ပစ္စည်း သို့မဟုတ် နည်းပညာ ထောက် ပံ့လိုပါက ကုလသမဂ္ဂအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင် ရာ အဖွဲ့အစည်း သို့မဟုတ် ပြည်ပရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း များပင်လျှင် ဗဟိုအဖွဲ့၏ ခွင့်ပြုချက် ဖြင့် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်း ထားပြီး ပြည်တွင်းရှိ အစိုးရမဟုတ် သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တစ်ဦး ချင်းသည် သက်ဆိုင်ရာဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးမှူး ၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည် ဟု ပြဋ္ဌာန်းထားသည်။
ထို့အပြင် ပြစ်မှု၊ ပြစ်ဒဏ်များ တွင်လည်း ကလေးထိန်းကျောင်းများ၊ မူကြိုကျောင်းများ တည်ထောင်ခွင့် မရှိဘဲ တည်ထောင်ခြင်း၊ ခွင့်ပြုချက် မရှိဘဲ စေတနာနှင့် လုပ်ဆောင်ခဲ့ လျှင် ထောင်ဒဏ်၊ ငွေဒဏ်များ ချ မှတ်မည်ဟု ပြဋ္ဌာန်းထားသည်။
အစိုးရက သင်တန်းကျောင်း အ ခြေပြုကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းအနေဖြင့် လူမှုဝန် ထမ်းဦးစီးဌာနသည် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း သန်လျင် လူငယ်သင်တန်းကျောင်း၊ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်း၊ မော်လ မြိုင်လူငယ်သင်တန်းကျောင်း၊ မန္တ လေး လူငယ်သင်တန်းကျောင်း၊ လား ရှိုး လူငယ်သင်တန်းကျောင်း၊ လပွတ္တာ လူငယ်အားမာန်သင်တန်းကျောင်း၊ အမျိုးသမီးကလေးများ သင်တန်း ကျောင်း (ရန်ကုန်၊ ထောက်ကြန့်၊ မန္တလေး) စသည့်သင်တန်းကျောင်း ၁၀ ကျောင်းဖွင့်လှစ်၍အသက် ၈ နှစ် မှ ၁၈ နှစ်အထိကလေးများကို လက် ခံစောင့်ရှောက်ပေးလျက်ရှိသည်။
၎င်းင်းလူငယ်သင်တန်းကျောင်း များတွင် အန္တရာယ်ကျရောက်လွယ် သော ကလေးများဖြစ်သည့် ကလေး သူငယ်ဥပဒေပုဒ်မ ၃၂ အရ ကာ ကွယ်စောင့်ရှောက်ရန် လိုအပ်သော မိဘမဲ့ကလေးများ၊ စွန့်ပစ်ခံရသော ကလေးများ၊ ကလေးသူငယ်တရား ရုံးတွင် ပြစ်မှုနှင့်ရင်ဆိုင်နေရသော ကလေးသူငယ်များ၊ ခေါင်းပုံဖြတ်ခြင်း၊ လျစ်လျူရှုခြင်း၊ လွဲမှားစွာပြုကျင့် ခြင်းနှင့် အကြမ်းဖက်ခြင်းခံနေရသော ကလေးများအား လက်ခံဆောင်ရွက် ပေးပြီး ယင်းကျောင်းများတွင် က လေးသူငယ်များ၏ အခြေခံလိုအပ် ချက်များဖြစ်သည့် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အားကစား လှုပ်ရှားမှု၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခြင်း၊ ကျောင်းပြင်ပ ပညာရေး သင်ကြားပေးခြင်းများအ ပြင်၊ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ခြင်း၊ တရားထိုင်စေခြင်း၊ အပန်းဖြေလေ့လာရေးခရီးများ ထွက် ခြင်း၊ လူမှုရေးဆိုင်ရာ နှစ်သိမ့်ဆွေး နွေးပေးခြင်းများ ဆောင်ရွက်ပေးခြင်း ဖြင့် ကလေးသူငယ်များ၏ စိတ်ခံစား မှု၊ ဖိစီးမှုများအား ပြေလျော့စေပြီး၊ စိတ်ပိုင်းနှင့် စာရိတ္တပိုင်း ဖွံ့ဖြိုးတိုး တက်မှုများရှိအောင် ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများ ပိုမိုတိုးချဲ့လုပ် ဆောင်ရန်အတွက် ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင် နန်းခင်ဇေယျာနှင့် တေး သံရှင် စောဖိုးခွားတို့ကို ကလေးသူ ငယ်များဆိုင်ရာ သံတမန်အဖြစ် ၂၀၁၄ ခုနှစ် မေလ ၁၀ ရက်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ သံတမန်အဖြစ် ခန့်အပ်ခဲ့သည်။ ထို့ ကြောင့် လူ့အခွင့်အရေးဆုံးရှုံးနေ သည့် ကလေးသူငယ်များ၊ အကြမ်း ဖက်ခံရသည့် ကလေးသူငယ်များ၊ လူကုန်ကူးခံရသည့် ကလေးသူငယ် များ၊ အဓမ္မပြုကျင့်ခံရသည့် ကလေး သူငယ်များ၊ အကြောင်းအမျိုးမျိုး ကြောင့် လမ်းမပေါ်တွင် လေလွင့်နေ သည့် ကလေးသူငယ်များရှိနေခြင်း ကြောင့် ကလေးသူငယ်အခွင့်အရေး (CRC) ကို လူတိုင်း သိရှိနားလည် ထားကြရန် လိုအပ်လျက်ရှိနေတော့သည်။

ရေးသားသူ - ရာစုသစ်

 

ကောင်းလိုက်တဲ့ စိတ်ကူးအကြံညာဏ်

လမ်းဘေးက ပေတီပေစုတ်ကလေးလေးတွေက စာသင်ခွင့်ရှိတယ်လို့ ခင်ဗျားတို့ထင်သလား။
စကားကြီးစကားကျယ်တွေမပြောပါနဲ့
အဲ့လိုကလေးတွေ အနားလာကပ်တာနဲ့ ခင်ဗျားတို့ တွန်းထုတ်ပစ်တတ်တာ အရင်မဟုတ်လား။
ဟုတ်ပါတယ်။
အချို့လည်းစာရိတ္တချို့ယွင်းကြပါတယ်။ အားလုံးတော့မဟုတ်ပါဘူး။
ကျွန်တော်လည်းသတင်းထောက်စဖြစ်ခါစက သတင်းတစ်ပုဒ်ကို ပြည်မြို့မှာ သွားယူခဲ့ရဖူးပါတယ်။
အဲ့ဒီမှာ ကရုဏာလက်များကွန်ရက်ဆိုတဲ့ အဖွဲ့နဲ့စတင် သိခဲ့တာပါပဲ။
သူတို့ကွန်ရက်က လမ်းဘေးကလေးတွေကို စာသင်ပေးပါတယ်။
ကျောင်းလာဖို့ပြောပါတယ်။ ထမင်းတစ်နပ်ကျွေးပါတယ်။

----- ကျွန်တော်တောင် အဲ့ဒီလိုကလေးတွေနဲ့ စတွေ့တွေ့ချင်း တွန့်ဆုတ်မိပါသေးတယ် -------
ဒါပေမယ့် ကွန်ရက်က ဆရာကြီးနဲ့ တည်ထောင်သူတွေက ကလေးတွေကို သားသမီးလိုတရင်းတနီးဆက်ဆံတာ၊ ပွေ့ဖက်တာတွေ့ရတော့မှ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိတာပါ ။
ထားပါတော့ဗျာ -- -ခုပြောချင်တာ -- အဲ့ဒီလိုကလေးတွေကို စာသင်ဖို့ ရန်ပုံငွေ လိုပါတယ်။
ဘယ်သူပဲဖြစ်ဖြစ်ဗျာ ဒီလိုကလေးမျိုးတွေစာသင်ဖို့လှူပါပြောရင် တစ်ခါအပြင် နှစ်ခါမပိုချင်ကြပါဘူး။
အပိုအလုပ်လို့လည်းမြင်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီလို မြင်လို့ ဆက်မလုပ်ပဲထားလိုက်ရင်
သူတို့လို လမ်းဘေးကလေးတွေကနေ လမ်းဘေးလူကြီး လမ်းဘေးမိသားစု လမ်းဘေးပတ်ဝန်းကျင်လမ်းဘေးအသိုက်အ၀န်းကြီးဖြစ်လာမှာပါ။
ဒါကို ကျွန်တော်တို့ သတိထားဖို့လိုပါတယ်။ လမ်းဘေးမှာနေနေရတဲ့ကလေးတစ်ဦးထဲက ပညာတတ်သူ
စဉ်းစားတွေးခေါ်တတ်သူ တစ်ဦးတစ်လေသာ ရှိလာခဲ့မယ်ဆိုရင် သူတို့ အသိုက်အ၀န်းကြီးတစ်ခုလုံး အပြောင်းအလဲဖြစ်နိုင်တယ်လို့များ
တွေးမိဖူးသလား။ ကွန်ရက်တည်ထောင်သူတွေကတော့ ဒီအချက်ကို
တွေးမိခဲ့ကြဟန်တူပါတယ်။ ခုချိန်ထိ တစိုက်မတ်မတ်လုပ်နေကြတုန်းပါပဲ။
စကားစပ်ရအောင်ဗျာ ------------------------ သူတို့ရန်ပုံငွေကိစ္စလေးပေါ့--
ဘာပဲလှူလှူ အလှူဆိုတာ ကြီးမှ ကောင်းမှ မြတ်တာမဟုတ်ပါဘူး။
စိတ်ထားတတ်ရင်မြတ်တာပါပဲ --- ဒါ့ကြောင့် ခင်ဗျားတို့ထဲက တစ်ယောက်ယောက် ပြည်မြို့ကို ရောက်ဖြစ်ခဲ့ရင်ပေါ့ -- အအေးသောက်ပြီးလို့ ဗူးခွံလေး ရလာရင် တွေ့ရာလွှင့်မပစ်စေချင်ဘူး ။
မြို့လယ်ခေါင်နဲ့ ကားဂိတ်နေရာတစ်ချို့မှာ ကွန်ရက်က အမှိုက်အလှူခံပုံး
အပြာရောင်ကြီးတွေချထားတာပါ--- ။ အဲ့ဒီအထဲကို ခင်ဗျားအမှိုက်လေးပစ်လိုက်ရုံပါပဲ။ ဒါဆိုခင်ဗျား အလှူ ပြီးမြောက်သွား
မှာပါ။ ---- ငွေချည်းပဲအလှူခံနေရင် ကြာကြာဘယ်သူပေးချင်မှာတုန်း --- ။ ဟုတ်တယ်မလား။
ဒီလိုအိုင်ဒီယာတွေးမိတယ့် လူတွေကိုလည်း ချီးကျူးပါတယ်----- ။
ကျွန်တော်စိတ်ထဲမှာလည်း အမြဲ အမှတ်တရရှိနေမယ့် ကွန်ရက်တစ်ခုပါ --။
လေးစားပါတယ် ကရုဏာကွန်ရက် ---
-------------- စကားမစပ်ဗျာ ရေထဲကို ငုပ်သွားတဲ့အဖေ ပြန်မပေါ်လာသေးဘူးလို့ ပြောတဲ့
ဖိုးဝလုံးလေးကို သတိရမိသားဗျ----
ကရုဏာလက်များကွန်ရက်

ဇောတိကဝန်ထမ်းတွေရဲ့ ဘွဲ့လက်မှတ်နဲ့ ငွေတစ်သိန်းခွဲကိစ္စ အရှုပ်တော်ပုံ

အလုပ်ထွက်လိုတဲ့ ဝန်ထမ်းတွေဟာ သူတို့ပေးထားတဲ့ ဘွဲ့လက်မှတ်မူရင်းတွေကို ပြန်လိုချင်ရင် ကျပ် တစ်သိန်းခွဲပေးရမယ်လို့ ဇောတိကကုမ္ပဏီရဲ့ပြောဆိုချက်ဟာ ဥပဒေနဲ့ ညီပါရဲ့လား။ ဝန်ထမ်းတွေရဲ့ ဘွဲ့လက်မှတ်မူရင်းတွေကို ဥပဒေအရ ရယူထားခွင့်ရှိရဲ့လား။ အလုပ်ထွက်သူတွေကတော့ အစိုးရကို အားကိုးလို့မရလို့ ၈၈မျိုးဆက်ကို တိုင်တန်းခဲ့ပါပြီ။
ဇောတိကကုမ္ပဏီက ဝန်ထမ်းတွေကို တရားဝင်ဝန်ထမ်းဖြစ်ချင်ရင် ငွေသွင်းရမယ်ဆိုတဲ့ ညွှန်ကြားချက် ထွက်လာတာကြောင့် လူ ၂ဝကျော် အလုပ်ကနှုတ်ထွက်ခဲ့ပြီး ဘွဲ့လက်မှတ်မူရင်းကို ပြန်တောင်းတဲ့အခါမှာ ငွေတစ်သိန်းခွဲ တောင်းလို့ အလုပ်သမားဝန်ကြီးဌာနကို တိုင်ခဲ့ပေမယ့်လည်း အရာမရောက်လို့ ရဲကိုတိုင်မယ်လို့ ပြောပါတယ်။
ဇောတိကကုမ္ပဏီပိုင်ရှင် ဦးခင်လှိုင်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဘွဲ့လက်မှတ်လိုချင်ရင် ငွေတစ်သိန်းခွဲ ပေးဆောင်ရမယ်လို့ ပြောဆိုခဲ့တဲ့အပေါ် အစိုးရအာဏာပိုင်တွေကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ဇွန် ၁၉ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၈၈မျိုးဆက်က မသက်သက်အောင်လည်း တက်ရောက်ခဲ့ပါတယ်။
အလုပ်လုပ်မယ်ဆိုရင် အလုပ်ရှင်အလုပ်သမားအကြား EC ကန်ထရိုက်စာချုပ်ကို သေသေချာချာ ဖတ်ပြီးမှ လက်မှတ်ထိုးသင့်တယ်လို့ အကြံပေးခဲ့ပြီး အတည်မဖြစ်သေးတဲ့ ဥပဒေမူကြမ်းတွေကိုသုံးပြီး အလုပ်သမားပြဿနာတွေကို ဖြေရှင်းတာမျိုး မလုပ်သင့်ဘူးလို့ ပြောပါတယ်။

 

သံဃာတွေကို အာမခံပေးပီး သင်္ကန်းပြန်စီးပေး

သန္တိသုခ ကျောင်းကိစ္စနဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ လန်ဒန် သာသနာ့ရံသီကျောင်း ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၅ပါးကို ဒီကနေ့ သောကြာနေ့ ဇွန်လ ၂၀ ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပြီးနောက် အာမခံနဲ့ လွှတ်ပေးခဲ့ပြီး သင်္ကန်း ပြန်စီးပေးခဲ့ပါတယ်။
လူဝတ်လဲ ခံထားရတဲ့ သံဃာတော်တွေဟာ မဟာသန္တိသုခ ကျောင်း အနီးမှာရှိတဲ့ သုံးထပ်ကျောင်းဆောင်မှာ သင်္ကန်းပြန်စီးခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
အာမခံအဖြစ် သံဃာတစ်ပါးကို အာမခံကြေး ကျပ် သိန်း ၂၀၀ နဲ့ ၅ ပါးအတွက် ကျပ် သိန်း ၁၀၀၀ ပေးရတယ်လို့ သံဃာတော် ငါးပါးရဲ့ ရှေ့နေဖြစ်တဲ့ ဦးနေလက ပြောပါတယ်။
ဒါ့အပြင် သံဃာတစ်ပါးကို လူပုဂ္ဂိုလ် ၂ ဦးက အာမခံပေးရတာ ဖြစ်ပြီး အဲဒီ လူပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပြရတယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီမှာ သာသနာရေး ဌာနက တာဝန်ရှိသူတွေ ရောက်လာပြီး ဖမ်းဆီးခံ သံဃာတွေနဲ့ ညှိနှိုင်းခဲ့အပြီးမှာ ခုလို သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။
အမှုအတွက် ဒုတိယအကြိမ် တရားရင်ဆိုင်ရမယ့် ရုံးချိန်းက ဇွန်လ ၂၇ ရက်နေ့မှာ ဖြစ်ပြီး အဲဒီအခါ သင်္ကန်းဝတ်နဲ့ ဆက်လက် တရားရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။