Thursday, July 3, 2014

မန္တလေးတွင် ညမထွက်ရအမိန့် ထုတ်ပြီ

 မန္တလေးမြို့ ပဋိပက္ခဖြစ်ပွားမှုများနှင့်ပက်သက်၍ လုံခြုံမှုရှိစေရန်အတွက် ည ၉နာရီမှ နံနက် ၅နာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီဟု မန္တလေးခရိုင် အထွေအထွေအုပ်ချုပ်ရေးဦစီးဌာနက သိရသည်။
“ လုံခြုံရေးအရ ည ၉နာရီကနေ ၅နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာပါ၊ အချိန်ကန့်သတ် ချက်မရှိပါဘူး” ဟု ပြောသည်။
မန္တလေးမြို့တွင် ဇူလိုင် ၁ရက်မှ စတင်ကာ ၃ရက်အထိ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လုံခြုံရေးအရ ထိန်းသိမ်းမှုများ ပိုမိုလုပ် ဆောင်စေရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ တပ်မှ ထိန်းသိမ်းမှုများလုပ်ဆောင်မည့် ကိစ္စကိုမူ မန္တလေးတိုင်း လုံခြုံရေးဝနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက မည့်သည် အဖြေမှ ပြန်ကြားခဲ့ခြင်းမရှိခဲ့ပေ။

 မျိုးသန့်
 မဇ္ဈိမ

` ပန်းပျိုးသူများ စာသင်ဝိုင်း´ စီမံခန့်ခွဲမှုအဖွဲ့၏ကြေညာချက် ။

 



မန္တလေးမြို့၏ ၂ရက်တာအတွင်း ဆူပူအကြမ်းဖက်များကြောင့်
ညဘက်လုံခြုံရေးမှာ စိုးရိမ်စရာအခြေအနေဖြစ်နေပါသည်။
ထိုကြောင့် ညဘက်စာသင်သော စာသင်ဝိုင်းကိုလာကြသော
ပန်းသည်ကလေးများ၊ စေတနာရှင်ဆရာ/မများ၊ ပန်းရောင်းကူ
ညီကြသူများ၊ အလှုရှင်များ၏ အိမ်အပြန်လုံခြုံရေးကိုရှေးရှု၍
` ပန်းပျိုးသူများ စာသင်ဝိုင်း´ ကို ယနေ့နှင့် မနက်ဖြန်ရက်များ
တွင် ပိတ်ထားမည်ဖြစ်ပါသည်။ တင်္နလာနေ့ ( ၇. ၇ .၂၀၁၄)
တွင်ပြန်လည်ဖွင့်လှစ်ပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
` ပန်းပျိုးသူများ စာသင်ဝိုင်း´ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ
ကိုမျိုးကြီး- 092011888
ကိုထွဋ် - 09444024426
မနှင်းဆီ - 09401563127
ကိုလွင် - 0943102224
ကိုရဲကြီး - 092037427
ကိုဝမ်း - 09402773282


သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ပထမဆုံးအကြိမ် တရားရုံးထုတ်

                                            (ဓာတ်ပုံ- အောင်သူရထွန်း၊ မဇ္ဈိမ)
နေပြည်တော်၊ မဇ္ဈိမ။ ။ သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုပ္ဗသီရိမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်အဖြစ် လာရောက်တရား ရင်ဆိုင်ခဲ့ပြီး ရက်မန်တစ်ပတ် ရုံးချိန်းပေးခဲ့သည်။
တရားရုံးသို့ လာရောက်စဉ် ဦးဆန်းဆင့်အား မီဒီယာသမားများက မေးမြန်းချက်များအပေါ် “ဒါဟာ အလွန်ပဲ မတရားပြုလုပ်မှု တခုလို့ပဲ သုံးသပ်ပါတယ်၊ ဒါကြောင်မလို့ ဆရာတော်၊ သံဃာတော်တွေ မှန်တဲ့ဘက်က ရပ်တည်ပေးတာ၊ ကျွန်တော်ဟာ သာသနာ့ အကျိုးဆောင်ရွက်တာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ သံဃာ့အကျိုးဆောင်ရွက်တဲ့ သူသည် သာသနာရဲ့ အစောင့်အရှောက်ကို ယုံကြည်ပါတယ်၊ ဆရာတော်၊ သံဃာတော် အပေါင်းတို့ဟာ
မှန်ကန်တဲ့ရပ်တည်ခဲ့တဲ့ ကျွန်တော့်ကိုဘက် ကို ရပ်တည်ပေးပါ၊ စောင့်ရှောက်ပေးပါ၊ သမာဒေဝ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပေးပါ၊ ကျွန်တော် မတရားမလုပ်ပါဘူး၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားမလုပ်ပါဘူး၊ ယနေ့အထိ
ကျွန်တော် သစ္စာဆိုရဲပါတယ်၊ ကျွန်တော် ငါးပြားတစ်စေ့ကအစ နိုင်ငံတော်အပေါ် အလွဲသုံးစားမလုပ်ပါဘူး၊ ကျွန်တော် ရပ်တည်ချက်မှန်ကန်သော်လည်း သမ္မတရဲ့ အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့ လုပ်တာဖြစ်ပါတယ်၊” ဟု အစောင့်များကြားမှ အလျင်အမြန် ဖြေကြားခဲ့သည်။

ဦးဆန်းဆင့်နှင့် သူ၏ ကိုယ်ရေးအရာရှိတို့ နှစ်ဦးကို နေပြည်တော်၊ ပုပ္ဗသီရိတရားရုံးတွင် ဇူလိုင်လ ၃ရက် နံနက် ၁၀နာရီ ၁၅မိနစ်ခန့်က ရုံးထုတ်ခဲ့သည်။
ပုံစာ - သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို ဇူလိုင်လ ၃ရက် နံနက် ၁၀နာရီ ၁၅မိနစ်က နေပြည်တော် ပုပ္ဗသီရိမြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်လာစဉ်။ 

ဟုန်းတက် အထည်ချုပ်စက်ရုံမှ လစာတိုးတောင်းသည့် အလုပ်သမားများကို နေ့စဉ်ကြေး ကျပ်၅ဝသာတိုးပေး

 

 လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၁) ဟုန်းတက်အထည်ချုပ်စက်ရုံရှိ လုပ်ခလစာတိုးတောင်းသည့် အလုပ်သမားများကို အလုပ်ရှင်က နေ့စဉ်ကြေးကျပ်၅ဝသာ တိုးပေးသည်ကို မကျေနပ်၍ အလုပ်သမား ၅ဝဝက ဆက်လက် ဆန္ဒပြလျက်ရှိသည်။
" ကျွန်မတို့စက်မှုဇုန်ထဲမှာ အထည်စက်ရုံ ၂ဝခန့်ရှိတယ်။ အခြားစက်ရုံတွေမှာဆို ၃သောင်းတိုးတယ်။ ပျမ်းမျှ ၂သောင်းတိုးတယ်။ အခုကျွန်မတို့ လစာ ၂သောင်းတိုးတောင်းတယ်။ စက်ရုံဘက်က အခြားတောင်းဆိုတာ အကုန်ညှိပေးတယ်။ လစာတော့ လုံးဝမတိုးနိုင်ဘူးလို့ပြောတယ်။ ကျွန်မတို့ ဆန္ဒဆက်ပြမယ် "ဟု ဟုန်းတက် အထည်ချုပ်စက်ရုံမှ အလုပ်သမားခေါင်ဆောင် မဌေးဌေးက မဇ္ဈိမကို ပြောသည်။
အလုပ်သမားများက ဇူလိုင်လ ၁ရက်မှ စတင်ကာ စက်ရုံရှေ့တွင် ဆန္ဒပြနေပြီး လစာ ၂သောင်းတိုးပေးရန်၊ အချိန်ပို အလုပ်ဆင်းမှုကို အလုပ်သမားဘက်မှ ဆန္ဒရှိမှသာ အလုပ်ဆင်ခွင့်ပေးရန်၊ ထောက်ပံ့ စရိတ် အလုပ်သမား တိုင်ခံစားခွင့်ပေးရန်၊ အလုပ်သမားဥပဒေအတိုင်း ဆောင်ရွက်ရန်၊ အစိုးရက ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့် နေ့များကို တရားဝင် အလုပ်နားခွင့်ပေးရန်၊ ဝန်ထမ်းကြို့ပို့ကားများ အလုံအလောက်စီစဉ်ပေးရန်၊ အလုပ်သမားတိုင်း လူမှုဖူလုံရေးကဒ်များပြုလုပ်ပေးရန်၊ လုပ်ငန်းခွင်အတွင်း အလုပ်သမားများ လူမှုရေးပြသာနများ ကြုံလာပါက သွားလားခွင့်ပြုပေးပါရန်၊ လုပ်ငန်းခွင်အတွင်း လျှပ်စစ် အန္တရာယ်ရှိသောကြောင့် ဖိနပ်စီးခွင့်ပြုပေးရန် ဟူသည့် အချက်များတောင်းဆိုကာ ဆန္ဒပြနေသည်။
ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုများကို ဇူလိုင်၂ရက်က အလုပ်ရှင်နှင့်အလုပ်သမားများ ညှိနှိုင်းခဲ့ရာ အလုပ်ရှင်ဘက်က လစာ၂သောင်း တိုးပေးရေးမှ အပ အခြားသော အချက်များကို သဘောတူကြောင်း စက်ရုံတာဝန်ရှိသူ ဒေါ်မျိုးမျိုးဝင်းပြော၍ ဇူလိုင် ၃ရက်တွင် အလုပ်သမားများက ဆက်လက် ဆန္ဒပြနေခြင်းဖြစ်သည်ဟု အလုပ်သမားခေါင်းဆောင် မဌေးဌေးက ပြောသည်။
ယင်းစက်ရုံတွင် အလုပ်သမားပေါင်း ၆ဝဝရှိပြီး လုပ်သက် ၃လကျော်သည့် အလုပ်သမား ၄ဝဝကျော်ရှိရာ နေ့စဉ်ကြေး ၅ဝကို လုပ်သက် ၃လကျော်သူများကိုသာ တိုးပေးခြင်း ဖြစ်သည်။
စက်ရုံတာဝန်ရှိသူ မမျိုးမျိုးဝင်းက "အလုပ်သမားတွေတောင်းဆိုတာ ၂သောင်းတိုးတောင်းတာ ပေးလို့မရဘူး။ အခြားတောင်းဆိုတာတော့ အဆင်ပြေပါတယ်။ စက်ရုံကလည်း အရှုံးပေါ်နေတယ်။ သူတို့ကို လုပ်သက်၃လကျော်သွားတဲ့ သူတွေကို Daily ကြေး ၅ဝတိုးပေးထားတယ်" ဟု မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ဟုန်းတက်အထည်ချုပ်စက်ရုံမှ ကျွမ်းကျင် အလုပ်သမားများ၏ နေ့စဉ်ကြေးသည် ၁၂ဝဝမှ ၁၆ဝဝ အထိ ရရှိသည်။ အထည်ညှပ်သည့် အလုပ်သမားတစ်ဦး၏ နေ့စဉ်ကြေးမှာ ကျပ်၈၅ဝနှုန်းနှင့် အထည်သန့်ရှင်းရေး လုပ်သမား၏ နေ့စဉ်ကြေးသည် ၆ဝဝအဖြစ် စက်ရုံမှသတ်မှတ်ထားသည်ဟု စက်ရုံတာဝန်ရှိသူ မမျိုးမျိုးဝင်းက မဇ္ဈိမကို ပြောသည်။

 Written by  ခင်မြတ်မြတ်ဝေ 
  မဇ္ဈိမ

မန္တလေးတွင် ည ၁၁နာရီနောက်ပိုင်း စားသောက်ဆိုင်မဖွင့်ရ စီမံချက် လုပ်ရန်ရှိ 

  မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် အစီအစဉ် မရှိသေးသော်လည်း ည ၁၁နာရီနောက်ပိုင်း စားသောက်ဆိုင်များ မဖွင့်ရသည့် စီမံချက်တစ်ခု လုပ်ဆောင်ရန် စီစဉ်နေသည်ဟု မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ဇူလိုင်လ ၃ရက်က နံနက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
မန္တလေးတွင် ဇူလိုင်လ ၂ရက် ညနှင့် ဇူလိုင် ၃ရက် နံနက် အစောပိုင်းက ထပ်မံ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ဗုဒ္ဓဘာသာတစ်ဦး၊ မွတ်စလင်တစ်ဦး သေဆုံးခဲ့ရပြီး ၁၄ဦး ဒဏ်ရာ ရရှိခဲ့သည်။
 Written by  မျိုးသန့် 
  မဇ္ဈိမ