Friday, June 20, 2014

ဦးဆန်းဆင့်ကို ရမည်းသင်းထောင် ပို့၍ မိသားစုအား နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိ

 

တာဝန်မှ ရပ်စဲ၍ တရား စွဲဆိုခြင်းခံထားရသော သာသနာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဆန်းဆင့်ကို ရမည်းသင်း ထောင်သို့ ဇွန်လ ၂၀ ရက်တွင် ပို့ဆောင်လိုက်ပြီဖြစ်ကာ ၀န်ကြီး ဟောင်း၏ မိသားစုအား နေအိမ် အကျယ်ချုပ်ထားရှိကြောင်း သ တင်းရရှိသည်။

အထူးစုံစမ်းစစ်ဆေးရေးဦး စီးဌာန (စစစ) က တရားလိုပြု လုပ်ကာ အမှုဖွင့်တရားစွဲဆိုထား သည့် ကိစ္စရပ်နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ထိုကဲ့သို့ ခေါ်ဆောင်သွားသည်ဟု သိရှိရ ကြောင်း ဦးဆန်းဆင့်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
‘‘ရမည်းသင်းထောင်ကို ပို့ လိုက်တယ်လို့ သိရပါတယ်။ သူ တစ်ဦးတည်းပါပဲ။ မိသားစုက တော့ နေအိမ် အကျယ်ချုပ်ရှိနေ ပါတယ်’’ ဟု ၎င်းက ဆိုသည်။
သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦး ဆန်းဆင့်သည် ဘုရားတည်ရာ တွင် နိုင်ငံပိုင်ငွေများ အလွဲသုံးစား ပြုသည်ဟုဆိုကာ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်း မြို့မရဲစခန်း၌ ပုဒ်မ ၄၀၉/၁၀၉ ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။
ပုဒ်မ ၄၀၉ မှာ ပြစ်ဒဏ်ထင်ရှားလျှင် ထောင်ဒဏ် ဆယ်နှစ်မှတစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်ပြီး ပုဒ်မ ၁၀၉ မှာ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲသည့်ကိစ္စတွင် မဟာသန္တိသုခပြဿနာမှာ  အကြောင်းတစ်ခုအနေဖြင့်ပါဝင်သော်လည်း ပြည် ထောင်စုဝန်ကြီး တစ်ဦး၏ တာဝန်များကို ကျော်လွန်လုပ်ဆောင် သည့်အတွက် ဖြစ်သည်ဟု နိုင်ငံ တော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။
‘‘တချို့ဟာတွေဆိုရင် သမ္မ တကြီး မှာကြားတာတွေကို ကျော် လွန်ပြီး လုပ်တာမျိုးထိ ရှိတယ်။ သတင်းမပို့ဘဲနဲ့ပေါ့။ သမ္မတကြီး က သာသနာရေးဝန်ကြီးအနေနဲ့ မဟနရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အ ထည်ဖော်နိုင်အောင် တစ်ဖက်က လည်း ဟိုဘက်နဲ့ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီး အနေနဲ့ရော၊ ဆရာဒကာ အနေနဲ့ရော ၀င် ရောက်ဖြေရှင်းဖို့ ပြောခဲ့တာပါ။ ဒါပေမဲ့ အဲဒီကိစ္စအပြင် တခြားကိစ္စတွေမှာ ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေက ပါဝင်ပတ်သက်နေသူတွေကြားထဲမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှု ဖြစ်စေတယ်’’ ဟု ဦးရဲထွဋ်က ဦးဆန်းဆင့်အား အရေးယူထားသည့် အကြောင်းရင်းကို ဇွန် ၂၀ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင်မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။
မလွှဲမရှောင်သာ၍သာ အ ရေးယူဆောင်ရွက်ရခြင်းဖြစ်ပြီး ယခင်ကတည်းက အကြိမ်ကြိမ် ပြောကြားခဲ့ပြီးဖြစ်သည်ဟု ဦးရဲထွဋ်က ပြောကြားသည်။
ဦးဆန်းဆင့်အား ယခုကဲ့သို့ အမှုဖွင့်စွဲဆိုကာ ရာထူးမှ ရပ်နား လိုက်သည့်အတွက် ၀န်ထမ်းများ အကြား စိတ်မကောင်းမှုများ ဖြစ် ပေါ်နေပြီး ဦးဆန်းဆင့်အနေဖြင့်  ၀န်ကြီးတာဝန် ထမ်းဆောင်စဉ် တွင် မှန်ကန်မျှတစွာ ဆောင်ရွက် ခဲ့မှုအတွက် လုပ်ငန်းများ ဆောင် ရွက်ရာတွင် အဆင်ပြေချောမွေ့ ခဲ့ကြောင်း သာသနာရေးဝန်ကြီး ဌာနမှ ၀န်ထမ်းအချို့က ပြော ကြားသည်။
‘‘အိပ်မက်လိုပဲဗျာ။ တကယ် ထင်မထားဘူး။ တရားကို နတ် စောင့်ပါတယ်။ ဥက္ကဋ္ဌကြီးက ဒီလို အလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာ ယုံတယ်ဆို တာထက် ပိုပြီး ယုံပါတယ်။ တ ကယ်ကို မှန်ကန်တဲ့သူပါ။ ဒီလို ဖြစ်သွားတဲ့အတွက် စိတ်မကောင်း တာထက်ကို လူမှန်တစ်ယောက် လုပ်ကြံခံရတယ်လို့ မြင်ပါတယ်’’ ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
သာသနာရေး ပြည်ထောင်စု ၀န်ကြီးတာဝန်မှ ရပ်စဲမှုပြုလိုက် ပြီး အဂတိလိုက်စားမှုဖြင့် အမှု ဖွင့်အရေးယူမှုအပေါ် ပြည်သူများ အကြား ဝေဖန်မှုများ ရှိနေသည်။
ဦးဆန်းဆင့်သည် ဧရာဝတီ တိုင်းဒေသကြီး ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရပြီး တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင် မြှောက်ခံခဲ့ရသူ ဖြစ်သည်။
ထို့နောက် သာသနာရေးဝန် ကြီးဌာန ယခင်ပြည်ထောင်စုဝန် ကြီး သူရဦးမြင့်မောင် အနားယူ ပြီးနောက် ၂၀၁၃ ဖေဖော်ဝါရီလ တွင် သာသနာရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရကာ ၀န်ကြီး အဖြစ် တစ်နှစ်နှင့် လေးလခန့် တာ ၀န်ထမ်းဆောင်ခဲ့ရပြီး ယခုနှစ် ဇွန်လ ၁၉ ရက်တွင် ပြည်ထောင် စုဝန်ကြီးတာဝန်မှ ရပ်စဲခံလိုက်ရ ခြင်းဖြစ်သည်။
လစ်လပ်လျက်ရှိသော သာ သနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် လက်ရှိသာသနာရေး ဒုဝန်ကြီး ဦးစိုးဝင်းအား ခန့်ထားနိုင်ရန်အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ဇွန်လ ၂၀ ရက်တွင် သ၀ဏ်လွှာပေးပို့ခဲ့သည်။


ဦးဆန်းဆင့် တာဝန်မှရပ်စဲခံရခြင်းသည် ၀န်ကြီးတစ်ဦး၏ တာဝန်များကို ကျော်လွန်လုပ်ဆောင်၍ဟုဆို

ဓာတ်ပုံ- သာသနာရေး
နေပြည်တော်- သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှရပ်စဲသည့်ကိစ္စတွင် မဟာသန္တိသုခပြဿနာမှာ အကြောင်းတစ်ခုအနေဖြင့် ပါဝင်သော်လည်း ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ တာဝန်များကို ကျော်လွန်လုပ်ဆောင်သည့်အတွက်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က မီဒီယာများအား ပြောကြားလိုက်သည်။
‘‘သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ မဟနရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင် တစ်ဖက်ကလည်း ဟိုဘက်နဲ့ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီးအနေနဲ့ရော၊ ဆရာဒကာအနေနဲ့ရော ၀င်ရောက်ဖြေရှင်းဖို့ ပြောခဲ့တာပါ။ ဒါပေမဲ့ အဲဒီကိစ္စအပြင် တခြားကိစ္စတွေမှာ ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေက ပါဝင်ပတ်သက်နေသူတွေကြားထဲမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့ သံဃာတွေကြားထဲမှာပါ နားလည်မှုလွဲစေတဲ့ အဖြစ်မျိုးထိ ဖြစ်လာတယ်။ တချို့ဟာတွေဆိုရင် သမ္မတကြီးမှာကြားချက်တွေကို ကျော်လွန်ပြီး လုပ်လိုက်တယ်ဆိုတဲ့ သဘောမျိုးထိ ရှိတယ်’’ ဟု ဦးရဲထွဋ်က ဦးဆန်းဆင့်အား အရေးယူထားသည့်အကြောင်းရင်းကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ရပ်နားချိန် မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။
မလွှဲမရှောင်သာ၍သာ အရေးယူဆောင်ရွက်ရခြင်းဖြစ်ပြီး ယခင်ကတည်းက အကြိမ်ကြိမ်ပြောကြားခဲ့ပြီးဖြစ်သည်ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လာရောက်စဉ် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် လက်ရှိသာသနာရေး ဒုဝန်ကြီး ဦးစိုးဝင်းအား ခန့်ထားလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။

နိုင်ငံပိုင်ငွေ အလွဲသုံးစားမှုဖြင့် ဦးဆန်းဆင့်ကို တရားစွဲဆို


ဇောတိက ကုမ္ပဏီ၌ ဘွဲ့ နှင့် အောင်စာရင်း လက်မှတ်မူရင်း သိမ်းယူမှု ပြဿနာ ဖြစ်ပွား

 ဇွန်လ ၁၉ ရက်က မီဒီယာများနှင့် တွေ့ဆုံသည့် ဇောတိက ကုမ္ပဏီက ဘွဲ့ နှင့် အောင်စာရင်း လက်မှတ်မူရင်း သိမ်းယူ ခံထားရသူများ 



သင်္ကန်းများ အဓိက ထုတ်လုပ်ရောင်းချသည့် ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ လီမီတက်တွင် လုပ်ကိုင်ခဲ့သည့် ၀န်ထမ်း ၅၀၀ ခန့်၏ ဘွဲ့ လက်မှတ်နှင့် အောင်စာရင်း လက်မှတ် မူရင်းများကို ပြန်ပေးခြင်း မရှိဘဲ သိမ်းယူထားပြီး ငွေပေး၍ ပြန်လည် ထုတ် ယူခိုင်းမှု ပြုလုပ်၍ မကျေနပ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။
ဇောတိက ကုမ္ပဏီ ၀န်ထမ်းဟောင်း တဦးဖြစ်သူ ဒေါ်ခင်သန္တာနီက “ကျမဘွဲ့လက်မှတ် ပြန်ယူဖို့ ဦးခင်လှိုင်နဲ့ သွားတွေ့တော့ သူက နင်တို့လိုမျိုး သိမ်းထားတဲ့ ဘွဲ့လက်မှတ် ၅၀၀ ကျော်လောက် ရှိတယ်ဆိုပြီး ဘီရိုကိုလက်ညှိုးထိုးပြပြီး ပြောတယ်။ ပြီးတော့ နင်တို့ရဲ့ လုပ်အားကိုပဲ လိုချင်တယ်။ လူမှုရေးကိစ္စတွေ လာမပြောနဲ့ ဆိုပြီး ကျမကို ပြောတယ်”ဟု ပြောဆိုသည်။
ဦးခင်လှိုင် ဆိုသူမှာ ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ လီမီတက်ကို တည်ထောင်သူ ဖြစ်ကြောင်း သိရသည်။
ဒေါ်ခင်သန္တာနီက ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်က ဖွင့်လှစ်ထားသည့် Myanmar Big Shop Super Mart တွင် ယာယီအငယ်တန်း မန်နေဂျာ ရာထူးဖြင့် လုပ်ကိုင်ခဲ့ကြောင်း ဖခင်ဖြစ်သူ မကျန်းမာသဖြင့် ခွင့်ယူပြီး ပြုစုရန်အတွက် ခွင့်တိုင်ကြား ရာတွင် ခွင့်ရက်မရသဖြင့် အလုပ်ထွက်ခဲ့ရကြောင်း ပြောပြသည်။
အလုပ်ထွက်စာ တင်ခဲ့ပြီး အလုပ် စတင်ဝင်ရောက်စဉ်က ပေးအပ်ခဲ့ရသည့် ဘွဲ့လက်မှတ်(မူရင်း)အား ပြန်လည် တောင်းခံသော် လည်း ဘွဲ့လက်မှတ် အာမခံကြေး အဖြစ် ငွေကျပ် တသိန်းခွဲ ပေးမှသာ ပြန်လည် ပေးအပ်မည်ဟု ပြောဆိုကြောင်း၊ ဘွဲ့ လက်မှတ် နှင့် အောင်စာရင်းလက်မှတ် အသိမ်းခံရပြီး ပြန်မပေးရသေးသူ ၅၀၀ ကျော်ရှိကြောင်း ကုမ္ပဏီပိုင်ရှင် ဦးခင်လှိုင်က ပြောသည်ဟု လည်း ဒေါ်ခင်သန္တာနီက ဇွန်လ ၁၉ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြန်လည် ပြောပြခြင်း ဖြစ်သည်။
အလားတူ Myanmar Big Shop Super Mart တွင် စာရင်းကိုင်ရာထူးဖြင့် တလအစမ်းခန့် လစာမဲ့ဖြင့် လုပ်ကိုင်ခဲ့သူ မဆုမြတ်နိုးကလည်း“ကျမနဲ့ အလုပ်အတူ ထွက်ခဲ့တာ ဝန်ထမ်း ၂၈ ဦးလောက် ရှိတယ်။ ကျမတို့ထက်စောပြီး အလုပ်ထွက်တဲ့ သူတွေလည်း ရှိတယ်။ ထွက်တိုင်းလဲ ဒီလို ပြဿနာတွေက ဖြစ်နေတယ်လို့ ကြားတယ်။ အလုပ်သမား အများစုက နယ်ကလာလုပ်ကြတာ များတယ်။ သူတို့တွေက ပြန်ဖို့ လမ်းစရိတ်တောင် မနည်း စုနေကြရတာ။ ဒီလိုမျိုး ဘွဲ့လက်မှတ်တွေကို ငွေပေးပြီး ပြန်ရွေးရမယ်ဆို တော့ မထုတ်ဖြစ်ကြတော့ဘူး”ဟု ပြောဆိုသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး အလုပ်သမားများက သက်ဆိုင်ရာ အလုပ်သမား ဝန်ကြီးဌာနရုံးများသို့ တိုင်တန်းမှု ပြုလုပ် ထား သော်လည်း ထိရောက်သည့် ကိုင်တွယ် ဖြေရှင်းမှုများ ဆောင်ရွက်ပေးခြင်း မရှိခြင်းကြောင့် ဥပဒေကြောင်းအရ တရားစွဲဆိုမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆိုကြသည်။
ဇောတိက ကုမ္ပဏီမှ အလုပ်ထွက်ခဲ့သူ တဦး ဖြစ်သည့် မအိက“အလုပ်ထွက်ခဲ့တာ ၈ လလောက်ရှိပြီ၊ ဘွဲ့လက်မှတ် သိမ်းထား တယ်။ ထုတ်ချင်ရင် လစာရဲ့ ၂ ဆ ပေးမှ ထုတ်ပေးမယ်လို့ ပြောတယ်။ အဲဒီ အချိန်က ကျမက လစာ ကျပ် ၈ သောင်း ရတယ်။ တသိန်း ခြောက်သောင်းလောက် ပေးရမယ့် သဘောပါ။ အဲ့ဒါနဲ့ သွားမထုတ် ဖြစ်တော့ဘူး။ အလုပ်ရှုပ်မှာစိုးလို့ ဟိုတိုင် ဒီတိုင်လည်း မလုပ်တော့ဘူး။ လက်မှတ်ကို အခုအချိန်ထိ ဇောတိကမှာပဲ ထားလိုက်တော့တယ်”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ပြဿနာအား ကူညီ ဖြေရှင်းပေးနေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ မသက်သက်အောင်က “ဇောတိက ကုမ္ပဏီ ပိုင်ရှင်နဲ့ သွားတွေ့တော့ သူကလည်း ဥပဒေဘောင် အတွင်းကပဲ လုပ်တာပါလို့ ပြောတယ်။ ကျမတို့ကလည်း အမှန်တရား ဖြစ်ပေါ်စေဖို့ ဥပဒေဘောင် အတွင်းကနေ အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို ဆက်လက် ဆောင်ရွက်ပေးမှာပါ”ဟု ဧရာဝတီကို ပြောသည်။
ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီပိုင် Myanmar Big Shop Mart ၏ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် တဦးဖြစ်သူ ဒေါ်သန်းသန်းညွှန့်က “ပိုက်ဆံ တသိန်းခွဲပေးမှ ဘွဲ့လက်မှတ် ပြန်ပေးတယ် ဆိုတာကို တချို့တလေက နားလည်မှုတွေ လွဲနေတာပါ။ တဦးနဲ့ တဦး  နားလည်မှု လွဲနေလို့ ဒီလို ဖြစ်တယ်လို့ ထင်တယ်။ ကုမ္ပဏီက ကြီးတော့ ဝန်ထမ်း အများစုနဲ့ လုပ်ကိုင်နေရတဲ့အတွက် စည်းကမ်းပိုင်း ဆိုင်ရာလေးတွေနဲ့ ထိန်းချုပ်ထားမှုတွေ ရှိပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ လီမိတက် အောက်တွင် ဇောတိက သင်္ကန်းတိုက်၊ Myanmar Big Shop Super Mart ၊ Tab Book Store ၊ T bit Solution စသည့် ကုမ္ပဏီများကို ဖွင့်လှစ်ထားသည်ဟု သိရသည်။

သူငယ်ချင်းတစ်ယောက်က မေးလို့ ပါ (မသိသေးသူများအတွက်)

 

IOS 7.1 (iphone, ipod, ipad) များအတွက် JB မလိုပဲ Myanmar Font သွင်းနည်း 


၁။ ဖုန်းရဲ့ safari browser ကိုဖွင့်ပါ ...  
၂။http://cl.ly/UMK0 သို့သွားပါ ... 
၃။ Profile မှာ install ပြုလုပ်ပေးပါ ...
၎။ ဖုန်းကို Reboot ချပါ ...
ဖုန်းပြန်တက်လာလျှင် .... မြန်မာ Font တွေ့မြင်နိုင်ပါပြီ ...

  ပြင်သစ်နဲ့ Costa Rica ကမ္ဘာ့ဖလား ဒုတိယအဆင့် တတ် 

ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲတွေကို သောကြာနေ့က ဆက်လက် ကျင်းပရာမှာ အုပ်စု D ပွဲစဉ်မှာတော့ Costa Rica အသင်းက အီတလီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတဲ့အတွက် ဒုတိယအဆင့်ကို တက်သွားပြီ ဖြစ်ပါတယ်။
Costa Rica အသင်း အခုလို အနိုင်ရလိုက်တဲ့အတွက် အုပ်စု D မှာ ပါနေတဲ့ အင်္ဂလန်အသင်းအနေနဲ့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို တက်နိုင်ခြေ လုံးဝ ကင်းဝေးသွားပြီ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို ၁၉၅၈ ခုနှစ်ကစပြီး တောက်လျှောက် တက်လာခဲ့တာ ဖြစ်ပါတယ်။
သောကြာနေ့ကစားတဲ့ အုပ်စု E ပွဲစဉ်မှာတော့ ပြင်သစ်အသင်းက ဆွစ်ဇာလန်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရသွားတဲ့အတွက် ဒုတိယအဆင့်ကို သေချာပေါက် တက်သွားပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ သတ်မှတ်ချက်တွေအရ ဆွစ်ဇာလန်အသင်းဟာ ကမ္ဘာ့အဆင့် ၆ မှာ ရှိနေတာပါ။
အုပ်စု E က ဒုတိယပွဲစဉ်ဖြစ်တဲ့ Honduras နဲ့ Ecuador ပွဲစဉ်မှာတော့ ပထမပိုင်း ပြီးတဲ့အချိန်ထိ ၁ ဂိုးစီ သရေဖြစ်နေခဲ့ရာက ဒုတိယပိုင်းမှာ Ecuador အသင်းက နောက်ထပ်တစ်ဂိုး သွင်းလိုက်နိုင်တဲ့အတွက် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
Ecuador နဲ့ ပြင်သစ်အသင်းတို့ ဗုဒ္ဓဟူးနေ့မှာ အုပ်စုနောက်ဆုံး ပွဲစဉ်ကို ကစားကြမှာ ဖြစ်ပြီး Honduras အသင်းကတော့ သောကြာနေ့မှာ ရှုံးသွားတဲ့အတွက် အုပ်စုဒုတိယအဆင့်ကို တက်နိုင်မှာ မဟုတ်တော့ပါဘူး။
ဗွီအိုအေ (မြန်မာပိုင်း)

 

ဖိအားများကြောင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်ခြင်းဖြစ် 

 

ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန် ၁၉ ရက်က နုတ်ထွက်သွားပြီ ဖြစ်ပြီး ယခုကဲ့သို့ နုတ်ထွက်မှုသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် ပြဿနာများ နှင့် ဝန်ကြီးအဖွဲ့အတွင်း ဖိအားများကြောင့် ဖြစ်နိုင်ဖွယ် ရှိသည်ဟု ရခိုင်အရေး ကျွမ်းကျင်သူများက ပြောဆိုလိုက်သည်။
ဝန်ကြီးချုပ်လှမောင်တင်က နုတ်ထွက်ခွင့်တောင်းခြင်းကို သမ္မတဦးသိန်းစိန်အစိုးရက ခွင့်ပြုလိုက်ခြင်းဖြစ်သည်ကို ဇွန် ၂ဝ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ထားသည်။
"သူ့ရဲ့ ကက်ဘိနက်(အစိုးရဝန်ကြီးအဖွဲ့) ထဲမှာ သူ့ကို ဝန်းရံပေးနိုင်တဲ့သူ မရှိဘူး။ တစ်ချို့ဆို ဒုက္ခပေးနိုင်လောက်တဲ့သူတွေတောင် ရှိမယ်။ ဒီတော့ ပြဿနာ တော်တော် များများက သူတစ်ယောက်တည်း ဖြေရှင်းရသလိုဖြစ်နေတယ်။ ဖိအားတွေ များလာ တာပေါ့" ဟု ရခိုင်ပြည်နယ်၊ ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ဆိုသည်။
၂ဝ၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ စတင်ကတည်းက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူး တာဝန်ယူခဲ့သည့် ဦးလှမောင်တင်သည် ၎င်း၏ ဝန်ကြီးသက်တမ်း ၃ နှစ်အတွင်း ၂ဝ၁၂ ခုနှစ် မေ လ ၂၈ ရက်က ရမ်းဗြဲ၊ ကျောက်နီမော်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှတစ်ဆင့် စတင်ခဲ့သည့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများသည် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ စစ်တွေမှ နှင်ထုတ်ခံရသည့် ၂ဝ၁၄ ခုနှစ် ဧပြီထိ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ထို့ပြင် ပဋိပက္ခများ၏ အကျိုးဆက်များဖြစ်သည့် ဒုက္ခသည်များနှင့် ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်း ကောက်ယူမှုအခြေအနေများသည်လည်း ရခိုင် ပြည်နယ်တွင်း တာဝန်ယူနေရသည့် ဝန်ကြီးချုပ်တစ်ယောက်အနေနှင့် စိန်ခေါ်မှုများ ဖြစ်ခဲ့သည်။
"တပ်မတော်ဘက်က ဗိုလ်ချုပ်တစ်ယောက်လာမယ်လို့ သတင်းကြားထားတယ်။ ဘယ်သူပဲ လာလာ ရခိုင်ပြည်နယ်ကိစ္စတွေကို ကိုင်တွယ်ရင် ပျော့ပျောင်းညင်သာစွာ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်" ဟု ဦးအောင်မြတ်ကျော်က ဆိုသည်။
လတ်တလော အခြေအနေအရ ဦးလှမောင်တင်နေရာတွင် နယ်စပ်ရေးရာ ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို တာဝန်ပေးမည်ဟု သတင်းများထွက်ပေါ်လျက် ရှိနေသည်။ ဗိုလ်ချုပ်မောင်မောင်အုန်းကို ဇွန်လ ၁၈ရက်က နယ်စပ်ရေးရာဒုတိယ ဝန်ကြီး တာဝန် ထမ်းဆောင်နေရာက စစ်ဘက်ရေးရာ တာဝန်များ ထမ်းဆောင်ရန် သမ္မတက တာဝန်ပေးအပ်လိုက်သည်။
ဦးလှမောင်တင်သည် ယခင်က တပ်မတော်မှ အရပ်ဖက်သို့ ပြောင်းလာသူတစ်ဦးဖြစ်ပြီး အမ်းမြို့နယ် မဲဆန္ဒနယ်မှ ကြံ့ခိုင်ဖွဲ့ဖြိုးရေးပါတီဝင် အဖြစ် ရွေးကောက်ခံကာ ဝန်ကြီးဖြစ်လာသူတစ်ဦးဖြစ်သည်။
"ဦးလှမောင်တင်ကို ဖြုတ်လိုက်တဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့တော့ ရှော့ခ် ဖြစ်သွားတာ မျိုးတော့ မရှိပါဘူး။ သူ့ကို နဂိုကတည်းကိုက ထူးထူးခြားခြား မနှစ်သက်သလို၊ တူးတူးခါးခါး မုန်းနေတာမျိုးလည်း မရှိခဲ့ပါဘူး" ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ဆိုသည်။
သမ္မတဦးသိန်းစိန်အစိုးရသည် ဇွန် ၁၉ ရက် တစ်ရက်တည်းမှာပင် သာသနာရေးရာဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးမှ ရပ်စဲလိုက်သလို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကိုလည်း ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။
Written by မြတ်ကျော်သူ
Mizzima - News in Burmese

လုံခြုံရေးစခန်းနှင့် ရွာတစ်ရွာကို ဘင်္ဂါလီများ လူစုလူဝေးနှင့် ၀ိုင်း၍ သေနတ်ဖောက်လူစုခွဲ 

  ဇွန်လ ၁၉ ရက်ညက မောင်တောမြို့နယ်ရှိ လုံခြုံရေး ကင်းစခန်းတစ်ခုနှင့် ကျေးရွာတစ်ရွာကို ဘင်္ဂါလီလူမျိုးများ လူစုလူဝေးဖြင့် လာရောက်ဝိုင်းဝန်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုးပေါ်သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း သတင်းရရှိသည်။


ဘင်္ဂါလီလူမျိုးများက လူစု လူဝေးဖြင့် ရွှေရင်အေးကျေးရွာ သို့ တစ်ကြိမ်၊ အလယ်သံကျော် ကင်းစခန်းသို့ တစ်ကြိမ်ဝိုင်းဝန်း လာမှုကြောင့် မိုးပေါ်သေနတ် ထောင်ကာခြောက်လှန့်ပစ်ခတ်၍ ဟန့်တားခဲ့ရခြင်းဖြစ်ကြောင်း နယ် ခြားစောင့်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူအရာရှိတစ်ဦးက အတည်ပြုပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိပေ။

ရွှေရင်အေးကျေးရွာမှ ရခိုင် လူမျိုးအချို့  အနီးဝန်းကျင်တွင် ဖားရှာထွက်ရာ ဘင်္ဂါလီလူမျိုးများ လူစုလူဝေးဖြင့် ၀ိုင်းဝန်းလာ၍ရွာထဲသို့ပြေးဝင်ခဲ့သော်လည်း အနောက်မှ ဆက်လက်လိုက်ပါလာမှုကြောင့်  လုံခြုံရေးကင်းစခန်းက သေနတ်မိုးပေါ်ထောင်၍ ငါးချက်ခန့် ပစ်ဖောက်လူစုခွဲခဲ့ရကြောင်း အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးဗဟိုဌာန (ECC)  အဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။

 ယင်းဖြစ်စဉ်အပြီး မကြာမီ ည ၉ နာရီခွဲခန့် တွင်လည်း ရွှေရင်အေးရွာအနီးရှိ အလယ်သံကျော်ကျေးရွာလုံခြုံရေးကင်းစခန်းသို့ ဘင်္ဂါလီလူမျိုးရာနှင့် ချီ၍ လက်နှိပ်ဓာတ်မီးများဖြင့် ထိုးကာ ၀ိုင်းလာခြင်းကြောင့် မိုးပေါ်သို့ သေနတ်ပစ်ဖောက်ဟန့်တားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

 ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးကမူ ဖြစ်စဉ် နှစ်ခုကို အတည်ပြုခဲ့သော်လည်း အသေးစိတ်နှင့် ပတ်သက်၍မူ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ကြောင်းပြောသည်။

‘‘ကင်းစခန်းအနားမှာ လူစု လူဝေးလာလို့ မိုးပေါ်ပစ်ပြီး လူခွဲရတယ်လို့ သိရတယ်’’ဟု ဆိုသည်။

အဆိုပါကိစ္စများနှင့် ပတ် သက်၍ ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာသို့ စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြန်လည်ဖြေကြားသည်။

၁၉၉၈ နှင့် ၁၉၈၈ ခုနှစ်များတွင်  ဘင်္ဂါလီလူမျိုးများမောင်တောဒေသကို သိမ်းပိုက်ရန် ကြိုးစားခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအ၀င် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟန့်တားနိုင်ခဲ့ကြောင်း ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။

By အောင်ခိုင်
7DAY DAILY

ဖမ်းဆီးခံ သံဃာငါးပါးအတွက် သရုပ်ဆောင်သုံးဦးအပါအဝင် လူပုဂ္ဂိုလ်ဆယ်ဦးက အာမခံ သိန်း၁၀၀၀ပေးခဲ့ 

ရန်ကုန်၊ မဇ္ဈိမ။ ။ သာသနာတော် ညှိနွမ်းစေသည့် ပုဒ်မများဖြင့် စွဲဆိုကာ လူဝတ်လဲပြီး ဖမ်ဆီးခံရသည့် လန်ဒန်ဆရာတော် အပါအဝင်သံဃာငါးပါးလွှတ်မြောက်ရေးကို သရုပ်ဆောင်များဖြစ်သည့် ခင်သန်းနွယ်၊ လှလှမိုး၊ မိုးမင်းအပါအဝင် လူပုဂ္ဂိုလ်၁၀ဦးက ဇွန်လ ၂၀ရက်က တာမွေမြို့နယ် တရားရုံးတွင် အာမခံငွေ ကျပ် သိန်း၁၀၀၀ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။
သံဃာများဘက်က အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးအေးကိုကလည်း “သံဃာတော်တွေကို လူပုဂ္ဂိုလ်တွေ အနေနဲ့ တရားစွဲထားတာဖြစ်လို့ ဆရာတော်တွေက အာမခံပေးလို့မရပါဘူး၊ လူပုဂ္ဂိုလ်တွေကပဲ အာမခံ လိုက်လို့ရတယ်။ သံဃာတော် တစ်ပါးကို ပုဒ်မနှစ်ခုစီနဲ့ တရားစွဲဆိုထားတာဖြစ်လို့ သံဃာတပါးကို ကျပ်သိန်းနှစ်ရာစီ အာမခံလိုက်ပေးရတယ်၊ လူပုဂ္ဂိုလ်၁၀ဦးက ပိုင်ဆိုင်မှုတွေပြပြီး တစ်ဦးကို သိန်းတရာဖြင့် အာမခံလိုက်ပေးခဲ့တာပါ၊ သံဃာငါးပါးဆိုတော့ သိန်းတထောင်အာမခံထားခဲ့ရတယ်” ဟု
ပြောသည်။
ဆရာတော်ငါးပါးကို သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မများဖြစ်သည့် သံဃာဝိနိစ္ဆယ ပုဒ်မ ၁၄၊ ပုဒ်မ ၂၉၅တို့ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ပုဒ်မ တစ်ခုကို သိန်း၁၀၀ဖြင့် တစ်ပါး သိန်း၂၀၀ အာမခံ ပေးရခြင်း ဖြစ်သည်။
လန်ဒန်ဆရာတော်ဦးဥတ္တရက “ဘယ်သူ့က အမိန့်ချခိုင်းသလဲ၊ မဟနက တာဝန်ရှိတယ်ဆိုရင်လည်း တာဝန်ယူပြီး ဖြေရှင်းပေါ့၊ သာသနာကိုညှိုးနွမ်းအောင်မလုပ်ခဲ့ဘူး၊ ဘုန်းကြီးကို အထင်သေးအောင် ပြောတဲ့သူ အခြေအမြစ်မရှိဘဲပြောတဲ့သူသာ သာသနာကို ညှိုးနွမ်းအောင်လုပ်တာဖြစ်တယ် ”ဟု တရားရုံးချိန်းအပြီး မီဒီယာများကို မိန့်ကြားသည်။
အာမခံ ရရှိခဲ့၍ ဇွန်လ ၂၀ရက် ညနေပိုင်းတွင် တာမွေမြို့နယ် သုံးထပ်ကျောင်း၌ သိက္ခာတော် ပြန်ထပ်ကာ သင်္ကန်းစီးခဲ့ပြီး ထိုကျောင်း၌ပင် သီတင်းသုံးမည်ဖြစ်သည်။ ဆရာတော်ငါးပါးမှာ သင်္ကန်းဝတ်ဖြင့် ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်ပြီး ဇွန်လ ၂၇ရက်တွင် တာမွေ တရားရုံးတွင် ပြန်လည် တရားရင်ဆိုင်ရမည် ဖြစ်သည်။
သံဃာငါးပါးကို ဇွန်လ ၂၀ရက် နံနက် အင်းစိန်အကျဉ်းထောင်မှ လူဝတ်ဖြင့် ရုံးထုတ်လာပြီး တာမွေတရားရုံး တွင် နံနက် ၁၀နာရီမှ ညနေ၄နာရီအထိ စစ်ဆေးခဲ့သည်။
တရားရုံးသို့ ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခတို့နှင့် တာမွေမြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်များလည်း ကြွလာပြီး သက်သေအဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် အကျဉ်းထောင်၊ ဆေးရုံများထဲတွင် ဗုဒ္ဓတရားတော်များ ဟောပြောခြင်း၊ တရားပြခြင်းတို့ ဆောင်ရွက်ရန် သမ္မတ၊ ၀န်ကြီးများနှင့် သဘောတူညီမှုရထားပြီးဖြစ်၍ မြန်မာပြည်သို့ ခေတ္တပြန်လာခြင်းဖြစ်သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများကို ရပ်ဆိုင်းထားမည်ဟု လန်ဒန်
ဆရာတော် ဦးဥတ္တရက မိန့်သည်။
မဟာသန္တိသုခကျောင်းတိုက် ပိုဆိုင်မှုအပေါ် လန်ဒန်ဆရာတော်ဦးဥတ္တရက “ဘုန်းကြီးက နိုင်ငံခြားသားလည်းဖြစ်လို့ တို့ပိုင်တာလည်းမဟုတ်ဘူး၊ ပီနန်ဆရာတော်ကြီးရဲ့သဘောပါပဲ" ဟုမိန့်ကြားသည်။
လန်ဒန် ဆရာတော် ဦးဥက္ကရ အပါအဝင် သံဃာငါးပါး တာမွေတရားရုံးတွင် တရားရင်ဆိုင်နေချိန်တွင် ဆရာတော်များ ပြန်လည် လွတ်မြောက်ရေးအတွက် လူ ၃၀၀ခန့်က တရားရုံးအပြင်မှ ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့သေးသည်။
အေးမြင့်စန်း
Mizzima - News in Burmese

 

တရုတ်တွင် မြန်မာ သတိုးသမီး ဈေး ကျပ်သိန်း (၁၀၀) အထိ မြင့်တက် 

                 တရုတ်နိုင်ငံတွင် အမျိုးသမီး ရှားပါးမှုကြောင့် မြန်မာ အမျိုးသမီးများကို ၀ယ်ယူ ပေါင်းသင်းလျက် ရှိရာ ယခင်က ကျပ်သိန်း (၅၀)၀န်းကျင်သာ ရှိခဲ့ရာမှ ယခုနှစ်မှ စတင်၍ ကျပ်သိန်း (၁၀၀) ၀န်းကျင် ထိပေး၍ ၀ယ်ယူမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးရေးနှင့် တိုက်ဖျက် နှိမ်နှင်းရေး(ဗဟို) မှ စုံစမ်း သိရသည်။ တရုတ်နိုင်ငံတွင် အမျိုးသမီးများ ရှားပါးလာမှုနှင့် အတူ လူကုန်ကူး တိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံတကာက အရှိန်အဟုန်မြှင့် ဆောင်ရွက်လာ သောကြောင့် ယင်းကဲ့သို့ ဈေးတိုးမြှင့်ပေးဝယ်လာခြင်း ဖြစ်ကြောင်း အဆိုပါ ဌာနမှ ရဲအုပ်မင်းနိုင် ကပြောသည်။
                 သူတို့က ၀ယ်ယူ ပေါင်းသင်းတယ် ဆိုပေမယ့် သားမှတ်မှတ် မယား မှတ်မှတ်ပေါင်းတာထက် ညဖက်မှ သားမယားလို ပေါင်းပြီး၊ နေ့ဖက်မှာ သူတို့ရဲ့လုပ်ငန်းတွေမှာ စေခိုင်းကြတာပိုများတယ် ဟု ၎င်း ကပြောသည်။ ယခင်နှစ် များက တရုတ်နိုင်ငံတွင် မြန်မာ အမျိုးသမီးများ၏ ပေါက်ဈေးမှာ ယွမ်းနှစ်သောင်းမှ သုံးသောင်းဝန်းကျင်ထိ သာရှိခဲ့ရာမှ ယခု နှစ်ပိုင်းတွင် ယွမ်ငွေ ခြောက်သောင်းမှ ခုနှစ်သောင်းဝန်းကျင် ထိ ပေး၍  ၀ယ်ယူလာကြခြင်း ဖြစ်သည်။ တရုတ်တွေ ကသာ ဈေးကိုအများကြီးပေးတာ။ ကာယကံရှင်တွေက အဲဒီလောက် မရကြဘူး။ ပွဲစားတွေပဲရတာဟုလူကုန်ကူးမှု တိုက်ဖျက်ရေး နှင့် စပ်လျဉ်းသည့် ပညာပေး ဆောင်းပါးများ ရေးသားနေသော စာရေးဆရာ ဆရာဝင်းနိုင်ထွန်း ကပြောသည်။
                ယခု နောက်ပိုင်းတွင် တရုတ် နိုင်ငံသို့ မြန်မာ အမျိုးသမီးများကို ပို့ဆောင်မှုသည် ယခင်ကာလများက ကဲ့သို့ ပွဲစားများက လိမ်လည်၍ ခေါ်ဆောင်ခြင်းမျိုး မဟုတ်တော့ဘဲ ကာယကံရှင်များကို တရုတ် အမျိုးသားများ နှင့်ပေါင်းသင်းရမည်ဟု တရားဝင် ခေါ်ဆောင်မှုများ ရှိလာသည်။ ယင်းကဲ့သို့ ခေါ်ဆောင်ရာ၌ သာမန် အမျိုးသမီးများ ထက် ပြည့်တန်ဆာ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော အမျိုးသမီးငယ်များကို ပိုမို ရွေးချယ်လာ ကြကြောင်း သိရသည်။
                  ပွဲစားတွေက တရုတ်မှာ အလုပ်ရမယ်လို့ ပြောပြီး လိမ်ခေါ်လာလို့ တာဝန်ရှိသူတွေ စစ်ရင် အမှုမှန်ပေါ်သွားနိုင်တဲ့အတွက် ပွင့်ပွင့် လင်းလင်း ပြောပြီးခေါ်လာကြတယ်။ ဒါပေမဲ့ ပွဲစားတွေက ပြောတဲ့အတိုင်း အမျိုးသမီးတွေ ခံစားခွင့် မရကြဘူး။ ဒါကြောင့် လွယ်လွယ်နဲ့ နားမယောင်ကြဖို့လိုတယ်ဟု ရဲအုပ်မင်းနိုင် က ဆက်လက် ပြောကြားသည်။ လူကုန်ကူးမှု တားဆီးရေးနှင့် တိုက်ဖျက် နှိမ်နှင်းရေး ဗဟို၏  ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံမှ ပြည်ပ သို့ လူကုန်ကူးမှု အများဆုံး ပြုလုပ်လေ့ရှိသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး  အမျိုးသမီးများမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။
                 ယခုနှစ် ဇန်န၀ါရီလမှ မေလ အတွင်း ဖြစ်ပေါ်ခဲသော လူကုန်ကူးမှုများမှာလည်း တရုတ် နိုင်ငံသို့ပင် ဦးတည်နေကြောင်း သိရသည်။ ယခုနှစ် တွင်း လူကုန်ကူး မှုပေါင်း(၃၂)မှု ဖြစ်ပေါ်ခဲ့ရာ တရုတ်နိုင်ငံ သို့ လူကုန်ကူးမှုမှာ (၂၂) မှု ရှိပြီး၊ ထိုင်းနိုင်ငံသို့ လေးမှု၊ မလေးရှား နိုင်ငံသို့ တစ်မှုနှင့် ပြည်တွင်း ငါးမှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ (၃၂)မှုတွင် အမျိုးသား (၂၀) ဦးနှင့် အမျိုးသမီး (၄၆) ဦး လူကုန်ကူးခံခဲ့ရကြောင်း စုံစမ်းသိရသည်။
စိုးထက်ဝင်း
The Messenger

 

Huawei P7-L07 မြန်မာစာပါတဲ့ Firmware လေးပါ 

 Huawei P7-L07 မြန်မာစာပါတဲ့ Firmware လေးပါ
=====================================
Huawei အသစ်ထွက် နောက်ထွက်တဲ့ P7 ဖုန်းအတွက် မြန်မာစာပါတဲ့
ဖန်းဝဲလေး ဖြစ်ပါတယ်။ လိုရမယ်ရ ဆွဲထားလိုက်ပါခင်ဗျာ
Download HEre >> http://download-c.huawei.com/download/downloadCenter?downloadId=21658&version=38023&siteCode=cn

 Credit..by..
Aung Min Han
 

လက်ထပ်ခိုင်းတဲ့ မိန်းမလျာ အသတ်ခံရ 

 

 မိန်းမလျာတစ်ဦးဟာ အိမ်ထောင်ရှိ အမျိုးသား တစ်ယောက်နဲ့ ၁၂ နှစ်ကြာ ရင်းနှီးခဲ့ပြီး သူ့ကိုလက်ထပ်ဖို့ အဲဒီအမျိုးသားကို ပြောဆိုခဲ့တာကြောင့် နှစ်ဦးသား စကားအငြင်းများကြရာမှ လက်လွန်ပြီး အသတ်ခံ ခဲ့ရပါတယ်။
ဇွန်လ ၁၆ရက်နေ့ မွန်းလွဲ ၁နာရီ အချိန်မှာ ကျူးလွန်သူရဲ့ နေအိမ်ကို အသတ်ခံရတဲ့ မိန်းမလျာ ရောက်ရှိလာပြီး သူနဲ့အတူ အပြင်မှာ အအေးသွားသောက်ဖို့ ခေါ်ဆောင်သွားကြောင်း၊ စစ်ကိုင်းတံတားပေါ် သွားရောက် လည်ပတ်ခဲ့ကြကြောင်း၊ စစ်ကိုင်းတံတားကနေ အပြန် အခင်းဖြစ်ရာ နေရာမှာ သူ့ကို ပေါင်းသင်းဖို့နဲ့ အိမ်ရှိဇနီးဖြစ်သူကို ကွာရှင်းဖို့ ပြောဆိုပြီး အဲဒီလို မပြုလုပ်ရင် နေအိမ်ရှိ ဇနီးနဲ့သားကို ပြုစားပြီး သတ်မယ်လို့ ခြိမ်းခြောက်တာကြောင့် နှစ်ဦး အငြင်းပွားခဲ့ကြောင်း၊ မိန်းမလျာက အနားမှာရှိတဲ့ ကျောက်ခဲကို ကောက်ကိုင်ပြီး ရန်မူတာကြောင့် ကျုးလွန်သူက လုယူပြီး မျက်နှာကို လေးချက်ခန့်ထုကာ နေအိမ်ကို ပြန်လာခဲ့ကြောင်း ကျူးလွန်သူက ထွက်ဆိုထားပါတယ်။
ဇွန်လ ၁၈ ရက်နေ့ မှာ သေဆုံးသူရဲ့အလောင်းကို မန္တလေး ကန်ပတ်လမ်း အနောက်ဘက်လမ်းဘေး၊ ယာဉ်တော်ကျေးရွာ၊ ကွင်းအမှတ် (၆၀၆)၊ စစ်ကိုင်း-မန္တလေး လမ်းမှာ နားပြတ်ရှဒဏ်ရာ၊ ဦးခေါင်း ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရပြီး ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မိန်းမလျာတစ်ဦး ဖြစ်တယ်လို့ နယ်မြေရဲတပ်ဖွဲ့ဝင် တွေရဲ့ စုံစမ်းချက်အရ သိရှိရတယ်လို့ အဲဒီ ရဲတပ်ဖွဲ့မှူးရုံးရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။
The Voice Weekly

အခြေခံဥပဒေပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် တောင်ငူတွင် ဟောပြောမည်

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)


ရန်ကုန်- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ဇွန်လ ၂၁ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တောင်ငူ မြို့နယ်၌ ပြည်သူလူထုကို ဟောပြောမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်း ဒေသကြီး သနပ်ပင် မဲဆန္ဒနယ်မှ ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၁ ရက် နံနက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌  လူထုနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထို့နောက် တောင်ငူမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲ ပြုလုပ်သွားမည် ဖြစ်သည်။
 
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း လူထုတွေ့ဆုံဟောပြောမှုများ ပြုလုပ်ခဲ့သည်။

7DAY DAILY

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများအား အခမဲ့ကုသမပေးက တိုင်ကြားနိုင် 

  သောကြာနေ့၊ ဇွန်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်

  မန္တလေး ပြည်သူ့ ဆေးရုံကြီးတွင် အရေးပေါ် လူနာဌာနသို့ လာရောက်သော လူနာများအား အခမဲ့ ကုသပေး လျက်ရှိပြီး ငွေကြေး တစ်စုံတစ်ရာတောင်းခံလျှင် တိုင်ကြားနိုင်ကြောင်း ဆေးနှင့် လူမှုဆက်ဆံ ရေး အရာရှိ ဦးမင်းလွင်က မဇ္ဈိမကို ပြောသည်။

အရေးပေါ်လူနာဌာနအတွက် ထောက်ပံ့မှု ပေးအပ်ထားရှိခြင်း၊ အခမဲ့ပေးအပ်ထားသော ဆေးများကိုလည်း တရားဝင် အသိပေးကြေညာထားရှိခြင်း၊ မြွေဆိပ်ဖြေဆေးများကိုလည်း အရေးပေါ်အတွက် အခမဲ့ထိုးနှံပေးလျက်ရှိခြင်းနှင့် သက်ဆိုင်ရာစမ်းသပ်စစ်ဆေးမှုများဖြစ်သည့် ဓာတ်မှန်၊ ECG ဆွဲခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးခြင်းများကို အခမဲ့ပေးအပ်ထားရှိခြင်းတို့ကို ပြုလုပ်ထားရှိရာ အဆိုပါကိစ္စရပ်များကို မသိရှိဘဲ ၀န်ထမ်းများက ငွေကြေးတောင်းခံခြင်းများရှိနေသောကြောင့် ယခုကဲ့သို့ ပြည်သူများသိရန် ရည်ရွယ်ခြင်းဖြစ်သည်။

“အရေးပေါ်လူနာဌာနမှာ အထက်ပါ စမ်းသပ်မှုတွေကို အခမဲ့ပေးနေတဲ့ အခမဲ့ပေးမယ့် ဆေးဝါးတွေကို ကြေညာထားပါတယ်။ အဲဒါတွေကို ကြည့်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးနိုင်ပါတယ်။ ဒါတွေကို ကျန်းမာရေးအသုံးစရိတ်ခွဲတမ်း ပေါ်မူတည်ပြီး အခုလိုအခမဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မန္တလေးပြည်သူ့ဆေးရုံတွင် မြွေကိုက်ခံရသည့် လူနာများအားလည်း အခမဲ့မြွေဆိပ်ဖြေဆေးများကို ထိုးပေးလျက်ရှိကြာင်း၊ သို့သော် မြွေဆိပ်ဖြေဆေးမှာ တန်ဖိုးကြီးမားသောကြောင့် အရေးပေါ်လူနာဌာနသို့ လာ ရောက်စဉ်တွင် ထိုးပေးခြင်းမျိုးသာရှိကြောင်း၊ အရေးပေါ်လူနာဌာနမှ ပြင်ပလူနာဌာနသို့ပြောင်းပြီးနောက် ပိုင်းမှ စတင်၍ အခကြေးငွေပေးအပ်ပြီးမှ ထိုးပေးသည်။

“အရေးပေါ်လူနာဌာနက အခမဲ့လုပ် ပေးတာတွေရှိပါတယ်။ ဒါပေမဲ့ ပြင်ပလူနာဌာနကို ပြောင်းရွှေ့သွားလျှင် အခမဲ့ပေးအပ်မယ့် ဆေးဝါးစာရင်းများကို ကြေညာထားရှိပါတယ်။ အဲဒါတွေကိုပဲ အခမဲ့ပေးပါတယ်။ အဲဒါတွေကိုလည်း နားလည်ဖို့လို ပါတယ်။ ဒါကိုနားလည်ခြင်းမရှိဘဲ တိုင်ကြားမှုတွေလည်းရှိလို့ အခုလို ပြောကြားရခြင်းဖြစ်ပါတယ်”ဟု မန်းဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် မန္တလေးပြည်သူ့ဆေးရုံကြီးအတွက် ယခုနှစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာက အသုံးစရိတ်များကို ယခင်နှစ်ထက်ပိုမိုချထားပေးရန် အစီအစဉ်များရှိသဖြင့် လက်ရှိအခမဲ့ပေးအပ်နေသည့်ထက် ပိုမိုလုပ်ဆောင်ပေးရန် စီစဉ်ခြင်းဖြစ်သည်။

“တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေ သိရှိအောင် ပြောကြားပေးတာ ကျေးဇူးတင်ပါတယ်။ ပွင့်လင်းမြင်သာမှုတွေရှိဖို့ လိုအပ်ပါတယ်”ဟု မန္တလေး၊ရွှေဘိုမြို့မှ တောင်သူတစ်ဦးက ပြောသည်။

မျိုးသန့်
Mizzima - News in Burmese

ဆြာဒင်နှင့် သန္တိသုခစစ်ဆင်ရေး

 

(တစ်)
ထက်အာကာ၊ အဇဋာ ကောင်းကင်ဝယ် မိုးသားတိမ်ရိပ်တို့၊ နေရာကောင်းယူစိုးမိုးထားလေသဖြင့် ညမှောင်မှောင် လမှောင်မှောင် ကြယ်ရောင်သော်မလင်းသည့် ညတစ်ညဖြစ်ချေ၏။ အဆိုပါလမိုက်ညမှာပင် ဆြာဒင်နှင့် တပည့်ကျော်သုံးဦးသားမှာ ရန်ကုန်မြို့တွင်း တစ်လမ်းဝင်တစ်လမ်းထွက် ကျောတစ်နေရာစာ မှီခိုလဲလျောင်းရာနေရာတစ်ခုကို  အသည်းအသန်ရှာဖွေလျက်ရှိလေသည်။ စင်စစ်ဆြာတပည့် တစ်သိုက် ဖူးခက်သို့အပြန် မမျှော်လင့်ဘဲ ရန်ကုန်မှာသောင်တင်လေသဖြင့် စရိတ်ပြတ်ကာ အခက်ကြုံနေရခြင်းပေတည်း။ ဆြာရင်းတပည့်ရင်းဖြစ်ကြသည် ကားမှန်ပါ၏။ အရေးကြုံလာသည့်အခါ လောကဓံ၏သဘော  ကို စောင်းပါးရိပ်ခြည်မျှပင် နားလည်သူကား ဤလောကဝယ်ရှားပါးလှချေ၏။ ဆြာဒင် နားကြားပြင်းအကတ်ဆုံးအရာကား ခိုကဘိုးအေခေါ်ရလောက်အောင် ညည်းညူကြသည့် ဒင်းတို့၏အသံမျိုးစုံဖြစ်၏။
‘‘ကြံစမ်းပါဦးဆြာဒင်ရယ်။ ဒီလောက်ထင်ရှားကျော်ကြားတဲ့ ဆြာဒင့်ကို ဧရာမရန်ကုန်မြို့ကြီး မှာ ကျောတစ်ခင်းစာနေရာပေး မယ့် မိတ်ဆွေရင်းချာ တစ်ကောင် တစ်မြီးမှမရှိတာ အံ့ဩပါရဲ့’’
‘‘ကျုပ်တို့က လမ်းဘေးမှာ အိပ်လည်းဖြစ်တယ်နော်။ ဆြာ ဒင့်ဂုဏ်သိက္ခာနဲ့တော့ မတော်ဘူး ထင်တယ်’’
‘‘အင်း.. အရပ်ရပ်နေပြည် တော်ကြားလို့မှာ မတော်၊ ဆြာဒင် လိုပညာရှိကဝိတစ်ဆူလမ်းပေါ် မှာ လမ်းပျောက်နေပါရော့လား’’
‘‘နင်တို့ပါးစပ်တွေကို ပိတ် ကြစမ်းကွယ်တို့၊ အခုလို ကလိ ယုဂ်ခေတ်ဆိုးကြီးထဲမှာ ဧည့် သည်လေးယောက်ကို ဘယ်အိမ် ရှင်အရူးက ညဥ့်အိပ်ညဥ့်နေ လက်ခံနိုင်မတုံးဟ’’
ကံကြမ္မာသည် ဆြာဒင်တို့ ကို မျက်နှာသာပေးလေပြီထင့်။ ဆြာဒင်တို့ရောက်နေသော ဗဟန်း မြို့နယ်တစ်ခုသော အဆောက် အအုံကြီး၏ရှေ့တွင် ရွှေဝါရောင် သင်္ကန်းဝတ်သံဃာတော်များ ရုံးစု စုဖြစ်နေကြသည်ကို မြင်တွေ့ဖူး မြော်ရလေရာ ၁၉၆၀ မျိုးဆက် ဘုန်းကြီးကျောင်းသားဟောင်း ဆြာဒင်မှာ ဝမ်းသာလုံးဆို့သွား ကာ စိတ်ဓာတ်အကြီးအကျယ်ကျ ဆင်းနေသော တပည့်ကျော်တို့ကို အားပေးစကားဆိုလိုက်ရ၏။
‘‘သာသနာနေလို၊ လလို ထွန်းလင်းနေတဲ့တိုင်းပြည်ကြီးမှာ သံဃာတော်တွေကို ဖူးမြင်နေရ ပြီကမို့ တစ်ညတာ ကျောခင်းစရာအရေးကိုဖြင့် မပူပန်ကြလေ နှင့်၊ စိတ်အေးကြပေရော့’’
(နှစ်)
တစ်ညတစ်မှေးအိပ်စက်ခွင့် ရရေးအတွက်  အဘယ်ဆရာ တော်ကို ဦးတိုက်ကာ လျှောက် ထားသော်ကောင်းလေမည်နည်း ဟု ဆြာဒင်စဉ်းစားခန်းဖွင့်နေချိန် ဝယ် သံဃာတော်များကား တစ်စုံ တစ်ရာသော အရေးကိစ္စတွင် အာရုံရောက်ကာ အလုပ်ရှုပ်နေဟန်ရှိလေသဖြင့် ဆြာဒင်မှာ အခြေအနေကို မျက်ခြည်မပြတ်အကဲခတ်နေစဉ် တစ်ပါးသော သံဃာတော်၏လက်ကိုင်တယ်လီဖုန်းအတွင်းမှ ဂန္ထဝင်အဆိုတော်ကြီးဒေါ်မာမာအေး၏ သီချင်းတစ်ပိုဒ်ကို ကြားနေရသည်။
‘‘မချစ်ပြင်ပြင် မကြင်နာလေ ပြီမို့ မေ့ကွက်ကိုရှာ၊ ရှာသူမောင် ရေ၊ မေဘယ်သူ့ကိုမှ အပြစ်လည်း မတင်ချင်ပေ။ ချစ်ပရိယာယ်ကို သိသလိုလိုနဲ့ ချစ်စရာကဗျာတစ် ပုဒ်လား နှစ်သက်ယုံစားမိခဲ့လို့ လည်း လည်း လေ.. ၊ မေ့အပြစ် နဲ့မေသာရှိပါစေတော့မောင်ရေ မောင်မောင်ရေ’’
ထိုစဉ်တွင်ပင် ခေါင်းဆောင် ဖြစ်ဟန်ရှိသော ဆရာတော်၏ ငေါက်ငမ်းသံကို ကြားရပြန်သည်။
‘‘အရှင်ဘုရားတို့ ဖုန်းတွေကို ပိတ်ထားကြပါ။ ဒီအရေးထက် အရေးကြီးတာ ဘာမှမရှိဘူး’’
ညကြီးအချိန်မတော်ကျင်းပ နေသော အထူးအရေးပေါ်သံဃာ့ အစည်းအဝေးတွင် ခေါင်းဆောင် ဆရာတော့်မိန့်မှာသံသည် စစ် ထွက်ခါနီး ဗိုလ်ချုပ်တစ်ဦး၏မိန့် ခွန်းနှင့် ဆင်တူလှလေ၏။
‘‘ညီတော် နောင်တော်တွေ က သတ္တိရှိရှိသမိုင်းကြောင်းကို ရေးကြပါ။ နိုင်ငံတော်သံဃ မဟာနာယကရဲ့ပိုင်နက်ကို ကာကွယ်ကြပါ။ အရှင်ဘုရားတို့ကိုယ်ကျရာတာဝန်ကို ပြတ်ပြတ်သားသားလုပ်ပါ။ ကမ္ဘာကစိတ်ဝင်စားတဲ့ သမိုင်းကို ဒီနေ့မှတ်တမ်းတင်ရမယ်။ အဲဒီနေရာမှာ ကျောက်စာတိုင်ကြီးထောင်ဦးမှာ။ စည်းလုံးခြင်းသည်အင်အားတဲ့နော်’’
ဆြာဒင်ရော တပည့်ကျော် တို့ပါ နားဝေတိမ်တောင်ဖြစ်ရချေ သည်။ အောင့်အည်းသည်းခံနိုင် စွမ်းမရှိရှာကြလေသော တပည့် တို့ကား တီးတိုးလေသံဖြင့် ဆြာ ဒင့်ကို အားကိုးတကြီးမေးမြန်းစပ် စုကြပြန်ရာ ဖြစ်ရပ်မှန်ကို နကန်း တစ်လုံးမှ မရိပ်စားမိသော ဆြာ ဒင်လည်း ခပ်ဆတ်ဆတ်ပြန်လည်တုံ့ပြန်လိုက်ရ၏။
‘‘ဆြာဒင်၊ ဘာတွေဖြစ်နေ ကြတာတုံးဗျာ’’
‘‘အသာနေကြစမ်းကွယ်ရို့၊ သံဃာတော်တွေဆိုတာ ဘာသာ သာသနာ့အကျိုးကို နေ့ညမဟူ သယ်ပိုးဆောင်ရွက်နေကြတာ ဖြစ်နိုင်ပါတယ်လေ’’
(သုံး)
 ‘‘အာဏာပိုင်အဖွဲ့နေရာ အပြည့်ချထားပြီးပြီ။ ဝင်ရောက် ဖယ်ရှားရာမှာလိုအပ်မယ့် စကား ပြောစက် (Walkie Talkie)တွေ အဆင်သင့်ပြင်ပေးထားပြီး အထပ် ၁၁ ထပ်ရှိတဲ့နေရာမှာ အထပ်(၅)နဲ့ (၆)ကို အဓိက ဝင်ရောက်ရှာဖွေစီးနင်းကြ။ ကိုယ်ထိ လက်ရောက်ကျူးလွန်ခံရရင် သည်းမခံကြပါနဲ့။ ဒီသတင်းကို လည်း လုံးဝမပေါက်ကြားပါစေနဲ့။ ဒါလျှို့ဝှက်အစည်းအဝေးနော်။ ဘယ်နည်းနဲ့မှ မပေါက်ကြားစေနဲ့။ ပါလာတဲ့ကားတွေအပြင် (တိုင်းရုံး)မှာထားခဲ့ပါ။ မှန်လုံကားနဲ့ သွားမယ်။ နိုင်ငံခြားဧည့်သည်သဘောမျိုးနဲ့ ဝင်မယ်။ သတ္တိရှိရှိနဲ့ သတိထားဆောင်ရွက်ပါ။ အဲဒီမှာရှိတဲ့ ကိုယ်တော်တွေက ငယ်ဖြူတွေမဟုတ်ဘူး။ မြဝတီ၊ ကော့သောင်းဘက်က အလင်းဝင်တဲ့ကောင်တွေကို ဝတ်ပေးထားတယ်လို့ကြားတယ်’’
ဦးဆောင်ဆရာတော်၏ မိန့် မှာချက်များကား ဘင်လာဒင်ပုန်း အောင်းရာနေရာသို့ ဝင်ရောက်စီး နင်းမည့် လက်ရွေးစင်အသေခံ ကွန်မန်ဒိုတပ်သားများကို စစ်ဆင် ရေးအသေးစိတ်အား အထပ်ထပ် ရှင်းလင်းမှာကြားနေသည်နှင့် အလားသဏ္ဌာန်တူလှပါ၏။ ဘုရားသားတော် အမည်ခံယူသူ ၏နှုတ်တော်မှ ‘‘သည်းမခံကြလေနှင့်’’ဟူသော အမှာစကားကား ဆြာဒင့်နားတွင် နားဝင်မချိုသည်မှာ အမှန်ဖြစ်၏။  သံဃာအချို့ကား စစ်ဆင်ရေးကိုသဘောမတူ ဟန် နောက်ကြောင်းပြန်ကြပါ၏။ အချို့ကား  အခြေအနေကိုသိလို၍ သဘောမတူပါဘဲ လိုက်ပါကြကုန် ၏။ ထိုညက ဆြာဒင်တို့ ဆြာ တပည့်တစ်သိုက်မှာ သံဃာ အင် အားသုံးရာခန့်ပါဝင်သည့် ကား တန်းကြီးဖြင့်ပင် အုတ်ရောရော ကျောက်ရောရော စစ်ဆင်ရေး ခရီးစဉ်တစ်လျှောက်လိုက်ပါသွား ခဲ့လေရာ ကြုံတွေ့ရသည့် အဖြစ် အပျက်အသေးစိတ်ကို ဖော်ပြရ သော် စာလေးအံ့ရှိမည်ထင်၍ အကျဉ်းမျှသာဖော်ပြပေအံ့။
 စစ်ဆင်ရေးဆင်နွှဲခဲ့သည့် နေရာကား တာမွေမြို့နယ် နတ် ချောင်းရပ်ကွက်မှ မဟာသန္တိသုခ အမည်ရှိ နိုင်ငံတကာသာသနာပြု အဆောက်အအုံကြီးဖြစ်ကာ (ယ) ရက်မှာ (၁၁၊ ၀၆၊ ၂၀၁၄)ဖြစ်၍ (န)နာရီမှာ (၁၀း၃၀)ဖြစ်လေ၏။ (၂၀၀၇)ခုနှစ် ရွှေဝါရောင်တော် လှန်ရေးနောက်ပိုင်း ဘုန်းတော် ကြီးကျောင်းကို ဝင်ရောက်စီးနင်း သိမ်းပိုက်သည့် အဆိုးရွားဆုံး သန်းခေါင်ယံစစ်ဆင်ရေးတစ်ခု ဟုဆိုသော် ရနိုင်လေသည်။ အနီး ဝန်းကျင်မှာ လူထု၏ဆန့်ကျင် ကန့်ကွက်မှုကို တားဆီးရန် ဒေသ ဆိုင်ရာအာဏာပိုင်တို့က အင် အားအပြည့်ဖြင့် အကာအကွယ် ပေး၏။ အဆိုပါ သန္တိသုခကျောင်း တိုက်ကြီးအတွင်းမှ ရဟန်းသံဃာ နှင့် လူပုဂ္ဂိုလ်အချို့ကို ဖမ်းဆီး ထိန်းသိမ်း၏။ အနီးတွင် ရပ်ကြည့် ရုံသာတတ်နိုင်ကြသော လူအုပ် ကြီးအတွင်းမှ ဓာတ်ရှင်မင်းသမီး ကြီးနှစ်ဦးတို့ကား ရင်ထုမနာ သည်းထန်စွာငိုကြွေးကြလေ၏။
ဘုရားရှင်ထားရစ်ခဲ့သော သာသနာကို ဝရဇိန်လက်နက်ဖြင့် အကာအကွယ်ပေးပါမည်ဟု ဝန် ခံကတိစကားထားလေသော မာဃအမည်ရှိ သိကြားမင်းကား နန်းမေယုပြာသာဒ်တွင် ကြင်ယာ တော်လေးပါးနှင့်ပျော်ပါးမြူးတူးနေခြင်းတော့မဖြစ်တန်ရာချေ။ သခွတ်ပွင့်ချိန်ဖြစ်သောကြောင့် အသူရာမင်းနှင့် စစ်ခင်းရန် ပုဇွန့်လက်ရိုးအာလမ္ဗရာနတ်စည်ကြီးကို တဒိန်းဒိန်းမြည်အောင် ရွမ်းလိုက်လေရာ အုံ့ကာလေတဖွဲဖွဲ၊ ရွာလေတသဲသဲ၊ အငြိုးကြီးသည့် မိုးပဇ္ဇုန်ကြောင့် ဆြာဒင်တို့တစ် သိုက်မှာ ကြွက်စုတ်ရေမွန်းဖြစ်လျက် နီးရာညလုံးပေါက်လက်ဖက်ရည်ဆိုင်တစ်ခုတွင် ကွန်းခိုခဲ့ကြရပြန်ချေသည်တမုံ့။
(လေး)
တစ်ညလုံးတစ်မှေးသော်မှ မရသော်ငြားထူးခြားဆန်းပြားလှ သော အဆိုပါစစ်ဆင်ရေးအတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြု လုပ်မည်ဟူသော နောက်ဆက်တွဲ သတင်းတစ်ရပ်ထွက်ပေါ်လာပြန် လေရာ စပ်စုခြင်းအမှုကို လက်စ မသတ်နိုင်သည့် ဆြာဒင်နှင့် တပည့်ကျော်သုံးဦးသားခမျာ ရှင်းလင်းပွဲကျင်းပရာ  ခန်းမဆီသို့ ယောင်ချာချာရောက်ခဲ့ရပြန် သည်။ညက အဆက်မပြတ်ဖြိုးဖြိုးစွေရွာသွန်းခဲ့လေသောမိုးကြောင့် ရန်ကုန်မြို့တော်ကြီးတစ်ခုလုံး ရေဖုံးလွှမ်းကာ အချို့နေရာများတွင်လှေငယ်နာဝါတို့ကိုပါ ပြောက်ကျားပြောက်ကျားတွေ့ မြင်ရသဖြင့် ဘိလပ်ပြန်သန်း၏ ‘‘လှေကလေးကိုလှော်မည်။ ဘေး မသန်းဘဲအေးချမ်းတော့သည်’’ ဟူသော ခေတ်ဟောင်းသီချင်းကို သတိရစရာကောင်းလှပါ၏။
သန္တိသုခညတိုက်ပွဲနှင့်ပတ် သက်၍ အဓိကတာဝန်ယူဖြေရှင်း သူမှာ ရုပ်ဆင်းအင်္ဂါညံ့ဖျင်းနုံချာ လှသော သာသနာရေးဦးစီးဌာန ဝန်ထမ်းဟောင်းကြီးတစ်ဦးဟု ဆိုပါ၏။ သူကား သန္တိသုခစစ်ဆင် ရေးကို တရားမျှတသော တိုက်ပွဲ အဖြစ် အတည်ပြု၏။ ‘‘မကျေနပ် ရင်ကြိုက်တဲ့နေရာသွားတိုင်’’ဟူ သော စိန်ခေါ်ချက်ကြောင့် သတင်းသမားတို့မှာ ကိုယ့်နောက်ကျောကိုယ် အသီးသီးလှည့်ကြည့်ကြရင်း  တီးတိုးဆိုသံများ ကျွက်စီကျွက်စီထွက်ပေါ်လာချေသည်။
‘‘ဒီလူကြီးက သမ္မတအကြံ ပေးမဟုတ်လောက်ဘူးထင် တယ်နော်’’
‘‘ဟာ.. သူ့ရှေ့မှာ ထောင် ထားတဲ့ဆိုင်းဘုတ်မှာ ရေးထား တာပြူးလို့။  အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးတဲ့ခင်ဗျ’’
‘‘သိပ်တော့လျှော့မတွက်နဲ့ နော်။ ဒီလူကြီးမှာ ဘက်ဂရောင်း ကောင်းကောင်းရှိပုံရတယ်။ သူ ဘယ်နေရာရောက်ရောက် အမြဲ တမ်းထိပ်ကပဲနေမှာ။ ငရဲပြည် ရောက်ရင်တောင် ယမမင်းဖြစ်ဦး မှာတဲ့ဗျ’’
အရပ်သတင်းများအရ အနှီ ပုဂ္ဂိုလ်ကြီးကား နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီး များ၏ လမ်းညွှန်ချက်အရဟူ သော အကြောင်းပြချက်ဖြင့် မင်း ကွန်းဆရာတော်အရှင်ဦးဝိစိတ္တ သာရာဘိဝံသကဲ့သို့သော ထေရ် ကြီးဝါကြီးသံဃာတော်များကိုပင် သဟောက်သဟမ်းပြုနိုင်စွမ်းသူ ဖြစ်ရုံမျှမက အိမ်ထောင်ဖက်၊ ကြင်ရာဖက် အရေးတွင်လည်း မိုးနတ်သိကြားဒေဝါနှင့်အပြိုင် သူမတူအောင်စွမ်းနိုင်သူဟု ဆိုပါ၏။သူ့မှာ ဟုတ်ဟုတ်ငြားငြား စီးပွားရေးလုပ်ငန်းမရှိသော်ငြား မည်သို့ခွင်ကောင်းကြုံသည်မသိမဟာသူဌေးကြီးဖြစ်တော်မူ၏။ အနှိပ်တော်ဆက်လုပ်ငန်းကိုမူ ပိုင်ဆိုင်သည်ဆိုကြပြန်၏။
နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များတွင်လည်း သန္တိသုခ စစ်ဆင်ရေးအကြောင်းကို မျက် နှာဖုံးသတင်းအဖြစ် ဝေဆာစွာ ဖော်ပြကြပါ၏။ စစ်ဆင်ရေး၏ အန္တိမရည်ရွယ်ချက်မှာ အဆိုပါ ကျောင်းတိုက်ကြီးကို သံဃမဟာနာယကအဖွဲ့မှ မောင်ပိုင်စီး ရန်ဟုဆိုသည်။ များပြားစွာသော လူမှုကွန်ရက်စာမျက်နှာတို့တွင်လည်း ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ယူကျုံးမရအပူလုံးကြွကြသည် ကို ဖတ်ရှုရ၏။ နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူတစ်ဦးကမူ အဆိုပါစစ်ဆင်ရေး၏ အဓိကကြိုးကိုင်သူသည် သမ္မတ၏ အကြံပေးမဟုတ်ကြောင်း ငြင်းဆို၏။ ယင်းဖြစ်ရပ်မတိုင်မီကမူ နိုင်ငံတော်သမ္မတကြီးဆီမှ ပီနန်ဆရာတော်ကြီးထံ မဟာဒါန်ဝန်အထောက်တော်စေလွှတ်၍ စိတ်အေးချမ်းသာစွာစံနေတော်မူပါဆိုသည့် အကြောင်း လျှောက်ထားဖူးသည် ဆိုရာ ဆိုးဆိုးရွားရွားဖြစ်ရန်မရှိဟု မျှော်လင့်ခဲ့သော်ငြား သမ္မတမင်း၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါကိစ္စရပ်တွင် သမ္မတကြီး ကြားဝင်မည်မဟုတ်ကြောင်း အတိအလင်းစာထုတ်ပြန်လေပြန်ရာ ဆြာဒင့်မှာ မြို့လုံးကျွတ် မြုပ်တော့မည့် ရန်ကုန်ရေပြင်ဝယ် ခေါင်းစိုက်၍သာ သေချင်စိတ်  ပေါ်မိလေတော့သည်။
(ငါး)
နောက်ဆက်တွဲဆက်တိုက် ကြားရသော  သတင်းတို့ကား ဆြာဒင်အတွက် သတင်းဆိုးများ သာဖြစ်ချေသည်။ ထိုညက ထိန်း သိမ်းထားသည့် သံဃာတော်များ ထဲမှ ငါးပါးကို လူဝတ်လဲစေကာ တရားစွဲဆိုပြီး အင်းစိန်ထောင် တွင်းသို့ ပို့ဆောင်ခဲ့ပြီဟုဆိုသည်။ ထိုအထဲမှ လန်ဒန်ဆရာတော် ဦးဥတ္တရမှာ ပီနန်ဆရာတော်ကြီး ၏ တပည့်ရင်းဖြစ်ကာ လန်ဒန် သာသနာ့ရံသီဝိဟာရတွင် သီတင်းသုံးရင်း   ဗြိတိန်နိုင်ငံပါလီမန်အဆောက်အအုံအနီးရှိ စိန့်သောမတ်အန်ဂိုင်းစ်ဆေးရုံကြီးတွင် လူနာများကို တရားပြနေသူ ဖြစ်သည်ဟု ဆိုသည်။ ဆရာတော်ဦးဥတ္တရလွတ်မြောက်ရေးအတွက် ဖြစ်နိုင်ခြေအားလုံးကို စဉ်းစားလုပ်ဆောင်သွားမည်ဟု လန်ဒန်မြို့ South-wark နယ်မြေ ပါလီမန်အမတ် Simon Hughes က ဆားသည်ယင်မောင်းသကဲ့သို့ လုံးပန်းလျက်ရှိနေ၏။
 ‘‘ဖူးခက်ကိုပဲ ပြန်ကြပါစို့ တပည့်တို့ရာ’’
 စိတ်အပျက်ကြီးပျက်နေ သော ဆြာဒင့်စကားအဆုံးတွင် အွန်လိုင်းသတင်းနှင့် မျက်ခြည် မပြတ်ကြသည့် ကပ္ပလီ၊ ဖေကြည် နှင့်  လေမင်းသားတို့သည် ညှိုး ငယ်သော မျက်နှာထားအသီးသီး ဖြင့် စိုးရိမ်တကြီးညည်းတွားရေ ရွတ်ကြပြန်သော်ငြား ရှေ့တိုး ထမ်းပိုးနောက်ဆုတ်လှည်းတုတ် ဘဝရောက်နေသော ဆြာဒင် ကား ပိုင်နိုင်သောဆုံးဖြတ်ချက် ကိုပင်ချရလေတော့သည်။
 ‘‘ဒီတစ်ခါ ဖူးခက်ကိုပြန်ဖို့ သိပ်မချောင်လောက်ဘူးထင် တယ် ဆြာဒင်။ ထိုင်းစစ်တပ်က အာဏာသိမ်းပြီး နိုင်ငံခြားအလုပ် သမားမှန်သမျှ မောင်းထုတ်နေလို့ နှစ်ရက်အတွင်း ကမ္ဘောဒီးယား အလုပ်သမားတစ်သိန်းကျော် ပြည်တော်ပြန်ကြသတဲ့။ ဖူးခက် ပါတောင်ကမ်းခြေက ဗီယက်နမ် ဆိုင်တွေလည်း  ပိတ်ကုန်ကြပြီ တဲ့။ စစ်တပ်က တစ်နှစ်ကျော် အာဏာသိမ်းထားမှာဆိုတော့.. ’’
‘‘ထိုင်းစစ်တပ်က ဖမ်းရုံမက လို့ ထောင်ထဲပဲထည့်ထည့် ရာဇ ဝင်ထဲက ရန်သူနိုင်ငံမို့ဖြေသာပါ တယ်ကွာ။ ကမ္ဘာ့သာသနာပြု အထင်ကရဆရာတော်ကို လူ ဝတ်လဲပြီး အင်းစိန်ထောင်လို လူ့ ငရဲပို့တာထက်တော့ အပုံကြီးသာ တယ်မောင်။ ဖမ်းမိလို့ ယိုးဒယား မြန်မာနယ်စပ်ပြန်ပို့တော့ကော ဘာဆန်းသတုံး။  ဒီခရီးလမ်း ကြောင်းတွေက ငတို့ဆြာတပည့် တွေအတွက် အိမ်ဦးနဲ့ကြမ်းပြင် ဖြစ်နေကမင့်ဟာ။ အဆိုးဆုံးက တော့ ထေရဝါဒနောက်ဆုံးခံတပ် ဆိုပြီး ကြွေးကြော်နေတဲ့နိုင်ငံမှာ ကိုယ့်လူမျိုးချင်း၊ သံဃာချင်း ဇာတ်တူသားစားကြတာမျိုးတော့ လက်မခံနိုင်ဘူး။ တိုင်းတစ်ပါးလူ မျိုးခြားက အနိုင်ကျင့်တယ်ဆိုတာ ဖြေစရာတရားရှိတယ်ကွ။ ဘယ့် နှယ်ကွာ၊ ဗုဒ္ဓဘာသာရဟန်းတော် လွတ်မြောက်ရေးအတွက် အင်္ဂလန်နိုင်ငံလွှတ်တော်အမတ်မင်းက နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန်ကြိုးပမ်းနေသတဲ့။ ဆက်နေရင် ဆြာဒင်အရှက်လွန်ပြီး နေရာတင်လဲ  ပွဲချင်းပြီးသေနိုင်တယ်ဟေ့’’
(ခြောက်)
ဆြာဒင်တို့နှင့် ခရီးသည်များ ကို သယ်ဆောင်မောင်းနှင်လာ သည့် အဝေးပြေးကားကြီးသည် ယိုးဒယားမြန်မာနယ်စပ် မြဝတီ မြို့ဆီသို့ ဦးတည်မောင်းနှင်လျက် ရှိရာ တပည့်ကျော်သုံးဦးမှာ နေ့ ရောညပါ အိပ်ရေးပျက်ကြလေ သဖြင့် ငိုက်မျဉ်းလျက်ရှိကြချိန် တွင် ထူးခြားဆန်းပြားလှသော ကျောင်းလုပွဲစစ်ဆင်ရေးအပေါ် ဆြာဒင်တစ်ယောက်  မျက်လုံး အကြောင်သားဖြင့် အတွေးမျှင် မပြတ်နိုင်အောင် ရှိနေချေ၏။ ပိဋကတ်သုံးပုံကို ထုံးလိုမွှေ ရေလို နှောက်တုန်လှုပ်ချောက်ချားနိုင် စွမ်းရှိသူ ရွှေဉာဏ်တော်ရှင်တို့ သည် ဓမ္မဝိဟာရကျောင်းတိုက် တစ်ခု၏အရေးမျှကိုပင် အပြန် အလှန်ဆွေးနွေးညှိနှိုင်းအဖြေမရှာ နိုင်ကြလေယောင်တကား။ သီလ သမာဓိသိက္ခာသုံးပါးနှင့်ပြည့်စုံ ကြသော အဓိကရဆရာတော်ကြီး တို့ပင် ဤအရေးတွင်နှုတ်ဆိတ် ကာ ကြားမဝင်နိုင်အောင် အဘယ် ကိုယ်ကျိုး၊ အဘယ်အာဏာစက် တို့ဖြင့် လောဘ၊ မောဟ၊ ဒေါသ စိတ်လွန်ကဲသော အုပ်စုအားကိုး နိုင်ရာစားထင်တိုင်းကြဲကြလေ သနည်း။
သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်သာ သက်ရှိထင်ရှားရှိနေတော်မူဆဲရှိပြီး ဤဖြစ်ရပ်ကို အစမှအဆုံ တိုင်မြင်တော်မူပါလျှင် ကရုဏာမုဒြာဖြင့်..‘‘အန္ဓီဘူတော အယံလော ကော- အကြင်လောကသည်အမိုက်တိုက်သာတည်း’’ ဟူ၍ ထပ်မံမိန့်ဆိုမည်ကို ဆြာဒင် မြင်ယောင်၊ ကြားယောင်နေမိလေသည်တကား။

မြန်မာ့ ပထမဆုံး စံပြပုဂ္ဂိုလ်ကျော်များ

---------------------------------------------------------

 ၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို ) ၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင် ၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး ၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ ၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း ၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု ၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင် ၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ
မင်းသမီး = ကြည်ကြည်ဌေး
၁၄။ ပထမဆုံးရုပ်ရှင်ထူးချွန်ဆုရ ကလေးသရုပ်ဆောင် = အောင်ထွန်းလေး ၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ
၁၈။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ
၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)
၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း
၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော် ၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်
၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်
၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်
၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်
၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်
၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)
၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)
၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင်
၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)
၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း
၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်
၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်
၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇) ၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု
၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ
၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)
၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့်  ၃၉။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်

 Credit to Original writer

ဦးဆန်းဆင့် တာဝန်မှရပ်စဲခံရခြင်းသည် ၀န်ကြီးတစ်ဦး၏ တာဝန်များကို ကျော်လွန်လုပ်ဆောင်၍ဟုဆို

ဓာတ်ပုံ- သာသနာရေး


ေေ နေပြည်တော်- သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှရပ်စဲသည့်ကိစ္စတွင် မဟာသန္တိသုခပြဿနာမှာ အကြောင်းတစ်ခုအနေဖြင့် ပါဝင်သော်လည်း ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ တာဝန်များကို ကျော်လွန်လုပ်ဆောင်သည့်အတွက်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က မီဒီယာများအား ပြောကြားလိုက်သည်။
‘‘သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ မဟနရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင် တစ်ဖက်ကလည်း ဟိုဘက်နဲ့ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီးအနေနဲ့ရော၊ ဆရာဒကာအနေနဲ့ရော ၀င်ရောက်ဖြေရှင်းဖို့ ပြောခဲ့တာပါ။ ဒါပေမဲ့ အဲဒီကိစ္စအပြင် တခြားကိစ္စတွေမှာ ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေက ပါဝင်ပတ်သက်နေသူတွေကြားထဲမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့ သံဃာတွေကြားထဲမှာပါ နားလည်မှုလွဲစေတဲ့ အဖြစ်မျိုးထိ ဖြစ်လာတယ်။ တချို့ဟာတွေဆိုရင် သမ္မတကြီးမှာကြားချက်တွေကို ကျော်လွန်ပြီး လုပ်လိုက်တယ်ဆိုတဲ့ သဘောမျိုးထိ ရှိတယ်’’ ဟု ဦးရဲထွဋ်က ဦးဆန်းဆင့်အား အရေးယူထားသည့်အကြောင်းရင်းကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ရပ်နားချိန် မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။
မလွှဲမရှောင်သာ၍သာ အရေးယူဆောင်ရွက်ရခြင်းဖြစ်ပြီး ယခင်ကတည်းက အကြိမ်ကြိမ်ပြောကြားခဲ့ပြီးဖြစ်သည်ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လာရောက်စဉ် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် လက်ရှိသာသနာရေး ဒုဝန်ကြီး ဦးစိုးဝင်းအား ခန့်ထားလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ဆုံးမတာကို မနာခံတဲ့ ဦးဆန်းဆင့် နဲ့ မဟာသန္တိသုခ ကိစ္စ ရှင်းလင်းပြောကြား (ရုပ်/သံ)

  သမ္မတကြီး ဆုံးမတာကို မနာခံလို့ အရေးယူလိုက်ရတဲ့ ဦးဆန်းဆင့် ကိစ္စမှာ မဟာသန္တိသုခပြဿနာဟာ အကြောင်း တစ်ခု အနေဖြင့် ပါဝင်ကြောင်း  ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ရှင်းလင်းပြောကြား။ ဦးဆန်းဆင့်ကို ဘာလို့ တာဝန်က ရပ်စဲတာလဲ။ ဘာတွေ စစ်ဆေးနေသလဲ RFA ရုပ်/သံမှာ ကြည့်ရှုနိုင်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ  

အာမခံနဲ့ ပြန်လွှတ်ဖို့ ရှိတဲ့ ဖမ်းဆီးခံ သံဃာတွေကို နတ်ချောင်းမှာ သင်္ဃန်းပြန်စီးမယ် 

  ရန်ကုန်မြို့တော်ရှိ မဟာသန္တိသုခ ကျောင်းတိုက်မှာ ခွင့်ပြုချက် မရှိဘဲ သီတင်းသုံးနေထိုင်တယ် ဆိုပြီးတော့ အင်းစိန် ထောင်မှာလူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော်ငါးပါးကို အာမခံနဲ့ ပြန်လွှတ်ဖို့ ရှိပါတယ်။

ပြန်လွတ်တာနဲ့ တာမွေမြို့နယ်မှာ ရှိတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ဘေးက နတ်ချောင်းသုံးထပ် ကျောင်းတိုက်မှာ သင်္ဃန်းပြန်စီးဖို့ ရှိပါတယ်လို့ ရွှေညဝါဆရာတော်က မိန့်ကြားပါတယ်။

နိုင်ငံတော် သံဃမဟာနာယကရဲ့ ခွင့်ပြုချက် မရှိဘဲသီတင်းသုံး နေထိုင်နေတယ်ဆိုပြီး သာသနာကို ညှိးနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဦးဥတ္တရ အပါအဝင် သံဃာတော်ငါးပါးကို ဇွန်လ ၂၀ ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှု ပြီးတဲ့အချိန်မှာ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး မစိုးရိမ်ကျောင်းတိုက်က ဆရာတော်ဦးဝီရသူ၊ ရွှေညဝါဆရာတော် ဦးပညာဝံသ အပါအဝင် အထက်မြန်မာပြည် သံဃသမဂ္ဂ အဖွဲ့ချုပ်က ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေကို ဒီနေ့ ပြန်မလွှတ်ဘူးဆိုရင် ဆန္ဒပြဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

နိုင်ငံတော် သံဃမဟာနာယကရဲ့ ညွန်ကြားချက်နဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့ ည သန်းခေါင်ယံ အချိန်မှာ ချိတ်ပိတ်ခဲ့ပါတယ်။ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော်ငါးပါးကို လူဝတ်လဲပြီး ဇွန်လ ၁၃ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

The Voice Weekly

ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ 

  နိုင်ငံတော်သမ္မတ အမိန့်နဲ့ ရာထူးကနေ အနားပေး ခံရတဲ့ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်း အကျဉ်းထောင်ကို ခေါ်ဆောင်သွား တယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။

သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

“ဥတ္တရသီရိရဲစခန်းက အမှုစစ်ကတော့ ပြောလိုက်တယ်။ ဇွန် ၁၉ ရက်နေ့ နေလယ် ၁၂ နာရီက ဦးဆန်းဆင့်ကို ဒီမှာ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ပြောတယ်။ ကျန်တာတော့ ပြောခွင့်မရှိလို့ မပြောပါဘူးဆိုပြီးတော့ ကျနော့်ကို ပြောတယ်ခင်ဗျ။ မနေ့က ညနေ ၃ နာရီမှာတော့ ပုပ္ဗသီရိမြို့နယ်တရားရုံးမှာ ဦးဆန်းဆင့်ကို ရမန်ယူပြီးတော့ အခု မနက်မှာတော့ ရမည်းသင်းအကျဉ်းထောင်ကို ပို့လိုက်တယ်ခင်ဗျ။ ရမည်းသင်းအကျဉ်းထောင်ပို့ပြီးတော့ စစ်ဆေးနေတယ်လို့လည်း သိရတယ်ခင်ဗျ။ နောက် ဦးဆန်းဆင့်နဲ့ ပတ်သက်တဲ့ မိသားစုတွေကိုလည်း စစ်ဆေးနေတယ်လို့ ပြည်ထဲရေးအသိုင်းအ၀ိုင်းကနေ ကြားရတယ်ခင်ဗျ။”

ဒီဗွီဘီက အတည်မပြုနိုင်ခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ညပိုင်းက သီးခြားရရှိတဲ့သတင်းအရ ဥတ္တရသီရိရဲစခန်းမှာ ဦးဆန်းဆင့်နဲ့ အပေါင်းပါ ၉ ဦးကို ၂၀၁၄ ခုနှစ် ၆ လပိုင်း ၁၉ ရက်နေ့ ဥတ္တရသီရိမြို့နယ်ရဲစခန်းမှာ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ဥပဒေပုဒ်မ ၄၀၉/၁၀၉နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီအမှုကို အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဌေးလွင်က အမှုဖွင့်ထားပြီး ဦးဆန်းဆင့်ကို အငြိမ်းစားပေးပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီက အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဌေးလွင်ရဲ့ တယ်လီဖုန်း ၀၆၇-၄၃၁၃၇၃ ကို ဆက်သွယ်မေးမြန်းရာမှာ လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဦးဆန်းဆင့်ကို နေပြည်တော်မှာ အမှုဖွင့်ပြီး နောက်တနေ့ ဇွန် ၂၀ ရက်နေ့မှာ သမ္မတက သာသနာရေးဝန်ကြီးတာဝန်ကနေ ရပ်နားကြောင်း လူသိရှင်ကြား ကြေညာခဲ့ပါတယ်။

By ဒီဗွီဘီ

ဦးအံ့ မောင်ကိုထုတ်ပယ်ပစ်တဲ့ အမိန့်စာတစ်ခုကိုဘုန်းကြီးတို့ ကမျှော်လင့်နေပါတယ် လိုရွှေည၀ါဆရာတော်မိန့်ကြား ။

 ဒီကိစ္စကြီးတစ်ခုလုံးဖြစ်ပေါ်သွားတာကတော့နောက်ကဦးအံ့ မောင်ပါပ
ဲ ဦးအံ့ မောင်ကိုနိုင်ငံတော်သမ္မတရုံးကမဟုတ်ဘူးလို့ ပဲသတင်းစာ
တွေထဲမှာတွေ့ ရတယ။်ဦးအံ့ မောင်ကိုထုတ်ပယ်ပစ်တဲ့ အမိန့်စာတစ်ခုကိုဘုန်းကြီးတို့ ကမျှော်လင့်နေပါတယ် ။ အဲဒါကိုနိုင်ငံတော်သမ္မတကြီးကအမြန်ဆုံးဆောင်ရွက်ပေးဖို့ ကိုဘုန်းကြီးတို့ သုံးပါးလုံးကသဘောတူထားပြီးဖြစ်တယ်
ဦးအံ့ မောင်ကိုရာထူးကထုတ်ပယ်ပြီးတော့သူ့ ရဲ့ အပြစ်ကိုလှန်ပေးဖို့ ဘုန်းကြီးတို့ ဒီနေရာကနေတောင်းဆိုပါတယ် "
ရွှေညဝါဆရာတော်က
=============
တာမွေတရားရုံးရှေ့
Kumudra

ပုတ်သင်ဥပါ ပေါ်တော့မယ်

-------------------------------


အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ…၊ အရာရှိကြီးတွေ..၊ ၀န်ကြီးဌာန အကြီးအကဲတွေရဲ့ အကျင့်ပျက်ခြစားမှုစာရင်းတွေကို တပ်မတော်မှာ စစ်ရာထူးခန့်ချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က အဲ့ဒီအချက်အလက်တွေကို မှတ်တမ်းပြုစု ထိန်းသိမ်းကိုင်တွယ်ရတာကြောင့် ကျွန်တော့်ဆီမှာ သက်သေအထောက်အထား စာရင်းတွေ ရှိနေပါတယ်…။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုရင် အချက်အလက်တွေ..၊ ကိန်းဂဏန်းတွေ..၊ အထောက်အထားဓါတ်ပုံတွေ..ရှိတယ်…။ အချိန်မရွေး ဖွင့်ချဖော်ထုတ်လို့ရတယ်လို့ပြောပါတယ်....

ဆရာတော်ဦးဥတ္တရနှင့်လူဝတ်လဲဖမ်းဆီးထားသည့်သံဃာတော်ငါးပါးကိုရုံးထုတ်.

လန်ဒန်ဆရာတော်ဦးဥတ္တရအပါအ၀င် လူဝတ်လဲ ဖမ်းဆီးထားသည့် သံဃာတော် ငါးပါးအား တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေး

 လန်ဒန်ဆရာတော် ဦးဥတ္တရအပါအ၀င် လူဝတ်လဲ ဖမ်းဆီးထားသည့် သံဃာတော် ငါးပါးအား ဇွန်၂၀ နံနက်ပိုင်းက အင်းစိန်ထောင်မှ တာမွေမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့သည်။

သံဃာတော်ငါးပါးအား ရုံးထုတ်ရာ တာမွေတရားရုံးသို့ ဦးဝီရသူ၊ ဦးပါမောက္ခ၊ ရွှေည၀ါဆရာတော်အပါအ၀င် သံဃာတော်များနှင့် တရားရုံးပတ်ဝန်းကျင်မှ ပြည်သူများ၊ သံဃာတော်များအား အဓမ္မလူဝတ်လဲ၍ တရားဆွဲဆိုဖမ်းဆီးခြင်းကို လက်မခံနိုင်သူများ ပီနန်ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမများနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီး၊ ဦးစိုးထွန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စသည့် အဖွဲ့ဝင်များလည်း လာရောက်ခဲ့ကြပြီး “အပြစ်မဲ့သံဃာတော်များ ချက်ချင်းလွှတ်”၊ သမ္မတရုံးအကြံပေး ဦးအံ့မောင် ချက်ချင်းဖြုတ်” စသည့် ကြွေးကြော်သံများဖြင့်လည်း ဆန္ဒပြဟစ်ကြွေးမှုများ ပြုလုပ်ခဲ့သည်။

ရုံးထုတ်ခဲ့သည့် ဇွန် ၂၀ရက်တွင် လူပုဂ္ဂိုလ် ၁၀ဦးနှင့် သံဃာတော်များ အာမခံဖြင့်လွှတ်ပေးမည်ဖြစ်ပြီး ယနေ့ရုံးတင် စစ်ဆေးပြီးပါက အာဏာပိုင်များကလူဝတ်လဲထားမှုများအား သင်္ကန်းပြန်ဆည်းမည်ဖြစ်ပြီး သုံးထပ်ကျောင်းတွင် ပြန်လည်သိက္ခာထပ်မည် ဖြစ်ကြောင်း ဖမ်းဆီးခံသံဃာတော်များအား အာမခံပေးသည့် ဥရောပမြန်မာအသင်းမှ ဦးဆန်းဝင်းက တာမွေမြို့နယ်တရားရုံးတွင် ပြောကြားသည်။

“သံဃာတစ်ပါးကို လူနှစ်ဦး အာမခံပေးရတယ်။ အာမခံဆိုတော့ အိမ်ပိုင်တဲ့သူလည်း ဖြစ်ရမယ်လေ။ ဆရာတော်ကြီးတွေလည်း ဖမ်းဆီးခံသံဃာတွေအတွက် အာမခံပေးရတယ်။ ဘယ်လိုပေးရသလည်းတော့ မသိဘူး။ အခုလောလောဆယ် စီစဉ်ထားတာက ဆရာတော်တွေကို တရားရုံး ရုံးချိန်းပြီးတာနဲ့ သင်္ကန်းပြန်ဆည်းမယ်။ သုံးထပ်ကျောင်းမှာ သိက္ခာထပ်မယ်။ အမှုကိုတော့ သင်္ကန်းဝတ်နဲ့ပဲ ဆက်လက်ရင်ဆိုင်ရမှာပေါ့” ဟု ဦးဆန်းဝင်းက လတ်တလော အခြေအနေအပေါ် ပြောကြားသည်။

သံဃာတော်ငါးပါးအား ရုံးထုတ်ရာတရားခွင်တွင် မဟနဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများကိုလည်း တရားခွင်စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရှိရသည်။
=================
Eleven Media Group

ကော်မရှင်မှ ရွေးကောက်ပွဲ ကန့်သတ်ချက်များ မျှတသော်လည်း သတ်မှတ်ချက်အတိုင်း လုပ်နိုင်မည်မဟုတ်ဟု သံသယရှိ 

----------------------------------------------------------------------

 ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ လာမည့်ရွေးကောက် ပွဲများတွင် ကျင့်သုံးသွားရန်ရှိသည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများ စုရုံးဟောပြောပွဲနှင့် မဲဆွယ် စည်းရုံးခွင့်ကန့်သတ်ချက် မူကြမ်း ပါအချက်များသည် မျှတမှု ရှိကြောင်း တွေ့ရှိရသော်လည်း ထိုမူကြမ်းပါ အချက်များအတိုင်း လုပ်နိုင်ဖွယ်မရှိ ဟု သံသယဖြစ်စရာ များ တွေ့ရှိရ ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌဦးသုဝေက ပြောကြားလိုက် သည်။
““သူတို့ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ မူကြမ်းဟာ တော်တော်လေး မျှပါ တယ်။ ဒါပေမဲ့ အဲဒီမူကြမ်းအတိုင်း လုပ်ဖို့ပဲ လိုတယ်။ ဘာကြောင့် အဲဒီ လိုမဖြစ်လဲဆိုတော့ မူကြမ်းအတိုင်း မလုပ်ဘူးလို့ သံသယတွေလည်းဖြစ် နိုင်စရာတွေ ရှိတယ်””ဟု ပြောသည်။ထိုသို့ သံသယဖြစ်စရာအချက် များတွင် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်၌ စစ်အရာရှိအငြိမ်းစား များနှင့် အင်အားကြီးပါတီတစ်ရပ် ၏လူများကို အများအပြားခန့်ထား ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုသို့ အခြေအနေတွင် စည်းကမ်းဥပဒေ အပေါ်တွင် ရပ်တည်သည်ထက် ဘက်လိုက်မှုများရှိနိုင်ကြောင်း ဦးသုဝေက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လွှတ်တော်ကိုယ်စား လှယ်လောင်းများ စုဝေးဟောပြော ခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် မူကြမ်း ပါအချက်များနှင့် ပတ်သက်၍ နိုင်ငံ ရေးပါတီများကြား သဘောထား ကွဲလွဲလျက်ရှိသည်။… ထိုသို့ သဘောထားကွဲလွဲနေမှု အပေါ် ဦးသုဝေက ““ပြဋ္ဌာန်း ချက် တွေ၊တားမြစ်ချက်တွေ၊ လုပ်ပိုင်ခွင့် တွေဟာ တချို့ဟာတွေကျတော့ ဥပမာအားဖြင့် စည်းရုံးရေးလုပ်တဲ့ နေရာမှာ လွတ်လပ်မှုရှိတာတို့၊မရှိ တာတို့ အဲဒါမျိုး ကိစ္စတွေမှာတော့ သာမန်အချိန်မှာဆိုရင် နိုင်ငံရေး ပါတီက ဒီမိုကရေစီနည်းအရဆိုရင် ရွေးကောက်ပွဲ လုပ်မယ် ဆိုရင် အဲဒီ နိုင်ငံရေးပါတီတွေဟာ လွတ်လွတ် လပ်လပ်စည်းရုံးနိုင်တာပေါ့ဗျာ။ ပိုစတာတွေကပ် ချင်ရာကပ် မယ်။ စာ ရွက်စာတမ်းတွေ ဝေချင်သလိုဝေမယ်။ စည်းရုံးရေးတွေကို လုပ်ချင် တဲ့နေရာမှာ လုပ်မယ်။ ဒါကတော့ လွတ်လပ်မှုရှိတဲ့ တိုင်းပြည်တွေမှာ ဒါဟာလုပ်ပိုင်ခွင့်ရှိတယ်၊ အခုတော့ ကန့်သတ်ချက်တွေပါတယ်။ ဘာ ဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကန့် သတ်ချက်တွေပါလို့ မကောင်းဘူး လားလို့ပြောလို့တော့မရဘူး။ အဲဒါ ကတိုင်းပြည်ရဲ့အခြေအနေပေါ် မူ တည်လို့။ အကယ်၍ ဒီတိုင်းပြည် မှာရှိနေတဲ့ လူထုတွေ၊ ဒီတိုင်း ပြည်မှာ ရှိနေတဲ့ နိုင်ငံရေးပါတီတွေ ဟာစည်းကမ်းရှိကြမယ်ဆိုရင် လုပ် ပိုင်ခွင့်ရှိတဲ့အထဲမှာ မှန်မှန်ကန်ကန် ပေါ့လေ။ ပဋိပက်္ခတွေမဖြစ်ဘဲနဲ့၊ ရုန်းရင်းဆန်ခတ်တွေမဖြစ်ဘဲနဲ့ ရှိ မယ်ဆိုရင်တော့ ကန့်သတ်မှုမရှိစေ ရဘူးပေါ့နော်။ ဒီမိုကရေစီကျကျ ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကမပြော နိုင်ဘူး။ လူထုကလည်း လုပ်ပိုင်ခွင့် ရှိတယ်ဆိုရင် အရမ်းလုပ်တော့ တာပဲ။ နိုင်ငံရေးပါတီတွေကလည်း ဒီလိုပဲ စည်းကမ်းပေါ့နော်။ အဲဒါက နိုင်ငံရေး ပါတီတင် မကဘူး အစိုးရကလည်း သူတို့လည်း စည်းကမ်း မရှိဘူး။ ဆိုတော့ ဘယ်သူမှစည်း ကမ်းမရှိဘူး။ အခုလက်ရှိ အခြေအနေမှာကတော့ စည်းကမ်း အတိုင်းလုပ်ရင် ကန့်သတ်ချက်တွေ ကို ဖြုတ်ဖို့ ကျွန်တော်တို့ အများ ကြီးပြောပြရမယ်။ စည်းကမ်းမရှိ သေးတဲ့အခါကျတော့ စည်းကမ်းရဲ့ ဘောင်ဆိုတာကတော့ ထားရမယ်။ အချိန်အခါ အခြေအနေအရမို့လို့ ထားရမယ်။ အဲဒါတွေကို ကျွန်တော် တို့ဖတ်ကြည့်လိုက်တဲ့အခါကျတော့ ဒီအချိန်ကာလမှာ သူတို့ ကန့်သတ် တဲ့စည်းကမ်းလေးတွေဟာ အလျှော့ အတင်းတော့ နည်းနည်းရှိမှာပေါ့ နော်။ လုပ်သင့်တယ်လို့ ကျွန်တော် ထင်တယ်””ဟု ပါတီဥက္ကဋ္ဌတစ်ဦး အနေဖြင့် ၎င်း၏သဘောထားကို ပြောကြားသည်။
ကော်မရှင်၏မူကြမ်းကို နိုင်ငံ ရေးပါတီများထံဖြန့်ဝေထားပြီး နိုင်ငံ ရေးပါတီများထံမှ သဘောထား မှတ်ချက် များကို တောင်းခံထားရာ ပါတီအများအပြားက ၎င်းင်းတို့၏သဘောထားကို ကော်မရှင်သို့ပေး ပို့ထားပြီးဖြစ် သည်။
မူကြမ်းတွင် မဲဆွယ်စည်းရုံး ခွင့်ကာလ၊ မဲဆွယ်စည်းရုံးရန် နည်းလမ်းများ၊ စုဝေးဟောပြောခွင့် လျှောက်ထား ခြင်း၊ လျှောက်ထား ပိုင်ခွင့်ရှိသူများ၊ စုဝေးဟောပြော ခွင့်ရှိသူများ၊ လျှောက်လွှာတွင် ဖော်ပြရမည့် အချက်များ၊ ကော်မရှင်အဖွဲ့ခွဲက စိစစ်ဆောင်ရွက်ခြင်း၊ မီဒီယာများမှတစ်ဆင့် ဟောပြော စည်းရုံးခြင်း၊ ရေးသားပုံနှိပ်ထုတ် ဝေတင်ပြခြင်း၊ တားမြစ်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုများတို့ ပါဝင် သည်။
မြန်မာသံတော်ဆင့်သတင်းဌာန