ကလေးသူငယ်အခွင့်အရေး လူတိုင်းသိဖို့လိုပြီ
လက်ရှိမြန်မာနိုင်ငံတွင် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကုလ သမဂ္ဂ၏ သဘောတူညီချက်စာချုပ် (The United Nations Convention on the Rights of the Child-UN-CRC) ကို ကလေးသူငယ်မှစ၍ လူ ကြီးအဆုံး သေသေချာချာ ဂဃဏန မည်သူမှမသိရှိကြပေ။ ကလေးသူ ငယ်အခွင့်အရေးဆို ပိုတောင်ဝေး လေစွ။၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေ (Child Law) သည် ယနေ့ ခေတ်တွင် အသုံးဝင်ခြင်းမရှိသော ကြောင့် ပြစ်ဒဏ်၊ ဖွဲ့စည်းပုံများကို ပြင်ဆင်ရမည်ဖြစ်ပြီး ထိုသို့ပြင်ဆင် ရာ၌ အမျိုးသားအဆင့်နှင့် တိုင်းအ ဆင့်တွင် ပြဿနာမရှိသော်လည်း ခရိုင်နှင့်မြို့နယ်အဆင့်၌မူ ဖွဲ့စည်းပုံ အကုန်ပြင်ရမည်ဟု ကလေးသူငယ် အခွင့်အရေးများအတွက် လုပ်ဆောင် နေသော ဦးအာကာစိုးနောင်က ပြော သည်။
၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေ၏ အဓိကရည်ရွယ်ချက်သည် ကလေးသူငယ်များ၏ ကောင်းစား ရေးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့် အရေးများကို ကာကွယ်စောင့်ရှောက် ရန်ဖြစ်သောကြောင့် ယင်းဥပဒေ သည် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ပါ ကလေးသူငယ်များ၏ အခွင့်အ ရေးများကို အကောင်အထည်ဖော် နိုင်ရန် ကွန်ဗင်းရှင်းပါအချက်များနှင့် အညီ ရေးဆွဲထားခြင်းဖြစ်သည်။
ယင်းဥပဒေအရ ကလေးသူငယ် ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့် သေးသောသူဖြစ်ပြီး အသက် ၇ နှစ် မပြည့်သေးသော ကလေးသူငယ် တစ်ဦး၏ ပြုလုပ်မှုသည် ပြစ်မှုမ မြောက်ပေ။ ပြုလုပ်စဉ်က ပြုလုပ်မှု ၏ အကျိုးအပြစ်ကို မသိနားမလည် ပါက အသက် ၇ နှစ်နှင့်အထက် ၁၂ နှစ်အောက် အရွယ်ရှိသော ကလေး သူငယ်၏ ပြုလုပ်မှုသည်လည်း ပြစ် မှုမမြောက်။ ထို့အပြင် ကလေးသူ ငယ်၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင် ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အ ကြောင်းမဲ့ထိပါးခံရခြင်း မရှိစေရန် သက်ဆိုင်ရာအစိုးရဌာနများက အကာအကွယ်ပေးရမည်ဖြစ်သည်။
“၉၃ ခုနှစ် ကလေးသူငယ်ဥပဒေ ဟာ အသက်မ၀င်ဘူး”ဟု ဦးအာကာ စိုးနောင်က သူ့အမြင်ကိုပြောသည်။
အဆိုပါ ကလေးသူငယ်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များ၌ ရေဒီယို၊ ရုပ်မြင်သံကြား၊သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များလိုက်နာရမည့် ပြဋ္ဌာန်းချက်များလည်း ပါဝင်သည်။ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရ သော ကလေးသူငယ်များ မှုခင်းတစ် ရပ်ရပ်၌ သက်သေအဖြစ်ပါဝင်နေ သော ကလေးသူငယ်သည် မည်သူ မည်ဝါဖြစ်ကြောင်း သိသာထင်ရှား စေနိုင်သော သတင်းအချက်အလက် များ ဓာတ်ပုံများကို သက်ဆိုင်ရာ ကလေးသူငယ် တရားရုံး၏ ကြိုတင် ခွင့်ပြုချက်မရှိဘဲ စာနယ်ဇင်းများ၊ ရေဒီယိုရုပ်မြင်သံကြား၊ ရုပ်ရှင်စသည့် မီဒီယာများ၌ ဖော်ပြခြင်းမပြုရပေ။
ကလေးသူငယ်အား ညစ်ညမ်း သော ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်မြင်သံ ကြား သို့မဟုတ် ဓာတ်ပုံရိုက်ကူးခြင်း မပြုရပေ။ သက်ဆိုင်ရာ ကလေးသူ ငယ်တရားရုံးက ကလေးသူငယ်အ တွက် အကျိုးရှိမည်ဟု ယုံကြည်ပါက အသုံးပြုခွင့်ပေးနိုင်သည်။ ပြစ်မှုကျူး လွန်သူကို ထောင်ဒဏ်နှစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ၁၀၀၀၀ ကျပ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချ မှတ်နိုင်ပါသည်။
CRC - အပိုဒ်(၇)၊ (၈) တွင် ဖော်ပြထားချက်အရ ကလေးသူငယ် တိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယင်း ကလေးသူငယ်များမှာ နိုင်ငံသားဖြစ် ခွင့် ဆုံးရှုံးနေသည်။ တချို့ကလေး များ ၁၀ တန်းသာအောင်သွားသော် လည်း မှတ်ပုံတင်မရှိခြင်းကြောင့် အ လုပ်ဝင်၍မရ။ တက္ကသိုလ်ရောက် သွားသော်လည်း မှတ်ပုံတင်မရှိသော ကြောင့် ဘွဲ့ယူ၍မရဖြစ်နေကြသည်။ သူတို့ဘ၀ နစ်နာသလို သူတို့လိုလူမျိုး များ အများကြီးဖြစ်လာပါက နိုင်ငံ တော်အတွက်လည်း နစ်နာနိုင်သည် ဟု ဦးအာကာစိုးနောင်က ရှင်းပြသည်။
“ကလေးသူငယ်ဥပဒေမှာ အခန်း ၁၉ ခန်းပါတယ်။ ဖြုတ်ပစ်ရမှာလည်း ရှိတယ်။ပြင်ရမှာလည်းရှိတယ်။ခေါင်း စဉ်ကအစ ပြောင်းရမယ်။ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ဆိုပြီးပြောင်းမယ်။ နိုင်ငံသားတစ် ယောက်အနေနဲ့ ဥပဒေပြုပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်ရှိတယ်။ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေနဲ့ပြောရင်တောင် ပုဒ်မ ၃၅၄ (ခ) နဲ့ကိုင်ပြီး ပြောလို့ရ တယ်”ဟု ၎င်းင်းက ဆက်လက်ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် က လေးသူငယ် အဓမ္မပြုကျင့်ခံရမှုသည် ၂၀၁၂ ခုနှစ်အတွင်း ၈၈ မှုရှိခဲ့၍ ၂၀၁၃ ခုနှစ် သြဂုတ်လအထိ ၆၂ မှု ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ကလေး သူငယ်များကို အဓမ္မပြုကျင့်မှုသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း၌ ၂ ဆနီးပါး မြင့်တက်လာနေပြီး ယင်းတို့အထဲမှာ အသက် ၁၀ နှစ်၊ ၁၅ နှစ်အတွင်း ကလေးများကို အဓမ္မပြုကျင့်မှုသည် အများဆုံးဖြစ်ကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ပြုလုပ် ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်အစည်းအဝေးတွင် တိုင်းအစိုးရ အဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြော ဆိုခဲ့ဖူးသည်။
ထို့အပြင် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရမှုများတွင် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး ဥပဒေတစ် ရပ် သီးသန့်ပေါ်ထွက်လာစေရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ၂၀၁၃ ခုနှစ် ဇူလိုင် လအတွင်းက ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ အဆိုပြု တင်သွင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ကလေးသူငယ်များ အဓမ္မပြု ကျင့်ခံရမှုများသည် မြန်မာနိုင်ငံတွင် သာမကဘဲ အခြားနိုင်ငံမှာတွင်လည်း အနည်းနှင့်အများရှိသည်။ ယင်းပြစ် မှုအတွက် တချို့နိုင်ငံများတွင် သေ ဒဏ်ပေးလေ့ရှိသလို တချို့နိုင်ငံများ တွင် ထောင်ဒဏ်တစ်သက်တစ် ကျွန်း သို့မဟုတ် နှစ်ရှည်ထောင်ဒဏ်၊ ငွေဒဏ် စသည့် ပြစ်ဒဏ်တို့ကို ပေး လေ့ရှိသည်။ မြန်မာနိုင်ငံ၏ အိမ်နီး ချင်းထိုင်းနိုင်ငံတွင်လည်း ထိုသို့အမှု များရှိသော်လည်း ထိုင်းနိုင်ငံသားများ ကိုယ်တိုင်ကျူးလွန်ခြင်းနည်းပါးပြီး အခြားနိုင်ငံများမှလာကြသည့် နိုင်ငံ ခြားသားများ ကျူးလွန်မှုသည် များ ပြားကြောင်း လူ့အခွင့်အရေး ပညာ ပေးရေးဌာန (မြန်မာနိုင်ငံ) (HREIB) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ် များကို စနစ်တကျပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည် ဆိုပါက လွန်စွာကောင်းမွန်သော အစီအစဉ်တစ်ခုဖြစ်သည်။ နောင် တစ်ချိန်တွင် တိုင်းပြည်ကိုဦးဆောင် မည့်သူများ ငယ်ရွယ်စဉ်မှစ၍ အသိ ဉာဏ်ဖွံ့ဖြိုးမှု၊ အကျင့်စာရိတ္တကောင်း မွန်မှု၊ စည်းကမ်းလိုက်နာတတ်မှုများ ကို စနစ်တကျလေ့ကျင့်သင်ကြား၍ ဆောင်ရွက်စေသင့်သည်။
သို့သော် မိဘအများစုသည် ၀မ်းစာရေးအတွက် ဦးစားပေးဆောင် ရွက်နေကြရသဖြင့် ကလေးသူငယ် များကို စနစ်တကျ လေ့ကျင့်ပြုစု ပျိုး ထောင်ပေးရန် အခက်အခဲများစွာရှိ နေသည်။
ဆင်းရဲမွဲတေခြင်းမှ ကာကွယ် တားဆီးနိုင်ရေးတွက် မိဘတိုင်း ကိုယ်စီကိုယ်င စီးပွားရေးလုပ်ငန်း များကို လွတ်လွတ်လပ်လပ်လုပ်ကိုင် နိုင်ရန် ကလေးသူငယ်များ ပြုစုစောင့် ရှောက်ပေးမည့် နေ့ကလေးထိန်းဌာန များနှင့် မူကြိုကျောင်းများ လွန်စွာ လိုအပ်လျက်ရှိသည်။ ယနေ့မြို့ကြီး များတွင် လူဦးရေနှင့် ကလေးထိန်း ဌာနများ၊ မူကြိုကျောင်းများ မမျှမတ ဖြစ်ပြီး အရေအတွက် လွန်စွာနည်း ပါးသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ ကလေးသူငယ်ဥပဒေ ကြမ်းတွင် နေ့ကလေးထိန်းကျောင်း နှင့် မူကြိုကျောင်းများကို ဖွံ့ဖြိုးတိုး တက်စေရန်အတွက် ဆောင်ရွက်ပေး မည့် ရည်ရွယ်ချက်များ မတွေ့ရှိရ ဘဲ တားဆီးဟန့်တားသည့် ပြဋ္ဌာန်း ချက်များဖြင့်သာ ပြဋ္ဌာန်းထားသည် ကို တွေ့ရှိရသည်။ တကယ့်ရည်ရွယ် ချက်မှာ ကလေးသူငယ်များ ပြုစုပျိုး ထောင်ရန်အတွက် မူကြိုကျောင်းနှင့် နေ့ကလေးထိန်းကျောင်းများကို စနစ် တကျ ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးအားမြှောက်ပြုသည့် ဥပဒေ ဖြစ်ရန် အထူးလိုအပ်သည်။ မြန်မာ နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ဖွံ့ ဖြိုးတိုးတက်နိုင်မည့် အနေအထား အပေါ်ဆင်ခြင်သုံးသပ်၍ ယခုဥပဒေ ကြမ်းကို အမှန်တကယ် ဖွံ့ဖြိုးတိုး တက်၍ အားပေးအားမြှောက်ပြုသည့် ဥပဒေကြမ်းဖြစ်အောင် စီမံဆောင် ရွက်သင့်သည်။
ထိုသို့ စီမံဆောင်ရွက်ရာတွင် နေ့ကလေးထိန်းကျောင်းများ စနစ် တကျ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကလေးထိန်း ဆရာ/မများ ပေါ်ထွန်း လာစေရန် သင်တန်းပေးခြင်း၊ ပညာ ပေးခြင်းများ၊ လိုအပ်သည့် အကူအ ညီ ထောက်ပံ့ပေးမှုများကို သက် ဆိုင်သည့် ၀န်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးရန် လိုအပ်သည်။
၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေ အခန်း ၉ အထွေထွေအခန်းတွင် နေ့ ကလေးထိန်း သို့မဟုတ် မူလတန်း ကြိုကျောင်းများကိုလည်းကောင်း၊ ရပ်ရွာအခြေပြုလုပ်ငန်း သို့မဟုတ် အိမ်အခြေပြုလုပ်ငန်းများကို ငွေကြေး၊ ပစ္စည်း သို့မဟုတ် နည်းပညာ ထောက် ပံ့လိုပါက ကုလသမဂ္ဂအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင် ရာ အဖွဲ့အစည်း သို့မဟုတ် ပြည်ပရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း များပင်လျှင် ဗဟိုအဖွဲ့၏ ခွင့်ပြုချက် ဖြင့် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်း ထားပြီး ပြည်တွင်းရှိ အစိုးရမဟုတ် သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တစ်ဦး ချင်းသည် သက်ဆိုင်ရာဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးမှူး ၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည် ဟု ပြဋ္ဌာန်းထားသည်။
ထို့အပြင် ပြစ်မှု၊ ပြစ်ဒဏ်များ တွင်လည်း ကလေးထိန်းကျောင်းများ၊ မူကြိုကျောင်းများ တည်ထောင်ခွင့် မရှိဘဲ တည်ထောင်ခြင်း၊ ခွင့်ပြုချက် မရှိဘဲ စေတနာနှင့် လုပ်ဆောင်ခဲ့ လျှင် ထောင်ဒဏ်၊ ငွေဒဏ်များ ချ မှတ်မည်ဟု ပြဋ္ဌာန်းထားသည်။
အစိုးရက သင်တန်းကျောင်း အ ခြေပြုကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းအနေဖြင့် လူမှုဝန် ထမ်းဦးစီးဌာနသည် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း သန်လျင် လူငယ်သင်တန်းကျောင်း၊ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်း၊ မော်လ မြိုင်လူငယ်သင်တန်းကျောင်း၊ မန္တ လေး လူငယ်သင်တန်းကျောင်း၊ လား ရှိုး လူငယ်သင်တန်းကျောင်း၊ လပွတ္တာ လူငယ်အားမာန်သင်တန်းကျောင်း၊ အမျိုးသမီးကလေးများ သင်တန်း ကျောင်း (ရန်ကုန်၊ ထောက်ကြန့်၊ မန္တလေး) စသည့်သင်တန်းကျောင်း ၁၀ ကျောင်းဖွင့်လှစ်၍အသက် ၈ နှစ် မှ ၁၈ နှစ်အထိကလေးများကို လက် ခံစောင့်ရှောက်ပေးလျက်ရှိသည်။
၎င်းင်းလူငယ်သင်တန်းကျောင်း များတွင် အန္တရာယ်ကျရောက်လွယ် သော ကလေးများဖြစ်သည့် ကလေး သူငယ်ဥပဒေပုဒ်မ ၃၂ အရ ကာ ကွယ်စောင့်ရှောက်ရန် လိုအပ်သော မိဘမဲ့ကလေးများ၊ စွန့်ပစ်ခံရသော ကလေးများ၊ ကလေးသူငယ်တရား ရုံးတွင် ပြစ်မှုနှင့်ရင်ဆိုင်နေရသော ကလေးသူငယ်များ၊ ခေါင်းပုံဖြတ်ခြင်း၊ လျစ်လျူရှုခြင်း၊ လွဲမှားစွာပြုကျင့် ခြင်းနှင့် အကြမ်းဖက်ခြင်းခံနေရသော ကလေးများအား လက်ခံဆောင်ရွက် ပေးပြီး ယင်းကျောင်းများတွင် က လေးသူငယ်များ၏ အခြေခံလိုအပ် ချက်များဖြစ်သည့် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အားကစား လှုပ်ရှားမှု၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခြင်း၊ ကျောင်းပြင်ပ ပညာရေး သင်ကြားပေးခြင်းများအ ပြင်၊ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ခြင်း၊ တရားထိုင်စေခြင်း၊ အပန်းဖြေလေ့လာရေးခရီးများ ထွက် ခြင်း၊ လူမှုရေးဆိုင်ရာ နှစ်သိမ့်ဆွေး နွေးပေးခြင်းများ ဆောင်ရွက်ပေးခြင်း ဖြင့် ကလေးသူငယ်များ၏ စိတ်ခံစား မှု၊ ဖိစီးမှုများအား ပြေလျော့စေပြီး၊ စိတ်ပိုင်းနှင့် စာရိတ္တပိုင်း ဖွံ့ဖြိုးတိုး တက်မှုများရှိအောင် ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများ ပိုမိုတိုးချဲ့လုပ် ဆောင်ရန်အတွက် ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင် နန်းခင်ဇေယျာနှင့် တေး သံရှင် စောဖိုးခွားတို့ကို ကလေးသူ ငယ်များဆိုင်ရာ သံတမန်အဖြစ် ၂၀၁၄ ခုနှစ် မေလ ၁၀ ရက်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ သံတမန်အဖြစ် ခန့်အပ်ခဲ့သည်။ ထို့ ကြောင့် လူ့အခွင့်အရေးဆုံးရှုံးနေ သည့် ကလေးသူငယ်များ၊ အကြမ်း ဖက်ခံရသည့် ကလေးသူငယ်များ၊ လူကုန်ကူးခံရသည့် ကလေးသူငယ် များ၊ အဓမ္မပြုကျင့်ခံရသည့် ကလေး သူငယ်များ၊ အကြောင်းအမျိုးမျိုး ကြောင့် လမ်းမပေါ်တွင် လေလွင့်နေ သည့် ကလေးသူငယ်များရှိနေခြင်း ကြောင့် ကလေးသူငယ်အခွင့်အရေး (CRC) ကို လူတိုင်း သိရှိနားလည် ထားကြရန် လိုအပ်လျက်ရှိနေတော့သည်။
ရေးသားသူ - ရာစုသစ်
No comments:
Post a Comment