Wednesday, July 2, 2014

မန္တလေးပဋိပက္ခဖြစ်စဉ် ဒေသခံအာဏာပိုင်များ ညံ့ဖျင်းမှုကြောင့် ဖြစ်ရပာု သံဃာများမိန့်  

 

မန္တလေးမြို့တွင် ဇူလိုင် ၁ ရက်ညက ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်သည် ဒေသခံဌာနဆိုင်ရာ တာဝန်ရှိ အစိုးရ အာဏာပိုင်များ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းချက်ကြောင့် ဖြစ်လာရသည်ဟု အထက်မြန်မာပြည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂအဖွဲ့ချုပ် (မန္တလေး)က ပြစ်တင်ဝေဖန်လိုက်သည်။
“တရားဥပဒေစိုးမိုးရေးဆိုတာ မြန်မာနိုင်ငံမှာ မရှိသေးဘူး။ တရားရေးအုပ်ချုပ်ရေး ပျက်စီးနေတယ်။ ခိုင်ခိုင်မာမာ ပတ်ပြတ်သားသား မရှိဘူး။ အခုဖြစ်စဉ်မှာလည်း အစောကြီးလူစုခွဲရမှာတွေ လုပ်ရမှာကို မလုပ်ဘဲ ရပ်ကြည့်နေတော့ လူအုပ်စုများလာတယ်။ ဒါကြောင့် ပြဿနာပိုကြီးသွားတယ်လို့ မြင်တယ်”ဟု သံဃသမဂ္ဂ နာယကဆရာတော် ဦးကာဝိယက မိန့်သည်။
သံဃသမဂ္ဂအဖွဲ့ဝင်သံဃာများက မေတ္တာကရုဏာနှင့် ငြိမ်းချမ်းရေးကို ရှေ့ရှုဆောင်ရွက်နေခြင်းဖြစ်ပြီး ဘာသာရေး ခေါင်းဆောင်များကလည်း မေတ္တာရှေ့ထားကာ ဖြူစင်သော စိတ်ထားများဖြင့် ဆောင်ရွက်ညှိနှိုင်းစေလိုကြောင်း ဆိုသည်။ အာဏာပိုင်အဖွဲ့အစည်းများကလည်း အခြေအနေများ ပုံမှန်အတိုင်းပြန်လည်ဖြစ်စေရန်ဆောင့်ရွက်သင့်သည်ဟု ဂဠုန်နီဆရာတော်ဟု လူသိများသည့်ဆရာတော် ဦးကာဝိယက ဆရာတော်က မိန့်သည်။
အထက်မြန်မာပြည်မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂအဖွဲ့ချုပ်(မန္တလေး)က အဓိကရုဏ်းများ မဖြစ်ပွားစေရန် ကာကွယ် စောင့်ရှောက်သွားမည်ဟုလည်း ဆရာတော်က မိန့်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း နှင့်၂၇ လမ်းကြား၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားရှိ “နေ”လက်ဖက်ရည်ဆိုင်နှင့် “ဆန်း”လက်ဖက်ရည်ဆိုင်ကို ဇွန်၁ ရက်ညပိုင်းတွင် ဆိုင်ပိတ်သိမ်းခိုင်းရာမှ လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ည ၁၀ နာရီခွဲခန့်တွင် အုတ်ခဲကျိုး၊ ပုလင်းခွံ့၊တုတ်များဖြင့် မဆိုင်သည့် နေရာများကို ဖျက်ဆီးခဲ့ခြင်းကြောင့် ဆိုင်၊ အိမ်၊ ကား ၁၁ စီး ဖျက်ဆီးခံရပြီး လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးဦးစီးပထမတန်း ဒု-ရဲမှူးကြီး ဇော်မင်းဦးက ဇူလိုင် ၂ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောသည်။
“လူစုကွဲစေဖို့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀၀ ကျော်၊ လုံခြုံရေးတပ်ဖွဲ့ခွဲအင်အား ၃၀၀ နီးပါးနဲ့ နယ်မြေ လုံခြုံရေး လုပ်ဆောင်ခဲ့ပါတယ်။ ဖြစ်စဉ်ကို ကြည့်ရှုသူ လေးဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လူစုလူဝေး ဖြစ်ပေါ်တဲ့အတွက်၂၆လမ်းနဲ့ ၈၆လမ်းထောင့်မှာ ရော်ဘာကျည်ဆန် သုံးချက်ပစ်ဖောက်ခဲ့ပါတယ်” ဟု ဒု-ရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။
“ပဋိပက္ခဆက်မဖြစ်အောင် အထူးကြပ်မတ်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ပြည်သူတွေဘက်ကလည်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိရင် သတင်းပေးဖို့အတွက်လည်း အကူအညီတောင်းခံပါတယ်”ဟု ဒု-ရဲမှူးကြီး ဇော်မင်းဦးက တောင်းဆိုသည်။
နေလက်ဖက်ရည်ဆိုင်နှင့် ဆန်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ဦးက အမျိုးသမီးတစ်ဦးကို ပျဉ်းမနားမြို့တွင် ဇွန်လ၂၈ ရက်က အဓမ္မပြုကျင့်ခဲ့သည်ဆိုကာ ကာယကံရှင်အမျိုးသမီး၏ စွပ်စွဲတိုင်တန်းချက်အရ ပျဉ်းမနားမြို့ မြို့မရဲစခန်းတွင် ဇွန်လ၂၉ ရက်က ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၃/ ၂၀၁၄၊ (ပ) ၃၇၆ ဖြင့် ပျဉ်းမနားမြို့ ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟုလည်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီး ပထမတန်း ဒု-ရဲမှူးကြီး ဇော်မင်းဦးက ဆိုသည်။
အဓမ္မပြုကျင့်သူဟု စွပ်စွဲခံရသူတစ်ဦး၏ အမျိုးသမီးကမူ “ဆိုင်မှာ အမျိုးသမီးဝန်ထမ်း မရှိပါဘူး။ အဒေါ်ကြီး တစ်ယောက်နဲ့ ကျွန်မပဲ ရှိပါတယ်”ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသွားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြဿနာ ဖြစ်ပေါ်နိုင်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁ ရက်တွင် ဆိုင်ကို ပိတ်သိမ်းရန် ညွှန်ကြားရာမှ ပဋိပက္ခစတင်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အချက်လေးချက်ပါ ကြေညာချက်တစ်စောင်ကို ဇူလိုင် ၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ကြေညာချက်တွင် “ပဋိပက္ခများဖြစ်ပေါ်လာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးစားပေးသင့်ပါသည်။ ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးစားပေး ဆောင်ရွက်သင့်ပါသည်” ဟု အကြံပြုထားသည်။

 Written by  မျိုးသန့်၊ အောင်ကိုဦး

ဈေးချိုပြန်ဖွင့်သော်လည်း ဆိုင်ခန်းအချို့ ဖွင့်လှစ်ခြင်းမရှိ

 ဇူလိုင် ၂ ရက် နံနက်က မန္တလေးဈေးချိုတစ်ဝိုက် သွားလာနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ − မောင်တာ)


 ကောလာဟလများ ထွက်ပေါ်ခဲ့သော မန္တလေး ဈေးချိုတော်သည် ဇူလိုင် ၂ ရက်တွင် ပုံမှန်ဖွင့်လှစ်ရောင်းချခဲ့ သော်လည်းဆိုင်ခန်းအချို့မှာ ဖွင့်လှစ် ခြင်းမရှိသေးကြောင်း သတင်းရရှိ သည်။
ဇွန်လ ၁ ရက်ညက မန္တလေး ဈေးချိုတော်ဝန်းကျင်တွင် လူစု လူဝေးများ ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၂ ရက် နံနက် ၈ နာရီဈေး ဖွင့်ပြီးမကြာမီ အဆင့်မြင့်ဈေးချို တော် (A)ရုံ၌ ဗုံးတွေ့ရှိသည်ဟု ကောလာဟလများ ထွက်ပေါ် ခဲ့သည်။ တာဝန်ရှိသူများ သွား ရောက်စစ်ဆေးရာတွင် ဗုံးမဟုတ် ဘဲ အမှိုက်များထည့်ထားသည့် အထုပ်တစ်ခုသာ ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော် ဈေး အကျိုးတော်ဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးမြကျော်ဦးကပြောသည်။
ပြင်ပတွင် ဈေးချိုတော်ပိတ် သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ပုံမှန် အတိုင်းဖွင့်လှစ်ရောင်းခဲ့ကြောင်း၊ သို့သော်အဆင့်မြင့်ဈေးချိုတော် တောင်ဘက်တိုက်တန်းနှင့်ဈေး ချိုမန်းမြန်မာပလာဇာရှိ မွတ်စလင်ဆိုင်အများစုမှာ ဖွင့်လှစ်ရောင်းချမှုမရှိကြောင်း ဈေးချိုတော်မှဆိုင်ရှင်အချို့ကပြောသည်။  လာ ရောက်ဖွင့်လှစ်ခဲ့သည့်ဆိုင်အချို့မှာလည်း ပုံမှန် ညနေ ၄ နာရီခန့်ထိ ဖွင့်လေ့ရှိသော်လည်း ယနေ့တွင် မွန်းလွဲ ၂နာရီဝန်းကျင်ကတည်းက ပိတ်သိမ်းစပြုနေသည်။
‘‘တချို့ဆိုင်တွေကတော့ ပိတ်ထားကြတယ်။ ဈေးချိုက တော့ လုံးဝမပိတ်ပါဘူး။ ပုံမှန် အတိုင်းပဲ ဖွင့်လှစ်ရောင်းချသွား မှာပါ။ ဈေးသူဈေးသားတွေက လည်း ဈေးပိတ်တာမလိုချင်ကြ ဘူး’’ ဟု ဒုဥက္ကဋ္ဌက ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း မန္တ လေးဈေးချိုတော်တွင် ဝါဝင်ခါနီး ဖြစ်၍ အရောင်းအဝယ် ပါးနေ ကြောင်း ဆိုင်ရှင်အချို့က ပြော ကြားသည်။
‘‘ဝါဝင်ခါနီးလို့ ပါးရတဲ့အထဲ အခုလိုဖြစ်တော့ ပိုပါးသွားတာ ပေါ့။ နယ်ကလူတွေကျတော့ ဖြစ် တာထက်ပိုပြီး ကြီးတဲ့သတင်းတွေ ကိုကြားတတ်ကြတယ်။ ဒါကြောင့်ဈေးဝယ်လည်းမလာတော့ဘူး။ ဥပုသ်ထွက်လောက်မှပဲ ဈေးက ပြန်စည်နိုင်တော့မယ်’’ ဟု မန္တ လေး ဈေးချိုတော် မြေညီထပ်မှ ဆိုင်ခန်းရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
ဈေးချိုတော် ဆိုင်ခန်းများ အပြင် ဈေးချိုတော်ဝန်းကျင်ရှိ မွတ်စလင် ဘာသာဝင်အချို့၏ အရောင်းဆိုင်များလည်း ပိတ် သိမ်းထားကြောင်း သတင်းရရှိ သည်။

လူသားဂုဏ်သိက္ခာကျစေသည့် စင်ကာပူရောက် မြန်မာအိမ်အကူကိစ္စ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုင်တွယ်မည်

မြန်မာအိမ်အကူအမျိုးသမီးငယ်တစ်ဦးကို အွန်လိုင်းမှတစ်ဆင့် လူတွေ့မေးမြန်းနေစဉ် (THE STRAITS TIMES)


စင်ကာပူနိုင်ငံရှိ ဈေးဝယ် စင်တာများတွင် ရောင်းကုန် ပစ္စည်းအဖြစ် ရောင်းချခံနေရ သော မြန်မာအိမ်အကူ အလုပ် သမားများ အရေးနှင့် ပတ်သက် ၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။
စင်ကာပူအလုပ်သမားအေ ဂျင်စီများ၏ လုပ်ဆောင်မှုများ၊ အိမ်အကူအလုပ်သမားများကို သရုပ်ပြခိုင်းစေမှုများသည် လူ သားတစ်ဦး၏ ဂုဏ်သိက္ခာကို ကျ ဆင်းစေသောကြောင့် တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနကို ကိုးကား၍ နိုင်ငံပိုင် သတင်းဌာနများက ဇူလိုင် ၂ ရက် ညက သတင်းထုတ်ပြန်သည်။
မြန်မာအိမ်အကူ အလုပ်သ မားအရေးကို စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက သက်ဆိုင်ရာနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန် ကြီးဌာနကလည်း ရန်ကုန်ရှိ စင် ကာပူ သံရုံးနှင့် ဆက်သွယ်ဆောင် ရွက်နေပြီဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စင်ကာပူနိုင်ငံ မြန်မာသံရုံး က အိမ်အကူများ ပြဿနာကို စုံ စမ်းဖော်ထုတ်သွားမည်ဖြစ် ကြောင်း  သံရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
စင်ကာပူနိုင်ငံတွင် ပြည်ပ အိမ်အကူလုပ်သားများကို စင်ကာပူ အေးဂျင့်များက ဈေးဝယ်စင် တာများ၌ ရောင်းကုန်ပစ္စည်းအ ဖြစ် ရောင်းချနေပြီး အိမ်အကူ အ လုပ်သမားများအနေဖြင့် ၎င်းတို့ လုပ်ကိုင်နိုင်သည့် အလုပ်အကိုင် ပုံစံများကို ပြခန်းများ၌ သရုပ်ပြ လုပ်ဆောင်နေရခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကား၍ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် စင်ကာပူနိုင်ငံ သို့ အိမ်အကူအလုပ်သမားအဖြစ် လုပ်ကိုင်ရန် နည်းလမ်းအမျိုးမျိုး၊ နေထိုင်ခွင့်ပုံစံအမျိုးမျိုးဖြင့် ရောက် ရှိနေသော အမျိုးသမီးငယ်များ အပါအဝင် မြန်မာနိုင်ငံသားများကို ဥပဒေဘောင်အတွင်းမှ အလုပ် သမားအခွင့်အရေး အပြည့်အဝ ရရှိစေရန် ဘက်ပေါင်းစုံမှ ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း ဖော်ပြပါရှိသည်။
မြန်မာအစိုးရက အိမ်အကူ အလုပ်သမားစေလွှတ်မှုကို ၂၀၁၃ခုနှစ်အတွင်းက တရားဝင်ခွင့်ပြု ခဲ့ခြင်း ဖြစ်သော်လည်း စင်ကာပူ ရှိ မြန်မာအိမ်အကူ အလုပ်သမား အများစုမှာ တရားမဝင်နည်းလမ်း များဖြင့် သွားရောက်လုပ်ကိုင်နေ ခြင်း ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် လုပ်ကိုင် နေသော မြန်မာအိမ်အကူ အလုပ် သမား သုံးသောင်းခန့်ရှိကြောင်း သတင်းရရှိသည်။

 

လက်ဖက်ရည်ဆိုင်တွင်  အလုပ်လုပ်သော မိန်းကလေးအား အဓမ္မပြုကျင့်သည်ဟု ဆိုသူနှစ်ဦးကို ပျဉ်းမနားမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိ

 

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၂၇လမ်းနှင့် ၈၂လမ်း ထောင့်ရှိ ဆန်းကဖေးလက်ဖက် ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ဦး သည် ၎င်းတို့လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်နေသော အမျိုးသမီးငယ်တစ်ဦးကို နေပြည်တော်တွင် ဆိုင်သစ်ဖွင့်ရန်အတွက်ဟုဆိုကာ ကားဖြင့်တင်ဆောင်ခေါ်ယူလာပြီး ပျဉ်းမနား မြို့အနီး၌ အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ၎င်းတို့ နှစ်ဦးကို အရေးယူရန် ဇွန်လ၂၈ ရက်တွင် အမျိုးသမီးငယ်က တိုင်ကြားထားပြီး ပျဉ်းမနား မြို့မရဲစခန်း၌ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် ထားသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော်မင်းဦးကပြောသည်။
ထိုသို့အမှုဖွင့်ခံရမှုအတွက် စုံစမ်းစစ်ဆေးရန် ဇွန်လ ၃၀ ရက် ညတွင် ပျဉ်းမနား မြို့မရဲစခန်း အပါအ၀င် မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနမှ တာဝန်ရှိသူများသည် ဦးနေ၀င်း၏နေအိမ်ဖြစ်သော မန္တလေးမြို့အောင်မြေသာစံမြို့နယ် ၁၈လမ်းနှင့် ၁၉လမ်း ကြား၊ လမ်း ၈၀နှင့် ၈၁လမ်းကြားရှိ နေအိမ်တို့သို့ သွားရောက်စစ်ဆေးခဲ့သည်ဟုဆိုသည်။
သို့သော် ၎င်းတို့ကို နေအိမ်တွင် ရှာဖွေမတွေ့ရှိသည့်အတွက် အိမ်ပြန်ပြီး လာရောက်နေထိုင်ပါက ရဲစခန်းသို့ ဆက်သွယ်ပေးရန် မှာကြားထားသည်ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။
ဆန်းကဖေးနှင့် နေကဖေး လက်ဖက်ရည်ဆိုင်တွင် အလုပ် လုပ်ကိုင်နေသော ဗုဒ္ဓဘာသာအ မျိုးသမီးငယ်တစ်ဦးအားဆိုင်ရှင် အစ္စလာမ်ဘာသာဝင်ညီအစ်ကို နှစ်ဦးက အဓမ္မပြုကျင့်သည်ဆိုသော သတင်းများ ဇွန်လနောက်ဆုံးပတ်ကတည်းက အင်တာနက် သတင်းများတွင် ပျံ့နှံ့နေပြီး အဆိုပါသတင်းအပေါ် အခြေခံကာ ဇူလိုင်လ ၁ ရက်ညက မန္တလေးမြို့တွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင်  အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မှုခင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အတည်ပြုချက် မပေးသေးဘဲ စစ်ဆေးနေဆဲသာဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့မှာ ပြန်လည်တည်ငြိမ်နေပြီဖြစ်သော်လည်း လူစုလူဝေးများ စတင်ဖြစ်ပေါ်ခဲ့ရာ မန္တ လေးမြို့ချမ်းအေးသာစံမြို့နယ် ၈၂လမ်းနှင့် ၂၇လမ်းထောင့်အပါအ၀င် အနီးအနားနေရာများကို ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး အပြည့်အ၀ရယူထားဆဲဖြစ်ပြီး မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးနှင့် မှုခင်းများထပ်မံမဖြစ်ပွား စေရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား လေးရာကျော်၊ လုံခြုံရေး တပ်ဖွဲ့ခွဲ(မန္တလေးတိုင်းဒေသကြီး)မှ အင်အားသုံးရာခန့်၊ စုစုပေါင်း အင်အား ခုနစ်ရာကျော်ဖြင့် လုံခြုံ ရေးရယူဆောင်ရွက်နေသည်ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

တရုတ်ပြည် အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်မှာ မွတ်ဆလင်တွေ ဥပုသ် မစောင့်ရ ဆိုပြီး ဒေသခံ အာဏာပိုင်တွေက အမိန့်ထုတ်ပြန် တားမြစ်

တရုတ်ပြည် အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ရာမဒန် ဥပုသ်လ အတွင်း မွတ်ဆလင်တွေ ဥပုသ် မစောင့်ရ ဆိုပြီး ဒေသခံ အာဏာပိုင်တွေက အမိန့်ထုတ်ပြန် တားမြစ်ထားပါတယ်။
ဒီလို တားမြစ်ခံရသူတွေထဲမှာ အဲဒီဒေသရဲ့ ဌာနေ ဝီဂါ မျိုးနွယ်စုဝင် အစိုးရ ဝန်ထမ်းတွေ၊ ကျောင်းဆရာတွေ၊ ကျောင်းသူကျောင်းသားတွေ ပါဝင်ပါတယ်။
ဒီကာလအတွင်းမှာ တရုတ် အာဏာပိုင်တွေက အခမဲ့ နေ့လည်စာ ကျွေးမွေးတာမျိုးတွေတောင် လုပ်ခဲ့တယ်လို့ တရုတ်ပြည် ပြင်ပမှာ အခြေစိုက်တဲ့ ဝီဂါ အဖွဲ့အစည်း တစ်ခုက ပြောပါတယ်။
ဝီဂါတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို တရုတ် ခေါင်းဆောင်တွေက ဖျက်ဆီးနေကြတယ် လို့လည်း သူတို့က အပြစ်တင်ကြပါတယ်။
အချို့ကလည်း ဒီလို အခြေအနေတွေဟာ ရှင်ဂျန်း ပြည်နယ်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေရဲ့ အကြောင်းခံ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။
BBC Burmese

ဘင်္ဂါလီသယ်ဆောင်သည့် အငြိမ်းစားရဲမှူး သား သမီးများ အမျိုးသားရေး သစ္စာဖောက်ဟု ရခိုင်ဝန်ကြီး ချုပ်သစ်ပြောဆို 

 ရခိုင်ပြည်နယ် အမ်းမြို့နယ် ပဲပဒုံဂိတ်၌ ဇွန် ၂၇ ရက်က ဘင်္ဂါလီကိုးဦး သယ်ဆောင်လာသည့် အငြိမ်းစား ရဲမှူးကြီး၏ သားသမီးများသည် အမျိုးသားရေး သစ္စာဖောက်များ ဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဇူလိုင် ၂ ရက်တွင် ပြောကြားသည့် ပထမဆုံး မိန့်ခွန်း၌ ထည့်သွင်း ပြောဆို ခဲ့သည်။

မြောက်ဦးမြို့နယ်သို့ ဘုရားဖူး လာရောက်သော အငြိမ်းစားရဲမှူးကြီး၏ သားသမီးများ ဖြစ်ကြသော မျိုးထက်စိုးနှင့် မွန်မွန်ချိုတို့သည် ကျောက်တော်မြို့ လက်ဆောင်ကောက်ရွာအနီး ကားလမ်းဘေးတွင် စောင့်ဆိုင်းနေသော ဘင်္ဂါလီ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို သယ်ဆောင်လာစဉ် အမ်းမြို့ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဇွန် ၂၇ ရက်၌ ဖမ်းဆီးမိခဲ့သည်။

" အမ်းမြို့က ကိစ္စဆိုရင် ဒါအမျိုးသားရေး သစ္စာဖောက်ပဲ။ ထိထိ ရောက်ရောက် အရေးယူရမယ်။လုပ်တဲ့သူတွေက အမျိုးသားရေး သစ္စာဖောက်တွေ။ ဒါကလည်း အငြိမ်းစားရဲမှူး၊ အမှုထမ်း
အကြီးအကဲတွေရဲ့ သားသမီးတွေလို့ သိရ တယ်}ဟု ၀န်ကြီးချုပ်က ပြောဆိုသည်။

မိဘများ သည်မည်သို့ပင် ကောင်းကောင်း သားသမီးများက ယခုကဲ့သို့ ဖြစ်နေခြင်းကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူရမည် ဖြစ်ပြီး ထိုသို့သော ကိစ္စမျိုးသည် လုံးဝမဖြစ်သင့်ကြောင်း၊ ထိုကိစ္စများကို မည်သည့် တိုင်းရင်းသားမဆို လက်ခံနိုင်မည်မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

" နိုင်ငံသား ဖြစ်သင့်တဲ့သူကို နိုင်ငံသား ပေးတာ ကိစ္စမရှိဘူး။ မဖြစ်သင့်တဲ့ သူကိုပေးလိုက်ရင် ဒါနိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ ကျွန်တော်တို့ တိုင်းရင်းသားတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိတယ်ဆိုရင်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ တွေ့ဆုံပြီး ရှင်းလိုက်ရင်လည်း ရှင်းလင်းသွား
မှာပါ " ဟု ၎င်းက မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ဦးမောင်မောင်အုန်းကို နိုင်ငံတော်သမ္မတက ဇူလိုင် ၁ ရက် နေ့စွဲဖြင့် လက်မှတ်ထိုး အတည်ပြုခန့်အပ်ခဲ့ပြီး ရခိုင် ပြည်နယ်အရေးပေါ် အစည်းအဝေး တတိယနေ့ ဖြစ်သော ဇူလိုင် ၂ ရက်တွင် လွှတ်တော်၌ ကတိသစ္စာ ပြုခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် ပထမဆုံးသော
မိန့်ခွန်းကို ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် ဦးမောင်မောင်အုန်း ပြည်နယ်လွှတ်တော်တွင် ကတိသစ္စာ ပြုသည့်နေ့တွင် ယခင် ၀န်ကြီးချုပ် ဟောင်း ဖြစ်သူ အမ်းမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်တင်သည် လွှတ်တော်တက်ရောက် ခဲ့ခြင်းမရှိချေ။

 ထိုက်သူဇော်
 စံတော်ချိန် နေ့စဉ်သတင်းစာ

OPPO ဖုန်းတွေရဲ့  firmware ဒေါင်းမယ် ... firmware တင်မယ်(တင်နည်း)


Firmware တွေဒေါင်းရန် link

http://www.oppomobile.vn/ho-tro/download.html

firmware တင်နည်းကတော့ ဒေါင်းလို့ရလာတဲ့ zip ဖိုင်ကို
ဖြည်ပီး SD ကဒ် အလွတ်ထဲထည့် ဖုန်းကို ပိတ်ထားပီး Home key+power key+volume down  ကိုတွဲနှိပ်ပီး  logo ပေါ်လာရင် volume up နဲ့ ၀င်လိုက်ပါ။ 

wipe data and cache လုပ်ပါ။

  install from sd card မှာ ရွေး ပြီး မိမိ သိမ်းထား တဲ့  firmware ဖိုင်ကို ပြပေးလိုက်ပါ။

ဒါပီးရင် ခဏစောင့်ပီး ပါဝါတက်လာရင် firmware  တင်ပီးပါပီ။


အမုန်းပွားစေမည့် လှုံ့ဆော်မှုများမရှိမှ တိုင်းပြည် တည်ငြိမ်၊ အေးချမ်းမည်ဟု သမ္မတပြော 

 ပြည်သူများအကြား မုန်းတီးမှုဖြစ်ပွားစေမည့် ပြုမူ၊ ပြောဆို၊ ရေးသားမှုများနှင့် လှုံ့ဆော်မှုများ မရှိမှသာ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရှိမည်ဖြစ်သလို သို့မှသာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအောင်မြင်နိုင်မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
“အမုန်းတရားများ ပွားစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအေ နနဲ့ ရှုတ်ချပြစ်တင်ဆန့်ကျင်ကြရမှာလည်းဖြစ်ပါတယ်” ဟု သမ္မတက လစဉ်ရေဒီယိုမိန့်ခွန်းတွင် ဇူလိုင် ၃ရက်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံဖြင့်ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်သည့်အတွက် နိုင်ငံ သားများအနေဖြင့် တစ်ဦးနှင့်တစ်ဦး သဟဇာတရှိရှိ နေထိုင်ကြရန်လည်း သမ္မတက တိုက်တွန်းသည်။
ယင်းအပြင် “အမုန်းတရားတွေကြောင့် စည်းလုံးညီညွတ်မှုပျက်ပြားပြီး ပြည်သူတွေ ဒုက္ခမျိုးစုံ တွေ့ကြုံနေကြရ တာကို ကမ္ဘာ့ဖြစ်စဉ်၊ ဖြစ်ရပ်များက သက်သေပြနေပါတယ်” ဟုလည်း သမ္မတဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းတွင် သတိပေးထားသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခများ ၂၀၁၂ ခုနှစ် က စတင်ဖြစ်ပေါ်ခဲ့ပြီး အစိုးရသက်တမ်း တစ်နှစ်ကျော်သာကျန်တော့သည့် လက်ရှိအချိန်ထိ အဆုံးသတ်နိုင်ခြင်းမရှိသေးပေ။

 Written by  မင်းမင်း

စီးပွားရေးတက္ကသိုလ်အတွင်း ဦးမင်းကိုနိုင်ကို ဝင်ခွင့်မပြု၍ လူ့အခွင့်အရေးဆုရရုပ်ရှင်ပြပွဲ ဖျက်သိမ်း 

  စီးပွားရေးတက္ကသိုလ်အတွင်းပြုလုပ်ရန် စီစဉ်ထားသည့် ဒုတိယအကြိမ်မြောက် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ဆုရ ဇာတ်ကားများ ပြသမည့် ပွဲသို့ ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင် တက်ရောက်ခြင်းကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ခွင့်မပြု၍ ဖျက်သိမ်းလိုက်သည်ဟု စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသား လူ့အခွင့်အရေး ကာကွယ်ရေးတာဝန်ခံ ဦးဟန်ထူးခန့်ပိုင်က ဇူလိုင်လ ၂ရက်တွင် မဇ္ဈိမကို ပြောသည်။
ဆုရရှိခဲ့သည် ရုပ်ရှင်ကား ၉ ခုကို ရန်ကုန်၊ စီးပွားရေးတက္ကသိုလ်တွင် ဇူလိုင်လ ၂ရက်က ပြသရန် စီစဉ်ထားခြင်းဖြစ်သည်။ "ဒီကားတွေထဲမှာ မင်းကိုနိုင်ဆုဆိုပြီး ရထားတဲ့ကားပါတယ်။ အဲဒီအတွက် ကိုမင်းကိုနိုင်ကို ဖိတ်တယ်၊ သူကလည်း လက်ခံတယ် ဒီပွဲလုပ်ဖို့ကိုလည်း လေးရက်လောက်ကြိုပြီး ခွင့်ပြုချက် တောင်းထားပြီးသား အားလုံးခွင့်ပြုတယ်၊ ဒါပေမယ့် ကိုမင်းကိုနိုင်ကို ဘာကြောင့် ကျောင်းထဲ ပေးမဝင်ဘူး၊ ဒီဟာတွေဖြစ်မြောက်အောင် လုပ်လာတဲ့ တကယ့်လူကြီးတွေမပါတော့ ဘာအနှစ်သာရမှမရှိတော့ဘူးလို့ ယူဆလို့ ကျောင်းသာတွေအစုံရောက်ပြီးမှ ပွဲကိုဖျက်လိုက်ရတယ်"ဟု ဦးဟန်ထူးခန့်ပိုင်က ဆိုသည်။
ယင်းသို့ ပြသရန် စီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနှင့် ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးက တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များတွင် ဆုရ ရုပ်ရှင်ဇာတ်ကားများ ပြသရန် စီစဉ်ထားပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဦးဆုံးပြုခြင်းဟု ပြောသည်။
"တက္ကသိုလ်တွေမှာ ပြခွင့်ရဖို့ကို ကျောင်းသားတွေကို လုပ်ခိုင်းပြီးတော့ ပြသတာကိုတော့ ကျွန်တော်က လိုက်ပြီးလုပ်ပေးတာပါပဲ။ ကိုမင်းကိုနိုင်ကို ခွင့်မပြုတာကိုတော့ ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ အနေနဲ့ မသိပါဘူး"ဟု မင်းထင်ကိုကိုကြီးက ဆိုသည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးကမူ ကျောင်းသားများအကြား ပညာဗဟုသုတရရှိရန် ရုပ်ရှင်ကားများ ပြသခွင့်ပြုသော်လည်း တက္ကသိုလ်ဝင်းအတွင်း ကျောင်းနှင့်မသက်ဆိုင်သည့် အဖွဲ့အစည်းများ ဝင်ရောက်ရန်ကိုမူ ခွင့်မပြုနိုင်ဟု မဇ္ဈိမကိုပြောသည်။
"ကျွန်မတို့အနေနဲ့ ရုပ်ရှင်ပြမယ်ဆိုတာကို ခွင့်ပြုပါတယ်။ ဒါပေမယ့် ကျောင်းထဲကို တစ်ခြား အဖွဲ့အစည်းတွေက လာရောက်တာကိုတော့ လက်မခံပါဘူး။ ဘယ်သူဘယ်ဝါရယ်လို့ဆိုပြီး ခွင့်မပြုတာ မဟုတ်ပါဘူး။ ဘယ်ဖိအားကြောင့်မှလည်း မဟုတ်သလို ကျောင်းသားတွေကိုလည်း အရောင်မဆိုးစေချင်လို့ပါ။ နောက်တစ်ခုက ကျောင်းသားတွေကိစ္စဆိုရင် ကျောင်းက တာဝန်ယူနိုင်တယ် တစ်ခြားအဖွဲ့တွေပါလာတဲ့ ဒါကို ခွင့်မပြုနိုင်တာပါ"ဟု ဒေါ်ခင်နိုင်ဦးကပြောသည်။
ဒုတိယအကြိမ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ဝဇီရာရုံနှင့် ဂျန်းရှင်းစကွဲယားတို့တွင် ဇွန် ၁၅ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည်။ ထို့နောက် ဇွန် ၁၉ ရက်တွင် ရှန်ဂရီလာဟိုတယ်တွင် ဆုပေးပွဲ ကျင်းပခဲ့ပြီး အောင်ဆန်းစုကြည်ဆု၊ ဦးဝင်းတင်ဆု၊ မင်းကိုနိုင်ဆု၊ မတ်၁၃ဆု၊ Vaclav Havel Library ဆု၊ Peter Wintonick ဆုတို့အပါအဝင် ပြည်တွင်း၊ အာဆီယံနှင့် နိုင်ငံတကာ ကဏ္ဍသုံးရပ် အတွက် ဆုများ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်ပွဲတော်သို့ ပြည်တွင်းရုပ်ရှင် ၃၂ ကား၊ အာဆီယံရုပ်ရှင် ၉ကား၊ နိုင်ငံတကာ ရုပ်ရှင်၂၆ကား စုစုပေါင်း ၆၇ကား ပါဝင်ပြသခဲ့သည်။
 Written by  ဟိန်းကိုစိုး 
  မဇ္ဈိမ။

အားနည်းချက်များသည့် ဘတ်ဂျက်စနစ်အား ပြုပြင်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး ဝန်ခံပြောကြား 

အစိုးရအဖွဲ့ ကျင့်သုံးနေသည့် ဘတ်ဂျက်စနစ်တွင် အားနည်းချက်များရှိနေကြောင်း၊ ယနေ့ခေတ်၌ အဆိုပါ စနစ်ဟောင်းများမရှိသင့်တော့ကြောင်း၊ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် လွှတ်တော်နာယက တို့က ထောက်ပြပြောကြားခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ပြုပြင်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ယနေ့ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် မဇ္ဈိမကို ဖြေကြားသည်။
“အခွန်ရငွေ ခန့်မှန်းလျာထားရာမှာ လျှော့ချထားပြီး တကယ်ရလာတဲ့အခါကျ များနေတယ် (လျာထားချက် ထက်ပိုအောင် ကြိုးစားထားတယ်လို့ ထင်မြင်စေတာမျိုး လုပ်ထားတယ်)၊ သုံးတဲ့ငွေကိုလည်း ဘတ်ဂျက် ခွင့်ပြုထားတဲ့အတိုင်း မသုံးဘဲ လျော့သုံးတယ် ဆိုတဲ့ အချက်တွေဟာ မှန်ပါတယ်၊ အဲဒါတွေမဖြစ်ဖို့က ဘတ်ဂျက် စနစ်ကောင်းမွန်ဖို့လိုပါတယ်၊ ရမယ့်ငွေကိုလဲ မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ရမယ်၊ သုံးတဲ့ငွေကလည်း အနီးကပ်ဆုံး မှန်ကန်ရမယ်၊ ဒါတွေကလည်း ပြုပြင်ရမယ့် အချက်တွေထဲမှာ ပါပါတယ်” ဟု ၎င်းက ဖြေကြားခဲ့ ခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့လာသော ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ်အတွက် ပြည်ထောင်စုဘဏ္ဍာငွေ အရ/သုံးဆိုင်ရာ အစီရင်ခံစာအရ ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီကလေ့လာတွေ့ရှိချက်၊ သဘောထားများကို ဇူလိုင် ၂ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဖတ်ကြားတင်ပြအပြီး၌ လွှတ်တော်နာယက သူရဦးရွှေမန်းက “အခွန်ငွေကို(လျာထား) ခန့်မှန်းတဲ့နေရာမှာ ၁ဝဝ ရမှန်းသိလျက်နဲ့ ၈ဝ ပဲခန့်မှန်းတယ်၊ ပြီးတဲ့အခါ ၁ဝဝ ရအောင်လုပ်တယ်၊ ရည်မှန်းချက်ထက် ကျော်လွန်အောင် ဆောင်ရွက်နိုင်တယ်လို့ ဂုဏ်ယူကြတယ်၊ ဆောင်ရွက်တယ်လို့ ပြချင်တယ်၊ ဒီဟာတွေ ဒီခေတ် ဒီကာလမှာ ကုန်ဆုံးသင့်ပြီ၊ တကယ်ရနိုင်မယ့်ဟာကိုပဲ ခန့်မှန်းပြီး ရလာတဲ့အပေါ်မူတည်ပြီး ခွဲဝေသုံးစွဲသွားမယ်ဆိုရင် ဒီနေ့ပြုပြင်ပြောင်းလဲနေတဲ့ ကိစ္စဟာ အောင်မြင် နိုင်ပါတယ်” ဟု အစိုးရအဖွဲ့၏ ဘတ်ဂျက်စနစ်အားနည်းမှုကို ဝေဖန်ပြောကြားခဲ့သည်။
ထို့အပြင် လက်ရှိဘတ်ဂျက်လျာထားမှု စနစ်များ အားနည်းနေခြင်းမှာ အစိုးရအဖွဲ့ အနေဖြင့် အစဦးလမ်းညွန်ချက် Top Down Guide Line မရှိခြင်းကြောင့် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီအတွင်းရေးမှူး မင်းလှမဲဆန္ဒနယ်အမတ် ဦးမောင်တိုးက အစိုးရအဖွဲ့သို့ ပြောကြားခဲ့ခြင်းကို သူရဦးရွှေမန်းက ဤသို့ဖြည့်စွက်ပြောကြားခဲ့သည်။
“Top Down ဆိုတဲ့ အပေါ်ကပဲ စီမံခန့်ခွဲပေးနေတာကို ကျွန်တော် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ သဘောမတူပါဘူး၊ ဘယ်ဒေသမှာ ဘာတွေလိုတယ်ဆိုတာ အောက်ခြေကနေ အထက်ကို တင်ပြတဲ့ Bottom Up  အရင်လုပ်ရမှာပါ၊ ပြီးမှ အဲ့ဒီတင်ပြလာတာတွေကို ကြည့်ပြီး National Plan  ဖြစ်အောင်လုပ် ဖို့လိုပါတယ်” ဟု လွှတ်တော်နာယက က ပြောခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်မှသာ နှစ်စဉ်  National Plan ကို ရနိုင်ပြီး ကောင်းမွန်သော ဘတ်ဂျက်စနစ် ဆောင်ရွက်နိုင်မည်ဟုလည်း သူရဦးရွှေမန်းက ပြောသည်။
လက်ရှိ ဘတ်ဂျက်စနစ်တွင် ရငွေ (revenue) ခန့်မှန်းချက်တို့သည် အမှန်ရနိုင်သည်ထက် အမြဲလျော့နေပြီး အမှန်ရငွေမှာ ခန့်မှန်းထားသည်ထက် နှစ်စဉ် ပိုနေသဖြင့် ခန်းမှန်းမှုစနစ်များ အားနည်းနေကြာင်း၊ အနီးစပ်ဆုံး ခန့်မှန်းနိုင်မှသာ National Plan ကို ချမှတ်နိုင်မည်ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ထောက်ပြပြောကြားခဲ့သည်။
“ သုံးငွေကျတော့ မူလလျာထားချက်ထက် နည်းနေတာတွေ့ရတယ်၊ ဒါဟာ သာမာန်ကြည့်ရင် အကြွေးနည်းလို့ ကောင်းတယ်လို့ထင်ရတယ်၊ ဒါပေမယ့် သုံးဖို့ခွင့်ပြုထားတဲ့ ဘတ်ဂျက်ကို အကုန်မသုံးနိုင်တာဟာ ရင်းနှီးမြုပ်နှံရမယ့် နေရာတွေမှာ အပြည့်အဝ မလုပ်နိုင်လို့ နောက်ကျမှုတွေ၊ တကယ့်လိုအပ်ချက်တွေမှာ မဆောင်ရွက်နိုင်တာတွေ ဖြစ်စေပါတယ်” ဟုလည်း ဦးမောင်တိုးက ပြောသည်။
ထို့အပြင် ၂ဝ၁၃-၁၄ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာ၌ ယမန်နှစ်ကထက် ရငွေများတိုးလာကြောင်း သို့ရာတွင် သုံးငွေများလည်း အမြဲလိုလို တိုးနေကြောင်း  ထူးခြားသည့်ဆောင်ရွက်မှုမရှိဘဲ သုံးငွေများ ဘာကြောင့်တိုးရသနည်းကို ပြန်ကြည့်ရမှာဖြစ်ကြောင်းလည်း ၎င်းကပြော၏၊
“၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်နဲ့ ယှဉ်ကြည့်ရင် အခုနှစ်မှာ သုံးငွေ ဘီလီယံ သုံးထောင်ကျော်တိုးလာတယ်၊ ဝန်ကြီးဌာနတွေက ဘတ်ဂျက်တင်ရာမှာ အစိုးရိမ်လွန်ပြီး ပိုတင်ထားသလား၊ ဘဏ္ဍာရေးကော်မရှင်ကလည်း ဖြတ်မယ်၊ လွှတ်တော်ကလည်း ဖြတ်မယ်ဆိုတဲ့ အတွက် ပိုပြီးတင်နေကြသလား၊ ဒီတော့ ဝန်ကြီးဌာနတွေက အပြိုင်အဆိုင် တောင်းကြ၊ အပြောကောင်းတဲ့ တင်ပြချက်ကောင်းတဲ့ ဌာနတွေက ပိုပြီးတော့ ရသွား ကြတယ်၊ ဘာမှမပြောတတ်တဲ့ဌာနကျတော့ မရပြန်ဘူး” ဟု ၎င်းက ရှင်းပြသည်။
အပြောကောင်းသဖြင့် အများကြီးရထားပြီး တကယ်တမ်း၌ ခွင့်ပြုထားသည့်အတိုင်း သုံး၍မကုန်သည့်အခါမှ ပြန်အပ်ရခြင်းသည် အသုံးစရိတ်လိုငွေ (Deficit) များ လျော့ကျနေကြောင်း၊ ထို့ကြောင့် လက်ရှိ ဘတ်ဂျက်စနစ်တွင် အစဦး လမ်းညွန်ချက် (Top Down Guide Line) မရှိသည်ကို တွေ့ရကြောင်းလည်း ၎င်းက ဝေဖန်ထောက်ပြခဲ့သည်။
ထိုကြောင့် အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက်များ လွှတ်တော်သို့မတင်မှီ ဘဏ္ဍာရေးမူဝါဒ (Fiscal Frame Work) ချမှတ်ဖို့ လိုအပ်နေကြောင်း၊ ရငွေ (revenue) ကို အနီးဆုံး ခန့်မှန်းပြီး expenditure lineကို ချမှတ်ရမှာ ဖြစ်ကြောင်းနှင့် fiscal space များ ထုတ်ဖော်ကာ ထိထိရောက်ရောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ဦးမောင်တိုးက တင်ပြဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော် နာယက က အစိုးရအဖွဲ့၏ ဘတ်ဂျက်စနစ် ကောင်းမွန်စေရန် Bottom Up ကို အခြေခံပြီး National Plan ချမှတ်ရန် လမ်းညွန်ပြောကြားခဲ့သည်ကို ဘဏ္ဍာရေးဝန်ကြီးက ဝန်ခံကတိပြုခဲ့ခြင်းဖြစ်သည်။

 Written by  စိုးသန်းလင်း--မဇ္ဈိမ။

အတွဲ (၃)၊ အမှတ် (၈၄)၊ ဇူလှိုင်လ ၃ ရက်၊ ၂၀၁၄ ခုနှစ်

pdf ဖိုင်အားရယူရန်

http://www.mediafire.com/download/a7nlc373ug34gt3/mizzima+newspaper+vol.3+no.84+%283-7-2014%29+PDF.pdf

မန္တလေးကစခဲ့တဲ့ သမီးတော်ရာဇ၀င် 

၁၉၉၅ ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်သည်၊ ၁၉ နှစ်ဆိုတော့ လွန်ခဲ့ပြီးသော အတိတ်ဟုလည်း ပြောနိုင်သည်။ မန္တလေး နန်းမြို့အတွင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကတော် ဆရာဝန်မကြီးသည် သူ့ခင်ပွန်း တပ်မမှူးကို ဖြုတ်ပစ်တော့ မလိုလို လေသံ လွှင့်ပြီးမှ မဖြုတ်ရုံမျှမက တိုင်းမှူး အဖြစ် ရာထူးတိုးမြှင့်ပေးကာ စီးပွားရှာ၍ အကောင်းဆုံးဖြစ်သော မန္တလေးသို့ ပို့လိုက်သည့် ကျေးဇူးရှင်အပေါ် သူမတူအောင် ထူးခြားသည့် ကျေးဇူးဆပ်နည်းဖြင့် ကျေးဇူးဆပ်ရန် စဉ်းစားနေသည်။
မဟုတ်သည့် အကြံအစည်ဆိုလျှင် ချက်ချင်းထွက်လေ့ရှိသည့် အတိုင်း တိုင်းမှူးကတော် ဆရာဝန်မကြီးတွင် ထခုန်ချင်စိတ်ပေါက်လောက်အောင် ကောင်းမွန်လှသည့် အကြံအစည် တစ်ရပ်က ချက်ချင်း ပေါ်လာသည်။ သို့ဖြင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ မန္တလေးမှ တပ်မှူးကတော်များကို အရေးပေါ် အထူးအစည်းအဝေး ခေါ်လိုက်သည်။ ယခု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အစည်းအဝေး ခန်းမထဲတွင် တိုင်းမှူးကတော်၏ ရှေ့တွင်တော့ လက်အောက်ခံ တပ်မှူးကတော်များက တိုင်းမှူးကတော်၏ အရေးပေါ် အစည်းအဝေးမှ နှုတ်မြွက်စကားကို နာခံရန် စောင့်ဆိုင်းနေကြသည်။ သို့ဖြင့် “ညည်းတို့ကို အရေးကြီး ပြောစရာ တစ်ခုရှိတယ်။ နောက်သုံးရက်ဆိုရင် တပ်ချုပ်ကြီး မိသားစု လာမယ်။ တကယ်ပြောရရင် ငါတို့ နိုင်ငံတော် အကြီးအကဲဆိုတာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ဘုရင်ပဲ။ သူ့သားသမီးတွေဟာ မင်းသား၊ မင်းသမီးတွေပဲ။ ဒါကြောင့် ဒီတစ်ခေါက်ကစပြီး တပ်ချုပ်ကြီး သမီးတွေကို အရင်ကလို မမလို့ မခေါ်ရတော့ဘူး။ သမီးတော်လို့ ခေါ်ရမယ်ကြားလား”ဟူသည့် ခေတ်သစ် မြန်မာနိုင်ငံသမိုင်း၏ သမီးတော် ရာဇ၀င်ကို စလိုက်တော့သည်။ နားထောင်နေသည့် တပ်မှူးကတော်များကား တိုင်းမှူး ကတော်ကြီး၏ အဖားလွန်နေပုံကို စိတ်ထဲမှ ရယ်ချင်နေကြသော်လည်း မျက်နှာသေလေးများဖြင့်သာ နားထောင်နေကြရသည်။ သူတို့ ပါးစပ်မှ သမီးတော်ဟု ခေါ်ရမည်ကို နှုတ်ထွက်မရဲကြ။
ဤသည်ကို ရိပ်စားမိသော တိုင်းမှူးကတော်ကြီးက “ကဲကဲ...ညည်းတို့က သူတို့လာမှဆိုရင် ပါးစပ်က မထွက် ဖြစ်နေဦးမယ်။ အခုအရင် လေ့ကျင့်လိုက်ရအောင် ငါ့ပါးစပ်က ရှေ့ကဆိုပြမယ်။ နင်တို့က စိတ်ပါ လက်ပါ လိုက်ဆိုကြ... သမီးတော်” ဟု တိုင်းမှူးကတော်ကြီးက တိုင်ပေးလိုက်သည်နှင့် သမီးတော် ဆိုသည့် အသံကြီးက တိုင်းစစ်ဌာနချုပ် အစည်းအဝေး ခန်းမကြီးထဲတွင် ဟိန်းထွက်လာသည်။ တိုင်းမှူး ကတော်ကြီးကား ပီတိသောမနုဿ ဖြစ်သွားသည်။ ထို့နောက်မှာကြား စရာရှိသည်များကို မှာကြားကာ တပ်မှူးကတော်များထဲမှ ဆရာဝန်မများကို ချန်လှပ်ပြီး ကျန်သူများကို တန်းဖြုတ် ပေးလိုက်သည်။ တပ်မှူးကတော် ဆရာဝန်မများသာ ကျန်သည့်အခါ တိုင်းမှူးကတော် ဆရာဝန်မကြီက “ညည်းတို့ကို တမင်ချန်ထားတာ ညည်းတို့ကလည်း ဆရာဝန် ငါကလည်း ဆရာဝန်ဆိုတော့ ငါတို့က သူများထက် ပိုရင်းပြီးသား၊ ဒီတော့ ညည်းတို့ကို အထူးတာဝန်ပေးဖို့ ချန်ထားတာ။ တပ်ချုပ်ကြီး သမီးတွေ ဆောရီး ဆောရီး ငါက စမှား ပြန်ပြီ။ သမီးတော်တွေ လာရင် ညည်းတို့က သမီးတော် တစ်ယောက်ချင်းအတွက် တာဝန်ယူရမယ်။ ဒါမှသာ ကျန်းမာရေးကို အနီးကပ် ဂရုစိုက်နိုင်မှာ ဖြစ်သလို ညည်းတို့က အိုင်ကျူမြင့်တော့ လိုတာကို ချက်ချင်းဆောင်ရွက်ပေး နိုင်လိမ့်မယ်။ ညည်းတို့ ယောက်ျားတွေ အတွက်လည်း တက်လမ်းပွင့်တာပေါ့။ နားလည်တယ်နော်” ဟုဆိုကာ အနီးကပ်မှာကြားပြီး ပွဲကို အဆုံးသတ်လိုက်သည်။
တိုင်းမှူးကတော်အတွက် တပ်ချုပ်ကြီး၏ ကောင်းချီးမင်္ဂလာကို ရယူရန် အချက်သုံးချက်ရှိသည်။ ပထမ အချက်မှာ သူမ၏ခင်ပွန်းက လုပ်ရည်ကိုင်ရည် မရှိသောကြောင့် ဖြစ်သလို သမီးတစ်ဦးက လူမျိုးခြား၊ ဘာသာခြားဖြင့် လူရှေ့ သူရှေ့ မရှောင်တွဲနေသည့် ဓာတ်ပုံများကလည်း ပျံ့နှံ့နေသည်။ ထိုထက်ဆိုးသည်မှာ သားဖြစ်သူက မူးယစ် ဆေးစွဲနေခြင်းပင် ဖြစ်သည်။ ထောက်လှမ်းရေး တန်ခိုးထွားနေသော အချိန်သမယတွင် သူ့ခင်ပွန်း တိုင်းမှူးကလည်း မန္တလေး ထောက်လှမ်းရေး ၁၆တပ်မှူးဖြစ်သူနှင့် လုံးဝမတည့်။ ထောက်လှမ်းရေး တပ်မှူးက သူ့ခင်ပွန်း၏ တယ်လီဖုန်းများကို ကြားဖြတ်နားထောင် နေသည်ဟုလည်း သတင်းများ ထွက်နေသည်။ ထို့အတွက် သူ၏ အားကိုးရာမှာ တစ်နိုင်ငံလုံးက ပြားပြားဝပ် ကြောက်ရသော တပ်ချုပ်ကြီး မိသားစုတစ်စုသာ ရှိတော့သည်။
နန်းတွင်းသို့ ရဟတ်ယာဉ် နှစ်စီးဖြင့် တပ်ချုပ်ကြီး မိသားစု ရောက်ရှိလာချေပြီ။ နန်းတွင်းမှ ရဟတ်ယာဉ် ဆင်းကွင်းကြီးတွင် တန်းစီစောင့်နေသော တန်ဖိုးကြီး ကားများ၊ ၀တ်စုံပြည့် တပ်ထိန်းများ၊ လာရောက်ကြိုဆိုနေသော စစ်ဖက်နယ်စပ်မှ ပုဂ္ဂိုလ်များဖြင့် ပွဲလမ်းကြီး တစ်ခုသဖွယ် စည်ကားနေသည်။ ရဟတ်ယာဉ်ကွင်းတွင် တပ်ချုပ်ကြီး မိသားစုကို ရေပူရေချမ်း ကမ်းလှမ်းပြီး တိုင်းမှူးကတော်က လက်ရွေးစင် တပ်မှူးကတော် ဆရာဝန်မလေးများကို သမီးတော် တစ်ဦးချင်းစီ အတွက် အနီးကပ်ပြုစုရန် ထည့်ပေးနေသည်။ မှာကြားချက်အတိုင်း တိုင်းမှူးကတော်များထဲမှ ဆရာဝန်မလေးများက သမီးတော် တစ်ယောက်ချင်းစီ၏ ပစ္စည်းများကို ကားပေါ်သယ်ပို့ခြင်း၊ အနီးကပ် စောင့်ရှောက်ခြင်းများဖြင့် မျက်နှာ မညိုရအောင် ပြုစုနေရသည်။ အစိုးရ အဆက်ဆက် တည်းခိုခဲ့သော ရတနာပုံ ဧည့်ရိပ်သာကို ဟောင်းနေပြီဟုဆိုကာ အာဏာရှင် လက်ထက်တွင်မှ အသစ် ဆောက်လိုက်သော ရန်ကြီးအောင် ဧည့်ရိပ်သာကြီးထဲတွင် သမီးတော်များ အပါအ၀င် တပ်ချုပ်ကြီး မိသားစုက တည်းခိုနေ သည်။ ညဖက် ထမင်းစားအပြီး တွင် သမီးတော် တစ်ဦးက သူ့ အခန်းထဲမှ အပြင်ကို လှမ်းအော်သည်။ “အပြင်မှာ ဘယ်သူရှိသလဲ၊ ၀င်ခဲ့စမ်း”ဟု အပြင်တွင် စောင့်နေသော တပ်မှူးကတော် ဆရာဝန်မလေးက ပြာပြာသလဲဖြင့် “ရှိပါတယ်သမီးတော်”ဟု အသံပေးရင်း အခန်းထဲ ၀င်လိုက်သည်။ တပ်မှူးကတော်ထက် အသက်များစွာငယ်သော သမီးတော်က “ငါ အခုရေချိုးမလို့၊ ငါ့ အိတ်ကိုဖွင့်ပြီး အထဲက အပြာရောင် ည၀တ်အင်္ကျီကို ထုတ်ထား”ဟု မိန့်ကြားသည်။ ဆရာဝန်မလေးက “ဟုတ်ကဲ့ သမီးတော်”ဟု ပြောရင်း ခရီးဆောင် သေတ္တာကို ယူလိုက်သည်။ သမီးတော်ကား ရေချိုးခန်းထဲ ၀င်သွားချေပြီ။ ပြဿနာက ထိုသေတ္တာကို ဆရာဝန်မလေးက မဖွင့်တတ်ပါ။ မည်သည့်နေရာမှ မည်ပုံဖွင့်ရမည်ကို မသိလောက်အောင် ခရီးဆောင် သေတ္တာက အရည်အသွေး မြင့်မားတန်ဘိုးကြီး လွန်းလှသည်။ ဟုတ်နိုးနိုးဖြင့် ဖွင့်နေသော်လည်း သေတ္တာက ပွင့်မလာဘဲ ဇောချွေးများသာ ပြန်လာသည်။ တစ်ကိုယ်လုံးလည်း ကြောက်စိတ်ဖြင့် တုန်ရီနေချေပြီ။ ထိုအချိန်တွင် ရေချိုးခန်းတံခါး ပွင့်လာသည်။ သေတ္တာ ယခုထိ ဖွင့်မထားရသေးသည်ကို မြင်သည်နှင့် သမီးတော်ကား ဒေါသအမျက် ချောင်းချောင်း ထွက်လေပြီ။
ဒီသေတ္တာလောက်မှ မဖွင့်တတ်ဘူးလားဟု ကျားဟိန်းသံပေးကာ သူ့သေတ္တာကို သူ့ဟာသူ ဖွင့်သည်။ အ၀တ်အစား ထုတ်ဝတ်ပြီးသော် “နင်က သိပ်ညံ့တယ်။ ဒီတော့ နင့်ကို ဒဏ်ပေးရမယ်။ ဒီအခန်းထဲမှာ တစ်ညလုံး မတ်တပ်ရပ်နေ”ဟု ပြစ်ဒဏ်ကို တစ်မဟုတ်ချင်း ချမှတ်လိုက်သည်။ ဆရာဝန်မလေးမှာ ညစာလည်း မစားရသေး။ အိမ်တွင်လည်း လူမမယ် သမီးလေးက ကျန်သေးသည်။ သို့သော်လည်း အာဏာရှင်၏ သမီးတော် ချမှတ်သည့် ပြစ်ဒဏ်ကို အယူခံခွင့်မရှိပါ။ သမီးတော်က ထပ်မံပြီး “အခန်း ထဲကမီးတွေ အားလုံးပိတ်လိုက်၊ ရေခဲသေတ္တာ တံခါးဖွင့်ထား၊ အဲဒီ မီးရောင်နဲ့ နင်တစ်ညလုံး ရပ်နေ မနေကို ငါတစ်ရေးနိုးတိုင်း ကြည့်မယ်”ဟု အမိန့်ထပ်မံ ချမှတ်လိုက်သည်။ အဆိုပါ ဆရာဝန်မလေးမှာ တစ်ညလုံး အခန်းထဲတွင် မတ်တပ်ရပ် နေရတော့သည်။ သမီးတော်ကား လေအေးပေးစက်ကို တစ်ဆုံးဖွင့်ပြီး ကုတင်ပေါ်တွင် ဂွမ်းကပ်ကြီးခြုံကာ တစ်ခေါခေါနှင့် ဟောက်သံပေးရင်း အိပ်ပျော်သွားချေပြီ။ တပ်မှူး ကတော်လေးသာ အနွေးထည်လည်းမပါ၊ ထမင်းကလည်း မစားရသေး။ နာရီပေါင်းများစွာကြာ မတ်တပ်ရပ်ရင်း ရင်ထဲတွင်မတော့ နာကျည်းစိတ်များ၊ သိမ်ငယ်စိတ်များ၊ မခံချင်စိတ်များ ရောပြွမ်းနေသော်လည်း မလှုပ်ဝံ့ပါ။ မနက် လေးနာရီ သမီးတော် ရှုးရှုးပေါက်ရန် နိုးလာချိန်ရောက်မှ “ပြန်တော့” ဟူသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အခန်းပြင် ထွက်ရတော့သည်။ အပြင်တွင် စိုးရိမ်တစ်ကြီး စောင့်နေသော ခင်ပွန်းကို တွေ့သည်နှင့် မျက်ရည်များက ကျလာသည်။ သို့သော် ဘုရင့်တော်ဝင် မိသားစု အိပ်နေချိန်တွင် ရှိုက်ကြီးတစ်ငင် ငိုလိုက်ပါက ထပ်မံပြီး ကြီးလေးသည့် ပြစ်ဒဏ်ကျခံရ ပေဦးမည်။
သို့ဖြင့်အိမ်ရောက်မှ ခင်ပွန်းဖြစ်သူကို လက်ညှိုးငေါက်ငေါက် ထိုးရင်း “ရှင့်လို စစ်ဗိုလ်ကို ယူခဲ့မိလို့ ကျွန်မ အစော်ကားခံရတာ၊ ကျွန်မက ပညာမတတ်တဲ့ စာရိတ္တ မကောင်းတဲ့ ကလေကချေ လမ်းဘေးက အောက်တန်းစား မဟုတ်ဘူး။ ကိုယ့်ပညာနဲ့ ကိုယ့်ဂုဏ်နဲ့ နေတဲ့သူ၊ အခုလို ကျွန်မ အစော်ကားခံရတော့ ရှင်က ဘာများဝင်ကယ် ပေးနိုင်လို့လဲ၊ လူရှေ့သူရှေ့မှာသာ တပ်မှူးဆိုပြီး ဟန်တစ်လုံး ပန်တစ်လုံး နေနိုင်ပေမယ့် ရှင်က ကိုယ့်မိန်းမ ဒုက္ခရောက်တာကျတော့ တစ်ခွန်းတောင် ၀င်ပြောရဲလို့လား”ဟု သည်းကြီးအူလှိုက် ငိုပြီးရင်ဖွင့်ရင်း ရန်တွေ့တော့သည်။ ခင်ပွန်းဖြစ်သူကား ဇနီးဖြစ်သူကိုလည်း သနား၊ သူမ ပြောကြား နေသည်များမှာလည်း မှန်နေသဖြင့် တစ်ခွန်းမှ မတုံ့ပြန်နိုင်ဘဲ အံကြိတ်ရုံမှလွဲပြီး ဘာများတတ်နိုင် ပါမည်နည်း။ ယခုတော့ အဆိုပါ တပ်မှူးမှာ စစ်တိုင်းမှူး ဖြစ်နေပြီဟု သတင်းရသည်။ လက်ရှိတိုင်းမှူး ကတော် ဆရာဝန်မ အနေဖြင့် သူ့ဘ၀၏ ခါးသီးသော ဖြစ်ရပ်များကိုတော့ ယခုဘ၀တွင် မေ့နိုင်လိမ့် မည်မထင်။
အဆိုပါ အဖြစ်အပျက်များကို ပြောပြနေသော ခရိုနီ လက်ဟောင်းကြီးက “ကျွန်တော်နဲ့ အဲဒီ တပ်မှူးနဲ့ ကလေးမြို့မှာတွေ့တဲ့ အချိန်က ဒီအဖြစ်အပျက်တွေကို သူက ပြန်ပြောပြတာ။ ပြန်ပြောပြနေတဲ့ အချိန်မှာတောင် အဲဒီတပ်မှူးရဲ့ မျက်လုံးထဲမှာ သူ့ဇနီးအတွက် မခံချင်စိတ်တွေ သနားစိတ်တွေကြောင့် ၀ဲလာတဲ့ မျက်ရည်တွေကို တွေ့လိုက်ရသေးတယ်ဗျ”ဟု ပြောပြီး စကားကို အဆုံးသတ်သွားသည်။
- လက်စောင်းထက်
Tomorrow

 

● နိုင်ငံတော်သမ္မတကြီး ဘုရားပေါ် ဖိနပ်စီးသည်ဟု ဖြန့်ချိနေခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းချက် ● 

 ● ဇွန် ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေနန် ပြည်နယ် လော့ယန်မြို့ မြင်းဖြူကျောင်းတော်မှာရှိတဲ့ မဟာစိနပဘာ ရွှေတိဂုံပုံတူ စေတီတော် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနားနဲ့ သာသနိက အဆောက်အအုံများ ဖွင့်ပွဲ အခမ်းအနားများကို ကျင်းပခဲ့ရာမှာ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်တွေ တက်ရောက်ကြည်ညိုခဲ့ကြပါတယ်။
● မဟာစိနပဘာ ရွှေတိဂုံ ပုံတူစေတီတော်ကို ၂၀၁၂ခုနစ် ဧပြီ (၁၀)ရက်မှာ မြင်းဖြူကျောင်းတော် ပရဝဏ်အတွင်းမှာရှိတဲ့ မြေ (၁ ဒသမ ၇၃) ဧကပေါ်မှာ စတင် တည်ထားခဲ့တာ ဖြစ်ပါတယ်။ စေတီတော်ရဲ့ ဉာဏ်တော်အမြင့်မှာ (၁၀၈) ပေရှိပြီး တည်ဆောက်ရေး လုပ်ငန်းများကို နှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်တွေက စုပေါင်းတည်ထားခဲ့ကြတာ ဖြစ်ပါတယ်။ စေတနာ ထက်သန်တဲ့ နှစ်နိုင်ငံအလှူရှင်များရဲ့ ထည့်ဝင် လှူဒါန်းငွေတွေနဲ့ တည်ထားတော်မူခဲ့တာ ဖြစ်ပါတယ်။

● မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော် ပရိဝုဏ်ပတ်လည် အုတ်တံတိုင်းကို နန်းမြို့ရိုး ပုံဖော်ထားတဲ့ မုခ်ဦးလေးခု၊ နဂါးရုံဘုရား၊ ကျိုက်ထီးရိုးစေတီပုံတူတွေ တည်ထားပြီး မြန်မာ့မှုလက်ရာ သာသနိက အဆောက်အအုံများကိုလည်း တည်ဆောက်ထားပါတယ်။

●ပြောရရင်တော့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအတွက် အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံတူစေတီတော်ထီးတင်ပွဲကို ပြည်ပမှာ ကျင်းပပြုလုပ်ခဲ့ရာမှာ နိုင်ငံတော် အဆင့်အကြီးအကဲ အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပြီး ပူဇော်ခဲ့တာ ပထမဦးဆုံး ဖြစ်ပါတယ်။

● နိုင်ငံတော်သမ္မတကြီးနဲ့ အဖွဲ့ဝင်တွေ စေတီတော် အထွတ်မှာ တင်လှူ ပူဇော်မယ့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ ဌာပနာတော်တို့ကို ပင့်ဆောင်ပြီး စေတီတော်ကို လက်ယာရစ် လှည့်လည် ပူဇော်ခဲ့ကြတဲ့ ဓါတ်ပုံကို ယခုပို့စ်မှာ ဖော်ပြထားပါတယ်။ ဒီဓါတ်ပုံက စေတီတော်ပေါ်မှာ လှည့်လည်စဉ် ရိုက်ကူးထားတဲ့ ပုံပါ။ ယခု အချို့ ဝေဖန်တိုက်ခိုက်နေတဲ့ ပုံက အများသူငါ ဖိနပ်စီးပြီး သွားလာကြတဲ့ မြေနေရာပါ။ မတူပါပါဘူး။

● ပူးတွဲဖော်ပြထားတဲ့ စေတီတော်နေရာ ဖော်ပြထားတဲ့ ပုံမှာ ဘုရားပေါ်တက်တဲ့ အုတ် လှေကား (၄) ခု ရှိပါတယ်။ သမ္မတကြီးဟာ ဖိနပ်ချွတ် လှေကားမှာ ဖိနပ်ချွတ်ပြီးမှ စေတီတော်ပေါ် တက်ရောက်ခဲ့တာ ဖြစ်ပြီးတော့ ပြန်ဆင်းလာတဲ့အခါ လှေကားရင်း ဖိနပ်ချွတ်မှာ ပြန်ပြီး စီးခဲ့တာ ဖြစ်ပါတယ်။ လှေကားရင်းကနေ မင်္ဂလာ ရထားပျံရှိရာနေရာအထိ ဖိနပ်စီးပြီး လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာက အများပြည်သူ ဖိနပ်စီးပြီး သွားလာတဲ့ နေရာပါ။ သမ္မတကြီးနဲ့ အခမ်းအနားအတွက် ကော်ဇောနီခင်းထားတာကတော့ ထုံးစံအတိုင်း ဖြစ်ပါတယ်။

● သို့သော်လည်းပဲ ဒီကိစ္စမှာ သတင်းစာပါ ဓါတ်ပုံကို ကြည့်ပြီး နိုင်ငံရေးရည်ရွယ်ချက် ရှိရှိ ဝေဖန် ကြတာကိုလည်း စိတ်မကောင်းစရာ တွေ့မြင်ရပါတယ်။ ဒီအခမ်းအနား ကျင်းပပုံ ရုပ်သံသတင်းကို ကြည့်လိုက်ရတဲ့သူတွေအနေနဲ့ ဒါကို သတိထားမိပါလိမ့်မယ်။ အခုလည်းပဲ ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက်နဲ့ MRTV Facebook မှာ လွှင့်တင်ထားတဲ့ ရုပ်သံမှတ်တမ်း ဗီဒီယိုဖိုင်ကို ပြန်ပြီးကြည့်ရင် ရှင်းသွားမှာပါ။

●ဒီစေတီတော်ကြီး တည်ထားကိုးကွယ်ခဲ့တာဟာလည်း နှစ်နိုင်ငံ သာသနာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်တစ်ခု အဖြစ်သာမက ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်စေတီတော်ကြီးရဲ့ ပုံစံတူကို ပြည်ပမှာ ဖူးမျှော်နိုင်စေဖို့၊ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေဖို့ အစရှိတဲ့ ရည်ရွယ်ချက် များစွာနဲ့ တည်ထားခဲ့တာ ဖြစ်ပါတယ်။

●နိုင်ငံတော်သမ္မတကြီးအနေနဲ့ ပြည်တွင်းခရီးစဉ်တွေ သွားရောက်ခဲ့ရာမှာ ဘယ်အရပ်ဘယ်ဒေသပဲ ရောက်ရောက် ဘုရားဝတ်ပြုပြီး ဦးခိုက်လေ့ ရှိပါတယ်။ မိရိုးဖလာထက် သာလွန်တဲ့ ဘာသာတရား အပေါ်မှာ ကြည်ညိုဆည်းကပ်မှု ရှိသူ တစ်ယောက်ပါ။ အကြောင်းရင်း အပြည့်အစုံ မသိကြသူတွေ အနေနဲ့လည်း ဝေဖန်ကြ၊ ပြောဆိုကြနဲ့ တွေ့မြင်ရတာကိုလည်း အပြစ်မမြင်ပါဘူး။ စိတ်မကောင်းပဲ ဖြစ်မိပါတယ်။ ဒါကြောင့်မို့ ဖြစ်စဉ်ဖြစ်ရပ် အတိအကျကို မသိသေးသူများ သိရှိနိုင်စေဖို့ လေးစားစွာဖြင့် တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

Hmuu Zaw (Facebook)

ရခိုင် ဝန်ကြီးချုပ်သစ် အပြော နည်းနည်းလျှော့ပါ 

 ၂၀၁၃ ခုနှစ် သြဂုတ် လကုန်ပိုင်းက မြဝတီခရိုင် ရွှေကုက္ကို ကျေးရွာ အထက်တန်းကျောင်း တိုးမြှင့် ဖွင့်လှစ်ပွဲ အခမ်း အနား၌ တက်ရောက် လာသူများကို မိန့်ခွန်းပြောကြားနေသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဒု ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

 

 ဦးမောင်မောင်အုန်းဟာ ဒီနေ့ ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်း အဝေးမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ 
 ကျမ်းကျိန်တာနဲ့တပြိုင်နက်တည်းမှာပဲ ချောက်ထဲရောက်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ အဘက် ဘက်က နိမ့်ကျနေမှုကို ဆွဲတင်ပေးတော့မှာဖြစ်လို့ သူ့ကို ယုံကြည်ပေးကြပါ၊ ရခိုင်ပြည်သူတွေကလည်းပဲ ပါဝင် ပူးပေါင်း ပေးကြပါလို့ လွှတ်တော်မှာ ပြောဆိုသွားပါတယ်။ 
မြန်မာ နိုင်ငံရဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ ဒုတိယ အဆင်းရဲဆုံး အဆင့် ချိတ်ဆွဲထားတဲ့ ရခိုင်ပြည်နယ်ကို အဆင့် ၁၀ အထိ ရောက်အောင် ဆောင်ရွက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ 
ဦးမောင်မောင်အုန်းရဲ့ ၀န်ကြီးချုပ် သက်တမ်းဟာ အစိုးရ သက်တမ်းအရ ဆိုရင် တနှစ်ကျော်ပဲ ကျန်တော့တာမို့လို့ သူပြောတဲ့အတိုင်း ဖြစ်ဖို့ဆိုတာ မြန်မာနိုင်ငံအနေနဲ့ အင်မတန် မလွယ်ကူတဲ့ ကိစ္စပါ။ 
ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာလည်းပဲ သမ္မတ ဖြစ်စတုန်းက ပြည်သူတွေကို ကတိတွေ ရွှန်း ရွှန်းဝေအောင်ပေးခဲ့ပေမယ့် အောက်ခြေ ပြည်သူတွေအတွက် အခုထိ ဘာမှမယ်မယ်ရရ ပြောင်းလဲမှု မရှိသေးပါဘူး။ 
ပြည်သူတွေရဲ့ ဆင်းရဲတွင်းဟာ နက်သထက် နက်တုန်းပါ။ အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေဆိုရင်လည်းပဲ ကတိတွေ လွယ်လွယ် ပေးနေကြပေမယ့် လက်တွေ့ ဖြစ်လာမှုက နည်းပါတယ်။ 
ဒီတော့ ဦးမောင်မောင်အုန်းကိုလည်းပဲ ဦးသိန်းစိန် အဖွဲ့ထဲက ၀န် ကြီး တဦး အနေနဲ့ ပုလင်းတူ ဗူးဆို့ အပြောသက်သက် ပုဂ္ဂိုလ်တော့ မဖြစ်စေချင်ပါ။ 
ရခိုင်ဒေသမှာ ၂၀၁၂ ခုနှစ် အရေးအခင်း ပြီးခဲ့တဲ့ အချိန်ကစပြီး ဖွံ့ဖြိုးရေး စီမံကိန်းတွေ တပုံတပင် ချပြခဲ့ပေမယ့် စာရွက်ထဲ၊ လေထဲမှာပဲ ပျောက်ကုန်တာ များတော့ ရခိုင်ပြည်သူတွေကလည်းပဲ အပြောထက် လက်တွေ့ လုပ်ပြမယ့် ခေါင်းဆောင် မျိုး ကိုပဲ လိုလား တောင့်တနေကြတာပါ။ 
ဦးမောင်မောင်အုန်းကတော့ သူဟာ ရခိုင်လူမျိုး မဟုတ်ပေမယ့် သူ့ ခန္ဓာထဲမှာ ရခိုင်သွေးတွေ စီးဝင်နေတယ်၊ ရခိုင်လူမျိုး တွေရဲ့ အမျိုးသား အကျိုးစီးပွားကို အသက်နဲ့လှဲပြီး ကာကွယ်ပေးသွားမယ်လို့ လည်း ဆိုပါတယ်။ 
သူဟာ နိုင်ငံတော်အဆင့် က တာဝန်ပေးထားပြီး၊ နိုင်ငံတော် အဆင့်အနေနဲ့ လုပ်ရမယ့် ၀န်ကြီးချုပ် ဖြစ် တာ မို့ လုပ်ပိုင်ခွင့်တွေ ပိုရမယ်၊ ၅၀ ရာခိုင်နှုန်း မကဘူး ၇၅ ရာခိုင်နှုန်းနဲ့အထက် လုပ်ပေးနိုင်မယ်လို့လည်း ဆိုပါတယ်။ 
သမ္မတ ဦးသိန်းစိန် က ရခိုင်ဒေသ ဖွံ့ဖြိုးရေး အတွက် ကျပ်ငွေ ဘီလီယံ ၁၅ ဘီလီယံ ချပေးထားပြီး၊ လိုအပ်ပါက ထပ်မံ တောင်းခံ နိုင်ကြောင်းလည်း ရခိုင် ၀န်ကြီးချုပ်သစ်က သတင်းမီဒီယာတွေကို ခဏခဏ  ပြောပါတယ်။ 
တကယ်တော့ ကျပ်ငွေ ၁၅ ဘီလီယံ ဆိုတာဟာ ရခိုင်ဒေသ ထွက်တဲ့ သဘာဝ ဓာတ်ငွေ့ အပါအ၀င် ဒေသထွက် သယံဇာတ တွေဆီကနေ အစိုးရအဖွဲ့ ရနေတဲ့ ငွေတွေနဲ့ယှဉ်လိုက်ရင် ကလေးမုန့်ဖိုးအဆင့်ပဲ ရှိပါတယ်။ 
ဦးမောင်မောင်အုန်းက သူ ၀န်ကြီးချုပ် တာဝန်ယူပြီးတာနဲ့ ရခိုင်ဒေသတွင်း က မြို့နယ် တချို့မှာ လျှပ်စစ် မီးတွေ ရအောင် လုပ် ဆောင်ပေးမယ်လို့ လည်း ပြောပါတယ်။ 
ဒါ့အပြင် ဒေသတွင်း ပဋိပက္ခတွေ လုံးဝ ချုပ်ငြိမ်းသွားအောင် အရင်လုပ်ပြီးတော့ ရခိုင်ဒေသကြီး တခုလုံး ဖွံ့ဖြိုးအောင် ကိုယ်စွမ်း ဥဏ်စွမ်း ရှိသရွှေ့ လုပ်ဆောင်သွားမှာမို့လို့ သူ့ကို ယုံကြည်ပေးကြပါ၊ စောင့်ကြည့် ပေးကြပါလို့ ကတိတွေ အကြိမ်ကြိမ်ပေး ပြောဆိုနေလေတော့ အပြောတာ နည်းနည်းများနေသလားလို့ပါ။ 
အစပိုင်းမှာတော့ ဦးမောင်မောင်အုန်းကို ကန့်ကွက်မှု တချို့ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အပြု သဘောနဲ့ လက်ခံပေးခဲ့ကြ ပါတယ်။ ရခိုင် ခေါင်းဆောင်တွေကလည်းပဲ ၀န်ကြီးချုပ်သစ်ကို မူအားဖြင့် ကြိုဆိုပြီး ကူညီပေးသွားကြမယ်လို့ ပြောဆိုထား ကြပါတယ်။ 
ဘာပဲ ဖြစ်ဖြစ် ရခိုင်ပြည်သူတွေကလည်းပဲ သူတို့ဒေသ ၀န်ကြီးချုပ်သစ်ရဲ့ အပြောတွေကို စောင့်ကြည့် နေရင်း နဲ့ပဲ ရာထူး သက်တမ်းကုန်၊ အချိန်တွေကုန် ဆုံးသွားရမယ့် အရာမျိုးကိုတော့ မလိုချင်ကြတော့တာ အမှန်ပဲလို့ ဆိုရမှာပါ။ 
ဒါကြောင့် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း ရခိုင်ပြည်သူတွေရဲ့ ယုံကြည် ထောက်ခံမှု အပြည့်အ၀ လိုချင် ရင်တော့ အပြောနည်းနည်း လျော့၍ အလုပ်နဲ့သက်သေပြပေးဖို့သာ လိုပါလိမ့်မယ်။ 

ခင်ဦးသာ ~ 


မန္တလေးဖြစ်ရပ် အဖွဲ့ချုပ် ကြေညာချက်ထုတ်ပြန်။

 

 

SB က သတင်းဌာနများကို ခေါ်ယူမေးမြန်းမှုအပေါ် ကန့်ကွက် လက်မှတ်များ စာနယ်ဇင်းကောင်စီ ကောက်ခံမည် 

 သတင်းဌာနများသို့ အထူးရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းနေမှုများနှင့် ပတ်သက်၍ သတင်းမီဒီယာသမားများထံမှ ကန့်ကွက်ကြောင်း လက်မှတ်များကို စာနယ်ဇင်းကောင်စီမှ စုဆောင်းပြီး လွှတ်တော်သို့ တင်ပြသွားမည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

ဇွန်လ ၂၁ရက်မှ စတင်ကာ သတင်းဌာနများသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အထူးရဲသတင်းတပ်ဖွဲ့က ခေါ်ယူ မေးမြန်းခဲ့သည်။ ဇွန်လ ၂၁ရက်တွင် Myanmar post ဂျာနယ်နှင့် The Voiceသတင်းဌာနတို့မှ တာဝန်ရှိသူများကို မေးမြန်းခဲ့ပြီး၊ ဇွန်လ ၂၂ရက်တွင် ယူနတီသတင်းဌာနတို့မှ တာဝန်ရှိသူများကို ခေါ်ယူမေးမြန်းခဲ့သည်။ ဇွန်လ ၂၃ရက်တွင် ပြည်သူ့ခေတ်သတင်းဌာနမှ တာဝန်ရှိသူများကို မေးမြန်းခဲ့ပြီး ဇွန်လ ၂၅ ရက်တွင် ရန်ကုန် မီဒီယာဂရု(ပ်)လီမီတက်နှင့် ဒီမိုကရေစီတူဒေး သတင်းစာ၊ ဇွန်လ ၂၆ ရက် တွင် ဧရာဝတီသတင်းဌာနနှင့် ဇွန်လ ၂၇ရက်တွင်  မဇ္ဈိမ မီဒီယာဂရုပ်မှ တာဝန်ရှိသူများကို ခေါ်ယူကာ သတင်းဌာနများ၏ ဝင်ငွေ၊ထွက်ငွေနှင့် ရပ်တည်ချက် သဘောထားများကို မေးမြန်းခဲ့သည်။
“ လက်မှတ်ကောက်ယူဖို့ အစီအစဉ်ရှိပေမယ့် သတင်းတပ်ဖွဲ့က အထက်ကို တင်ပြထားပါတယ်။ ခဏ ဆိုင်းထားပေးပါဦး ဆိုလို့ပါ။ လာမယ့် တနလာင်္နေ့(ဇူလိုင် ၇ရက်)အထိမှ တစ်စုံတစ်ရာ ထူးခြားမှုမရှိရင် လက်မှတ်တွေ စတင်ကောက်ခံတော့မှာပါ”ဟု ဦးကျော်မင်းဆွေက ဆိုသည်။
ဇူလိုင်လ ၇ ရက်မှ စတင်ကာ သတင်းမီဒီယာသမားများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများမှ တစ်ဆင့်ကန့်ကွက်ကြောင်း လက်မှတ်များကို စတင် ကောက်ယူသွားမည် ဖြစ်သည်။
လက်မှတ်ကောက်ယူမှု ကာလကို သတ်မှတ်ထားခြင်းမရှိဘဲ လွှတ်တော်တင်ရန် လုံလောက်သည့် လက်မှတ်အရေအတွက် ရရှိချိန်အထိ ကောက်ယူ စုဆောင်းသွားမည်ဟု ဦးကျော်မင်းဆွေက ဆိုသည်။
မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က “ကျွန်တော်တို့ ကွန်ရက်ကနေ ကောင်စီကို တိုက်တွန်းထားတာရှိပါတယ်။ ဒီကိစ္စကို သတင်းစာအဖွဲ့အစည်းတွေနဲ့ မီဒီယာနဲ့ပတ်သတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တစ်စုံတစ်ရာ ဆောင်ရွက်သင့်ပါတယ် ”ဟုပြောသည်။
သတင်းတပ်ဖွဲ့မှ မီဒီယာသတင်းဌာနများကို ခေါ်ယူမေးမြန်မှုများနှင့် ပတ်သက်၍ မီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခြင်း၊ စစ်အစိုးရလက်ထက်ကဲ့သို့ အာဏာရှင်စနစ်ကို ကျင့်သုံးခြင်းဖြစ်သည်ဟု ဝေဖန်မှုများစွာထွက်ပေါ်ခဲ့သည်။
အဆိုပါ သတင်းဌာနများကို ခေါ်ယူစုံစမ်းမှုများကြောင့် မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ)က ဇွန်လ ၂၅ရက် ရက်စွဲဖြင့်လည်းကောင်း၊ မြန်မာဂျာနယ်လစ် ကွန်ရက်က ဇွန်လ ၃ဝ ရက် ရက်စွဲ ဖြင့်လည်းကောင်း သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW က ဇူလိုင်လ ၃ဝ ရက်က အဆိုပါဖြစ်ရပ်များသည် သတင်းမီဒီယားများအပေါ် အာဏာရှင်ကဲ့သို့ ပြုမှုဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

 Written by  ယုဝေ--မဇ္ဈိမ

မြန်မာပြည်ကျောက်စိမ်း ရေးသားထားသည့် နိုင်ငံတော်ကို လုပ်ကြံသည်ဆိုသည့် စကားလုံးကို ပြန်ပြင်စေချင်သည်ဟု ဇာတ်မင်းသား မိုးမင်းပြောလာ 

 

မြန်မာပြည်ကျောက်စိမ်း ရေးသားထားသည့် နိုင်ငံတော်ကို လုပ်ကြံရန် ယူဆသည်ဟူသည့် စကားအသုံးအနှုံးကို ပြန်လည် ဖြေရှင်းစေ လိုသည်ဟု ဇာတ်မင်းသားမိုးမင်းက ၎င်း၏ ကိုယ်ပိုင် ဖေ့ဘွတ်ပေါ်တွင် ရေးသားထားသည်။
ယင်းရေးသားချက် နှင့်ပက်သက်ပြီး မြန်မာပြည်ကျောက်စိမ်းသည် ၂ဝ၁၄ ခုနှစ် ဇွန်လ ၂၃ရက်က ၎င်း၏ ကိုယ်ပိုင် စာမျက်နှာပေါ်တွင် "(လူသိအောင်ဖွဲ့ပါဗျာ) သဘင်၊ ဂီတ၊ ရုပ်ရှင် လောကမှ ပညာရှင်များကို သတိပေးနှိုးဆော်ပါသည်၊ ဘာအဖွဲ့ ညာအဖွဲ့တွေက များလာပြီးဗျာ၊လူမသိအောင် အဖွဲ့တစ်ခု ဖွဲ့ပြီဆိုရင်၊ မကောင်းတာကြံဖို့၊ နိုင်ငံတော်ကို လုပ်ကြံဖို့ မကောင်းတာ လုပ်ဖို့ဖွဲ့တယ်လို့ ယူဆတယ် အနုပညာရှင်များတို့"ဟုရေးသားထားခြင်း အပေါ် သဘင် ပညာရှင် တစ်ဦးဖြစ်သည့် ဇာတ်မင်းသား မိုးမင်းက ယခုလို တုန့်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။
မိုးမင်း၏ ကိုယ်ပိုင် စာမျက်နှာပေါ်တွင်မူ ၂ဝ၁၄ ခုနှစ် ဇွန်လ ၂၇ရက်က"ကိုကျောက်စိမ်း ပြောတဲ့ နိုင်ငံတော်ကိုတောင် လုပ်ကြံမယ်လို့ ယူဆရတဲ့ အနုပညာအဖွဲ့ကို ကျွန်တော်တို့ အလွန်စိတ်ဝင်စားနေပါတယ် ခင်ဗျာ ရှောင်ရှားရန် လိုအပ်လျှင်လည်း တိုက်ခိုက်ရန် အနုပညာထု တစ်ခုလုံးမှာ တာဝန်ရှိတယ်လို့ ကျွန်တော်ကလည်း ယူဆပါတယ။် ထင်ယောင် ထင်မှားတွေဖြစ်အောင်postတင်ပြီး ပစ်မထားသင့်ပါ။ အနုပညာသမားများအပေါ် အထင်အမြင်သေးစိတ်များ ဝင်ရောက် လာနိုင် ပါသည်။ မိမိ post ကို မိမိ တာဝန် ပြီးဆုံးစေချင်ပါသည်"ဟု ပြန်လည်ရေးသားထားသည်။
ဘဘင် ပညာရှင် မိုးမင်းအား မဇ္ဈိမ မှ ဆက်သွယ်မေးမြန်းခဲ့ရာ မိုးမင်းက မြန်မာပြည်ကျောက်စိမ်း ကိုယ်ပိုင် စာမျက်နှာပေါ်တွင် ရေးသား ထားသော စာသားများ အားလုံးထဲမှ နိုင်ငံတော်ကို လုပ်ကြံဖို့ ဟူုသည့် စကားလုံးကို သိချင်ပြီး ရုပ်ရှင်၊ ဂီတ၊ သဘင်ဟု ရေးသား ထားခြင်းကြောင့် ဘဘင်သမား တစ်ဦးအနေဖြင့် ယင်း စကားလုံးအား နိုင်ငံတော်မှ နားလည်စေရန် သေချာစွာ ပြန်လည် ဖြေရှင်းသင့်ကြောင်းနှင့် ကိုယ်တိုင်ရေးသားထားသည့် စကားလုံးကို ကိုယ်တိုင်တာဝန်ယူနိုင်ရန် အရေးကြီးသည် ဟု မိုးမင်းကထပ်မံပြောသည်။
ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ အဖွဲ့သုံးဖွဲ့တွင် အနုပညာရှင်များစွာ ပါဝင်လျက်ရှိပြီး အနုပညာရှင်များ အနေဖြင့် ပြည်သူ အကျိုးပြု လုပ်ငန်းများနှင့် ပရဟိတ လုပ်ငန်း များကို လုပ်ကိုင်နိုင်ရန် အတွက် အသင်းအဖွဲ့များ၊ပရဟိတအဖွဲ့များ ဖွဲ့စည်းကာ ပြည်သူလူထု ကောင်းကျိုးကို ဆောင်ရွက်လျက်ရှိပြီး အတုအယောင် အဖွဲ့ အစည်းကို တွေ့ရှိပါက ရုပ်ရှင်၊ ဂီတ၊ သဘင် သုံးခုစလုံးနှင့် တိုင်ပင်ကာ အတုအယောင် အဖွဲ့အစည်းကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သင့်သည်ဟု မိုးမင်းကပြောသည်။
 မြန်မာပြည်ကျောက်စိမ်း၏ ဖုန်းသို့ မဇ္ဈိမမှ ဆက်သွယ် မေးမြန်းရာတွင် မန္တလေးမှ သူငယ်ချင်း တစ်ယောက်အား နောက်ပြောင်ပြီး ယင်းစာသား များကို တင်လိုက်ခြင်းဖြစ်ပြီး မည်သူကိုမှ ရည်ရွယ်လိုသည့် စိတ်ဓါတ်မရှိဟု မြန်မာပြည်ကျောက်စိမ်းကပြောသည်။ မြန်မာပြည်ကျောက်စိမ်း အနေဖြင့် ယင်းစကားလုံး စာသားများနှင့် ပတ်သက်ပြီး ပြန်လည်ဖြေရှင်းရန် အစီအစဉ်မရှိဟုပြောသည်။
"လောကကြီးမှာ ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာ လုပ်ရင် မကောင်းတာဖြစ်မယ်၊ ဦးကတော့ အဲဒီလိုပဲယူ ဆထားပါတယ်"ဟု ၄င်းကပြော သည်။
နည်းပညာများ ထွန်းကားလာသည့် ခေတ်ကြီးတွင် ကိုယ်ပိုင် စာမျက်နှာ ဖေ့ဘွတ်ကို အသုံးပြုသူများ များပြားလာပြီး ယင်းကိုယ်ပိုင် စာမျက်နှာပေါ် တွင် ရေးသား သည့် စာများကို ကိုယ်တိုင် တာဝန် ယူနိုင်မှသာ ရေးသား သင့်သည်ဟု မိုးမင်းက အကြံပြုပြောကြားခဲ့သည်။
 Written by  မြင့်မြင့်စိုး

ဆရာ၊ ဆရာမများ အားလပ်ချိန်တွင် အတတ်ပညာဖြင့် ကိုယ်ပိုင်ဝင်ငွေရှာနိုင်ဟု ပညာရေးဝန်ကြီးပြော 

 ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့၏ အသက်မွေးဝမ်း ကျောင်းအတတ်ပညာဖြင့် အားလပ်ချိန်တွင် ကိုယ်ပိုင်ဝင်ငွေ ဖြည့်ဆည်းခွင့် ရှိကြောင်း ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။

ကျူရှင်ဈေးကွက် ကြီးထွား လာနေမှုနှင့် ဆရာ၊ ဆရာမများ ဝေဖန်ခံနေရမှု အပေါ် ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဆရာ၊ ဆရာမများအနေဖြင့် အားလပ်ချိန်တွင် ကိုယ်ပိုင်ဝင်ငွေ ဖြည့်ဆည်း နိုင်ကြောင်း သတင်းထောက်များအား ပြောကြားသည်။

‘‘ဆရာတွေအနေနဲ့လည်း ကိုယ့်အသက်မွေးဝမ်းကျောင်း၊ ကိုယ့်အတတ်ပညာနဲ့ လုပ်ကိုင် စားနိုင်တယ်။ ကျောင်းမှာလည်း ကောင်းကောင်းသင်ပြီးတော့ ကိုယ်ရဲ့ အားလပ်ချိန်မှာလည်း ကိုယ်ရဲ့ဝင်ငွေကို ဖြည့်ဆည်းနိုင်တယ်ဆိုတဲ့ အမြင်ကိုလည်း ရှိအောင်လုပ်ရမယ်။ ဘာမှမလုပ်ရ ဆိုတဲ့အခါကြတော့ အကုန်လုံး ခိုးလုပ်ရောလေ။ ခိုးသင်၊ ခိုးလုပ် ဆိုတော့ ဈေးတွေတက်လာရောလေ။ အဲဒါတွေ မဖြစ်ရအောင် ပညာရှင်တွေ အားလုံး ညှိနှိုင်းပြီးတော့ ကျွန်မတို့ဆောင်ရွက်သွားမှာပါ’’ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ကျူရှင်မသင်ရန် ထုတ်ပြန်ထားသော်လည်း ဆရာ၊ ဆရာမအများစုက သင်ကြားလျက်ရှိပြီး ဆရာ၊ ဆရာမများ ပြင်ပ၀င်ငွေရှာဖွေရာတွင် အဂတိမပါရန်နှင့် ဘက်မလိုက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒေါက်တာဒေါ်ခင်စန်းရီကဆိုသည်။

‘‘ဆရာတွေက အနစ်နာခံတယ်ဆိုတာ အရင်တုန်းက စေတနာနဲ့လုပ်လည်း စားစရာလောက် တယ်။ အခုဆိုရင် အကုန်စရိတ် ကြီးလာတယ်။ ကြီးလာတဲ့အတွက် တစ်ခုခုတော့ ရှာရတာပဲ။ ရှာတဲ့အခါမှာ အဂတိမပါဖို့ရယ်၊ ဘက်မလိုက်ဖို့ရယ် လိုတယ်။ ကျူ ရှင်ဆိုတာက သင်ချင်တဲ့သူရယ်၊ သင်ပေးမယ့်သူရယ် လိုတာလေ။ သင်ချင်တဲ့သူကို ကြည့်လိုက်ရင် အရမ်းတော်တဲ့သူရယ်။ အရမ်းညံ့တဲ့သူရယ် ဖြစ်မှာပေါ့။ ဒါပေမဲ့ အခုက ဖက်ရှင်ဖြစ်နေပြီးမှ လူတိုင်းသင်မယ်ဆိုတာဖြစ်နေတော့ ဈေးကွက်ကြီးဖြစ်နေတယ်’’ ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

‘‘ကျူရှင်ဆိုတာကို မိဘတိုင်းက ထောက်ပြပေမယ့် မိဘတိုင်းက ကျူရှင်မပေးဘဲ မနေနိုင်တဲ့ စိတ်ကို အရင်ဖျောက်ရဦးမယ်။ အဲဒီစိတ်သဘောထားကလည်း ကျောင်းမှာသင်တာ လုံလောက်ပါပြီဆိုတာကို ပြနိုင်မှပဲ သူတို့ရဲ့ စိတ်သဘောထားကို ပြောင်းရမယ်။ ကျူရှင်မသင်လည်း ကလေးတွေတော်တယ်ဆိုတာ ကျွန်မတို့က သက်သေပြရမှာလေ။ အဲဒါတွေအတွက် ကျွန်မတို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာ’’ဟု ဒေါက်တာဒေါ်ခင်စန်းရီကပြောသည်။

စစ်အစိုးရလက်ထက် မြန်မာ့ပညာရေး နိမ့်ကျသွားမှုတွင် ကျူ ရှင်စနစ် ကြီးထွားလာမှုလည်း ပါဝင်နေပြီး ကျောင်းသား၊ ဆရာ အချိုးကွာဟချက် ကြီးမားနေခြင်း နှင့် ဆရာလစာငွေ နည်းပါးနေခြင်းများကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်။

By နေလင်းထွန်း

7DAY DAILY

 

သစ်ထူးလွင် ဘလော့ အပေါ် စွပ်စွဲချက်များနှင့် ပါတ်သတ်၍ သတင်းထုတ်ပြန်ချက် 

  ဇူလိုင်လ ၁ ရက်နေ့ ယမန်နေ့ ညပိုင်းက  မန္တလေးမြို့ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအား သစ်ထူးလွင်ဘလော့မှ များစွာ စိတ်မကောင်း ဖြစ်ရပါသည်။ အဆိုပါ  ဖြစ်ရပ်အား လူမှုကွန်ယက် စာမျက်နှာများတွင် သစ်ထူးလွင် သတင်းကို အခြေခံ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲ ပြောကြားချက်များကို တွေ့ ရှိနေရပါသည်။ မလိုလားအပ်တဲ့ ပြဿနာတွေ ပိုမိုကြီးထွားလာမှာ စိုးရိမ်းတဲ့ အတွက် သစ်ထူးလွင်မှ အဆိုပါ ဖြစ်ရပ်နှင့် ဆက်နွယ်နေသည့် သတင်းအား သစ်ထူးလွင် ဘလော့နှင့် Facebook စာမျက်နှာများမှ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်ပါသည်။ သတင်းဖြစ်စဉ်နှင့် ပါတ်သတ်၍ ပဋိပက္ခဖြစ်ပွားစေလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ပါ၊ အားနည်းသူဘက်က ရပ်တည်၍ အမှုကို ပေါ်လွင် စေချင်သည့် စိတ်စေတနာသာ ရှိခဲ့ပါသည်။

သစ်ထူးလွင် ဘလော့သည် မည်သည့် နိုင်ငံရေးပါတီ ၊ ဘာသာရေးအဖွဲ့ အစည်း၊ လူမှုရေးအဖွဲ့ အစည်း၊ လူပုဂ္ဂိုလ် တဦးတယောက်နှင့်မှ ပါတ်သတ်မှုမရှိကြောင်း ထပ်မံ အသိပေးအပ်ပါသည်။
သစ်ထူးလွင် ဘလော့သည် ပြည်သူများဘက်က အစဉ်ရပ်တည်ခဲ့သည် ဘလော့ဂါ သတင်းသမား တစ်ဦးသာ ဖြစ်ပါသည်။ ယ္ခုအခါ မမျှော်လင့်ဘဲ ၀မ်းနည်းစရာ ဖြစ်ရပ်များနှင့် ကြုံတွေ့ ခဲ့ရ၍ စာဖတ်ပရိတ်သတ်နှင့် ထိခိုက်နစ်နာရသူများ အားလုံးကို သစ်ထူးလွင် မှ အနူးအညွတ် တောင်းပန် အပ်ပါသည်ဟု သစ်ထူးလွင် page တစ်ခုမှ ပြောသွားပါတယ်။

မန္တလေးပဋိပက္ခတွင် ရဲတစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရဟု ထုတ်ပြန် 

 သေနတ်သုံးချက်ဖောက် လူစုခွဲရသည်ဟု ရဲတပ်ဖွဲ့ အတည်ပြု


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ဇူလိုင်၁ရက် ညက ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ဆိုင်၊ အိမ်၊ ကားများ ပျက်စီးခဲ့ပြီး လူငါးဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီးပထမတန်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ဇူလိုင်လ ၂ရက် နံနက် ၉နာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ဇူလိုင်လ ၁ရက် ညနေက မန္တလေးမြို့ ၂၆လမ်းနှင့် ၂၇လမ်းကြား၊ ၈၁လမ်းနှင့် ၈၂လမ်းကြားရှိ နေလ္ဘက်ရည်ဆိုင်ကို ရဲတပ်ဖွဲ့က စစ်ဆေးရန် ပိတ်သိမ်းခိုင်းရာက စပြီး ဘာသာရေး ပဋိပက္ခအသွင် ဆောင်လာပြီး ည ၁ဝနာရီခွဲခန့်တွင် လူစုလူဝေး ထပ်မံ ပေါ်ပေါက်ခဲ့ရာ အုတ်ခဲကျိုး၊ ပုလင်းခွံ၊ တုတ်များဖြင့် ပစ်ပေါက်ခဲ့၍ ဆိုင်၊ အိမ်နှင့် ကား ၁၁စီး ပျက်စီးခဲ့သည်။ လူငါးဦးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီးပထမတန်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ပြောသည်။ ဒဏ်ရာရသူများသည် စိုးရိမ်ရသည့် အခြေအနေမဟုတ်ဘဲ ဖူးယောင်၊ ပေါက်ပြဲဒဏ်ရာမျိုးသား ဖြစ်သည်ဟု ၎င်းက ပြောသည်။
ဒဏ်ရာရရှိသူများထဲတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ပါဝင်ခဲ့ပြီး ည ၁၁နာရီခန့်တွင် သေနတ် သုံးချက်ဖောက်ကာ လူစုခွဲခဲ့သည်ဟုလည်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ပြောသည်။
“လူစုကွဲစေဖို့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၄ဝဝကျော်၊ လုံခြုံရေးတပ်ဖွဲ့ခွဲ အင်အား ၃ဝဝနီးပါးနဲ့ နယ်မြေလုံခြုံရေး လုပ်ဆောင်ခဲ့ပါတယ်၊ ဖြစ်စဉ်ကိုကြည့်ရှုသူ လေးဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊ လူစုလူဝေးဖြစ်ပေါ်တဲ့အတွက် ၂၆-၈၆လမ်းထောင့်မှာ ရော်ဘာကျည်ဆံ ၃ချက်ပစ်ဖောက်ခဲ့ပါတယ် ” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီးပထမတန်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ပြောသည်။
ပဋိပက္ခ ဖြစ်ပွားရာ နေရာတွင် လူတစ်ခုက ကမ္ဘာမကြေ သီချင်းသီဆိုခြင်း၊ လူစုလူဝေးဖြင့် အုတ်ခဲကျိုး၊ ပုလင်းခွံ့ ကိုင်ဆောင်၍ ၂၆လမ်း၊ ၈၆လမ်းထောင့်တွင် လမ်ေးဘးဝင်းထရံများအား ပစ်ပေါက်ခဲ့ခြင်း၊ ဇူလိုင် ၂ရက်နေ့ နံနက် ၂နာရီခန့်တွင် ၂၄၂၅လမ်း၊ ၈၂-၈၄လမ်းကြားတွင် သံဃာအပါး ၄ဝ၊ လူအင်အား ၄၅ဝ ဦးတို့က တုတ်၊ ဓားများကို ကိုင်ဆောင်လျက် ဆူပူမှုများဖြစ်ပွားခဲ့ခြင်းနှင့် ၂၆လမ်း ၈၇-၈၈လမ်း ကြားတွင် ရပ်တန့်ထားသော ဟိုင်းလတ်ယာဉ်အမျိုးအစားတစ်စီး မီးလောင် ပျက်စီးခဲ့ခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“ဆက်လက်၍ ဖြစ်စဉ်ဖြစ်ပွားမှုများ မဖြစ်အောင် အထူးကြပ်မတ် ဆောင်ရွက်သွားမှာဖြစ်တယ်၊ ပြည်သူတွေ ဘက်ကလည်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိရင် သတင်းပေးဖို့ အတွက်လည်း အကူအညီတောင်းခံပါတယ်” ဟု ဒုရဲမှူးကြီးဇော်မင်းဦး ကပြောသည်။

ပြုလုပ်သူတစ်ဦး တစ်စုံကြောင့် မန္တလေး မြို့ကြီး အစွန်းထင်း မခံပါစေနဲ့...................




( ပန်းပျိုးသူများစာသင်ဝိုင်း) Facebook Page လေးပါ သွားရောက်ကြည့်ရှု့ လုပ်အားပေး လှူဒါန်းနိုင်ပါရန်............... 

https://www.facebook.com/pages/%E1%80%95%E1%80%94%E1%80%B9%E1%80%B8%E1%80%95%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%85%E1%80%AC%E1%80%9E%E1%80%84%E1%80%B9%E1%80%9D%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8/338657896285576?fref=nf 

သူတို့လေးတွေ စာသင်ခန်းထဲမှာ ခေါင်းငုံမနေရတာ့တာ၊ အရိုက်မခံရတော့တာ တခုတည်းနဲ့တင်ကျွန်တော်တို့ လုပ်ပေးရကျိုးနပ်နေပြီဆိုတဲ့ ( ပန်းပျိုးသူများစာသင်ဝိုင်း)

 


ဒီနေ့ထုတ် Tomorrow ဂျာနယ်ပါ ` ပန်းပျိုးသူများ စာသင်ဝိုင်း´
အကြောင်းရေးထားတဲ့ ဆောင်းပါးလေးဖတ်လိုက်ရတယ်။
ဒီထဲက ပန်းရောင်းတဲ့ကလေးကိုမေးလို့သူပြန်ဖြေထားတာက
` သားတို့သူငယ်ချင်းတွေစုပြီး ဟိုးမှာမြင်နေရတဲ့မန္တလေး
တောင်အကျော်က ရပ်ကွက်ကနေလာရတယ်။ညညပန်းရောင်း
ပြီးယင်ခြေလျင်စုပြန်ရတာ။သားတို့ကမီးပွိုင့်မှာ မီးနီရင်ကားတွေ
ဆီပြေးပြီးပန်းရောင်းတယ် ပလက်ဖောင်းပေါ်မှာသူငယ်ချင်း
တွေနဲ့ဆော့တယ်။အရင်ကဆိုကျောင်းကစာကျက်ခိုင်း၊အိမ်စာ
ပေးလိုက်ရင် မလုပ်နိုင်ဘူး။စာမေးပွဲနီးယင်တောင်လွယ်အိတ်
ယူလာပြီး ကျုံးဘေးကမီးရောင်အောက်မှာ စာကျက်ရတာအခု
တော့ ကျောင်းက အိမ်စာတွေပေးရင် လုပ်နိုင်ပြီမို့ အရိုက်မခံရ
တော့ဘူးပေါ့´ ကျောင်းကစာတွေသင် အိမ်စာတွေပေး သူတို့
ကမလုပ် ပန်းတွေရောင်း၊ နောက်နေ့ စာတွေမရ အိမ်စာတွေ
မလုပ်ခဲ့တော့ ခေါင်းလေးတွေငုံ မတ်တပ်တွေရပ်ရ အရိုက်ခံနေ
ရတဲ့ပုံတွေ စိတ်ထဲမြင်ယောင်မိတယ်။ ကျန်တာတွေဘာမှထည့်
မတွက်နဲ့ဦး သူတို့လေးတွေ စာသင်ခန်းထဲမှာ ခေါင်းငုံမနေရ
တော့တာ၊ အရိုက်မခံရတော့တာ တခုတည်းနဲ့တင်ကျွန်တော်
တို့ လုပ်ပေးရကျိုးနပ်နေပြီ။

ပန်းပျိုးသူများစာသင်ဝိုင်း