Friday, June 27, 2014

နိုင်ငံတော် အလံမပြု လိုသူများ ကျောင်းမတက်ကြနှင့်ဟု ပညာရေးဝန်ကြီးဌာနမှ

အဆင့်မြင့် အရာရှိ တစ်ဦးပြောကြား


ဗိုလ်ချုပ်ကြီးစိုးဝင်း အတ္ထုပ္ပတ္တိစာအုပ် ထွက်လာ

 (ဒီပဲယင်းအရေးအခင်းအကြောင်း ဖော်ပြမှု အငြင်းပွားဖွယ်ရာများ ပါဝင်နေ)
       ၂၀၀၃ မေ ၂၅ရက်က ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းနှင့် ယာဉ်တန်းကို လိုက်လံနှောင့်ယှက်နေသူများ(ဓာတ်ပုံ− burmalibrary.org)

လွန်ခဲ့သော ခုနစ်နှစ်ခန့် က ကွယ်လွန်သွားခဲ့သည့် နိုင်ငံ တော်ဝန်ကြီးချုပ်ဟောင်း ဗိုလ် ချုပ်ကြီးစိုးဝင်းအကြောင်း ရေး သားထားသည့် ‘မမျှော်လင့်သော ခရီးရှည်’ဟု အမည်ပေးထားသည့် စာအုပ်    ယခုရက်ပိုင်းအတွင်း ထွက်ရှိလာသည်။
ဗိုလ်ချုပ်ကြီးစိုးဝင်းနေရာ တွင် စာရေးဆရာ မြင့်သူက (First Person) ပုံစံဖြင့် ၀င်ရောက်ရေး သားထားခြင်းဖြစ်ပြီး အတ္ထုပ္ပတ္တိ  စာအုပ်အတွက် ကာယကံရှင်နှင့် နီးစပ်ခဲ့သည့် လူ ၁၀၀ ခန့်ကို တွေ့ ဆုံမေးမြန်းပြီးမှ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း စာရေးဆရာ မြင့်သူ က စာအုပ်မိတ်ဆက်တွင် ရေး သားထားသည်။
သာမန်တပ်မတော် အရာရှိ ငယ်ဘ၀မှ ၀န်ကြီးချုပ်ဖြစ်လာ သူတစ်ဦး၏  ဘ၀ဖြတ်သန်းမှုကို အသေးစိတ်    ရေးသားထားပြီး လူသိနည်းသည့်    ကိစ္စအချို့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများဖြင့် ရေးသားထားသည်။
ပြည်တွင်းစစ်ကာလအတွင်း တပ်မတော်သားတစ်ဦး၏ ဖြတ် သန်းမှု၊ ရှစ်လေးလုံးအရေးအခင်း အပါအ၀င် သူကြုံတွေ့ ဖြေရှင်းခဲ့ ရသော အရေးအခင်းများ၊ နာ မည်ကျော် ဒီပဲယင်းအရေးအခင်း တွင် ပါဝင်ပတ်သက်မှု အပါအ ၀င် သူဖြတ်သန်းခဲ့ရသည့် စစ် ဗိုလ်ချုပ်တစ်ဦး၏ နေထိုင်မှု ဘ၀များအကြောင်း အပါအ၀င် တိုင်းပြည်၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအပေါ် စစ်ဗိုလ်ချုပ်တစ် ဦးက မည်ကဲ့သို့ ရှုမြင်ကြောင်း သိရှိလိုသူများအတွက် အကြိုက်တွေ့စေလောက်သည့်   စာအုပ် တစ်အုပ်ဖြစ်သည်။
လက်ရှိနှင့် အငြိမ်းစားတပ်မ တော် အရာရှိများဘက်က ရေငုံ နှုတ်ပိတ်နေခဲ့သည့် ဒီပဲယင်းအ ဖြစ်အပျက်ကိုလည်း ယင်းစာအုပ် တွင် ထည့်သွင်းရေးသားထား သည်။
အတိုက်အခံများဘက်က ဒီပဲ ယင်းတိုက်ခိုက်မှုလက်သည် တ ရားခံစာရင်းတွင် ဗိုလ်ချုပ်ရဲမြင့် နှင့်အတူ ထိပ်ဆုံးက ဖော်ပြသတ် မှတ်လေ့ရှိသော်လည်း သူသည် ပြဿနာများ ကြားထဲမှ မြေစာပင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
‘‘ဖြစ်စဉ်တစ်ခုလုံးသည် ကြို တင်စီစဉ်ထားသည်ဟုပင် စွပ်စွဲ ကြသည်။ အထူးသဖြင့် ဒေါ် အောင်ဆန်းစုကြည်ကို အသေ သတ်ရန်အထိ ကြိုတင်ကြံစည်မှု ဟုဆိုသူက ဆိုကြသည်။ ထိုသို့ မဟုတ်ပါဟု ပြောရင်လည်း ယုံရ ခက်သော အနေအထား ဖြစ်နေ သည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ ‘ပဲလှော် ကြား ဆားညပ်တာ’ ဟု ပုံခိုင်းပြီး ပြောသည်’’ (စာ-၃၇၃)
ဦးတင်ဦး၊ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် NlD ပါတီဝင် များနှင့် ၎င်းတို့အား ထောက်ခံ အားပေးသူများ တိုက်ခိုက်ခံရ သည့်  နာမည်ကျော်ဒီပဲယင်း အ ရေးအခင်းကိုလည်း သူ့ဘ၀တွင် ဖြေရှင်းခဲ့ရသည့် အရေးအခင်း များနှင့်အတူ ဖော်ပြထားသည်။
အတိုက်အခံ ဒီမိုကရေစီ အင်အားစုများက ‘‘ဒီပဲယင်းနိုင်ငံ ရေးလုပ်ကြံမှု’’ ဟု သုံးနှုန်းသည့် ၂၀၀၃ မေလ ၃၀ ရက်တွင် ဖြစ် ပွားခဲ့သည့် ဖြစ်ရပ်ကို ‘‘ဒီပဲယင်း ရုန်းရင်း ဆန်ခတ်မှု’’ ဟု စာအုပ် တွင် သုံးနှုန်းထားသည်ကို တွေ့ ရသည်။
‘‘ဒီပဲယင်းပြဿနာသည် အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးအ ကြား နိုင်ငံရေးအရ အားပြိုင်မှု ဖြစ်စဉ်များထဲမှ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသော သာမန်ထက်ပို သည့် ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်သည်။ သာမန်ထက်ပိုသော ဟု ဆိုရခြင်းမှာ ထိုဖြစ်စဉ်တွင် အင်န်အယ်လ်ဒီခေါင်းဆောင် ဦး တင်ဦးနှင့် ဒေါ်စုကြည်တို့ ပါဝင် ပတ်သက်နေသောကြောင့် ဖြစ် သည်’’ (စာ-၃၆၅) ဟု အစချီပြီး ဒီပဲယင်းပြဿနာများအကြောင်း ရေးသားခဲ့သည်။
လက်ရှိနှင့် အငြိမ်းစားအာ ဏာရစစ်ဗိုလ်ချုပ်ကြီးများ ရေငုံ နှုတ်ပိတ်နေသော    ဒီပဲယင်း ဖြစ်ရပ်ကို ပြန်လည်ဖော်ပြခဲ့သော် လည်း အငြင်းပွားနေခဲ့၊ အငြင်း ပွားနေဆဲဖြစ်သည့် ဒီပဲယင်းအ ရေးအခင်းနှင့် ပတ်သက်ပြီး နောက်ထပ် အငြင်းပွားဖွယ်ရာ အရေးအသားများ ထိုစာအုပ်ထဲ တွင် ထပ်မံပါဝင်လာပြန်သည်။
ဖြစ်စဉ်များအတွင်း သေဆုံး သူလေးဦးနှင့် ဒဏ်ရာရသူ ၇၀ ကျော် စာရင်းရရှိကြောင်း အစိုးရ ၏ စုံစမ်းစစ်ဆေးရေး အစီရင် ခံစာကို ပြန်လည်ကိုးကားပြီး ရေးသားထားသည်။ သို့သော် အ တိုက်အခံများနှင့် ကိုယ်တွေ့ကြုံ သူများက သေဆုံးဒဏ်ရာရ စာ ရင်းသည် သည့်ထက်ပိုသည်ဟု အစဉ်အဆက် ပြောကြားခဲ့ကြ သည်။ စာအုပ်ပါ အရေအတွက် သည် အခင်းဖြစ်ပြီး တစ်နှစ်အ ကြာတွင် ထုတ်ဝေသည့် အတိုက်အခံ အင်အားစုတစ်ခုဖြစ်သော ‘‘ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ’’၏  ဒီပဲ ယင်းအစီရင်ခံစာပါ သေဆုံးသူ ၂၈၂ ဦးဆိုသည့် စာရင်းနှင့် ယှဉ် ပါက အလွန်အမင်းကွာခြားနေ သည်။ မည်သည့် ကိန်းဂဏန်းက မှန်ကန်ကြောင်း ယခုအချိန်အထိ   ပြည်သူများ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
နောက်ထပ်အငြင်းပွားစရာ အရေးအသားတစ်ခုမှာ ‘‘ဒီပဲယင်း ရုန်းရင်းဆန်ခတ်မှု’’ တစ်ခန်းလုံး တွင် ‘‘ဒေါ်အောင်ဆန်းစုကြည်’’ ၏ အမည်ကို ‘‘ဒေါ်စုကြည်’’ ဟု သာသုံးနှုန်းခဲ့သည်။
နိုင်ငံရေးအယူအဆ မတူ ညီမှုကြောင့်ဖြစ်စေ၊ အခြားအခြေ အနေတစ်ခုခုကြောင့်ဖြစ်စေ လူ တစ်ဦး၏ အမည်ကို ဖျက်လို ဖျက်ဆီး ပြုလုပ်ခြင်းသည် လူ့အ ဖွဲ့အစည်းအတွင်း ရှက်စရာကိစ္စ တစ်ခုဖြစ်ကြောင်းကို သွားလေသူ စစ်ဗိုလ်ချုပ်ကြီး မသိရှိခြင်းလား (သို့မဟုတ်) စာရေးဆရာက မသိရှိခြင်းလား (သို့မဟုတ်) အခြား ရည်ရွယ်ချက်တစ်ခုရှိခြင်းလား တော့ ရှင်းရှင်းလင်းလင်း မသိရ။
သို့သော်လည်း ရှေ့ပိုင်းစာ မျက်နှာများတွင် အမည်အပြည့် အစုံကို သုံးခဲ့သော်လည်း ယင်းအ ခန်းတွင် ‘‘ဒေါ်စုကြည်’’ ဟုသာ အကြိမ်ကြိမ် သုံးနှုန်းခဲ့သည်။
ကမ္ဘာ့အရှည်ကြာဆုံး ပြည် တွင်းစစ်ဖြစ်ပွားနေသည့် တိုင်း ပြည်တွင် စစ်သားဖြစ်ခဲ့ရသည့် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ အတ္ထုပ္ပတ္တိ သည် နိုင်ငံ၏ အခြားစစ်ဗိုလ်ချုပ် ကြီးများ၏ အတ္ထုပ္ပတ္တိစာအုပ်များ နည်းတူပင် တော်လှန်ပုန်ကန်ကြ သည့် တိုင်းရင်းသားလက်နက် ကိုင်များအကြောင်း ဖော်ပြထား သည်။
အရာရှိငယ်ဘ၀တွင် တိုက် ပွဲများနှင့်     နပန်းလုံးခဲ့ရသည့် ဗကပ၊ ကေအိုင်အေ၊ ကေအင်န်ယူစသည့် လက်နက်ကိုင်တပ်ဖွဲ့ များကို သူက သောင်းကျန်းသူဟု သာ သုံးနှုန်းထားသည်။ တိုက်ပွဲဝင်အတွေ့အကြုံများ ရေးသားရာတွင်လက်ရှိအချိန်၌ အစိုးရနှင့် ဆက်ဆံရေးကောင်းများ   ရနေသည့် ကေအင်န်ယူနှင့်ပတ်သက်ပြီး အတော်ကလေး  သတိထားရေးသားထားသော်လည်း ကေအိုင်အေကိုမူ ဉာဏ်များသည့် ရန်သူအဖြစ် ရေးသားထားသည်။
‘‘ကေအင်န်ယူနှင့် တိုက်ခိုက် ရသည်မှာ အတော်ကလေးခက် သည်။ ဗကပတို့၊ ကေအိုင်အေတို့ တိုက်ရတာနှင့်မတူ။ အစားအ သောက်လည်း ရှားသည်။ တောင် ကုန်းတောင်တန်းတွေ မမြင့်သော် လည်း အတက်အဆင်းများသည်။ သူတို့က ကျွန်တော်တို့ကို အငိုက် ဖမ်းပြီးမှ ၀င်တိုက်တတ်သည်။ ကေအိုင်အေနှင့် ကွာခြားသည့် အချက်မှာ ထိုအချက်ဖြစ်သည်။ ကေအိုင်အေက ဘယ်နေရာမှာ ဖြစ်ဖြစ် မိုင်းခွဲမည်။ မိုင်းထောင် မည်။ မည်သူပဲသေသေ သိပ်ဂရု မထား။ ကေအင်န်ယူကတော့ ထို သို့မဟုတ်။ သူ့လူမျိုးတွေ အထိ ခိုက်မခံ။ နစ်နာအောင် မပြု။ တပ် မတော်စစ်ကြောင်းတွေကိုပဲ ဒုက္ခ ကောင်းကောင်းပေးသည်။...’’ (စာ-၁၆၉ နှင့် ၁၇၀)
တပ်နှင့်ပတ်သက်ပြီး သူကြုံ တွေ့ရသည့် အဆိုးအကောင်းအ ကြောင်းအရာများကိုလည်း ရေး သားထားသည်။ တပ်ပြေးများ ကိစ္စ၊ ပေါ်တာဆွဲသည့် ကိစ္စများ၊ ကျဆုံးသွားသည့် တပ်မတော် သားများကို မြန်မာ့တပ်မတော် နှင့် အိမ်နီးချင်းတပ်မတော်များအ ကြား တန်ဖိုးထားပုံချင်း မတူညီမှု များအပါအ၀င် တပ်မတော်အ တွင်း ပြုပြင်သင့်သည့် ကိစ္စများကို လည်း ထည့်သွင်းရေးသားထား သည်။
သူ့မတိုင်မီ ၀န်ကြီးချုပ်အ ဖြစ် တာဝန်ထမ်းဆောင်နေရာမှ ဖယ်ရှားခံလိုက်ရပြီး အကျဉ်းချခံ ခဲ့ရသည့် ထောက်လှမ်းရေးခေါင်း ဆောင် ဗိုလ်ချုပ် ခင်ညွန့် အရေး ယူခံရစဉ် သူကြုံတွေ့ခဲ့ရသည် များကိုလည်း ရေးသားထားပြန် သည်။
‘‘တိုင်းပြည်အတွက် တကယ် နှမြောဖို့ ကောင်းတဲ့လူတွေ အများ ကြီး ဆုံးရှုံးသွားတယ်။ ဒီလူတွေကို တကယ်သာ ကိုင်တွယ်သွား နိုင် ခဲ့မယ်ဆိုရင် အင်မတန် ကောင်း သွားမှာပါ။ ငါ့လက်ထဲမှာသာ ဒီလိုလူတွေရှိလို့ကတော့ အခု လုပ်နိုင်နေတာတွေထက် အများ ကြီး ပိုလုပ်နိုင်မှာ။ အခုတော့ ၀န် ကြီးချုပ်က တာဝန်တွေများတဲ့အ ချိန်မှာ လှည့်မကြည့်နိုင်တာတွေ များတော့ ဖြစ်ချင်ရာဖြစ်သွား တယ်ထင်တယ်။ တစ်ယောက် ချင်းအတွက်ရော၊ တိုင်းပြည်အ တွက်ပါ စိတ်မကောင်းစရာပါ ကွာ’’ (စာ-၄၀၃)
ဝန်ထမ်းလောကအတွင်း ဖြစ်ပေါ်နေသည့် အကျင့်ပျက်ခြ စားမှုများ၊ ကသည်းသူပုန်များက ရန်ကုန်ဆိပ်ကမ်းမှ လက်နက် များကို ကွန်တိန်နာနှင့်ပင် သယ် ဆောင်နိုင်သည်အထိ လာဘ်ယူ ခဲ့ကြသည့် အကောက်ခွန်အရာရှိ များ၊ တပ်နှင့် အရပ်ဘက်သုံးစွဲရန် ကြိုးမဲ့ဆက်သွယ်ရေးစနစ်တစ်ခု စမ်းသပ်ရန် နိုင်ငံခြားမှ ဆက်သွယ်ရေးပစ္စည်းများကို အကောက် ခွန်အရာရှိများထံ လာဘ်ပေးပြီး သူ၏ တပည့်များအား တင်သွင်း ခိုင်းပုံများကိုလည်း ပွင့်ပွင့်လင်း လင်း ရေးသားထားသည်။
တိုင်းပြည်၏ ထိပ်ပိုင်းခေါင်း ဆောင်ဖြစ်လာချိန်တွင် လုပ် ဆောင်ရသည့် တာဝန်ဝတ္တရား များ၊ စာရင်းဇယားများ အချက် အလက်များ၊ တရားဥပဒေစိုးမိုး ရေးဆိုင်ရာ ကိစ္စများအပါအ၀င် အောက်ခြေမှ မမှန်မကန် တင်ပြ ခဲ့မှုများကြောင့် အခက်အခဲတွေ့ ရပုံများကိုလည်း ရေးသားထား သည်။ တပ်မတော်တွင် ကွယ်လွန် ချိန်အထိ နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ် ချုပ်ကြီး စိုးဝင်းက သူသည် စာ ဖတ်ဝါသနာပါပြီး နိုင်ငံရေးစာပေ များကို စိတ်ဝင်တစား ဖတ်ရှုလေ့ ရှိသူဖြစ်ကြောင်းလည်း ဆိုသည်။
တပ်မတော် ထိပ်ပိုင်းအရာ ရှိဖြစ်လာပြီး လုပ်ပိုင်ခွင့် ရချိန် တွင် အများအမြင် ရှင်းစေရန် စီး ပွားရေးသမားများနှင့် ခပ်ကင်း ကင်းနေရန် ကြိုးပမ်းခဲ့သည့်အ ကြောင်းများကိုလည်း ရေးသား ထားသည်။
‘‘စီးပွားရေးသမားများသည် အာဏာရှိ လူတန်းစားကို နည်း မျိုးစုံဖြင့် ဖျက်ဆီးရန် ကြိုးစားကြ သည်မှာ သဘာဝတစ်ခုလို ဖြစ် နေသည်’’ (စာ-၂၂၉)
အဆိုပါ စာအုပ်ထဲတွင် တပ် မတော်ထိပ်ပိုင်း ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဦးသန်းရွှေ၊ ဦး မောင်အေးတို့အပါအ၀င် စစ် ဘက်အရာရှိများနှင့် သူ့အကြား ဆက်ဆံရေး၊ အုပ်ချုပ်ရေးပိုင်းပါ တာဝန်ယူလာရချိန်တွင် စစ်သား တစ်ဦး၏ အရပ်ဘက်နှင့် ဆက် ဆံရာတွင် ကြုံတွေ့ရမှုများ ကို လည်း ရေးသားထားသည်။
ငယ်စဉ်အချိန်ကတည်းက မိခင်ရင်းဖြစ်သူ၏ အခြေအနေ တစ်ခုအရ စွန့်ပစ်မှုကြောင့် ရုပ် ရှင်ဆန်ဆန် ကွဲကွာသွားခဲ့ရ သည့် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် သူ ၏ အမြွှာညီဖြစ်သူတို့၏ အဖြစ် အပျက်မှစတင်ရေးသားထား သည့် စာမျက်နှာ ၆၆၆ မျက်နှာ ပါဝင်သည့် အဆိုပါ အတ္ထုပ္ပတ္တိ စာအုပ်၏ အဆုံးသတ်သည် အ ခြားစစ်ဗိုလ်ချုပ်ကြီးများနည်းတူ ဘုရား၊ တရား၊ သံဃာကိုသာ ကိုးကွယ်ယုံကြည်သည်ဆိုသည့် အရေးအသားဖြင့်သာ အဆုံး သတ်ခဲ့သည်။

သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲဆက်ဖြစ်ပွား အစိုးရတပ်မတော်ဘက် သေဆုံးမှု့များ 

 သျှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ရင်း ၆၄၁၊ ၇၆၆ နှင့် အစိုးရ တပ်မတော် ခလရ ၂၄၇ တို့ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း ရင်ဆိုင်တိုက်ပွဲများ ယနေ့ဆက်ဖြစ်ရာ အစိုးရတပ်မတော်ဘက် ၈ ဦးသေဆုံးသည်ဟု ဒေသအတွင်း သတင်း ရပ်ကွက်ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ့်ဝပ်အုပ်စု တာ့ဖါဆောင် ရွာ(တံတား - ယမန်နေ့ကဖြစ်ပွါးခဲ့သောတိုက်ပွဲ) တောင်ဘက် တမိုင်ခွဲအကွာ လွယ်ခေါ်ရွာ အနီး၌ ယနေ့(ဂျွန် ၂၇ ရက် ၂၀၁၄) နံနက် ၁၁.၃၀ နာရီ ၁၃.၃၀ နာရီခန့်အထိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်ဘက် ၈ ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရှိသည်ဟု ကျေးသီးမြို့အခြေစိုက် ခလရ ၁၃၁ တပ်ဆေးမှူး အသိုင်း အဝိုင်းက ပြောသည်။

“ကျနော်တို့က တာ့ဖါဆောင်တံတားစခန်းမှာ စစ်ကူသွားပေးမလို့လေ။ အဲဒီစစ်ကြောင်းက ကျနော်တို့ ဦးတည်သွားနေတဲ့ဘက်ကို လှည့်လာတော့ တိုက်ပွဲဖြစ်သွားတာ။ ကျနော်တို့ဘက်က တယောက်ဒဏ်ရာ ရတယ်။ သူတို့ဘက် လက်နက်ကြီးတွေ ၆၀ မမ၊ အမ်အေ ၇ တွေနဲ့ လျှောက်ထုပြီး တပ်ဆုတ်သွား တယ်။ ရန်ကုန် မန္တလေးဘက် ကျနော်တို့ ထိုးစစ်သွားဆင်နေ တာမဟုတ်ဘူး။ ဒီနေရာတွေက ကျနော်တို့ရဲ့မွေး မြေဘဲဗျာ၊ ကြိုက်တဲ့နေရာလူခွဲ၊ ကြိုက်တဲ့နေရာပြန်စု၊ တိုက်ချင်တဲ့နေရာတိုက်လို့ ရတယ်။ အထက် အမိန့်မရလို့ တွေ့တိုင်းမပစ်ရတာဘဲရှိတယ်။ တွေ့တိုင်းတာ ပစ်မိန့်ရှိရင်တော့လေ။ ” - ဟု ရှေ့တန်း ရောက် အရာရှိငယ်တဦးကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် သဘောတူညီချက်များ မလိုက် နာခြင်း၊ လူအင်အားဖြည့်ခြင်း၊ လက်နက်အင်အားဝယ်ယူ စုဆောင်းခြင်း၊ တပ်စခန်းများတိုးချခြင်းများ ပြုလုပ်နေသောကြောင့် ၎င်းတို့ အား တိုက်ခိုက် ရှင်းလင်းရန် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာန ချုပ် ရလခ တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်မှ တိုက်ရိုက်ညွှန်ကြား လာ သည်ဟု မိုင်းရှူးမြို့ တပ်အရာရှိ အသိုင်းအဝိုင်းကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရ တို့သည် ပြည်ထောင်စု အ ဆင့်ငြိမ်းချမ်းရေး လက်မှတ်ထိုးထားကြပြီးဖြစ်သည်။

သျှမ်းသံတော်ဆင့်

 


လယ်ယာမြေအငြင်းပွားမှုဖြင့် အရှိုချင်းတောင်သူ ၁၂ဦး ထောင်ဒဏ်ကျခံ ခဲ့ရာမှ လေးဦးပြန်လည်လွတ်မြောက်လာ

 ပြည်၊ ဇွန် ၂၇- လယ်ယာမြေပိုင် ဆိုင်မှုအငြင်းပွားရာမှ အမျိုးသား သယံဇာ တဖွံ့ဖြိုးတိုး တက်ရေး ကုမ္ပဏီ (NRDC)မှ တရားစွဲဆိုခဲ့သော ပဲခူး တိုင်း အနောက် ပိုင်းပန်းတောင်းမြို့ နယ် ကြာအင်းကျေးရွာမှ အရှိုချင်း တောင်သူ ၁၂ ဦးအား ပန်းတောင်း မြို့နယ်တရားရုံးမှ ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ဇွန်၂၆ရက် နံနက်ပိုင်း တွင် ပြည်မြို့အကျဉ်းထောင်မှ လေး ဦး ပြန်လည် လွတ်မြောက် ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တောင်သူ ၁၂ ဦးအား ပန်းတောင်းမြို့နယ်တရားရုံးမှ သစ် တော ဥပဒေများအရအနည်းဆုံးထောင် ဒဏ်ခြောက်လမှ သုံးနှစ်ထိ ထောင် ဒဏ်များချမှတ်ခဲ့ပြီး ထောင်ဒဏ် ခြောက်လစီချမှတ်ခံရသော တောင် သူလေးဦးမှာ အကျဉ်းထော င်တွင် လျှော့ရက်များဖြင့် လေးလကျော်နေ ခဲ့ရပြီး ပြစ်ဒဏ်မှပြန်လည်လွတ် မြောက်လာခဲ့ခြင်း ဖြစ်သည်။

''ကိုယ့်လယ်ကိုလဲ လာသိမ်း သေးတယ်။ လယ်သမားတွေကိုလဲ တရားစွဲပြီးထောင်ချ တယ်ဆိုတာ ဘယ်လိုမှမျှတမှုမရှိဘူး။ အခုကျွန် တော် တို့ထောင်ချခံခဲ့ရတယ်ဆိုပေ မယ့်အပြစ်ရှိတယ်လို့မ ယူဆဘူး''ဟု ပြန် လည်လွတ်မြောက်လာသူ ဆလိုင်း ဖိုးငွေက ပြောသည်။

ထိုကဲ့သို့ ပန်းတောင်း တရား ရုံးမှ တောင်သူများအား ပန်းတောင်း မြို့နယ်တရားရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်မှာနည်းသည်ဟု ဆိုကာ (NRDC)ကုမ္ပဏီမှ ပဲခူးတိုင်းတရား လွှတ်တော်သို့အယူခံဝင်ခဲ့ပြီး တရား လွှတ်တော်မှ အဆိုပါအယူခံအား လက်ခံခဲ့ပြီး မေ ၁၆ ရက်က ထောင် ဒဏ်ကျခံနေရသူများထံသို့ အသိ ပေးခဲ့ကြောင်း သိရသည်။

တောင်သူများဘက်မှလည်း ပန်းတောင်းမြို့နယ်တရားရုံးမှ စီရင် ချက်ချသော အမိန့်မှာမှားယွင်းကြောင်း နှင့် တောင်သူများ အားအပြီးအပြတ် လွှတ်ပေးရန် ပဲခူးတိုင်းတရားလွှတ် တော်တွင် လျှောက်လဲချက်ပေးသွား မည်ဟု တောင်သူများ၏ အကျိုးဆောင် ရှေ့နေဦးကျော်ဌေးက ပြောသည်။

''လယ်သမားတွေလုပ်ကိုင်နေတဲ့လယ်ပေါ်မှာ ကုမ္ပဏီကသူတို့ပိုင် တယ်ဆိုပြီး ဝင်ပြီးတော့ သစ်ပင်တွေ စိုက်တယ်။ ပိုင်ဆိုင် မှုတွေ လုပ်တယ် ဒီလယ်တွေ ကို တောင်သူတွေက သူ တို့ကိုရောင်းထားတာလဲမဟုတ်ဘူး။ နိုင်ငံတော်က ငှားထားတာ လဲ တောင် သူတွေဘယ်တုန်းကမှ မသိဘူး။ အဲဒါ ကြောင့် ကိုယ်လယ်ပေါ် ကိုယ်ထွန်ယက်စိုက်ပျိုးတာအပြစ်မရှိလို့ သူတို့ ကိုအပြီးအပြတ် လွှတ်ပေးသင့်တယ်'' ဟု ၎င်းကဆိုသည်။

ထောင်ဒဏ်ချမှတ်ခံရ သူတောင် သူများမှာ ဆလိုင်းမောင်လင်းအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်၊ ဆလိုင်းဖိုးကြာအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်ရှစ်လ၊ ဆလိုင်းစံပါယ် အပါအဝင် ခြောက်ဦး အားပုဒ်မ ၄၃ (က)အရ အလုပ်ကြမ်းနှင့် ထောင် ဒဏ်တစ်နှစ်နှင့် သုံးလအပြင် ပုဒ်မ ၄၀ (ဂ)အရအလုပ်ကြမ်းနှင့် ထောင် ဒဏ်ခြောက်လ စုစုပေါင်းတစ်နှစ်နှင့် ကိုးလထောင်ဒဏ် ချမှတ်ခဲ့ပြီး ဦးတင်လှ အပါအဝင်လေးဦးအား ၄၃(က)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခြောက်လချမှတ်ခဲ့ပြီး တရားစွဲ ဆိုခံရသူ ၁၃ ဦးအနက်မှ တစ်ဦး မှာ ပန်းတောင်းမြို့နယ်အချုပ်ခန်းအတွင်း သေဆုံးသွားသော ဆလိုင်းသန်းထွန်း ဖြစ်ကြောင်း ပန်းတောင်းမြို့နယ် တရားသူကြီး ဒေါ်နန်းမေ ယဉ်က အမိန့်ချသည့်နေ့ဖြစ်သော ဖေဖော်ဝါရီ ၁၈ ရက်က သတင်းထောက် များ၏ မေးမြန်းချက်ကို ဖြေကြားသည်။

တရားစွဲဆိုခံရသူတောင်သူ များနှင့် ကြာအင်းရွာသားများမှာ ယခင်ကိုလိုနီခေတ် မတိုင်မှီကတည်း က အဆိုပါကျေးရွာတွင် အခြေချနေ ထိုင်ခဲ့သော ဒေသခံ အရှိုချင်းတိုင်း ရင်းသား တောင်သူများဖြစ်ကြပြီး ၁၉၉၉-ခုနှစ် ညောင် ကိုင်းရေလှောင် တမံစီမံကိန်းကြောင့် ပထမအကြိမ် ကျေး ရွာတစ်ခု လုံး ပြောင်းရွှေ့ခံခဲ့ရ သည်။

၂၀၀၁-ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဦးတင်လှိုင်၊ ရန်ကုန်မြို့တော် ဝန်ဦးအောင် သိန်း လင်းတို့မှ ကိုယ် တိုင်လာရောက်၍ ဒေသ ခံတောင် သူများနစ်နာသည် ဆို၍ သက်ဆိုင် ရာဌာနအသီးသီးအား ခေါ်ယူညှိနှိုင်း ပြီး ရွာဟောင်းတွင်ပြန် လည်နေထိုင် ခွင့်၊ အစိုးရ စာသင်ကျောင်းထားရှိခွင့်၊ ၂၂ နှစ်ကြာ စိုက်ခင်း ပျက်ဖြစ် ခဲ့သော သစ်တောကြိုးဝိုင်းအတွင်း မြေခုနစ် ဧကစီ သတ်မှတ်ချ ထားပေးခြင်းခံခဲ့ ရသည်။

၂၀၀၈ခုနှစ် တွင် NRDC ကုမ္ပဏီ မှ ပုဂ္ဂလိကကျွန်းစိုက်ခင်း အတွက် ဒေသ ခံတောင် သူ များ လုပ်ကိုင်နေ သော လယ်ယာမြေ များပေါ်တွင် ကျွန်းပင် များစိုက်ပျိုးခြင်းကြောင့် ယခုကဲ့သို့ တောင်သူများတရားစွဲ ဆိုထောင်ဒဏ်ချ မှတ်ခံရခြင်းဖြစ် ကြောင်း သိရသည်။

[--Democracy today Daily Newspaper--]

Myanmar News Network

ရန်ကုန်ဘူတာကြီးစာသင်ဝိုင်း တားမြစ်ခံရ ပြီး ကလေးငယ် (၁၁) ဦး အိမ်ခြေမဲ့အဖြစ်ဖမ်းဆီး ခံခဲ့ရ

 လမ်းဘေး စာသင်ဝိုင်း®®®သိပ်ကောင်းတဲ့ နာမည်လေး•••

အခြေနေ အမ် ိဳ းမ် ိဳးကြောင့် မိဘကမဲ့ ပညာကမတက် အလုပ်တွေ

ကြုံ ရာလုပ်ရင်း ကလေးသူငယ် အခွင့်အရေးမဲ့ ရှင်သန်နေတဲ့ ဘဝ

  လေးတွေ ဒါကို ပညာဒါနပြု နေကြတဲ့ လမ်းဘေးစာသင်ဝိုင်း•••

အခြေမဲ့ ရှင်းလင်းရေးစီမံချ က်နဲ့ ဆယ့်တစ်ယောက် ထိန်းသိမ်းခံရ

တော့ ပရဟိတ လူငယ်တွေမှာ မိဘတွေအလား ပြာယာခတ်လို့ 

ကိုယ်လည်းမနေနို င် ကူညီဖို့ သွားမိတော့ မြင်ကွင်းက မသက်သာ

  မြန်မာနို င်ငံတဲ့ ဗျာ•••

  နောင်တော်ဖြစ်သူနဲ့ နှစ်ပါးသား စိတ်ကမကောင်း နောင်တော့်

ခမြာ သူ့ ကျောင်းသားပါ မသိပ်နို င်သေးလို့ စာသင်ပြီးပြန်လွှတ်

ချိန်မှာ ဖြစ်သွားလို့ အာမခံလေးပေးပါပေါ့။ကိုယ်လည်းဝိုင်းပြော

အဲ့ဒီတော့ တာဝန်ရှိသူက ခုနှစ်ယောက်တော့ ပြန်လွှတ်ပေးပါ့မယ်

ဒါပေမယ့်

ရဲစခန်း ထောက်ခံစာ

ရပ်ကျေးထောက်ခံစာ

  ကျောင်းထိုင်ကိုယ်တိုင်ကြီးလာနေရက်နဲ့

ကျောင်းထိုင် ထောက်ခံစာ

  ထောက်ခံစာ

ေ ထာက္ခံစာ စာ စာ စာ စာ ~~~~~~

လုပ်ဖို့ ပြန်လာ ကျောင်းတက်ဖို့ ပြေးရင်း နေ့ ဆွမ်းလေးအမှီပေါ့

  ပြေးရင်းလွှားရင်း ~~~

  ခေါင်းထဲပေါ်လာတာက ထို့ ကြောင့် မြန်မာနို င်ငံဟု ခေါ်ပါသည်။

  မေတ္တာစိတ်တို့ ဖြင့်
  အရှင်ဝေပုလ္လ
ေ ကျးဇူးပြု၍

ကူညီနို င်သူများ ရှိပါက လမ်းဘေးစာသင်ဝိုင်းလေးကို ကူညီပေး

ကြပါနော်။

အမျိုးစောင့်တယ်ဆိုတဲ့ 969နာမည်ခံ ဆိုင်


 အမျိုးစောင့်တယ် ဆိုတာ

အမျိုးစောင့်တယ် ဆိုတာ ၉၆၉ ဆိုင်း
ဘုတ်တင်ထားယုံနဲ့ fb ပေါ်မှာ ကိုယ့်
နာမည်ကို မျိုးချစ် တို့ ဘာသူရဲကောင်း
ညာသူရဲကောင်း တို့ ပြောယုံနဲ့ အမျိုးစောင့်တယ် မျိုးချစ်တယ်လို့ မဆိုနိုင်
ပါဘူး။
အဲလိုလူမျိုးတွေဟာ များသောအားဖြင့်
သူများပါးစပ်ဖျားမှာပဲ လမ်းဆုံးနေတဲ့
fb မျိုးချစ်ပဲဖြစ်မှာပါ။

တကယ် အမျိုးစောင့်တယ်ဆိုတာက
အသွေးထဲ အသားထဲ နှလုံးသားထဲ
DNA ထဲက စောင့်ရတာပါ။
အဲဒါမှ တကယ့် အမျိုးစောင့်ဖြစ်မှာပါ။

ကိုယ့်ရပ်ကွက် ကိုယ့်မြို့ရွာ မှာ ယဉ်ကျေးလိမ္မာသင်တန်းတခုတောင်
ဦးစီးပြီးမဖွင့်နိုင်ပဲနဲ့တော့ ဖင်ကုန်းအော်
နေလည်း တကယ့်မျိုးချစ်ဖြစ်လာမှာ
မဟုတ်ပါဘူး။



သပိတ် ခင်

ယနေ.ညမြင်တွေ.ရတဲ့မန္တလေးမြို.က ပန်းပျိုးသူတို.လမ်းဘေးကစာသင်ဝိုင်း

                                              သတင်းဓါတ်ပုံ- Malon Mandalay

 မန္တလေးမြို.ရှိလမ်းဆုံမီးပျွိင့်များတွင်ပန်းရောင်းချလျှက်ရှိကြသောကလေးငယ်များ
အတွက်ရည်ရွယ်ဖွင့်လှစ်သောပန်းပျိုးသူများအခမဲ့စာသင်ဝိုင်းကိုစာသင်ကြားပေးလိုသူများ
နှင့် ကူညီပန်းရောင်းပေးလိုသူများ၊ အဖက်ဖက်မှပူးပေါင်းဆောင်ရွက်လိုသူများအနေဖြင့်
၆၆-လမ်း၂၆-၂၇ လမ်းကြား၊ ရွှေပြည်မိုးလဘက်ရည်ဆိုင်သို.လာရောက် ပူးပေါင်း
ပါဝင်နိုင်ကြပါကြောင်း သတင်းရရှိပါသည်။


 ကိုဝမ်း 09-402773282
မနှင်းဆီ 09-401563127
ကုမျိုးကြီး 09-2011888
ကိုရဲကြီး 09-2037427
ကိုထွဋ် 09-402761961
ကိုလွင် 09-43102224
မောင်လူပျော် 09-402577143
ကိုမော်လေး09-5178877
သို.ဆက်သွယ်ပါဝင်နိုင်ကြပါသည်။

မကွေးကိုယ်စားလှယ်လောင်းတွေအကြောင်း စရဖနဲ့ အထူးသတင်းတပ်ဖွဲ့ စုံစမ်းနေ 

  လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ မကွေးတိုင်း ဒေသကြီးအတွင်း လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၂ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်း စာရင်းတွေကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့နဲ့ အထူးသတင်းတပ်ဖွဲ့က လိုက်လံ စုံစမ်းနေကြောင်း နိုင်ငံရေး ပါတီတွေက ဒီကနေ့ ပြောကြားပါတယ်။

မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ မကွေးတိုင်းအတွင်းက နိုင်ငံရေးပါတီတွေ ဒီနေ့ တွေ့ဆုံစဉ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက တင်ပြခဲ့တာဖြစ်ကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။

"တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကတော့ ထောက်လှမ်းရေးက တချို့ပါတီတွေကို ဘယ်ကိုယ်စားလှယ်တွေ ဝင်ပြိုင်မလဲဆိုတာကို စရဖနဲ့ SP တို့က မေးမြန်းနေတာနဲ့ ပတ်သက်ပြီးတော့ ဒါတွေကို ကော်မရှင်ကတဲ့ ပါတီတွေကို ထိန်းကျောင်းရုံတင်မကပဲနဲ့ ဒီလိုမျိုးဥပဒေပြင်ပကနေ မေးမြန်းမှုတွေကိုလည်း တားမြစ်ပေးဖို့ တာဝန်ရှိတယ်လို့ အဲလိုပြောတာကို တိုင်းကော်မရှင်က ပြန်ပြောတာကတော့ ဒါတွေကို ပါတီတွေက ကိုယ်ပေးချင်ပေးနိုင်တယ်၊ မပေးချင်လည်း မပေးပဲနေနိုင်တယ်၊ မိမိပါတီရဲ့ ဆုံးဖြတ်ချက်နဲ့သာလျှင် ဆိုင်တယ်လို့ တိုင်းကော်မရှင်ဥက္ကဌက ပြန်ဖြေတယ်"

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆန္ဒရှင်တွေကို အသိပညာပေးတဲ့ လုပ်ငန်းတွေဆောင်ရွက်ဖို့၊ တည်ဆဲရွေးကောက်ပွဲ ဥပဒေတွေကို လိုက်နာကြဖို့ မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက နိုင်ငံရေးပါတီတွေကို ခေါ်ယူအသိပေးတာဖြစ်တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲကို မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကြည်စိန်နဲ့ အဖွဲ့ဝင်တွေ၊ တိုင်းအတွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့ပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မကွေးတိုင်းဒေသကြီးက ကမ္မနဲ့ ရေနံချောင်းမြို့နယ်တွေမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ လစ်လပ်နေပါတယ်။

RFA Burmese

ရဲအရာရှိ ၄၀၃ ဦးကို လာဘ်စားလို့ အရေးယူပြီ 

 လာဘ်စားခဲ့တဲ့ ရဲအရာရှိ ၄၀၃ ဦးကို အဂတိလိုက်စားမှု အပါအဝင် တည်ဆဲ ဥပဒေတွေအရ အရေးယူထားတယ်လို့ ပြည်ထဲ ရေးဝန်ကြီးဌာနက တရားဝင် ပြောဆိုလိုက်ပါတယ်။ ရဲတပ်သား ၂၀၀ ကျော်ကိုလည်း အရေးယူထားပါတယ်။ ဒါဟာ နှစ်နှစ်ကျော်ကာလမှာ အရေးယူထားတဲ့ ဦးရေဖြစ်ပါတယ်။

လောင်းကစား ပပျောက်ရေး၊ အနှိပ်ခန်းနဲ့ ကာရာအိုကေဆိုင်တွေ ပပျောက်ရေး လုပ်ငန်းစဉ်တွေမှာ လာဘ်စားလို့ အရေးယူခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောပါတယ်။

ရဲအရာရှိ ၄၀၃ ဦး၊ ရဲတပ်သား ၂၁၂ ဦးနဲ့ ပြည်ထဲရေးဝန်ထမ်း ၆၀၀ ကျော်ကို အရေးယူခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ် ကနေ ၂၀၁၄ ခုနှစ် အထိ အရေးယူထားတဲ့ စာရင်းဖြစ်ပါတယ်။

ဇွန်လ ၂၇ ရက်တွင် ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မြန်မာနိုင်ငံမှာ မူးယစ်ဆေး၊ လောင်းကစား၊ ကေတီဗွီနဲ့ အနှိပ်ခန်းတွေကို စစ်ဆေးအရေး ယူတာတွေနဲ့ ပတ်သက်လို့ မေးမြန်းတာကို ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည် ဖြေကြားခဲ့တာပါ။

မူးယစ်ဆေးဝါး ရောင်းဝယ်တာ၊ လောင်းကစား လုပ်တာ၊ ကေတီဗွီနဲ့ အနှိပ်ခန်းတွေကို စီမံချက်နဲ့ ဖမ်းတဲ့ အချိန်မှာ ခေတ္တရပ်နေပေမယ့် ဖမ်းဆီးမှုမရှိတဲ့ အချိန်မှာတော့ ပုံမှန်အတိုင်း လုပ်ကိုင် နေကြတယ်လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

အဲဒါကတော့ လျှို့ဝှက်နည်းလမ်း မျိုးစုံနဲ့ ကြိုတင် သက်သေခံ အထောက်အထား ဖျက်ဆီးတာ၊ တိမ်းရှောင်တာတွေ လုပ်တဲ့အတွက် ဖမ်းဖို့ ခက်ခဲနေတယ်လို့ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ရှင်းပြပါတယ်။

The Voice Weekly
လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးအား သာသနာရေး ဦးစီးဌာနက တရားစွဲဆိုထားသော အမှုတွင် တိုင်းသာသနာရေး ဦးစီးမှူးကို တရားလိုပြသက်သေအဖြစ် တာမွေတရားရုံး၌ စတင်စစ်ဆေး - See more at: http://www.news-eleven.com/local/%E1%80%9C%E1%80%94%E1%80%B9%E1%80%92%E1%80%94%E1%80%B9%E1%80%86%E1%80%9B%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%A5%E1%80%AE%E1%80%B8%E1%80%A5%E1%80%90%E1%81%B1%E1%80%9B-%E1%80%A1%E1%80%95%E1%80%AB%E1%80%A1%E1%81%80%E1%80%84%E1%80%B9-%E1%80%9E%E1%80%B6%E1%80%83%E1%80%AC%E1%80%84%E1%80%AB%E1%80%B8%E1%80%95%E1%80%AB%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%9E%E1%80%AC%E1%80%9E%E1%80%94%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8-%E1%80%A5%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%80-%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%85%E1%80%BC%E1%80%B2%E1%80%86%E1%80%AF%E1%80%AD%E1%80%91%E1%80%AC%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%80%99%E1%82%88%E1%80%90%E1%80%BC%E1%80%84%E1%80%B9#sthash.6TZdorFa.12RyIV9u.dpuf

နိုင်ငံနှင့်လူမျိုးအတွက် မည်သည့်မျက်နှာမှ ထောက်မည်မဟုတ်ဟု ဗိုလ်ချုပ်မောင်မောင်အုန်း ပြောကြား

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက အဆိုပြုထားသူ ဗိုလ်ချုပ်မောင်မောင်အုန်းက နိုင်ငံနှင့်လူမျိုးအတွက် ဘယ်သူ့မျက်နှာကိုမျှ ထောက်မည် မဟုတ်ကြောင်း ဇွန် ၂၆ ရက်က ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်လွှတ်တော်၏ တပ်မတော်သားကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားထားကြောင်းလည်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်သည် လတ်တလောတွင် ဒုတိယမြောက် အဆင်းရဲဆုံးပြည်နယ်တစ်ခု ဖြစ်နေသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရခိုင်တိုင်းရင်းသားပြည်သူများက ပါဝင်လက်တွဲဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များတွင် သန်း ၆၀ သော ပြည်သူများ၏မျက်နှာကိုသာ ကြည့်သွားမည် ဖြစ်ကြောင်းဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူများအား စတင်စာရင်းများ ကောက်ယူနေမှုများနှင့် ပတ်သက်၍ ၎င်းက ““နိုင်ငံသား ဖြစ်သင့်သူတစ်ယောက်ကို ပေးတာက ပြဿနာမရှိပါဘူး။ နိုင်ငံသား မဖြစ်သင့်သူတစ်ယောက်ကို ပေးလိုက်မယ်ဆိုရင် နိုင်ငံအတွက် အများကြီး နစ်နာပါတယ်။ အဲဒီအတွက် နိုင်ငံသား မပေးသင့်သူတွေကို တစ်ယောက်မှ ပေးလို့မရအောင် တိတိကျကျ စစ်ဆေးသွားမှာပါ””ဟု ဆိုသည်။
နိုင်ငံတကာအနေဖြင့်လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာများတွင် ရခိုင်တိုင်းရင်းသားများအပေါ် အမုန်းတရားများ ရှိနေသည့်ပုံစံဖြင့် ရှုမြင်နေကြပြီး ယင်းအချက်ကို လက်မခံနိုင်ကြောင်း၊ မိမိတို့ ရခိုင်တိုင်းရင်းသားများသည် နှစ်ပေါင်း ၅၀လောက် သည်းခံလာခဲ့ကြပြီး ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
ဇွန် ၂၅ ရက်က ရခိုင်ပြည်နယ်လွှတ်တော်တွင် ကျင်းပသည့် အရေးပေါ်အစည်းအဝေးတွင်လည်း ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားကို အသက်နှင့်လဲပြီး ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားများ၏ဆန္ဒကို ရှေ့တန်းမှာထားကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားခဲ့သည်။

မြန်မာပြည်တွင် ရပ်ရွာဒေသ အင်တာနက်နှင့်သတင်း စင်တာ များဖွင့်လှစ်ရန် တယ်လီနောမြန်မာ

 

မြန်မာပြည်တွင် ရပ်ရွာဒေသ အင်တာနက်နှင့်သတင်း စင်တာ များဖွင့်လှစ်ရန် တယ်လီနောမြန်မာ မှ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် မြန်မာ့အိုင်စီတီအဖွဲ့ (MIDO) နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာပြည်အတွက် စင်တာပေါင်း ၂၀၀ခန့် အတူတကွ ဖွင့်လှစ်သွားရန် ရည်ရွယ်ထားပြီး ပထမဆုံး စမ်းသပ်စင်တာ ၅ခုကို ယခုနှစ် ဆောင်းဦးပိုင်းတွင် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ထိုဌာနများမှာ ကျေးရွာများနှင့် ဖွံ့ဖြိုးမှုနည်းပါးသော နေရာများတွင် နေထိုင်သူများအား အင်တာနက်နှင့် မိုဘိုင်းအသုံးချနည်းများ ကို ပညာပေးဝေမျှသွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးများအား ဒစ်ဂျစ်တယ် အသုံးချတတ်မှုကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။ တယ်လီနောမြန်မာရဲ့ CEO ဖြစ်တဲ့ Petter Furberg နှင့် MIDO ရဲ့ Executive Direcotor ဖြစ်သော ဦးနေဘုန်းလတ်တို့ ဒီနေ့မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။
Telenor is one closer to launching its Community Information Centres in Myanmar by signing a partnership agreement with MIDO, the ICT development organisation. Together the companies will establish and run around 200 centres in Myanmar. The first five pilot centres will open this autumn. The centres will educate users of mobile services and Internet in rural areas and improve digital literacy through nationwide initiatives for schoolchildren. Today, Telenor Myanmar CEO Petter Furberg signed the partnership agreement with U Nay Phone Latt, Executive Director of MIDO at Telenor House

ပန်းပျိုးသူတို့ စေတနာ

                                                       ဓာတ်ပုံခိုင်မြဲ

မန္တလေးမြီု့ဆီဒီုးနာဟော်တယ်အနီး
ပညာရေးကိုချစိမြတ်နိုသောလူကြီးတွေက
ကလေးများအတွက်ပန်းကူရောင်းပေးပြီး
ပညာဒါနကုသိုလ်ယူ။၂၆လမ်း၂၇လမ်း၆၆လမ်း
ရွှေပြည်မိုးကဖေးမှာပန်းရောင်းပြီးပညာသင်
ကြားနေသောကလေးငယ်များကိုအခမဲ့စာ
သင်ဝိုင်လေးကို၂၅ရက်နေ့ကဖွင့်လိုက်ပါပြီ
ကလေးငယ်က၇၅ယောက်ပညာသင်ပြီးဆရာမ၂၀
ယောက်ကပညာသင်ပေးတယ်လို့သိရပြီးဝါ
သနာပါသူများ၊နှင့်စာသင်ကြားနေသောကလေး
များကိုယ်စာပန်းကူရောင်းပေးဖို့ကိုဖိတ်ခေါ်ပါတယ်

JJ Express စီးသူတစ်ယောက်၏ ပေးစာ

ကျမ JJ Express ကို Member အဖြစ်နဲ့စီးနင်းလာတာ ၁နှစ် ၃လလောက်ရှိပါပြီ၊၊လုံခြုံစိတ်ချမှုအတွက် ယုံကြည်မှုနဲ့အားပေးပြီး စီးနင်းခဲ့တာပါ၊၊
အပတ်စဉ် သောကြာနေ့ညနေတိုင်းနေပြည်တော်မှရန်ကုန် ၊တနဂနွေညနေတိုင်းရန်ကုန်မှနေပြည်တော်သို့စီးနင်းလိုက်ပါလေ့ရှိပါတယ်၊၊ယခင်က Express ပေါ်ရောက်ပြီဆိုတာနဲ့ ကျမမျက်စေ့မှိတ်ထားပြီးအိပ်ပျော်သွားလေ့ရှိပါတယ်၊၊ တခါတလေအိပ်ပျော်သွားလေ့ရှိပါတယ်၊၊ရာဇာမင်းယာဉ်တိမ်းမှောက်ပြီးနောက်ပိုင်းမှာ ကျမခရီးသွားချိန်အိပ်လေ့မရှိတော့ပါဘူး၊၊ (၁၃-၅-၁၄)နေ့ ကဆုန်လပြည့်နေ့၊ ညနေ ၅-၃၀ JJ Express နဲ့ရန်ကုန်မှနေပြည်တော်သို့ ကျမစီးနင်းလိုက်ပါလာခဲ့ပါတယ်၊၊ ကားဝန်းကထွက်ခါစမှာ ယာဉ်မောင်းကဖုန်းတခါပြောပါတယ်၊၊ယာဉ်မောင်းစဉ်ဖုန်းမပြောသင့်တာ ယာဉ်မောင်းတိုင်းသိပါတယ်၊၊ ကျမကိုယ်တိုင်ယာဉ်မောင်းနေစဉ်ဖုန်းပြောဖို့အင်မတန်စဉ်းစားပါတယ်၊၊အရေးကြီးခဲ့လျင်တခါတလေပြောမိပါတယ်၊၊ ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းစီးတဲ့ယာဉ်ပေါ်မှာ ကိုယ့်ကိုကိုယ်တာဝန်ယူနိုင်လို့ပြောတာပါ၊၊ Express ယာဉ်မောင်းများဟာ မိမိတစ်ဦးတည်းမဟုတ်ပါဘူး၊၊လူပေါင်း ၄၀ လောက်ရဲ့အသက်ကသူ့လက်ထဲမှာပါ၊၊ မြို့ထဲမှာဖြည်းဖြည်းမောင်းစဉ်ပြောတာပဲလေဆိုပြီး ကျမဖြေသိမ့်လိုက်ပါတယ်၊၊အမြန်လမ်းပေါ်ရောက်တော့ တစ်နာရီမိုင် ၁၀၀ နှုန်းနဲ့မောင်းနေစဉ် မိုင်တိုင် ၇၇ လောက်မှာ ယာဉ်မောင်းရဲ့ဖုန်းထပ်မြည်လာပါတယ်၊၊ ယာဉ်မောင်းက ခါးမှာချိတ်ထားတဲ့ဖုန်းအိတ်ထဲကနေ သူ့ဖုန်းကိုခက်ခက်ခဲခဲဆွဲထုတ်ပြီး ဖုန်းကိုသေချာစိုက်ကြည့်ပြီးမှ ဖုန်းပြောပါတယ်၊၊မိုင်က ၁၀၀ နှုန်းမောင်းနေစဉ် ဒီလိုအပြုအမူဟာ အင်မတန် အန်ဒရာယ်များလှပါတယ်၊၊
ကျမက ခုံနံပါတ် ၄ မှာမို့ ယာဉ်မောင်းရဲ့အပြုအမူကို ဖုန်းနဲ့ဓါတ်ပုံရိုက်ထားလိုက်ပါတယ်၊၊ သိပ်မကြာဘူး ၁၁၁မိုင်ရောက်တော့ ဖုန်းထပ်လာလို့ ထပ်ပြောနေပြန်ပါရော၊၊ ယာဉ်မောင်းရဲ့လုပ်ရပ်က ခရီးသွားတွေရဲ့အသက်ကသူနဲ့ ဘာမှမဆိုင်သလိုပါပဲ၊၊အဲဒီယာဉ်မောင်းရဲ့အမည်က ဇော်လင်းထွန်းပါ၊၊ ၁၁၅ မိုင်ကနေ နေပြည်တော်ဘက်အခြမ်းကိုမောင်းတဲ့ယာဉ်မောင်းက ကားမောင်းရင်းဖုန်းလာလို့တစ်ကြိမ်ပြောပါတယ်၊၊အဲဒီယာဉ်မောင်းကိုကျမ နာမည်မှတ်မထားမိခဲ့ပါဘူး၊၊ (၁၈-၅-၁၄) နေ့ညနေပိုင်း နေပြည်တော်ပြန်ရန် JJ ဂိတ်ရောက်တော့ လတ်မှတ်ရောင်းတဲ့ကောင်မလေးတွေက ကျမကိုအသက်အာမခံဝယ်မလားမေးရင်း အသက်အာမခံအကြောင်းရှင်းပြပါတယ်၊၊ ကျမကအသက်အာမခံရောင်းမည့်အရေးထက် ယာဉ်မောင်းများအန်ဒရာယ်ကင်းအောင်မောင်းနှင်စေရေးကို ဦးစားပေးသင့်ကြောင်းပြောပြီး ကဆုန်လပြည့်နေ့က ယာဉ်မောင်းအကြောင်း ဓါတ်ပုံနဲ့တကွပြသတိုင်ကြားခဲ့ပါတယ်၊၊ သူများထမင်းအိုးမခွဲချင်တဲ့အတွက် ယာဉ်မောင်းကို နောက်မလုပ်ရန်သာပြောပေးရန် ကျမပြောခဲ့ပါတယ်၊၊JJ တံဆိပ်ပါ အင်ကျီဝတ်ထားသူတစ်ဦးကိုယ်တိုင် စာရွက်နဲ့မှတ်ပြီး နောက်မဖြစ်စေရန်ပြောပါမယ်လို့ ကျမကိုပြောပါတယ်၊၊ အဲဒီနေ့က ကျမစီးရမယ့် ယာဉ်ရဲ့ယာဉ်မောင်းက ဇော်လင်းထွန်းပဲဖြစ်နေပြန်ပါတယ်၊၊ စီးသာစီးလာရတယ် သူ့ကိုတိုင်လို့ကျမကို ရန်ပြုမလားလို့စိုးရိမ်စိတ်ဝင်မိပါတယ်၊၊
အဲဒီနေ့ကတော့ ယာဉ်မောင်းဖုန်းမပြောပါဘူး၊၊ အဲဒီအတွက် ကျမဒီကိတ်စကို ခေါင်းထဲကထုတ်ထားခဲ့ပါတယ်၊၊ (၂၂-၆-၁၄) ညနေ ၅-၃၀ JJ Express နဲ့ နေပြည်တော်အပြန်လမ်းမှာ ယာဉ်မောင်း ဇော်လင်းထွန်းမောင်းတဲ့ ကားနဲ့စီးနင်းလာခဲ့ပါတယ်၊၊ ၁၁၀ မိုင်လောက်မှာဖုန်းလာပါတယ်၊၊ သူမပြောလောက်ဘူးလို့ထင်ထားပေမယ့် ဖုန်းပြောပါတယ်၊၊ ကျမကို နောက်ဒီလိုမဖြစ်စေရပါဘူးလို့ JJ ကတာဝန်ရှိသူက လွယ်လွယ်ပြောလိုက်ခြင်းဖြစ်သလို ယာဉ်မောင်းကလည်း ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတာ လက်တွေ့ပြလိုက်တာပါပဲ၊၊ ကျမ ကဆုန်လပြည့်နေ့က ရိုက်ထားတဲ့ပုံနဲ့အတူ တင်ပြလိုက်ပါတယ်၊၊ ဒီအတွက်နဲ့ ကျမကိုအငြိုးထားမယ်ဆိုလည်းရပါတယ်၊၊ ကျမနည်းတူ ခရီးသွားအားလုံးလည်း အန်ဒရာယ်ကင်းကင်းနဲ့ အချိန်တန်ရင်အိမ်ပြန်ရောက်ချင်ကြမှာပါ၊၊ဒါကြောင့် အများအတွက်ရှေးရှူပြီး အကြိမ်ကြိမ်စဉ်းစားပြီးမှ JJ Page မှာ ဒီ Post ကိုတင်လိုက်တာပါ၊၊ JJ Group အနေနဲ့ မိမိကိုယ်ကျိုးစီးပွားအတွက်သာမက ခရီးသွားပြည်သူတွေဘေးကင်းလုံခြုံရေးကိုပါထည့်သွင်းစဉ်းစားသင့်ပါကြောင်းပြောကြားလိုပါတယ်၊၊

ကျောက်မျက်တင်ဒါအောင်ပြီး ငွေမချေသူများတွင် တရုတ်နိုင်ငံသား အများဆုံးပါဝင်

          ကျောက်မျက်ကုန်သည်များ ကျောက်စိမ်းတွဲများကို ကြည့်ရှုနေစဉ် (ဓာတ်ပုံ − မိုးညို)


 ကျောက်မျက်ပြပွဲများတွင် ကျောက်စိမ်းကျောက်မျက်အတွဲများ တင်ဒါအောင်မြင်ပြီး ငွေပေးချေရန် ပျက်ကွက်သူများတွင် တရုတ် နိုင်ငံသား အများဆုံးဖြစ်၍ ၎င်းတို့ကို အမည်ပျက်စာရင်းသွင်းပြီး ပြပွဲဝင်ခွင့် ပိတ်ပင်ထားကြောင်း ပြပွဲကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌက ပြောသည်။
‘‘မြန်မာနဲ့ တရုတ်မှာ တရုတ်က အများဆုံးပဲ’’ဟု အဆိုပါ ဒုဥက္ကဋ္ဌက ပြောသည်။
ယခုနှစ်(၅၁)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ပြပွဲဝင်ခွင့်ပိတ်ခံထားရသည့် တရုတ်နိုင်ငံသား အရေအတွက်ကိုမူ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ ထုတ်ပြန်ပြောဆိုပေးခြင်းမရှိပေ။
 ‘‘အရေအတွက်ကိုတော့ ထုတ်ပြန်ပေးလို့မရပါဘူး’’ဟု မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း မှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။
ပြပွဲတွင် တင်ဒါအောင်မြင်ပြီး သတ်မှတ်ထားသည့် ငွေပမာဏ သွင်းမထားသောသူအား သတ်မှတ်ငွေ ၂၀ ရာခိုင်နှုန်းသာ ပေးသွင်းပါက ပွဲတက်ရောက်ခွင့် သုံးကြိမ်ပိတ်ပြီး ၁၀၀ ရာခိုင်နှုန်း မသွင်းထားသောသူအား ပွဲတက်ရောက်ခွင့် ၁၀ ကြိမ် ပိတ်လိုက် ကြောင်း အထက်ပါ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။
ငွေမသွင်းဘဲ ကျောက်စိမ်း ကျောက်မျက်အတွဲများ လာရောက်မယူဆောင်သဖြင့် သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာကုမ္ပဏီသို့ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ အမည်ပျက်စာရင်းသွင်းခြင်းအစီအစဉ်ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှ စတင်ပြီး ပြုလုပ်ခဲ့ရာ အမည်ပျက်စာရင်း တင်သွင်းခံရသူဦးရေ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း ပြပွဲသို့ လာရောက်သည့် ကျောက်မျက်ရတနာကုန်သည်အချို့က ခန့်မှန်း ပြောဆိုသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယခုပြုလုပ်နေသည့် (၅၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် (၈၇) ကြိမ် မြောက်ပြုလုပ်သည့် ပြပွဲလည်း ဖြစ်သည်။
တရုတ်ကုန်သည် အချို့က အများမပေးနိုင်သည့် အမြင့်ဆုံးဈေးကိုပေးပြီး ကျောက်မျက်ရရှိသွားပါက ကျန်ရှိသည့် ငွေကို ထပ်မံပေးသွင်းခြင်း မရှိတော့သဖြင့် အမှန်တကယ် ၀ယ်ယူမည့် မြန်မာကုန်သည်အချို့ နစ်နာမှုများလည်းရှိခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီးမှ ကျောက်မျက်ကုန်သည်တစ်ဦးကရှင်းပြသည်။

"ပန်းပျိုးသူများ စာသင်ဝိုင်း"

 

"ပန်းပျိုးသူများ စာသင်ဝိုင်း" ၂၅ ရက်နေ့က စဖွင့်တော့ .ဓာတ်ပုံသွားရိုက်ဖြစ်တယ်.ပန်းရောင်းတဲ့ကလေးတွေ
မနှင်းဆီ မီးစက်ကြီး ကိုအောင်စိုးဦး နဲ့ စာသင်ပေးမယ့် Volunteer တွေ..ပန်းကူရောင်းပေးမယ် Volunteer တွေ အားလုံး အပြုံးကိုယ်စီနဲ့တက်ကြွနေတာတွေ့မိတယ်...ညနေ ၅ နာရီခွဲလောက်ရောက်တော့ ကလေးတွေ ကျုံးဘေးမှာ ပန်းရောင်းနေတာဓာတ်ပုံရိုက်..ကလေးတွေ အားလုံး စာသင်ချိန်ရောက်တော့မယ့်ဆိုပြီး.. အုပ်စုလိုက်ကြီး ရွှေပြည်မိုးဘက်ပြန်သွားတော့
သူတို့နောက်ကလိုက်ပြီး ဘယ်လိုစာသင်ကြမှာလဲ ဆိုတာစိတ်ဝင်စားလို့ သေချာလေ့လာမိတယ်..မနှင်းဆီက ကလေးတွေ အတန်းအလိုက်လူတွေခွဲ..ဆရာတစ်ယောက်က ကလေးတွေကို လိုက်နာရမယ့်စည်းကမ်းတွေပြောပြနဲ့.. ပန်းပျိုးသူများ စာသင်ဝိုင်း စတင် အသက်ဝင်လာတယ်..
အရင် ၂၀၀၉ လောက်တုန်းကChild Project တစ်ခုမှ အလုပ်လုပ်တုန်းက
မြောက်ပြင်လူငယ်သင်တန်းကျောင်း ရွေကျင်အမျိုးသမီသက်မွေးကျောင်း လမ်း၃၀ အမျိုးသမီးကျောင်းတွေမှာ အက်တစ်ဗတီတွေလုပ်ရတော့..အခုလိုစာသင်ပေးတဲ့
NFE(Non Formal Education) ဆိုတဲ့ ကျောင်းပြင်ပသင်ကြားမှုတွေလုပ်ပေးခဲ့ဘူးတယ်. အဲ့တုန်းက ကျတော်တို့ အဖွဲ့ က ကျောင်းတွင်းက ကလေးတွေကို စာသင်ပေးတယ်.. YWCA WV ကတော့ DIC စင်တာတွေဖွင့်ပြီး Street Child တွေကိုလုပ်ပေးတယ်.. အဲ့ဒီလိုတွေလုပ်တော့
ကျောင်းတွင်းမှာသင်ရင်ကလေးတွေက ပြန်ရမယ့် စေ့လို့ပြန်သွားရင် ကျောင်းအပြင်ဘက်မှာလုပ်တဲ့အဖွဲ့တွေနဲ့ ချိတ်ပေးရတာတွေရှိတယ်.. NFE မှာ ပြသာနာတစ်ခုရှိတယ်..အဲ့ဒါက ကိုယ်တွေ စာသင်ပေးမယ့် ကလေးတွေက ၀င်ငွေတခုခုရမယ့်လုပ်ငန်းလုပ်နေရင်..အဲ့ဒီကလေးကို
စာသင်ပေးဖို့ သူတို့လုပ်နေတဲ့ လုပ်ငန်းကိုရပ်ခိုင်းမလား အဲ့ဒီအတွက်ပိုက်ဆံ ကြားထဲက
ကိုယ်တွေကပေးမလားဆိုတဲ့ ဇယားတခုရှိတယ်..ကလေးမိဘတိုင်း တော်တော်များများ
ကတော့ ကိုယ်ကလေးကို စာတတ်စေချင်ကြတဲ့သူ မိဘတွေချည်းပဲ..ဒါပေမယ့်
လက်ရှိသူတို့ မိသားစုရှင်သန်ဖို့ ကလေးတွေပါ ကူပြီး ရုန်းကန်နေရတော့ ..ရေရှည်ကျတော့ NFE သွားတက်ခိုင်းဖို့ အစဉ်မပြေသလို..လုပ်ပေးနေတဲ့ အဖွဲ့တွေက
လည်း ရေရှည် ပိုက်ဆံမပေးနိုင်တာတွေရှိတယ်..အဲဒါတွေက ၂၀၀၉ ၂၀၁၀ လောက်က
NFE သင်ရင်တွေရတဲ့ ပြသာနာတွေ ..ဒီနောက်ပိုင်း ၂၀၁၃ ၂၀၁၄ ကျတော့
Street children အပြင် Working Children တွေပါ များလာတော့ ..CSO သေးသေးလေးတွေပရဟိသ လူငယ်တွေ ပေါင်းပြီး အဲ့ကလေးတွေ စာသင်ပေးလာတာတွေ့ရတယ်..စစချင် သတိထားမိတာက ဘူတာကြီးနားက စာသင်ဝိုင်း ..အဲ့စာသင်ဝိုင်းလည်း အရမ်း
အောင်မြင်တယ်.. အခု ပန်းပျိုးသူများ စာသင်ဝိုင်း ကျတော့. Working Child တွေ
အတွက်လုပ်ပေးမယ်ကြားတော့ ..စစချင်း အံသြသွားတယ်.. အလုပ်လုပ်နေတဲ့
ကလေးတွေကို စာသင်ပေးရင် သူတို့အလုပ်လုပ်တဲ့ ၀င်ငွေကိုဘယ်လို ဘယ်နည်းနဲ့
ပေးမလဲဆိုတာ စိတ်ဝင်စားတယ်.. အဲဒါကြောင့်လည်း စဖွင့်တဲ့နေ့သွားပြီး ဓာတ်ပုံရိုက်ရင်း လေ့လာခဲ့တယ်..ကလေးတွေ စာသင်နေတဲ့ အချိန် ပန်းကူရောင်းမယ့် Volunteer တွေက ရောင်းမယ်ဆိုတဲ့ ဖြေရှင်းနည်းနဲ့ ဖြေရှင်းခဲ့တယ်..ကျတော်တို့ မြန်မာနိုင်ငံမှာ NGO INGO တွေက သင်တန်းတွေပေးရင် အာဖရိကမှာဖြစ်ခဲ့တာတွေ
နိုင်ငံတကာမှာဖြစ်ခဲ့တာတွေ အခြေခံပြီး သင်ရိုးဆွဲ သင်တန်ပေးကြတာများတယ်..
အခု ပန်ပျိုးသူများ လုပ်နေတဲ့ အက်တစ်ပတီ က ရေရှည်အချိန်တခုမှာအောင်မြင်လာရင်
Working Children တွေအတွက် NFE သင်ဖို့ သင်တန်းပေးရင် တန်ဖိုးရှိတဲ့
Role Model တခုဖြစ်လာနိုင်တယ်...အဲ့ဒီအတွက်လည်း ပန်းပျိုးသူများ စိုက်တဲ့
အပင်လေးတွေကနေ ပန်းပွင့်တွေနဲ့ လှပနေတဲ့ ဥယျာဉ်ကြီးဖြစ်လာစေဖို့
ဆုတောင်းပေးလိုက်ပါတယ်။
စာသင်ပေးမယ့် စေတနာရှင် ဆရာ/မ တွေရော၊ ပန်းကူရောင်းပေးမယ့်သူတွေရော
ထပ်မံလိုအပ်နေပါတယ်။သိလိုသည်များစုံစမ်းလိုပါက အောက်ပါ
ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မနှင်းဆီ- ဖုန်း ၀၉၄၀၁၅၆၃၁၂၇
ကိုထွဋ် ( မြန်မာ ) -ဖုန်း ၀၉၄၀၂၇၆၁၉၆၁
ကိုရဲကြီး - ဖုန်း ၀၉၂၀၃၇၄၂၇
ကိုဝမ်း - ၀၉၄၀၂၇၇၃၂၈၂
ကိုမျိုးကြီး- ၀၉၂၀၁၁၈၈၈ ။
အဘ စွာ
 
 

သံဃာငါးပါးနှင့်ပတ်သက်၍ တရားရုံးဆုံးဖြတ်ချက် ပြည်သူများကြား ဂယက်ရိုက်ဟု ဦးမင်းကိုနိုင်ပြော

 

ရန်ကုန်- တရားစွဲဆိုခံထားရသော သံဃာငါးပါးနှင့် ပတ်သက်၍ တရားရုံးဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံရေးနှင့် ပြည်သူများအကြား အနည်းနှင့်အများ ဂယက်ရိုက်နိုင်ကြောင်း တရားရုံးသို့ လာရောက်သော ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောသည်။
ဦးမင်းကိုနိုင်သည် ယနေ့သံဃာငါးပါး ဒုတိယရုံးချိန်းရှိသော တာမွေမြို့နယ်တရားရုံးသို့ ရောက်ရှိလာပြီး တရားခွင်တွင် မိနစ်သုံးဆယ်ကြာ တက်ရောက်ကာ အပြန်တွင် မီဒီယာများကို ပြောကြားသွားခြင်းဖြစ်သည်။
‘‘တရားရုံးက အခုမှ စတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော် ဝေဖန်ချက်ပေးဖို့က စောသေးတယ်။ ဒါပေမဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ အနည်းနဲ့အများတော့ မြန်မာ့နိုင်ငံရေးကို ဂယက်ရိုက်မယ်ဆိုတာတော့ ကျွန်တော်ကြိုပြောနိုင်တယ်ပေါ့။ တရားမျှတမှုမရှိခဲ့ဘူးဆိုရင် ပြည်သူလူထုရဲ့ တုံ့ပြန်မှု ဒကာဒကာမတွေရဲ့ တုံ့ပြန်မှု၊ သံဃာထုတွေရဲ့ တုံ့ပြန်မှုတွေကို မလွဲအသွေ ရင်ဆိုင်ရလိမ့်မယ်။ ဒါကြောင့် တရားမျှတအရ ဆုံးဖြတ်မှုကိုသာ ပြည်သူလူထုက လိုချင်တဲ့အကြောင်း ပြည်သူလူထုကိုယ်စား ကျွန်တော်ပြောချင်ပါတယ်’’ ဟု ဦးမင်းကိုနိုင်က ပြောသည်။
တရားစွဲဆိုခံသံဃာငါးပါးသည် နံနက် ၁၂ နာရီတွင် တရားရုံးသို့ ရောက်ရှိလာပြီး တရားရင်ဆိုင်နေသည်။

Android Version 4.3 ကို Root လုပ်စရာမလိုပဲ မြန်မာဖောင့် ထည့်သွင်းနည်း

ရန်ကုန်မြို့၌ ယခုနှစ် ငါးလအတွင်း ယာဉ်တိုက်မှုဖြစ်ပွားကာ ယာဉ်မောင်းထွက်ပြေး တိမ်းရှောင်ခဲ့သည့် အမှုပေါင်း ၃၅၀ ကျော်ရှိခဲ့ပြီး ၉၂ မှုမှ ကျူးလွန်သူများ လွတ်မြောက်နေဆဲဖြစ် 

ရန်ကုန်မြို့၌ ယခုနှစ်ငါးလအတွင်း ယာဉ်တိုက်မှုဖြစ်ပွားကာ ယာဉ်မောင်းထွက်ပြေး တိမ်းရှောင်ခဲ့သည့် အမှုပေါင်း ၃၅၀ ကျော်ရှိခဲ့ပြီး ၉၂ မှုမှ ကျူးလွန်သူများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၂၆ ရက်တွင် စုံစမ်းသိရသည်။
ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးခဲ့သည့် ကျူးလွန်သူများကို ဖမ်းဆီးရမိရန် နယ်မြေခံရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းဖော်ထုတ် ဖမ်းဆီးရေအဖွဲ့မှ စုံစမ်းဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိကြောင်းလည်း သိရသည်။
“ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ တစ်လကို ယာဉ်တိုက်မှုဖြစ်စဉ် ၂၀၀ ၀န်းကျင်လောက် ဖြစ်ပွားနေတယ်။ အခုဇွန်လ အတွင်းမှာလည်း နေ့စဉ်ယာဉ်တိုက်မှု အခြေအနေက တခြားလတွေထက် ယာဉ်တိုက်မှုနှုန်း လျော့ကျနေတာကို တွေ့ရတယ်။ ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာဆိုရင် ယာဉ်နံပါတ် သိလိုက်ရပြီး ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်နဲ့ ကားထားပြီး ထွက်ပြေးခဲ့တဲ့ ဖြစ်စဉ်တွေဆိုရင် ထွက်ပြေးခဲ့တဲ့ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ပါတယ်။ ဒါပေမဲ့ လူပြတ်တဲ့နေရာ ညဥ့်နက်တဲ့ အချိန်တွေမျိုးမှာဆိုရင် ထွက်ပြေးခဲ့တဲ့ ကျူးလွန်သူကို ဖမ်းဆီးရမိဖို့အတွက် အချိန်လည်းပေးရတယ်။ ဖော်ထုတ်ရမှုအပိုင်းလည်း အနည်းငယ် အခက်အခဲရှိပါတယ်။ ဒီလိုဖြစ်စဉ်တွေမှာ ပြည်သူတွေပါဝင်ကူညီဖို့ အရေးကြီးပါတယ်” ဟု အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ထိုသို့ စုံစမ်းဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း တချို့ဖြစ်စဉ်များမှ ကျူးလွန်သူများမှာ နှစ်အတော်ကြာသည်အထိ လွတ်မြောက်နေသူများ ရှိနေသေးကြောင်းလည်း စုံစမ်းသိရသည်။
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ ရန်ကုန်မြို့အတွင်း၌ ယာဉ်တိုက်မှု စုစုပေါင်း ၉၅၂ မှု ဖြစ်ပွားခဲ့ပြီး ကျား ၁၄၃ ဦး၊ မ ၂၅ ဦး သေဆုံးခဲ့ရကာ ၁၃၈၃ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။
အဆိုပါငါးလအတွင်း ယာဉ်တိုက်မှု ဖြစ်စဉ်များအနက် ၃၅၈ မှုမှ ကျူးလွန်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယင်းဖြစ်စဉ်များမှ ၂၆၆ မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ကျန်ရှိနေသည့် ၉၂ မှု ဖြစ်စဉ်မှ ကျူးလွန်သူများမှာ ယခုအချိန်အထိ ထွက်ပြေးလွှတ်မြောက် နေဆဲဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယရဲမှူးကြီး လင်းထွဋ်က “ဒီလိုတိုက်ပြေးအမှုတွေကို မြို့နယ်ရဲစခန်းတွေက နယ်ထိန်းတွေနဲ့ ပူးပေါင်းပြီးတော့ ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။ အပတ်စဉ်လည်း ဒီအမှုတွေနဲ့ပတ်သက်ပြီးတော့ အမှုပေါ်ပေါက်ဖို့အတွက် လိုအပ်တဲ့ ကြပ်မတ်မှုတွေနဲ့ စိစစ်သုံးသပ်မှုတွေကိုလည်း ပြုလုပ်နေပါတယ်” ဟု ပြောကြားသည်။
ဇွန် ၂၁ ရက် ည ၁၀ နာရီခွဲတွင် ၁၇၃ ပါရမီ ခရီးသည်ယာဉ်တစ်စီးမှာ သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားလမ်းအတိုင်း မောင်းနှင်လာစဉ် ရွှေသန်လျင် စားသောက်ဆိုင်ရှေ့အရောက် ယာဘက်ဘေးတွင် စက်ချို့ယွင်း၍ ရပ်ထားသော ယာဉ်အားတိမ်းရှောင် မောင်းနှင်စဉ် တခြားယာဉ်ကြောတစ်ဖက်သို့ ရောက်ရှိကာ လမ်းအမှန်တိုင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်တစ်စီးအား ၀င်ရောက်တိုက်မိခဲ့ပြီး ထွက်ပြေးမောင်းနှင်သွားကြောင်း သိရသည်။
ယင်းကဲ့သို့ ၀င်ရောက်တိုက်ခဲ့မှုကြောင့် နောက်ဆုံးနှစ် အင်ဂျင်နီယာ ကျောင်းသားနှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သက်ဆိုင်ရာမှ ထွက်ပြေးမောင်းနှင်သွားသော ခရီးသည်တင်ယာဉ်မောင်းအား ဖမ်းဆီးရမိကာ ယခုချိန်တွင် အာမခံပေးထားကြောင်း တရားလို၏ရှေ့နေထံမှ သိရသည်။


Eleven Media Group

 

ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာများ 

(Android ဖုန်းများအတွက်)

ဗုဒ္ဓဘာသာမှန်ရင်ဆောင်ထားသင့်ပါတယ်
ဘုရားရှိခိုးနည်းလည်းပါတယ်
https://www.dropbox.com/s/qqe8h5yg68oxagd/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%20%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%20%E1%80%9E%E1%80%AD%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%9B%E1%80%AC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8.apk

ဆယ်သိန်း?

လူ့ အသက်တချောင်းက ၁၀ သိန်းတဲ့လား
ကဲ မိတ်ဆွေ သင်ကော ငွေ ၁၀ သိန်းနဲ့ အသက် အသေခံဝံ့လား??
ဒီစာလေးကို ဖတ်ရ တော့ စိတ်တော်တော် မကောင်းဖြစ်မိတယ်
စာကတော့ 7 Day Daily က သတင်းလေးပါ သတင်းခေါင်းစဉ်က
'ကျဆုံးတပ်မတော်သားတစ်ဦးလျှင် အရာရှိ ကျပ်ဆယ်သိန်း၊ အခြားအဆင့် ကျပ်ရှစ်သိန်းနှုန်းဖြင့် ထောက်ပံ့ဟုဆို"
အာဏာရှင်ကို လူတွေ မုန်းတယ် မုန်းလိုက်စမ်းပါ ၊ အာဏာကို အသုံးချပြီးတော့
ကိုယ်ကျိုးစီးပွါးရှာတာ ရက်ရက်စက်စက်သာ မုန်းပစ်လိုက်ပါ
လောကမှာ ဘယ်အဖွဲ့အစည်းမဆို ကောင်းတာတွေနဲ့ မကောင်းတာတွေရှိကြ
တာဘဲ
ပြီးပြည့်စုံတဲ့ အဖွဲ့အစည်း ရယ်လို့ ဘယ်နေရာမှာ မှ မရှိဘူးဆိုတာတော့လက်ခံ
ရမယ်လို့ထင်မြင်မိတယ်
ဒီတော့ သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီး တွေးတောကြည့်ရအောင်
ဒီစာသားကို ရေးရတာလည်း ဘာနိုင်ငံရေးမှ မပါဘူး -- အမြင်ကို အမြင်
အတိုင်း အရှိကို အရှိအတိုင်းရေးတာပါ
လူတွေအားလုံး အာဏာရှင်ကို မုန်းတယ် မုန်းလိုက် ပါ-
အေးချမ်းမွန် လည်းမုန်းတယ် -- ဘယ်နေရာမှာ မဆို အာဏာ ကို အသုံးချတဲ့
လူတွေကို မုန်းတယ်
ဒါပေမယ့် -- အမြင်အနေနဲ့ ပြောရရင်တော့ တပ်မတော်ကို မမုန်းသင့်ဘူး
မကောင်းတဲ့လူတွေရှိရင် အဲဒီလူတွေကို မုန်းလိုက်ပါ---
တပ်မတော်ဆိုတာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဘဲ သမ္မတ
ဘဲ တက်တက် ဦးသိန်းစိန် သမ္မတ ဘဲ တက်တက် မိတ်ဆွေ သမ္မတ ဘဲ
တက်တက် တိုင်းပြည်ကာကွယ်ဘို့ ဆိုတာ တပ်မတော် တရပ်တည်ရှိနေရမှာပါ
ဒီတော့ စဉ်းစားကြည့် ကြရအောင်
တပ်မတော် သား အရာရှိ တယောက် ရှေ့တန်းစစ်မျက်နာပြင်မှာ ကျဆုံး
ရင် အမြင့်ဆုံး ၁၀ သိန်းတဲ့လား ???
တပ်မတော်သား အခြား အဆင့် ရှေ့တန်းစစ်မျက်နာပြင်မှာ ကျဆုံးရင်
အမြင့် ဆုံးး၈ သိန်းတဲ့လား
နိုင်ငံရေးအရ မည်သည့် အကြောင်းကြောင့် ဖြစ်နေသည်ဖြစ်ပါစေ
တပ်မတော်သား ဆိုတာ တက်လာတဲ့ အစိုးရက စေခိုင်းခြင်းခံရတဲ့ နိုင်ငံ
ကာကွယ်ရေးဝန်ထမ်းတယောက်ပါ
မိတ်ဆွေ သင့် ဆွေမျိုးသားချင်း ညီအကို မောင်နှမ အဖအမေ တယောက်
ယောက်များ ဒီလို ကျဆုံးတဲ့ တပ်တော်သား တယောက်များဖြစ်ခဲ့ရင် ကိုယ်
ချင်းစာ တရားလေးထားပြီး ဒီ ၁၀သိန်း လောက်နဲ့ အသက်တချောင်းကို
လဲနိုင်မှာလား တရားမျတသော စဉ်းစားတွေးခေါ်မှု နဲ့ စဉ်းစားပေးနိုင်ကြပါစေ
ဒီလိုပါ ဘဲ အတိုက်အခံ နိုင်ငံရေးပါတီဖြစ်ပါစေ လက်ရှိ အာဏာရပါတီဖြစ်ပါစေ
အမှန်တကယ် တပ်မတော်သားတယောက်ရဲ့ ဘ၀ကို နားလည်းခံစားပေးကြ
မယ်ဆိုရင်
ဒီလို တပ်တော်သား တယောက်ရဲ့ ဘ၀ အသက်စွန့်သွားရင် ၁၀ သိန်းဆိုတာ
ဖြစ်သင့်သလား
လူယောက်ရဲ့ အသက်ကို ၁၀သိန်းနဲ့ တန်ဘိုးမဖြတ်သင့်ပါ
နည်းပါးလွန်းသော တိုင်းပြည်အတွက် ပေးဆပ်ရသည့် အသက်တချောင်းတန်
ဘိုးငွေ ကို အမှန်တကယ် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်စွန့်လွတ်
သွား သော သူများကိုယ်စား စာနာရေးသားခြင်းဖြစ်ပါသည်
တကယ် ဆိုရင် ထိုက်ထိုက်တန်တန် ချီးမြောက်သင့်ပါကြောင်း နှင့်နိုင်ငံရေး
ပါတီအားလုံး အနေဖြင့်လည်း ဖြစ်သင့် ဖြစ်ထိုက်သည်များကို ကျောသားရင်
သား မခွဲခြားဘဲ ဖြစ်သင့်သောလူတယောက် အသက်တချောင်း ၏ တန်ဖိုးကို
ပြန်လည်သုံးသပ် ပြီး ဖြစ်သင့်ဖြစ်ထိုက်သော ချီးမြင့်ငွေ တရပ် ရရှိနိုင်ရေး
ဆောင်ရွတ်သင့်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်
  အေးချမ်းမွန်-

ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွား


                                                   ဓာတ်ပုံ- ကိုမျိုးမင်းဦး

ရန်ကုန်- ရန်ကုန်မြို့ ပြည်လမ်း ပြည်သူ့ရင်ပြင်ရှေ့တွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ကားရှစ်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။
ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတို့ရှေ့ ပြည်လမ်းဆူးလေဘက်သို့ သွားသော လမ်းမဘက်ခြမ်းတွင် လင်ခရူဆာဆိုက်ကနက်စ်ကားက ပွိုင့်မိ၍ရပ်နေသော ကားများကို ဆက်တိုက် တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုကားအပါအ၀င် အိမ်စီးကားခြောက်စီး၊ အငှားကားနှစ်စီး  စုစုပေါင်းရှစ်စီး ဆင့်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာမှ 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။
ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရှင်စောပုလမ်းနှင့် အလုံလမ်းကြား ပြည်လမ်းပိုင်းကို ၄၅ မိနစ်ခန့် ပိတ်ခဲ့ကာ ယခုအခါ လမ်းပြန်ဖွင့်လိုက်ပြီဖြစ်သည်။
ယာဉ်တိုက်မှုစတင်ဖြစ်ပွားခဲ့သော ဆိုက်ကနက်စ်ကားမောင်းသူကို ခေါ်ယူစစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။