Sunday, June 8, 2014

ဆင်းမ်ကတ် စရောင်းချိန်တွင် မြို့ကြီးများ၌သာ သုံးနိုင်မည်ဟု တယ်လီနောဆို

ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် တယ်လီနောက စက်တင်ဘာလတွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ပြီး စတင်ရောင်းချချိန်၌ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင်သာ သုံးစွဲနိုင်ဦးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။

“တာဝါတိုင်တွေ ပြီးလို့ ကွန်ရက် တဖြည်းဖြည်း ကျယ်ပြန့်လာတာနဲ့အမျှ သုံးနိုင်တဲ့ နေရာတွေ ပိုများလာမယ်။ အချိန်တော့ နည်းနည်းပေးရမယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကွန်ရက် ပိုမိုလွှမ်းခြုံနိုင်ရန် ငါးနှစ်အတွင်း တစ်နိုင်ငံလုံးတွင် တာဝါတိုင်ပေါင်း ၈၀၀၀ တည်ဆောက်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။

ဆင်းမ်ကတ်များ စတင်ရောင်းချချိန် စက်တင်ဘာလ မတိုင်မီတွင် တာဝါတိုင်ပေါင်း ၁၀၀၀ ပြီးစီးအောင် တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၂၄၀၀ ခန့် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် ၂၀၀၀၀ ခန့် တည်ဆောက်ရန် လိုအပ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝါတိုင် ၂၀၀၀ ခန့်သာ တည်ဆောက်ထားသောကြောင့် တစ်နိုင်ငံလုံးတွင် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ပြောဆိုနိုင်ရန် ၃ နှစ်မှ ၅ နှစ်အထိ အချိန်ယူရမည် ဖြစ်ကြောင်း သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အိန္ဒိယအခြေစိုက် Apollo Towers နှင့် စင်ကာပူအခြေစိုက် Irrawaddy Green Technology တို့ကို ရွေးချယ်ထားသည်။

“စရောင်းတဲ့အချိန်မှာ မြို့ကြီးတွေပဲ ရမယ်ဆိုတော့ ကျေးလက်ဒေသတွေမှာ နေတဲ့သူတွေ အတွက်ကတော့ ဘာမှမထူးပါဘူး။ စောင့်လက်စနဲ့ ဆက်စောင့်ရဦးမှာပေါ့။ လူတွေက အရမ်းမျှော်လင့်နေကြတော့ ဆင်းမ်ကတ် စရောင်းတာနဲ့ တစ်နိုင်ငံလုံး ရမယ် ထင်နေကြတာ” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

အခြားဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် အော်ရီဒူးကုမ္ပဏီကလည်း သြဂုတ်လ ဆင်းမ်ကတ်များ စတင်ရောင်းချချိန် မတိုင်မီ တာဝါတိုင် ၄၀၀ ခန့် အပြီး တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၁၀၀၀ ခန့် ပြီးစီးအောင် တည်ဆောက်မည်ဟု ဆိုထားသည်။

သတိထားစရာ တရုတ် ဆေးဘဲဥ
(တရုတ်ထွက် ပစ္စည်းတွေ ဘယ်လောက်ထိ
အန္တရယ်ကြီးနေပြီလဲ).............

ဆေးဘဲဥမှာ ဓာတု အဆိပ်ဖြစ်စေတယ် ဆိုတဲ့ တွေ့ရှိချက်ကြောင့် တရုတ်နိုင်ငံမှာ ဆေးဘဲဥ လုပ်တဲ့ ကုမ္ပဏီ
ပေါင်း ၃ဝ လောက်ဟာ ပိတ်သိမ်း ခံလိုက်ရပါတယ်။ ဒီအပြင် စုံစမ်း စစ်ဆေးမှုတွေလည်း လုပ်နေပါပြီ။

တရုတ်နိုင်ငံမှာက ဆေးဘဲဥဟာ အမည်နာမ အမျိုးမျိုးနဲ့ ခေတ်စားပါတယ်။ နှစ်တရာ ဆေးဘဲဥ၊ နှစ် တထောင်
ဆေး ဘဲဥ၊ နှစ်တသောင်း၊ တသန်း စတဲ့ အမည်နာမ အမျိုးမျိုးနဲ့ လူတွေကို စွဲဆောင် ရောင်းချနေတာပါ။

အထူးသဖြင့် နှစ်ရှည်ခံအောင် စီမံထားတဲ့ ဆေးဘဲဥဟာ ယောက်ျားတွေအတွက် အားတိုးဆေးလို့ ယုံကြည်သူ အလွန်များပါတယ်။

အခု တွေ့ရှိချက်မှာ ကြေးနီဆာလဖိတ်ဆိုတဲ့ ဓာတ်ဟာ ဆေးဘဲဥတွေမှာ ပါဝင်နေပြီး ဒါဟာ လူကို ဒုက္ခပေးစေတဲ့ ဓာတု အဆိပ်သင့်စေတာကြောင့် အသုံးပြုမှုကို တားမြစ် လိုက်တာဖြစ်တယ်လို့ smithsonian.com သတင်း တပုဒ် မှာ ဖော်ပြထားပါတယ်။

ပုံမှန်အားဖြင့် ဆေးဘဲဥ လုပ်တာမှာ ဆိုဒါ၊ ဆား စတဲ့ ပစ္စည်းတွေနဲ့ ၂ လလောက် စိမ်ထားပြီး စီမံကြတာလို့ ဆိုပါတယ်။

အခုဟာ က ကြေးနီဆာလဖိတ်ဓာတု ပစ္စည်း ပါဝင်မှုရှိတာတွေ့ရတယ်ဆို တာကြောင့် နှစ်စဉ် ဆေးဘဲဥ တန် ချိန် ၃ သိန်းလောက် ပုံမှန်ထုတ်လုပ်ဖြန့်ချိနေတဲ့ ကုမ္ပဏီတွေကို တားမြစ်ပိတ်ပင်လိုက်တာလို့ သိရပါတယ်။

တရုတ် အစိုးရ တာဝန်ရှိသူတယောက်ကတော့ ဆေးဘဲဥကို အများကြီး မစားဘူး ဆိုရင်တော့ အန္တရာယ် မဖြစ်စေနိုင်ပါဘူးလို့ South China Morning Post ကို ပြောထားပါတယ်။

မြန်မာနိုင်ငံမှာလည်း ဆေးဘဲဥ စားသုံးသူ များပြားလေတော့ သတိထားမိစေဖို့ ပြန်လည် ရေးသား ဖော်ပြပေး လိုက်တာပါ။

အိမ့်သံစဉ် ~

ဧရာဝတီ Facebook / ဧရာဝတီ Twitter

Emotion UI Fonts Installer(v1.1)
V1.0

Emotion UI ပါရှိသော ဖုန်းများဖြစ်သော
Huawei ဖုန်းအများစုတွင် Root Access မလိုပဲ မိမိနှစ်သက်သော
ဖောင့် Style ထည့်သွင်းနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။
မိမိ ဖုန်းတွင် Frozenkeyboard မပါရှိပါက Auto သွင်းပေး နိုင်အောင်ထည့်သွင်းထားသည်။
မိမိဖုန်းနှင့် Support မပေးပါက ထည့်သွင်းခွင့်ရှိမည်မဟုတ်ပါ။
မိမိဖုန်းနှင့် ကိုက်ညီသော Font ဟုတ်မဟုတ် စမ်းသပ်ပြီးမှထည့်သွင်းနိုင်အောင် စီမံပေးထားသည်။
ထည့်သွင်းရန် အညွန်း – - – -
မိမိဖုန်းအတွင်းထည့်သွင်းတော့မည်ဆိုပါက Install ကို နှိပ်လိုက်ပါ။
ပြီးရင် CUSTOMIZE CURRENT Theme ကိုနှိပ်ပါ။
Font Style ကိုရွေးချယ်ပါ။
မိမိထည့်သွင်းထားသော Font နာမည်ကို Apply လုပ်ပေးပါ။
အဆင်ပြေပါစေ။
ဒီ App ကို MMSD မှ Free အနေဖြင့် ရေးသားဖြန့်ဝေပေးလိုက်ပါတယ်။
https://play.google.com/store/apps/details?id=mmsd.phyochan.miuihuaweifonts

Telenor Myanmar က တော့ ဒီလို ကတိတွေနဲ့ မြန်မာ ပြည်သူ ပြည်သားတွေကို ဆွဲဆောင်နေပြီဗျာ ... ။

Sim Card 1 ကတ် ကို 1500 နဲ့ ရောင်းချမယ် ။
အဲ့ဒီ Sim Card တွေမှာ 2G နဲ့ 3G ရမယ် ။ ( မြန်မာ့ ဆက်သွယ်ရေးရဲ့ 4G ကြီးကတော့ ဘယ်ဆီ နေမှန်း မသိ )
2G ကွန်ယက် က ပုံမှန် အသုံးပြုနေချိန်မှာတောင် 100Kbps နဲ့ 150Kbps ရရှိပါမယ် တဲ့ ခင်ဗျာ .... ။ ( ပုံမှန် အသုံး ပြု ချိန်ဆိုတော့ ရုံးဖွင့်ချိန် ၊ အင်တာနက်အသုံးများချိန် နေ့ခင်း နေ့လည် ကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ် ။ ကျွန်တော်တို့ရဲ့ မြန်မာ့ဆက်သွယ်ရေး က ဖုန်းတွေကတော့ အဲ့အချိန် ကွန်နက်ရှင် ဘယ်လောက်ေ ကာင်းတယ် ဆိုတာ လက်ရှိ သုံးနေတဲ့ သူတွေ သိကျပါလိမ့်မယ် ... ။ GSM Sim Card ကိုင်ထားတဲ့ သူတွေ ကတော့ ... 100Kbps နဲ့ 150Kbps ဆိုတာတွေက ဘာတွေလဲလို့တောင် မေးရပါလိမ့်မယ်။)
3G သုံးနေရင်တော့ .. 700Kbps ကနေ 1Mbps ထိ ရှိနေပါမယ်တဲ့ဗျာ .. ။ ( မြန်မာနိုင်ငံမှာ အကောင်းဆုံး လိုင်းဆိုတဲ့ Fiber Connection မှာတောင် မရနိုင်သေးတဲ့ အနေအထားပါ ။ )
3G စနစ်နဲ့ အင်တာနက် သုံးတာ နည်းတဲ့ အချိန်မှာ ဆိုရင်တော့ ( ညဘက် ပေါ့ .... 4Mbps ကနေ 6Mbps ထိကို ရနိုင်ပါတယ် တဲ့ ခင်ဗျာ ... ။ )
ဘုရား ဘုရားးး ကျွန်တော် ကတော့ ဘုရားတမိပါတယ် ... ။ မြန်မာနိုင်ငံမှာ နေတာ ကြာလာတော့ ... အဲ့လို ကွန်နက်ရှင်ကို တကယ် မပြောနဲ့ အဲ့လို ကိန်း ဂဏန်းတွေ မြင်ရင်တောင် ရူးမတတ် ဘုရား တမိပါတယ် ဗျာ ... ။
တကယ် သာ သုံးမိလို့ကတော့ .. ချက်ခြင်း ရူးသွားမလားတောင် မသိပါဘူးး ။
သင့်တင့်မျှတသော ဈေးနှုန်း၊ ရိုးရှင်းသောဝန်ဆောင်မှုနှင့်
နေရာတိုင်းတွင်လွယ်လင့်တကူရရှိနိုင်ခြင်းဆိုတဲ့အချက် ၃ချက်ဖြင့် တယ်လီနောမြန်မာမှ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ် တဲ့ ခင်ဗျာ .... ။
အဲ့တော့ ... တကယ်လားးး ပုံပြင်လား ဆိုတာကတော့ .........
( ဆက်လက် ဖြန့်ဝေ ပေးကြပါဦး ခင်ဗျာ ... ။ )
Credit --> Telenor Myanmar

လူသာငယ် အစွယ်ကကြီး

ကျောင်းတစ်ကျောင်းတွင် ဆရာမတစ်ယောက်သည် (၁)တန်းကလေးနှစ်ယောက်ကို လက်ဆွဲပြီး ဒေါကြီးမောကြီးနဲ့ ကျောင်းအုပ်ဆရာမကြီးရုံးခန်းသို့ ၀င်လာသည်။
ဆရာမ>> ဆရာမကြီးရေ ဒီနှစ်ယောက်ပြဿနာရှင်းပေးပါဦး။

အထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးရုံးခန်းထဲထိရောက်အောင် ပြသနာဖြစ်တတ်သူများမှာ အထက်တန်းကျောင်းသားကြီးများနဲ့ အလယ်တန်း ကျောင်းသားတွေလောက်သာ ရှိရာ ယခုတွင် (၁)တန်းကလေးနှစ်ယောက်က မည်သို့ ပြသနာဖြစ်သည်ကို ကျောင်းအုပ်ကြီးလည်း တချက်တွေဝေပြီး စဉ်းစားလိုက်မိသည်။ ကလေးများမှာ အတော်လေးကိုလည်း ချစ်စရာကောင်းသည်ကို တွေ့နေရသဖြင့် ကျောင်းအုပ်ကြီးက ချိုသော မျက်နှထားဖြင့်-

အုပ်>> သားနဲ့သမီးဘာဖြစ်ကြတာတုန်း ဆရာမကြီးကို ပြောပါဦး

ဆရာမကြီးကမေးသောအခါ ကောင်မလေးက ရှက်သွားသလို အိုက်တင်လေးဖမ်းနေပြီး ကောင်လေးကတော့ ဘာမဆိုရင်ဆိုင်မယ်မျက်နှာပေးမျိုးနဲ့
ဆရာမကြီးကို ပြန်ကြည့်နေသည်။ ခဏတွင် ကောင်မလေးဆီက အသံတိုးတိုးလေးတစ်ခုတွက်လာသည်။ကောင်မလေးက ကောင်လေးလက်မောင်းလေးကိုကိုင်ပြီး

ကောင်မလေး>> မောင်! ပြောလိုက်လေတဲ့

နယ်စပ်တာဝန်ကျ တပ်မတော်သားများအတွက် ကျပ်သိန်း ၂၀ ကျော်ဖိုးလှူဒါန်း

မောင်တောနယ်စပ် တွင်တာဝန်ထမ်းဆောင်နေကြ သည့် တပ်မတော်သားများအတွက် မြန်မာနေရှင်နယ် Net W-ork အဖွဲ့က အလှူငွေနှင့် စားနပ်ရိက္ခာသိန်း ကျပ်၂၀ ကျော်ဖိုးကို ဇွန်လ ၇ ရက်က မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင်  လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
 အဆိုပါအဖွဲ့မှလှူဒါန်းပေး သည့် စားနပ်ရိက္ခာနှင့်အလှူငွေ များမှာ ပြည်သူများထောက်ပံ့ လှူဒါန်းထားခြင်းဖြစ်ပြီး စားနပ်ရိက္ခာ(၁၂)မျိုး တန်ဖိုးကျပ်၁၉ သိန်းနှင့်ငွေသား ကျပ်၁၀ သိန်းကို မြန်မာနေရှင်နယ် Net work အဖွဲ့ကသက်ဆိုင်ရာ တပ်ရင်းမှူးများထံသို့ပေးအပ်လှူဒါန်းခဲ့သည်။ ‘‘အခုလိုပြည်သူတွေရဲ့လုံခြုံရေးကို တာဝန်ယူပေးနေတဲ့တပ်ဖွဲ့ဝင်တွေကို အလှူပေးတာအရမ်းကောင်းပါတယ်။ အထူးသဖြင့် မောင်တောနယ်စပ်မှာ တာဝန်ထမ်းဆောင်နေတဲ့လုံခြုံရေးတပ်တွေကို ထောက်ပံ့ပေးတာဟာ နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက ကာကွယ်ရာရောက်ပါတယ်’’ ဟု မောင်တောမြို့ခံတစ်ဦးက ပြောကြားသည်။
 မောင်တောနယ်စပ်တွင် ၂၀၁၂ ဇွန်လ ၈ ရက်က ဆူပူအကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် နိုင်ငံတော်သမ္မတက အရေးပေါ်ကာလကြေညာကာတပ်မတော်သားများကို ရှေ့တန်းနယ်မြေအဖြစ် လုံခြုံရေးချပေးထားပြီး နယ်စပ်လုံခြုံရေးကိုနယ်ခြားစောင့်ရဲများနှင့်အတူ ပူးတွဲတာဝန်ထမ်းဆောင်စေလျက်ရှိသည်။

                                            ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁ ဒသမ ၇ သန်းရှိလာ

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူပေါင်း ၁ ဒသမ ၇ သန်းကျော်ရှိနေပြီဖြစ်ပြီး အသုံးပြုသူအမျိုးသားဦးရေမှာ အမျိုးသမီးဦးရေထက် နှစ်ဆပိုမိုများပြားကြောင်း သတင်းရရှိသည်။
ဖေ့စ်ဘွတ်ခ်တွင်ဖော်ပြသောညွှန်းကိန်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူပေါင်း တစ်သန်းခုနစ်သိန်းနှစ်သောင်းရှိနေပြီး အသုံးပြုသူများတွင်  အမျိုးသမီးဦးရေခြောက် သိန်းရှစ်သောင်းနှင့် အမျိုးသားဦး ရေ တစ်သန်းလေးသောင်းရှိနေ ကြောင်းသိရှိရသည်။
 လူပျို၊ အပျို (Single)အနေ ဖြင့်အသုံးပြုသူမှာ အမျိုးသားဦး ရေ တစ်သိန်းခြောက်သောင်းရှိပြီး အမျိုးသမီးဦးရေမှာတစ်သိန်းခန့် ရှိရာ အိမ်ထောင်သည် (Married) အဖြစ် စာရင်းသွင်းအသုံးပြုသူ စုစုပေါင်းကိုးသောင်းလေးထောင် ရှိပြီး အမျိုးသားမှာငါးသောင်းနှင့် အမျိုးသမီးမှာလေးသောင်းလေး ထောင်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။
  သမီးရည်စားရှိသူ (In a Re-lationship) အနေဖြင့်အသုံးပြု နေသူ ခုနစ်သောင်းနှစ်ထောင် ကျော်ရှိရာ အမျိုးသားသုံးသောင်း ရှစ်ထောင်နှင့်  အမျိုးသမီးသုံး သောင်းလေးထောင်အသုံးပြုနေ ပြီး စေ့စပ် (Engaged)ထားခြင်း အဖြစ်အသုံးပြုသူဦးရေမှာ ရှစ် ထောင်ခန့် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ အိမ်ထောင်ကွဲအဖြစ်  စာရင်းပေးသွင်းပြီး အသုံးပြုသူမှာမူ တစ်ထောင်ကျော်ရှိကြောင်း ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည့်ညွှန်ကိန်းများအရသိရသည်။
‘‘ဖေ့စ်ဘွတ်ခ်ကတော့ တစ် ယောက်တည်းကိုပဲ နှစ်ခု၊ သုံးခု ဖွင့်ထားတာတွေကရှိတယ်။ တချို့ကျတော့လည်း Single ဖြစ်ပြီးEngaged လုပ်ထားတာမျိုးတွေလည်းရှိတယ်။ သုံးစွဲတဲ့သူဦးရေနဲ့တော့ အတိအကျမဖြစ်နိုင်ဘူး’’ဟု ကွန်ပျူတာကျွမ်းကျင်သူ တစ်ဦးကပြောသည်။
လက်ရှိမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက  ရောင်းချပေးခဲ့ သည့် မိုဘိုင်းတယ်လီဖုန်းပေါင်း ရှစ်သန်းကျော်တွင် မေလအထိ စာရင်းများအရ အင်တာနက် လျှောက်ထားအသုံးပြုသူမှာ ၂ ဒသမ ၄ သန်းခန့်ရှိနေပြီဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။

တယ်လီနော၏ 3G အင်တာနက် အမြန်နှုန်း လက်ရှိ မိုဘိုင်းလ်ဖုန်းများထက် ၁၀ ဆခန့် ပိုမြန်မည်

တယ်လီနော၏ မိုဘိုင်းလ်ဖုန်း SIM Card
များတွင် တစ်ပါတည်း ပါဝင်လာမည့် 3G
မိုဘိုင်းလ် အင်တာနက် အမြန်နှုန်းသည်
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ရောင်းချ ပေးထားသည့် မိုဘိုင်းလ် ဖုန်းများတွင်

ရှိသည့် အင်တာနက် စနစ်ထက် ၁၀ ဆခန့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်း ဖြစ်သည့် 4 Mbps (Mega Byte per Second) မှ 6 Mbps အထိ ရရှိမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။
“3G အင်တာနက် စနစ်နဲ့ သုံးမယ်ဆိုရင် သုံးတဲ့သူတွေ အရမ်းကျပ်နေရင်တောင် 1Mbps လောက်ရမယ်။ သုံးတဲ့သူ နည်းတဲ့ အချိန်ဆိုရင် 4Mbps မှ 6Mbps လောက်အထိ ရမယ်” ဟု တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။
တယ်လီနော SIM Card ဝယ်ယူသူများ အနေနှင့် ကုန်ကျစရိတ် ပိုမိုသက်သာသည့် 2G အင်တာနက် စနစ်ဖြင့် သုံးစွဲပါက အသုံးပြုသူ များသော အချိန်တွင် 100 Kbps မှ 150 Kbps ထိ ရရှိနိုင်မည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်စနစ်ကို 512 Kbps အမြန်နှုန်းဖြင့် အင်တာနက် သုံးစွဲနေရသည်ကို အတိအကျ သိရှိရခြင်း မရှိဘဲ တစ်ခါတစ်ရံ 1Kbps (Kilo Byte per Second) အောက်အထိ ကျဆင်းမှုများ ရှိနေကြောင်း သုံးစွဲသူများထံမှ သိရှိရသည်။
ထို့အပြင် တယ်လီနော အနေနှင့် မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေပေါ် မူတည်၍ မကြာမီ ကာလများတွင် 46 LTE ဆက်သွယ်ရေးစနစ်နှင့် အင်တာနက် ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့ ဝန်ဆောင်မှု ပေးသွားရန် စီစဉ်နေကြောင်းလည်း တယ်လီနောမြန်မာထံမှ သိရှိရသည်။
မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲစေမည် ဆိုပါက သုံးစွဲသူ အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်အချင်းချင်း ဆက်သွယ်ရန် Fiber Cable များကို အမြန်ဆုံး ပြီးစီးစေရန် တပ်ဆင်သွားမည် ဖြစ်ပြီး Fiber Cable ဖြင့် ချိတ်ဆက် သုံးစွဲပါက ဆက်သွယ်မှု လိုင်းကောင်းမွန်မှု ပြဿနာကို စိတ်ပူရန် မလိုအပ်ကြောင်း တယ်လီနောမြန်မာထံမှ သိရှိရသည်။
“2G စနစ်နဲ့ သုံးရင် Gmail တို့ Facebook တို့ Youtube တို့ကို စိတ်ကြိုက် သုံးလို့ရမယ်။ 3G စနစ်နဲ့ သုံးရင်တော့ ပိုကောင်းတဲ့ ပိုမြန်တဲ့ အင်တာနက် အမြန်နှုန်း လိုအပ်တဲ့ Website တွေ နောက် Download ချတာတွေကို သုံးစွဲနိုင်မှာပေါ့။ နောက်ပြီး ကတိပေးနိုင်တာက အင်တာနက်သုံးလို့ ကုန်ကျစရိတ် ပိုများမှာကို စိုးရိမ်နေစရာ မလိုပါဘူး။ သက်သာတဲ့ ဈေးနှုန်းပဲ ဖြစ်စေရမယ်” ဟု Petter Furberg က ဆိုသည်။
မိုဘိုင်းလ် အင်တာနက်စနစ် ပိုမိုကောင်းမွန်စေရန် မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်မည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေနှင့် ကိုယ်ပိုင် အင်တာနက်လိုင်းများ ချိတ်ဆက်သွယ်တန်း လုပ်ကိုင်လိုပါက လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။
“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြုရတာတွေ အဆင်ပြေလာမယ်။ ဒါပေမဲ့ အားလုံး အပြိုင်အဆိုင် လုပ်ကြမှာ ဖြစ်တဲ့အတွက် သူတို့ချည်းပဲ ကောင်းလာမှာ မဟုတ်ပါဘူး။ အားလုံး ကောင်းလာမှာပါ။ ပိုကောင်းတဲ့ SIM Card ကိုတော့ ရွေးချယ် သုံးရမှာပေါ့” ဟု ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သူ ဦးရဲဝင့်အောင်က ဆိုသည်။

ဂီတစာဆို လွှမ်းပိုင် (Album Download Link)
-----------------------------------------------------

လွှမ်းပိုင်ရဲ့အသစ်ထွက် သီချင်း Album ဖြစ်တဲ့ 'ဂီတစာဆို လွှမ်းပိုင်" Original ခွေကို
ေေေ  နေရာဒေသအရအလွယ်တကူမ၀ယ်နိုင်တဲ့ သူတွေအတွက် Online ပေါ်ကနေ Freedownload ရယူနိုင်ကြစေဖို့ ဂီတစာဆို လွှမ်းပိုင် Album ကို Upload တင်ပေးလိုက်ပါတယ်။ သီချင်း ၁၆ ပုဒ်ပါဝင်ပါတယ်။ အောက်က link မှာ Download ရယူနိုင်ပါပြီ။

https://www.mediafire.com/?h13bcgany0tc8oj

D စာသားလေးကြိုက်တယ်...........

Good friends,
when they cannot pull you up,
they won't let you down.

ချင်းနှင့်ရခိုင်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက် ထက်ဝက်ကျော်ကျဆင်း

ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးပြည် နယ်နှစ်ခုဖြစ်သော ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တွင်တက္ကသိုလ် ဝင်တန်း  အောင်စာရင်းအောင် ချက်ရာခိုင်နှုန်း ယခင်နှစ်များက ထက် ထက်ဝက်ကျော်ကျဆင်း သွားကြောင်း သတင်းရရှိသည်။
၂၀၁၃-၁၄ ပညာသင်နှစ် တွင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးပြည် အဖြစ် သတ်မှတ်ထားသော ချင်း ပြည်နယ်ရှိ မြို့နယ်ကိုးမြို့နှင့် မြို့ နယ်ခွဲလေးခုတွင် တက္ကသိုလ်ဝင် တန်းဖြေဆိုသူ ကျောင်းသားဦးရေ ၉,၀၀၀ နီးပါးဖြေဆိုခဲ့ကြပြီး ၇၀၀ ကျော်သာ အောင်မြင်ကြောင်း ချင်းပြည်နယ် ပညာရေးရုံးမှ သတင်းရရှိသည်။
 မွန်ပြည်နယ်ကမူ အောင် ချက်အကောင်းဆုံး နေရာတွင် ဆက်လက်ရပ်တည်နေသည်။
 ချင်းပြည်နယ်တွင် ပြီးခဲ့ သည့်နှစ်က တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့ကာ ရာခိုင်နှုန်း အားဖြင့် ၁၆ ဒသမ ၅၂ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယခုနှစ်တွင် ဖြေ ဆိုအောင်မြင်နှုန်းမှာ ၈ ရာခိုင်နှုန်း ကျော်အထိရှိပြီး ယခင်နှစ်ထက် ထက်ဝက်ကျော်ကျဆင်းသွားခြင်း ဖြစ်သည်။
ထို့အတူ ပဋိပက္ခများဖြစ်ပွား ခဲ့ပြီး ဖွံ့ဖြိုးမှုဒုတိယအနိမ့်ကျဆုံး ပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်တွင်ယမန်နှစ်က တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၂၁ ရာခိုင်နှုန်းကျော်ရှိခဲ့သော်လည်းယခု နှစ်တွင် ၁၈ ရာခိုင်နှုန်းကျော်သို့ကျဆင်းသွားကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်း ပြီးခဲ့သည့်နှစ်က အောင် ချက် ၄၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ယခုနှစ်တွင် ဖြေဆိုသူအားလုံး၏ ၂၅ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ သည်။
‘‘အဓိက,ကတော့ ဒီနှစ်က တစ်နိုင်ငံလုံးမော်ရေးရှင်းဆိုတာမရှိတော့လို့ အောင်ချက်နည်း သွားတာဖြစ်တယ်။ အရင်နှစ်တွေ ကတော့ ပြည်နယ်နှင့် တိုင်းဒေသ တွေမှာက အောင်ချက်ကောင်း တယ်ဆိုတာက မော်ရေးရှင်းတွေ ကြောင့်ဖြစ်တယ်’’ဟု ပညာရေး မှူး ဦးလှစိန်ထွန်းက ပြောသည်။
 ရန်ကုန်တိုင်းကမူ အောင် ချက်မြင့်ပြီး   မန္တလေးတိုင်းက အောင်ချက်ကျဆင်းခဲ့သည်။
‘‘အောင်ရုံပဲဆိုပေမယ့် ကျေ နပ်ပါတယ်။ တစ်နှစ် တစ်နှစ် ပညာသင်စရိတ်က မနည်းဘူးလေ။ သူ့ကို စီးပွားရေးလမ်းကြောင်းတစ်ခုထဲ ထည့်ပေးရမှာပေါ့’’ ဟုအလုံမြို့နယ် အထက (၄) ကျောင်းတွင် အောင်စာရင်း လာကြည့်သည့်ကျောင်းသား ဖခင်တစ်ဦးက ပြောသည်။
 အခြေခံပညာဦးစီးဌာနအ လိုက် အောင်ချက်များအနေဖြင့် အမှတ် (၁) အခြေခံပညာ ဦးစီး ဌာနက အောင်ချက် ၃၆ ဒသမ ၀၉ ရာခိုင်နှုန်း၊ အမှတ် (၃) အ ခြေခံပညာဦးစီးဌာနက အောင် ချက် ၃၅ ဒသမ ၁၃ ရာခိုင်နှုန်း ရှိ ခဲ့ပြီး အမှတ် (၂) အခြေခံပညာ ဦးစီးဌာနက အောင်ချက်ရာခိုင် နှုန်း တွက်ချက်နေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
တစ်နိုင်ငံလုံးအောင်မြင်သူ အရေတွက်နှင့် အောင်ချက်ရာခိုင် နှုန်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန သို့ မေးမြန်းခဲ့သော်လည်း ပြန် လည်ဖြေကြားခြင်း မရှိပေ။
 တစ်နိုင်ငံလုံး၏ တက္ကသိုလ် ၀င် စာမေးပွဲအောင်ချက် ရာခိုင် နှုန်းများအနေဖြင့် ၂၀၁၀ ပြည့် နှစ် တွင် ၃၄ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်တွင် ၃၅ ဒသမ ၁၂ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၃၄ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၃၄ ဒသမ ၂၉ ရာခိုင် နှုန်းရှိခဲ့သည်။
  ယမန်နှစ်ကစာစစ်ဌာနပေါင်း ၁,၂၈၇ ခု ဖွင့်လှစ်ပေးခဲ့ကာ ဖြေဆိုသူ  ကျောင်းသားပေါင်း ခြောက်သိန်းနီးပါး ဖြေဆိုခဲ့သည်။
တစ်ခါသော် ရက်ကန်းသည်မ တစ်ယောက်သည် ရက်ကန်းစင် ဆောက်ရန်အတွက် မြေကိုတူးရာမှ ရွှေအိုးရသဖြင့် ရာဇ၀တ်သင့်မှာ ကြောက်သောကြောင့် ပြည့်ရှင်မင်းထံ လာရောက်အပ်နှံ၏။ အမတ်တို့လည်း မင်းကြီးကား ယခုအခါ ဂုဏ်တော်တစ်ထောင်ကို အဓိဋ္ဌာန်ဝင်နေသည် ဖြစ်သောကြောင့် အချိန်လင့်မည်ကို စိုးသည်နှင့် တစ်ဝက်ကို ပြည့်ဘဏ္ဍာအဖြစ် သိမ်းဆည်း၏။ ကျန်တစ်ဝက်ကို သင်အလိုရှိရာ သုံးလော့ဟု ဆင်းရဲသူမကို ပေးလေ၏။ မင်းကြီး အဓိဋ္ဌာန်မှထွက်သော် အသို့နည်းဟု မေးတော်မူရာ အကြောင်းစုံသိသည်နှင့် “အစ်ကိုတို့ ယောက်ျားကောင်းဟု ယုံမှတ်၍ မြို့လုံးအနှံ့ တစ်နေ့ကျင်းတစ်ထောင် တူးသော်လည်း ရွှေတစ်ပဲသားမျှ ရနိုင်လိမ့်မည်မဟုတ်။ ယခုသော်ကား သူ့ကံအလျောက် ရလေသည်ကို သိမ်းဆည်းခြင်းငှာမထိုက် ပြန်ပေးချေ” ဟု ဆုံးဖြတ်လေ၏။ ဤမင်းကား စစ်ကိုင်းစည်သူကျော်ထင်ဟု ရာဇ၀င်၌ ထင်ရှားသည်။ အင်းဝနှင့် စစ်ဖြစ်ရာ စစ်ပွဲအတွင်း ရမိလေသမျှ သုံ့ပန်းတို့ကို ကောင်းစွာပြုစု စောင့်ရှောက်၍ အနာမှသက်သာလျှင် သားမယားတို့ထံ ပြန်တော့ဟု ရိက္ခာပေး၍ အင်းဝသို့ချည်း ပို့စေသည်။ အမှူးအမတ်တို့က ရန်သူအားပေးရာ ရောက်တော့သည်ဟု ဆိုရာ” သူနှင့်နီး၍ သူ့ရိက္ခာစားပြီး သူ့ကျွန်ဖြစ်ရသည်။ ငါနှင့်နီးသော် ငါ့ကျွန်ဖြစ်ပေလိမ့်မည်။ နောင်စစ်ပွဲအတွင်း ဒဏ်ရာနှင့် ဖမ်းဆီးရမိလေသမျှ ကောင်းစွာစောင့်ရှောက်၍ သူ့သားမယားထံ ပြန်ပို့ပါ” ဟု အမိန့်တော် မှတ်လေသည်။ ဤမျှ စိတ်ကောင်းရှိသောကြောင့် ပြည်သူပြည်သားတို့က မင်းကြီးသက်တော်ရာကျော်ရှည်ပါစေဟု ဆုတောင်းခဲ့ကြကြောင်း ရာဇ၀င်၌ ဖတ်ခဲ့မှတ်ခဲ့ဖူးသည်။

ဤသည်ကား ရာဇ၀င်၌ ကျွန်တော်တွေ့ခဲ့ရသည့် လူကြီးလူကောင်းတစ်ယောက်၏ အကြောင်းဖြစ်ပါသည်။ လောက၌ လူကြီးဖြစ်တိုင်း လူကောင်းဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ လူကြီးလည်းဖြစ် လူကောင်းလည်းဖြစ်ပါမှ လူကြီးလူကောင်းဖြစ်နိုင်ကြောင်း ဤဖြစ်ရပ်က သာဓကပြ၏။ လောက၌ လူတိုင်း လူကြီးဖြစ်နိုင်၏။ သို့သော် လူကောင်းစိတ် မမွေးလျှင်မူ လူကြီးလူနုပ်သာ ဖြစ်နိုင်၏။ လူကြီးလူကောင်း မဖြစ်နိုင်ချေ။ သို့ဆိုလျှင် လူကြီးလူကောင်းဖြစ်ရန် ဘာတွေလိုအပ်သနည်း။

စင်စစ်သော် လူကြီးလူကောင်းဖြစ်ရန် လူကြီးလူကောင်းစိတ်မွေးရန်သာ လိုပါသည်။ ရာထူးဂုဏ်သိန်၊ ဥစ္စာဓန၊ အခြေအနေ အချိန်အခါ မလိုချေ။ ဥပမာတစ်ခု ပြပါဦးမည်။

တစ်ခါသော် အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဖြစ်ကြသော စစ်ပွဲတစ်ခု၌ နှစ်ဖက်တပ်တို့သည် အရပ်ဒေသတစ်ခု၌ ဆုံတွေ့၍ ပြင်းထန်စွာ တိုက်ခိုက်ကြ၏။ အင်္ဂလိပ် စစ်ဗိုလ်ကလေး တစ်ဦးသည် စစ်ပွဲကို ဦးဆောင်တိုက်ခိုက်နေရာမှ တစ်နေရာသို့ အရောက်တွင် သူ့လိုပင် စစ်ပွဲကို ဦးဆောင်တိုက်ခိုက်နေသော ရန်သူပြင်သစ်စစ်ဗိုလ်တစ်ဦးကို မြင်သည်နှင့် သူ၏မြင်းကို ဇက်လွှတ်၍ ဓားကိုဝင့်ကာ ထိုပြင်သစ်စစ်ဗိုလ်ရှိရာသို့ တိုးဝင်သွား၏။ ပြင်သစ်စစ်ဗိုလ်ကလည်း သူ့ကိုမြင်သည်နှင့် ဓားကိုအသင့်ပြင်ကာ မြင်းကိုဇက်သတ်လျက် စောင့်နေလေ၏။ အနီးအပါးသို့ရောက်၍ နှစ်ဦးရင်ဆိုင်တော့မည် ရှိခိုက်တွင်မှ အင်္ဂလိပ် စစ်ဗိုလ်ကလေးသည် သူ၏ရန်သူတော် ပြင်သစ်စစ်ဗိုလ်၏ အခြေအနေအမှန်ကို မြင်လိုက်ရတော့သည်။ သူမြင်လိုက်ရသည့် ပြင်သစ်စစ်ဗိုလ်တွင် လက်တစ်ဖက် မရှိတော့။ ဒဏ်ရာမှ ထွက်နေသော သွေးတို့ဖြင့် မြင်မကောင်းအောင်ပင် စိုရွှဲနေလေသည်။ ဒီတော့ အင်္ဂလိပ် စစ်ဗိုလ်ကလေး ဘာလုပ်သည် ထင်ပါသနည်း။ ချက်ချင်းပင် မြင်းကိုဇက်သတ်၍ ခုတ်မည်ဝင့်ထားသောဓားကိုရုပ်ကာ ထိုပြင်သစ်စစ်ဗိုလ်အား ထိုဓားဖြင့်ပင် အရိုအသေပေး အလေးပြုလိုက်ပြီးနောက် သူ့မြင်းကို နောက်ကြောင်းပြန်လှည့်၍ ထွက်ခွာသွားခဲ့သည်ဟု စာရေးဆရာ “နတ်မောက်ဘုန်းကျော်” ၏ ဆောင်းပါးတစ်ပုဒ်တွင် ကျွန်တော်ဖတ်ခဲ့ရစဉ် ကတည်းကပင် “လူကြီးလူကောင်း” ဟူသည် သည်လိုပါလားဟု အသိတရားတစ်ခု ရခဲ့ဖူးပါသည်။

“လူကြီးလူကောင်း” ဟု သတ်မှတ်ခံရသော လူတိုင်းတွင် မဖောက်မပြန် ရှိတတ်သော စိတ်တစ်ခုကား မိမိထက် အားနည်းသူတို့ အပေါ်၌ ညှာတာတတ်သော သဘောရှိ၏။ မိမိ အရှိန်အ၀ါ ဂုဏ်သြဇာကို မလျော်သောနေရာ၌ မသုံး။ အများအတွက် ကောင်းကျိုးရှိမည်ဟုထင်လျှင် မိမိဘ၀ကိုသော်မှ အဆုံးရှုံးခံရဲသော သတ္တိရှိ၏။ အထူးခြားဆုံး ရှိတတ်သော စွမ်းရည်ကား အမှန်တရားကို မြတ်နိုးခြင်းပင် ဖြစ်၏။

သက္ကရာဇ် ၇၀၀ ကျော်ကာလ ခေတ်တစ်ခေတ်တွင် ကြီးမားသော ပဒေသရာဇ် စစ်ပွဲကြီးတစ်ခုကို မြန်မာဘုရင် ‘မင်းခေါင်’ နှင့် မွန်ဘုရင် ‘ရာဇာဓိရာဇ်’ တို့ တိုက်ခိုက်ခဲ့ကြဖူးသည်ဟု ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကိုဖတ်၍ သိခဲ့ရဖူး၏။

ထိုပဒေသရာဇ်စစ်ပွဲ၌ လူအများလေးစား၍ ထင်ရှားသော၊ စစ်ခေါင်းဆောင် “လူကြီးလူကောင်း” တစ်ယောက် ပေါ်ထွန်းဖူး၏။ ထိုသူကား ‘လဂွန်းအိမ်’ ပင်တည်း။ သာမန်တပ်သားဘ၀မှ ပြည့်ရှင်မင်း၏ လက်ရုံးသဖွယ် အားကိုးခံရထိုက်သူ ဖြစ်လောက်အောင် သူရသတ္တိနှင့် အလွန်ပင်ပြည့်စုံ၏။ အထူးသဖြင့် ချီးမွမ်းအပ်သော စွမ်းရည်ကား အမျိုးချစ်စိတ်နှင့် အမှန်တရားကို ချစ်မြတ်နိုးခြင်းပင် ဖြစ်သည်။
“လူကြီးလူကောင်း” ဟု သတ်မှတ်ခံရသော လူတိုင်းတွင် မဖောက်မပြန် ရှိတတ်သော စိတ်တစ်ခုကား မိမိထက် အားနည်းသူတို့ အပေါ်၌ ညှာတာတတ်သော သဘောရှိ၏။ မိမိ အရှိန်အ၀ါ ဂုဏ်သြဇာကို မလျော်သောနေရာ၌ မသုံး။ အများအတွက် ကောင်းကျိုးရှိမည်ဟုထင်လျှင် မိမိဘ၀ကိုသော်မှ အဆုံးရှုံးခံရဲသော သတ္တိရှိ၏။ အထူးခြားဆုံး ရှိတတ်သော စွမ်းရည်ကား အမှန်တရားကို မြတ်နိုးခြင်းပင် ဖြစ်၏ . . . . .
တစ်ကြိမ်သော် မြန်မာဘုရင် “မင်းခေါင်” သည် အောက်ပြည်သို့စုန်ဆင်း၍ တပ်အလုံးအရင်းနှင့် စစ်ပြုသော်လည်း နိုင်လောက်အောင် အရေးမသာသည့်အပြင် မျိုးရိက္ခာလည်းကုန်၊ တိုက်သမျှ တိုက်ပွဲတိုင်းနီးပါးလည်း ရှုံးဖန်များလှသဖြင့် “မွန်မင်းကို စစ်နိုင်မည့်အရေးသည် ခက်လှချည့်” ဟု ညီနောင်နှစ်ပါး ချစ်ကြည်စွာဖြင့် ရဟန်းရှင်လူ ပြည်သူတို့၏ အကျိုးစီးပွားကိုမျှော်၍ စစ်ကိုပြေငြိမ်းကြရန် အရေးဆိုလာ၏။ ရာဇာဓိရာဇ်လည်း ကောင်းပြီဟုဝန်ခံ၍ ဥပါယ်တံမျဉ်ဖြင့် မနက်ဖြန် “ပန်းကျော်ချောင်း” ၌ သင်တို့ မြန်မာအမတ်သုံးဆယ်နှင့် ငါတို့ မွန်အမတ်သုံးဆယ်တို့ အညီအညွတ် သစ္စာဆို၏။ အရှင်နှစ်ပါးကို ကန်တော့ရမည်ဟု ဆိုပြီးနောက် “ပန်းကျော်ချောင်း” သဲသောင်ပြင်၌ ဓားလက်နက်တို့ကို ၀ှက်စေ၍ သစ္စာဆိုပွဲ၌ မြန်မာအမတ်တို့ကို လုပ်ကြံရန် စီမံ၏။

သစ္စာဆိုပွဲ ကျင်းပမည့်နေ့တွင် မွန်အမတ် သုံးဆယ်နှင့် မြန်မာအမတ် သုံးဆယ်တို့လည်း အတူယှဉ်၍ ပန်းကျော်ချောင်းသို့ ဆင်းရာတွင် မြန်မာအမတ်သတိုးနှင့် လဂွန်းအိမ်တို့အတူ ယှဉ်၍ကျ၏။ သစ္စာဆိုရန် သွားသည့်လမ်းတွင် သတိုးက လဂွန်းအိမ်ကို ယခုပြုမည့် သစ္စာဆိုပွဲသည် အမှန်အကန် ဟုတ်ပါရဲ့လားဟုမေးရာ နဂိုကတည်းက အရှင်သခင်၏ မမှန်မကန် လုပ်ရပ်အပေါ် မကြည်မလင်ဖြစ်နေသည့် လဂွန်းအိမ်က “ဟယ်အရူး စစ်အတွင်း၌ နင့်ကို ငါရလည်းသတ်မည့်၊ ငါ့ကို နင်ရလည်းသတ်မည့် စစ်အတွင်း သစ္စာမှန်ဖူးသလော” ဟု ဆိုလေသဖြင့် မြန်မာတို့လည်း သစ္စာဆိုပွဲကိုဖျက်၍ ပြန်လေသည်။ ရာဇာဓိရာဇ်လည်း ငါ့အကြံကို မည်သူဖျက်သနည်း မေးရာ။ လဂွန်းအိမ်ဖျက်၍ ပျက်ရကြောင်း သိသည်နှင့် အမျက်ထွက်လှသဖြင့် ဒင်းကို အပေါင်အလက်ဖျက်၍ သတ်စေ” ဟု အဲမွန်ဒဟာကို အပ်လေသည်။

အမတ်ဒိန်နှင့် ဗိုလ်မင်းမြတ်တို့လည်း “ရန်သူကား နီးလှချေသည်။ ယခု သူ့ကိုသတ်သော် ရန်သူတို့ အားရ၀မ်းသာ ရှိချေတော့မည်။ မေးမြန်းပြီး သတ်သင့်မှသာ သေပါစေ။ ယခု မေးပါရစေဦး” ဆိုမှ ရာဇာဓိရာဇ်လည်း တိတ်တိတ်နေ၏။ “လဂွန်းအိမ်” ကို သူသတ်တို့ လက်မှထုတ်၍ ဗိုလ်မင်းမြတ်က မေးသည်ရှိသော် လဂွန်းအိမ်ကလည်း စိတ်ထဲရှိသည့်အတိုင်း “မြန်မာတို့သည် စစ်လည်းပန်းပြီး မျိုးရိက္ခာလည်းကုန်၍ ပြန်ကြတော့မည်ရှိသည်ကို နောက်မှလိုက်၍တိုက်လျှင် နိုင်နိုင်ပါလျက် ယခုခေတ် အကောက်ကြံရန် အနိုင်အထက် ပြုမည်ကြံသည်။ နောင်သော် သားစဉ်မြေးဆက် ဤအမှုကို အကြောင်းပြု၍ မွန်တို့သည် စဉ်းလဲစွာဖြင့် မြန်မာတို့ကို အနိုင်ယူဟု အမျိုးဂုဏ်ထိပါး၍ အကဲ့ရဲ့ခံရမည်ကို  စိုးသောကြောင့် ပျက်အောင်ဖျက်သည်” ဟုဆိုရာ စကားသင့်လှသဖြင့် သတ်မည့်အရေးကို ဆိုင်းငံ့ထားလိုက်ရလေသည်။

ဤနေရာ၌ လဂွန်းအိမ်သည် ပဒေသရာဇ် မင်းတစ်ပါးကိုပင်လျှင် မမှန်ဟုထင်လျှင် အသက်စွန့်၍ လမ်းဖြောင့်ပေးနိုင်သော သတ္တိကား ရှားမှရှားဟု ဆိုရလောက်ပါသည်။ စစ်သားဟုဆိုသော်ငြား စစ်ပွဲအတွင်းမှာ အမိန့်နာခံ၍ အသက်စွန့်ပြီး တိုက်ပွဲဝင်ခြင်းကား သူ၏တာဝန်နှင့် ပတ်သက်၍ မှန်ကန်သော ရပ်တည်ချက်ဟု ဆိုနိုင်သော်လည်း တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ဆိုရာတွင်မူ ဤသတ္တိမျှလောက်နှင့် မပြီး။ မှန်ရာကို အသက်စွန့်၍ ရပ်တည်ကာကွယ်သွားနိုင်မှသာလျှင် မျိုးချစ်သူရဲကောင်း ဖြစ်နိုင်၏။ “လဂွန်းအိမ်” ကဲ့သို့ “လူကြီးလူကောင်း” စိတ်မွေး၍ တိုင်းပြည်နှင့် လူမျိုးကိုချစ်တတ်သော စစ်သားတွေ ကျွန်တော်တို့နိုင်ငံမှာ အများအပြား ရှိစေချင်တာ ကျွန်တော့်ရဲ့ ဆန္ဒပါ။ ရှိလည်း ရှိစေချင်ပါတယ်။ ရှိဖို့လည်း လိုအပ်ပါတယ်။ ရှိနိုင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်။

လူကြီးလူကောင်းစိတ်မွေး၍ တိုင်းပြည်ကို ချစ်တတ်ကြပါစေ။
- See more at: http://news-eleven.com/opinion/%E1%80%9C%E1%80%B0%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%9C%E1%80%B0%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%81%BE%E1%80%80%E1%80%B1%E1%80%85%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9#sthash.aBcX2u4z.dpuf

အွန်လိုင်းရည်းစားကို အပြင်မှာတွေ့လိုက်ရသောကြောင့် လေးထပ်မှ ခုန်ချသတ်သေသွား

ငါကတော့ နင့်ကို အရမ်းလှတယ်ထင်ထားတာ ငါအတော်အသုံးမကျတဲ့ကောင်ပဲ။ ဘာလို့ လဲဆိုတော့ ပြင်ထားတဲ့ ဓာတ်ပုံထဲမှာတွေ့ ရတဲ့  နင့်ကို သိပ်ချောတယ်လို့  ထင်ထားခဲ့တာကိုး 

အထက်ပါစကားများကို ပြောကြားခဲ့သူကတော့ စင်ကာပူက မက်အန်ထော်နီဆိုသူဖြစ်ပါသည်။ သူနှင့်အချိန်ကြာစွာ ဖေ့စ်ဘွတ်မှာ အွန်လိုင်းရည်စားဖြစ်နေသော မိန်းကလေးကို ဈေးဝယ်စင်တာတစ်ခုမှာ လွန်ခဲ့သောနှစ်ရက်ခန့်က သူကဆုံခဲ့ပါသည်။
အန်ထော်နီ၏ ရည်းစားက ဖေ့စ်ဘွတ်နှင့် တွစ်တာအွန်လိုင်းစာမျက်နှာမှာ နာမည်ကြီးတစ်ယောက်ဖြစ်သည်။ ထိုမိန်းကလေး၏ လှပသောဓာတ်ပုံများကြောင့် ကျော်ကြားပြီး အန်ထော်နီနှင့် အွန်လိုင်းမှတစ်ဆင့် ရည်းစားဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်က နေရာအလှမ်းဝေးသဖြင့် တရားဝင်ချစ်သူများဖြစ်သည့်တိုင်အောင် တစ်ယောက်နှင့်တစ်ယောက် အပြင်မှာ တော်တော်နှင့် မဆုံဖြစ်ကြ။ ထိုမိန်းကလေးက ၃၆၀ ကင်မရာကို အမြဲသုံးပြီး သူ့ဓာတ်ပုံများကိုလှပနေအောင် ဆွဲဆောင်မှုရှိအောင်လုပ်ထားကာ အွန်လိုင်းပေါ်က လူအတော်များများကို လှည့်စားထားသူဖြစ်သည်။  ထိုနည်းက လူတွေကို စိတ်ဝင်စား ဆွဲဆောင်သည့်နည်းဟု မိန်းကလေးကထင်သည်။ ထိုအထဲမှာမှ ကံဆိုးသူမောင်ရှင်က မက်အန်ထော်နီဖြစ်ပါသည်။
လေးလကြာအောင် အဝေးကနေ ချစ်သူတွေဖြစ်ကြပြီးနောက် နောက်ဆုံးမှာ လူချင်းတွေ့ခဲ့ကြ၏။ တွေ့ တွေ့ ချင်းသူ၏ အွန်လိုင်းရည်းစား၏ ပကတိမျက်နှာကို တွေ့ လိုက်ရသောအခါ  အန်ထော်နီမှာ အလွန်စိတ်ပျက်ကာကြောက်ရွံ့ အံ့သြသွားရပါသည်။ မိတ်ကပ်တွေ မျက်နှာအပြည့်လိမ်းထားသည့်တိုင် သူ့ရည်းစားမှာ ရုပ်ဆိုးလှပါချေတကား။
ထိုကဲ့သို့တွေ့ ပြီးသည့်အခါ အန်ထော်နီမှာအော်ဟစ်ငိုယိုပေါက်ကွဲကာ မိန်းကလေးနှင့် လမ်းခွဲပြီးသည်နှင့် ဈေးဝယ်စင်တာ၏ လေးထပ်မှ နေပြီးခုန်ချအဆုံးစီရင်သွားပါတော့သည်။
အရေးပေါ်ကားများ ရောက်လာသည့်အခါတွင် အန်ထော်နီ၏ အသက်မမှီတော့။ ပွဲချင်းပြီး ကွယ်လွန်ခဲ့ပါသည်။ သူကျသည့်အရှိန်မှာပြင်းသဖြင့် အသက်ရှင်ဖို့ မလွယ်ဟု ဆရာဝန်များက ကောက်ချက်ချပါသည်။
သနားစရာကောင်းသည့် အန်ထော်နီအဖြစ်ကို လူအတော်များများက တွေ့ ခဲ့ပါသည်။ ရဲများက ဖြစ်ရပ်ကို စုံစမ်းကြည့်သည့်အခါ ရာနှုန်းပြည့် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါ၏။

(the real Singpore မှ သတင်းကို ဘာသာပြန်ဆိုထားပါသည်)