Thursday, June 12, 2014

ကျပ်သိန်း ၃၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဆက်သွယ်ရေး ၀န်ထမ်းများအား နေပြည်တော်မှ စစ်ဆေး 

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီး ဌာနမှ နေပြည်တော် အင်ဂျင်နီယာ ချုပ် တာဝန် ထမ်း ဆောင်နေသော ဦးသန်းထွန်း (ယခင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဧရာဝတီတိုင်း လက်ထောက် အထွေထွေ မန်နေဂျာ)၊ AE ဦးသန်းအုန်း၊ AE ဒေါ်ဆွေ မာတို့အား ကျပ်သိန်း(၃၀၀၀)ကျော် အလွဲသုံးစား ပြုလုပ် သည် ဟုဆိုကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရေ ကြည်မြို့နယ်မှ စက်မှု(၄)ဦးနိုင်ဝင်း ၏ တိုင်ကြားထားမှုကို မေလ(၁)ရက်နေ့တွင် ဧရာဝတီတိုင်း ဆက်သွယ်ရေးရုံး၌ သက်ဆိုင်ရာဝန်ကြီးဌာနမှ လာ ရောက်စစ်ဆေး ခဲ့သည်။

အဆိုပါတိုင်ကြားထားသော တိုင်ကြားစာတွင် ယခုနေပြည် တော်အင်ဂျင်နီယာချုပ်ဖြင့်တာဝန် ယူနေသော ဦးသန်းထွန်းသည် ဧရာဝတီတိုင်းတွင် လက်ထောက် အထွေထွေမန်နေဂျာအဖြစ် တာဝန် ယူစဉ်ကာလ ၂၀၀၈-၂၀၀၉ခုနှစ်၊ ပုသိမ်ခရိုင် အင်ဂျင်နီယာ ဒေါ်ဆွေ မာ၊ မြို့နယ်တွင်း ကေဘယ်လ်လိုင်း ဌာနမှ AE ဦးသန်းအုန်း တို့နှင့် ပေါင်းကာ တယ်လီဖုန်းကျသင့်ငွေများ ပိုမိုတောင်းခံခြင်းများ အပါ အ၀င် ဌာနပိုင်ကေဘယ်လ်ကြိုးများ ရောင်းစားခြင်းစသည်ဖြင့် ကျပ်သိန်းပေါင်း (၃၀၀၀)ကျော်အား အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း၊ ဌာန အတွက် မိမိ စိုက်ထုတ် ထားသော ငွေကြေးများအား ပြန်မပေးသည့် အပြင် မိမိအားအလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ မဟုတ် မမှန် လီဆယ်တိုင် ကြားခြင်း ဖြစ်ပါက တရားဥပဒေအရ အရေးယူခံပါမည်ဟု ၀န်ခံကတိပြု ထားကာ မိမိ အလုပ်မှ ထုတ်ပယ်ခံရ သဖြင့် ဂုဏ်သိက္ခာညှိုးနွမ်းသိမ်ငယ် နေသောကြောင့် ဖြစ်စဉ်အားပြန် လည်စစ်ဆေး ပြီး မိမိတွင်အပြစ် မရှိပါက တာဝန်ပြန်လည်ထမ်း ဆောင်ခွင့်ပြုပါရန်တို့ ပါဝင်သည်။…

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုသိမ်ခရိုင်အင်ဂျင်နီယာ(ယခု တိုင်း အင်ဂျင်နီယာ) ဒေါ်ဆွေမာအား ဆက်သွယ် မေးမြန်းရာ ““ကျွန်မကို တော့ စနေနေ့က နေပြည်တော်က အဖွဲ့လာစစ်ပါတယ်။ ဆရာဦးသိန်း ထွန်းကိုတော့ စစ်ပြီးပြီလား သေချာ မသိရသေးပါဘူး။ ကျွန်မကတော့ ကိုယ်ဘာမှ မလုပ်ထားဘူးလို့ ပြော လိုက်တယ်။ နောက်ငွေပမာဏက လည်း ကျွန်မတို့အနေနဲ့တွက်ရင် အရမ်းများနေတယ်။ ကေဘယ်လ် ကြိုးကလည်း ရောင်း မယ်ဆိုရင်တောင် ၀ယ်မယ့်လူမရှိဘူး။ ကျွန်မ တို့ဆီမှာပိုနေတာအများကြီး။ သက်သက်သိက္ခာချချင်လို့ တိုင်တာ ပါ။ တိုင်ကြားစာတွေကို ၀န်ကြီးဌာနကို ပြန်လွှဲထားတော့ ဌာနကပဲလာစစ်တာပါ။ တိုင်တဲ့လူကိုတော့ ကျွန်မ ဘက်က ဘာမှပြန်မလုပ်ပါဘူး”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အလွဲသုံးစားမှုအား တိုင်ကြားသူ ရေကြည်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စက်မှု-၄ (ဟောင်း) ဦးနိုင်ဝင်း အားမေးမြန်းရာ ““အဲဒီနေ့က နေပြည်တော်က အဖွဲ့ ခရီးသွားဟန်လွှဲ ၀င်နားတာ မျိုးပဲ ရှိတယ်၊ ကျွန်တော့်ကိုခေါ် ယူစစ်ဆေးတာမျိုးမရှိဘဲ ပြန်သွား တာ၊ ကျွန်တော်က လာစစ်စေချင် တာပါ။ ဒါမှအကုန် ပေါ်သွားမှာလေ။ သူတို့တွေကတော်တော်လုပ်ခဲ့တာ”” ဟု ပြန်လည်ပြော ဆိုသည်။

အဆိုပါတိုင်ကြားစာကို ဧပြီ လ (၂၂)ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ဆက်သွယ်ရေး နှင့်သတင်းအချက် အလက် နည်း ပညာဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ လာဘ်ပေးလာဘ် ယူပပျောက်ရေး ကော်မရှင်တို့သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

 

✏Nokia X ဖုန်းကို Root ဖောက်မယ်၊CWM
တင်မယ်၊Play Store သွင်းမယ်✏ 

-Nokia X အသုံပြုတဲ့သူတွေအတွက် Root နဲ့ Google Play, Cwm တို့ ကို အလွယ်တစ်ကူ သွင်းနည်းလေးကိုရေးသားပေးလိုက်ပါပြီ-
-အောက်မှာ Nokia X Toolkit Zip ဖိုင်လေးကို
ဒေါင်းလုပ်ဆွဲလိုက်ပါ။
ဖိုင်ဆိုဒ်က 51MB ရှိပါတယ်-
Nokia X Toolkit ကိုဒေါင်းရန်
★DOWNLOAD Zip★

http://www.solidfiles.com/d/ed642969ed/nokia_x_toolkit_v1.00_Kozawthwin.zip

၁။ဒေါင်းလို့ ရလာတဲ့ zip ဖိုင်းကို zip ဖြည့်လိုက်ပါ။
၂။ပြီးရင် run နေရာမှာနှိပ်ဖွင့်ပါ။
၃။ပြီးရင် ဖုန်းကို usb setting တွေ ပြင်ပြီ computer နဲချိတ်ဆက်ပေးလိုက်ပါ computer က ဖုန်းကိုသိပြီဆိုရင်
root လုပ်ခြင်တဲ့ဆိုရင် 1,2,3 တစ်ခုခုကို ကြိုက်တာတစ်ခုနှိပ်ပြီး enter နှိပ်ပါ။
၎။ ပြီးရင်ဖုန်းက reboot ကျပြီ ပြန်တက်လာပါက Root ဖောက်တာ အောင်မြင်
သွားပါပြီ။
၅။ပြီးရင်စောစောကအတိုင်းဘဲ Google Play သွင်းခြင်ရင်
4 ကိုနှိပ်ပြီ enter နှိပ်ပြီး reboot ကျပြီး ပြန်တက်လာရင် Google play သွင်းလို့ အောင်မြင်ပါပြီ။
၆။Cwm သွင်းခြင်ရင် ခုနကအတိုင်းဘဲ 8 ကိုနှိပ်ပြီး cwm သွင်းလိုက်ရုံပါပဲ။
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)

 

` ပန်းပျိုးသူများ စာသင်ဝိုင်း ´ (မန္တလေး)

မန္တလေးမြို့ ၂၆ဘီလမ်း ၇၃လမ်းထောင့်နှင့် ၆၆လမ်းတို့တွင်
ပန်းများလိုက်လံရောင်းချနေသော ကလေးငယ်များကိုတွေ့နိုင်
ပါသည်။ထိုကလေးအများစုမှာ နေ့ဘက်တွင်ကျောင်းတက်ပြီး
ကျောင်းဆင်းသည်နှင့်အဆိုပါနေရာများတွင် လာရောက်ပြီး
ပန်းရောင်းရရှာပါသည်။ ပန်းရောင်းပြီးအိမ်ပြန်ချိန်မှာည၉နာရီ
ကျော်ဖြစ်ပြီး မန္တလေးတောင်အနီးတစ်ဝိုက်တွင်နေထိုင်သူများ
ပါသည်။ ထိုကြောင့် စာသင်ကြားရေးနှင့်ပတ်သက်၍ ကျူရှင်ယူ
နိုင်ဖို့ဝေးစ စာကျက်ချိန်တောင်အင်မတန်နည်းပါးသူများဖြစ်ပါ
သည်။ ထိုကလေးငယ်များ ပန်းသည်ဘဝမှလွတ်မြောက်ရန်မှာ
ပညာကိုဆုံးခန်းတိုင်အောင်သင်ကြားနိုင်မှဖြစ်မှာပါ။ထိုကြောင့်
ကျွန်တော်၏ အစီအစဉ်မှာ သူတို့ကိုညနေပိုင်းတွင် ကျောင်းစာ
များကို ပြန်လည်သင်ကြားပေးရန်ဖြစ်ပါသည်။ သူတို့လေးများ
ကို သင့်တော်ရာတစ်နေရာတွင်စုစည်းပြီး စေတနာရှင်ဆရာ/မ
များက သင်ကြားပေးမည်ဖြစ်ပါသည်။သူတို့၏အလုပ်အကိုင်
အား မထိခိုက်စေရန် သူတို့၏ပန်းများကိုကျွန်တော်တို့ကကူညီ
ရောင်းချပေးမည်ဖြစ်ပါသည်။ ထိုကြောင့် စေတနာနှင့်ကူညီပေး
မည့် လူငယ်များ၏အင်အားများလိုအပ်နေပါသည်။စာသင်ဝိုင်း
နာမည်ကို ` ပန်းပျိုးသူများစာသင်ဝိုင်း´လို့နာမည်ပေးထားပါ
သည်။ကူညီလိုသော စေတနာရှင်များနှင့်အကြံညဏ်ပေးလိုသူ
များ ဖုန်း ၀၉၄၀၂၇၇၃၂၈၂ ကိုဆက်သွယ်နိုင်ပါသည်

ယာဉ်ကြောကျပ်၍ အတွင်းခံ ၀တ်စုံဖြင့်ဆန္ဒပြသော အမျိုးသမီးကို ယာယီထိန်းသိမ်းပြီး ပြန်လွှတ် 

ကားပေါ်တက်၍ ဆန္ဒပြနေသော အမျိုးသမီးကို တွေ့ရစဉ် (ဓာတ်ပုံ − ဟန်နီမောင်မောင်)

 ပြည်လမ်းနှင့် ပါရမီ လမ်းထောင့် အေဒီမီးပွိုင့်တွင် ကားခေါင်မိုးပေါ်၌ အတွင်းခံ ဝတ်စုံဝတ်ကာ ပုံစံမျိုးစုံဖြင့် ယာဉ် ကြောကျပ်တည်းမှုအပေါ် တစ် ကိုယ်တော်ဆန္ဒပြသူ အသက် (၃၀)ကျော် အမျိုးသမီးတစ်ဦးကို မရမ်းကုန်းရဲစခန်းက ခေတ္တထိန်း သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

‘‘သူနဲ့ ဆွေမျိုးနီးစပ်သူတွေ လာခေါ်တဲ့အထိ စခန်းမှာခဏထားမှာပါ။ အမှုမဖွင့်ထားပါဘူး။ လူကောင်းပကတိပါ။ ဘာမှမဖြစ်ပါဘူး’’ဟု မရမ်းကုန်းရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ဖြေကြားသည်။

ဖခင်နှင့် အဆင်မပြေဖြစ်ပြီး စိတ်ဆိုး၍နေအိမ်မှထွက်လာစဉ် ပြည်လမ်းတွင် ကားလမ်းများ အချိန်ကြာမြင့်စွာ ပိတ်နေသော ကြောင့် ယခုကဲ့သို့ လုပ်ဆောင် ခြင်းဖြစ်ကြောင်း၊ ပုံမှန်လူကောင်း ပကတိဖြစ်ပြီး မည်သည့်ဆေးဝါးမျှ မှီဝဲထားသည်ကို မတွေ့ရှိရကြောင်း၊ ရာဇဝတ်မှုမမြောက် သောကြောင့် အမှုဖွင့်အရေးမယူ ခြင်းဖြစ်ကြောင်း မရမ်းကုန်းရဲ စခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇွန်လ ၁၂ ရက်တွင် မိုးသည်း ထန်စွာ ရွာသွန်းသောကြောင့် ကားလမ်းမပေါ် မြောင်းရေများ လျှံတက်ခဲ့ပြီး ရန်ကုန်မြို့ အဓိက လမ်းများတွင် ယာဉ်ကြောကျပ်တည်း မှုများဖြစ်ပွားခဲ့သည်။ ပြည်လမ်း မပေါ်တွင် ရေများ လျှံတက်မှု ကြောင့် အင်းလျားမီးပွိုင့်၊ လှည်း တန်းခုံးတံတားများတွင် ယာဉ် ကြောကျပ်တည်းမှုဖြစ်ပေါ်ခဲ့သည်။

‘‘ဘယ်လိုမှ မတတ်နိုင်ဘူး။ မနက်က လမ်းတွေပေါ်ရေကျော် တော့ ပွိုင့်ကို ဖြတ်ချလိုက်ရ တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လမ်းရှင်းတယ်။ ပြည်လမ်းက ကားတွေက လှည်းတန်းကနေ အေဒီအထိပိတ်နေတော့ အဲဒီ ဘက်ခြမ်းကို ခေတ္တရပ်ထားပြီး ပါရမီလမ်းကို လွှတ်ထားလိုက် တာ။ ပြည်လမ်းလွှတ်လိုက်ရင် လည်း သွားလို့မှမရတာ။ အဲဒါ ကြောင့် ပိတ်ထားလိုက်ရတာပါ’’ဟု အေဒီမီးပွိုင့်မှ တာဝန်ကျယာဉ်ထိန်းရဲက ပြောသည်။

ပြည်လမ်းဘက်ခြမ်း အေဒီ မီးပွိုင့်ကို ကြာရှည်စွာပိတ်ထား ခြင်းကြောင့် ကွေ့ကြောယူထား သော ဆန္ဒပြသူအမျိုးသမီးသည် လမ်းလယ်တည့်တည့်တွင် ကား ရပ်ထားပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

လမ်းလယ်တွင်ကားကိုရပ်ထားပြီး အနီးရှိ ပွိုင့်မိနေသော တခြားသူတစ်ဦး၏ အနက်ရောင်ကားပေါ်တပ်ကာ ဆန္ဒပြခဲ့သည်။ မိနစ်အနည်းငယ်ကြာတွင် ဝတ် ဆင်ထားသည့် အပေါ်ယံအင်္ကျီ အဝတ်စားများကိုချွတ်ကာ ကား ခေါင်မိုးပေါ်တက်၍ ထပ်မံဆန္ဒပြ ခဲ့သည်ဟု မြင်တွေ့ရသူများက ပြောသည်။

‘‘ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေတာ။ အပေါ်ယံအင်္ကျီတွေမရှိတော့ သူ့ အနားကို မော်တော်ပီကယ်တွေ ကလည်း မကပ်ရဲဘူး။ အောက် ကနေ အဲဒီလိုမလုပ်ပါနဲ့ ကားတွေ ကျပ်နေတယ်လို့ အော်အော်ပြော ပြီး တောင်းပန်နေတာတော့တွေ့ တယ်’’ဟု ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။

‘‘ပွိုင့်မိနေတဲ့ လူတစ်ယောက်ရဲ့ ကားအနက်ပေါ် တက်ထိုင်တော့ ကားပေါ်က လူက ဆင်းသွားပြီး၊ မော်တော်ပီကယ်ကိုသွားပြောတယ်။ မော်တော်ပီကယ်ကလည်း အမျိုးသမီးရဲမေဖမ်းမှရမယ်ပြောလို့ စောင့်နေတုန်း သူက အပေါ်အကျီတွေချွတ်လိုက်တယ်။ ခဏကြာတော့ကားခေါင်မိုးပေါ်တက်သွားပြီး၊ ပုံထဲမှာမြင်တဲ့အတိုင်းပဲ’’ ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သော တက်သစ်စအဆိုတော် ဟန်နီမောင်မောင်က ပြောသည်။

 ဆန္ဒပြမှု နှစ်နာရီခန့် ကြာ မြင့်ပြီးနောက် လုံထိန်းရဲတပ်ဖွဲ့ ဝင်ကားတစ်စီးရောက်ရှိလာကာ အဆိုပါအမျိုးသမီးကို မရမ်းကုန်း ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါဆန္ဒပြသူ အမျိုးသမီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး ၎င်း၏လုပ်ရပ်ကို ထူးဆန်းသည်ဟုမှတ်ယူကာ မှတ်ချက်အမျိုးမျိုးပေး၍ ရှုတ်ချဝေဖန်မှုများရှိခဲ့သလို ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကိုခံစားရသူများကလည်း ယာဉ်ကြောကျပ်တည်းမှုကို ပထမဆုံး ဆန္ဒပြခဲ့၍ မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု အားပေးခဲ့ကြသည်။

Author: အိဖြူမွန်
7Day Daily

 

ကျူးကျော်နေထိုင်ခြင်းကြောင့် ဖယ်ရှားခြင်းဖြစ်ကြောင်း မဟာသန္တိသုခပြဿသ နာကို သာသနာရေးရှင်းလင်း

မဟာသန္တိသုခကျောင်းအ၀င်ပေါက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များစောင့်ကြပ်နေသည်ကို ဇွန် ၁၀ ရက် ညပိုင်းကတွေ့ရစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)


မဟာသန္တိသုခကျောင်း တိုက်ကို ချိပ်ပိတ်ပြီးသီတင်းသုံး နေသော သံဃာတော်များနှင့် ကျောင်းကပ္ပိယများကိုဖယ်ရှားအ ရေးယူဆောင်ရွက်ခြင်းသည် သံ ဃာထုပိုင်ကျောင်းတိုက်အတွင်း ကျူးကျော်နေထိုင်ခြင်းကြောင့် ဖြစ်ကြောင်း သာသနာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများကပြော သည်။
သံဃာထုပိုင်ကျောင်းတိုက် ဖြစ်သော မဟာသန္တိသုခကျောင်း တိုက်တွင် အာဂန္တုအဖြစ်သီတင်း သုံးခွင့်ပေးထားသော ပီနန်ဆရာ တော်ဦးပညာဝံသက ၎င်း၏ကိုယ် ပိုင်ဆုံးဖြတ်ချက်များဖြင့် ထို ကျောင်းတိုက်တွင် ပြုလုပ်နေခြင်း ကြောင့် ဖယ်ရှားအရေးယူဆောင် ရွက်ရခြင်းဖြစ်ကြောင်း ဇွန်လ ၁၁ ရက်က ပြုလုပ်သည့် မဟာသန္တိသု ခကျောင်းတိုက်ချိပ်ပိတ်ဖယ်ရှား ခံရမှုနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်သာသ နာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များကပြောသည်။
‘‘ကျောင်းတော်ကြီးမှာ ခွင့် ပြုချက်မရရှိဘဲ ကျူးကျော်ဝင် ရောက်နေထိုင်လို့ သီတင်းသုံးနေ ထိုင်တဲ့ သံဃာတော်တွေ၊ လူ ပုဂ္ဂိုလ်တွေ၊ ခန့်အပ်ထားတဲ့သင် တန်းမှူးဆရာတော်တွေနဲ့ ဂေါပ ကအဖွဲ့ဝင်တွေကို ဖယ်ရှားတာပါ။ အဲဒီကျောင်းတိုက်ကလည်း သံ ဃာတော်ငါးသိန်းပိုင်တဲ့ကျောင်း ပါ။ ပီနန်ဆရာတော်ကြီးကိုလည်း အာဂန္တုအဖြစ် သီတင်းသုံးခွင့်ပဲ ပေးထားတာပါ’’ဟု နိုင်ငံတော်သ မ္မတရုံးအကြံပေး၊ သာသနာရေး အကြံပေး ဦးအံ့မောင်က ပြော သည်။
 မဟာသန္တိသုခကျောင်း တိုက်တည်ဆောက်ရာတွင် ကျပ် သိန်း ၈၅၀၀ ကျော်ကုန်ကျပြီး ပီနန်ဆရာတော်ကြီး၏ ဒကာ၊ ဒကာမများ၏ အလှူငွေမှာ ကျပ်သိန်းတစ်ထောင်သာ ပါဝင်ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခိုင်အောင်က ပြော သည်။
ကျောင်းတိုက်ချိပ်ပိတ်ဖယ် ရှားချိန်တွင်ကျောင်းတိုက်အ တွင်း၌ ရှိသော အင်္ဂလန်ဆရာ တော်အပါအ၀င် သံဃာကိုးပါး အား သံဃာလုပ်ထုံးလုပ်နည်းများ ဖြင့်အရေးယူဆောင်ရွက်ထားပြီး လူပုဂ္ဂိုလ် ၃၂ ဦးကို တာမွေမြို့မရဲ စခန်းတွင် အမှုဖွင့်အရေးယူထား ကာ အာမခံဖြင့်ဆောင်ရွက်ထား သည်။
ပီနန်ဆရာတော်ကြီးသည် ဆယ်စုနှစ်တစ်စုခန့် ပြည်ပနိုင်ငံ များသို့ ကြွချီသီတင်းသုံးနေရာမှ မဟာသန္တိသုခကျောင်းတိုက်တွင် တည်းခိုသီတင်းသုံးရန် မဟာ သံဃနာယကသို့ ခွင့်ပြုချက် တောင်းခံသောကြောင့် ၂၀၁၃ ခု နှစ် ဇန်န၀ါရီ ၂ရက်တွင် အာဂန္တု ဧည့်သည်အဖြစ် တစ်ပါးချင်းနေ ထိုင်ရန် မဟာသံဃနာယက က ခွင့်ပြုချက်ပေးခဲ့သည်။
တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်အား တိုင်းသံဃ နာယကဆရာတော်များဦးဆောင် ၍ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အားတစ်ထောင် ခန့်ဖြင့် ဇွန်လ ၁၀ ရက် ည ၁၁ နာရီ တွင် ၀င်ရောက်စီးနင်း၍  ကျောင်း တိုက်ရှိ သံဃာတော်များကို ဖယ်ရှားကာ ကျောင်းတိုက်ကို ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။ အဆိုပါကျောင်းကို ချိပ်ပိတ်ချိန်တွင် ပီနန်ဆရာတော်ကြီးသည် ဂျပန် နိုင်ငံသို့ ရောက်ရှိနေသည်။
မဟာသန္တိသုခကျောင်း တိုက် ချိပ်ပိတ်ခံရမှုနှင့်ပတ်သက် ပြီး ဂျပန်နိုင်ငံသို့ရောက်ရှိနေသော ပီနန်ဆရာတော်ဦးပညာဝံသထံ ဆက်သွယ်မေးမြန်းရာ ထိုကျောင်းတိုက်သည် ၎င်းပိုင်ဆိုင်ခြင်း ဖြစ်ပြီး ဂရန်ပိုင်ဆိုင်မှုများလည်း ရှိ ကြောင်း မိန့်ကြားသည်။
‘‘သူခိုးက လူကိုပြန်ဟစ်သ လိုဖြစ်နေတယ်။ ဘုန်းကြီးကကျူး ကျော်ဝင်ရောက်လာတာလား၊သူ တို့က ကျူးကျော်ဝင်ရောက်တာ လားမေးချင်ပါတယ်။ ဓမ္မစက်ကို အာဏာစက်နဲ့ လုပ်လိုက်တော့ ဘုန်းကြီးတို့က ဘာလုပ်လို့ရမှာ တုံး။ အာဏာက သူတို့လက်ထဲ မှာပဲဟာ။ ဦးပဉ္စင်းတို့က အာဏာ မရှိလို့ ဘာလုပ်လုပ်တရားမ၀င် ဘူးပေါ့’’ဟု ပီနန်ဆရာတော် ဦးပညာ ၀ံသကမိန့်သည်။
‘‘ကျွန်မတို့ အလှူဒါနတွေနဲ့ ဆောက်ထားတဲ့ကျောင်းပါ။ ဆ ရာတော်ကြီးက ကမ္ဘာကိုလှည့် ပြီး သာသနာလုပ်နေတာပါ။ ဒီ ကျောင်းက သူပိုင်တဲ့ကျောင်းပါ။ ညအချိန်မှာ အင်အားသုံးပြီး သံဃာတော်တွေ ဖယ်ရှားတာ၊ ကျောင်းတိုက်ကို ချိပ်ပိတ်တာ ဟာ မလုပ်သင့်တဲ့ကိစ္စပါ’’ဟု ပီ နန်ဆရာတော်ကြီး၏ ဒါယိကာမ ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်ဒေါ် ခင်သန်းနွယ်ကပြောသည်။
 မဟာသန္တိသုခကျောင်း တိုက်မှ သံဃာတော်များအား သာ သနာရေးဦးစီးဌာနနှင့် မြန်မာနိုင် ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍အင်အား သုံးဖယ်ရှားခြင်းအတွက် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ တို့တွင် တာဝန်ရှိသကဲ့သို့ ပြည် ထောင်စုအစိုးရအဖွဲ့တွင်လည်း တာဝန်မကင်းကြောင်း ၈၈မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဖယ်ရှားပြီး နောက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။
အဆိုပါဖြစ်ရပ်သည် ဗုဒ္ဓဘာ သာထွန်းကားသော နိုင်ငံတစ်ခု တွင် အကျည်းတန်အရုပ်ဆိုးသော လုပ်ရပ်တစ်ခုဖြစ်ပြီး မဟာသန္တိသု ခကျောင်းတော်ကြီး၏ ပဓာနနာ ယကဆရာတော်ကြီး ပြည်ပသာ သနာပြုခရီးကြွရောက်နေစဉ် အ  ချိန်ကိုက်အင်အားသုံးဖယ်ရှား သည့်အတွက် မရိုးမဖြောင့်ဟုယူ ဆကြောင်း ၈၈ငြိမ်း/ပွင့်၏ထုတ် ပြန်ချက်တွင်ပါရှိသည်။

 

မန်မာ နယ်ခြားစောင့်တပ်ဖွဲ့ ပစ်ခတ်၍ အနည်းဆုံး ဘင်္ဂလီလူမျိုး (၆) ဦးသေဆုံးဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲ 

 မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့မှ ပစ်ခတ်မူကြောင့် မလေးရှားသို့ တရားမ၀င်ခိုးသွားသော စက်လှေ တစ်စီးပေါ်မှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၆) ဦးသေဆုံးကာ တခြားလူ ၂၀ ခန့် ပြင်းထန်စွာ ဒဏ်ရာ ရသွားကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများက စွပ်စွဲ ဖေါ်ပြသည်။

၎င်းအဖြစ်အပျက်မှာ ယမန်နေ့ (ဇွန်လ ၁၁) ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဘင်္ဂလာဒေခ်ျ့ အခေါ် စိန့်မာတင်၊ ရခိုင်အခေါ် အုန်းကျွန်းမှ (၁၀) ကီလိုမီတာ အဝေးတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းဘင်္ဂလာဒေခ်ျ့မှ တရားမ၀င် စက်လှေသည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး စုစုပေါင်း (၃၁၁) ယောက်ကို တင်ဆောင်ပြီး မလေးရှားသို့ ထွက်ခွာလာစဉ် မြန်မာရေပြင်ပိုင်နက် အရောက်တွင် ထိုသို့ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။

ပစ်ခတ်မူကြောင့် လှေပေါ်ပါလာသူ အများစုမှာ ရေထဲသို့ ခုန်ချခဲ့ရကြောင်း၊ ယင်းအထဲတွင် အနည်းဆုံး (၆) သေဆုံးပြီး၊ ၂၀ ခန့် ဒဏ်ရာ ရသွားကြောင်း လှေပေါ်မှ အသက်မသေဘဲ လွှတ်မြောက်လာသူ တစ်ဦးက ပြောကြောင်း ဖေါ်ပြသည်။

တက်ကနက် ပင်လယ်ကမ်းခြေအား လုံခြုံရေး ယူထားသော ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့ မှ ဗိုလ်ကြီးKazi Harun-ur-Rashid မှလည်း မြန်မာတပ်ဖွဲ့မှ ပစ်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား အများအပြား သေဆုံးကြောင်း သူကြားသည်ဟု ပြောဆိုကြောင်း သတင်းတွင် ဆက်လက်ဖေါ်ပြသည်။

တခြား သတင်း တစ်ပုဒ်တွင် ယခု ပစ်ခတ်ခံရသည်ဆိုသည့် စက်လှေမှာ အင်္ဂါနေ့ညဥ့်က မိုချော့ခါလီ (ရခိုင်အခေါ် မဟားဇိုး) မှ စတင်ထွက်ခွာလာပြီး စိန်မာတင် ကျွန်းအနီး အရောက်တွင် နောက်ထပ် မလေးသွားမည့်သူတချို့ကို တင်ဆောင်ရန် စောင့်ဆိုင်းနေစဉ် ပဲနင်းနှင့် ခရီးသည် တို့ ငြင်းခုန်းမှုဖြစ်ပွားပြီးနောက် ပဲနင်းဖြစ်သူ သတ်ဖြတ်ခံရကြောင်းလည်း သတင်းတပုဒ်တွင် ဖော်ပြ သည်။

ယခုအခါ ယင်း စက်လှေကို ရှာဖွေရန် ဘင်္ဂလာရေတပ်၊ ကမ်းခြေစောင့်တပ်နှင့် ဘင်္ဂလာငါးဖမ်းစက်လှေများ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာသို့သွားနေကြောင်းနှင့် ပစ်ခတ်မှုကြောင့် မည်မျှသေဆုံးသည်ဆိုသည်ကို မသိ ရှိသေးကြောင်း စိန့်မာတင်ကျွန်း အုပ်ချုပ်ရေးတာဝန်ရှိသူ အာဘဒူလ်ရာဟာမာန်က ပြောဆိုကြောင်း CNB သတင်းတွင်လည်း ရေးသား ဖေါ်ပြသည်။

ယင်းဖြစ်စဉ် စွပ်စွဲချက်နှင့် ပတ်သက်ပြီး မြန်မာဘက်က တစ်စုံတစ်ရာတုန့်ပြန်ပြောကြားမူ မရှိသေးကြောင်း သိရသည်။

(နိရဉ္စရာ- ၁၂ ဇွန်လ ၂၀၁၄)/ မောင်အေး

 

ကျနော် အမေ့အတွက် ရှင်ပြုရဦးမယ်၊ ကျနော် သေလို့ မဖြစ်ဘူး 

 “ကျနော့်ကို ဓါးနဲ့ထိုးတာ အချက် (၁၀) ချက် ကျော်တယ်၊ ဗိုက်မှာရော ရင်ဘတ် မှာရော၊ နောက်ကျော မှာရော ၊ ကျနော့်ကိုယ်ကိုလည်း သေပြီလို့ ကျနော် ထင်တယ်၊ တော်ပါပြီ အကိုရယ် ၊ မရှိရင် ရွာပြန်ပြီး လယ်ထွန်ကောက် ရိတ် ရင်တောင် ထမင်း တစ်နပ်က ငတ်မှာ မဟုတ်ဘူး၊ ဒီမှာ အလုပ်လုပ် ရတာ အသက်ကို ဖက်နဲ့ထုပ်ထား ရဲ့ အ ဖြစ်မျိုး နောက်ထပ် မကြုံပါရ စေနဲ့” ဟု ကိုမင်းမင်း (အမည်လွှဲ) က လေးတွဲ့တွဲ့လေသံဖြင့် တစ်လုံးချင်း ပြောလေ သည်။

ကျနော်တို့ နှစ်ယောက်ရဲ့ ရှေ့က စားပွဲမှာတော့ စကား တပြောပြောနှင့်သောက်ခဲ့တဲ့ Sponsor အချိုရည် ပုလင်းနှင့် ဆေးလိပ်တိုသို့ သည်သာ ပြာခွက် အတွင်း ဟို တစ်စသည်တစ်စနှင့် ပြန့်ကျဲလို့။

ကိုမင်းမင်း စကားသံ ဆုံးသွား တဲ့နောက် အခန်း ကြီးလည်း တိတ်ဆိတ်သွားသည်။ ညလည်း အတော်နက်ပြီ ၊ (၉) နာရီ ထိုးတော့မည်၊ တစီးတလေ ဖြတ် သွားသော ကားတွေ မှအပပုရစ် အော်သံက ညဦးမှာ လွှမ်းမိုးလို့ ကောင်းဆဲ၊ မဟာချိုင်ရဲ့ ပူပြင်းတဲ့ နွေဦး ညကတော့ခြောက်ခြောက် သွေ့သွေ့နှင့်။ ကျနော့် အား နှုတ်ဆက်ပြီး ကိုမင်းမင်း ပြန်သွား ခဲ့သည်။

တဖြည်းဖြည်း ဝေးကွာသွားသော ကိုမင်းမင်း နောက်ကျောကို မြင်ကွင်းကပျောက်သွားသည် အထိ ငေးကြည့်ရင်း သူ ခုနက ပြောတဲ့ သူ့ရဲ့ ခါးသီးတဲ့ ဘဝ၊ အသက် အန္တရာယ်နဲ့လက်မတင် ကလေး လွတ်လာပုံ တို့ကို မျက်စိ မှိတ်ရင်း တွေးကြည့် နေမိသည်။

ကိုမင်းမင်းကို ကျနော် စသိတာ ၂ ရက်ပဲ ရှိသေးသည်။ အသက် (၂၃) နှစ်ခန့်သာ ရှိသေးသည်။ ကျနော့်ထက် (၃) နှစ် ငယ်သည်။ ရှည်ရှည် သွယ်သွယ် အသား အရည်ဖြူဖြူ လတ်လတ်နှင့်။ ဥပဓိရုပ်က သန့်ရှင်း ကြည်လင်လျက်။

မနက်ဖြန် မြန်မာ ပြည်သို့ ပြန်တော့မယ်။ မပြန်ခင် ရွှေ့ပြောင်းလုပ်သား တွေအတွက် ကျနော်တို့ သူငယ်ချင်းတွေ စု ပြီး စာသင်ပေးနေတဲ့ ကျောင်း (အမှန်က အခန်းကိုငှားပြီး စနေ၊ တနင်္ဂနွေ စာသင် ပေးနေခြင်း ဖြစ်တယ်) အတွက် ဘတ်ငွေ ၅၀၀ လှူသွား ခဲ့သေးသည်။

ညက နက်သထက် နက်လာ ပေမယ့် အတွေးထဲမှာ ကိုမင်းမင်း ပြောတဲ့သူ့ရဲ့ ဘဝ ပုံရိပ် တွေက ကျနော့် အတွေးမှာ ထင်ဟပ် နေဆဲ။

မင်းမင်း ဆိုရင် တရွာလုံး သိကြသည်၊ အဖေ၊ အမေ တွေကို ချမ်းသာသည်။တစ်ဦးတည်းသောသား အလိုလိုက်ခြင်း ခံရသည်။ ဘာလိုလို ပူဆာတာ အကုန်ရ။ ရွာက လူငယ် ကာလသားတွေကြား ဆိုင်ကယ် အလန်းစား အမြဲ စီးသည် ဟု နာမည် ရတဲ့သူ။

ပညာရေး မှာတော့ ဆယ်တန်းက မအောင် ၊ စိတ်လေပြီး ရှမ်းပြည်တက်ဖို့ မိဘကို ပူစာသည်။ အဖေ ၊ အမေက မ လွှတ်ချင်၊ နောက်ဆုံး သားရဲ့ ဆန္ဒကို လိုက်ေ လျာရသည်သာ။ ဒီရောက်တော့ မင်းမင်းက ဗွေထပ်ဖောက် ပြန်သည်။ မောင်နှမ များနဲ့ အတူ အလုပ် မလုပ်ချင်။တစ်ကောင်ထဲ ဖောက်ထွက်၍ လှေလိုက်ရန် ဆင်းလာခဲ့သည်။

“ပထမက ကတော့ လှေလိုက်ရင် နိုင်ငံ အစုံ ရောက်တယ်လေ၊ အတွေ့အကြုံသစ်တွေလည်းရတယ်၊ မရောက်ဖူးတဲ့ နေရာ တွေလည်း ရောက်ရတယ်လေ၊ အဲဒီ အသိစိတ် လေးနဲ့ပဲ လှေဆင်းခဲ့တာ၊ကိုယ့်အသက်ကို အန္တရာယ် ပြုမယ်မှန်း ဘယ်တုန်းကမှ အိမ်မက် မမက်ဖူးဘူး အကိုရယ်” ဟု ခုနလေးတင် မင်းမင်း ပြောတဲ့ စကားကို ပြန်လည် ကြားယောင် နေမိသည်။

လှေဆင်းတော့ လှေကုန်းပတ် တိုက်ရတယ်၊ လှေသန့်ရှင်းရေး လုပ်ရတယ်၊ပိုက်ဆွဲ ရတယ်၊ ငါးတောင်း ၊ ပုဇွန် တောင်း ထမ်းရတယ်၊ အားလုံးခဲ့ ခိုင်း ဖတ် ဖြစ်ခဲ့ ရတဲ့မင်းမင်း။ (၆) နှစ် ကြာတော့ တော်တော် ရင့်ကျက် လာခဲ့ပြီ။ လူမှု ပေါင်းသင်း ဆက်ဆံရေးကိုလည်း အတန်ငယ် နားလည် ခဲ့ပြီ။ တချိန်တုန်းက ပိုက်ဆံ လိုရင် လက်ဝါးဖြန့် တောင်းခဲ့ဖူး သမျှအခု ပိုက်ဆံ ကိုယ်တိုင် ရှာရတော့ ခက်ခဲ့တဲ့ ဘဝရဲ့ ဒုက္ခတွေကို မင်းမင်း နားလည်စ ပြုလာပြီ။

“ကျနော် ရွာမှာနေပြီး ဒီလို လိမ္မာ ခဲ့မယ် ဆိုရင် အမေတို့ချစ်လိုက်တာမှ တုန်လို့” ဟု ပြောတဲ့ မင်းမင်းရဲ့ စကားသံက ကျနော့် နားထဲ ဝေ့ဝိုက်ကာကြားယောင် မိဆဲ။

ဒီလိုနဲ့ အင်ဒို၊ မလေး ရေပိုင်နက်တွေမှာ ငါးခိုးဖမ်း၊ ရတဲ့ငါးတွေရေခဲရိုက်၊ တစ်လကြာ ၊ နှစ်ပတ် သုံးပတ်ကြာ တစ်ခါ ငါးကဲ့လှေတွေ လာကဲ့ မင်းမင်း တို့ လှေ ကတော့ပင်လယ်ပြင်မှာပဲ ငါးဆက်ဖမ်းဆဲ။

ဒီလိုနဲ့ မင်းမင်း အတွက် ကံဆိုးတဲ့ နေ့တနေ့ကို ယူဆောင်လာတဲ့ဧပြီလကို ရောက်ခဲ့ရတယ်။ ဧပြီဟာ သင်္ကြန်ရဲ့ နွေး ထွေးမှု တွေကို ယူဆောင်ဖို့ ၊ ပိတောက်ရဲ့ သင်းပျံ့တဲ့ မွှေးရနံကို ယူဆောင်ဖို့ မေ့လျော့ ခဲ့လေသလား။

“ကျနော် ကောင်းကောင်း မှတ်မိတယ်၊ ဧပြီလဆန်းပဲ၊ ဒီတစ်ခါကမ်းကပ်ရင် ကျနော် ရွာပြန်ဖို့ ဆုံးဖြတ် ထားပြီးပြီ။ ဒုက္ခ ဆိုတာကြီးကို ကျနော် ကောင်းကောင်း နားလည်ပါပြီ။ ကျနော် မသေခင် အဖေနဲ့ အမေ့ကို လုပ်ကျွှေး ပါရစေ။ အမေနဲ့ အမေ အတွက်လလည်းကျနော် ရှင်ပြု ပေးချင် သေးတယ်” ဟူ၍ မင်းမင်း ပြောသည်။

ထိုနေ့ကား လရောင် မလင်းခဲ့ပေ။ ရေပြင်ကား ပကတိ ဆိတ်ငြိမ်လို့၊တငြိမ့်ငြိမ့် ပေါ်နေတဲ့ စက်လှေရဲ့ အင်ဂျင်က ရေ ပြင်ကို ထိုးခွဲပြီး မဟာချိုင် ကမ်းစပ်ကိုအပြင်း ခုတ်မောင်း နေသည်မှ အပ အရာရာဟာ ပကတိ ငြိမ်သက်လို့။ တစ် ဖက် ပဲ့နင်း ခန်းမှာတော့ပဲ့နင်းနဲ့ စက်ခေါင်းတို့ ဝိုင်းဖွဲ့ သောက်နေသည့် အရက်ဝိုင်းက စကားသံ သည်သာ တစ်ခါတရံတိတ်ဆိတ်မှုကို ခွင်း၍ ထွက်ပေါ် လာတတ်သည်။

မင်းမင်းအိပ်မပျော် ၊ ရွာပြန်ရမည် ဆိုသည့် အသိက မင်းမင်းအားပျော်ရွှင် နေစေမိသည်။ အမေ့အတွက် အင်ဒို၍ လှေ ဆိုက်စဉ် ဝယ်စု ထါးသည့် ထမီစလေးများ၊ အဖေ့အတွက် အမှတ်တရ ပစ္စည်း တွေကို မင်းမင်း ဖွင့်ကြည့်သည်။ မင်း မင်းရဲ့ အိမ်ပြန်မယ့် အတွေးတို့နယ်ချဲ့ နေသည်။

ည (၁) နာရီ ကျော်နေပြီ ၊ ဇွတ်မှိတ်၍ အိပ်ပစ် လိုက်သည်။အိပ်မောမကျ တကျ။

မင်းမင်း မျက်နှာကို ခေါင်းအုံးနှင့် အုပ်ခြင်း ခံရသည်။အသက်ရှူ ကျပ်၍ မင်းမင်းရုန်း လေပြီ။ ထိုင်းစကားဖြင့် “သတ်ပစ်” ဒီကောင်၊ အခြောက်လိုလို၊မိန်းမလျာ လို လိုနဲ့ အရက်မသောက် ဖဲမရိုက်တဲ့ကောင်၊ အသေသတ်ဟု” အော်၍ မင်း မင်းကို ဓါးဖြင့်ဝိုင်းထိုးသည်။

မင်းမင်း မျက်စိတွေ ပြာကုန်သည်။ အသက်ရှူလည်း ကျပ်ကုန်သည်။ဗိုက်ထဲကို အချက်ပေါင်း မည်မျှ အထိုးခံရပြီမသိ။ ရှိသမျှ ခွန်အားဖြင့် ဘယ်ရုန်း ညာရုန်းဖြင့် လွှတ်အောင် ရုန်းပေမယ့် အားမတန်၊ မာန်လျော့ရသည်။

သွေးတွေက ဒလဟော တောက်တောက် ကျလျက် ၊ မင်းမင်း အိပ်နေသည့်လှေပေါ်က အခန်းကာ မြင်ရက်စရာ မရှိ။

အတန်ကြာတော့ မင်းမင်း မျက်နှာကို အုပ်ထားသည့် ခေါင်းအုံးအားခွာလိုက်သည်။ မင်းမင်း၏ အသိစိတ်က ရှိနေသည်။ လူက လှုပ်မရတော့။

တစ်ယောက်က မင်းမင်းနှာခေါင်းနား ကပ်၍ အသက်ရှူသံကို နားထောင်သည်။မင်းမင်း အသက် အောင့်ထားသည်။ ထို့နောက်နှလုံးခုန်သည်ကို စမ်းသည်၊ နှလုံးလည်း ယဲ့ယဲ့သာခုန်တော့သည်။ စိတ်ကျေနပ်မှု ရှိမှ ၊ တစ်ယောက်က ခေါင်းကို ကိုင်၍ တစ်ယောက်က ခြေထေါက်ကိုကိုင်ကာ မဟာချိုင် မြစ်ဝသို့ ဝင်နေပြီ ဖြစ်သည့် လှေကြီး ပေါ်မှ ပစ်ချခဲ့သည်။

“ဗွမ်း” ခနဲ့ မြည်သံ နဲ့အတူ တစ်ကိုယ်လုံး စပ်ဖျင်းဖျင်းဖြစ်ကုန်သည်။ သွေးကား မတိတ်သေး ထွက်နေဆဲ၊ ရှိသမျှ အားတို့ကို သုံး၍ တစ်ဖက်ကမ်းသို့ရောက်အောင် အားကုန် သုံး၍ မင်းမင်း ကူးသည်။

တစ်ဖက်ကမ်းတို့ အရောက် လတာပျော့ ပျော့တို့ကို တိုး၍ ခေါင်းကိုပေါ်ရုံသာ ထား၍ ကိုယ်ကို မြုပ်ထားကာ၊ လတာ ပျော့ပေါ်တွင် မင်းမင်း အိပ်ပျော် သွားသည်။ အသိစိတ်တို့လည်းလွှင့်ပါး သွားပြီ။ အချိန်တို့လည်း မင်းမင်း မသိတော့။

“ကျနော့်ကို ဓါးနဲ့ ဝိုင်းထိုး နေချိန်မှာ ကျနော် သေရတော့ မှာလားလို့စဉ်းစား မိတယ်၊ အမေ့အတွက် ရှင်မပြု ရသေး ဘူး၊ ကျနော် ရှင်ပြုရဦးမယ် ဆိုပြီး စိတ်တင်း ထားတယ်အကို၊ အဲဒီနောက် သေပြီ ထင်တော့မှ ကျနော့်ကို လှေပေါ်က ပစ်ချတာ၊ ကံကောင်းတော့ ဘတ်မရှိတဲ့သူကိုပုလိပ် လိုက်ဖမ်းတယ်၊ ထွက်ပြေးပြီး လတာ မှာ လာပုန်း နေသူတွေ ကျ နော့်ကို တွေ့ပြီးကယ်ခဲ့တာ” ဟု မင်းမင်းက ရှင်းပြသည်။

ထို့နေ့ မနက်၌ အဆိုပါ မင်းမင်း အလုပ်လုပ်သည့် လှေကုမ္ပဏီမှလူများ မဟာချိုင် တခွင် ပြဲပြဲစင်အောင် မင်းမင်းအား ရှာပုံတော် ဖွင့်သည်။ ပြသနာက မင်းမင်းရဲ့ အလောင်း မပေါ် သောကြောင့် ဖြစ်သည်။ အလောင်းမပေါ်ရင် မသေဟု ယူဆရသည်၊ မသေရင် သူတို့ မင်းမင်းအားသတ်ဖြတ် ခဲ့မှုနှင့် ပတ်သက်၍ တရားစွဲ ခံရနိုင်သည်။

ကံကောင်း ထောက်မစွာနဲ့ မင်းမင်း တစ်ယောက် (၃) လလောက် ရှောင်တိမ်းကာဆေးကုရင်း ဒဏ်ရာတွေ သက်သာ ခဲ့သည်။ ဓါးနှင့် အထိုးခံ ရတဲ့ ဒဏ်ရာတွေကို အချက်ပေါင်း (၅၀) နီးပါး ချုပ်ရသည်။ ခုနလေးတင် မင်းမင်း ပြတဲ့ သူ့ ကိုယ်ပေါ်က ဓါးဒဏ်ရာတွေကို ကြည့်ရင်းကျနော် ကြက်သီး ထမိတုန်း။

ကျနော့်အား လာတွေ့သည့် နေ့ကား မှတ်မှတ်ရရ မင်းမင်း ဓါးထိုးခံရပြီး (၃) လနှင့် (၂) ရက် မြောက်သောနေ့၊ နောက် နေ့ဆိုရင် မင်းမင်း မြန်မာပြည် ပြန်တော့ မည်။မင်းမင်းတို့ ရွာမှ ကောင်လေး တစ်ယောက် ကျနော်တို့ ကျောင်း မှာ စာ လာသင် နေသည်ကို မင်းမင်းကရောက်ချင်၍ လိုက်လာခြင်း ဖြစ်သည်။

စိတ်ထဲမှာတော့ မနက်ဖြန် ပြန်တော့မည့် မင်းမင်းအား “ဒီလိုအဖြစ်မျိုး ဘယ်တော့မှ နောက်ခါ မကြုံပါရစေနဲ့ ညီလေး ရယ်” ဟု ဆုတောင်းရင်း မနက်ဖြန် မင်းမင်းရဲ့မြန်မာပြည် ပြန်မည့် ခရီးစဉ် ဖြောင့်ဖြူး ပါစေကြောင်း စိတ်မှ မှန်း၍ မင်း မင်း အတွက်ဆုတောင်း နေမိသည်။

(မှတ်ချက် - ဖြစ်ရပ်မှန် တစ်ခုအား အခြေခံ၍ ရေးသား ထားခြင်း ဖြစ်သည်။)

 Written by  မင်းသွေးနီ (ရာမည)

 

မန္တလေးတွင် လုယက်မှု ယမန်နှစ်ထက် ထက်ဝက်ခန့် မြင့်တက် 

ဖောက်ထွင်းမှု၊ အုပ်စုဖွဲ့ရိုက်နှက်မှုများ ဖြစ်ပေါ်လျက်ရှိသော မန္တလေး မြို့တော်တွင် လူစည်ကားသည့် နေရာများတွင် ဆိုင်ကယ်ဖြင့် အလစ်သုတ်ခြင်း အမှုများ ယမန်နှစ်ကထက် ထက်ဝက်နီးပါး မြင့်တက်နေကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်များက ဆိုင်ကယ်ဖြင့် လုယက်မှုများမှာ တစ်လလျှင် သုံးကြိမ်ခန့်သာ ဖြစ်ပွားနေပြီး လက်ရှိ နှစ်ပိုင်းအတွင်း မြို့လယ်ကောင်တွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်ခြင်း၊ ပိုက်ဆံအိတ် လုယက်မှု များသည် နေ့ခင်းပိုင်းထက် လူစည်ကားသည့် ညနေပိုင်းအချိန် လမ်းမများပေါ်တွင် အဖြစ်များလေ့ ရှိသဖြင့် ပြီးခဲ့သည့်နှစ်နှင့် နှုန်းယှဉ်လျှင် တစ်ပတ်လျှင် အနည်းဆုံး လုယက်မှုတစ်မှုနှုန်း ဖြစ်ပွားနေကြောင်း ၎င်းကထပ်မံပြောကြားသည်။

“ဒီနှစ်က ဖြစ်ပွားမှု အရင်နှစ်ထက် ပိုများနေတယ်။ လုယက်ခံရတဲ့သူတွေ အနေနဲ့လည်း သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွေမှာ အမှုဖွင့်ပေးပါ။ အဲ့ဒါကျမှ ကျူးလွန်တဲ့ သူတွေရဲ့ ပုံစံတွေကို ဆက်စပ်ပြီး ဖော်ထုတ် ဖမ်းဆီးနိုင်မှာပါ။ စုံစမ်းစစ်ဆေးရေး အဖွဲ့လေးဖွဲ့ကို သီးသန့် ထားရှိထားတယ်။ လှည့်ကင်း၊ ရပ်ကွင်း၊ စောင့်ကြည့်ကင်းတွေ ထားရှိထားတယ်” ဟု ၎င်းက ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းပြသည်။

ဇွန်လ ၁၀ ရက်နေ့ည ၇ နာရီအချိန်က အမျိုးသမီး တစ်ဦးသည် မန္တလေးမြို့တော် ၂၆ လမ်း၊ ၇၆x၇၇ လမ်းကြားတွင် အနောက်မှ အရှေ့သို့ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ရှေ့ခြင်းထဲ ထည့်၍ မောင်းနှင်ခဲ့ရာ ယာဉ်ကြော ရှုပ်ထွေးနေချိန်တွင် အမည်မသိ အမျိုးသားတစ်ဦးက ပိုက်ဆံအိတ်ကို ဆွဲယူ ထွက်ပြေးသွားခဲ့ကြောင်း အဆိုပါ လုယက်ခံရသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယင်းနေ့ နံနက်ခင်း ၈ နာရီခန့်ကလည်း အမျိုးသားတစ်ဦးသည် ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းနှင့် ၂၂ လမ်းထောင့် အရောက် လမ်းအရှေ့ဘက်သို့ ချိုးကွေ့စဉ် စီဇက်အိုင် အမျိုးအစား အဖြူ၊ အနက်ရောင် ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် ကျော်တက်ပြီး ဆိုင်ကယ် ရှေ့ခြင်းတွင် ထည့်ထားသော ပိုက်ဆံအိတ်ကို ဆွဲယူထွက်ပြေးခဲ့ကြောင်း၊ ယင်းပိုက်ဆံအိတ် အတွင်းမှ ငွေ ၇၀၀၀ ကျပ်၊ ဆင်းကတ်ပါ ဟန်းဆက်တစ်လုံး၊ ကျောင်းစာအုပ်သုံးအုပ်၊ မှတ်ပုံတင်တစ်ခု၊ ယာဉ် မောင်းလိုင်စင်တစ်ခု ပါသွားသဖြင့် အမှတ် (၁)နယ်မြေ ရဲတပ်ဖွဲ့ စခန်းတွင် (ပ)၁၂၂ /၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မန္တလေးမြို့တော်တွင် ၂၀၁၂ ခုနှစ်အတွင်း လုယက်မှု ၅၃ မှု၊ ၂၀၁၃ ခုနှစ် ၆၄ မှု၊ လက်ရှိနှစ် မေလအထိ ၄၀ မှု ရှိနေပြီ ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly

 

ကမ္ဘာ့ဖလားပွဲစဉ်အချို့ MRTV မှ ပြသမည်

ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်အချို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယနေ့ (ဇွန်လ ၁၂ရက်)မှ စတင်ကျင်းပမည့် ၂၀၁၄ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား(ည ၁၂နာရီခွဲ)နှင့် ဘရာဇီး-ခရိုအေးရှားပွဲစဉ်(နံနက် ၂နာရီခွဲ)ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ပွဲစဉ် ၆၄ပွဲအနက် ဘရာဇီးနှင့် ခရိုအေးရှားအုပ်စုပွဲအပါအ၀င် ရှုံးထွက်ပွဲစဉ်နှစ်ပွဲ၊ ကွာတားဖိုင်နယ်နှစ်ပွဲ၊ ဆီမီးဖိုင်နယ်နှစ်ပွဲနှင့် ဗိုလ်လုပွဲ စသည့်ပွဲစဉ်စုစုပေါင်း ရှစ်ပွဲကို ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကယနေ့ထုတ်ပြန်ကြေညာသည်။
ကမ္ဘာ့ဖလားပွဲများကို ၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲအထိ မြန်မာနိုင်ငံတွင်အခမဲ့ရုပ်သံလိုင်းများမှ ထုတ်လွှင့်ခဲ့သော်လည်းယခုနှစ်တွင်မူ Sky Netက တစ်ဦးတည်းမူပိုင်ခွင့်ယူ၍ ထုတ်လွှင့်ပြသမည်ဖြစ်သဖြင့် ဘောလုံးပရိသတ်များ၏ ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။ ပွဲကျင်းပရန် နီးကပ်လာသည့်နှင့်အမျှ ကမ္ဘာ့ဖလားပွဲကြည့်ရှုခွင့်အတွက် ဝေဖန်ခံ နေရချိန်တွင် ပြိုင်ပွဲစတင်မည့်ယနေ့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ညနေ ၃နာရီသတင်းအစီအစဉ်တွင် စာတန်းထိုးကြေညာခဲ့ခြင်းဖြစ်သည်။

 




ကမ္ဘာ့ဖလား Logo ခုနှစ်အလိုက် ပြောင်းလဲပုံအဆင့်ဆင့်


ယာဉ်မှတ်ပုံတင်နှုန်းထားများ ဒေသအလိုက် ခွဲခြားတိုးမြှင့်ကောက်ခံမည်

ယာဉ်ကြောပိတ်ဆို့မှုများသော မြို့ကြီးများတွင် ယာဉ်စီးရေတိုးပွားမှု ထိန်းချုပ်နိုင်ရန် တစ်နိုင်ငံလုံး တစ်ပြေးညီကောက်ခံနေသော ယာဉ်မှတ်ပုံတင်နှုန်းထားများကို ယာဉ်များသည့်မြို့ အပေါ် မူတည်ကာ အုပ်စုခွဲခြား ကောက်ခံသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
ယာဉ်စီးရေ များပြားသော ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ကို အုပ်စုအမှတ်(၁) ဟု သတ်မှတ်မည်ဖြစ်ပြီး အလယ်အလတ်အဆင့် ယာဉ်စီးရေရှိသော ပြည်နယ်နှင့် တိုင်းများကို အုပ်စုအမှတ် (၂)နှင့် ယာဉ်စီးရေအနည်းဆုံးရှိသော ပြည်နယ်နှင့်တိုင်းများကို အုပ်စု(၃)အဖြစ် သတ်မှတ်၍ ခွဲခြားကောက်ခံသွားမည်ဖြစ်သည်။ ယာဉ်စစ်ဆေးခနှုန်းထားများကိုမူ အုပ်စုခွဲခြားခြင်းမရှိဘဲ တစ်ပြေးတည်း ကောက်ခံသွားမည် ဖြစ်သည်။ မော်တော်ယာဉ်တင်သွင်းမှုစတင်ခဲ့သော ၂၀၁၁ ခုနှစ် စက်တင်ဘာမှစကာ ယခုနှစ်မေလကုန်အထိ စာရင်းများအရ ယာဉ်စီးရေ တစ်သိန်းနှစ်သောင်းကျော် ခန့် တိုးတက်လာပြီး အများစုမှာ ရန်ကုန်မြို့တွင်သာ ရှိနေကြောင်း အဆိုပါဌာနကဆိုသည်။
ထိုသို့ကောက်ခံရာတွင် အာဆီယံနိုင်ငံများ၌ ကောက်ခံသော နှုန်းထားများကို လေ့လာကာ သင့်တော်သည့်နှုန်းထား သတ်မှတ်ချက်များဖြင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါဌာနကဆိုသည်။ ကောက်ခံရာတွင် မော်တော်ဆိုင်ကယ်၊ ကိုယ်ပိုင်ယာဉ်ငယ်၊ ကိုယ်ပိုင်ယာဉ်ကြီးနှင့် အငှားယာဉ်ငယ်၊ အငှားယာဉ်ကြီးဟူ၍ ယာဉ်အမျိုးအစား ငါးမျိုးခွဲကာ ကောက်ခံမည်ဖြစ်သည်။
 ‘‘အရင်ကထက်  နှစ်ဆလောက် မြင့်သွားတယ်’’ ဟု ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

 

သူငယ်တန်း အသံထွက် အင်္ဂလိပ်စာ APK

 သားသားမီးမီးတွေအတွက် သူငယ်တန်း အသံထွက် အင်္ဂလိပ်စာ APk လေး
ဖြစ်ပါတယ်။ အခုမှ သူငယ်တန်းကို တက်မဲ့ အိမ်က သားသားမီးမီးတွေအတွက်
ဒီဆော့ဝဲလေးက သင့်ကို အကောင်းမွန်ဆုံး စွမ်းဆောင်မှုပေးပါလိမ့်မည်။ ရုပ်ပုံ
ကားချပ်နဲ့တကွ ဖော်ပြပေးထားတဲ့အတွက် ကလေးတွေကို သင်ရပြရတာ လွယ်
ကူမှာ ဖြစ်ပါလိမ့်မည်။ အခုလို ဒီ APK လေးကို လုပ်ပေးတဲ့ Blue Phoenix ကို
ကျေးဇူးတင်ပါတယ်။ A ကနေ Z အထိ ရုပ်ပုံကားချပ်နဲ့တကွ ဖော်ပြပေးထားပါတယ်။

အောက်နေ link ကနေဒေါင်းပါ

https://www.dropbox.com/s/qu551yuysq1g1y4/E4Kids1%20-%20Primer.apk 

38PhyarMingalar(၃၈ဖြာမင်္ဂလာ) APK

 ကဲမြင်တာနဲ့ တန်းသိမှာပါ 
လောက်က လင့်ကနေသာဒေါင်းလိုက်တော့ဗျာ
http://www.mediafire.com/download/fm0q322d7qqdjkp/38+Phyar+Mingalar.apk 


ကောက်ရသော ကျပ်သိန်းကိုးဆယ် ပြန်အပ်သည့် ဆိုက်ကားနင်းသူအား ပြည်မြို့ခံများဂုဏ်ပြု

 

ဘဏ်မှထုတ်ယူပြီးမေ့ကျန် ခဲ့သော ကျပ်သိန်းကိုးဆယ်ကျော်ပါရှိသည့် ငွေထုပ်ကိုတွေ့ရှိပြီး ပြန်လည်ပေးအပ်ခဲ့သူ အနှေးယာဉ် လုပ်သားဦးစန်းဝင်းအား ဂုဏ်ပြု သည့်အနေဖြင့် ပြည်မြို့ဒေသခံ များ စုပေါင်း၍ စာရိတ္တဂုဏ်ရည် ဆုချီးမြှင့်ခဲ့သည်။
 မြန်မာ့ စီးပွားရေးဘဏ်မှ ထုတ်ယူထားသော ကျပ်သိန်းကိုးဆယ်ခန့်ရှိ ငွေထုပ်ကောက်ရသည့်နေ့တွင် ငွေထုပ်တွင်ပါရှိ သည့် လိပ်စာအတိုင်း လိုက်ရှာ ပေးသော်လည်း မတွေ့သဖြင့် မြန် မာ့စီးပွားရေးဘဏ်မန်နေဂျာထံ ပြန်လည်အပ်နှံခဲ့ကြောင်း မေ့ ကျန်ခဲ့သူမှာRTCမှ ၀န်ထမ်းတစ် ဦးက လစာငွေများထုတ်လာခြင်း ဖြစ်ပြီး၎င်း၏ တစ်လစာငွေအား ကျေးဇူးဆပ်သည့်အနေဖြင့် ကန် တော့သော်လည်း ကိုယ်ချင်းစာ ပြီးလက်မခံခဲ့ဘဲ ပြည်မြို့ရှိ စေတနာရှင်ဒေသခံများက ရိုးဂုဏ်ကို ချီးမြှင့်ခြင်းဖြစ်သဖြင့် ၀မ်းသာစွာလက်ခံပြီး ဘဏ်၌သာအပ်နှံထားကြောင်းဦးစန်းဝင်း ကပြောသည်။
အဆိုပါ အနှေးယာဉ်လုပ် သား၏ အကျင့်စာရိတ္တအားဂုဏ် ပြုသည့်အနေဖြင့် မြိုခံလူထု ၇၀ ကျော်စုပေါင်း၍ ငွေကျပ် ခုနစ် သိန်းငါးထောင်ဆုချီးမြှင့်ခဲ့ သည်။
‘‘ဒီလိုပြုလုပ်ပေးမယ်လို့မ ထင်ထားဘူး။ ကိုယ့်ရဲ့ ရိုးသားမှု ကို အသိအမှတ်ပြုတဲ့အတွက် ၀မ်းသာပီတိဖြစ်ရတယ်။ကောက် ရတဲ့ အဲဒီငွေတွေကို ပြန်မပေးဘဲ ထားလို့ရပါတယ်။ ဒါပေမဲ့ ပျောက် သွားတဲ့လူဘက်ကို ကိုယ်ချင်းစာ တယ်။ လိုက်ရှာပြီး ပြန်ပေးတယ်။ ကောက်ရတဲ့ငွေတွေနဲ့ ကျွန်တော့် မိသားစုစာဝတ်နေရေးမှာအသုံး ပြုဖို့ဟာ လုံးဝစိတ်မသန့်ဘူး’’ဟု ဦးစန်းဝင်းကပြောသည်။
‘‘ကျွန်တော်တို့ဒေသခံတွေ က စုပြီးချီးမြှင့်တာ။ တစ်ထောင် ထည့်တဲ့သူလည်းပါတယ်။ နှစ် ထောင်၊ ငါးထောင်စသည်ဖြင့်ပေါ့ ။  တစ်သိန်းအလှူရှင်ကတော့ မ လေးရှားကနေ လှမ်းလှူတာဖြစ် တယ်’’ဟု ပြည်ဒေသခံဦးဇင်သိန်း ကပြောသည်။

 

မကွေးတွင် တိုက်လေယာဉ်တစ်စီး လေ့ကျင့်နေစဉ် ပျက်ကျ

 

 လေထီးဖြင့် ခုန်ချလွတ်မြောက်သွားသည့် လေတပ်အရာရှိနှစ်ဦး (ဓာတ်ပုံ − ဇော်မျိုးဝင်း)
 ပျက်ကျသွားသော လေယာဉ်အပျက်အစီးအပိုင်းအစများ (ဓာတ်ပုံ − ဇော်မျိုးဝင်း)

 

M29 တပ်မတော်တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေးပြုလုပ်နေစဉ် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ နင်းကြမ်းကျေးရွာအနီးရှိ ယာခင်းထဲသို့ ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီကျော်တွင် ပျက်ကျသွားကြောင်း သတင်းရရှိသည်။
လေယာဉ်မှာ ပျက်စီးသွားခဲ့သော်လည်း လေယာဉ်ပေါ်လိုက်ပါလာသော ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်ကြီးအဆင့် အရာရှိနှစ်ဦးမှာ လေထီးဖြင့် ခုန်ချလွတ်မြောက်သွားပြီး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။
တိုက်လေယာဉ်ပျက်ကျသည့် သတင်းကို အတည်ပြုခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာကိစ္စများ ဖြစ်သောကြောင့် အသေးစိတ်မပြောနိုင်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ပြောသည်။

မဟာသန္တိသုခ ကျောင်းတိုက်တွင် မင်္ဂလာဧည့်ခံပွဲများ ကျင်းပခွင့်ပြုမထားဟု သာသနာရေး တာဝန်ရှိသူငြင်း

ရန်ကုန်မြို့တွင် မင်္ဂလာ ဆောင် ဧည့်ခံပွဲအများအပြား လက်ခံ ပြုလုပ်နေသည့် တိုင်း သံဃာဆရာတော်များ၏ ချိပ် ပိတ်ခံရသော မဟာသန္တိသုခ ကျောင်းတိုက်တွင် မင်္ဂလာဆောင် ဧည့်ခံပွဲများ ကျင်းပခွင့်မပြုထား ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောသည်။
မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်လိုက်သောကြောင့် ထိုကျောင်းတွင် လက်ခံထားသည့် မင်္ဂလာဆောင်ဧည့်ခံပွဲများ ပယ်ဖျက်ခြင်း ရှိ၊ မရှိ ကျောင်းတိုက်နှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သာသနာရေးဝန်ကြီးဌာနသို့ 7Day Daily သတင်းစာက မေးမြန်းရာ ထိုကဲ့သို့  ပြောကြားလိုက်ခြင်းဖြစ်သည်။
‘‘မင်္ဂလာဆောင်တွေ လုပ် တယ်ဆိုတာ မ.ဟ.နက ဂေါပက အဖွဲ့တွေ ဖွဲ့စည်းထားတယ်။ အဲဒီအဖွဲ့အစည်းထဲက ရပ်တည်ဖို့အ တွက် အထောက်အကူရအောင် ကျန်တဲ့သာသနာပြုကျောင်းတွေ လိုပဲ အလှူပွဲတွေ လက်ခံကျင်းပ တာပါ။ တစ်ဦးနဲ့တစ်ဦး မင်္ဂလာ ဆောင်တာ၊ လက်ထပ်တာ အဲဒီ မှာ မရပါဘူး။ ခွင့်လည်းမပြုခဲ့ပါ ဘူး’’ဟု ဦးထွန်းညွန့်က ပြောသည်။
သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မဟာသန္တိသုခ
ကျောင်းတိုက်တွင် မင်္ဂလာဆောင်ဧည့်ခံပွဲများ လက်ခံကျင်းပခွင့်မရှိဟု ပြောဆိုသော်လည်းထိုကျောင်းတိုက်သည် မင်္ဂလာဆောင်ဧည့်ခံပွဲများကို အများအပြား လက်ခံကျင်းပလျက်ရှိနေသည်။
‘‘ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ကျွန်တော် အဲဒီကျောင်းမှာ မင်္ဂ လာဆောင်ခဲ့တာ။ အဲဒီကျောင်း မှာလုပ်တဲ့ မင်္ဂလာပွဲတွေက ပြည့် နေတာပဲ။ အဲဒီမှာ ဆောင်မယ်ဆို ရင် လနဲ့ချီပြီး ကြိုတင်ပြောထားမှ ရတာ’’ဟု ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက မင်္ဂလာဧည့်ခံပွဲပြုလုပ် ခဲ့သူတစ်ဦးက ပြောသည်။
မဟာသန္တိသုခကျောင်းတိုက်တွင် မင်္ဂလာဧည့်ခံပွဲ လက်ခံကျင်းပသည့် လူဦးရေ ၂၈၀ ဆံ့ ခန်းမနှင့် အခြားခန်းမတစ်ခုရှိကြောင်း သိရသည်။
ခန်းမတစ်ခုလျှင် မင်္ဂလာဧည့်ခံပွဲ နှစ်နာရီကြာ အချိန်ပေးထားပြီး ထိုအချိန်အတွက် ၇၅,၀၀၀ ကျပ် ပေးရကြောင်း အဆိုပါ ကျောင်းတိုက်တွင် မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့သူများက  ပြောကြားသည်။ ထိုကျောင်းတိုက်၏ မင်္ဂလာဧည့်ခံပွဲများ လက်ခံသူ ဒေါ်မူမူဝင်းထံသို့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရရှိခဲ့ပေ။
‘‘သူခွင့်ပြုတာ၊ ခွင့်မပြုတာ မသိဘူး။ အစ်မတို့က ၂၀၀၃ ခုနှစ်က အစ်မ အဲဒီကျောင်းမှာ မင်္ဂလာ ဆောင်ခဲ့တာပဲ။ အခုလည်း ဆောင်နေကြတာပဲ’’ ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်ပြီးမဟာသန္တိသုခကျောင်းတိုက်၌ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ဝါမ၀င်ခင် မင်္ဂလာဆောင်မည့်သူများနှင့် ပွဲအစီအစဉ်များပြည့်နေနိုင်သည့်အတွက် ယခုကဲ့သို့ ကျောင်းတိုက်ချိပ်ပိတ်လိုက်ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း စီစဉ်ထားသူများ အခက်တွေ့နိုင်သည်။
တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခကျောင်း တိုက်အား တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာ သနာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ရဲတပ်ဖွဲ့ဝင်များ  စုစုပေါင်းအင်အား ၁,၀၀၀ ခန့်ဖြင့် ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်တွင် ဝင်ရောက်စီးနင်း၍ ကျောင်းတိုက် ရှိ သံဃာတော်များအား ဖယ်ရှား၍ ကျောင်းတိုက်ကို ချိပ်ပိတ်ထားလိုက်သည်။

 

မဟာသန္တိသုခ ကျောင်းတိုက်ပြဿနာ သာသနာရေးဝန်ကြီးဌာနက ယနေ့ရှင်းမည်

ဇွန် ၁၀ ရက်ညပိုင်းက မဟာသန္တိသုခကျောင်းရှိ သံဃာတော်များအား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် သံဃာတော်များနှင့် တာဝန်ရှိသူအချို့က လာရောက် ရှင်းလင်းဖယ်ရှားခဲ့သည်။ [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]


မဟာသန္တိသုခကျောင်းတိုက်ကို တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အားတစ်ထောင်ခန့်ဖြင့် ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်တွင် ကျောင်းတိုက်ကို ၀င်ရောက်စီးနင်း၍ သံဃာတော်များအား ဖယ်ရှားပြီး ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်သည်။
တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ အငြင်းပွားဖွယ်ဖြစ်နေသည့် ပီနန်ဆရာတော်ကြီးကျောင်းထိုင်သော မဟာသန္တိသုခကျောင်းတိုက်အား ချိတ်ပိတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ ကျောင်းကို ဖယ်ရှားချိတ်ပိတ်ချိန်တွင် ပီနန်ဆရာတော်ကြီးသည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
ပီနန်ဆရာတော်ကြီး ဂျပန်သို့ သာသနာပြန့်ပွားရေးအတွက် ခရီးထွက်နေစဉ် ၀င်ရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ပြီး သီတင်းသုံးနေသော ဆရာတော် ကိုးပါးနှင့် ကပ္ပိယ လေးဦးတို့ကို ကမ္ဘာအေးဘုရားဝင်းသို့ ပင့်ဆောင်ခေါ်ယူသွားကြောင်း မျက်မြင်တွေ့ရှိသူ ဆရာတော်ဦးပဏ္ဍ၀ံသက မိန့်ကြားသည်။
‘‘ညနေ ၃ နာရီလောက်က ရုပ်ရှင်ငှားတဲ့ သူတို့ဘက်က သူတွေကိုလာခေါ်သွားပြီး ည ၈ နာရီမှာ ရဲကား ခြောက်စီးနဲ့ ၀င်လာတယ်။ ပြီးတော့ ချိတ်ပိတ်မယ်ဆိုပြီး ပီနန်ဆရာတော်ကြီးရဲ့ တပည့်တော်ကို ရှာတယ်။ မနက် ၁ နာရီလောက်မှာ လူတွေကလည်း တအားများလာတော့ နှစ်နာရီလောက်မှာ အပြီးခေါ်သွားကြတယ်’’ ဟု ဆရာတော်ဦးပဏ္ဍ၀ံသက မိန့်ကြားသည်။
သံဃာတော်များအား ဖယ်ရှားသော တာဝန်ရှိသူများသည် ကျောင်းတိုက်ကို ဖယ်ရှားပြီး ကျောင်းအတွင်းရှိ ပစ္စည်းများကို သယ်ဆောင်သွားကာ ကျောင်းတိုက်အတွင်းရှိနေသော သံဃာတော် ၁၅ ပါးဝန်းကျင်အား ကမ္ဘာအေးဘုရားဝင်းရှိ ကျောင်းတိုက်အတွင်းသို့ ည ၁ နာရီခွဲအချိန်တွင် ခေါ်ဆောင်သွားခဲ့သည်။
ဖယ်ရှားရာတွင် ပါဝင်သော တာဝန်ရှိသူများထံ မီဒီယာများက မေးမြန်းရာ ဖြေဆိုခြင်းမရှိသလို၊ ကျောင်းတိုက်အတွင်းသို့ မီဒီယာများ ၀င်ရောက်ခွင့် မပေးခဲ့ပေ။ ကျောင်းတိုက်ကို ဖယ်ရှားသောကြောင့် ပီနန်ဆရာတော်ကြီး၏ ဒါယကာ၊ ဒါယိကာမများ ကျောင်းတိုက်ရှေ့သို့ လာရောက်၍ အော်ဟစ်ဆူညံမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းသံဃနာယက ဆရာတော်များနှင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ယနေ့ နေ့လယ် ၁ နာရီတွင် ကမ္ဘာအေးကုန်းမြေရှိ ကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်သည်။