Friday, June 13, 2014


သင်္ဃန်းကျွန်း ကျူးကျော်နေအိမ်ပြဿသ  နာ(ရုပ်/သံ) 

  ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်(ဇ) မြောက်ရပ်ကွက်က နေအိမ် အလုံး ၆၀ ကျော်ကို ဖျက်သိမ်းဖို့ ရဲတပ်ဖွဲ့ အင်အား ၁၀၀ ကျော် ဒီနေ့ သွားရောက်ခဲ့ပါတယ်။ အဲ့ဒီမြေနေရာမှာ နေထိုင်သူတွေနဲ့ ရဲတပ်ဖွဲ့တွေ အကြားအခြေအနေတင်းမာခဲ့ပြီး တစ်နာရီကျော်ကြာ ညှိနှိုင်းခဲ့ကြပါတယ်။ RFA သတင်းထောက် မဝေမာထွန်း တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

အဲ့ဒိဝန်ကြီး ဦးဖေသက်ခင်ကို ကော့ကရိတ်ဆေးရုံရှေ့မှာ ဆန္ဒပြပေါ့ဗျာဟု ၀န်ကြီး ဦးစိုးသိန်းဆို 


 



 ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ၂၀၁၄၊ ဇွန်(၇) ရက်နေ့ သမ်္မတရုံးဝန်ကြီး ဦးစိုး သိန်းနှင့် ဦးတင်နိုင်သိန်းတို့လာ ရောက်စဉ် ဒေသတွင်းဖွံ့ဖြိုးတိုး တက်မှုများဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ကော့က ရိတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌတို့တင်ပြချက်၊ ပြန်လည်ဆွေးနွေးချက်များကို ဖော်ပြအပ်ပါသည်။

ဥက္ကဋ္ဌ- ကျွန်တော်က ဦးလှတင်။ ကော့ကရိတ်မြို့နယ် ဖွံ့ဖြိုးတိုး တက်ရေးကော်မတီဥက္ကဋ္ဌဖြစ်ပါ တယ်။

ဝန်ကြီး- ဟုတ်ပြီလေ။ ခင်ဗျား ရဲ့ အခြေအနေလေးပြောပါဦး။

ဥက္ကဋ္ဌ- ကျွန်တော်တို့မြို့နယ်က တော့ မနှစ်ကနဲ့စာရင် ဒီနှစ်အများ ကြီးပြောင်းလဲတိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။

ဝန်ကြီး- ဟ ဘာတွေပြောင်း သွားတာလဲ။

ဥက္ကဋ္ဌ- မပြောင်းတာတစ်ခုက တော့ တင်ပြချင်ပါတယ်။ ပြောင်း တာကတော့ လမ်းပန်းဆက်သွယ် ရေး။ လမ်းတွေတော်တော်များများ ကြီး ခုဆိုကျေးရွာတွေမှာ မိုင် တော်တော်များများ ကျောက်ခင်း လမ်းလည်းပြီးတယ်။ မြေသားလမ်း လည်းပြီးတာပေါ့။ အားနည်းချက် က ဘာလဲဆိုတော့ ဒီနှစ်(၂၀၁၃ /၁၄)ပြီးရမယ့် ကိစ္စတွေကမပြီး ဘဲနဲ့ (၁၄/၁၅)အထိ ကူးပြီးလုပ် ရတဲ့ အပိုင်းတွေရှိပါတယ်။

ဝန်ကြီး- ဘယ်ဟာမပြီးတာလဲ။

ဥက္ကဋ္ဌ- အဲဒါက ဘာဖြစ်လို့လဲ ဆိုတော့ ကုမ်္ပဏီတွေရဲ့အားနည်း ချက်အများကြီးပါပါတယ်။ တင်ဒါ ရတဲ့ ကုမ္ပဏီတွေက စက်ပစ္စည်း ခနော်ခနဲ့နဲ့ လုပ်သားအင်အား နည်းနည်းလေးနဲ့ လုပ်သွားကြတဲ့ အတွက်ကြောင့် အင်တိုက်အား တိုက်မဖြစ်ဘဲ အချိန်မီမပြီးစီးတဲ့ အပိုင်းတွေရှိပါတယ်။ အဲဒါကုမ္ပဏီ ကိုပြောတော့လည်း...

ဝန်ကြီး- မရဘူး။ အဲဒါမရဘူး။ ခင်ဗျားကုမ်္ပဏီကိုပြောစရာမရှိဘူး။ ဒီမှာ ရှေ့တန်းမှာထိုင်နေတဲ့လူ တွေကို ပြောရမှာ။ သူတို့ကို အဲဒီ အတိုင်းပြောရမှာ။ ဟုတ်ဖူးလား။ စာချုပ်ပါအတိုင်းဖြစ်ရမှာ၊ အား မနာပါနဲ့။ ခင်ဗျားအတွက်ပြော တာမဟုတ်ဘူး။ ဒေသအတွက် ပြောတာ။ နောက်ပြီး ကျွန်တော် တို့ကလည်း ဘတ်ဂျက်ငွေရမှာ။ ဘတ်ဂျက်ကို ပြည်ထောင်စုလွှတ် တော်မှာ တင်ထားရတဲ့အတွက် ကြောင့် ဟုတ်ပြီလား။ ပြည်နယ်/ တိုင်းရင်းသား ဘတ်ဂျက်၊ ပြည် ထောင်စုအစိုးရရဲ့ဘတ်ဂျက်(၂)ခု ပေါင်းပြီးတော့ ပြည်ထောင်စုလွှတ် တော်မှာ အတည်ပြုပြီးတော့ ဒီ ပိုက်ဆံသုံးကိုသုံးမှဖြစ်မယ်။ ဟုတ် ဖူးလား။ သုံးအောင်ကြိုးစားရ မယ်။ ဖြုန်းတာမဟုတ်ဘူး။ Effect Use  ဖြစ်အောင်တော့လုပ်ရ မယ်။ ကျွန်တော်တို့ကအားရပါးရ ပြည်ထောင်စုလွှတ်တော်မှာတစ်ခါ တင်ပြ ခြေုငညါ လုပ်ရတာပေါ့။Backing လုပ်ရတာပေါ့။ ကျွန်တော် တောင်းတဲ့ပိုက်ဆံမှန်ပါတယ်ဗျာ။ ခင်ဗျားပေးစမ်းပါဗျာ။ ပြောရတဲ့ အချိန်မှာ ဟုတ်ပြီဆိုပြီးတော့။ ခင်ဗျားလူတွေက ပြီးအောင်မလုပ် တဲ့အခါကျတော့ ကျွန်တော်မှတ် မိတယ်။ Trillion-1.4 Trillion ဒီနှစ်ပြန်အပ်လိုက်ရတယ်။ အဲဒီ လိုပဲ ခင်ဗျားပြောသလို မသုံးတဲ့ လူတွေကြောင့် ဟုတ်ဖူးလား။ ဒီ တော့ ခင်ဗျားပြောတာမှန်တယ်။ သက်ဆိုင်ရာမြို့နယ်တွေ၊ စည်ပင် သာယာတွေက ကျတဲ့ပိုက်ဆံကို ထိရောက်စွာ Effect Use  ဖြစ်ဖို့ လိုတယ်။ ထိရောက်စွာလည်းသုံး ရမယ်။ သူ့အတိုင်းပြောတဲ့အတိုင်း လုပ်ရမယ်နော်။ ဒါလေးကောင်း ပါတယ်။ ခင်ဗျားပြောတာ အဲဒီ တော့ ဘယ်နှခုလောက်သွားကျန် လဲ။

ဥက္ကဋ္ဌ- (၂)ခုလောက်ကျန်နေ သေးပါတယ်။

ဝန်ကြီး- တော်သေးတာပေါ့။ (၂၀)လောက်ကနေ (၂)ခုလောက် ကျန်တာ။

ဥက္ကဋ္ဌ- အရေးကြီးတဲ့ (၁)ခုက ကျွန်တော်တို့ကျန်းမာရေးအတွက် မြို့နယ်ဆေးရုံကြီး ခုတင်(၁၀၀) မှာ ပျက်စီးနေတဲ့အပိုင်းတွေကို ဟိုမနှစ်က၀န်ကြီး ဒီအချိန်ဒီကို လာကတည်းက ကျွန်တော်တို့ တင်ပြလိုက်တဲ့အပိုင်းက ဒီနှစ် ဒီအချိန်ရောက်တဲ့အထိ ဘာမှ ပြင်ဆင်မှုမရှိသေးဘဲနဲ့ ခုချိန်ထိ မိုးဦးကျမှာ မိုးထပ်ယိုနေပါတယ်။

ဝန်ကြီး- ဟုတ်လား။

ဥက္ကဋ္ဌ- ဘတ်ဂျက်ကလာမယ် လာမယ်ပြောပြီး ဘာမှပြင်မပေး ဘူး။ နောက်တစ်ခါ...

ဝန်ကြီး- အဲဒါ လွယ်လွယ်လေး ဗျ။ ကျွန်တော်ကခင်ဗျားနာမည် မသိလို့။ ကော့ကရိတ်မြို့နယ် ဆေးရုံရှေ့မှာ ဆန္ဒပြပေါ့ဗျ။ အဲဒီ ၀န်ကြီး ဦးဖေသက်ခင်ကို ဟုတ် ဖူးလား။ ခင်ဗျားပြောတော့ တစ် နှစ်ရှိပြီ။ ခင်ဗျားလာကြည့်ပါဦးလို့။

ဥက္ကဋ္ဌ- ကျွန်တော်စာလည်းတင် ထားပြီးပါပြီ။ လွှတ်တော်လိုင်းက တင်လိုက်တယ်။ ပြည်နယ်လိုင်း ကလည်း တင်တယ်။ ဌာနဆိုင်ရာ ကလည်းတင်တယ်။ တင်ပေမဲ့ လည်း လာမယ်ဆိုတာအသံပဲ ကြားနေတယ်။ အခုထိလာမပြင် သေးဘူး။

ဝန်ကြီး- မဟုတ်ဘူး။ သူတို့က (၃)ခုလုံးညှိထားတာဖြစ်မယ်။ (၃) ခုလုံးအမှိုက်ပုံးထဲရောက်သွားတာ ဖြစ်မယ်။ လွှတ်တော်မှာလည်း ဆေးတွေပေးထားတော့ထည့်လိုက် မှာပေါ့။ ပြည်နယ်မှာလည်း လာဘ် ထိုးထားတော့ သူကအမှိုက်ပုံးထဲ ရောက်သွားတာနဲ့တူတယ်။ ကျွန်တော်တို့နှစ်ယောက်ကိုပို့။ ကျွန်တော်တို့နှစ်ယောက်ဆီကိုပို့။ဥက္ကဋ္ဌ- ဒီနှစ်မှ မရဘူးဆိုရင် တော့။ ကျွန်တော်တို့က ဆေးရုံကို အင်ဖက်နဲ့မိုးပြီးတော့ ကာမယ်လို့ စဉ်းစားတယ်။

ဝန်ကြီး- ဟာ...ဘယ်လိုလုပ် သွားဖြစ်မလဲ။ မိုးတော့မိုးရမယ်။ တာဝန်ရှိတဲ့သူကလည်းထွက်ရမယ်။

ဥက္ကဋ္ဌ- ကျွန်တော်တို့က မဖြစ် ဖြစ်တဲ့နည်းနဲ့ ကာပေးရမယ့် သဘောဖြစ်နေတယ်။

ဝန်ကြီး- မဟုတ်ဘူးလေ။ ခင်ဗျား အင်ဖက်နဲ့မိုးတာကျေးဇူးတင်တယ်။ တာဝန်ရှိတဲ့သူကလည်း အလုပ်က ထွက်ရမယ်လို့ပြောတာ။ တာဝန် ဆိုတာ အဲဒါကိုပြောတာ။ ဟုတ် ဖူးလား။ အဲဒီတော့ ဘယ်လိုလုပ် ရမလဲ။ အဲဒီကမပြီးတဲ့အတွက် ကြောင့် ဆေးရုံမှာနောက်တစ်ခု ပေးချင်တောင်မှ ကိုယ်ကမပြီး တော့ ဘယ်လိုလုပ်သွားဖြစ်မလဲ။ မြန်မြန်ပြီးလေ နောက်နှစ်နောက် တစ်ခုထပ်ရဖို့ အခြေအနေကောင်း လေပေါ့။ ဟုတ်ဖူးလား။ ခင်ဗျား ပြောတာကျွန်တော်ကျေးဇူးတင် တယ်။ ကျွန်တော်ပြန်ပြောမယ်။ ခုတင်(၁၀၀)မပြီးသေးဘူး။ မိုးမလုံ သေးဘူး။

ဥက္ကဋ္ဌ- နောက်ပြီးတော့ ၀န်ထမ်း တွေခန့်ထားမှုကလည်း အများကြီး လိုနေပါတယ်။

ဝန်ကြီး- ဘာဝန်ထမ်းလဲ ခင်ဗျား လိုတာ။

ဥက္ကဋ္ဌ- ဆရာဝန်တွေအများကြီး လိုပါတယ်။

ဝန်ကြီး- ဟား ဟား ဟား ဆရာ ၀န်။ ကျွန်တော်မပြောတော့ဘူး။ ဒီ Issue   က ဒီပြဿနာက တစ် နိုင်ငံလုံးပြဿနာ။ ဒါကြောင့် ကျွန်တော်မပြောတော့ဘူးလို့ပြော တာ။

ဥက္ကဋ္ဌ- ကျွန်တော်ဆီမှာတစ်ခုခု ဖြစ်ရင် ဘားအံကိုအချိန်မရှိအခါ မရှိ ပြေးလွှားရတဲ့ဟာတွေကများ နေပါတယ်။ ဟိုမှာ အရိုးကုဆရာ ၀န်လည်းမရှိ၊ ဓာတ်မှန်ကိစ္စလည်း မရှိ။

ဝန်ကြီး- ရှိတယ်။ ခင်ဗျားမသိ လို့။ သူကအဲဒီကို ပိုစတင်ချလိုက် ပြီးရင် နိုင်ငံခြားကိုလွှတ်လိုက် တယ်။ စည်းဝါးရိုက်ထားတာလေ။ ပိုစတင်ကကော့ကရိတ်။ နေတာက နိုင်ငံခြား။ အဲဒီလိုလုပ်ထားတာ။ ခင်ဗျားမှမသိတာ။

ဥက္ကဋ္ဌ- ဟိုမှာ မေ့ဆေးဆရာဝန် လည်းမရှိဘူး။ ခွဲစိတ်မယ်ဆိုလို့ ရှိရင် မေ့ဆေးဆရာဝန်မရှိတဲ့ အတွက်ကြောင့် အင်မတန်ဒုက်္ခ ရောက်ကြရပါတယ်။

ဝန်ကြီး- ဟုတ်တယ်။ သူအဲဒီလို လုပ်ထားတာ။ တချို့ဆေးရုံမှာ ဆရာဝန်ကိုတစ်ယောက်မှမရှိဘူး။ စာရွက်ပေါ်မှာတော့ရှိတယ်။ တချို့ကျောင်းမှာ ဆရာမရှိဘူး။ စာရွက်ပေါ်မှာပဲရှိတယ်။ ချင်းပြည် သွားတာ ဦးတင်နိုင်သိန်းသွားတာ။ ကျောင်းသားချည်းပဲရှိတယ်။ ဆရာမတစ်ယောက်မှမရှိဘူး။ မဆိုးဘူး။ ဒီကျောင်းသားတွေက ငြိမ်နေတာပဲ။ မဆိုးဘူး။ စည်းကမ်း ရှိတယ်။ အဲဒီလိုပဲ ဆရာဝန်လည်း ကျန်းမာရေးဝန်ကြီးဌာနက အဲဒီ လိုပဲလုပ်တာ။ ဟုတ်ဖူးလား။ သူ့ကို ပြောရင် သူကပိုစတင်ချလိုက် တယ်။ နောက်ပြီးရင် တိုးတိုးလေး ပြောပြီးတော့ နိုင်ငံခြားပို့လိုက် တာ။ ပြည်သူပဲဒုက္ခရောက်နေတာ။ ကောင်းတယ်။ ခင်ဗျားပြောတာ မှန်ပါတယ်။ ဒါကြားနေကြစကား လို့ပြောရမှာပါ။

ယင်းနေ့က သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ကော့ကရိတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးလှတင် တင်ပြဆွေးနွေးမှုများကို တက်ရောက်လာကြသည့် ပြည်သူ များက သဘောကျနှစ်ခြိုက်အား ပေးထောက်ခံခဲ့ကြသည်။

ပွင့်ဆန်း

ဘုန်းကြီးနှင့်ဘီး၊ Walkie talkie နှင့် ဘုန်းကြီးလူမြင်မတင့်တယ် 


 



ပီနန်ဆရာတော်ကြီးနှင့် နိုင်ငံတော် သံဃာ့နာယကအဖွဲ့တို့ ပိုင်ဆိုင်မှုအငြင်းပွား နေသော ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ် ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်း တော်ကြီးကို ဇွန်လ ၁၀ ရက်နေ့ ညဘက် တွင် ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးအမည်မသိ လုံခြုံရေးတပ်ဖွဲ့များအပြင် Walkie talkie
ကိုင်ဆောင်ထားကြသော သံဃာများက ၀င်ရောက်စီးနင်းပြီး ကျောင်းတိုက်အတွင်း ရှိ ပီနန်ဆရာတော်ကြီး၏ တပည့်သံဃာ များနှင့် ဒါယိကာမများအား ကမ္ဘာအေး မဟာပါသနလှိုဏ်ဂူသို့ ခေါ်ဆောင်သွားကြ သည်။

လောလောဆယ်တွင် မဟာသန္တိ သုခကျောင်းတော်ကြီးကို ယာယီချိတ်ပိတ် ထားသည်။ ကျောင်းတိုက်အတွင်း အငြင်း ပွားမှုအရှိန်မြင့်တက်လာသောအချိန်က သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်က သံဃာတော်များ၏ အရေးဖြစ်သောကြောင့် သာသနာရေးဌာန အနေဖြင့် ၀င်ရောက်မစွက်ဖက်လိုကြောင်း ပြောကြားခဲ့သည်။ သို့သော် အကြမ်းဖက် ဂိုဏ်းတစ်ခုပမာ ညကြီးအချိန်မတော် ၀င်ရောက်စီးနင်းခြင်း၊ သံဃာတော်များက Walkie talkie များကိုင်ဆောင်ထားကြ သည်ကို မြင်တွေ့ရခြင်း၊ ဘုရား၏သား တော် သံဃာများအကြား ပစ္စည်းပိုင်ဆိုင် မှုအတွက် အငြင်းပွားကြခြင်းတို့သည် ထေရ၀ါဒဗုဒ္ဓသာသနာ၏ ပုံရိပ်ကို ထိခိုက် စေကြောင်း၊ အထူးသဖြင့် သံဃာများအား အဓိကရုဏ်းရဲများအသုံးပြုကြသော Walkie talkie များနှင့်အတူ တွေ့မြင်ရ သည်မှာ မနှစ်မြို့ဖွယ်ဖြစ်ကြောင်း ဝေဖန် နေကြသည်။

၈၈ အရေးအခင်းကာလအတွင်း ကလည်း ရန်ကုန်မြို့လယ်ကောင် ကမ်းနား လမ်းရှိ ကုန်သွယ်ရေးရုံးကို ဆန္ဒပြလူအုပ် ကြီးက ၀င်ရောက်စီးနင်းစဉ် ရုံးအဆောက် အအုံအပေါ်ထပ်သို့ တွယ်တက်နေကြ သော သင်္ကန်းဝတ်များ၏ ခါးကြားအတွင်း ခြောက် လုံးပြူးများ ထိုးထားသည်များကို တွေ့ရ သောကြောင့် ၎င်းတို့သည် ရဟန်းသံဃာ အစစ်များမှ ဟုတ်ပါစဟု မေးခွန်းများ ပေါ် ထွက်ခဲ့သည်။ ယင်းနောက် သေနတ်လွယ် ထားသည့် ရဟန်းဝတ်၏ဓာတ်ပုံ ကမ္ဘာ့ မီဒီ ယာများပေါ်သို့ ရောက်ရှိသွားသောကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာ၏ ပုံရိပ်ညစ်ထေးခဲ့ရ သည်။ မဟာသန္တိသုခကျောင်းတော် ၀င် ရောက်စီးနင်းရာတွင် သံဃာများ Walkie talkie ကိုင်ဆောင်ခြင်းမှာ အမြင်မတော် ဆင်တော်နှင့်ခလောက်ဖြစ် လျက်ရှိသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဖားကန့်ရှိ ကျောက်တူးသမားများနှင့် ရွှေမျောတိုက်သမားများ လုပ်ငန်းရပ်ဆိုင်းရန် ညွှန်ကြားထားသော်လည်း အချို့လုပ်ကိုင်နေဆဲဖြစ်

 

ဖားကန့်ဒေသရှိ ကျောက်တူးသမားများ၊ ရွှေမျောတိုက်သမားများအား ဇွန်လ ၁၂ ရက်တွင် နောက်ဆုံးထား ရပ်ဆိုင်းရန် ညွှန်ကြားထားသော်လည်း အချို့မှော်များသာ သိမ်းဆည်းကြပြီး အချို့မှာ ပုံမှန်အတိုင်း လုပ်ကိုင်နေကြကြောင်း သတင်းရရှိသည်။
 မိုးတွင်းဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ် ကျရောက်လာနိုင်သောကြောင့် ယာယီရပ်စဲထားရန် ဖားကန့်ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားခြင်းဖြစ်သည်။
‘‘စစ်သားတွေနဲ့ နီးတဲ့နေရာ တွေမှာတော့ မသွားကြတော့ဘူး။ ဒါပေမဲ့ ဝေးတဲ့ မှော်တွင်းမှာတော့ တူးနေကြတယ်။ ရဲတွေမြင်ရင် ထွက်ပြေးတယ်။ တချို့က ညပဲ လုပ်ကြတော့တာ’’ ဟု တစ်နိုင် တစ်ပိုင် ကျောက်ကျင်းထောင် ထားသူ ကျောက်လုပ်ငန်းရှင်ဦး နော်ဆိုင်းက ဆိုသည်။
သို့သော်စစ်သားများနှင့် ရဲ များလည်း နေ့တိုင်းလိုလို လိုက် လံဖမ်းဆီးလျက်ရှိပြီး ဖမ်းမိသည့် သူများ၏ ဆိုင်ကယ်များ၊ ကျောက် တူးသည့် ကိရိယာများကိုပါ သိမ်းဆည်းလိုက်ကာ ပြန်လည်ရောင်းချကြကြောင်းလည်း ဒေသခံများက ဆိုသည်။
‘‘ဖမ်းမိရင် ဖမ်းမိတဲ့ ပစ္စည်း တွေ အကုန်ယူတယ်။ ပြီးရင်သူ တို့ ပြန်ရောင်းတယ်။ ဖားကန့်လူ တွေက ဒီကျောက်ပဲ လုပ်စားကြ တာ။ ဖမ်းရင်လည်း ထမင်းစားရ မှာဆိုတော့ ဆက်တူးနေကြမှာပဲ’’ ဟု ကျောက်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ကျောက်တွင်းများသာမက တဲများကိုပါ ဖြုတ်သိမ်းရန် ညွှန် ကြားထားပြီး မဖြုတ်သိမ်းသည့် တဲများကို  မီးရှို့သွားမည်ဖြစ် ကြောင်း ပြောဆိုထားသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါကိစ္စအား မေးမြန်း ရန် ဖားကန့်မြို့နယ် အုပ်ချုပ်ရေး မှူးထံ  ဆက်သွယ်သော်လည်း ၎င်း တို့နှင့် မသက်ဆိုင်ကြောင်း၊ လုံးခင်ကျောက်မျက်ရုံကို ဆက်သွယ်ရန် ပြောဆိုခဲ့သည်။
ထို့နောက် လုံးခင်ကျောက် မျက်ရုံသို့ ဆက်သွယ်ခဲ့သော်လည်း ၎င်းတို့နှင့် မဆိုင်ကြောင်း၊ ရဲတပ်ရင်းနှင့် ကော်မတီနှင့်သာ ဆိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ ထို့နောက် ဖားကန့်မြို့နယ် ရဲတပ်ရင်းသို့ ဖုန်းခေါ်ဆိုခဲ့သော်လည်း ခေါ်ဆိုမှု မရခဲ့ပါ။
 ဖားကန့်ဒေသတွင် အစိုးရ နှင့် ကေအိုင်အေတို့ ပြန်လည်ဖြစ် ပွားသည့် စစ်ပွဲများကြောင့် ကုမ္ပ ဏီများ ပိတ်ခဲ့ရသည်။ မြန်မာနိုင်ငံ အနှံ့မှ ဒေသခံနှစ်သိန်းခန့် လာ ရောက်လုပ်ကိုင်လျက်ရှိသည်။

 

ဒဂုံတက္ကသိုလ် ဥပဒေကျောင်းသားတစ်ဦး ယာဉ်အတိုက်ခံပြီး အဆုံးစီရင်


ဒဂုံတက္ကသိုလ်ကျောင်း ၀င်းအတွင်း ဒုတိယနှစ် ဥပဒေ ကျောင်းသားတစ်ဦးသည် ချစ်သူနှင့် စကားများရန်ဖြစ်ကာ ကားရှေ့ ဖြတ်ပြေးပြီး ယာဉ်တိုက်ခံကာ မိမိကိုယ်ကိုယ်ကို  အဆုံးစီရင်ခဲ့ကြောင်း ဒဂုံတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒဂုံတက္ကသိုလ် ကျောင်းဝင်း အတွင်း ဇွန်လ ၁၂ ရက်နေ့လယ် ၁ နာရီခွဲက ဒုတိယနှစ် ဥပဒေတက် နေသည့် ချစ်သူနှစ်ဦးသည် စကားများရန်ဖြစ်ကြပြီး ကျောင်းသားက ၎င်း ၏ မိန်းကလေးအား လည်ပင်း ညှစ်သဖြင့် ကျောင်းလုံခြုံရေး အ ဖွဲ့က ၀င်ရောက်ဖျန်ဖြေခဲ့ရသည်။
 လုံခြုံရေးအဖွဲ့က ဖျန်ဖြေပေးခဲ့ပြီးနောက်  မိန်းကလေးအား ခေါ်ဆောင်သွားစဉ်  အဆိုပါ ကျောင်းသားက တက္ကသိုလ်ကြိုပို့ ဘီအမ်ကျောင်းကားရှေ့ သို့ ဖြတ် ပြေးခဲ့၍  တိုက်မိပြီး  သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
 ‘‘အဓိပတိကားရှေ့ဝင်ပြီး အတိုက်ခံသေးတယ်လို့လည်း ကြားတယ်။ သမီးရည်းစားတွေဆို တော့ အချစ်ရေးကိစ္စနဲ့ပဲပေါ့။ အ ချစ်သက်သေပြတယ်လို့ ယူဆရ မှာပေါ့။ နောက်တော့ ဒီကားနဲ့ တိုက်မိသွားတာ။  အခုလိုဖြစ် တော့ ကားသမားရော  သေသွား တဲ့ကောင်လေးရော မကောင်းဘူး ပေါ့။ ကားသမားမှာ ကလေးနှစ် ယောက်ရှိတယ်ကြားတယ်။ အခု လို ကိုယ့်ကိုယ်ကိုယ် သတ်သေ တာ ဒါပထမဆုံးပဲ။ ဒဂုံတက္က သိုလ်ထဲမှာလည်း အရင်က မဖြစ်ခဲ့ဖူးဘူး။ တခြားပုံစံမျိုးနဲ့ပဲ အက်စီးဒင့်ဖြစ်တာ’’ ဟု ဒဂုံတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘အဓိပတိကားရှေ့ အရင် အတိုက်ခံတာ။ ကားက ရပ်လိုက် လို့ မသေတာ။ နောက်ဘီအမ် ကားက မောင်းလာတော့ ထပ်အ တိုက်ခံတော့ အဲဒီကားနဲ့တိုက်မိ ပြီး သေသွားတာ။ ချစ်သူနဲ့စကား များပြီး လုပ်တာလို့ ကြားတယ်’’ ဟု ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမ များ သမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ ဦးအာကာမိုးသူက ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သေ ဆုံးသူကျောင်းသား၏သူငယ်ချင်း တစ်ဦးက ‘ကောင်မလေးနဲ့ စိတ်ဆိုးပြီး သူ့ကိုယ်သူ သတ်သေလို့ဖြစ်တာ။ ဒဂုံတက္ကသိုလ် အ၀ိုင်းနားမှာ’’ ဟု ဆိုသည်။
 သေဆုံးမှုဖြစ်စဉ်ကို ပညာ ရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး ကြိုပို့ယာဉ်မောင်းအား ဒဂုံအရှေ့ မြို့မစခန်းတွင် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

 

တိုက်စစ်မှူး ပီရယ်တာ၏ဂိုးဖြင့် မက္ကဆီကို ဖွင့်ပွဲတွင် (၃)မှတ်ရယူ

မက္ကဆီကိုအသင်းက ကင်မရွန်းအသင်းကို ပထမပိုင်းတွင် သွင်းယူခဲ့သော ဂိုး(၂)ဂိုးမှာ လူကျွံသည်ဟုဆိုကာ ဒိုင်လူကြီးမှ ငြင်းပယ်ခဲ့သော်လည်း တိုက်စစ်မှူးပီရယ်တာ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အုပ်စု(A)၏ ဒုတိယပွဲစဉ်အဖြစ် မက္ကဆီကိုနှင့် ကင်မရွန်းတို့ မြန်မာအချိန် (၁၀)နာရီခွဲတွင် ယှဉ်ပြိုင်ကစားခဲ့ရာ မက္ကဆီကိုအသင်းက ပွဲချိန်အများစုတွင် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားသွားခဲ့သည်။ ပထမပိုင်းတွင် တိုက်စစ်မှူး ဒေါ့ဆန်းတို့စ်သွင်းယူသော နှစ်လုံးမှာ ဂိုးဝင်သော်လည်း လူကျွံသည်ဟု ဒိုင်လူကြီးက သတ်မှတ်ကာ ဂိုးမပေးခဲ့ပေ။ သို့သော် ပွဲချိန် ၆၁ မိနစ်တွင် ဒေါ့ဆန်းတို့စ် ကန်သွင်းသောဘောလုံးကို ကင်မရွန်းဂိုးသမား ပုတ်ထုတ်စဉ် နောက်မှလိုက်လာသော တိုက်စစ်မှူး ပီရယ်တာက ထပ်မံသွင်းယူကာ မက္ကဆီကိုအတွက် အဖိုးတန် အနိုင်ဂိုးကို ရယူပေးခဲ့သည်။
ဂိုးပေးရပြီးနောက် ကင်မရွန်းမှာ ချေပဂိုးရရန်ကြိုးစားသော်လည်းမက္ကဆီကိုနောက်တန်းနှင့် ဂိုးသမားတို့ အကောင်းဆုံးခုခံကာကွယ်သွားခဲ့သည်။ မန်ယူတိုက်စစ်မှူး ဟာနန်ဒက်စ်မှာ ပီရယ်တာအစား မိနစ်(၇၀)ကျော်တွင်သာ ၀င်ရောက်ကစားခွင့်ရခဲ့သည်။ မက္ကဆီကိုမှာ နိုင်ပွဲကြောင့် အုပ်စု(A)တွင် ရမှတ်(၃)မှတ်ဖြင့် ဂိုးကွာခြားချက် ပိုသာသော ဘရာဇီးအသင်းနောက်မှ ဒုတိယနေရာတွင် ရပ်တည်နေသည်။

 

ကမ္ဘာကျော်မင်းသမီး အန်ဂျလီနာဂျိုလီ မြန်မာနိုင်ငံသို့ လာရောက်လိုဟုဆို

ရန်ကုန်- ကမ္ဘာကျော်ရုပ်ရှင်မင်း သမီး အန်ဂျလီနာဂျိုလီက ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားနေရသော မြန်မာအမျိုးသမီးများကို အားပေးစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
ဇွန်လ ၁၁ ရက်မှ ၁၃ ရက် အထိ လန်ဒန်မြို့ Excel တာဝါ တွင်ကျင်းပနေသည့် ပဋိပက္ခများ အတွင်း အမျိုးသမီးများ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုရပ်တန့် ရေးထိပ်သီးဆွေးနွေးပွဲ၌ ဂျိုလီက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေသည့် ဒေါ်စူဇန်နာလှလှစိုးက အတည်ပြု ပြောကြားသည်။
 ‘‘မနေ့က ရုပ်ရှင်မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ ကျွန်မတို့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ တွေ့ဆုံကြတဲ့အခါမှာ မြန်မာအမျိုးသမီးတွေအတွက် သူကစိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခဲ့တဲ့အနေနဲ့ အားပေးစကားတွေ ပြောတယ်။ နောက်ပြီး မြန်မာနိုင်ငံကို သူလာလည်ချင်တယ်လို့ ပြောပါတယ်’’ ဟု အန်ဂျလီနာဂျိုလီနှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါ်စူဇန်နာလှလှစိုးက ပြောကြားသည်။
 ဂျိုလီသည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၏ သံတမန်လည်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်ရန် ၂၀၀၉ ခုနှစ်က ကြိုးစားဖူးသော်လည်း မအောင်မြင်ခဲ့ဘဲ မြန်မာ-ထိုင်းနယ်စပ်ရှိဒုက္ခသည်စခန်းများသို့ သွားရောက်၍ မြန်မာဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။
 ‘‘သူက မြန်မာကို သိပ်ပြီး လာချင်ပုံပဲ။ စိတ်လည်း ထက်သန်နေပါတယ်။ ဒါပေမဲ့ ဘယ်တော့ လည်းဆိုတာတော့ သူမပြောဘူး။ တွေ့ရတဲ့အချိန်ကလည်း နည်း တယ်။ အကြမ်းဖက်ခံရတဲ့ မြန်မာ အမျိုးသမီးတွေ ဘာမှ စိတ်ဓာတ် မကျဖို့ သူကအားပေးခဲ့တယ်’’ ဟု မြန်မာအစိုးရကိုယ်စားလှယ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့ သည်။ အန်ဂျလီနာဂျိုလီသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရသည့် မြန်မာအပါအ၀င် အခြားသော ကမ္ဘာ့နိုင်ငံမှအမျိုးသမီးဒုက္ခသည်များနှင့် လန်ဒန်ဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့ပြီး အားပေးစကားများပြောခဲ့သည်။
ထို့ပြင် ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်နှင့် ပူးတွဲပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင်လည်း ဂျိုလီက လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုခံရခြင်းမှာ ရှက်စရာမဟုတ်ဘဲ ပြုကျင့်သူက သာ ရှက်ဖို့ကောင်းကြောင်း ပြောကြားခဲ့သည်။
လန်ဒန်တွင် ကျင်းပနေသော ယင်းဆွေးနွေးပွဲသို့ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါ်စူဇန်နာလှလှစိုး၊ ကျားမ တန်းတူညီမျှရေး ကွန်ရက်မှ ဒေါ်မေစပယ်ဖြူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ အဖွဲ့ချုပ်မှဥက္ကဋ္ဌ ဒေါ်တင်တင်ညိုနှင့် နော်ဝါးခူးရှီး၊ မြန်မာအစိုးရဘက်မှ နိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်၊ ညွှန်ကြားရေးမှူး ဦးရဲမင်းသိန်းတို့ တက်ရောက်လျက်ရှိသည်။
ယခုဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံ၌ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ခံနေရသည့် အမျိုးသမီးများအား အထောက်အပံ့အကာအကွယ်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆွေးနွေးနိုင်ခဲ့ကြောင်းဒေါ်စူဇန်နာလှလှစိုးက ပြောကြား သည်။ ပဋိပက္ခများတွင် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုရပ်တန့် ရေး ကြေညာချက်ကိုမြန်မာက ဇွန်လ ၅ ရက်တွင် လက်မှတ်ရေး ထိုးခဲ့ခြင်းအတွက် ဗြိတိန်အစိုးရက ထောက်ခံကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံ တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုကိစ္စရပ်များအတွက် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် နှစ်နိုင်ငံအတူတကွ ပူးတွဲလုပ်ဆောင်သွားလိုကြောင်း ပြောကြားထားသည်။

 

မဟာသန္တိသုခကျောင်းတော်ကြီးအကြောင်းတစေ့တစောင်း

၁၉၉၅-ခုနှစ်တွင် ပီနန်ဆရာတော်ကြီးအား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်၍လာရောက်ယူစဉ် ဦးစောမြင့် မှအသက်ကြီးလာလျှင် ဆရာတော်ကြီးသီ
တင်းနေထိုင်ရန်ကျောင်းတစ်ကျောင်းဆောက်ပါရန်လျှောက်ထားခဲ့သည်။ ဆရာတော်ကြီး
မှ ဘုန်းကြီးအတွက် မလိုဘူး။ ဆောက်ချင်ယင် ပြည်ပသာသနာပြုလေ့ကျင့်ရေးကျောင်
ဆေက်ချင်တယ်ဟုမိန့်ကြားသည်မှစတင်ပေါ်ပေါက်လာခဲ့ပါသည်။ ကျောင်းတော်ကြီးကို
ပြည်တွင်းပြည်ပစေတနာရှင်များ၏လှူဒါန်းငွေနှင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
၁၉၉၉-ခုနှစ် ဒီဇင်ဘာလတွင်ကျောင်းတော်ကြီးကို နဝတ တာဝန်ရှိသူများမှ ရေ
စက်ချလှူဒါန်းခဲ့ပါသည်။ ဦးသန်းရွှေနှင့်အတူ လူမမယ် ဖိုးလပြည့်လည်းပါဝင်ရေစက်ချ
ခဲ့ပါသည်။ ထိုဒီဇင်ဘာလမှာပင်ပြည်ပသာသနာပြုရဟန်းတော်များကို သတင်းစာမှတ
ဆင့်ခေါ်ယူခဲ့ပါသည်။ ဝင်ခွင့်ကို အင်္ဂလိပ်ဘာသာဖြင့်ဖြေဆိုခဲ့ရပါသည်။ တာမွေမြို့နယ်
ထဲမှ အထက်တန်းကျောင်းတစ်ခုတွင်ဖြစ်ပါသည်။ ရဟန်း သီလရှင်အပါး ၁၀၀-ကျော်
ဖြေဆိုခဲ့ရာ ၄၄-ပါးရေးဖြေအောင်မြင်ခဲ့ပါသည်။ နှုတ်ဖြေ အင်္ဂလိပ်ဘာသာဖြင့်ပင်ဖြေ
ဆိုခဲ့ရပြီး ရဟန်းတော် ၂၁-ပါးနှင့် သီလရှင် ၅-ပါးရွေးချယ်ခဲ့ပါသည်။ နောက်မ တရုတ်
သီလရှင် ၁-ပါးလာရောက်သင်တန်းတက်ရောက်ခဲ့ပါသည်။ ရဟန်းတော် ၁-ပါးကျန်းမာ
ရေးမကောင်းသောကြောင့်သင်တန်းမှ နှုတ်ထွက်ခဲ့ပါသည်။
၂၀၀၂-ခုနှစ်တွင်သင်တန်းပြီးဆုံးခဲ့ပြီး ရဟန်းတော် ၆-ပါးကိုထိုင်ဝမ်သို့လည်း
ကောင်း၊ ၂-ပါးကို အမေရိကန် သို့လည်းကောင်း၊ ၂-ပါးကို နယူးဇီလန် သို့လည်း
ကောင်း သာသနာပြုစေလွှတ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် ဆရာတော်ကြီးမှ သင်တန်းဆင်းလက်မှတ်နှင့် အတွင်းရေးမှူး ၁ ဦးခင်ညွန့်မှခရီးဆောင်အိပ်တစ်လုံးစီ
ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆရာတော်ကြီးမှာ ပြည်ပတွင်သာအနေများပြီး သင်တန်း
ဖွင့်ပြီးသည်မှ သင်တန်းဆင်းသောအခါမှ ဤကျောင်းတော်ကြီးသို့ ပြန်လည်ကြွရောက်
ခဲ့ပါသည်။
ဆရာတော်ကြီးပြန်လည်ကြွရောက်လာစဉ် ကျောင်းတော်ကြီး၏ ဥပဌာက ဥက္ကဌအဖြစ်ဆောင်ရွက်နေသော ဦးစောမြင့် ( မဆလ ခေတ်ရာတန်များငွေမဲ မကျေ
ငြာမှီ သတင်းပေါက်ကြားမှုဖြင့်ပြုတ်ခဲ့၊ မဟေသီမဂ္ဂဇင်းတိုက်ပိုင်ရှင်၊ ယခုသေဆုံးပြီး)
အား ခင်မြားဥက္ကဌရာထူးမှနားတော့ဟုပြောဆိုခဲ့ပါသည်။ ဆရာတော်ကြီး၏ နိုင်ငံအ
သီးသီး၌ရှိသောကျောင်းတိုက်အားလုံး၏စည်းမျဉ်းတွင် ဂေါပက ဥက္ကဌတာဝန်ကို ၂-နှစ်
သာထမ်းဆောင်စေပါသည်။ထိုသို့ မိန့်ကြားပြီးဆရာတော်ကြီး ပြည်ပသို့ ပြန်လည်ကြွ
သွားခဲ့ပါသည်။ ဦးစောမြင့် ဥက္ကဌရာထူးမှနားရန်ဖြစ်လာသောအခါငွေစာရင်းများရှင်းရန်
ကိစ္စပေါ်ပေါက်လာပါသည်။ ငွေစာရင်းများ အဓိကကိုင်တွယ်နေသူမှာ ဦးတင်ရွှေ (ဗိုလ်မှူးးငြိမ်း၊ ဦးစောမြင့်၏ယောက်ဖ) ဖြစ်ပါသည်။
ငွေစာရင်းများရှင်းလင်းရန်အခက်ခဲရှိလာခဲ့ပြီး ဦးစောမြင့်နှင့် ဦးအံမောင် (ဘုန်းကြီးလူထွက်၊ ယခင်သာသနာညွှန်ကြားရေးမှူးး၊ နအဖခေတ် နိုင်ငံတော်ကောင်စီ အကြံပေး၊ ဦးသန်းရွှေနှင့်ရင်းနှီး၊ ယခုကမ္ဘာအေးတွင်နေထိုင်ကာ မဟန အားဆရာ လုပ်လျက်ရှိ) နှင့်ပေါင်းမိကာ ၂၀၀၂-ဒီဇင်ဘာလတွင် မဟနဆရာတော်များအား
ကျောင်းတော်ကြီးသို့ ပင့်ဆောင်ခဲ့ပါသည်။ ပင့်ရသည့်အကြောင်းမှာ သြဝါဒခံယူရန်ဟု ဆိုပြီး အမှန်တကယ်အခန်းအနားတွင်ကျောင်းတော်ကြီးကိုထိုးအပ်ခဲ့ပါသည်။ မဟန လည်းဘုမသိ ဘမသိနှင့် လက်ခံခဲ့ရခြင်းဖြစ်ပါသည်။ ထိုစဉ်က မဟန ဥက္ကဌမှာ မကွေး ဆရာတော် ဦးကုမာရ ဖြစ်ပေလိမ့်မည်။ RFA နှင့် အင်တာဗျူးးစဉ် မကွေးဆရာ
တော်မှကျောင်းတော်ကြီးကို မဟန သိမ်းတာမဟုတ်ကြောင်း အစိုးရသိမ်းတာဖြစ်
ကြောင်းမိန့်ကြားခဲ့ပါသည်။ ဤသို့ဖြင့်ကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်တော်မူ
သောရဟန်းတော်တို့အား ၂၀၀၃-ခုနှစ် ဖေဖော်ဝါရီ ၂၈ နေ့တွင်မောင်းထုတ်ခဲ့ပါသည်။
အမှန်တကယ်တွင်ကျောင်းတော်ကြီးကို အစိုးရသိမ်းတာလဲမဟုတ်၊ မဟနသိမ်းတာလဲမဟုတ်ဘဲ ဦးအံ့မောင်အကြံနှင့်ဦးစောမြင့်သိမ်းခဲ့ခြင်းသာဖြစ်သည်။ ယခုအချိန် ထိဦးတင်ရွှေမှာ ကျောင်းတော်ကြီးတွင်နေထိုင်လျက်ရှိပါသည်။ ( ညကအဖြစ် အပျက်မတိုင်မှီအထိ)။
ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာညီလာခံမကျင်းမမှီ မလေးရှားသံရုံးမတဆင့် ဆရာ
တော်ကြီးကြွလာရန်နှင့် ကျောင်းတော်ကြီးပြန်လည်လွှဲအပ်ရန်စီစဉ်ခဲ့ကြပါသည်။ စီစဉ်
သူဦးခင်ညွန့်မှာ ညီလာခံမတိုင်မီပြုတ်သွားခဲ့ပါသည်။ ယခုအခါ နိုင်ငံရေးပွင့်လင်းမြင် သာမှုရှိပြီထင်၍ဆရာတော်ကြီးမှ ကျောင်းတော်ကြီးပြန်ရရန်ကျိုးးစားခဲ့ခြင်းဖြစ်ပါသည် ။ ဆရာတော်ကြီးနေရန်မဟုတ်ဘဲ သာသနာ့အကျိုးဆောင်ရွက်ရန်သာဖြစ်ပါသည်။
စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အချိန်ခါကြအောင် စာရင်းရှင်းတမ်း မကြားဘူးပေ။ ၁၁-ထပ်တွင် တယ်လီဖုန်းတာဝါတိုင်များငှါးရမ်းထားရှိစေခြင်း၊ ၄-ထပ်တွင် ရုံးခန်းများ ငှါးရမ်းထားခြင်း၊ ၂-ထပ်တွင် Video ရိုက်ရန်အခန်းများငှါးထား
ခြင်း၊ မြေညီထပ်တွင် မင်္ဂလာခန်းမ ငှါးရမ်းခြင်းတို့ဖြင့်စီးပွါးရေးလုပ်စားနေကြပါသည်။
ထိုသို့ဝင်ငွေကောင်းနေပါသောကြောင့်ကျောင်းတော်ကြီးအားပြန်လည်မပေးလိုခြင်းသာဖြစ်ပါသည်။
မဟာသန္တိသုခမှမွေးထုတ်လိုက်သော ပထမပတ်သင်တန်းသားများမှ စင်္ကာပူတွင် ၄-ပါး၊ အမေရိကန်တွင် ၂-ပါး၊ ကနေဒါတွင် ၁-ပါး၊ အင်္ဂလန်တွင် ၁-ပါး၊ ထိုင်ဝမ်တွင် ၂-ပါး၊ သြစတေလျတွင် ၁-ပါး၊ နယူးဇီလန်တွင် ၂-ပါး၊ ပြည်တွင်း၌ ၄-ပါး သာသနာပြုလျက်ရှိပါကြောင်း။
ဤ Post တွင် မမှန် မကန် ရေးသားမှုများပါခဲ့သော် မဟာအဝီစိငရဲသို့ ကြပါစေသား။ မှန်မှန်ကန်ကန် ရေးသားထားသည်ရှိသော် ဤ ဘဝ၌ပင် မဂ်ညဏ် ဖိုလ်ညဏ်ရ ၍ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုမှကင်းဝေးရာဌာနသို့ရောက်စေသော် ....။

 

Ooredoo ဆင်းကဒ်များ သြဂုတ်လ တတိယအပတ်တွင်စတင်ရောင်းချမည်


 


Ooredoo ကုမ္ပဏီ မှ ဆင်းကဒ်များကို သြဂုတ်လ တတိယအပတ်တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါသည် ။ ဆင်းကဒ်များကို Mobile Phone ဆိုင်တွေမှာ မှတ်ပုံတင်မိတ္တူတစ်စောင်ပေးကာ ကြိုက်သလောက်ဝယ်ယူနိုင်ကြောင်း သိရပါသည် ။ ဆင်းကဒ်တစ်ကဒ်ကို တစ်ထောင့်ငါးရာကျပ် သတ်မှတ်ထားပြီး ဆင်းကဒ်မှာ 3G အမျိုးအစားဖြစ်ကာ အင်တာနက် ၊ SMS , MMS နှင့် Video Call များရရှိနိုင်မည်ဖြစ်သည် ။ ဆင်းကဒ်ထဲတွင် ဖုန်းစမ်းသပ်ခေါ်ယူနိုင်ရန် ငွေကျပ် ၂၀၀ နှင့် SMS , MMS အစောင် ၂၀ အခမဲ့ထည့်သွင်းပေးထားကြောင်း သိရပါသည် ။
ဖုန်းခေါ်ဆိုရာ ဈေးနှုန်းတွေကတော့ Ooredoo ဖုန်းအချင်းချင်းဆိုရင် တစ်မိနစ်ကို ၁၀ ကျပ် သတ်မှတ်ထားပြီး ၊ Ooredoo မှ အခြားဖုန်းများသို့ခေါ်ဆိုလျှင် တစ်မိနစ်ကို ၂၅ ကျပ် သတ်မှတ်ထားကြောင်းသိရပါသည် ။ Ooredoo မှ ဆင်းကဒ်များကို မြို့ကြီးသုံးမြို့ဖြစ်သော ရန်ကုန်မြို့ ၊ မန္တလေးမြို့ နှင့် နေပြည်တော်မြို့များတွင်သာ သယ်ယူသုံးစွဲနိုင်အုံးမည်ဖြစ်ပြီး ၊ ယခုနှစ်ကုန်ပိုင်းမှသာ တစ်နိုင်ငံလုံးသို့ သယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရပါသည် ။ Ooredoo ငွေဖြည့်ကတ်များကို ၅၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်တို့ ထုတ်လုပ်သွားမည်ဖြစ်ပြီး Ooredoo ဟန်းဆက်တွေကိုတော့ ၂၀၁၅ခုနှစ်မှ စတင်ရရှိနိုင်မည်ဖြစ်ကြောင်း Sales Representative တစ်ဦးထံမှ သိရှိရပါသည် ။

 


 

မူးယစ်ဆေး
ဝါးအန္တရာယ်နှင့်HIV/AIDSရောဂါကြိုတင်ကာကွယ်အသိပညာပေး
ဟောပြောပွဲကျင်းပ

၁၂-၆-၂၀၁၄ရက်နေ့ မဟာအောင်မြေ မြို့နယ် စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းတွင်
စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း(မန္တလေးဗဟို)နှင့်ပူးပေါင်းပြီး
ကျောင်းသား/သူများအားမူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရန်အတွက်၊မူးယစ်ဆေး
ဝါးအန္တရာယ်နှင့်HIV/AIDSရောဂါကြိုတင်ကာကွယ်အသိပညာပေး
ဟောပြောပွဲကျင်းပပြုလုပ်သည်။

 

ဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ်နေခြင်းကို မန်းဒေသခံအချို့ စိုးရိမ်

ဆက်သွယ်ရေးတာဝါ တိုင်များ စိုက်ထူနေသည့် မန္တလေးမြို့တွင်း ရပ်ကွက်အချို့တွင် မြေသားကျွံကျမှုများနှင့် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်နေသော ကြောင့် မြို့ခံအချို့စိုးရိမ်ပူပန်နေ ကြောင်း သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ် (H) ရပ်ကွက်အတွင်း ယခုလမှ စတင်ပြီး ဆက်သွယ်ရေးတာဝါ တိုင်စိုက်ထူရန် မြေတူးဖော်မှု များ ပြုလုပ်နေသည့်အတွက် ယင်းနေရာနှင့် ကပ်လျက်ရှိ နေ အိမ်တွင် အက်ကြောင်းသဏ္ဌာန် ဖြစ်ပေါ်ခြင်း၊ ရေစိမ့်ထွက်ခြင်း များ ဖြစ်ပေါ်လာကြောင်း ၎င်း အိမ်တွင်နေထိုင်သူ အမျိုးသမီး ကပြောသည်။
‘‘ဆောက်နေတဲ့ တိုင်ကြီးနဲ့ ခြံစည်ရိုးပဲခြားတယ်။ ခြံစည်ရိုး ဆိုတာကလည်း လက်တစ်ဝါးပဲ ခြားတော့တာ။ ရေတွေလည်း ထွက်နေပြီ။ မျက်နှာစာမှာလည်း အက်ကြောင်းတွေလိုက်နေပြီ။ အိမ်ကို ထိခိုက်မှာပဲ စိုးရိမ်တယ်။ အခုဟာက တူးရင်းကို ဘေးက မြေတွေက ပြိုပြိုလိုက်လာတာ’’ ဟု ၎င်းအမျိုးသမီးကပြောသည်။
ချမ်းမြသာစည်မြို့နယ်အ တွင်းရှိ ရပ်ကွက်အချို့မှာ ယခင် က လယ်ယာမြေများအား မြို့သစ်တစ်ခုအဖြစ် ပြန်လည်တည် ထောင်ထားခြင်းဖြစ်သောကြောင့် ယခုကဲ့သို့ တာဝါတိုင်တည် ဆောက်မည်ဆိုပါက မြေသားများ၏ အရည်အသွေး၊ ခံနိုင်ရည်ရှိ၊ မရှိကို ဦးစွာ စစ်ဆေးသင့် ကြောင်း၎င်းကပြောသည်။
အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ရှိ လူနေထူထပ် သည့် ရပ်ကွက်အတွင်း တာဝါတိုင်တည်ဆောက်မှု ပြုလုပ်နေ သောကြောင့် ပတ်ဝန်းကျင် နေ အိမ်များအပေါ် ဆိုးကျိုးတစ်စုံတစ် ရာကျရောက်မည်စိုးရိမ်ပြီး ကန့် ကွက်စာတင်ရန်လည်း စီစဉ်နေ ကြောင်း ယင်းရပ်ကွက်နေသူ ဒေါ်မြင့်မြင့်ရီကပြောသည်။
‘‘တိုင်ခြေမှာ လူနေအိမ်တွေ ကပ်နေတော့ ဆိုးကျိုးဖြစ်မှာဆိုး တာ။ ငလျင်လှုပ်ရင် ပြိုကျမှာ လား။ ရောင်ခြည်တွေ၊ ဓာတ်လှိုင်းတွေက ရေရှည်အန္တရာယ်ရှိမှာ လားစိုးရိမ်တာ။ ဘာသာရေးတွေ၊ လူမှုရေးတွေကြောင့် မဟုတ်ဘူး။ လူနေအိမ်တွေနဲ့ ဝေးတဲ့နေရာမှာ လုပ်စေချင်တာ’’ဟု ၎င်းကထည့် သွင်းပြောသည်။
တာဝါတိုင်တည်ဆောက် မည့် ကုမ္ပဏီအနေဖြင့် မန္တလေး မြို့တွင်းရပ်ကွက်များမှ ခြံဝင်း အချို့အား လစဉ်ကြေးဖြင့် နှစ် ရည် ၁၅ နှစ်စာချုပ်ချုပ်ဆိုကာ တည်ဆောက်နေကြခြင်းဖြစ် ကြောင်း၊ တည်ဆောက်ရေးလုပ် ငန်းစဉ်များကြောင့် ဘေးပတ်ဝန်း ကျင်လူနေအိမ်များအား ထိခိုက် မှု တစ်စုံတစ်ရာရှိပါက အလုံးစုံ တာဝန်ခံကာ ပြန်လည်တည် ဆောက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအနှံ့တွင် ဆက်သွယ် ရေးတာဝါတိုင်များ တည်ဆောက် နေသည့် Myanmar Tower Company လက်အောက်ရှိ Equal ကုမ္ပဏီမှတာဝန်ရှိသူ ကိုသန့်စင် လင်းက ပြောသည်။
‘‘တိုင်စိုက်မယ့်နေရာရဲ့ ပတ်ဝန်းကျင်အိမ်တွေဆီက သဘော တူလက်မှတ်ထိုးပြီးမှ လုပ်တာပါ။ အများစိုးရိမ်နေသလို မိုးကြိုးပစ် မှာလည်း မဟုတ်ဘူး။ အပြီးအစီး တည်ဆောက်ပြီးရင် ခြံခတ်ပေး မှာ။ ဘေးပတ်ဝန်းကျင်ချို့ယွင်း ချက်ရှိရင် အကုန်ပြန်လုပ်ပေးမှာ’’ ဟု ၎င်းကထည့်သွင်းပြောသည်။
ယခုတည်ဆောက်နေသော တာဝါတိုင်များအား မြန်မာနိုင်ငံ အတွင်း ဆက်သွယ်ရေးလုပ်ငန်း များ လုပ်ဆောင်ခွင့်ရရှိထားသည့် အူရီးဒူးကုမ္ပဏီနှင့် တယ်လီနော် ကုမ္ပဏီတို့မှ မျှဝေအသုံးပြုရန် တည်ဆောက်နေခြင်းဖြစ်ပြီး မီတာ ၅၀ ခန့်အမြင့်ထိ တည်ဆောက်မည်ဖြစ်ကာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၀ ကီလိုမှ ၁၆၀ ကီလိုမီတာအထိ ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း တာဝါတိုင်ပေါင်းတစ်ရာကျော် တည်ဆောက်သွားမည်ဖြစ်ပြီး မန္တလေးမြို့အနီးတစ်ဝိုက် ဒေသများတွင် တိုင် ပေါင်းလေးဆယ်နီးပါး စိုက်ထူပေးပြီးဖြစ်ကြောင်း ကိုသန့်စင် လင်းကဆိုသည်။

 

လေယာဉ်ကွင်းအတွက်သိမ်းသောမြေ ကြံ့ခိုင်ရေး(ဗိုလ်ချုပ်)ဦးစိုးနိုင်၏သားပိုင်ဆိုင်မှု စသုံးလုံးမှ စစ်ဆေး 


ဧရာဝတီတိုင်း ဒေသကြီးတွင် ပုသိမ်လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်ရန်အတွက် အစိုးရမှ သိမ်းဆည်း ခဲ့ သောမြေအချို့မှာ ယခုအခါတွင် ဗိုလ်ချုပ်စိုးနိုင်(ငြိမ်း) ဖျာပုံမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်၏သား ပိုင်ဆိုင်နေသဖြင့် မူလပိုင်ရှင်က လာဘ်ပေး လာဘ်ယူမှု ကော်မရှင်သို့ တိုင်ကြား ခဲ့ရာ မေလ(၂၈) ရက်နေ့တွင် အထူး စုံစမ်း စစ်ဆေးရေး ဌာနမှ မူလပိုင်ရှင်များအား လာရောက်စစ်ဆေး ခဲ့သည်။

အဆိုပါ တိုင်ကြားစာကို ဧပြီလ (၂၉) ရက်နေ့တွင် ပေးပို့တိုင်ကြား ခဲ့ခြင်းဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် ပုသိမ် လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်ရန်အတွက် အမှတ်(၁၅)ရပ်ကွက်နေ ဦးထွန်းနိုင်၏ဖခင် ဦးဇာမန်းအမည် ပေါက်ပိုင်ဆိုင်သော ကွင်းအမှတ်- ၁၆၃/ဘီ၊ ထန်းကုန်းကွင်း၊ မြေဧရိ ယာဧက (၀.၂၄)ဧကခန့်အား နိုင်ငံတော် စီမံကိန်းအတွက် မလွှဲ မရှောင်သာ သိမ်းယူသည်ဟုဆိုကာ ထိုအချိန်က ခယကအတွင်းရေးမှူး ဗိုလ်မှူး မောင်ဌေးက သိမ်းယူသွား ခဲ့ပြီးနောက် လေယာဉ်ကွင်းနှင့် လွတ်ကင်းပါက ပြန်ပေးမည်ဟု ဆိုသည်။ …၂၀၀၄ ခုနှစ်တွင် ပုသိမ် လေယာဉ်ကွင်းအား ခြံစည်းရိုးခတ် ကာရံရာတွင် အဆိုပါ သိမ်းဆည်း မြေမှာ မပါဝင်သဖြင့် ပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ရန် အကြိမ်ကြိမ် တောင်းဆိုသော်လည်း ပြန်လည် ပေးအပ်ခြင်းမရှိကြောင်း မူလပိုင်ရှင်များက စုံစမ်းရာ ဧရာဝတီတိုင်း တိုင်းမှူးဖြစ်သော ဗိုလ်ချုပ်စိုးနိုင်၏သား ဗိုလ်လောင်း ရဲဘုန်းပြည့် ပိုင် ဆိုင်နေသည်ကို သိရသဖြင့် ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ နှစ်ကြိမ် အသနားခံစာ တင်ပြခဲ့ကြောင်း၊ နောက်ပိုင်း တွင် ဧရိယာ၏ သုံးပုံ တစ်ပုံပေးလျှင် ကျေနပ်ပါသည်ဟု ပြောသည်ကို လက်မခံဘဲ ကြိုးဖုန်း နှင့် ပေ(၄၀ထ၆၀) မြေကွက် (၆)ကွက်ပေးမည်၊ အခြားကိစ္စ မပြောဆိုရန် ပြောဆိုပြီး ရေမြုပ်သော မြေနိမ့်ပိုင်းနေရာမှ ပေ(၂၀ထ၆၀) မြေကွက် ငါးကွက်သာပေးခဲ့ ကြောင်း မိမိတို့၏ နစ်နာမှုများအား ဆက်လက်တောင်းဆိုခဲ့ရာ ဖြေရှင်း ပေးခြင်းမရှိသဖြင့် ယခုကဲ့သို့ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင်သို့ တိုင်ကြားရာမှ လာ ရောက် စစ်ဆေးခြင်းဖြစ်ကြောင်း ဦးထွန်းနိုင်က ပြောသည်။

““ ၂၈ရက်နေ့မှာ စသုံးလုံးက သုံးပွင့်နဲ့ ဦးအောင်သူဆိုတဲ့လူ လာတယ်။ နောက်နေ့မှာ မြေစာ ရင်းရယ်၊ စသုံး လုံးရယ်လာတယ်။ ကိုထွန်းနိုင်က နိုင်ငံခြားမှာအလုပ် သွားလုပ်နေတော့ ခွင့်ယူပြီးပြန်ရမှာ ဆိုတော့ ကျွန်မတို့ ရှေ့မှာပဲ ဖုန်းခေါ် ပြီး စစ်ချက်ယူသွားတယ်။ ဖြစ်စဉ်ကို ပဲ မေးတာပါ။ နောက်နေ့မှာပြန် လာပြီး အစ်မတို့ကို တယ်လီဖုန်း တစ်လုံးပေးတယ်ဆိုပြီး လာမေး တယ်။ အစ်မတို့က အပြင်ပေါက်ဈေး ၂၄သိန်းနဲ့ ပေးဝယ်ရ တာပါ လို့ ပြန် ပြောလိုက်တယ်”” ဟု ဦးထွန်းနိုင်၏ ဇနီး မမြင့်မြင့်စန်းက ပြန်လည်ပြော ဆိုသည်။

တပ်မတော် အစိုးရလက်ထက်တွင် စီမံကိန်းများကို အကြောင်းပြ၍ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အာဏာရ လုပ်ပိုင်ခွင့်ရှိသူများက မြေနေရာ လွှဲပြောင်းရယူခြင်းအများ အပြားရှိခဲ့ပြီး ယခုအခါတွင် လုပ် ကိုင်ခြင်းမရှိတော့သည့် မြေများကို ပြန်လည်စွန့်လွှတ်ခြင်းများ ရှိနေ ကာ အချို့မှာလည်း တခြားလုပ်ပိုင် ခွင့် လ/ရ(၃၉)ကျပြီး သား မြေများ၊ အခြားလူနာမည် ပေါက်မြေများ ဖြစ်နေသည်ဟု အကြောင်းပြကာ ဆက်လက် ရယူအသုံးပြုခြင်းများ ရှိကြောင်း လယ်သမားအရေး လှုပ်ရှားသူများက ဝေဖန်ပြောဆို လျက်ရှိသည်။

တချို့ သိမ်းဆည်းခံရသော မြေများမှာ စစ်ဘက်ဆိုင်ရာ အကြီး အကဲများ၏ သားသမီးများ၊ ၎င်းတို့ နှင့် ဆက်စပ် သူများ၏နာမည်များ ပေါက်ကာ ပိုင်ဆိုင်နေကြောင်း၊ ပုသိမ်မြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ နိုင်ငံတော်ထံမှ ၀ယ်ယူ ထားသော ပေ(၄၀)ထ ပေ(၆၀)မြေကွက် (၆၃)ကွက်ကိုလည်း ၁၉၉၆ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သား အမည်ဖြင့် သိမ်းယူထားသည်ကို အကြိမ်ကြိမ် တင်ပြ တောင်းဆိုခဲ့ရာ ၂၀၁၃ ခုနှစ်တွင် မြေနေရာအစားပြန်လည် ရရှိခဲ့ ကြောင်း မြေနေရာပြန်ရရေး လိုက်ပါဆောင်ရွက်ပေး သူ ဦးထွန်း ထွန်းဦး (HRWDN) ကပြောကြား သည်။

ရဲရင့်ထွန်း(ပုသိမ်)

 

တောင်ငူတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည် 

  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ပတ်သက်၍ ဇွန်လ ၂၁ ရက်နေ့တွင် တောင်ငူခရိုင် ခြောက်မြို့နယ်မှ ဒေသခံ ပြည်သူများနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

“အဖွဲ့ချုပ် ဥက္ကဋ္ဌ တောင်ငူကို လာမှာ သေချာပါတယ်။ ဘယ်သူတွေ ပါမလဲနဲ့ ဘယ်နေရာမှာ လုပ်ဖြစ်မယ် ဆိုတာကတော့ မသိသေးဘူး။ ပါတီဗဟိုက သူတွေ သွားရောက်ညှိနှိုင်းပြီးမှ သိရမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ ဖြစ်ကြသော ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီး (ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးပေါင်း ပါဝင်သော ဟောပြောပွဲများကို မေလ နောက်ဆုံး အပတ်မှ စတင်ကာ မြို့ကြီးအချို့တွင် ကျင်းပခဲ့ကြပြီး မန္တလေးနှင့် နေပြည်တော်ကဲ့သို့သော မြို့ကြီးများတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူထုကို အသိပေး ဟောပြော ဆွေးနွေးခဲ့သည်။

“တောင်ငူကို ဗဟိုက ဦးဝင်းထိန်နဲ့အဖွဲ့ အခုလ ၁၅ ရက်နေ့မှာ လာမယ်။ ၄၃၆ ပြင်ဆင်ရေး ဆွေးနွေးပွဲ လုပ်ဖြစ် မလုပ်ဖြစ် မပြောတတ်သေးပါဘူး။ လုပ်ဖြစ်မယ်ဆိုရင် ဘယ်နေရာမှာ လုပ်မလဲ၊ ဘယ်အချိန်မှာ လုပ်ဖြစ်မလဲ ဆိုတာ ဦးဝင်းထိန်နဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ သတင်းထုတ်ပြန်နိုင်ပါမယ်” ဟု တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးသီဟန်စိုးက ဆိုသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တောင်ငူကို နောက်ဆုံး လာရောက်ခဲ့သည်မှာ ကြားဖြတ်ရွေးကောက်ပွဲ မစမီ ၂၀၁၁ ခုနှစ် အောက်တိုဘာလက ဖြစ်ပြီး ယခုအကြိမ် လာရောက်ပါလျှင် ဒုတိယအကြိမ် လာရောက်သည်ဟု ပြောနိုင်ပြီး အခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ပတ်သက်ပြီး ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်သူလူထု နားလည်အောင် ဟောပြော ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း တောင်ငူမြို့ခံ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

တောင်ငူမြို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ (ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးသို့ ထုတ်ပြန် ပြောဆိုခြင်း မရှိသေး၍ အဖွဲ့မှ မည်သူ လိုက်ပါ ဟောပြောမည်ကို မပြောတတ်ကြောင်း အဆိုပါ ရုံးအဖွဲ့မှူး ကိုဉာဏ်လင်းက ပြောကြားသည်။

ပုဒ်မ ၄၃၆ ၏ ပြဋ္ဌာန်းချက်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သို့မဟုတ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့် ပြင်ဆင်ရန် ဆိုသော ပြဋ္ဌာန်းချက်ကို အစားထိုး ပြင်ဆင်လိုကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံ ဝန်ကြီးချုပ် Mr. Sushil Koirala ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၃ ရက်နေ့၌ နီပေါနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး နီပေါနိုင်ငံသမ္မတ Mr. Subash Chandra Nembang နှင့် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဇွန်လ ၁၆ ရက်နေ့တွင် ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

The Voice Weekly

ကားပေါ်တက်ဆန္ဒပြသည်ဆိုသောအမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရသူဟု ယာဉ်ထိန်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်


ရန်ကုန်- ယမန်နေ့က ပြည်လမ်းအေဒီမီးပွိုင့်တွင်ကားများပိတ်ဆို့နေစဉ် ကားတစ်စီးခေါင်မိုးပေါ်သို့တက်ကာ ဆန္ဒပြသည်ဆိုသောအမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရသူဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်လိုက်သည်။ ရန်ကုန်တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး ကားများပိတ်ဆို့နေစဉ် ယင်းအမျိုးသမီးသည် သူကိုယ်တိုင်မောင်းနှင်လာသည့် မော်တော်ယာဉ်ကိုမရမ်းကုန်းမြို့နယ်ပြည်လမ်းမပေါ် အေဒီမီးပွိုင့်ထိပ် တွင်ရပ်ကာ လမ်းပိတ်ရပ်ထားခဲ့ကြောင်း၊ ထို့အပြင် အခြားယာဉ်များ၏ဝိုက်ဘာအားဆွဲလှန်ခြင်း၊ ကားတံခါးများအား လက်ဖြင့်ပုတ်ခြင်းများပြုလုပ်ခဲ့ပြီး မီးနီတွင်ရပ်နေသည့် အနက်ရောင်ယာဉ်ပေါ် သို့တက်ခြင်း၊ ယာဉ်အတွင်းသို့ တံခါးဆွဲဖွင့်ဝင်ခြင်းများပြုလုပ်ခဲ့ကြောင်းလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါအမျိုးသမီးကို မရမ်းကုန်းရဲစခန်းသို့ခေါ်ယူစစ်ဆေးရာ စကားပြောဆိုခြင်းမရှိ၍ ၎င်း၏ဖခင်အားခေါ်ယူမေးမြန်းရာတွင် လှိုင်မြို့နယ်တွင်နေထိုင်သူဖြစ်ပြီး စိတ်ကြွ/စိတ်ကျရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း သူမ၏ဆရာဝန်နှင့် ဖခင်တို့၏ပြောကြားချက်များကိုကိုးကားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မိုးရေထဲတွင် ကားခေါင်မိုးပေါ်၌တက်ရောက်နေထိုင်သည့်ယင်းအမျိုးသမီး၏ဓာတ်ပုံများသည် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အသုံးပြုသူများအကြား ဇွန်လ ၁၂ ရက်တွင်ရေပန်းအစားဆုံးပုံဖြစ်ခဲ့ သည်။ ၎င်းကို ယာဉ်ကြောပိတ်သောကြောင့် ဆန္ဒပြသောသူဟု အများစုကယူဆခဲ့ကြသည်။