"ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ"
ကျောင်းပြီးပြီးငါးနှစ်အကြာ... မင်္ဂလာဆောင်ပြီးသူတွေက တစ်ဝိုင်း၊ မင်္ဂလာမဆောင်သေးသူတွေက တစ်ဝိုင်း
၁ဝနှစ်အကြာ... ကလေးရှိသူတွေက တစ်ဝိုင်း၊ ကလေးမရှိသူတွေက တစ်ဝိုင်း
၁၅နှစ်အကြာ... လက်ရှိအိမ်ထောင်နဲ့က တစ်ဝိုင်း၊ နောက်တစ်ယောက်ပြောင်းယူထားသူတွေက တစ်ဝိုင်း
၂ဝနှစ်အကြာ... အသောက်ကြမ်းသူတွေက တစ်ဝိုင်း၊ သိပ်မသောက်သူတွေက တစ်ဝိုင်း
၂၅နှစ်အကြာ... ပြည်တွင်းနေသူတွေက တစ်ဝိုင်း၊ ပြည်ပကပြန်လာသူတွေက တစ်ဝိုင်း
၃ဝနှစ်အကြာ... အသားစားသူတွေက တစ်ဝိုင်း၊ သက်သတ်လွတ်သမားတွေက တစ်ဝိုင်း
၃၅နှစ်အကြာ... ပင်စင်ယူပြီးသူတွေက တစ်ဝိုင်း၊ ပင်စင်မယူရသေးသူတွေက တစ်ဝိုင်း
၎ဝနှစ်အကြာ... သွား" ရှိသူတွေက တစ်ဝိုင်း၊ သွား" မရှိတော့သူတွေက တစ်ဝိုင်း
၄၅နှစ်အကြာ... ကိုယ်တိုင်လာနိုင်သူတွေက တစ်ဝိုင်း၊ တွဲပြီးခေါ်လာရသူတွေက တစ်ဝိုင်း
၅ဝနှစ်အကြာ... လာမယ်လို့ပြောပြီး လာတဲ့သူတွေက တစ်ဝိုင်း၊ လာမယ်လို့ပြောပြီး မလာနိုင်တဲ့သူတွေကြောင့် လွတ်နေတာက တစ်ဝိုင်း
၅၅နှစ်အကြာ... လာနိုင်သူတွေက တစ်ဝိုင်း၊ မလာနိုင်တော့တဲ့သူတွေရဲ့ ဓာတ်ပုံတွေက တစ်ဝိုင်း
၆ဝနှစ်အကြာ... စားပွဲတစ်ဝိုင်းပြည့်အောင် လူတွေ မစုံနိုင်တော့ပါ....
လူ့ဘဝက တိုတောင်းလွန်းတယ်၊ ဒီစာကိုကြိုက်နှစ်သက်ရင် သင့်ကျောင်းနေဖက် သူငယ်ချင်းကောင်းတွေကိုလည်း မျှဝေပေးလိုက်ပါ...
လူ့ဘဝမှာ ပျော်ပျော်နေဖို့၊ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အစားအသောက်တွေ ဆင်ခြင်ဖို့ သတိပေးလိုက်ပါ...
အသက်ရှင်နေချိန်မှာ အရာရာဟာလှပပါတယ် . . .
credit: Nine Nine Sanay @ နိုင်းနိုင်းစနေ
Monday, June 2, 2014
အပြုံး
သင့်ဘ၀တွင်
လူတွေကို ဘယ်နှခါလောက် ပြုံးပြဖူးပါသလဲ။ အမြဲတမ်းပြုံးပြဖူးပါသလား၊
တွေ့သမျှလူတိုင်းကို ပြုံးပြဖူးပါသလား။ အပြုံးဟာ လူမှုဆက်ဆံရေးမှာ
အောင်မြင်နိုင်ဆုံး လက်နက်တစ်ခုပါ။ ဒါပေမယ့် တွေ့သမျှ လူတိုင်းကို
ပြုံးပြဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ်သိတဲ့လူတွေကိုတောင်
အမြဲပြုံးပြဖို့ဆိုတာ မလွယ်ပါဘူး။ မလွယ်ပေမယ့် ပြုံးပြပါ။ ပြုံးပြဖို့၊
ပြုံးပြနိုင်ဖို့ ကြိုးစားရပါမယ်။ ဘယ်လိုစိတ်မျိုး၊ အနေအထားမျိုး
ဖြစ်နေပါစေ ပြုံးပြဖို့ မမေ့ပါနဲ့။ ကိုယ့်အပြုံးကြောင့် တစ်ဖက်လူ
စိတ်ကျေနပ်သွားမယ်ဆိုရင်လည်း ကိုယ့်လုပ်ငန်း အဆင်ပြေမယ့် အခြေအနေပါပဲ။
အမြဲပြုံးတတ်သူမို့ ချစ်သူ ခင်သူ ပေါလာတဲ့အတွက် မိမိဘာလုပ်လုပ်
ကူညီချင်သူတွေ ပေါလာမှာပါ။ ဒါဟာ မိမိအလုပ်ရဲ့ အောင်မြင်မှုပါ။ ပြုံးခြင်းဟာ
တစ်ဖက်သား စိတ်ချမ်းမြေ့ စရာ အပြုအမူ ဖြစ်တဲ့အတွက် အပေါဆုံးနဲ့
အကောင်းဆုံး၊ အခမဲ့ ရနိုင်တဲ့ လူမှုဆက်ဆံရေး လက်နက် တစ်ခုပါ။
သင်အမြဲပြုံးပါ၊ ကျွန်ုပ်လည်း အမြဲပြုံးနေပါ့မယ်။
credit: ဇော်ဖြိုး
သူငယ်ချင်း
သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ်ဘဲ ကောက်တွေ့ခဲ့ ကြတယ်။
သူငယ်ချင်းရဲ့ သူငယ်ချင်း အချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း တွေ ဖြစ်လာခဲ့ တယ်။
လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။
လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့ သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတာလဲ ရှိတယ်။
အိမ်မှား ၀င်ပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ ကြတဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။
ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ သူငယ်ချင်းတွေက ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း တကွဲတပြားစီဖြစ်ပြီး အဆက်အသွယ်က နည်းသထက် နည်းလာခဲ့တယ်။
သူငယ်ချင်းတွေမှာ အသက် အပိုင်းအခြား မရှိဘူး။ ကိုယ့်နဲ့ ရွယ်တူလည်းရှိတယ်။ ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့ လူလည်း ရှိတယ်။ ကြီးတဲ့ သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့ အတွေ့အကြုံကို ယူတယ်။ ငယ်တဲ့ သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကို ပြန်ရှာတယ်။ သူငယ်ချင်းတွေမှာ အသက်အရွယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။ သူငယ်ချင်းတွေဟာ နွေ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်။
တချို့က ပူပြင်းတဲ့ နွေနဲ့တူတယ်။ တချို့က နွေရဲ့ အပူဒဏ်ကို လျော့ပေးတဲ့ မိုးနဲ့တူတယ်။
တချို့က အေးမြတဲ့ ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့ အလှပတွေကို ခံစားရင်း ကိုယ့်ဘ၀ကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လိုစသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ၀မ်းနည်းစရာ၊ ၀မ်းသာစရာတွေနဲ့ ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကို မြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။
ဓါတ်ပုံရိုက်ရတာဝါသနာပါတဲ့ မမတွေအတွက် ဦးစားပေးပီး တင်ပေးတာပါ
မြင်တာနဲ့ တန်းသိမှာပါ အလန်းစားဆော့ဝဲလေး ပါ ဒီကောင်လေးကတော့ ဓာတ်ပုံရိုက်တဲ့အခါ ရိုက်မယ့်ပုံရိပ်ကို ရုပ်ထွက်အကောင်းဆုံးဖြစ်အောင်
အလင်းအမှောင်အမျိုးမျိုးချိန်ညှိနိုင်ပါတယ်။
ကဲ မမတွေ ပုံလှလှလေးတွေ ထွက်ချင်ရင်တော့ မြန်မြန်လေး ဒေါင်းလိုက်တော့ကွာ
fri တွေအကြောင်းသိနေလို့ ရှာပီး တင်ပေးလိုက်တာ....
http://www57.zippyshare.com/v/79194827/file.html
မြင်တာနဲ့ တန်းသိမှာပါ အလန်းစားဆော့ဝဲလေး ပါ ဒီကောင်လေးကတော့ ဓာတ်ပုံရိုက်တဲ့အခါ ရိုက်မယ့်ပုံရိပ်ကို ရုပ်ထွက်အကောင်းဆုံးဖြစ်အောင်
အလင်းအမှောင်အမျိုးမျိုးချိန်ညှိနိုင်ပါတယ်။
ကဲ မမတွေ ပုံလှလှလေးတွေ ထွက်ချင်ရင်တော့ မြန်မြန်လေး ဒေါင်းလိုက်တော့ကွာ
fri တွေအကြောင်းသိနေလို့ ရှာပီး တင်ပေးလိုက်တာ....
http://www57.zippyshare.com/v/79194827/file.html
ဆရာမ ဒေါ်ထားထားလွင်ရဲ့ application ရေးသားနည်း pdf ဖိုင်းလေးပါ
ဖိုင်ဆိုဒ်ကလဲ သေးတော့ ဆွဲရတာလွယ်ပါတယ်
ရေးသားနည်းတွေကလဲ အသေးစိတ် ရှင်းပြထားတော့ လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်မယ်လို့
ထင်ပါတယ် ကဲပါပြောနေတာကြာတယ်နော့ အောက်ကလင့်မှာဒေါင်းလိုက်တော့ သူငယ်ချင်း
တို့ရာ..........................
http://www.solidfiles.com/d/7e40df55ed/how_to_create_android_applications_1_16.pdf
ဖိုင်ဆိုဒ်ကလဲ သေးတော့ ဆွဲရတာလွယ်ပါတယ်
ရေးသားနည်းတွေကလဲ အသေးစိတ် ရှင်းပြထားတော့ လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်မယ်လို့
ထင်ပါတယ် ကဲပါပြောနေတာကြာတယ်နော့ အောက်ကလင့်မှာဒေါင်းလိုက်တော့ သူငယ်ချင်း
တို့ရာ..........................
http://www.solidfiles.com/d/7e40df55ed/how_to_create_android_applications_1_16.pdf
Subscribe to:
Posts (Atom)