Saturday, June 7, 2014

ရေမဆေးကျောက်ရှာသူများ အရေးယူရန် ရှိ၊ မရှိလွှတ်တော်တွင် မေးမြန်းမှုကြောင့် ဒေသခံများအခက်တွေ့




 မြေစာပုံများတွင် တရား မ၀င်ကျောက်စိမ်း(ရေမဆေး ကျောက်)ရှာဖွေသူများကြောင့် နိုင်ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် နေ၍ အရေးယူဆောင်ရွက်ပေး ရန် အမျိုးသားလွှတ်တော်သို့ မေးမြန်းခြင်းမှာ ဒေသခံများအ တွက် အခက်အခဲများစွာဖြစ်ပေါ် စေကြောင်း သတင်းရရှိသည်။
‘‘ဖားကန့်မှာက ရေမဆေး ကျောက်တူးမှထမင်းစားရတာ။ဒါ ကို ပြည်သူ့ကိုယ်စားလှယ်ကလုပ် ငန်းရှင်တွေဘက်ပဲကြည့်တာ မ ကောင်းပါဘူး’’ဟု ရေမဆေး ကျောက်ရှာဖွေသည့်ဒေသခံဦး ဆိုင်တူးအောင်းကပြောကြား သည်။ ဖားကန့်မြို့နယ်သည် နယ် မြေလုံခြုံရေးတည်ငြိမ်မှုမရှိသည့် ဒေသဖြစ်သဖြင့် အခြေခံကုန်ဈေး နှုန်းများမှာ  အခြားသောဒေသ များထက်    သုံးဆခန့်ဈေးကြီးကြောင်း၊ ကျောက်စိမ်းတွင်းများ တူးဖော်စဉ်ကလည်း အခြေခံကုန်ဈေး နှုန်းများယခုထက်ပင်ဈေးကြီး ကြောင်း ၎င်းကဆိုသည်။
ဖားကန့်မြို့နယ်တွင် တရား မ၀င်ကျောက်မျက်များခိုးထုတ် နေမှုကြောင့် နိုင်ငံတော်နှင့် ပုဂ္ဂလိ ကလုပ်ငန်းရှင်များ နစ်နာဆုံးရှုံးမှု များစွာဖြစ်ပေါ်နေ၍ အရေးယူ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊မ ရှိအမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ်ဦးလှဆွေက ဇွန်လ၄ရက်တွင်မေးမြန်းခဲ့သည်။
တရားမ၀င်ကျောက်စိမ်းရှာ ဖွေသူများသည် မြေစာပုံများတွင် ကျောက်စိမ်းရိုင်းရှာဖွေမှုလုပ်ငန်းသာမက   အဖျက်အမှောင့်လုပ် ငန်းများပါ    ဆောင်ရွက်နေ ကြောင်း သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးကလွှတ်တော် ကိုယ်စားလှယ်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
‘‘မနေ့နဲ့ ဒီနေ့မှာ ကွက်ကျား လိုက်ဖမ်းနေတယ်။ အဖမ်းအဆီး များတော့ ရေမဆေးသမားတွေ လည်း အဆင်မပြေကြဘူး’’ ဟု ဒေသခံ   ရေမဆေးကျောက်ရှာဖွေသူဦးအောင်မိုးကပြောကြားသည်။
လက်ရှိဖားကန့်ဒေသတွင် ရေမဆေးကျောက်ရှာဖွေသူများ မှာ ဒေသခံနှင့် ပြင်ပမှလာရောက် လုပ်ကိုင်သူစုစုပေါင်းလူဦးရေ တစ်သိန်းကျော်ခန့်ရှိကြောင်းသိရ သည်။ ဖားကန့်ဒေသတွင် လယ် ယာလုပ်ငန်းလုပ်ကိုင်သူ၊   အ ရောင်းအ၀ယ်လုပ်သူ၊ ကျောက်တူးသည့် ကုမ္ပဏီကြီးများတွင်လုပ်ကိုင်သူ ဒေသခံအနည်းငယ်သာရှိပြီး   အများစုမှာ   ရေမဆေး ကျောက်ရှာဖွေခြင်းကို လုပ်ကိုင်ကြောင်းအထက်ပါပုဂ္ဂိုလ်များက ပြောသည်။
 
 
 

အင်းစိန်ထောင်မှ အကျဉ်းသားနှစ်ဦး တက္ကသိုလ်ဝင်တန်းအောင်မြင်

 

အင်းစိန်ထောင်တွင်း ထောင်ကျနေစဉ် ယခုနှစ်တက္က သိုလ်ဝင်တန်းစာမေးပွဲကို ၀င် ရောက်ဖြေဆိုခဲ့သည့် ထောင်ကျ အကျဉ်းသား ခုနစ်ဦးအနက် နှစ်ဦး မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဘောဂဗေဒ   ဘာသာတွဲဖြင့် အောင်မြင်ခဲ့ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်၏ ထောင်ပိုင် ကြီး ဦးကျော်ဌေးက အတည်ပြု ပြောကြားသည်။
အဆိုပါအကျဉ်းသားနှစ်ဦး မှာ ၂၀၁၂ တွင်  လုယက်မှုဖြင့် ထောင်ငါးနှစ်ကျခံနေရပြီး နှစ်ဦး စလုံးမှာ အမှုတစ်ခုတည်းကို ပူး တွဲကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။ ထောင်ကျချိန်တွင် အသက်(၁၈) နှစ်မပြည့်သေးဘဲ တက္ကသိုလ်ဝင် တန်း တက်ရောက်နေသော ပညာရေးတစ်ပိုင်းတစ်စနှင့် လူ ငယ်အကျဉ်းသားများဖြစ်ပြီး ၎င်း တို့အပါအ၀င် လူငယ်အကျဉ်း သားများ၏ ပညာရေးကို အဆုံး သတ်မခံဘဲ ပညာသင်ယူခွင့်ရစေ ရန် စီစဉ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
‘‘စာမေးပွဲဖြေချင်တဲ့ သူတွေ ကို ထောင်ထဲမှာ စာရင်းလိုက် ကောက်ပြီး ဖြေဖို့ စာရင်းပေးသူ တိုင်းကို အမှုတွေပုဒ်မတွေ ကန့် သတ်ချက်မရှိဘဲ ဖြေဆိုဖို့စီစဉ်ပေးခဲ့ပါတယ်။ အခုပညာသင်နှစ်မှာ သူတို့ကို ဒီဇင်ဘာမှာ စပြီး စခန်း သွင်းတယ်။ ထောင်ပိတ်ချိန် ၉ နာရီနောက်ပိုင်းမှာ စာကျက်ခွင့် ရအောင် အထက်အဆင့်ဆင့်ကို ခွင့်တောင်းပေးတယ်။ လိုအပ်တဲ့ ဆေးဝါးအစားအစာအားလုံး ပံ့ပိုး ပေးတယ်။ အခုသူတို့နှစ်ယောက် အောင်မြင်မှုက အင်းစိန်ထောင် ကြီးရဲ့ အကြီးမားဆုံးအောင်မြင် မှုတစ်ခုလို့ ဆိုရမယ်’’ဟု ထောင် ပိုင်ကြီးဦးကျော်ဌေးကပြောကြား သည်။
 အင်းစိန်ထောင်အတွင်း ထောင်ကျအကျဉ်းသားများ ပညာဆက်လက်သင်ကြားခွင့်အစီအ စဉ်ကို ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့ ပြီး ၂၀၁၂-၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ငါး ဦးရှိခဲ့သော်လည်း ငါးဦးလုံးကျရှုံး ခဲ့သည်။ အင်းစိန်ထောင်တွင်း စာမတတ်သူအကျဉ်းသားအား လုံး မသင်မနေရ သူငယ်တန်း တွင် တက်ရောက်သင်ကြားစေ ခြင်း၊ စာမေးပွဲဖြေဆိုခြင်းတို့ကို လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်း စတင်လုပ်ဆောင်ခဲ့ကြောင်း ဦးကျော်ဌေးကပြောသည်။
‘‘ကျောင်းသားတွေကို စာ ပြန်သင်ပေးတာကတော့ ထောင် ကျထဲက ပညာတတ်အကျဉ်းသား တွေက ၇၅ ရာခိုင်နှုန်းဖြစ်ပါ တယ်။ အဲဒီအတွက် ပညာဖြန့်ဝေ ပေးတဲ့ အကျဉ်းသားကို ဆုမှတ် လျှော့ချရက်တွေပေးပါတယ်။ ပညာရေးဦးစီးဌာနက ဆရာ၊ ဆရာမတွေ  စနေ၊ တနင်္ဂနွေ နှစ်ရက်  လာသင်ပေးပါတယ်။ အကျဉ်းသားတွေ စာမေးပွဲဖြေတဲ့ အခါ စိတ်ဓာတ်မြှင့်တင်ရေးအနေ နဲ့ အဖြူ၊ အစိမ်းဝတ်စုံအသစ် တွေ စီစဉ်ပေးပါတယ်’’ဟု ဦး ကျော်ဌေးကပြောသည်။
အကျဉ်းသားများအတွက် အင်းစိန်အကျဉ်းထောင်အတွင်း အလက (၁၃) ကျောင်းခွဲဖွင့်လှစ် ထားပြီး တက္ကသိုလ်ဝင်တန်းဖြေ ဆိုသူများအတွက် စာစစ်ဌာနကို လည်း ထောင်အနီးတွင် ဖွင့်လှစ် ထားသည်။
ယခုနှစ် ဇွန်လ ၂ ရက်က ကျောင်းများပြန်လည်ဖွင့်လှစ် ချိန်တွင် ယခုပညာသင်နှစ်အ တွက် သူငယ်တန်းမှ တက္ကသိုလ် ၀င်တန်းအထိ လူငယ်အကျဉ်း သား၊ အကျဉ်းသူ စုစုပေါင်း ၁၂၁ ဦးတက်ရောက်နေပြီဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်စာရင်းများအရသိရသည်။
အကျဉ်းသားများ စာတတ် မြောက်ရေးကို  အင်းစိန်ထောင်၊ မန္တလေးထောင်နှင့်   မိတ္ထီလာ ထောင်တို့တွင် ပြုလုပ်နေပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမှာ အစိုးရသစ်လက်ထက်တွင် အင်းစိန်ထောင်က ပထမဆုံးဖြစ်သည်။
ဇွန်လ ၇ ရက်အထိ အင်း စိန်ထောင်အတွင်း အကျဉ်းကျနှင့် အချုပ်သားစုစုပေါင်း ၆၈၆၈ ဦး  ရှိသည်။

 


၂၀၁၃-၂၀၁၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စရင်း %


၂၀၁၃-၂၀၁၄ပညာသင်နှစ်
တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊
ကောလင်းမြို့နယ်မှကသာခရိုင်
၇မြို့နယ်၌်ပထမရရှိ။
ကသာခရိုင်အတွင်းရှိမြို့
နယ်များဖြစ်သောကောလင်းမြို့
သည်ဖြေဆိုသူကျောင်းသား/သူ
၁၃၁၂ဦးအနက်အောင်မြင်သူ
၄၅၃ဦးဘာသာစုံဂုဏ်ထူးရှင်၁ဦး
၎ဘာသာ၅ဦး၊၃ဘာသာ၁၃ဦး၊
၂ဘာသာ၂၆ဦး၊၁ဘာသာ၁၄၅ဦး
ရိုးရိုးအောင်၂၆၃၊အောင်ချက်
၃၄.၅၂%ဖြင့်ခရိုင်အတွင်းပထမရရှိပြီးအင်းတော်မြို့နယ်၃၃.၉၃%
ဝန်းသိုမြို့နယ်၂၈.၈၅%ပင်လည်ဘူးမြို့နယ်၂၈.၁၆%ထီးချိုင့်၂၀.
၅၃%ကသာ၁၉.၅၃%ဗန်းမောက်
၁၉.၁၈%ရရှိအောင်မြင်ပါသည်။
မန္တလေးအောင်ချက်မှာ၂၅%ရရှိ
ပါသည်။

ပြည်ပဧည့်များဘာသာရေးကို မထီမဲ့မြင်ပြုပါက ၎င်းတို့နိုင်ငံသံရုံးသို့ စာပို့ကန့်ကွက်မည် 

 

 ပြည်ပဧည့်များ မြန်မာနိုင်ငံ၏ ဘာသာရေးကို မထီမဲ့မြင် ပြုမှုမျိုးရှိပါက သက်ဆိုင်ရာနိုင်ငံသံရုံးများသို့ စာပို့ကန့်ကွက်မည်ဟု သာသနာရေး ဝန်ကြီးဌာနမှ သိရသည်။ ယခုလ အတွင်း အမေရိကန်အခြေစိုက် W magazine ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြခဲ့သော ဖက်ရှင်ဓာတ်ပုံများ သည် မြန်မာနိုင်ငံ ၏ ဘာသာရေး အထွတ်အမြတ်များကို မထီ မဲ့မြင်ပြုသကဲ့သို့ ဖြစ်နေသောကြောင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးယူနိုင်ခြင်း ရှိမရှိကိုမေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါမဂ္ဂဇင်းမှ ဓာတ်ပုံဆရာ Tim Walker နှင့်ဖက်ရှင်ဒီဇိုင်နာ အဖွဲ့တို့သည် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ကျိုက်ထီးရိုး၊ ပုဂံ စသည်တို့တွင် ဖက်ရှင်ဓာတ်ပုံများ ရိုက်ကူးခဲ့ရာ ဘုရားတွင်ကပ်လှူသော ရွှေသင်္ကန်းကို မျက်နှာနှင့် ခြေထောက်တွင်လိမ်းခြယ်ခြင်း၊ သံဃာတော်များ၏ သင်္ကန်းကို တုပဝတ်ဆင်ကာ ဖက်ရှင်ဓာတ်ပုံများ ရိုက်ကူးခြင်း တို့ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

”မြန်မာနိုင်ငံသားတွေလုပ်ရင် သာသနာညှိုးနွမ်းစေမူနဲ့ အရေး ယူလို့ရပေမယ့် နိုင်ငံခြားသားကျတော့ အရေးယူဖို့ခက်ပါတယ်။ သူတို့နိုင်ငံသံရုံးကိုပဲ နောက် ဒါမျိုးမလုပ်ဖို့ ကန့်ကွက်လို့ရတယ်”ဟု အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထို့အပြင်မြန်မာနိုင်ငံတွင် ထိုသို့လုပ်ဆောင်မှုများကို အရေးယူရန် ဥပဒေမရှိကြောင်း၊ မပြုလုပ်ရန်တားမြစ်ခြင်းသာ လုပ်နိုင်ကြောင်း အမျိုးသားစာကြည့်တိုက်နှင့် ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။

”သူတို့ကို do’s and don’ts တွေပေးထားတယ်၊ မလုပ်ပါနဲ့ ပဲပြောလို့ရပါတယ်”ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံ သို့ ပြည်ပ ဧည့်ဝင်ရောက်မှုများလာသည်နှင့်အမျှ ယဉ်ကျေးမှုနယ်မြေများတွင် မဖွယ်မရာနေထိုင်ခြင်း၊ ဘာသာရေးကို မထီမဲ့မြင်ပြုသော အပြုအမူ များပြုလုပ်ခြင်းတို့ ဖြစ်ပွားလျက်ရှိသည်။ ထိုကဲ့သို့ဖြစ်ရပ်များများပြားလာပါက အရေးယူနိုင်ရန် ဥပဒေထုတ် ရေးကိစ္စများဆောင်ရွက်ရမည်ဟု သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

Nature Dream ခရီးသွားလုပ်ငန်းမှ ဒေါ်စံပယ်အောင်က ဘာသာရေးပဋိပက္ခဖြစ်ပွားနေသော နိုင်ငံတစ်ခုတွင် ပြည်ပဧည့်များက ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် အခြေ အနေကိုပိုဆိုးစေကြောင်း မှတ်ချက်ပြုသည်။ ”မြောက်ဦးလိုနေရာမျိုးမှာ ဒီလိုပုံတွေ ရိုက်သွားရင် ဒါပြဿနာပိုကြီးနိုင်တယ်”ဟု ၎င်း ကဆိုသည်။ ပြဿနာဖြေရှင်းရေးအတွက် အဓိ ကကျသော ဝန်ကြီးဌာနများလည်းအားကောင်းရန်လိုပြီး ထိုသို့ဖြစ်ရပ်များကို အချိန်မနှောင်းခင်ဖြေရှင်းရမည်ဟု ၎င်းက ပြောသည်။ ယခင်က လည်း ပြည် ပဧည့် အချို့သည် ပုဂံဘုရားများတွင် ညအိပ်ခြင်း၊ ဘုရားပေါ်တွင် ဖိနပ်စီးခြင်းတို့ ပြု လုပ်သောကြောင့် ဒေသခံ ပြည်သူများကဝင် ရောက် ကန့်ကွက် ရသည့်ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့ဖူးသည်။

မေဇင်ဝင်း
Popular Myanmar News Journal