Monday, June 16, 2014
ရင်တုန် စိတ်ကုန်စရာတွေ မြန်မာပြည်မှာ ဖြစ်ပေါ်နေပြီ
ဟိုတစ်လောက ဘုန်းဘုန်းတစ်ပါး ဆန့်ကျင် ဟောကြားခြင်းကိုခံရတဲ့ တယ်လီဖုန်းကုမ္ပဏီကြီးတစ် ခုရဲ့ ကြော်ငြာစာသားလေးကို တွေ့ဖူးကြသူများမယ် ထင်ပါရဲ့ ဗျာ။ သူက ရင်ခုန်စိတ်လှုပ်ရှား စရာတွေ မြန်မာပြည်မှာ ဖြစ်ပေါ် လာပြီဆိုလား။ သရုပ်ဆောင်တဲ့ မော်ဒယ်လေးများကလည်း ပါး စပ်အဟောင်းသားနဲ့။ တယ်လီ ဖုန်းများ ဈေးချိုချိုနဲ့ သုံးရတော့ မယ်ဆိုတာကို ကြော်ငြာတာ။ ဘယ်သူတွေ ဘာပြောပြော ကျုပ် ဖြင့် အဲဒီစာသားလေးကို ကြိုက် လွန်းလို့။အခုတော့ အနှီကြော်ငြာစာ သားကို ကိုးကားပြောဖို့ရာ တိုက် ဆိုင်မှုလေးတွေလည်း ရှိလာသ ဗျ။ ကိုယ့်လူများသိတော်မူကြတဲ့ အတိုင်း ဒီရက်ပိုင်းမှာ ကြားရတဲ့ သတင်းတွေအရ ကျုပ်တို့မှာ ပါးစပ်အဟောင်းသားဖြစ်ရတဲ့ဘ၀။ နို့ပေတဲ့အနှီဖုန်းကုမ္ပဏီရဲ့ ကြော်ငြာစာသားလိုတော့ စိတ်လှုပ်ရှားစရာတွေတော့ မဟုတ်ဘူးဗျ။ ရင်ခုန်စရာလည်း မကောင်းဘူး။ အဲဒီအစား ရင်တုန်ပြီး စိတ်ကုန်စရာမကြားဝံ့မနာသာ သတင်းတွေပါခင်ဗျာ။ ဒါကြောင့် ရင်တုန်စိတ်ကုန်စရာတွေ မြန်မာပြည်မှာ ဖြစ်ပေါ်နေပြီလို့ ခပ်ပြောင်ပြောင်သာ ပြောလိုက်ပါရစေ။
သိတယ်ဟုတ်။ ဟိုတစ်လော က ဘုန်းကြီးကျောင်းကို အချိန် မတော်ဝင်စီးတဲ့ ကိစ္စလေဗျာ။ ကြားရတဲ့ ဒကာ၊ ဒကာမတွေခမျာ စိတ်မကောင်းလွန်းလို့။ လုပ်ရက်လိုက်တာနော် ဘာညာနဲ့ ပြည်သူများရဲ့ နှုတ်ဖျားမှာ အခု တစ်လော ပြောမဆုံးလည်း ဖြစ်နေကြတယ်။ အနှီဘုန်းကြီးကျောင်းကို ဘယ်သူပိုင်ပိုင် ကျုပ်တို့ အရေးမစိုက်ပါဘူးဗျာ။ နို့ပေတဲ့ အခုလိုအင်အားသုံးပြီး ကျောင်းတိုက်မှာရှိနေတဲ့ ဘုန်းတော်ကြီးကို ကားနဲ့တင်ခေါ်တာမျိုးကျ ဗုဒ္ဓဘာသာတိုင်းပြည်တစ်ပြည် မှာ မဖြစ်သင့်ဘူးလို့ထင်သဗျ။
အကယ်လို့ မှန်တာ၊ ဟုတ် တာ နည်းလမ်းတကျ လုပ်ပါတယ်ဆိုရင် လူမြင်သူမြင်မှာ ဗြောင်လုပ်နိုင်သားပဲဟာ။ ဒါမှမဟုတ်လည်းဥပဒေအတိုင်း တရားရုံးမှာဆင့်ခေါ်ပြီး မျက်နှာချင်းဆိုင် အရေးဆိုပေါ့။ အခုတော့ တိုးတိုးတိတ်တိတ် အင် အားသုံးပြီး ရှောင်တခင် ဘုန်း တော်ကြီးတွေကို ကားနဲ့တင်ခေါ် တာ၊ ကျောင်းတိုက်ကို ချိပ်ပိတ် တာတွေဟာ လုပ်သင့်ပါသတဲ့ လားဗျာ။
လုပ်တာကလည်း တခြားသူ များ မဟုတ်ပါဘူး။ တိုင်းသံဃ မဟာနာယက အဖွဲ့ဝင်များ၊ သာ သနာရေးဦးစီးဌာနက တာဝန်ရှိ သူများနဲ့ ရဲတပ်ဖွဲ့ဝင်များပါတဲ့ ဓမ္မစက်၊ အာဏာစက်နှစ်စက် ပေါင်းပြီး လုပ်ကြတာပါပဲဗျာ။ ကျုပ်တို့ဖြင့် အနှီဖြစ်ရပ်ကို ရင် တုန်စိတ်မကောင်းစွာ ကြည့်နေ ရင်း အုပ်စုဖွဲ့ပြီး ကြွေးတောင်း၊ လူရိုက်၊ တိုက်ကိုချိပ်ပိတ် မိုက် ကြေးခွဲတဲ့ ကိုရီးယားဇာတ်ကားထဲ က လူမိုက်တွေကိုတောင်မှသွား ပြီး သတိရမိသေးရဲ့။ လုပ်ပုံတွေ မဟုတ်ပုံများ ပြောပါတယ်။
ကျုပ်တို့တိုင်းပြည်မှာလည်း ရဟန်းသံဃာတော်များဟာ အ လွန်ကံဆိုးရှာပါတယ်။ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတုန်းကလည်း သံဃာတွေမှာ သေနတ်ကိုင်ထားတဲ့ အာဏာပိုင်များကို ထိုင်ပြီး ရှိခိုးလို့ခိုးရ၊ သေနတ်နဲ့အပစ်ခံလို့ ခံရနဲ့။ ပြီးတော့ကျောင်းတိုက်တွေလည်း ချိပ်ပိတ်ခံခဲ့ရသေးတယ်။ ဒါတောင်မှ အုပ်ချုပ်သူများဟာ ဘုရားတည်၊ ကျောင်းဆောက်၊ ထီးတင်၊ ကထိန်ခင်းတာ အလွန်ဝါသနာပါတဲ့သာသနာပြု ထီးဆောင်းမင်းများမို့လို့သာပဲခင်ဗျ။ နို့မို့ဆို ဒီထက်ပိုဆိုးမလား မသိဘူး။
နောက်ပြီးတော့ ကျုပ်တို့ အာဏာပိုင်များဟာ အတော် လေး အမှောင်ကြိုက်ပုံရပါတယ်။ တစ်ခုခု မဟုတ်တာ လုပ်မယ်ဆို ရင် သူတို့ဗျူဟာမြောက်ရွေးတဲ့ အချိန်ဟာ ညအခါပါ။ ဟိုတစ် နှစ်က လက်ပံတောင်း သပိတ် စခန်းကို ၀င်စီးပြီး သံဃာအချို့ ကို မီးလောင်ဗုံးစာ ကျွေးတဲ့အချိန် ဟာလည်း သန်းခေါင်ကျော် လေး ချက်တီးတဲ့ အရုဏ်တက်ချိန်ကြီး မှာ မဟုတ်လားဗျာ။ အမေရိကန် က ဘင်လာဒင်ကို သူ့အိမ်မှာ ည အချိန်ဝင်စီးပြီး အမိဖမ်းတယ်ဆို တာ ကျုပ်တို့မြန်မာပြည်က ဗျူ ဟာကို ခိုးချသွားတာနေမှာ။
အခု မဟာသန္တိသုခကျောင်း တိုက်ကို အချိန်မတော်ဝင်စီးတာ တစ်တိုင်းပြည်လုံး အုတ်အော် သောင်းတင်းဖြစ်သွားလို့ ထင်ပါ ရဲ့။ ဖြစ်ပြီးနောက်တစ်နေ့မှာပဲ ချက်ချင်းဆိုသလို သတင်းစာရှင်း လင်းပွဲလုပ်တယ်။ အဲဒီမှာ ဦးဆောင် ရှင်းလင်းတဲ့ လူကြီးတစ်ဦးက သတင်းထောက်များဘက်ကို လှည့်ကာ လှည့်ကာနဲ့ လက်ညှိုး ထိုးပြီး အခုလိုလုပ်တာ ခင်ဗျားတို့ မကျေနပ်ရင် ကြိုက်တဲ့နေရာမှာ သွားတိုင်နိုင်တယ်လို့ ပြောသေးဆိုပဲ။ တို့များက ပိုင်မှလုပ်တာ။ မပိုင်ရင် ခြင်တောင် မရိုက်ဘူးဆိုတာ စကားအရာနဲ့ လူပုံအလယ်မှာ သက်သေထူတာနေမှာပေါ့။
နောက်ဆုံးကြားရတဲ့ သတင်းများအရတော့ အဲဒီနေ့ညက ခေါ်လာတဲ့ သံဃာတွေထဲက ငါးပါးကိုလူဝတ်လဲပြီးတော့ အင်းစိန်ထောင် ပို့လိုက်ပြီလို့ ဆိုတယ်။ ဘုရား ဘုရားလို့သာ ကျုပ်တို့ အခါခါ တ,မိပါတယ်။ မလုပ် ကောင်းတာတွေ တိုင်းပြည်မှာ လုပ်ကုန်ကြပြီလားတော့ မသိဘူး။ ဘုန်းကြီးပဲဖြစ်ဖြစ်၊ လူဝတ်ကြောင်ပဲဖြစ်ဖြစ် အပြစ်ရှိတယ်ဆိုရင် အနည်းဆုံးတော့ သူနဲ့ဆိုင်ရာ တရားခွင်မှာ စစ်ဆေးမေးမြန်းတာ လုပ်ရဦးမှာပေါ့။ အခုတော့ တစ်ဖက်က ဆရာတော်အချို့က ကန့်ကွက်နေတဲ့ကြားက ဇွတ်အတင်း ထောင်တွင်းပို့တယ်ဆိုတာ တော်ရဲ့လားဗျာ။
ကျုပ်တို့ဖြင့် ဒီရက်ပိုင်းမှာ ကြားရတဲ့သတင်းတွေက နားဝ မှာ မချမ်းသာရဘူးဗျာ။ လူအ ချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်း ကြပါစေဆိုတာလို ဘုန်းကြီးအ ချင်းချင်း လှည့်ပတ်ခြင်းလည်း ကင်းပါစေလို့ ဘစီတို့ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူများက နောင်အခါမှ ထပ်တိုးဆုတောင်း စာဆိုရမလိုဖြစ်နေပြီ ထင်ပါရဲ့။
ဒကာ၊ ဒကာမတွေခမျာ လယ်သိမ်း၊ မြေသိမ်းခံရလို့ မြန်မာပြည်မှာ လူဖြစ်ရတာ စိတ်ညစ်စရာ ကောင်းတယ်လို့ တွေးနေတုန်းရှိသေး။ ဘုန်းတော်ကြီးများလည်း ကျောင်းတိုက်ပိုင်ဆိုင်မှုကစပြီး အမှုကိစ္စတွေကျယ်ပြန့်နေတာ အရပ်ရပ်က ကြားလို့မှ မသင့်တာမျိုးကလား။
အမျိုး၊ ဘာသာ၊ သာသနာ လို့ တက်ထောင်မောင်းနင်း ဟစ် ကြွေးနေကြတဲ့ ဘုန်းကြီးမျိုးချစ်၊ လူမျိုးချစ်များလည်း ဒီအချိန်ကျ တော့ ရေငုံနှုတ်ပိတ်နေလိုက်တာ။ အသက်မှ ရှူသေးရဲ့လားမသိပါ ဘူး။ အင်းပေါ့လဗျာ။ အမျိုးနဲ့ ဘာသာ၊ သာသနာကို ဥပဒေပြု ပြီး ကာကွယ်စောင့်ရှောက်ချင်လှ တဲ့ သမ္မတတောင်မှ တုတ်တုတ် မှ မလှုပ်တာ။ ကျန်တဲ့သူတွေက နှာစေးနေတာ ဘာပြောကောင်း မလဲ။
ကြုံတုန်းပြောရဦးမယ်ဗျ။ အထက်က သံဃာငါးပါးကို လူ ၀တ်လဲပြီး အင်းစိန်ထောင်ကို ပို့ တာဟာ သံဃာ့ဝိနည်းနဲ့အညီ နေထိုင်ခြင်း မရှိတဲ့အတွက်လို့ ဆို တယ်။ ဟုတ်ကဲ့ ကောင်းပါပြီဗျာ။ ဒီလိုသာဆိုရင် အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အချို့သော သံဃာများဟာ ဗုဒ္ဓမြတ်စွာဟောတော်မူထားခဲ့တဲ့ တရားဒေသနာ အဆုံးအမတော်များနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီး ကိုယ်နဲ့မတူတဲ့ လူများကို စားစရာမရှိအောင်၊ နေစရာမရှိအောင် လုပ်မယ်ဆိုတဲ့ စကားများ ဟောကြားနေတာများကို အရေးမယူတာဟာ ၀ိနည်းနဲ့အညီ ကျင့်လို့များလားဗျာ။
ဟိုတစ်လောကပဲ တိုင်းခြားက တယ်လီဖုန်းကုမ္ပဏီက ထုတ်တဲ့ဖုန်းများကို ဝယ်ယူသုံးစွဲခြင်း မပြုဖို့၊ အဲဒီဖုန်းအမျိုးအစား နံပါတ်နဲ့ ကိုယ့်ဆီကိုခေါ်လာတဲ့ ဖုန်းကိုတောင်မှ ပြန်မထူးဖို့ (မြန်မာ့ဆက်သွယ်ရေးကိုသာ အားပေးပါ။ ဒါမှ လိုင်းမကောင်း တာကို သည်းခံရင်း ခန္တီပါရမီဖြည့်ပြီး သားဖြစ်စေချင်လို့နေမှာပေါ့)၊ အနှီဖုန်းကုမ္ပဏီမှာလည်း မြန်မာ များသွားပြီး အလုပ်မလုပ်ကြဖို့ (အလုပ်မရှိလည်း ဘုန်းကြီးဝတ်၊ ဆွမ်းခံစားလို့ရတယ်လို့ များဆို ချင်သလားမသိ)တွေ ရဟန်းတစ် ပါးဟောသွားသေးတယ်။ အဲဒီလို သူတစ်ပါးအကျိုးပျက်စီးရာပျက် စီးကြောင်း ပြောတာအတွက် ဓမ္မ စက်အရအရေးယူတာ၊ တားမြစ် ခံရတာ ခံရတယ်လို့ မကြားမိ သေးဘူး။ အင်း.. စိတ်မောစရာ ကြီးပါဗျ။
ဒီစာကို ရေးနေဆဲမှာပဲ ဆဲဗင်းဒေးသတင်းစာ မျက်နှာဖုံး မှာ သတင်းတစ်ပုဒ်ပါလာတယ်။ အဲဒါကတော့ မဟာသန္တိသုခ ကျောင်းတိုက်ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်စဉ် အခါက ဂိုက်ပေးကောင်းကောင်း နဲ့ ပြောသွားတဲ့လူကြီးတစ်ဦးဟာ စာနယ်ဇင်းတွေက ဖော်ပြနေကြ တာလို သမ္မတအကြံပေးမဟုတ် ဘူးတဲ့ဗျာ။ ဘယ်နှယ့်ဟာလဲတော့ မသိပါဘူး။ အနှီသတင်းစာရှင်း လင်းပွဲတုန်းကတော့ သူ့ရှေ့က နာမည်ဆိုင်းဘုတ်မှာတော့ သူ့နာ မည်ဘယ်သူဘယ်ဝါဆိုတာနဲ့ ရာထူးက အကြံပေး၊ နိုင်ငံတော် သမ္မတရုံးဆိုပြီး အတိအလင်းရေး ထားခဲ့တာပဲဥစ္စာ။
ဒါတင်မကသေးဘူး။ အနှီပုဂ္ဂိုလ်ကြီးရဲ့ ရုံးခန်းအဝင်ဝမှာလည်း အကြံပေးလို့ပဲ တပ်ထားသတဲ့။
အခုတော့ ဒီလူဟာ သမ္မတ အကြံပေးမဟုတ်ပါဆိုပြီး သတင်း ထွက်လာပြန်တယ်။ ဒါဆိုရင် သူ က ဘယ်သူတုံး။ ပြီးတော့ အဲဒီ နေ့က သတင်းစာရှင်းလင်းတာ တွေကလည်း သမ္မတကိုယ်စား ပြောတာတွေမဟုတ်ပါဘူး။ သာသနာရေးဝန်ကြီးဌာနကိုယ်စားပြောခဲ့တာတွေပါတဲ့။ ဘာတွေလဲဗျာ။ ဘာတွေလဲ။ နဂို ကတည်းက ကျုပ်တို့ပြည်သူ၊ ပြည်သားတွေဟာ စိတ်နှလုံးမသာယာကြရတဲ့ကြားမှာ ဦးပုညတေးထပ်ထဲကလို ‘‘ဝိမလနန်းသစ်ပေါ်မှာ၊ သန်းရှစ်ဖော်ရွေများနဲ့၊ ဘုရားကို နှစ်ရစ်လိမ်၊ ညစ်တဲ့မာဃိန်’’ဆို တာမျိုးတော့ မလုပ်ကြပါနဲ့။
သို့ကလို အကြောင်းတွေနဲ့ ကျုပ်တို့စိတ်နှလုံး မသာယာဖြစ် နေရစဉ်မှာပဲ အမျိုးသားလွှတ် တော်မှာတော့ ပီအာရ်ဆိုတဲ့ ‘ဝေပုံကျ’စနစ်ကို ကျင့်သုံးဖို့ရာ သဘောတူညီခဲ့ကြပြီလို့ ဆိုသဗျ။ ဒါတင် မကသေးဘူးဗျို့။ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဖို့လုပ်နေတဲ့ ကော်မရှင်ကလည်း ၅၉(စ)ကို မပြင်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ အဲဒီလို တိုင်းပြည်မှာသေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့ အခါသမယမှာ အတိုက်အခံပါတီက လွှတ်တော်အမတ်တစ်ယောက်ဟာဆိုရင် ကျန်းမာရေးအတွက် လွှတ်တော်အစည်းအဝေးထဲမှာ ခေါင်းပေါင်းချွတ်ထားခွင့်ပြုဖို့တောင်း ဆိုလိုက်ပါသတဲ့ဗျာ။
နို့ပေတဲ့ အတိုက်အခံတွေ ကံမကောင်းချက်များ ပြောပါ တယ်။ ခေါင်းပေါင်းချွတ်ခွင့်အဆို လေး တင်တာတောင်မှ လွှတ် တော်မှာ မအောင်မြင်ရှာဘူးဗျ။ တခြားအမတ်တစ်ယောက်က ဘာထောက်ပြသလဲဆိုရင် ခေါင်း ပေါင်းကြောင့် သွေးကြောတွေ ဖိထားသလိုဖြစ်ပြီး ခေါင်းနောက်၊ ခေါင်းမူးတာ ခံစားရနိုင်ပေသိ အသက်အန္တရာယ် အထိတော့ မရောက်နိုင်ပါဘူးတဲ့။ သို့ဖြစ်တာ ကြောင့် နိုင်ငံနဲ့ တိုင်းရင်းသားလူ မျိုးများရဲ့ ဝိသေသအရ ခေါင်း ပေါင်းပေါင်းခြင်းကို မူလအတိုင်း ဆက်ထားသင့်တယ်ဆိုပြီး ပြော တယ်။ လွှတ်တော်ဥက္ကဋ္ဌကတော့ ခေါင်းပေါင်းပေါင်းရတာလောက် များ လာပြောမနေနဲ့ သူဆိုရင် ခေါင်းပေါင်းတင်မက ဝတ်ရုံပါ ခြုံထားရတာဆိုတော့ကာ နဂိုအတိုင်းသာ ဆက်ရှိနေပါစေတဲ့ဗျာ။ စိတ်လေပါတယ်။
အဲဒါတွေကြောင့် ကျုပ်တို့ ရွှေပြည်ကြီးမှာ ရင်တုန်စိတ်ကုန် စရာတွေဖြစ်နေပြီလို့ ပြောခဲ့တာ ပေါ့ဗျာ။ သို့ပေသိ ခုနစ်ရက်သား သမီးများ တရားနဲ့သာဖြေပါ။ ဒီ ခေတ်ဟာ ဆုတ်ကပ်ကိုးခင်ဗျ။ လူတွေက တဖြည်းဖြည်းအကျင့် တန်လာတဲ့အခါ အနှီလိုအရပ်မျိုး မှာ နေရထိုင်ရတာ စိတ်နှလုံး မသာယာစရာတွေနဲ့ကြုံရမှာ ဓမ္မ တာပါပဲ။ ဒီလိုအခြေအနေမှာ အချုပ်တန်းဆရာဖေရဲ့ သရော် စာတေးထပ်လေးကို သတိရလာ တာမို့ အောက်မှာ ဖော်ပြပါရစေ ဗျာ။
‘‘မျက်နှာပေး မမာကြပါနှင့်
ထာဝရပြုံးပါ
ကာလကို နှလုံးနာသည်
မုန်းစရာ ကရို့။
လေပြင်းက အုတ်ဆက် ကွာအောင်
တုတ်စကြာလွှတ်သည့်ခါမို့။
ဇာတ်တူချင်း ယခုအခါမှာ
ကရုဏာကွာလို့
အမှုသာရှာဖို့ပ
မြန်မာတို့စိတ်မှာ
ဥပုသ်သည် ဓားပြရိုးပါလို့
တရာ့ကိုး ဖမ်းတဲ့အခါ။
ခွတမျိုး မချမ်းသာတယ်
လမ်းတကာဉာဏ်ကုတ်လို့
သံတုတ်နဲ့ ဇီဝိန်ချွေ
တိုင်းပြည်သိပေ။
လိမ္မာမှ အသက်ရှည်မည်
အခက်တွေ ပွေလွန်းလှ လေး’’
ကိုင်းဗျို့.. ကိုယ့်လူတို့။ ဇာတ်တူချင်း ကရုဏာကွာပြီး အမှုရှာတာ အခုမှမဟုတ်ပါဘူး။ ဖြစ်နေတာတွေကို စိတ်ညစ်လို့ တရားနဲ့နေမယ်ဆိုပြီးလည်း မလုပ်နဲ့ဦးဗျို့။ နှလုံးနာစရာ ကာလမှာ ဥပုသ်သည်တောင်မှ အခန့်မသင့်ရင် ဓားပြလို့ယိုးစွပ်ခံ ရချင်ခံရတာတဲ့။ ဘစီတောင်မှ မတတ်သာလို့ အရဲစွန့်ပြီး သရော် ရတာ။ အချုပ်တန်းဆရာဖေက ခွသမားတွေလည်း မချမ်းသာ၊ သံတုတ်နဲ့ ဇိဝိန်ခြွေခံရမယ်လို့ ပြောပြီးသား။ ဘာပဲဖြစ်ဖြစ် ခုနစ် ရက်သားသမီးများ ပျော်ကြပါစေ ဗျာ။
ကမ္ဘာ့ဖလားတွင် ရေဘဝဲလေး ပေါလ်ကို ဆက်ခံမည့် ကုလားအုတ်လေး ရှာဟင်း
၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဘောလုံးပွဲ ရလဒ်များ
ကြိုတင်ခန့်မှန်းသည့် ရေဘဝဲလေး ပေါလ်၏ နေရာကို ဆက်ခံမည့်သူအဖြစ်
ကုလားအုတ်လေး ရှာဟင်းက တစ်စထက်တစ်စ ထင်ရှားလာခဲ့သည်။
ဒူဘိုင်းမြို့ရှိ သဲကန္တာရထဲတွင် မွေးမြူထားသည့် ကုလားအုတ်လေးမှာ
ပေါလ်ကဲ့သို့ပင် ကမ္ဘာ့ဖလား ပွဲစဉ်များကို ရလဒ်မှန်ကန်စွာ ခန့်မှန်းပေးနေသူ
ဖြစ်သည်။ ပေါလ်သည် တိရစ္ဆာန် ပုရောဟိတ်လေးအဖြစ် တင်စားခံရဖူးပြီး
(၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလား၌ ဂျာမနီ ကစားသည့် (၇)ပွဲစလုံး အနိုင်အရှုံးရလဒ်
မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။ပေါလ်သည် (၂၀၁၀)ပြည့်နှစ်၊ အောက်တိုဘာလက သေဆုံးခဲ့ပြီဖြစ်ပြီး ယခုအခါ ရှာဟင်းက (၂၀၁၄)ခုနှစ် ကမ္ဘာ့ဖလား ပွဲစဉ်များကို ပေါလ်ကဲ့သို့ပင် ခန့်မှန်းပေးလျှက် ရှိသည်။
ရှာဟင်း၏ အနိုင်အရှုံး ရွေးချယ်ပုံမှာ အလွန်ရိုးရှင်းပြီး ထိပ်တိုက်ရင်ဆိုင် ကစားမည့် အသင်းနှစ်သင်း၏ ကိုယ်စားပြု အလံများကို ချထားပေးသည့်အခါ အနိုင်ရမည့် အသင်း၏ အလံကို ပါးစပ်ဖြင့် ကိုက်ဆွဲယူလိုက်ခြင်း ဖြစ်သည်။
ရှာဟင်းသည် ကမ္ဘာ့ဖလား ပြိုင်ပွဲများ မစတင်မီ ကတည်းက နာမည်ကြီး အသင်းအချို့၏ ပွဲစဉ်(၅)ပွဲကို ရွေးချယ်ပေးထားရာ ကစားပြီးသည့် (၄)ပွဲစလုံး မှန်ကန်နေသည်ကို တွေ့ရသည်။
ဘရာဇီးနှင့် ခရိုအေးရှားတို့ ပွဲစဉ်တွင် ဘရာဇီးကိုလည်းကောင်း၊ စပိန်နှင့် နယ်သာလန်ပွဲတွင် နယ်သာလန်ကိုလည်းကောင်း၊ အီတလီနှင့် အင်္ဂလန်ပွဲတွင် အီတလီကိုလည်းကောင်း၊ အာဂျင်တီးနားနှင့် ဘော့စ်နီးယား ဟာဇီဂိုးဗီးနားတို့ ပွဲစဉ်တွင် အာဂျင်တီးနားကိုလည်းကောင်း ရှာဟင်းက ရွေးချယ်ပေးထားပြီး ဂျာမနီနှင့် ပေါ်တူဂီတို့ ရင်ဆိုင်ရာတွင်မူ ပေါ်တူဂီက အလေးသာမည်ဟု ကြိုတင်ခန့်မှန်းထားသည်။ အကယ်၍ ယင်းရလဒ်သာ မှန်ကန်ခဲ့ပါက ရှာဟင်းသည် ပေါလ်ကဲ့သို့ပင် ကမ္ဘာ့ဖလား၏ တိရစ္ဆာန် ပုရောဟိတ်လေး ဖြစ်လာဖွယ် ရှိနေသည်။
ပေါလ်၏ အောင်မြင်မှုကြောင့် ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပင်လယ်လိပ်ကြီး ဘစ်ဂ်ဟတ်ဒ်၊ သားပိုက်ကောင်လေး ဖလော့ပ်စီ၊ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံလေး တစ်ကောင်၊ ဆင်ကလေး နယ်လီနှင့် ခွေးကလေး ရူးတို့သည်လည်း ဘောလုံးပွဲ ခန့်မှန်းမည့် တိရစ္ဆာန်လေးများအဖြစ် ညွှန်းဆိုခံခဲ့ရဖူးသည်။
မုတ်သုံလေ အားကောင်း၍ မန္တလေးတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် မိုးကြီးမည်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ
အားကောင်းနေခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင်
ယခုရက်ပိုင်းအတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ
ညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၁၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးကြီးမည် ဖြစ်သည့်အပြင် အလယ်ပိုင်း ဒေသများတွင်လည်း မိုးပိုလာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းချက် ထုတ်ပြန်သည်။
မုတ်သုံလေအရှိန်ကြောင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းပြီး လှိုင်းကြီးနိုင်သဖြင့် ငါးဖမ်းရေယာဉ်များနှင့် ပြည်တွင်း၌ ပြေးဆွဲနေသည့် လေယာဉ်များအနေနှင့် မိုးလေဝသ အခြေအနေ ဆိုးရွားနိုင်မှုကို သတိပြု ထွက်ခွာရန် လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သတိပေးပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့ မိုးရေချိန် တိုင်းထွာချက်များအရ ကျောက်ဖြူမြို့တွင် ၄ ဒသမ ၇၂ လက်မ၊ မြိတ်မြို့တွင် ၄ ဒသမ ၆၉ လက်မနှင့် ကျိုက်မရောမြို့တွင် ၄ ဒသမ ၄၈ လက်မအထိ ရရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကွက်၍ မိုးကြီးခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
မန္တလေးမြို့တော်တွင် ဇွန်လဆန်းပိုင်းက နေ့အပူချိန် မြင့်တက်လာမှုကြောင့် အပူလျှပ်မှု ဖြစ်ပေါ်ကာ လူသုံးဦး သေဆုံးပြီး ၁၇ ဦး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ကြောင်း အဆိုပါဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

အဖေများနေ့မှာ ဖခင်စောဘွဲ့မှူး အုတ်ဂူရှေ့ သီချင်းဆိုခဲ့တဲ့ မီးမီးခဲ
ဇွန်လ၁၅ရက်တွင်
ကျရောက်သော အဖေများနေ့၌ ဖခင်ဂီတသမားကြီး ဦးစောဘွဲ့မှူး အုတ်ဂူရှေ့တွင်
ဖခင်အတွက် ရည်စူးကာ ကိုယ်တိုင်ရေးစပ်ထားသောသီချင်းဖြင့်
သီဆိုဂုဏ်ပြုခဲ့ကြောင်း သမီးဖြစ်သူ အဆိုတော် မီးမီးခဲကပြောသည်။
ဇွန်လ ၁၅ရက် နံနက်က မိသားစုနှင့်အတူ သွားရောက်ကာ ဖခင်အုတ်ဂူရှေ့တွင် မီးမီးခဲက ‘‘Daddy I Miss You’’ သီချင်းကို သီဆိုခဲ့သည်။ ဇွန်လ ၁၅ ရက်သည် တနင်္ဂနွေနေ့နှင့် တိုက်ဆိုင်သဖြင့် ဘုရားကျောင်းတွင် ထိုသီချင်းကို သီဆိုခဲ့ကြောင်း သိရသည်။
‘‘ဒီသီချင်းက အဖေ့အတွက် ရည်စူးပြီး ရေးထားတာကြာပါပြီ။ တစ်ခါမှ အုတ်ဂူရှေ့မှာ သွားမဆိုဖူးတော့ မိသားစုနဲ့အတူ အမှတ်တရဖြစ်အောင်သွားဆိုတယ်။ အဖေအနားမှာ မရှိတော့တာ ၀မ်းနည်းပေမယ့် သူ့သမီးတစ်ယောက်အနေနဲ့ ခံစားသက်ဝင်ပြီး ဆိုပေးရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ အစ်မဆိုပြတော့လည်း မိသားစုနဲ့ အမေပါ မျက်ရည်ဝဲကြတယ်။ မနက်တုန်းကလည်း ဘုရားကျောင်းမှာလည်း သွားဆိုတယ်။ အားလုံးက ၀မ်းနည်းကြတယ်။ ဒီသီချင်းလေးကို ကြားတော့ နှလုံးသားထဲမှာ ထိတယ်’’ဟု မီးမီးခဲကပြောသည်။
မီးမီးခဲ၏ Misscall အယ်လ်ဘမ်ဗီစီဒီအတွက် သီချင်းများရိုက်ကူးထားကာ အမြန်ဆုံးထွက်ရှိနိုင်အောင် ပြင်ဆင်နေပြီး ကိုယ်တိုင်ရေး၊ဆိုကာ အခွေသစ်များလည်း ထွက်ရှိနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

ဘာသာကြီး ၄-ရပ်ရဲ့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာများ
ဟိန္ဒူ
======
ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ ဟိန္ဒူဘာသာဝင်အချင်းချင်းပင် ဇာတ်မတူပါက ထိမ်းမြားခြင်းမပြုနိုင်သဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် ထိမ်းမြားခြင်းမပြုနိုင်ပေ။
ဟိန္ဒူဘာသာတွင် (၁)ဗြဟ္မဏ (၂)ခတ္တိယ (၃)ဝေဿ (၄)သုဒ္ဓဟူ၍ (၄)မျိုးရှိရာ ထို(၄)မျိုးတွင် ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ တရားဝင်ထိမ်းမြားရန် မဖြစ်နိုင်ဟု စီရင်ထုံးဟောင်းများက ပြဆိုထားသည်။
ခရစ်ယာန်
======
ခရစ်ယာန်ထိမ်းမြားခြင်းဥပဒေပုဒ်မ-၄အရ ခရစ်ယာန်နှင့်ခရစ်ယာန်မဟုတ်သူတစ်ဦး ထိမ်းမြားခြင်းပြုနိုင်သည်။
သို့ရာတွင် ထိမ်းမြားခြင်းကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင်လည်းကောင်း,ထိမ်းမြား
ခြင်းမှတ်ပုံတင်အရာရှိရှေ့တွင်လည်းကောင်း ထုံးပုံနည်းလမ်းတကျထိမ်းမြားမှသာလျှင် တရားဝင်သည်။အခြားနည်း ထိမ်းမြားမှုများ တရားမဝင်၊ ဥပဒေကို မလိုက်နာလျှင် ထောင်ဒဏ်ငွေဒဏ် သတ်မှတ်နိုင်သည်။ နမူနာအားဖြင့် ပုဒ်မ-၆ဝ ဤဥပဒေပုဒ်မ-၅
အရ ထိမ်းမြားပေးပိုင်ခွင့်ရှိသူမဟုတ်ဘဲ ခရစ်ယာန်(၂)ဦး သို့မဟုတ်(၁)ဦး ခရစ်ယာန်လက်ထပ်ပေးပါက ထောင်ဒဏ်(၁ဝ)နှစ်အထိ အပြစ်ပေးနိုင်သည်။
***လူအခွင့်အရေးဆိုပြီးမျက်စိမှိတ်စွတ်အော်နေသူများ ကြပ်ကြပ်သတိထားလေ့လာပါရန်
အစ္စလာမ်
======
ဘာသာကွဲနှင့် လုံးဝလက်ထပ်ခွင့်မပြု၊ ဘာသာမတူသူဖြစ်ပါက အစ္စလာမ်ဘာသာသို့ တရားဝင်ကူးပြောင်းပြီးသည့်အခါမှသာ လက်ထပ်ခွင့်ရှိသည်။
သူတို့ကျမ်းစာကို စော်ကားပါက သေဒဏ်အထိချမှတ်နိုင်သည်။
အိမ်ထောင်ရေးဖောက်ပြားပါက လူအများရှေ့တွင် လူတိုင်းက ခဲနှင့်ထုသတ်ခြင်း၊ လူတိုင်းက မေထုန်ကျင့်နိုင်ခြင်း အပြစ်များပေးပါသည်။
ဗုဒ္ဓဘာသာ
======
မည်သည့်ဘာသာခြားကမဆို ၄င်းတို့ ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြား လက်ထပ်ခြင်းကို ခွင့်ပြုထားသည်။ ဘာသာခြားများက ဗုဒ္ဓဘာသာဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားများကို ၄င်းတို့ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြားလက်ထပ်ခွင့်ပြုထားသည်။
အလွန်သဘောကောင်းသော အလွန်ရက်ရောသောဥပဒေဖြင့်
ကာကွယ်ထားခြင်းမရှိသော ဒလဟောခွင့်ပြုထားသော ဘာသာဖြစ်နေပါတယ်။
အလွန်ဝမ်းနည်းဖွယ်ရာ အလွန်ရှက်စရာကောင်းတဲ့ အနေအထားကို အတိုင်းသားတွေ့မြင်ပါတယ်။
ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို အုတ်ကြားမြက်လောက်မှ တန်
ဖိုးမထားဘာသာခြားများက အလွယ်တကူ စော်ကားဖို့ ခွင့်ပြုထားသလို ဖြစ်နေပါတယ်။
---------
ပြည့်သူ့တရားသူကြီးအဖွဲ့ (အငြိမ်းစား)၊ သံအမတ်ကြီး(အငြိမ်းစား) ဦးဘမော်(B.A Hons B.l)ရေးတဲ့ မြန်မာနိုင်ငံအိမ်ထောင်ခန်းများ(Marriage
Laws of Myanmar)စာအုပ်မှ ဘာသာကြီး ၄-ရပ်ရဲ့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာများ

Subscribe to:
Posts (Atom)