Wednesday, June 11, 2014

ကမ္ဘာ့ဖလား ၂ဝ၁၄ ဖွင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွင့်မှု (ရုပ်/သံ) 



၂၀၁၄ ကမ္ဘာ့ဘောလုံးပြိုင်ပွဲကြီးကို ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မှာ ဖွင့်ပွဲအခမ်အနားနဲ့ စတင်တော့မှာ ဖြစ်ပြီး၊ ဒီနောက်မှာ အိမ်ရှင် ဘရာဇီးနဲ့ ခရိုရေးရှားတို့ ဒေသအချိန် ညနေ ၂ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။
၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား (ဘရာဇီး ) ဖွင့်ပွဲ အခမ်းအနား ယူကျုကနေ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပါတယ်။ စောင့်မျှော် ကြည့်ရှုနိုင်ဖို့အတွက်ပါ။

ကမ္ဘာ့ဖလား ၂ဝ၁၄ ဖွင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွင့်မှု (ရုပ်/သံ)


မိုးသီးဇွန်နှင့် မိုးဟိန်းကို အမည်ပျက်စာရင်းသွင်း 


 သမ္မတဦးသိန်းစိန်လက်  ထက်တွင်  ပထမဆုံးအကြိမ်အ ဖြစ်  အခြားနိုင်ငံသားခံယူထား သည့် မြန်မာလူမျိုးနှစ်ယောက်ကို အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ  သတင်းရရှိသည်။

  သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင်  အခြားနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံရေးသမား များနှင့် ကျွမ်းကျင်အတတ်ပညာ ရှင်များကို အမည်ပျက်စာရင်းများ မှ ပယ်ဖျက်ပေးခဲ့ပြီးနောက် ယခု လို ပထမဆုံးအကြိမ်အခြားနိုင်ငံ သားအဖြစ်ခံယူထားသူမြန်မာနိုင် ငံသားနှစ်ဦးအား အမည်ပျက်စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်မွေးဖွားပြီး အမေရိကန်နိုင်ငံသားခံယူထားသူ မိုးသီးဇွန်၊ မိုးဟိန်းနှင့်အမေရိကန် နိုင်ငံသားနှစ်ဦးအပါအ၀င်လေးဦး တို့ဖြစ်သည်။ ၎င်းတို့ကို မြန်မာနိုင်ငံသို့ပြေးဆွဲနေသော   နိုင်ငံတကာလေကြောင်းလိုင်းများတွင် တင်ဆောင်လာခြင်းမပြုရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

‘‘အခုမှ အမည်ပျက်စာရင်း သွင်းလိုက်တာပါ။ မြန်မာနိုင်ငံကို ဘယ်နှနှစ်မလာရဘူးဆိုတာမျိုး တော့ မရှိပါဘူး’’ဟု လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနအကြီးတန်းအရာရှိတစ် ဦးကပြောသည်။

အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ မိုးသီးဇွန်သည် လူ့ ဘောင်သစ်ပါတီတည်ထောင်သူ တစ်ဦးဖြစ်ကာ ပြီးခဲ့သည့်လက ဗီဇာသက်တမ်းလွန် နေထိုင်မှုနှင့်အစိုးရက လ၀ကဥပဒေအရ ပြည်တွင်းမှထွက်ခွာရန် အကြောင်းကြားခဲ့ပြီးနောက် ဗီဇာသက်တမ်းတိုးရန် ထိုင်းနိုင်ငံတွင် ရောက်ရှိနေခြင်းဖြစ်သည်။

  ‘‘အမည်ပျက်စာရင်းကို ဘယ်တုန်းက ထည့်ထားလဲဆို တာတော့မသိဘူး။ ကျွန်တော်ရှိနေခြင်းဟာ  လက်ရှိငြိမ်းချမ်းရေးကိစ္စ၊အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုအရှိန်မြင့်နေတဲ့ကိစ္စတွေပါ ပါဝင်ပတ်သတ်မယ်။ ဒါတွေကို တစ်လျှောက်လုံးပွင့်ပွင့်  လင်းလင်းနဲ့ပြောထားပါတယ်။ အဲဒါတွေအပေါ် အငြိုးထားပုံရပါတယ်’’ဟု ဘန်ကောက်မြို့သို့ရောက်ရှိနေသည့်  မိုးသီးဇွန်ကအွန်လိုင်းမှ တစ်ဆင့်ပြောကြားသည်။

 ဗီဇာသက်တမ်းတိုးခြင်းကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ၎င်း ၏မိခင် ထောက်ခံချက်ဖြင့် သွား ရောက်လျှောက်ထားခဲ့သော် လည်းဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးမှနေ၍ ပြန်လျှောက်ရန် ညွှန်ကြားခဲ့ကြောင်း၊ထိုသို့ ညွှန်ကြားခဲ့သော်လည်း မည်သည့်အချိန်တွင်  ဗီဇာပြန်ပေးမည်ဆိုသည်ကို အတိအကျပြန်ကြားခဲ့ခြင်းမရှိကြောင်း မိုးသီးဇွန်ကပြောသည်။

 ဦးမိုးဟိန်းသည် သူရိယအလင်းဂျာနယ်ကို ထုတ်ဝေခဲ့ပြီး နောက် ဂျာနယ်တိုက်ပိတ်သိမ်းခံရကာ သူရိယနေ၀န်းဂျာနယ်အဖြစ် အမည်ပြောင်းလဲထုတ်ဝေခဲ့သူဖြစ်သည်။

   သမ္မတဦးသိန်းစိန်လက် ထက်တွင် အမည်ပျက်စာရင်းဝင်အဖြစ်သတ်မှတ်ခံရသူ  ခြောက်ထောင်ကျော်အနက် နှစ်ထောင်ကျော်အားပယ်ပေးခဲ့သည်။

Author: အိဖြူမွန်
7Day Daily

 

12.6.2014 ရက်နေ့ မနက်ပိုင် 10:30၀န်းကျင်
ချမ်းမြသာစည် တရားရုံးတွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

တရားရေးဆိုင် ရာ နှင့် တရားသူကြီးများ အကျင့်ပျက် လာဘ်စား မှု့များနှင့်
ပတ်သတ်ပြီး မနက်ပိုင်း 10:30 ၀န်းကျင်တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်
မြို့နယ်တရားရုံးရှေ့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်




Y535 Root and Myanmar Installer
http://www.mediafire.com/download/bag9hcn11mq5mmi/Y535+Root+and+Myanmar+Font+Installer+by+ShweSeTharr.zip
Huawei G730 အတွက် အဆင်ပြေစေမည့် Apk များ
အောက်ကလင့်တွင်ဒေါင်းယူနိုင်ပါသည်.....

http://www.mediafire.com/download/qzdnvzzcwd6hlbh/G730+Myanmar+Application+Collection%281%29.zip

မျိုးစောင့်ဥပဒေ ကန့်ကွက်သည့် အဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်နာရီကြာတွေ့ဆုံ 

 

နေပြည်တော်၊ မဇ္ဈိမ။ ။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မျိုးစောင့် ဥပဒေ လေးမျိုးကို ကန့်ကွက်လှုရှားသည့် အဖွဲ့များမှ ကိုယ်စားလှယ်များက ဇွန် ၁၁ရက်တွင် လွှတ်တော် အဆောက်အဦ အတွင်းရှိ အိုင် ၁၂တွင် နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။

"မျိုးစောင့်ဥပဒေ အပိုင်းလေးပိုင်းလုံးဆိုရင် ဥပဒေက မလိုအပ်ပါဘူး၊ အကျိုးရှိမယ်ဆိုတာထက် အကျိုးမရှိပိုများတယ်။ ဒါကြောင့် အဓိကအချက်အလက်တွေကို လာတင်ပြဆွေးနွေးတာဖြစ်တယ်။
မျိုးစောင့် ဥပဒေဖြစ်ပေါ်လာရေး လှုပ်ရှားမှုတွေကဆိုရင် ပဋိပက္ခ ဖြစ်ပွားနိုင်တယ်။ ငြိမ်းချမ်းရေးကို ပျက်ပြားနိုင်တယ်။ တရားဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်နိုင်တယ်ဆိုတာကို လာပြီး တင်ပြတာဖြစ်ပါတယ်”ဟု အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံမှ ဒေါ်သင်းသင်းအောင်က မီဒီယာများကို ပြောသည်။

မျိုးစောင့်ဥပဒေကို စတင် ကန့်ကွက်စဉ်က ၉၇ ဖွဲ့သာရှိပြီး လက်ရှိအချိန်တွင် ၁၆၆ ဖွဲ့အထိ ရှိလာပြီဟု သူကဆိုသည်။ အဆိုပါ ကန့်ကွက်သည့် ၁၆၆ ဖွဲ့၏ ကိုယ်စား ခေါင်းဆောင်ဆယ်ဦးက ယနေ့ လာရောက်ပြီးတွေ့ဆုံခြင်းဖြစ်သည်။

"ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို သွားတဲ့အခါ ဗဟိုက ချူပ်ကိုင်ထားတဲ့စနစ်ကို မလိုလားပါဘူးတဲ့ ခုထွက်လာတဲ့ ဘာသာကူးပြောင်းရေးဆိုင်ရာ ဥပဒေမှုကြမ်းမှာဆိုရင် ဗဟိုက ချူပ်ကိုင်တဲ့ အုပ်ချူပ်ရေးပိုင်းကို အာဏာတွေပေးထားတာ တွေ့ရတယ်။ ပွင့်လင်းတဲ့လူဘောင်ကို ကူးတဲ့နေရာမှာ မဖြစ်သင့်ဘူးဆိုတာကို ထောက်ပြတယ်”ဟု ဒေါ်သင်းသင်းအောင်က ပြောသည်။

မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် အဖွဲ့ခေါင်းဆောင်များအနေဖြင့် ခြိမ်ခြောက်စားများပေးပို့ခြင်း၊ ညစ်ညမ်းသည့်စကားလုံးများဖြင့် ရေသားပို့ဆောင်ခြင်းနှင့် နှစ်ရက်ခြားတစ်ခါ ခြိမ်းခြောက်စာများ
ပေးပို့လာသည့်အတွက် ခေါင်ဆောင်များအနေဖြင့် ရဲစခန်းတွင် တိုင်ချက်ဖွင့်လှစ်သွားမည်ဟု ခေါင်ဆောင်များက ဆိုသည်။

"ဘာသာကူးပြောင်း ဥပဒေမှာဆိုရင် ဘာအကြောင်းပြလဲဆိုတော့ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုရင် အကြမ်းဖက်မှုဥပဒေကို ဒီထက်ခိုင်မာအောင် လုပ်ဖို့လိုတယ်။ ခုမူကြမ်းထွက်တဲ့
ဥပဒေအရဆိုရင် အုပ်ချူပ်ရေးက ၀င်စွက်ဖက်သလို အခြခံဥပဒေကိုလည်း ဆန့်ကျင်နေတယ်”ဟု Equality Myanmar အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာ၊ သာသနာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန နှင့် ပြည်ထောင်စုတရားလွှတ်တော်ချူပ်ရုံးတို့ ပူပေါင်းပြီး မျိုးစောင့်ဥပဒေလေးမျိုးကို မူကြမ်းရေးဆွဲထုတ်ပြန်ထားသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ နှင့် လာရောက်တွေ့ဆုံရာတွင် ကျေနပ်အားရမှုရှိသည်ဟု ကိုယ်စားလှယ် ခေါင်းဆောင်များကပြောသည်။

ေေ မောင်သင်တုန်း.

Mizzima - News in Burmese

မဟာသန္တိသုခကျောင်း ဆရာတော်များနှင့် လူပုဂ္ဂိုလ်များကို အရေးယူမည်

ချိပ်ပိတ်ခံထားရတဲ့  မဟာသန္တိသုခကျောင်းမှာ သတင်းသုံးနေတဲ့ သံဃာတော်တွေနဲ့ ဝေယျာဝစ္ဓ ဆောင်ရွက်သူလူပုဂ္ဂိုလ်တွေကို လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ အရေးယူသွား မယ်လို့ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက  ဒီကနေ့ မနက် ကမ္ဘာအေးဘုရားအနီး သာသနာရေးရုံးမှာ ကျင်းပတဲ့ မီဒီယာတွေနဲ့ တွေ့ဆုံ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ပီနန်ဆရာတော်ဘုရားကြီးရဲ့  တပည့်သံဃာတော်တွေ  သတင်းသုံးနေတဲ့  ရန်ကုန်တိုင်း တာမွေမြို့နယ်  နတ်ချောင်းရပ်ကွက်မှာရှိတဲ့ မဟာသန္တိသုခကျောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးဝင်ရောက် ဖမ်းဆီးခဲ့အပြီးမှာ  သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီကျောင်းတော်ကြီးမှာ သတင်းသုံးနေတဲ့သံဃာတွေဟာ ကျူကျော်တွေဖြစ်တာကြောင့်   ဇွန်လ ၁၁ ရက်နေ့ မနက် ၁ နာရီမှာ  ဖယ်ရှားရတဲ့အကြောင်း သာသနာတော်ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

မဟာသန္တိသုခကျောင်းတိုက်ကြီးဟာ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ လက်အောက်ကို ၂၀၀၂ ခုနှစ်ကတည်းက လွှဲပြောင်းအပ်နှံပြီးသားဖြစ်လို့ ပီနန်ဆရာတော်ဘုရားကြီးအနေနဲ့ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့်ပက်သက်ပြီး ဆောင်ရွက်ခွင့် မရှိကြောင်း သာသနာတော်ပြန့်ပွားရေးဦးစီးဌာနက ပြောပါတယ်။

ပီနန် ဆရာတော်ကြီးနဲ့ အပေါင်းပါတွေကို ၂၀၁၄ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပြီး ကျောင်းတော်ကြီးက ထွက်သွားဖို့ နိုင်ငံတော်သဃမဟာနာယကအဖွဲ့ရဲ့ အစည်းအဝေးမှာ ပြောဆိုပြီးပြီလို့လည်း ဆိုပါတယ်။

ကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာ ၇ ပါးနဲ့ ဝေယျာဝစ္စအမှုဆောင်ရွက်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး ကိုလည်း လုပ်ထုံးလုပ်နည်း ဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ်က ပြောပေမယ့်  ဘယ်လိုအရေးယူသွားမလဲဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

ကျောင်းတော်ကြီးကိုချိပ်ပိတ်ပြီး သံယာတော်တွေကို အရေးယူတာဟာ တရားမျှတမှု ရှိရဲ့လားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို သမ္မတ အကြံပေးတဦးဖြစ်သူ  ဦးအံ့မောင်က ဖြေကြားခဲ့ပါတယ်။

“မဟာသန္တိသုခ ဗုဒ္ဓသာသနပြု ကျောင်းတိုက်ကြီးတွင် ခွင့်ပြုချက်မရရှိပဲ နေထိုင်တဲ့ သံဃာတော်များနဲ့ လူပုဂ္ဂိုလ်များအား လုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။”

ဒီကျောင်းတော်ကြီးဟာ တည်ဆောက်စဉ်က အများပြည်သူထည့်ဝင်လှူဒါန်းတဲ့ ငွေတွေအပါအ၀င် ကျပ်သိန်းပေါင်း ၈ ထောင်ကျော် အကုန်ကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး  အလှူမင်္ဂလာပွဲတွေလည်း လက်ခံဆောင်ရွက်ပေးနေတဲ့ ကျောင်းတိုက်ကြီးဖြစ်ပါတယ်။

By သာနိုးဝေ (ဒီဗွီဘီ)

သန္တိသုခကျောင်းတိုက် အင်အားသုံး သိမ်းယူမှု မသင့်လျော်ကြောင်း သီတဂူဆရာတော်မိန့်ကြား 

 ရန်ကုန်တိုင်း တာမွေမြို့ နယ်က မဟာသန္တိသုခကျောင်း တိုက်ကို အင်အားသုံးချိတ်ပိတ်ပြီး ကျောင်းတိုက်တွင်းက သံဃာတော်တွေကို အဓမ္မခေါ်ဆောင်သွားတာဟာ သင့်လျော်မှုမရှိသလို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အတွက်လည်း ထိခိုက်မှုဖြစ်မှာ စိုးရိမ်ကြောင်း သီတဂူ ဆရာတော် အရှင်ဥာဏိသရက မိန့်ကြားလိုက်ပါတယ်။

မနေ့ ညသန်းခေါင်အချိန်က ကျောင်းတိုက်ကို ရဲအင်အားနဲ့ဝိုင်းရံပြီး နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင်တွေက ကျောင်းကိုသိမ်းယူ ချိတ်ပိတ်ခဲ့တာနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းစဉ်မှာ ဆရာတော်က မိန့်ကြားခဲ့တာပါ။

"သာသနာရေးဌာနတို့ သံဃာ့မဟာနာယကတို့က ချိတ်ပိတ်တာကို သူတို့ကထိန်းတယ်လို့ ဒီလိုထင်ပုံ ရတယ်၊ ချိတ်ပိတ်လိုက်တာ ထိန်းသိမ်းရာမရောက်ဘူး၊ လူတွေရဲ့ စိတ်နှလုံကို ဆူပူအောင်လှုံ့ဆော်တာ နောက် တစ်ချက်က ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စ ဘုရားဟောပါဋိတော်ထဲမှာ မျက်မှောက် ရင်ဆိုင်တွေ့ဆုံပြီးတော့ ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အချိန် တိုက်တိုက် ဆိုင်ဆိုင် သန်းခေါင်ယံမှာဝင်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော်မသင့်လျော်တဲ့ကိစ္စဖြစ်တယ်"

ဒါ့အပြင် သံဃာများ ရေစက်ချလှူဒါန်းထားတဲ့ ပစ္စည်းဥစ္စာကို အစိုးရက သိမ်းပိုင်ခွင့်မရှိသလို သံဃာ့မဟာနာယက အဖွဲ့ကလည်း သိမ်းပိုင်ခွင့်မရှိကြောင်း သံဃိတပစ္စည်းကို သံဃာကပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်။

သာသနာရေးဝန်ကြီးဌာန၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့တို့အနေနဲ့ ခုလိုပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးညှိနှိုင်း ဖြေရှင်းသင့်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆရာတော် ဦးပညာဝံသနဲ့  တပည့်တွေ ကို ကျောင်းတိုက်ကနေထွက်ပေးဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်က အဲဒီညွှန်ကြားချက်ကို လက်မခံဘဲ တရားဥပဒေကြောင်းအရ ဆောင်ရွက်ရင်လည်း ရင်ဆိုင်မယ်လို့  မိန့်ကြားခဲ့ပါတယ်။ ဇွန်လ ၁၀ ရက် မနေ့ ညသန်းခေါင်မှာတော့ ကျောင်းတိုက်ကို အင်အားသုံး ချိတ်ပိတ်ပြီးတဲ့နောက် သီတင်းသုံးနေတဲ့ သံဃာအပါး ၂၀ ခန့်ကို ကမ္ဘာအေး သံဃာ့မဟာနာယကရုံးကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။