Wednesday, June 18, 2014

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘ၀ဖြစ်စဉ်ကို ဗေဒင်ပညာ အမြင်ဖြင့် သုံးသပ်ခြင်း

လူထုဘက်က ရပ်တည်၍ ဒြပ်ပေါ် ဂုဏ်ထင်နေတဲ့ အန်တီစု ရဲ့ ဇာတာကို ကွန်ပျူတာဖြင့် တွက်ထုတ် လိုက်သော အခါ မေထုန်လဂ်၊ ကန်စန်း ဇာတာရှင် ဖြစ်ပြီး လဂ်တွင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေ၊ ရာဟု ဂြိုဟ်လေးလုံး ပူးနေသည် ကို တွေ့ရ၏။ ထို့ကြောင့် စိမ်းလွင်လွင် သွေးပြန်ကြောများ ပေါ်ထင်လျက် ကျက် သရေ ရှိပေမည်။ ဝမ်းဗိုက် တွင် မွေးရာပါ အမှတ်အသား ရှိတတ်ပြီး ရင်ဘတ်တွင် မွေးပြီးမှ ပေါ်လာသော အမှတ်အသား များ ရှိနေတတ်ပါသည်။ က်ားအက်ႌ၊ မအက်ႌ ဘယ်ဟာဝတ်ဝတ် ယဉ် စစနှင့် လှသူ ဖြစ်ပါသည်။ မိန်းကလေးလို ယဉ် ကျေး သိမ်မွေ့ပြီး ယောက်ျားလေး လို လည်း သွက်လက် ချက်ချာစွာ ဦးဆောင် ဦးရွက်ပြု တတ်ပါသည်။ သွားလာလှုပ် ရှား၊ စကားပြောသော အခါတို့၌ ရှက်ရွံ့ ဟန် မခို့တရို့အမူအရာ အမြဲ ပေါ်လွင်နေ တတ်ပါသည်။
ဥာဏ်ပညာ ထက်မြက် စူးရှပြီး စကားအရာ လိမ္မာ ကျွမ်းကျင်၏။ မိမိလို ရာကို အရယူတတ်သည့် တမူ ထူးခြားသည့် ဥာဏ်ပညာလည်း ရှိပါသည်။ အရည် အချင်းကောင်း များစွာတွင် စိတ်အတက် အကျ လျင်မြန်ပြီး မဆုံးဖြတ်နိုင်ဘဲ ဇဝေ ဇဝါဖြစ်သွားခြင်း ဆိုတဲ့ အလေ့အထ ဆိုး တစ်ခု၊ ဆွမ်းဆန်ထဲ ကြွက်ချေး ပါသကဲ့သို့ ရှိနေတတ်ပေ သည်။ အခွင့်အလမ်း နှစ်မျိုး မရှေးမနှောင်း ပေါ်လာအောင် ဖန်တီး ထားတဲ့ အတိတ်ကံက အန်တီစု မဆုံး ဖြတ်နိုင်အောင် လှည့်စားနေခြင်း ဖြစ်ပါသည်။ ဆွမ်း မချက်ခင် ကြွက်ချေးကို ရွေး ထုတ်သကဲ့သို့ ယင်းအလေ့အထ ဆိုးကို ရွေးထုတ်ရန် တစ်ခု တည်းသော ယတြာ ကားတစ်ခုကို အပြီးပိုင် ရွေးချယ် ဆုံးဖြတ်ပြီး တစိုက် မတ်မတ် လုပ်ဆောင်ခြင်း ပင်ဖြစ်ပါသည်။ စရိုက် လက္ခဏာ (character)ဆိုင်ရာ ဤအဟောများ ၅ဝ ရာ ခိုင်နှုန်းမှန်ခဲ့လျှင်..,
ဘဝကို သမင်လည်ပြန် ကြည့်ပါက ၂၇-၅-၁၉၅၅ မှ ၂၇-၅-၁၉၇၃ အထိ ၁၈ နှစ်တာ ကာလ၊ အသက် (၁ဝ-၂၈) အတွင်းဝယ် အန်တီစု ဘဝသည် လေ နှင်ခံရတဲ့ မိုးတိမ် ပမာ မွေးရပ်ကို ခွာပြီး ဝေးရာသို့ ရှောင်ခွာပြေးခဲ့ ရပေသည်။ ထို့ ကြောင့် ထိုကာလ၌ပင် အရှေ့ကို ရော် ရမ်းတမ်းတရင်း အနောက်တွင် ပန်းပွင့် ခဲ့ရ၏။ ထို့ကြောင့် စိတ်တိုင်း မကျတဲ့ အချစ်ကိုပင် အနှစ်ဟု ထင်မှတ်ခဲ့ရပေသည်။ ထို့အပြင် ယခုအခါ တိုင်းပြည်နှင့် လူမျိုး အပေါ် ချစ်နေတဲ့ အချစ်ကလည်း အန်တီစု ဘဝမှာ စိတ်တိုင်း ကျဖြစ်ဖို့ရာ မလွယ်ပါ။ အန်တီစု အား ဝေဒနာ အသစ်များ ပေးအပ်နေပေဦးမည်။ အကြောင်းမှာ စန်းခေါ် တနင်္လာ ဂြိုဟ်သည် ရန်ရာသီ၊ ရန်နဝင်းစီး ထားသောကြောင့် ဖြစ်ပါသည်။ ၂၈-၅-၁၉၇၃ နောက်ပိုင်းတွင် အိမ်ထောင်ရှင် ဘဝကို ဖြတ်သန်းရင်း အများအကျိုး သယ်ပိုးရတဲ့ ပရဟိတ ဆန်ဆန် လုပ်ငန်း များကို စိတ်အား ထက် သန်စွာနှင့် ၂၇-၅-၁၉၈၉ အထိ ၁၆ နှစ် တာ ကာလအတွင်း လုပ်ဆောင်ခဲ့သည်။ အသက် အားဖြင့် ၂၈-၄၄ အတွင်း ဖြစ် ပါသည်။
သို့သော် စေတနာနှင့် ရလဒ်က ထပ်တူ မကျနိုင်ခဲ့ပေ။ ၂၈-၅-၁၉၈၉ နောက်ပိုင်း တွင် ရပ်တန့်ခြင်း၊ ဆုံးရှုံးနစ် နာခြင်းများ ကြုံတွေ့ခဲ့ရပေမည်။ သို့ သော် တစ်ဖက်တွင် ဂုဏ် သိက္ခာနှင့် စည်းစိမ်ဥစ္စာ တိုးတက်မြင့်မားခြင်း လည်း ရှိခဲ့ ပေသည်။ ထိုကာလ မှစ၍ ၂၇-၅-၂ဝဝ၈ အထိ အသက် (၄၄-၆၃) ကား ကျောက်ခဲ ကို  ပါးစပ်ထဲထည့်ဝါး ရသကဲ့ သို့ ဘဝက အလွန်တရာမှ ကသိကအောက်နိုင်လွန်း ပါသည်။ ၂၈-၅-၂ဝဝ၈ နောက်ပိုင်းတွင် ဘဝ အနည်းငယ် တောက်ပြောင်လာ၏။ အထူးအားဖြင့် ၃၁-၅-၂ဝ၁၃ နောက် တွင် မီးလောင်ပြင်မှ ပွင့်ပန်းပမာ ဘဝ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အ ကောင်အထည် ဖော်လာနိုင် ခဲ့ပေသည်။ ဤအတိတ် အဟောများ ၅ဝ ရာခိုင် နှုန်းခန့် မှန်ကန်ခဲ့ ပါက…,
Real Present ရတနာ ပစ္စုပ္ပန်တွင် ၃၁-၅-၂ဝ၁၃ မှ ၁၈-၆-၂ဝ၁၄ အတွင်း၌ ကျန်းမာ ပျော်ရွှင်ပြီး ဘဝ ရည်ရွယ်ချက် များ အဆင်တပြေ အောင်မြင်နေမည်။ ငွေကြေး၊ ပညာရေး၊ ဘဝနောင်ရေး၊ အခြေခံ တည်ဆောက်မှု၊ လက်အောက် ငယ်သား ဆိုင်ရာများ အားလုံး အဆင် တပြေရှိပေမည်။ ပင်ကို ဦးနှောက်ဥာဏ် ယခင်ထက် ထက် သန်ပြီး  သြဇာ အာဏာ၊ ဂုဏ်သိက္ခာများ တိုးတက် မြင့်မားနေ မည်။ ခဏခဏ ခရီးဝေးသွားပြီး အကျိုး အမြတ် များ ရှိနေမည်။ ထူးခြားတဲ့ အိပ် မက်ကောင်း များလည်း မကြာခဏ မက် နေတတ်ပါသည်။ စနေ ဆတ္တီဆတ္တိ စား နေခဲ့စဉ်ကာလ  ၁၅-၇-၂ဝဝ၇ မှ ၁၄-၁၁-၂ဝ၁၁ အထိ ငါးနှစ် အတွင်း တွေ့ ကြုံခဲ့ရသည့် အကျဉ်းအကျပ် များမှ လွတ် ကင်းပြီး တိမ်တိုက်မှ လွတ်ကင်းသော ငွေလမင်း သဖွယ် အလင်းဆောင်နိုင်သည့် ကာလ ဖြစ်ပါသည်။ ဘေးဥပဒ် အန္တရာယ် ကင်းရှင်းပြီး လောကီ ,လောကုတ္တရာ ဘုန်း ကံနှစ်ဖြာနှင့် ပြည့်စုံနေပေမည်။ ဤ ရတနာ ပစ္စုပ္ပန်အဟော မှန်ကန်ခဲ့ပါက အနာဂတ် အရေး မျှော်တွေးကြည့် လျှင်…,
၆၉ နှစ်မြောက် မွေးနေ့နောက်ပိုင်း တွင် ပိတ်ဆို့ ဟန့်တားထား သည်များ ပွင့် သွားမည်။ ၁၃-၇-၂ဝ၁၅ မှ ၁၂-၈-၂ဝ၁၆ အတွင်း ဂုဏ်တေဇာ ပွင့်လင်း ပြီး မှန်း သရွေ့ပေါက် လှမ်း သရွေ့ရောက် မည်။ အသက် (၆၉-၈ဝ) အတွင်းဘုန်း သစ်ကံသစ်များ ဖူးပွင့်ဝေဆာ ကာ အရာ ရာအောင်မြင်လိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် ကသစ် စံပြီး ဗုဒ္ဓါဒိတျယုဂ်ရတဲ့ လဂ်သခင်ဂြိုဟ် ထူလဒသာ စားနေသော ကြောင့် ဖြစ်ပါသည်။ ဤအနာဂတ် အဟောများ လွဲမသွားဖို့ရာ အကြံပြုချင် ပါသည်။ သဗ္ဗေသတ္တာ ဗေဒင်ဆရာ မဟုတ်၊ သဗ္ဗေသတ္တာ ကမ္မသကာသာ ဖြစ်၍ အတိတ် ကံကောက်ကြောင်း ပန်းချီကို ပစ္စုပ္ပန် ဥာဏ်ဝီရိယဖြင့် ဆေး အလှခြယ်ရာတွင် အဆင် တပြေ ရှိသင့်လို့ ဤကဲ့သို့ ဆိုခြင်းဖြစ်ပါသည်။ ကာယကံ ရှင် သိမထားပါက ဗေဒင်ဆရာ ပြုပြင် ယူ၍မရနိုင်ပါ။ ထို့ကြောင့် အန်တီစု သိ အောင် တင်ပြရလျှင် အန်တီစု ဇာတာ တွင် ဗုဒ္ဓါဒိတျယုဂ် အပြင် သူရီယသောရီ ယုဂ်၊ ဗုဒ္ဓသောရီယုဂ် များလည်း ရလျက် ရှိပါသည်။
ထိုယုဂ်များ အရ လွယ်လွယ်နှင့် မရ၊ ပင်ပန်းခံပြီးမှ အကြံအစည် အောင်မြင် တတ်ကြောင်း သိရသလို နှစ်ခါပြန်လုပ် ရသည့် သဘောလည်း ရှိပေသည်။ ဒုတိ ယမ္ပိရှိလေ, အန်တီစု ကံကောင်းလေပါ။ သတ္တိ ကိုပေးတဲ့ စနေ၊ ရာဟုတို့ လဂ်နှင့် ပူးနေရာ စနေ၏ လုပ်ရဲ သတ္တိထက် ရာဟု၏ မိုက်ရဲ သတ္တိက ဥစ်ရဂြိုဟ်မို့ ပိုများပါသည်။ မိုက်ရဲ သတ္တိကဲလျှင် အမှား ကြုံရစမြဲမို့ သတ္တိ နှစ်မျိုး ညီမျှအောင် ညှိယူသင့်၏။ မည်သို့ ညှိမည်နည်း။ မီး အပူနည်းနည်းဖြင့် ဖြည်းဖြည်းချင်း ချက် ပြုတ် လျှင် နူးနပ်ပျော့အိ သွား သကဲ့သို့ ပြင်းထန်တဲ့ စိတ်ဆန္ဒ၊ မူဝါဒများ လျှော့ပြီး ခပ်အေးအေးဖြင့် ဖြည်းဖြည်းချင်း သာ ချဉ်းကပ် စည်းရုံးသင့်ပါသည်။ ထို့အပြင် လူထုခေါင်းဆောင်နှင့် လိုက်လျော ညီ ထွေမည့် ယတြာစကား တစ်ခု နားသော တကနေ ဟဒယနှလုံး အိမ်ထိ စိမ့်ဝင် သွားပါအောင် ဆိုချင်ပါသေး၏။ အန်တီစု အနေဖြင့် အာနာပါန ဘာဝနာကို ယတြာ သဖွယ် အားထားစေချင်ပါသည်။ မဂ်ဖိုလ် နိဗ္ဗာန်တွက် လမ်းညွှန်သည် မဟုတ်၊ ဘဝအတွက် အဖြေ ထုတ်ပြခြင်း သာ ဖြစ်ပါသည်။
အဘယ့်ကြောင့် ဆိုသော် အန်တီစု ဇာတာတွင် လဂ်၊ လဂ်သခင်၊ စန်း၊ စန်း သခင် အားလုံး လေရာသီတွင် ရှိပြီး ထိုရာသီ၌ ဂြိုဟ်လေးလုံး ပူး ယှဉ်နေသော ကြောင့် ဖြစ် ပါသည်။ လေကို မှန်ကန် စွာ အသုံးချလေ, ဘဝအောင်မြင် တိုးတက်လေပင်။ လေကို အသုံးမချ၊ မီး အရှိန် မလျှော့ပါက မိုက်ရဲသတ္တိ လွန်ကဲ ကာ အမှားကြုံ တတ်ပါ သည်။ ကြုံခဲ့လျှင် ယုဂ်ကောင်း များက ပေးအပ်ထားတဲ့ စွမ်းရည်သတ္တိ၊ ကောင်းကျိုး ချမ်းသာများ ယုတ်လျော့ ပျက်ပြယ် သွားတတ်ပါသည်။ သို့ဖြစ်ပါက အနာဂတ် အဟော များ မှန် ကန်နိုင်မည် ဟုတ်ပါ။ သာမန် အကြောင်း အရာမျှသာ မှန်ကန်ပေမည်။ အာနာ ပါန ဘာဝနာဖြင့် လေကို အသုံးချ၊ မီးကို အရှိန်အလျော့ အတင်း လုပ်ပေးနိုင်ပါ က ပင်ကို ကမ္မဇ ပဋိသန္ဓေဥာဏ် ရင့်သန် လာသည့် အပြင် ယုဂ်ကောင်းများရဲ့ စွမ်းအင်များ အကျိုးပေးရန် အခွင့်ထူးသာ အခါထူး ရောက်၍ လိုရာဆန္ဒ ပြီးမြောက် အောင်မြင် သွားပေလိမ့်မည်။
အကျိုးပေး အရောင်က အဖြူနှင့် အစိမ်းရောင် ဖြစ်ပြီး အကျိုးပေး အဆောင် က ပုလဲ၊ မြ၊ ဥဿ ဖယား ဖြစ်ပါသည်။ နှစ်သက်ရာ ကို ရွှေနှင့်ကွပ်ပြီး ဝတ်ဆင် ကာ အရေးကြီး ကိစ္စများ ဆောင်ရွက်ပါ။ ကျန်းမာ ချမ်းသာ အောင်ကြောင်းဖြာ လျက် လိုရာ ဆန္ဒ ပြည့်ဝပေ လိမ့်မည်။ အန်တီစု ရဲ့ ၁၉-၆-၂ဝ၁၄ တွင် ကျ ရောက်သော ၆၉ -နှစ်မြောက် မွေးနေ့မှ သည် မွေးနေ့ပေါင်း များစွာဆီသို့ အောင် မြင်ခြင်းနေ့ရက် များ ပိုင်ဆိုင်ကာ ချီတက် လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန် ကောင်း တောင်း လိုက်ပါ ရစေ။ အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေဗျာ။
အန်တီစုရဲ့ ၆၉ နှစ်မြောက် မွေး နေ့ကို ဂုဏ်ပြုပါ၏။
ဆရာကံထူး (ဝေဒသုတေသီ)

 

မျိုးစောင့်ပွဲမှာ မဟုတ်မမှန် ဓာတ်ပုံသုံး 

  မျိုးစောင့် ဥပဒေ နဲ့ ပက်သက်ပြီး ပွင့်ဖြူမြို့နယ် မှာ ပြုလုပ်ခဲ့ တဲ့ ဟောပြောပွဲ တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီ ကို အသရေ ပျက်အောင် ပြုလုပ်ခဲ့ တဲ့ အပြင်၊ ဘာသာရေး အမုန်းပွား အောင် လှုံ့ဆော်ခဲ့တယ် ဆိုပြီး တိုင်ကြား ထားတဲ့ အတွက်၊ ပွင့်ဖြူရဲစခန်း က အမှုကို စစ်ဆေးနေပါ တယ်။

ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ် ပြည်လုံးချမ်းသာ ဘုရားကွင်း မှာ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ မျိုးချစ်စိတ် ရှင်သန် ထက်မြက်ရေး အသိပညာပေး ဟောပြောပွဲ ကို စီစဉ် ကျင်းပခဲ့ တဲ့ ဦးမျိုးသန့် ကို ပွင့်ဖြူမြို့နယ် NLD ပါတီဝင် ဦးအောင်ဝင်း က ပြီးခဲ့တဲ့ မေလ ၂၆ ရက် က ပွင့်ဖြူမြို့မ ရဲစခန်း မှာ တိုင်ကြားခဲ့တာ ပါ။

ဓာတ်ပုံ အတုတွေ ကို ကွန်ပြူတာ နည်းပညာ နဲ့ ဖန်တီး ပြုပြင်ပြီး လှုံ့ဆော်တာ ကို သက်သေ အထောက်အထား ယူပြီး တိုင်ကြားခဲ့ တာ ဖြစ်တယ်လို့ ဦးအောင်ဝင်း က ပြောပါတယ်။

ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညို က ဒီကိစ္စ ကို မေလ ငါးရက်နေ့ NLD ပါတီ ဗဟို အလုပ် အမှုဆောင် အစည်းအဝေး မှာ တင်ပြတဲ့ အခါ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမှုဆောင် အဖွဲ့ က ဥပဒေအရ အရေးယူ ဆောင်ရွက် ဖို့ ဆုံးဖြတ်တဲ့ အတွက် အခုလို တိုင်ကြားတာ လို့ သိရပါ တယ်။

သက်ဆိုင်သူတွေ ကို ရဲက စစ်ဆေးပြီး၊ အမှုကို တည်ဆောက်ပြီးတဲ့ အခါကျမှ ဥပဒေ အရာရှိတွေက ဘယ်ပုဒ်မနဲ့ အရေးယူမယ် မယူဘူး ဆိုတာကို ဆက်လက် ဆုံးဖြတ်မယ်လို့ လည်း သိရပါတယ်။

မျိုးစောင့်ဥပဒေ ဟောပြောပွဲ စီစဉ်သူတွေထဲ မှာ နယ်ခံ ပြည်ခိုင်ဖြိုး ပါတီဝင် တွေ အဓိက ပါဝင်တယ် လို့ ဦးအောင်ဝင်းက ပြောပြီး၊ ဟောပြောပွဲ တက်ရောက် လာသူတွေ ကို ပွဲစီစဉ်သူတွေ က ကြိုပို့ကားတွေ စီစဉ်ပေးတာ တွေ၊ ထမင်းကျွေးတာ တွေ၊ ရေသန့်ဗူးတွေ ဝေငှတာတွေလည်း လုပ်ပေးခဲ့တယ် လို့ ဦးအောင်ဝင်းက ပြောခဲ့ပါ တယ်။

ဒီလို မျိုးစောင့်ဥပဒေ ဟောပြောပွဲ တွေ ပွင့်ဖြူမြို့နယ် မှာ ဆက်တိုက် ဆိုသလို ပြုလုပ် နေတယ် လို့ သတင်းတွေ ရနေပါ တယ်။

ပြီးခဲ့တဲ့ တစ်ပတ်က၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းအပိုင် ရွာတစ်ရွာ မှာ အမျိုးစောင့် တရားပွဲ ငါးရက် ဆက်တိုက် လုပ်ခဲ့ပါတယ်။ အဲဒီ့ နောက်ပိုင်း ဇွန်လ ၁၅ ရက် နေ့ မှာတော့ ရွာထဲက မွတ်ဆလင်အိမ်ကို ခဲနဲ့ ထုတာတွေ လုပ်လာကြတဲ့ အတွက်၊ ခံ၇သူ အိမ်ရှင်က ရဲကို တိုင်ကြားခဲ့ပါတယ်။

အတိုင်ခံရသူတွေ ဖြစ်တဲ့ ပွင့်ဖြူမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင် တွေလည်း ဖြစ်၊ ကုန်းဇောင်း ကျေးရွာ အုပ်ချုပ်ရေးမှုး ရဲ့ တပည့်တပန်း တွေ ဖြစ်ကြသူတွေ က လူစုပြီး၊ ဂျွန် ၁၆ ရက်နေ့ ညမှာ မွတ်ဆလင် နေအိမ်တွေထဲ ဝင်ပြီး ဖျက်ဆီးခဲ့တဲ့ အတွက်၊ နေအိမ်ငါးလုံး ပျက်စီးခဲ့တဲ့ အပြင်၊ အမျိုးသမီး ၁ ယောက် ဦးခေါင်း ကို အုတ်ခဲထိမှန် လို့ ခေါင်းကွဲပြီး ပွင့်ဖြူဆေးရုံ မှာ ငါးချက် ချုပ်ခဲ့ရပါတယ်။

နေအိမ်ဖျက်ဖို့ လူစု နေစဉ်ကတည်း က မြို့နယ်ရဲ ကို အကြောင်းကြားခဲ့ပေ မယ့် ကြိုတင်ကာကွယ် ဖို့ ဘာမှ ဆောင်ရွက် မပေးခဲ့ဘူး လို့ ခံရသူတွေဘက် က ပြောပါတယ်။

အခု အချိန်မှာတော့ အနီးအနား မြို့ရွာတွေ က အင်အားစုတွေကိုပါ စုဆောင်းပြီး ရဲအင်အား ၆၀ ကုန်းဇောင်း မှာ ချထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ေေ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းကုန်များ စားသုံးရန် သင့်မသင့် နိုင်ငံအနှံ့စစ်ဆေးမည် 

 ကြာသပတေးနေ့၊ ဇွန်လ ၁၉ ရက်၊ ၂၀၁၄ ခုနှစ်

 စာသင်ကျောင်း မုန့်ဆိုင်များတွင် ရောင်းချနေသည့် အစားအစာများ စားသုံးရန် သင့်၊ မသင့်ကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)က နိုင်ငံအနှံ့ စစ်ဆေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ဇွန်လ ၁၈ ရက်တွင် ပြောဆိုလိုက်သည်။

“အဓိကတော့ ဆိုးဆေးကို စစ်မယ်။ အသေးစိတ် စစ်မယ်ဆိုရင်အများကြီး စစ်ရမယ်”ဟု ၎င်းက ပြောသည်။ ယခုပညာသင်နှစ်အတွင်း စစ်ဆေးသွားမည်ဖြစ်ကာ တစ်လလျှင် မုန့်အမျိုး အစားပေါင်း ၁,၅၀၀ ခန့် စစ်ဆေးနိုင်ရန် စီစဉ်ထားသည်။

စစ်ဆေးတွေ့ရှိပါက ကျောင်းအုပ်ကြီး ၏ ကြီးကြပ်မှုဖြင့် ရောင်းခွင့်မပြုဟု ဆိုသည်။ သို့သော် အဆိုပါစစ်ဆေးမှု စတင်မည့်
ရက်အတိအကျကိုမူ ညွှန်ကြားရေးမှူးက ပြောဆိုခြင်း မရှိသေးပေ။

ယခုကဲ့သို့ စီစဉ်နေမှုအပေါ် မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ကြိုဆိုလိုက်ပြီး “ဟန်ပြသက်သက်မလုပ်ဘဲနဲ့ စားသုံးသူကို တကယ်စေတနာထားပြီး တကယ် ထိထိရောက်ရောက် လုပ်ဖို့တိုက်တွန်းပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် စာသင်ကျောင်းများ၌ ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိအပေါ် ကျောင်းသားမိဘများက စိုးရိမ်လျက်ရှိနေသည်။

ကမာရွတ်မြို့နယ်၊ သံလမ်းတွင် နေထိုင်သော ကျောင်းသားနှစ်ဦးမိခင် ဒေါ်သူဇာက “တကယ်စစ်ပေးမယ်ဆိုရင် ကောင်းတယ်။ ကလေးတွေကို မုန့်တွေက စွဲတယ်ဆိုလို့ ပိုက်ဆံတောင် မပေးရဲဘူး။ ငယ်သေးတော့ စွဲသွားမှာလည်း ကြောက်တယ်။ အိမ်ကနေ မုန့်ထည့်ပေးရတယ်”ဟု ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံစာသင်ကျောင်းများတွင် အန္တရာယ်ရှိသည့် ဓာတုဆိုးဆေးများပါဝင်သော အစားအသောက်များ ရောင်းချနေမှုကို ထိရောက်စွာပိတ်ပင်ရန် တိုင်းအမတ်တစ်ဦး၏ အရေးဆိုမှုကို ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် ဧပြီလ ၃၀ က အတည်ပြုထားသည်။

စာသင်ကျောင်းများတွင် ကလေးငယ်များ စိတ်ဝင်စားသည့် (ဥပမာ-စက်ရုပ်၊ သင်္ဘော)ပုံစံဖြင့် ပြုလုပ်ထားသော ဓာတုဆိုးဆေးပါ အစားအသောက်များ ရောင်းချမှုများရှိနေသကဲ့သို့ ဓာတုဆိုးဆေးပါ အစားအစာများကို ဆရာမများကိုယ်တိုင် ရောင်းချနေသည်ဟု ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာညိုညိုသင်းက အရေးဆိုခဲ့ခြင်းဖြစ်သည်။

သာကေတမြို့နယ်ရှိ အမှတ် (၅) အထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းကို ဇူလိုင် ၁၇ ရက်တွင် မြို့နယ် ကျန်းမာရေးအဖွဲ့က လာရောက်စစ်ဆေးခဲ့သေးသည်ဟု အဆိုပါစာသင်ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းကလည်း အောက်မြန်မာပြည် အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်၊ ဧရာဝတီနှင့် ဒေသအချို့ရှိ စာသင်ကျောင်းများကို ၀င်ရောက်စစ်ဆေးမည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။ စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်တွင် သတိပေးမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆိုသည်အထိ အရေးယူသွားမည်ဟု ဆိုသည်။

မောင်သင်တုန်း၊ မင်းမင်း
Mizzima - News in Burmese

လကမ္ဘာသွားမယ့် မိုးထိမိုးမိခရိုနီ 

   ပြီးခဲ့တဲ့ အပတ်မှာ ခင်ဗျားတို့ မီဒီယာသမားတွေ အုတ်အော်သောင်းနင်း ဖြစ်သွားအောင် ခရိုနီတစ်ယောက်က စကားတစ်ခွန်းပြောခဲ့တယ်။ အမှန်က ဒီခရိုနီအကြောင်းကို နောင်ပြောပြမယ့် ကွက်ပျောက် ခရိုနီဆိုတဲ့ လူမသိသူမသိ ခရိုနီတွေ အကြောင်းကျမှ ပြောမလို့ပဲ။ ဒါပေသိ သူကသူ့ထမင်း သူစားပြီး တစ်နိုင်ငံလုံးရဲ့ မေတ္တာကို လောလောဆယ် ခံယူထားလေတော့ ဒီတစ်ပတ်တော့ သူ့အကြောင်း ပြောရပေတော့မယ်။ ခင်ဗျားတို့ စကားနဲ့ပြောရရင် News maker of the weekပေါ့။ သူတို့ ဇနီးမောင်နှံရဲ့ ဟန်းနီးမွန်းကို ဒေါ်လာ၁၅သန်း အကုန်ခံပြီး လကမ္ဘာ အပျော်ခရီး ထွက်မယ်ဆိုတဲ့ သတင်းရယ်။ သူကပဲဆက်ပြီး မြန်မာနိုင်ငံက အချမ်းသာဆုံး စာရင်းမှာ သူကနံပါတ်(၇)ဆိုတဲ့ စကားတွေရယ်ပေါ့။ ဒီတော့ ဒီတစ်ပတ်တော့ ခင်ဗျားကို အဲဒီခရိုနီအကြောင်း ပြောပြမယ်။

ဒီလိုဗျ၊ ဒီခရိုနီက ဗဟိုစည်မှာ ရုံးခန်းလေးတစ်ခန်း ဖွင့်ပြီး ရေထွက်ကုန် ရောင်းဝယ်ရေး လုပ်တယ်။ သူများတွေလို ငါးဖမ်းစက်လှေတွေ၊ အအေးခန်းတွေလဲ မရှိရှာပါဘူး။ ဒါပေမယ့် လုပ်ငန်းရှင်ကြီးတွေက ဘာအဖွဲ့ ညာအဖွဲ့ဆို အလုပ်ရှုတ်တယ်ဆိုပြီး မပါချင်ကြတဲ့ အချိန်မှာ သူ့ကိုဝိုင်းတင် ပေးလိုက်ရာက ရေထွက်ပစ္စည်း ပို့ကုန်အသင်းရဲ့ ဥက္ကဌဖြစ်သွားတယ်။ လုပ်ပိုင်ခွင့်ရတာနဲ့ အဲဒီတုန်းက မွေးရေဘဏ်၊ အခုကမ္ဘာ့ရတနာဘဏ်ကနေ ငွေတွေ ကျပ်သန်းထောင်ချီပြီး ချေးတယ်။ မူဆယ်၁၀၅မိုင်မှာ ရေထွက်ကုန်တွေ အတွက် ကြားစခန်းဆိုပြီး အအေးခန်းတွေ ဆောက်တယ်။ မြန်မာနိုင်ငံက တက်လာတဲ့ ရေထွက်ကုန်မှန်သမျှ အဲဒီမှာ မနားမနေရ၊ အဲဒီမှာပဲ မရောင်းမနေရ လုပ်လိုက်တာ အချီကြီး ပွသွားတယ်။ အဲဒီအချိန်က မွေးရေ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိန်းနဲ့လည်း ညီအစ်ကိုလို ဖြစ်သွားတယ်။ အဲဒီစစ်အာဏာရှင် ခေတ်က ၀န်ကြီးဝန်ကလေးတွေကလည်း လူယုတ်မာတွေ၊ လူလိမ်လူကောက်တွေကိုမှ အကောင်းထင်တဲ့ အချိန်ကိုးဗျ။ အဲဒီလို ၁၀၅မိုင်ကြား စခန်းမှာ ထင်တိုင်းကြဲနေတာကို ၀ိုင်းတိုင်ကြလို့ နောက်နှစ်မှာတော့ သူ့ကိုဥက္ကဌရာထူးက ဖြုတ်လိုက်ပေမယ့် တစ်နှစ်အတွင်းမှာ အချီကြီး ပွသွားတဲ့ သူ့အနေနဲ့ မွေးရေလုပ်ငန်းဆိုတာ သေးသိမ်တယ်လို့ စိတ်ထဲထင်သွားပြီး ခွင်အသစ်ရှာတော့တယ်။

အဲဒီမှာ မွေးရေ၀န်ကြီးရဲ့ ဆက်သွယ်ပေးမှုနဲ့ ဗိုလ်ချုပ်ကြီး မောင်အေးသမီးနဲ့ ချိတ်ဆက်မိပြီး အိုင်ဗင်ဟို ကုမ္ပဏီက စမ်းသပ် ရှာဖွေတွေ့ရှိထားတဲ့ မိုးထိမိုမိတောင်က ရွှေတွင်းကို လုပ်ခွင့်ရသွားတယ်။ ဒီနေရာမှာ စဉ်းစားရမှာက အဲဒီနေရာဟာ ရွှေအရမ်းထွက်ပါရက်နဲ့ သတ္တုတွင်း ၀န်ကြီးဌာနက ဘာလို့ စက်ရုံမတည်တာလဲ။ ယုတ်စွအဆုံး ဦးပိုင်က ဘာလို့အဲဒီနေရာကို မယူတာလဲဆိုတဲ့ မေးခွန်းက ပေါ်လာတယ်။ ဘာဖြစ်လို့ တကယ့် ရွှေကြောကြီးကို လူမသိသူမသိ စီးပွားရေးသမား လက်ထဲထည့်ခဲ့တာလဲ။ အဖြေကတော့ ရှင်းရှင်းလေးပါ။ စစ်အာဏာရှင်ခေတ်မှာ ထိပ်ဆုံးက အာဏာရှင် တစ်ယောက်ရဲ့ သမီးနဲ့ ပေါင်းမိတဲ့ အတွက် အားလုံးက လက်ရှောင်ပေးလိုက်ကြတာပဲ။ ဒီတော့ အဲဒီခရိုနီက လူကြီးတွေကို သူတို့အရိုးနဲ့ သူတို့ပြန်ထိုးဖို့ လုပ်တယ်။ လူကြီးတွေဆီကို မက်လောက်တဲ့ အတိုးနှုန်းပေးပြီး ငွေလိုက်ချေးတော့တယ်။ ပြီးတော့ သူနဲ့သိတဲ့ စီးပွားရေးသမားတွေဆီကလည်း နှစ်ကျပ်တိုး သုံးကျပ်တိုးနဲ့ ချေးတယ်။ ပြောလို့ရရင် ချေးလို့ရတဲ့ နေရာတိုင်းကနေ ချေးတယ်။ လူကြီးတွေလည်း သူတို့ပိုက်ဆံလေး အရင်းမဆုံးဖို့ အတွက် သူ့ကို လုပ်ပိုင်ခွင့်တွေ ပေးရတော့တယ်။

သူရထားတဲ့ အကွက်ဟာ ရွှေဘယ်လောက် ထွက်သလဲတော့ မသိဘူး။ နိုင်ငံတော်ကို တစ်နှစ် ရွှေတန်ချိန် ၅.၅တန် ပေးသွင်းပြီး လုပ်ရတဲ့အကွက် ဖြစ်တယ်။ အောက်ခြေ လုပ်သားတွေရဲ့ အဆိုအရ မြေကြီးတစ်ပုံးကို ကျင်တိုင်းရွှေ ၇ကျပ်သား ထွက်တယ်ဆိုတဲ့ နေရာလည်း ဖြစ်တယ်။ အဲဒီခရိုနီက အစိုးရကို ရွှေကြွေးကျန် ဘယ်လောက် ပေးသွင်းဖို့ ကျန်သလဲဆိုတာတော့ ခင်ဗျားတို့ မီဒီယာတွေ ဆက်လက် စုံစမ်းသင့်သပေါ့ဗျာ။ သူပြောသလို မြန်မာနိုင်ငံမှာ နံပါတ်၇ဆိုတာ ကျွန်တော့် အထင်တော့ အချမ်းသာဆုံးကို ပြောတာမဟုတ်ပဲ ကြွေးအထူဆုံး ကြွေးအများဆုံး လူစာရင်းမှာ နံပါတ်၇လို့ ပြောတယ် ထင်တာပဲ။ ဒီခရိုနီက ချေးလို့ရသမျှ နေရာတိုင်းက ချေးတယ်။ အကြွေးနဲ့ သူဌေးလုပ်တာပေါ့ဗျာ။

ဒီလိုနဲ့ လက်ထဲလဲ ငွေရှိလာရော ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်မလေးတွေနဲ့ တွဲတဲ့ ဇာတ်လမ်းက တစ်ခြား ခရိုနီတွေလိုပဲ စပါလေရော။ ပထမဆုံးက အဆိုတော်မလေး တစ်ယောက်ကို ဖက်ရှင်ဆိုင်ထောင်ပေးတယ်။ ပြီးတော့ အခုတရားဝင် လင်ယူသွားပြီဖြစ်တဲ့ မင်းသမီးလေး တစ်ယောက်နဲ့ တွဲတယ်။ အဲဒီကနေ အခုတော့ မော်ဒယ် တစ်ယောက်နဲ့ တရားဝင် အိုးအိမ် ထူထောင်လိုက်တာပဲ။ ပြသနာက အဲဒီမှာစရော။ ထင်ပေါ်ချင်တဲ့စိတ်၊ ကြွားချင်တဲ့ စိတ်တွေကများတော့ ဟန်းနီးမွန်း ပျားရည်ဆန်းခရီးကို ဒေါ်လာ၁၅သန်း အကုန်ခံပြီး လကမ္ဘာသွားမယ်တဲ့။ သူတွေးတတ်တဲ့ အတွေးလောက်က ငွေပေးရင် လေယာဉ်စီးသလို အာကာသယာဉ်စီးပြီး ခရီးသွားလို့ရတယ် ထင်နေပုံရတယ်။ မသွားခင် တစ်နှစ်လောက် ကြိုတင်ပြီး အာကာသ ခရီးအတွက် ဆေးစစ်ရမှာတွေ၊ အာကာသထဲမှာ နေနည်းထိုင်နည်း စားသောက်နည်းတွေက အစ အီအီးပါတာ အဆုံး ဘယ်လို လုပ်ရမလဲဆိုတဲ့ သင်ကြားပို့ချမှုတွေ နာခံရမယ်ဆိုတာ သိပုံမပေါ်ဘူး။ ဆိုးတာက နိုင်ငံခြား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ကြော်ငြာထားတဲ့ အဲဒီခရီးစဉ်က ဖျက်သိမ်းထားတာ ၂နှစ်ရှိပြီ။ အဲဒါလည်း မသိဘူးထင်ပါတယ်။ ကြွားလို့ရရင်ပြီးရော လျှောက်ပြောတာလား။ စတန့်မာ့ကက်တင်းလို့ ခေါ်တဲ့ သူ့ကို တစ်နိုင်ငံလုံးက ချက်ခြင်း သိအောင် လုပ်တာလားတော့ မပြောတတ်ပါဘူးဗျာ။ နောက်ပေါက် ခရိုနီတွေက ငယ်လေလည်လေဗျ။ သူ့ရဲ့ မိုးထိမိုးမိ ရွှေတွင်းက အလုပ်သမားတွေရဲ့ ပြဿနာကိုလဲ အာဏာပိုင်တွေနဲ့ ပေါင်းပြီး အလုပ်သမား ခေါင်းဆောင်တွေကို ထောင်သွင်း အကျဉ်းချတဲ့ နည်းနဲ့ ဖြေရှင်းခဲ့တာပဲ မဟုတ်ပါလား။

တကယ်တွေးကြည့်ရင် ဒေါ်လာ ၁၅သန်းဆိုတာ မြန်မာငွေ ကျပ်သန်းပေါင်း တစ်ထောင်စီ ပုံထားတဲ့ အပုံ၁၅ပုံပဲ။ အဲဒီငွေရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်ကို မလေးရှားမှာ ဒုက္ခရောက်ပြီး ပြည်တော် ပြန်လာချင်တဲ့ သူတွေကို လှူလိုက်ပါလားဗျာ။ တစ်နိုင်ငံလုံးက နတ်လူသာဓု မခေါ်ပေဘူးလား။ သူ့ဟာသူ ဟန်းနီးမွန်း အတွက် ဘယ်လောက် အကုန်အကျခံမယ် ကြွားနေပေမယ့် မွေးရေဘဏ်ကနေ ကျပ်သန်းထောင်ချီပြီး ချေးထားတဲ့ ငွေကိုတော့ ပြန်ဆပ်ဖို့ နေနေသာသာ အတိုးတောင် မပေးနိုင်တာ ကြာပြီလို့ သူ့နံမည်က ဘဏ်မှာ NPLလို့ခေါ်တဲ့ Non Performance List ထဲမှာ ပါနေတယ်လို့ သိရတယ်။ အဲဒီတုန်းက အာမခံပြီး ထုတ်ချေးဖို့ အမိန့်ပေးခဲ့တဲ့ မွေးရေ၀န်ကြီး၊ အခုကြံခိုင်ရေး ပါတီ အတွင်းရေးမှူး ဦးမောင်မောင်သိန်းလည်း ဒီအချိန်လောက်ဆို ခေါင်းကြီးနေလောက်ပြီ။ ပြောသာ ပြောရတယ်။ အရင် စစ်အာဏာရှင် အစိုးရက သနားစရာဗျ။ စီးပွားရေးသမား ယောင်ဆောင်တဲ့ လူလိမ်တွေ လိမ်သမျှကို အဟုတ်ထင်ပြီး အကုန်လိုက်လုပ်ရင်း နာမည်ပျက်သွားတာ။ အဲဒီအပြင် သူတို့ ကိုယ်ပိုင်ငွေတွေပါ ဟုတ်နိုးနိုးနဲ့ ချေးမိတော့ သူတို့ ငွေပြန်ရအောင် အဲဒီလူကို ကောင်းသထက် ကောင်းတဲ့ အလုပ်တွေ ထပ်ထပ် ချပေးရတော့တာပေါ့ဗျာ။ အခုအုပ်ချုပ်နေတဲ့ သူတွေ အများစုကလည်း အဲဒီခေတ်လက်ကျန် လူတွေမဟုတ်လား။ သူတို့ရဲ့ ကျန်သေးတဲ့ သက်တမ်း တစ်နှစ်အတွင်းမှာ ခင်ဗျားလည်း ၀န်ကြီးဝန်ကလေး တစ်ယောက်ယောက်ကို အယုံသွင်းပြီး လိမ်နိုင်အောင် ကြိုးစားပါလား။ ဒါဆိုခင်ဗျာလည်း ဒီမိုကရေစီ အစိုးရခေတ် ခရိုနီစာရင်းဝင် မသွားပေဘူးလို့ မပြောနိုင်ဘူးဗျဆိုပြီး သူ့စကားကို အဆုံးသတ်သွားပါတော့တယ်။ ဒါပေမယ့် ကိုယ့်အိမ်ကိုယ်ပြန်ဖို့ စားသောက်ဆိုင်က အထမှာ သူက နောက်တစ်ပတ်ကစပြီး မန္တလေးက စခဲ့တဲ့ သမီးတော်တွေရဲ့ ရာဇ၀င်ကို အရှည်ကြီး ပြောပြမယ်။ အရင် အာဏာရှင် သာဂိကြီးရဲ့ သမီးတွေက ပြည်သူတွေကို သာမက ၀န်ထမ်းတွေနဲ့ စစ်ဗိုလ် စစ်သားတွေကိုပါ ဘယ်လောက်တောင် နှိပ်စက်ခဲ့ကြသလဲဆိုတဲ့ အတွင်းရေးတွေ အကုန် ပြောပြမယ်ဆိုပြီး စကားလက်ဆောင်ပါး သွားလေရဲ့။

- လက်စောင်းထက်

မိန်းကလေးကိစ္စဖြင့် အမှုဖွင့်ခံရသည့်လက်ရွေးစင်ကစားသမားကြည်လင်း

 

ရန်ကုန်- ရန်ကုန်ယူနိုက်တက်ဘောလုံးကစားသမားကြည်လင်းသည် အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကိုခိုးယူပေါင်းသင်းမှုစွပ်စွဲချက်ဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံထားရကြောင်း သတင်းရရှိသည်။
မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းကွင်းလယ်ကစားသမားကြည်လင်းသည် ဇွန်လ ၇ ရက်တွင် အသက် (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တစ်ခုသို့ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့ကြောင်း ကာယကံရှင်မိန်းကလေးက ဇွန်လ ၁၆ ရက်က ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ယင်းအမှုတွင် အမှုဖွင့်ခံထားရသူမှာ သာမန်လူတစ်ဦးမဟုတ်ဘဲ နိုင်ငံ့လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သောကြောင့် တရားလိုဘက်မှတိုင်ကြားချက် ဖြစ်စဉ်ကို ကမာရွတ်မြို့နယ်ရဲစခန်းက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။ အဆိုပါမိန်းကလေးငယ်သည် ဒဂုံအရှေ့မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းမှာ အလှပြင်သင်တန်းတက်ရောက်နေသူတစ်ဦးလည်းဖြစ်ကြောင်း သတင်းရရှိသည်။
‘‘တရားလိုဘက်ကတော့ စွပ်စဲတိုင်တန်းထားတဲ့သဘောပဲရှိသေးတယ်။ အမှုဖွင့်ခံထားရတဲ့ ကြည်လင်းကို မစစ်ရသေးတော့ ပြောလို့မရဘူး။ ဟိုဘက်ကို လည်း စစ်ဆေးပြီးမှမေးတဲ့ မေးခွန်းတွေကိုဖြေလို့ရမယ်။ မပြောနိုင်သေးဘူး။ စွပ်စွဲခံထားရတုန်းဆိုတော့ နောက်လုပ်ထုံးလုပ်နည်းအရ ဝန်ကြီးဌာနနဲ့ အသင်းကိုတော့ အကြောင်းကြားထားပြီးပြီ။ ဖြစ်တုန်းက အလိုတူလား၊ မတူလားဆိုတာ စစ်ဆေးရဦးမှာ’’ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်မျိုးမင်းအောင်က ပြောသည်။
‘‘အခုလက်ရှိတော့ ကြည်လင်းက အသင်းမှာပဲရှိနေသေးတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှမသိသေးဘူး’’ဟု ရန်ကုန်ယူနိုက်တက်အသင်းမှ တာဝန်ရှိသူတစ်ဦးကက ပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ကြည်လင်းထံသို့ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။ ယင်းအမှုကို ကမာရွတ်မြို့ နယ် ရဲစခန်းတွင်ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၆ အရ အရွယ်မရောက်သေးသူအား ခိုးယူပေါင်းသင်းမှုဖြင့် စွပ်စွဲတိုင်ချက်ဖွင့်ထားကြောင်း သတင်းရရှိသည်။
ကြည်လင်းသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင်ရရှိခဲ့သော ဒဏ်ရာကြောင့် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲကို တစ်ပွဲမှဝင်ရောက်ကစား နိုင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူပြီး အနားယူခဲ့ရသည်။
အသိတစ်ယောက်ကတောင်းထားတာ ခုမှသတိရလို့တင်ပေးလိုက်တာပါ

Y325 T00 ကို Official Firmware ပြန်တင်မယ်၊ Root ၊ မြန်မာစာထည့်မယ် 

အရင်ဦးဆုံး ဒါလေးဒေါင်းလိုက်ပါ
Download Y325 T00 Official Firmware

 ဖိုင်ကို ဒေါင်းလို့ရလာရင်တော့ File Extension မရှိတဲ့ ဖိုင်တစ်ခု ရလာမှာပါ။ File Extension ဖျောက်ထားတာမျိုးပါ။

Start > Control Panel > Folder Options > View Tag မှာ Hide extensions for known file types ကို အမှန်ခြစ်ဖြုတ်ပြီး Apply , OK လုပ်လိုက်ပါ။

အဲ့လိုလုပ်လိုက်ရင် မိမိတို့နှစ်သက်သော ဖိုင်ကို File Extension Edit ပြုလုပ်ပေးနိုင်မှာပါ။

အဲ့လိုမျိုးပြုလုပ်ပြီးရင် ဒေါင်းလို့ရလာသော ဖိုင်လေးကို Right Click > Rename > ဖိုင်နာမည်အနောက်မှာ .zip ကိုပေါင်းရေးပေးလိုက်ပါ။

အဲ့ခါကျရင် ကျွန်တော်တို့ ဒေါင်းလို့ရလာသော ဖိုင်လေးသည် Zip File လေးပြောင်းသွားမှာ ဖြစ်ပြီး အဲ့ဖိုင်ကို Win RAR လိုမျိုး ဆော့ဝဲလ်တစ်ခုခု အသုံးပြုပြီး ပြန်ဖြေလိုက်ပါက dload ဆိုသော အမည်ဖြင့် ဖိုဒါလ်တစ်ခု နောက် တရုတ်လိုတွေရေးထားသော pdf file တစ်ခုရရှိပါတယ်။


ကဲ့စပါပြီ။

>> 2 GB အနည်းဆုံးရှိသော SD Card တစ်ခုကို Format ( FAT32 ) ဖြင့် Format ရိုက်လိုက်ပါ။

>> ဒေါင်းလို့ရလာသော ဖိုင်ထဲမှ dload folder ကို SD Card ထဲသို့ ကူးယူပါ။

>> ဖုန်းမှာ SD Card ထည့်လိုက်ပါ။

>> ပြီးရင် ဖုန်းကို ဘက်ထရီဖြုတ်၊ ပြန်တပ်လိုက်ပါ။

>> Official ကို Recovery Mode က တင်ရမှာပါ။ ဒါပေမဲ့ Y325 T00 Recovery Mode ဝင်နည်းလေးက တစ်မျိုးဖြစ်နေပါတယ်။

>> Power ကို သုံးစက္ကန့်လောက်နှိပ်၊ ပြီးရင် ပြန်လွတ်ပြီး Vol + , Vol -  ကို ပြိုင်နှိပ်ပါမှ Recovery Mode ကို ရောက်ပါတယ်။ အဲ့နည်းက လက်ဆ မမှန်ဘူးထင်ရင် အစကတည်းက Power , Vol + , Vol - သုံးခုလုံး ပြိုင်နှိပ်လည်း Recovery Mode ကို ရောက်ပါတယ်။

>> Recovery Mode က ဒုတိယ စာကြောင်း Install Update from SD Card ကို Vol - သုံးပြုပြီးရွေ့၊ ပါဝါကို တစ်ချက်နှိပ်ပါက Official ကို သူ့ဘာသာ တင်သွားပါတယ်။ ခဏပဲ ကြာတာပါ။ တစ်မိနှစ်လောက်ပဲ ကြာမယ်ထင်တယ်ဗျ။ ဖုန်းက သူ့ဘာသာ အော်တို Restart ကျသွားပြီး ပြန်တက်လာရင်တော့ ကောင်းမွန်သော တရုတ်စာများဖြင့် ဖုန်းကို မြင်နိုင်မှာပါ။

ဖုန်းက အဆင်ပြေသွားပြီဆိုတော့ မြန်မာစာမြင်နိုင်အောင် Root လုပ်ဖို့လိုအပ်ပါတယ်။

Download MMAS Root & Font Installer ( version 2.0 )  
Root ရတာ အတော်ကို လွယ်ပါတယ်

စစ်သားစုဆောင်းရေးတပ်သို့ ဝင်ရောက်ပြီး နှစ်ရက်အကြာ ကြိုးဆွဲချသေဆုံး 

 

 မန္တလေး ဇွန် ၁၇
     စစ်သား စုဆောင်းရေး တပ်သို့  ၀င်ရောက် လာခဲ့ပြီး နောက်နှစ်ရက် အကြာတွင် မိမိကိုယ်မိမ် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့ မှူးရုံး၏ မှတ်တမ်းများ အရသိရသည်။
   မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ ၇၈လမ်း၊ ၃၈လမ်းနှင့်၃၉လမ်း ကြားရှိ စစ်သား စုဆောင်းရေး တပ်အတွင်းတွင် ယခုလ ၁၅ရက် ညနေ ၃ နာရီ ၄၅ မိနစ် ၀န်းကျင်မှာ အမျိုးသား တစ်ဦး မိမိကိုယ် မိမိ ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွား ခဲ့သည်။

    ထိုနေရာသို့  သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ စစ်သား စုဆောင်းရေးတပ် စားရိပ်သာ၏ အမြင့် ၁၀ပေခန့် ရှိ ထုတ်တန်းတွင် တစ်မတ်လုံးခန့် ရှိ အပြာရောင် ပလတ်စတစ် ကြိုးဖြင့်  ကြိုးဆွဲချ သေဆုံးနေကြောင်း၊ ၄င်းသည် ဦးထန်မောင်၏သား ကိုဝင်းမင်းထက် ဖြစ်ပြီး ယခုလ ၁၃ရက်က စစ်တပ်အတွင်းသို့  ၀င်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ အခြား ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ ရဘဲ ကြိုးဆွဲချ သေဆုံးနေကြောင်း သိရသည်။
    ထိုကြောင့် မန္တလေး ဆေးရုံကြီးသို့ ပိုအပ်ခဲ့ပြီး သေမှုသေခင်း အမှတ်စဉ် ၁၆/၂၀၁၄ ဖြင့် ရေးဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

 ဘေဘီမြင့်မောင်

မူးယစ်ဆေးဖြတ်ရာတွင် အစိုးရထံ မှတ်ပုံတင်ရမည့်ပုဒ်မ ပယ်ဖျက်မည်

လူငယ်များကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများ တစ်နေ့တစ်ခြားမြင့်တက်လာလျက်ရှိသည်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))


မူးယစ်ဆေးဖြတ်ရာတွင် အစိုးရထံ မှတ်ပုံတင်ရမည်ဖြစ် ပြီး မှတ်ပုံမတင်ပါက ထောင်သုံးနှစ်ချမည့်ပုဒ်မကို မူးယစ် ဥပဒေတွင် ပယ်ဖျက်မည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဌာနမှူး ဒုတိယရဲမှူးကြီး ဇော်လင်းထွန်းကပြောကြားသည်။
ဆေးစွဲသူများကို နိုင်ငံတ ကာသဘောတူစာချုပ်များ၊ စံနှုန်း များတွင် ပါရှိသည့်အတိုင်း တန်း တူဆေးကုသခွင့်အရ လွတ်လပ် စွာ ဆေးကုသခွင့်ပေးမည်ဖြစ်ပြီး ယခုတည်ဆဲဥပဒေတွင် ကန့်သတ်ထိန်းချုပ်မှုများမှာ ခေတ်နှင့်မဆီ   လျော်ခြင်းကြောင့် ပယ်ဖျက်မည် ဟု ရဲမှူးကြီးကပြောသည်။
‘‘ဆေးဖြတ်ချင်ရင် ရွာသာ ကြီး စိတ်ကျန်းမာရေးဆေးရုံနဲ့ ၀က်ထီးကန် လူငယ်ပြုပြင်ပျိုး ထောင်ရေးဌာနတို့မှာ ဖြတ်မယ့်သူက မှတ်ပုံတင်ရတယ်။ ဒီမှတ်ပုံ တင်ရတာကို ဆေးစွဲသူတွေက ခွဲ ခြားဆက်ဆံတယ်။ တရားဝင် ဆေးသမားအဖြစ် အစိုးရဆီမှာ စာရင်းဝင်တယ်ဆိုပြီး သေမ လောက်ကြောက်တယ်။ ဂုဏ် သိက္ခာလည်း ထိခိုက်တယ်ပေါ့။ ဒီတော့ လာလည်း မဖြတ်ကြတော့ဘူး။ ဖြတ်လည်းအပြင်မှာ တိုးတိုးတိတ်တိတ်နဲ့ ကျိတ်ဖြတ်ပေးတဲ့ တချို့ဆေးခန်းတွေ ရောက်သွားတယ်။ အဲဒီမှာ ဆေးတော့ ပြတ်ပေမယ့် ဖြတ်ပေးတဲ့ နောက်ထပ်ဆေးကို စွဲသွားတယ်။ ဒီမှတ်ပုံတင်ကိစ္စက သူတို့ကို အမှောင်ထဲရောက်အောင် တွန်းပို့သလိုဖြစ်နေတယ်။ ဒါကြောင့် ဒီပုဒ်မကို ပယ်ဖျက်ဖို့စီစဉ်တာ ဖြစ်တယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းခဲ့ သော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်မှ တားဆီးကာကွယ် ရေးဥပဒေတွင်မူးယစ်ဆေးဝါးစွဲ နေသူသည် ဆေးဝါးကုသမှုခံယူ လိုပါက အစိုးရသတ်မှတ်ထား သည့် ဆေးကုဌာနများတွင် မှတ် ပုံတင်ရမည်ဖြစ်သည်။ မှတ်ပုံတင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်သုံးနှစ်ကျခံရမည်ဖြစ်သည်။
ယခုဥပဒေပြင်ဆင်ချက်အ တွက် အစိုးရ၀န်ကြီးဌာနအား လုံးက သဘောတူလက်ခံသည့် သဘောထားများကို ပြည်ထဲရေး ၀န်ကြီးဌာနသို့ ပေးပို့ထားပြီးဖြစ် ပြီး လွှတ်တော်သို့ ရောက်ရှိရန် ကြိုးစားပြင်ဆင်နေပြီဟု ရဲမှူးကြီး ဇော်လင်းထွန်းကပြောသည်။
‘‘မှတ်ပုံတင်တဲ့ကိစ္စကတော့ တော်တော်များများကြောက်ကြ တယ်။ တချို့အနုပညာရှင်တွေ ဆိုရင် ပိုဆိုးတယ်။ မှတ်ပုံတင် တာနဲ့ သတင်းပြန့်ပြီး လူသိမှာ တအားကြောက်တာ။ အဲဒီတော့ အပြင်တွေမှာ ကိုယ့်အိမ်မှာ ကိုယ် ကျိတ်ဖြတ်တယ်။ ကျွန်တော့်ဆီ မှာ အဲဒီလိုလူနာတွေ အကြံ တောင်းတာမျိုးရှိခဲ့တယ်’’ဟု စိတ် ကျန်းမာရေးအထူးကုဆရာဝန် ကြီး ဒေါက်တာလှဌေးက ပြော သည်။
မူးယစ်ဥပဒေတွင် အစိုးရ အသိအမှတ်ပြုသော ပြင်ပဆေး ရုံ၊ ဆေးခန်းများတွင်လည်း တက် ရောက်ကုသနိုင်သည်ဟု ပြဋ္ဌာန်း ထားသော်လည်း ပြင်ပပုဂ္ဂလိက ဆေးရုံကြီးများက ယနေ့အထိ ယင်းကိစ္စကို အကောင်အထည် ဖော်ခြင်းမရှိကြောင်း သိရသည်။
‘‘လုပ်ရင် မြန်မြန်အကောင် အထည်ဖော်ပေးပါလို့ တောင်းဆို ချင်ပါတယ်။ တချို့ဖြတ်ချင်ပေ မယ့် နာမည်ကြီးကရှိနေတော့ စာ ရင်းမ၀င်ချင်ကြဘူး။ ကျွန်တော် ကိုယ်တိုင်လည်း ကံကောင်းလို့မသေခဲ့တာ။ ကိုယ်ချင်းစာပြီး ဒီလိုလိုက်တွေးပေးပြီး ဖြည့်ဆည်းတာ တာဝန်ရှိသူတွေကို တကယ်ကျေး ဇူးတင်ပါတယ်’’ဟု မူးယစ်ဆေးဝါးသံသရာမှ လွတ်မြောက်ရန် နှစ်အတန်ကြာရုန်းကန်ခဲ့ရဖူးသူ ရုပ်ရှင်ဒါရိုက်တာတစ်ဦးကပြောသည်။
မူးယစ်ဥပဒေတွင် သုံးစွဲရန် အလို့ငှာ ဆောင်ထားသည့် ဖမ်း ဆီးရမိပမာဏကိုလည်း ပြင်ဆင် ဖြေလျှော့ပေးရန်စီစဉ်နေပြီး မလိုလားအပ်သော အဂတိလိုက်စားမှုနှင့် ဥပဒေအားနည်းချက်များမရှိရန် စိစစ်နေသည်ဟု ရဲမှူးကြီးကပြောသည်။
‘‘မိတဲ့ ဆေးပမာဏက ဒီလူ တစ်ယောက်ထောင်ကျမလား၊ မကျမလားဆိုတာ အဆုံးအဖြတ် ဖြစ်နေတော့ စီရင်ရတဲ့သူမှာ အဂ တိလိုက်စားမှုတွေမဖြစ်ပေါ်စေဖို့ ချိန်တဲ့ ချိန်ခွင်ကအစ ဘယ်လို နည်းပညာသုံးမလဲဒါတွေကို တခြားဝန်ကြီးဌာနတွေ၊ ကျွမ်းကျင်ဆရာဝန်ကြီးတွေဆီက သဘောထားမှတ်ချက်တွေ တောင်းခံဆဲဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။
၁၉၉၃ ခုနှစ်မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတွင် ဘိန်းဖြူ ၃ ဂရမ်အထက်၊ ဘိန်း စိမ်း ၁၀၀ ဂရမ်အထက်၊ ဆေး ခြောက်၂၅ ဂရမ်ထက်ကျော်ပါက ရောင်းချရန် အလို့ငှာလက်ဝယ် ထားရှိမှုဖြင့် အနည်းဆုံးထောင် ဒဏ် ၁၀ နှစ်ကျခံရမည်ဖြစ်သည်။ ထို့ အပြင် သုံးစွဲပါက အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ ကျခံရမည်ဖြစ်သည်။

လုပ်သားများကို ဖမ်းဆီးမည်မဟုတ်ဟု ထိုင်းစစ်တပ် ကတိပေးထားကြောင်း မြန်မာသံအမတ်ပြော

 မြန်မာနိုင်ငံသားများကို   လုံးဝဖမ်းဆီးမည်မဟုတ်ဟု ထိုင်း စစ်တပ်က ကတိပေးပြောဆိုထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က 7Day သတင်းစာသို့ ဖုန်းမှတစ်ဆင့် အတည်ပြုပြောကြားသည်။
ထိုင်းနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားများကို ဆက်တိုက်ဖမ်းဆီးနေခြင်းနှင့် ပတ်သက်၍ ထိုင်း အာဏာပိုင်များနှင့် သွားရောက် တွေ့ဆုံဆွေးနွေးရာ မြန်မာနိုင်ငံသားများကို လုံးဝဖမ်းဆီးမည်မဟုတ်ဟု  ကတိပေးပြောဆိုလိုက်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြောကြားသည်။
‘‘သံအမတ်ကြီးကိုယ်တိုင် တာဝန်ရှိသူတွေနဲ့ သွားတွေ့ပြီးပါပြီ။ မြန်မာဆိုရင် လုံးဝမဖမ်းဘူးလို့ ပြောပါတယ်။ နယ်စပ်မှာလည်း ဖမ်းဆီးတာ မရှိပါဘူး။ တရားမ၀င်တဲ့သူတွေ ၀င်လာမှာကြောက်လို့ စစ်ဆေးတာပဲရှိပါတယ်။ အရင်ကဖမ်းထားတဲ့သူတွေလည်း အကုန်ပြန်လွှတ်လိုက်ပါပြီ။ စစ်တပ်ကကို ဖမ်းဆီးထားတဲ့သူတွေရှိရင် ဘယ်မှာရှိလဲ ပြောပါလို့တောင် ပြောထားပါတယ်။ ATM စက်မှာ ငွေခိုးထုတ်လို့ ဖမ်းထားတဲ့ နှစ်ယောက်ရယ်၊ မူးယစ်ဆေးဝါးနဲ့ ဖမ်းထားတဲ့ ခြောက်ယောက်ရယ်၊ အားလုံးပေါင်း မြန်မာရှစ်ယောက်ပဲ  အဖမ်းခံထားရပါတယ်’’ဟု ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဦးဝင်းမောင်က ပြန်လည်ပြောကြားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသတင်းစာများတွင်လည်း မြန်မာနိုင်ငံသားများအား ဖမ်းဆီးထားခြင်းမရှိဟု ရေးသားထားကြောင်း ဦးဝင်းမောင်က ဆက်ပြောသည်။
ထိုင်းစစ်တပ်က မြန်မာများအား လုံးဝဖမ်းဆီးမည်မဟုတ်ဟု ပြောဆိုသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာများမှာ စိုးရိမ်ပူပန်နေလျက်ရှိသည်။ ဖမ်းဆီးရာတွင် တရားမ၀င်နေထိုင်သူများသာမက တရားဝင်နေထိုင်သူများကိုပါ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာများကပြောသည်။
‘‘မြန်မာတွေ အဖမ်းမခံရတာမဟုတ်ပါဘူး။ ဟိုနေ့ကလည်း မြန်မာ ၃၀ အဖမ်းခံရတယ်လို့ သိရပါတယ်။ ခုရက်ပိုင်း အတွင်း ဆက်တိုက်ဖမ်းဆီးခံနေရတယ်။  ပြီးခဲ့တဲ့အပတ်ကလည်း မြန်မာတွေ အဖမ်းခံရသေးတယ်။ ဒီမှာ အလုပ်လုပ်နေတဲ့သူတွေက ကြောက်နေကြပြီ။ သူများနိုင်ငံကသူတွေဆို ပြန်ကုန်ကြပြီ’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။
ထိုင်းစစ်အစိုးရက တရားမ၀င်မြန်မာလုပ်သားများကို ဆက်တိုက်ဖမ်းဆီးနေသည့် သတင်းများ ထွက်ပေါ်နေသဖြင့် မြန်မာ အစိုးရက စတင်စုံစမ်းနေကြောင်း  အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က  7Day သတင်းစာအား ပြောကြားထားသည်။
ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်သူများ ဖမ်းဆီးခံနေရခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးနှင့် မြန်မာအစိုးရတို့က မသိချင်ယောင်ဆောင်နေသည်ဟုဆိုကာ သံရုံးရှေ့၌ မြန်မာနိုင်ငံသားတစ်ဦးက တစ်ကိုယ်တော် ဆန္ဒပြ ကန့်ကွက်ခဲ့သည်။
ယင်းဆန္ဒပြသူကို မြန်မာသံအမတ်ကြီးက ခေါ် ယူဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။
ထိုင်းနိုင်ငံစံတော်ချိန် နံနက် ၁၀နာရီတွင် မဟာချိုင်ရှိ ရွှေ့ ပြောင်းလုပ်သားကလေးများအား ပညာသင်ပေးနေသော ကျောင်းဆရာ ကိုစောမောင်သည် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်သောသူများအား ဖမ်းဆီးခံနေရမှုနှင့်ပတ်သက်ပြီး မြန်မာသံရုံးနှင့် မြန်မာအစိုးရတို့က မသိချင်ယောင်ဆောင်နေသည်ဟုဆိုကာ ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့၌ တစ်ကိုယ်တော်ဆန္ဒပြ ကန့်ကွက်ခဲ့သည်။ ထိုသို့ ဆန္ဒပြကန့်ကွက်နေသော ကိုစောမောင်ကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ခေါ်ယူဆွေးနွေးခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော့်ကို ဘာလို့ဆန္ဒပြတာလဲလို့မေးတယ်။ ဒီမှာဖမ်းဆီးထားတဲ့သူတွေ မရှိဘူးလို့ ပြောတယ်။ ထိုင်းမှာ မြန်မာတွေ အဖမ်းခံနေရတယ်။ အခုတရားဝင်နေတဲ့သူတွေတောင် အဖမ်းခံနေရတယ်။ သံရုံးကလည်း မသိချင်ယောင်ဆောင်နေတယ်။ အဲဒါကြောင့် ဆန္ဒပြကန့်ကွက်တာပါ’’ဟု ကို စောမောင်ကပြောသည်။
‘‘သူ့ကိုခေါ်ပြီး ဆူပူခဲ့တာမ ဟုတ်ပါဘူး။ ဘာကြောင့်ဆန္ဒပြတာလဲမေးတာပါ။ ဒီမှာလည်းမြန် မာတွေ ဖမ်းဆီးခံထားရတာမရှိပါ ဘူး။ ရှိရင်သံရုံးကို လာပြောပါလို့ ပြောတာပါ။ခေါ်ဆူတာမဟုတ်ပါ ဘူး’’ဟု ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဝင်းမောင်က 7Day သတင်းစာအားပြောသည်။
ဆန္ဒပြသူသည် ‘‘ပတ်စပို့စ်ရှိ လျက်နဲ့ ပုလိပ်ကဖမ်းနေတာကို မြန်မာသံရုံးက မသိချင်ယောင်မ ဆောင်ပါနဲ့’’၊ ‘‘ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများကိုပစ်မထားပါနဲ့ သမ္မတကြီးခင်ဗျာ’’စသည့် ဆိုင်းဘုတ်နှစ်ချပ်အား ကိုင်ဆောင်ကာ သံတိတ်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြကန့်ကွက်မှုမှာ ၁၀ မိနစ်ခန့်သာ အချိန်ကြာမြင့်ခဲ့ ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံစစ်တပ်ကအာဏာ သိမ်းပြီးနောက် ၎င်းတို့နိုင်ငံတွင် တရားမ၀င်နေထိုင်သူများကို ထိုင်းနိုင်ငံစစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးတို့က ဖမ်းဆီးမှုများ ဆက် တိုက်ပြုလုပ်ခဲ့သည်။ ဖမ်းဆီးမှုများကြောင့် မြန်မာနိုင်ငံသားလေး ရာကျော် ဖမ်းဆီးခံထားရကြောင်း၊ထိုသို့ ဖမ်းဆီးမှုများပြုလုပ်ရာတွင်တရားဝင်စာရွက်စာတန်းများဖြင့် နေထိုင်သူများပါ ထိုင်းနိုင်ငံစစ်တပ်က ဖမ်းဆီးနေကြောင်း ထိုင်းနိုင်ငံရောက်မြန်မာများက ပြောသည်။

 

တရုတ်နိုင်ငံ ချေးငွေဖြင့် သမ၀ါယမအသင်းသားများအား ထောက်ပံ့နေခြင်းဖြစ်ဟုဆို

မုံရွာမြို့သို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း (ဓာတ်ပုံ − မျိုးမင်းဦး)


မုံရွာ− တရုတ်နိုင်ငံမှ ချေးငွေကိုရ ယူကာ သမ၀ါယမအသင်းသား များအား ထောက်ပံ့နေခြင်းဖြစ် ကြောင်း မုံရွာမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ ၁၇ ရက် နံနက်က ကျင်းပသော စစ်ကိုင်းတိုင်းဒေသ ကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားတွင် သမ၀ါယမ ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ပြောကြားသည်။
‘‘၀ယ်တဲ့ စက်ကိရိယာတွေ ကိုတော့ ကိုယ့်ဆန္ဒနဲ့ အညီဝယ်ယူ ခွင့်ရှိပါတယ်။ အခုအတိုးနှုန်းနဲ့ ပတ်သက်ပြီး ၇၅ ပြားအထိ လျှော့ချခဲ့တယ်။ အဲဒီ ၇၅ ပြားအတိုး နှုန်းနဲ့ ပတ်သက်ပြီး အသင်းသား တွေနဲ့ ပြောတော့ အခုလိုအခမ်း အနားတွေ ကျင်းပတဲ့ ကုန်ကျ စရိတ်တွေ၊ တရုတ်နိုင်ငံကချေး ထားတဲ့ ချေးငွေတွေအတွက် အတိုးတွေပေးရမယ်။ အတိုးနှုန်း ၇၅ ပြားမှ မရရင် သမ၀ါယမ အသင်းဆက်လက်ရပ်တည်ဖို့ မလွယ်ဘူး’’ဟု သမ၀ါယမ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မုံရွာမြို့နယ် သမ၀ါယမအသင်း ၀င်များအား ပြောကြားသည်။
ယခုနှစ်အတွင်း တရုတ်နိုင်ငံ မှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ချေးယူခွင့်ရခဲ့သည်။ ယင်းအ နက် ပထမအရစ် ဒေါ်လာ သန်း ၁၀၀ ချေးယူခဲ့ပြီး ပြည်သူများထံ ချေးငွေနှင့် စက်ကိရိယာများ ဆက်လက်ထုတ်ပေးနေခြင်းဖြစ် ကြောင်း သိရသည်။ ချေးငွေအတွက် အတိုးနှုန်းအနေဖြင့် တောင်သူများသက်သာအောင် အနည်းဆုံးဆောင်ရွက်ပေးထား ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်း သမ၀ါယမအသင်းသား များအား ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းကပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် အောက်တိုဘာ လမှစတင်၍ ယနေ့အထိ သမ၀ါ ယမ၀န်ကြီးဌာနက ဆောင်ရွက် ပေးထားမှုအခြေအနေများအရ ပြည်သူများ၏ အရင်းအနှီးအ တွက် ကျပ်သန်းပေါင်း ၁၄၀,၀၀၀ကျော် သန်းကျော် ထုတ်ချေးထားရှိခဲ့ပြီး တန်ဖိုးကျပ်သိန်းပေါင်း ၅၄,၀၀၀ ကျော်တန်ဖိုးရှိ လုပ်ငန်း သုံးယာဉ်၊ စက်ကိရိယာ အမျိုး မျိုးအရေအတွက်အားဖြင့် ၄,၇၆၅ ခုကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးပြီးဖြစ်သည်။

 


မျက်ကပ်မှန် တပ်ခြင်း (သတိထားရန်)

မျက်ကပ်မှန်သုံးတဲ့ သူငယ်ချင်းများ သတိထားပါ.... !!!!

ဒီပုံကို သေချာကြည့်ပါ ... တော်တော်ကိုကြောက်ဖို့ ကောင်းပါတယ်
ဒါ ပိုးဝင်နေတဲ့... (မသန့်ရှင်းတဲ့)မျက်ကပ်မှန်တပ်ခြင်းရဲ့ အကျိုးဆက်ပါ .....
(★မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးရည်သာသုံးပါ....
★မျက်ကပ်မှန်တစ်စုံကို 4လ မှ 6 လအတွင်း ပြောင်းလဲသုံးပါ .....
★မျက်ကပ်မှန် တပ်နေစဉ် မျက်သားထိခိုက်မှု ခမ်းခြောက်မှု နဲ့ ပိုးဝင်မှုတို့ ကို ကာကွယ်ရန် မျက်စဉ်းအမြဲခတ်(ဆောင်ထား)ပါ )....................

စစ်အစိုးရလက်ထက် ၀န်ထမ်းခန့်ထားသည့်ကိစ္စ လွှတ်တော်အမတ်နှင့် ရာထူးဝန် အငြင်းပွား 

 ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၈ ရက်၊ ၂၀၁၄ ခုနှစ်
ဘွဲ့ရလူငယ်များကို ယခင်အစိုးရလက်ထက်က အစိုးရ၀န်ထမ်းအဖြစ် လုံးဝမခန့်အပ်ခဲ့သဖြင့် ဘ၀များ ပျက်စီးခဲ့ရသည်ဟု အမျိုးသားလွှတ်တော်အမတ် ဦးစတီဗင်သာဘိတ်၏ ဝေဖန်မှုကို ဆီလျော်မှုမရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ငြင်းဆိုလိုက်သည်။
ဦးစတီဗင်သာဘိတ်က နိုင်ငံ့ဝန်ထမ်း ခန့်ထားရာတွင် အသက်ကန့်သတ်မှုနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ဦးကျော်သူကမူ “ယခင်အစိုးရ လက်ထက်က တက္ကသိုလ်ဘွဲ့ရပြီးသော်လည်း ၀န်ထမ်းခန့်ထားမှု လုံးဝ မရှိကြောင်း ဖော်ပြခဲ့မှုသည် မှန်ကန်မှုမရှိဘဲ ယင်းကိစ္စကို ပြန်လည်စဉ်းစားရန် ဆီလျော်သင့်တော်မှု မရှိပါ”ဟု ငြင်းဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု အမြင့်ဆုံး၊ ဘတ်ဂျက်အနည်းဆုံးနှင့် ဒေသဖွံ့ဖြိုးရေးလွန်စွာ အားနည်းနေသည့် ချင်းပြည်နယ်တွင် ဘွဲ့ရပြီး အသက် ၃၀ ကျော် လူငယ်များအတွက် အစိုးရ၀န်ထမ်းအဖြစ် ရွေးချယ် ခန့်ထားရန် စဉ်းစားသင့်သည်ဟု လွှတ်တော်အမတ်က တင်ပြခဲ့သည်။
ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌက ၀န်ထမ်းများ၏ အသက်ကန့်သတ်ချက်ကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (ဃ)အရ ဆောင်ရွက်သည်ဟု ပြောသည်။ အဆိုပါ နည်းဥပဒေများတွင် ၀န်ထမ်းသည် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်ရမည်ဟု သတ်မှတ်ထားခြင်းမှ တစ်ပါး အမှုထမ်းသော်လည်းကောင်း၊ အရာထမ်းသော်လည်းကောင်း၊ အသက် မည်ရွေ့မည်မျှ ကန့်သတ်ပြီး ရွေးချယ်ခန့်ထားရမည်ဟု သတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိပါဟု ဆိုသည်။
“တစ်နိုင်ငံလုံးမှာရှိတဲ့ အသက် ၃၅ နှစ်ဝန်းကျင်ရှိ ဘွဲ့ရလူငယ်တွေအတွက် အလုပ်ရရှိဖို့ ခက်ခဲနေတာကို အစိုးရဌာနတွေအနေနဲ့ ပြန်လည်စဉ်းစားစေချင်လို့ပါ”ဟု မေးမြန်းရသည့်အကြောင်းကို ဦးစတီဗင်သာဘိတ်က မဇ္ဈိမကို ပြောသည်။
ထို့ပြင် တစ်နိုင်ငံလုံးရှိ ရုံးဌာနများ၌ တပ်မတော်မှ အကြောင်းအမျိုးမျိုးဖြင့် အရပ်ဘက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကြသော အရာရှိများနှင့် အောက်ခြေ၀န်ထမ်းများကြား အဆင်မပြေမှုများစွာ ရှိနေခြင်း၊ လစာနှစ်ခုရရှိနေခြင်း၊ အရပ်သားဝန်ထမ်းများ၏ တက်လမ်းပိတ်ဆို့ နေသည့် အနေအထားဖြစ်နေခြင်းတို့သည် မဖြစ်သင့်ဟုလည်း ၎င်းက သုံးသပ်သည်။
ဦးစတီဗင်သာဘိတ်က “ကျွန်တော်က တပ်မတော်ကို မလိုချင်လို့မဟုတ်ဘူး၊ ဒါပေမဲ့ အရပ်သားဝန်ထမ်းတွေက အလုပ်လုပ်တဲ့အခါမှာ တက်လမ်းမျှော်နေကြတယ်၊ သူတို့လာတဲ့အခါ တက်လမ်းက ပိတ်နေတယ်။ အုပ်ချုပ်ပုံကလည်း တပ်ပုံစံလိုဖြစ် လာတဲ့အတွက် မခံမရပ်နိုင်ဖြစ်နေကြတယ်။တချို့ဆို အလုပ် ထွက်သွားကြတယ်”ဟု မဇ္ဈိမကို ပြောခြင်းဖြစ်သည်။
ယခင်က အဆိုပါကိစ္စကို လွှတ်တော်တွင် ပြောဆိုဖူးပြီး ထိုစဉ်က သမ္မတရုံးအမှတ်(၂) ဒု-၀န်ကြီး ဦးစိုးမောင်က သင့်တော်လို့ အရည်အချင်းရှိလို့ ပို့တာပါဟု ပြန်လည်ဖြေကြားဖူးသည်။
အောင်သူရထွန်း
Mizzima - News in Burmese

 

စုစုနွေးကို  ပုဒ်မ၁၈နဲ့ တရားစွဲလိုက်

   သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး ပြင်ဦးလွင်မြို့ပေါ်မှာ ဒေသခံ ၁၅၀နဲ့ ဇွန်လ ၁၆ ရက်နေ့က ဆန္ဒပြခဲ့တဲ့ ဆန္ဒပြ ခေါင်းဆောင် မစုစုနွေးကို ခွင့်ပြုမိန့် မရဘဲ စီတန်း လှည့်လည် လို့ ဆိုပြီး ပုဒ်မ ၁၈နဲ့ တရားစွဲလိုက်ပါတယ်။

ပြင်ဦးလွင်မြို့နယ် ထုံးဘိုရွာမှာ စစ်တပ်က သိမ်းပြီး အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင် တဦးကို ကော်ဖီခြံ စိုက်ဖို့ ငှားရမ်းထားတဲ့ မြေတွေ ပြန်ရရေးနဲ့ မြေ ပြန်ရရေး လှုပ်ရှားသူတွေကို ကော်ဖီခြံ လုပ်သားတွေက ရိုက်နှက်ခဲ့တဲ့ ကိစ္စ အရေးယူပေးဖို့ ဦးဆောင် ဆန္ဒပြ တောင်းဆိုခဲ့တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂများ ဖြစ်မြောက်ရေး တာဝန်ခံ မစုစုနွေးကို ပုဒ်မ ၁၈နဲ့ ပြင်ဦးလွင် မြို့နယ် ရဲမှူးက တရားစွဲလိုက်တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ရက် နေ့လည်က ပြင်ဦးလွှင် မြို့နယ် ရဲမှူး လက်မှတ်နဲ့ စာပို့ပြီး ပုဒ်မ ၁၈နဲ့ တရားစွဲ လိုက်ကြောင်း အကြောင်းကြားလာတယ်လို့ မစုစုနွေးက ဘီဘီစီကို ပြောပြပါတယ်။

မန္တလေးတိုင်း အတွင်းမှာ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး ထွန်တုံး တိုက်ပွဲ ဝင်ခဲ့လို့ မတ္တရာ မြို့နယ်က လယ်သမား ခေါင်းဆောင် ၄ဦး ဟာလည်း ပြီးခဲ့တဲ့ လတွေက ပုဒ်မ ၁၈ အပါအဝင် ပိုင်နက် ကျူးလွန်မှုတွေနဲ့ တရားစွဲ ခံထားရတာလည်း ရှိပါသေးတယ်။

ဒီလို တရားစွဲ ခံရပေမယ့် မန္တလေးတိုင်း အတွင်းမှာ နေ့စဉ် ရက်ဆက် ဆိုသလို လယ်ယာမြေ ပြန်လည် ရလိုမှု လှုပ်ရှားမှုတွေက ရှိနေပါတယ်။

မနေ့ကလည်း မြစ်သားမြို့နယ် ပေတောရွာနဲ့ ၆ရွာလောက်မှာ ပွင့်ဖြူဝါ စိုက်ပျိုးရေး တပ်က သိမ်းထားတဲ့ လယ်မြေဧက ၃ထောင်ကျော် ရရှိရေး အတွက် နွားရှဉ်း ၇၀ လောက်နဲ့ သိမ်းထားတဲ့ မြေတွေပေါ်မှာ ဝင်ရောက် ထွန်ယက် နေတယ်လို့ သိရပါတယ်။

 ဘီဘီစီ (မြန်မာပိုင်း)