Thursday, June 26, 2014

လူမဆန်တဲ့လုပ်ရပ်
။။။။။။။။။။။။။။။။။။။။။

 ၂၄.၆.၂၀၁၄ နေ့ ၇နာရီ ၁၅မိနစ်အချိန်ခန့်က
မုံရွာကားလေးကွင်းထဲက အောင်ကမ္ဘာဂိတ်မှာ
ကလေးတစ်ယောက်ကို လူမဆန်တဲ့မိဘတွေ
စွန့်ပစ်ထားခဲ့ကြတယ်လို့ သိရတယ်။ကလေးမှာ
မိန်းကလေးဖြစ်ပြီး ၁လခွဲ ၂လလောက်ရှိပြီလို့
ခန့်မှန်းရတယ်။ယခု နေ့လည် ၁နာရီထိုးနေပြီ ပြန်လာမခေါ်သေးဘူး။ကားကွင်းထဲက ကလေးအမေတွေက သနားလို့ နို့လာတိုက်နေတာလဲတွေ့ရတယ်။ရဲစခန်းကိုလည်း အကြောင်းကြားထားတယ်လို့
အောင်ကမ္ဘာကားအသင်းမှဦးမြင့်ဦးခိုင်မှပြောပါတယ်။ တကယ်လို့ ဒီကလေးကိုများ
ကိုယ့်ပတ်ဝန်းကျင်မှာတွေ့ဘူးခဲ့ရင်
ဆိုပြီးတော့ကိုယ်ချင်းစာတဲ့စိတ်နဲ့အပုံနှင့်တကွ
တင်ပေးလိုက်တာပါ။

အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက
-၀၇၁၂၈၀၅၂
-အောင်ကမ္ဘာဂိတ်
-မုံရွာကားလေးကွင်း

မန္တလေး သတင်း ပုံရိပ်များ.

 

ရိုမန်းဘောထ့်တွေရဲ့ကမ္ဘာ စာရေးဆရာ အောင်ရင်ငြိမ်း တိမ်းရှောင်နေသည်ဟု သတင်းများထွက်ပေါ် 

 ညစ်ညမ်းစာများ ပါဝင်နေသည့်အတွက် ဝေဖန်မှုများ ဆက်တိုက်ကြုံနေရသည့် ရိုမန်းဘောထ့်တွေရဲ့ ကမ္ဘာစာအုပ်၏ စာရေးဆရာ၊ ကဗျာဆရာ အောင်ရင်ငြိမ်းမှာ တိမ်းရှောင်နေသည့် သတင်းများ ထွက်ပေါ်နေကြောင်း စာရေးဆရာ၊ ကဗျာဆရာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

“တစ်နေ့က မြို့ထဲမှာ ကောင်မလေး တစ်ယောက်နဲ့ သူ့ကို တွေ့လိုက်သေးတယ်။ ခုရက်ပိုင်းတော့ ရဲတွေရှာနေလို့ ရှောင်နေတယ်လို့ ကြားတယ်။ သူ့စာအုပ်ကိုတော့ စာပေလောက က စာရေးဆရာ အကုန်နီးပါးကတော့ လက်မခံကြဘူး” ဟု ကဗျာဆရာတစ်ဦးက ပြောဆိုသည်။

စာအုပ်ထဲတွင် ညစ်ညမ်းစာများ ပါဝင်နေသည့်အတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ (၈) (ဂ)၊ ရောင်းချခြင်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေ (၁၉၂) အရ အကျုံးဝင်နေသဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက တရားစွဲရန် စီစဉ်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနက သိရသည်။

“ဒီရက်ပိုင်းမှာပဲ အမှုဖွင့်ဖို့ ရှိတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ ညှိနေတယ်။ ရဲဘက်က အရေးယူရင် နှစ်ခုဖြစ်မှာ စိုးလို့ ညှိနှိုင်းနေတယ်” ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင်က ပြောကြားသည်။

တိမ်းရှောင်နေသည့် သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်ပြီး စာရေးဆရာ အောင်ရင်ငြိမ်းထံသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

ရိုမန်းဘောထ့်တွေရဲ့ ကမ္ဘာစာအုပ် ထုတ်ဝေသူ ဒေါ်ဇင်နှင်းက “စာရေးဆရာကို ရှာတာ ခက်တဲ့ကိစ္စတော့ မဟုတ်ဘူး။ အမရော သူရောက ဒါလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိတယ်။ သူက တိမ်းရှောင်နေတာလည်း မဟုတ်ဘူး။ အေးအေးဆေးဆေး နေတတ်တဲ့သူပါ။ သူ့ကို ရှာမတွေ့ဘူး ဆိုတာ ရှာတဲ့သူတွေ ညံ့လို့ ဖြစ်ပါလိမ့်မယ်” ဟု ဆိုသည်။

၎င်းစာအုပ်မှာ စာအုပ်အရောင်းဆိုင်များတွင် လက်ကျန် မရှိတော့သဖြင့် ဝယ်ယူ၍ မရတော့ဘဲ မိတ္တုကူး ရောင်းချနေမှုများလည်း ရှိနေသည်။

အဆိုပါ စာအုပ်နင့် ပတ်သတ်သည့် ရေးသားသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိသူများကို စတင်စုံစမ်းနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice Weekly

မန္တလေးမြို့ ကပန်းပျိုးသူများလမ်းဘေးစာသင်ဝိုင်းလေးဖွင့်လှစ်

 မန္တလေးမြို့ ကလမ်းကျုံးဘေးတွင် ကျောင်းလွှတ်ချိန် စားဝတ်နေရေးအတွက်
ပန်းရောင်းနေကြသော ကလေးငယ်များအား စာသင်ကြားပေး၍ ကလေးငယ်များ စားဝတ်နေရေး အတွက် ပန်းများကိ ပရဟိတစိတ်ဝင်စားသူ လူငယ်များမှ ကူ၍ရောင်းပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

စာသင်ကြားမည့်နေရာ ကတော့ ၆၆ လမ်း ၂၆-၂၇ ကြား ရွှေပြည်မိုး လဘက်ရည်ဆိုင်ရှေတွင်ဖြစ်ပါသည်၊လာရောက်လေ့လာ
လှူတန်းနိုင်ပါတယ်လို. သွားရောက်လုပ်အားပေးနေကြတဲ့ မန္တလေးမြို့ က
ပရဟိတစိတ်ဝင်စားကြသူ လူငယ်များမှ ပြောကြားခဲ့ပါသည်။
လက်ရှိတွင် ပန်းရောင်းနေသူကလေး (၇၀) ကျော်ခန်.ကို စေတနာ.၀န်ထမ်း
လူငယ်ဆရာ-ဆရာမလေး(၂၀) ကျော်က ပညာဒါနသင်ကြားနေကြောင်း
လည်း သတင်းရရှိပါသည်။
သတင်းဓါတ်ပုံ- ကိုအောင်စိုးဦး (မန္တလေး)

မန္တလေး သတင်း ပုံရိပ်များ.

{ ပရဟိတဆိုပေမယ့်}

 မန္တလေးမြို့ပေါ်မှာ အခုလ ၁၇ ၁၈ ၁၉-ရက်တွေက ဒီအလှူခံကား တွေ့ဘူးကြမှာပါ။
မြန်မာလူမျိုးများပီပီ အလှူရှင်များကလဲ ၁၀၀၀ိ/ဝန်ကျင်အနည်းဆုံး လှူဒါန်းကြတာ အများမြင် ဝမ်းမြောက်နုမော် သာဓုခေါ်စရာပါ။
ဒါပေသည့် ချမ်းအေးသာစံသာသနာထိန်းသိမ်းရေး အဖွဲ့က ခေါ်စစ်ဆေးလိုက်တဲ့အခါ အလှူခံထောက်ခံစာမှာ 2010ခုနှစ်ပိုင်းက ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်၊ ကုက္ကိုင်းရွာ ဝိသုတာရာမတောရကျောင်း သိမ်အဆောက်အဦးဆောက်ဖို့ မှန်ကန်တဲ့အကြောင်း ထောက်ခံစာပါ။
အဲဒီကျောင်းမှာ ပရဟိတ ဘ/ကကျောင်း မရှိဘဲနဲ့ ပဲခူးမြို့ပေါ်မှ ပရဟိတ ဘ/ကကျောင်း တစ်ကျောင်းရဲ့ ကလေးတွေ စားသောက်နေတဲ့ ဓာတ်ပုံတွေကို အလွဲသုံးစားလုပ်ပြီး ဆန် ဆီ ဆား အဝတ်အထည်ကအစ အကုန်လှူခံတာပါ။
ချစ်ကိုဆိုတဲ့ လူတစ်ယောက်က ခေါင်းဆောင်ကာဘုန်ကြီးတွေကို နေ့စားပေးပြီး လိမ်လည်အလှူခံနေတဲ့အဖွဲ့ပါ၊ အခုတော အလှူခံငွေတွေ ယူပြီး ခေါင်းဆောင်က ထွက်ပြေးတော့ အလှူခံကားကိုတော့ ခေတ္တခဏ သိမ်းဆည်းထားပါတယ်။
အစစ်အမှန် ဝေဘန်ပိုင်းခြား၍ လှူဒါန်းနိုင်ကြပါစေ။့


မန္တလေး သတင်း ပုံရိပ်များ

မန္တလေးမြို့ ဒိုင်းမွန်းပလာဇာရှိ မြန်မာအရှေ့တိုင်းဘဏ်နှင့် LG အရောင်းပြခန်း ဖောက်ထွင်းခံရ 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဒိုင်းမွန်းပလာဇာ ပထမထပ်ရှိ မြန်မာအရှေ့တိုင်းဘဏ်နှင့် LG ၊ Sonyအရောင်းပြခန်းတို့တွင် ဇွန် ၂၅ ရက် ညပိုင်းက ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖောက်ထွင်းမှုတွင် အရောင်းပြခန်းမှ ကင်မရာ၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းပေါင်း ၂ဝ ခန့်ပါဝင်သွားပြီး တန်ဖိုးငွေကျပ်သိန်း ၈ဝ ဖြစ်ကြောင်းLG အရောင်းပြခန်းမှ စုံစမ်းသိရှိရသည်။ ဆိုင်မျက်နှာကြက်ကို ဖောက်ထွက်ကာ လှေကားဖြင့်ဆင်းပြီး ဆိုင်ထဲရှိပစ္စည်းများကို ယူဆောင်ခဲ့ခြင်းဖြစ်သည်။

“ဆိုင်မှာပိုက်ဆံမထားလို့ ငွေတော့ပါမသွားဘူး။ ကင်မရာနဲ့ ဟန်းဆက်ဆက်စပ်ပစ္စည်းတွေပဲ သယ်သွားတယ်။ ကျွန်တော်တို့ ပထမထပ် မှာ အဲယားကွန်းပြင်နေတဲ့နေရာ လေးနေရာလောက်ရှိတော့ မျက်နှာကြက်တွေပွင့်နေတာပေါ့။ ဒါကိုအသုံးချပြီး လုပ်သွားတာ။ ည ၉ နာရီဆိုင်ပိတ်ချိန်ကစပြီး ပလာဇာတစ်ခုလုံး မီးဖြတ်တဲ့အတွက် စီစီတီဗွီတပ်လည်း အလုပ်မလုပ်နိုင်တဲ့အတွက် မတပ်ထားပါဘူး” ဟု LG အရောင်းပြခန်းမှ ကိုစည်သူက ပြောကြားသည်။
ယင်းအရောင်းပြခန်းနှင့် တစ်ဆက်တည်း လေးဆိုင်ခန့်အကျော်တွင်ရှိသော မြန်မာအရှေ့တိုင်းဘဏ်တွင်လည်း ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ပြီး ATM စက်ကို ဖောက်ဖျက်ခံခဲ့ရကြောင်း သိရသည်။ ဘဏ်ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ အဆိုပါဘဏ်ကို သွားရောက်မေးမြန်း ခဲ့သော်လည်း ဝင်ခွင့်ပင်မပေးခဲ့ဘဲ အပြင်မှ အဲယားကွန်းပြင်နေသည့် မျက်နှာကြက်အပေါက်ကို ဓာတ်ပုံရိုက်ရာတွင် ဘဏ်နာမည်ဆိုင်းဘုတ် မပါဝင်စေရန် လာရောက်တားမြစ်ခဲ့သည်။
“လတ်တလော စစ်ဆေးချက်အရ အဲယားကွန်းတွေပြင်နေတဲ့ မျက်နှာကြက်တွေကတစ်ဆင့် လျှောက်လာတာဆိုတော့ အနည်းဆုံး နှစ်ယောက်အထက်ပဲ။ ဒါပေမယ့် ဒီမျက်နှာကြက် ခံနိုင်ရည်ကလည်း လူအများကြီး လျှောက်လို့မရနိုင်ဘူး။ ကျူးလွန်တဲ့သူတွေ အဓိကကတော့ ငွေလိုချင်တာပဲ။ အဲဒါကြောင့် ဘဏ်နဲ့ဒီလို အရောင်းပြခန်းလိုမျိုးကို ရွေးပြီးဖောက်ထွင်းတာပေါ့။ ဒါပေမဲ့ ငွေမထားတဲ့ ဆိုင်တွေဖြစ်နေတော့ ရတဲ့ပစ္စည်းပဲယူသွားကြတာ။ လောလောဆယ် အဲယားကွန်းပြင်တဲ့ သူတွေကို ခေါ်ယူစစ်ဆေးနေပါတယ်။ အခုဖြစ်ပွားမှုကို ဒိုင်းမွန်းပလာဇာအနေနဲ့ ဖွင့်မလား၊LGပြခန်းအနေနဲ့ ဖွင့်မလား ဆိုတာကို သူတို့ချင်းဆွေးနွေးလို့မပြီးသေးလို့ စခန်းကအမှုဖွင့်ဖို့ စောင့်နေပါတယ်” ဟု ချမ်းအေးသာစံမြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။
ဒိုင်းမွန်းပလာဇာတွင် ရေ၊ မီး၊ အဲယားကွန်း အသုံးပြုခနှင့် လုံခြုံရေးတို့အတွက် တစ်လလျှင် ငါးခန်းတွဲအတွက် ကျပ် ၁ဝ သိန်း ပေးဆောင်ရကြောင်း ဖောက်ထွင်းခံခဲ့ရသည့် LGနှင့် Sony အရောင်းပြခန်းမှ သိရသည်။
EMG
 Written by: ယဉ်မျိုးသွယ်

 

မြန်မာ မိုလ်ဘိုင်းဖုန်း နိုင်ငံခြားမှာ သုံးနိုင်မယ် 

 

 မြန်မာ နိုင်ငံက မိုလ်ဘိုင်း ဖုန်းတွေကို International Roaming လို့ခေါ်တဲ့ နိုင်ငံရပ်ခြား သွားရောက်တဲ့ အခါမှာလည်း အသုံးပြု နိုင်တော့မှာ ဖြစ်ပါတယ်။

International Outbound စနစ် ဖြစ်တဲ့ ဒီလို နိုင်ငံ ရပ်ခြားမှာ အသုံးပြု နိုင်မယ့် အစီ အစဉ်ကို ဇူလိုင် လဆန်းမှာ စတင်ဖို့ မြန်မာ စာတိုက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး MPT ကနေ ဆောက်ရွက် နေပြီ ဖြစ်ပါတယ်။

ငွေဖြည့်ကဒ်သုံးနဲ့ ငွေဖြည့်စရာ မလိုပဲ နောက်မှ ကျသင့်ငွေ ရှင်းရတဲ့ မိုလ်ဘိုင်း ၂ မျိုး စလုံး အတွက် အသုံးပြု နိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆက်သွယ်ရေးနဲ့ သတင်း အချက် အလက် နည်းပညာ ဌာန နေပြည်တော် ဌာနခွဲရဲ့ ဒုတိယ အထွေထွေ မန်နေဂျာ ဦးသိန်းဟုတ်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံခြား မထွက်ခင် မိုလ်ဘိုင်း ဖုန်းတွေကို ရန်ကုန်မှာ မှတ်ပုံ အရင် တင်ရမှာ ဖြစ်ပြီး၊ ငွေဖြည့် သွားရမှာ ဖြစ်တယ်လို့ လည်း ဦးသိန်းဟုတ်က ပြောပါတယ်။

မြန်မာ အိမ်နီးချင်း နိုင်ငံတွေ အကုန်လုံး အပါအဝင် နိုင်ငံပေါင်း ၃၀ မှာ မြန်မာ မိုလ်ဘိုင်းဖုန်းတွေကို ယူသွား အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

International Inbound စနစ်မျိုးလို နိုင်ငံခြားက မိုလ်ဘိုင်းတွေ မြန်မာ နိုင်ငံ အတွင်း အသုံးပြု တာတွေ ကတော့ ဆီးဂိမ်း မတိုင်ခင် ကတည်းက အသုံးပြု လို့ ရနေတာ ဖြစ်ပါတယ်။

 ဘီဘီစီ (မြန်မာပိုင်း)