ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး ကနေ ... အမြဲတမ်း ခရီးသွားတတ်တဲ့ သူတွေ မဖြစ်မနေ ဆောင်ထားသင့်တဲ့ Application တစ်ခု ပါ ။
အမြန်လမ်းမကြီးမှာ ခရီးသွားရင်းနဲ့ အရေးပေါ် တစ်စုံ တစ်ရာ အကူအညီ လိုအပ်ရင် အရေးပေါ် ခေါ်ဆိုဖို့ ဖုန်းနံပါတွေ ပါ ။
ခေါ်ချင်တဲ့ ဖုန်းကို နှိပ်လိုက်တာနဲ့ ဖုန်းနံပါတ် အသင့် ပေါ်လာမှာပါ ။
မဖြစ်မနေ အလုပ်ကိစ္စနဲ့ ခရီးသွားရတဲ့ လူတိုင်း ဆောင်ထားသင့်တဲ့ APK လေး တစ်ခုပါ ။
လက်လှမ်းမီရာ ကို လက်ဆင့်ကမ်း Share ပေးကြပါဦး ခင်ဗျာ။။
Credit --> အာကာမိုးနိုင်
အောက်ကလင့်တွင်ဒေါင်းယူနိုင်ပါတယ်။။။
http://www.mediafire.com/download/wezx1vao3qqhbdm/Myanmar_police.apk
Thursday, June 5, 2014
မှတ်ပုံတင်ရှိသူတိုင်း(၁၅၀၀) ကျပ်ဖြင့် ၀ယ်ယူနိုင်မည်
မှတ်ပုံတင်ရှိသူတိုင်း(၁၅၀၀) ကျပ်ဖြင့် ၀ယ်ယူနိုင်မည့်Telenor Sim Card ရောင်းချမည့် ကာလထုတ်ပြန်(၅.၆.၂၀၁၄)
မိုဘိုင်းလ်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လက်ဝယ် ရရှိထားပြီးဖြစ်သော နော်ဝေးနိုင်ငံအခြေစိုက် Telenor အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးစခန်းပေါင်း ၈၀၀၀ ထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကာလတွင် တယ်လီနောကွန်ရက်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်စက်တင်ဘာမှ အစပြု၍ မိုဘိုင်းလ် Sim Card များကို ငွေကျပ် (၁၅၀၀) ကျပ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်သည်။ အဆိုပါ Sim Card များကို ၀ယ်ယူရန်ကြိုတင် စာရင်းပေးသွားရန်မလိုကြောင်းသိရှိရသည်။ “Sim Card တွေကို ၁၅၀၀ ကျပ်အတိနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ် ၀င်စားဖွယ် အရောင်းမြှင့်တင်မှုအစီအစဉ်များလည်းပါဝင်ပါတယ်။ Sim Card ရောင်းချရာမှာ အသက်အရွယ်ကန့် သတ်ချက်မရှိဘဲ မှတ်ပုံ တင်ရှိတဲ့သူတိုင်း လိုသလောက်ဝယ်ယူနိုင်မှာပါ။ ဒါ့အပြင် Sim Card ကို ၀ယ်ယူလိုက်တာနဲ့ အဲ့ဒီ Sim Card ကို သင်ပိုင်ဆိုင်မှာပါ”” ဟု Telenor Myanmar မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။
လက်ရှိကာလတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချထားရှိသော Sim Card များ၏ စာချုပ်အရ မိုဘိုင်းလ်အသုံးပြုသူများကို Sim Card ငှားရမ်းခြင်းသာ ဖြစ်ကြောင်းရေးသားထားရှိသည်။ Telenor Myanmar အနေဖြင့် ဆက်သွယ်ရေးစခန်း(၁၀၀၀) ကို တည်ဆောက် ပြီးနောက်ပိုင်းကာလများတွင် တစ်လလျှင် ဆက်သွယ်ရေးစခန်းပေါင်း (၃၀၀) မှ (၄၀၀)အထိ တည်ဆောက်သွားမည်ဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကျက်မှုကို Telenor Myanmar မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမဆုံး ဆက်သွယ်ရေးစခန်း ၁၀၀၀ ကိုတည်ဆောက်ခြင်းမှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန် ထားရှိသည်။

Credit:Myanmar Digital Life Journal
မန္တလေးတိုင်း ဝန်ကြီးချုပ် နေအိမ် မီးလောင်မှု ဝန်ကြီးချုပ်ကို တရားစွဲခွင့် မရှိဟုဆို
အစိုးရသစ် လက်ထက်တွင် ပထမဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုကြောင့် ဝန်ကြီးချုပ်ကို ရဲစခန်း၌
အမှုဖွင့်ထားပြီး ယင်းမီးပေါ့ဆမှုဖြင့် ဝန်ကြီးချုပ်ကို တရားရုံး စွဲတင်ရန်
ရှေ့နေချုပ်ရုံးထံ ဥပဒေအကြံ တောင်းခံထားရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏
ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း
မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က
ပြောကြားသည်။
ဥပဒေ ပြဋ္ဌာန်းချက်များအရ မီး သို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုနှင့်
စပ်လျဉ်း၍ အရမ်း သို့မဟုတ် ပေါ့ဆစွာ ပြုလုပ်မှု ပျက်ကွက်မှု ပြုသူကိုသာ
အရေးယူရန် ဖြစ်ကြောင်း အိမ်ရှင်၏ အလုပ်သမား သို့မဟုတ် စေခိုင်းခြင်းခံရသူက
ပေါ့ဆခြင်း၊ ရမ်းကားခြင်း ပြုမိပါက အိမ်ရှင်ကို အပြစ်ပေး၍ မရကြောင်း
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာ
ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
“တရားရုံးတွေမှာ မီးပေါ့ဆမှုဆိုရင် ပေါ့ဆသူကို အရေးယူတယ်။ ခုနောက်ပိုင်း
ဒဏ်ငွေနဲ့ မဟုတ်ဘဲ ထောင်ချတာမျိုး ရှိတယ်။ အိမ်ရှင်ကို အရေးယူတာမျိုးလည်း
ရှိပါတယ်။ ဒါပေမဲ့ အိမ်ရှင်က လူစား ထည့်တာတွေလည်း ရှိတာပဲ” ဟု
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်း (NDF) က ဆိုသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့
ညပိုင်း ၈ နာရီ ၃၀ မိနစ်ခန့်က အဲယားကွန်း မီးဖြတ်စက်မှ အပူချိန်လွန်ကဲပြီး
မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကာ မီးလောင်မှုကြောင့် တန်ဖိုး ကျပ် ၁၁ သိန်း
ဆုံးရှုံးခဲ့သည်။ ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့တွင်
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ကို (ပ) ၈၅/ ၂၀၁၄
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ တို့အရ အရေးယူထားကြောင်း အောင်မြေသာစံမြို့နယ်
အမှတ် (၁) ရဲစခန်း မှတ်တမ်းအရ သိရှိရသည်။
The Voice Weekly
အလှမယ် မေမြတ်နိုး ရန်ကုန်လေဆိပ်ကို ပြန်ရောက်
Miss Asia Pacific World 2014 အလှမယ် မေမြတ်နိုးဟာ ဇွန်လ ၅ ရက် ည ၁၀ နာရီက
ကိုရီးယား လေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်
ရောက်ရှိလာပါတယ်။
အလှမယ်သရဖူနဲ့ ပြန်ရောက်လာတဲ့ မေမြတ်နိုးကို မိသားစု၊ မိတ်ဆွေ၊ ဖက်ရှင်
မော်ဒယ် အသိုင်းအ၀ိုင်း၊ အိပ်မက်ဆုံရာက မိတ်ဆွေတွေနဲ့
ပရိသတ်အချို့ကြိုဆိုခဲ့ပါတယ်။
မြန်မာအလှမယ် မေမြတ်နိုးဟာ Miss Asia Pacific World 2014 ပြိုင်ပွဲမှာ
အသက် ၁၈ နှစ်အရွယ် မေမြတ်နိုးဟာ လူကြိုက်အများဆုံးဆုကိုလည်း ကနေဦးက
ရရှိထားပြီး မေလ ၃၁ ရက်နေ့ နောက်ဆုံးအဆင့်မှာ ကိုရီးယားအလှမယ်ကို
ယှဉ်ပြိုင်အနိုင်ယူကာ Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူးသွားတာပါ။
အခုနောက်ပိုင်း မြန်မာအလှမယ်တွေ နိုင်ငံတကာပြိုင်ပွဲတွေ
ဝင်ရောက်ယှဉ်ပြိုင်လာကြပြီး အများစုက အင်တာနက်မယ်ဆု၊
လူကြိုက်အများဆုံးဆု စတဲ့ မဲပေးစနစ်ဆုတွေ ရရှိခဲ့ကြချိန်မှာ မေမြတ်နိုးက
ပထမဆုံးအကြိမ် နိုင်ငံတကာ အလှမယ် သရဖူ ဆွတ်ခူးနိုင်သူ ဖြစ်လာပါတယ်။
ု
ကိုရီးယားရုပ်ရှင်အစည်းအရုံးရဲ့ အထူးအသင်းဝင်အဖြစ်
အသိအမှတ်ပြုခံခဲ့ရပြီး ကျောင်းစာသင်ရင်းနဲ့ ပရဟိတတွေလည်း လုပ်သွားမယ်၊
အနုပညာလောကထဲကိုလည်း ၀င်ရောက်ဖို့ ရှိတယ်လို့ ဆိုးလ်မြို့မှာ ရှိတုန်း
ဒီဗွီဘီက ဆက်သွယ်မေးမြန်းစဉ် မေမြတ်နိုးက ပြောခဲ့ပါတယ်။
By မျိုးဇော်လင်း (ဒီဗွီဘီ)
ဓာတ်ပုံ – မျိုးဇော်လင်း
Subscribe to:
Posts (Atom)