Tuesday, June 17, 2014

ဗြိတိသျှ သံတမန်တွေ ဦးဥတ္တရကို တွေ့ခွင့်ရ 

 ပြီးခဲ့တဲ့ သီတင်းပတ်က မဟာသန္တိ သုခကျောင်းကို ရဲအင်အားနဲ့ ဝင်ရောက် စီးနင်းခဲ့ ပြီးနောက် အဓမ္မ လူဝတ်လဲပြီး အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ ထားတဲ့ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းက ဆရာတော် ဦးဥတ္တရကို မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက သံတမန် နှစ်ယောက် ဇွန်လ ၁၇ ရက် အင်္ဂ࿿ါနေ့က သွားရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။
ဆရာတော်ဦးဥတ္တရကို ဥပဒေအရ ခုခံကာကွယ်ခွင့် ပေးဖို့နဲ့ သူ့ကို ရုံးထုတ်တဲ့ အခါ သံရုံးက ကိုယ်စားလှယ်တွေ ကိုလည်း တက်ရောက်ခွင့် ပေးဖို့ အစိုးရကို တောင်းဆို ထားတယ်လို့ သံရုံးပြောခွင့် ရသူက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ဦးဥတ္တရ အတွက် လိုအပ်ရင် ဆေးကုသမှု ခံယူခွင့်ပြုဖို့ကိုလည်း အစိုးရကို တိုက်တွန်း ထားတယ်လို့ ရန်ကုန်မြို့ ဗြိတိသျှ သံရုံးက ပြောရေးဆိုခွင့် ရှိသူ Joseph Fisher က ပြောပါတယ်။
ဦးဥတ္တရ အပါအဝင် ဖမ်းဆီး ထားတဲ့ သံဃာ ငါးပါးကို သောကြာနေ့မှာ ရုံးထုတ်မယ်လို့ သိရပေမဲ့ ဘယ်တရားရုံးမှာလဲ ဆိုတာတော့ မသိရသေးဘူးလို့ ဗြိတိသျှ သံရုံးက ပြောပါတယ်။
ထောင်တွင်းမှာ တွေ့မြင်ရတဲ့ အခြေအနေ နဲ့ပတ်သက်လို့လည်း သံရုံးက အသေးစိတ် ပြောဆိုခြင်း မရှိပါဘူး။
ဗြိတိန် နိုင်ငံသားဖြစ်တဲ့ ဦးဥတ္တရကို တွေ့ခွင့် ရခဲ့ ပေမဲ့ တခြား အဖမ်းခံ ထားရတဲ့ မြန်မာ နိုင်ငံသား သံဃာတွေနဲ့ ပတ်သက်လို့ တစုံတရာ မသိရကြောင်း သံရုံး ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
လောလောဆယ်မှာ ဦးဥတ္တရ အပါအဝင် သံဃာ ငါးပါးကို ရမန် ယူပြီး ဖမ်းဆီး ထားတာ ဖြစ်ပါတယ်။
 ဘီဘီစီ (မြန်မာပိုင်း)

 

မဟာသန္တိသုခ ကျောင်းတိုက် နဲ့ပတ်သက်ပြီး သိကြစေချင်လွန်းလို့..(ဟာဂျူလီ-ကသာ) 

 မနက်က မိတ်ဆွေတစ်ယောက်နဲ့ စကားပြောကြရင်း မဟာသန္တိသုခ ကျောင်းတိုက်အကြောင်းရောက်သွားပါတယ်၊အဲဒီမှာ မိတ်ဆွေပြောလိုက်တဲ့စကားတစ်ခွန်းက
“ကိုဂျူ..ဒီအချိန်မှာ မဟာသန္တိသုခ ကျောင်းတိုက်က ဆရာတော်တွေကို နှင်မထုတ်ဘူးဆိုရင် ဘာဖြစ်သွားမှာ မို့တဲ့လဲ” တဲ့၊ သူ့အမေးစကားကြားတော့မှ ကျွန်တော်
ဖေ့ဘွတ်မိတ်ဆွေတွေကို ရှင်းလင်းရဦးမယ့် ကိစ္စလေးတွေ အတွေးပေါ်လာမိပါတယ်၊
တကယ်တမ်းပြောရရင် ဒီမဟာသန္တိသုခ ကျောင်းတိုက်ကို အစရှာပြီး ပြဿနာကို မီးခွက်ထွန်းရှာတဲ့သူတွေဟာ သူတို့ရင်ထဲ စူးနေတဲ့ ဆူး(၃)ချောင်းကို နှုတ်လိုက်တဲ့်တဲ့သဘောဖြစ်ပါတယ်၊
ဒီဇာတ်လမ်းတွေကို ပြောရရင် မဟာသန္တိသုခ ကျောင်းတိုက်ရဲ့ သမိုင်းလေးက စပြောမှ ပြည့်စုံမှာ ဖြစ်ပါတယ်၊န၀တအနေနဲ့ နိုင်ငံတကာရဲ့ လှစ်လှူရှုခြင်းခံနေရတဲ့၁၉၉၀လွန်
ကာလ မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့်မှီ ဗုဒ္ဓဘာသာကျောင်းဆောက်ချင်နေတဲ့အချိန် ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးကို ဆောင်ရွက်ချင်တဲ့ (ပီနန်ဆရာတော် လို့ကမ္ဘာကသိတဲ့)
ဘဒ္ဒ န္တပညာဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ကို မြေဂရံ ချပေးပြီး သာသနာပြုကျောင်းဆောက်ခွင့်ပေးခဲ့ပါတယ်၊ ဒီလိုမြေနေရာပေးခဲ့တာဟာလည်း စေတနာဆိုတာထက်
ကမ္ဘာကျော်တဲ့ ပီနန်ဆရာတော်ရဲ့ အရှိန်အ၀ါနဲ့ ကမ္ဘာ့နိုင်ငံများကို မျက်စ ပစ်ပြချင်လိုပါပဲ၊ကမ္ဘာအရပ်ရပ်ကလည်း ပီနန်ဆရာတော်ကြီးရဲ့ မျက်နှာနဲ့ ပီနန်ဆရာတော်ကြီးကို ရည်ရွယ်ပြီး
နိုင်ငံခြားငွေတွေ ၀ိုင်းလှူကြပါတယ်၊ ကျွန်တော် အစောပိုင်းကရေးခဲ့သလို အဲဒီခေတ် န၀တအကြီးအကဲတွေကလည်း နိုင်ငံတကာက မြင်အောင် ပီနန်ဆရာတော်ရဲ့ ကျောင်းဖြစ်မြောက်ရေးအတွက်
ဝိုင်းဝန်းကူညီခဲ့ကြပါတယ်၊အဲဒီလို နိုင်ငံတော်အကြီးအကဲတွေက ပီနန်ဆရာတော်ကြီးကို မျက်နှာသာပေးပြီး အုတ်အုတ်ကျက်ကျက် ကူညီနေရာပေးနေတာဟာ သာသနာရေးဌာနက ဦးအံ့မောင်တို့တတွေနဲ့
မဟန( နိုင်ငံတော်သံဃမဟာနာယကအဖွဲ့) က အချို့ ဆရာတော်အတွက် ပထမဆုံး သူတို့ရင် စိုက်ဝင်စေခဲ့ ဆူးတစ်ချောင်းဖြစ်ခဲ့ပါလိမ့်မယ်၊ ဖြစ်ပေါ်ခဲ့တဲ့ ပီနန်ဆရာတော်ရဲ့ သာသနာပြုကျောင်းဟာ ဘယ်သူမှ မထင်ထားတဲ့ ခံ့ညားထည်ဝါမှု၊ ခေတ်မီသစ်လွှင်မှုတွေကြောင့်
နိုင်ငံတော်အဆင့်တွေ မျက်စိကျစရာလည်း ဖြစ်ခဲ့ကြပါတယ်၊ ကျောင်းကြီးပြီးတော့ သာသနာနဲ့အညီ သံဃာတစ်ပါးထည်းရဲ့ ပစ္စည်းမဟုတ်ဘဲ သံဃာအများပိုင်တဲ့ သံဃိတပစ္စည်းအဖြစ်ရေစက်ချခဲ့ပြီး
ပီနန်ဆရာတော်ကြီးကို ရက္ခကဂေါပကအဖြစ် ပြန်လှယ်နပ်နှံခဲ့ကြပါတယ်၊ အဲဒီလို ပီနန်ဆရာတော်ကြီးကို ရက္ခကဂေါပကဖြစ်ပြီးတဲ့နောက် ကမ္ဘာ့အဆင့်မှီ သာသနာတော်ကျောင်းကြီးဖြစ်ဖို့ သင်တန်းတွေဖွင့်လှစ်
ဆောင်ရွက်ခဲ့ပါတယ်၊အောင်လည်း အောင်မြင်ခဲ့ပါတယ်၊အဲဒီလို မဟန( နိုင်ငံတော်သံဃမဟာနာယကအဖွဲ့)နဲ့ သာသနာရေးတို့ မပါဘဲ ပီနန်ဆရာတော်ကြီးနဲ့ န၀တတွေ ပေါင်းလုပ်နေတာဟာလည်း သာသနာရေးဌာနက ဦးအံ့မောင်တို့တတွေနဲ့
မဟန က အချို့ ဆရာတော်အတွက် ဒုတိယမြောက် ဆူးကြီး ဖြစ်ခဲ့နိုင်ပါတယ်၊ ၂၀၀၄ခုနှစ်မှာ ပီနန်ဆရာတော်ကြီး သီတင်းသုံးရာ မလေးရှာနိုင်ငံ ပီနန်မြို့သို့ ၀န်ကြီးချုပ်ဦးခင်ညွှန့်က စာတစ်စောင်ရေးသားဆက်ကပ်ခဲ့ပါတယ်၊
အဲဒီစာထဲမှာ မဟန( နိုင်ငံတော်သံဃမဟာနာယကအဖွဲ့)သို့ စနစ်တကျထိန်းသိမ်းစောင်ရှောက်နိုင်ရန် အပ်နှံခဲ့ပါကြောင်း၊ထိုသို့အပ်နှံခြင်းမှာ ကျောင်းကို သိမ်းပိုက်ခြင်း မဟုတ်ဘဲ စီမံခန့်ခွဲအုပ်ချုပ်ခွင့်ကိုသာ အပ်ခြင်းဖြစ်ကြောင်း
ပီနန်ဆရာတော်ကြီး ကို ရေးသားလျှောက်ထားခဲ့ပါတယ်၊ အဲဒီနောက်မှာတော့ စီမံခန့်ခွဲမှု ငှားရမ်းမှုတွေအားလုံးဟာ သာသနာရေး လက်ထဲရောက်သွားပါတော့တယ်၊
အဲဒီကြားထဲ (၂၀၀၇)ခုနှစ်မှာ ရွှေဝါရောင်သံဃာ့အရေးအခင်းကြီး ဖြစ်လာပါတယ်၊ သံဃာတွေကို ဖမ်းဆီး ထောင်ချ ရိုက်နှက် တာတွေနဲ့ပတ်သက်ပြီး မဟနရဲ့ ဆောင်ရါက်မှုတွေကို သဘောမတွေ့တဲ့
ပြည်ပရောက် မစိုးရိမ်ဆရာတော်၊ ပီနန်ဆရာတော်၊(ယခုလူဝတ်လဲ ထောင်ချခံရတဲ့)လန်ဒန်ဆရာတော်တို့ဦးဆောင်ပြီး သံဃဦးသျှောင်အဖွဲ့ ဖွဲ့ပြီး မဟနကို ဝေဖန်တာတွေ လုပ်ခဲ့ပါတယ်၊
အဲဒါတွေဟာ ဦးအံ့မောင်တို့အတွက် အကြီးမားဆုံး တတိယဆူးကြီး ဖြစ်ခဲ့မယ်ထင်ပါတယ်၊၊ အခုအချိန်မှာ မဟာသန္တိသုခ ကျောင်းတိုက်ရဲ့ မင်္ဂလာခန်းမ(၂)ဆောင် ငှားရမ်းခ
၊အစည်းအဝေးခန်းမငှားခ၊ ဆက်သွယ်ရေးတာဝါတိုင်နေရာငှားရမ်းခအပါအ၀င် တစ်လကို ၀င်ငွေ သိန်း(၅၀၀) နဲ့(၁၅၀၀)ကြားရရှိခဲ့ပါတယ်၊ ဒီကိစ္စတွေကို ပီနန်ဆရာတော်က ဘာမှ မပြောဘဲ သူမြန်မာနိုင်ငံရောက်လာရင် သူ့အတွက်ရှိနေတဲ့
ကျောင်းဆောင်မှာဘဲ သီတင်းသုံးပါတယ်၊ဆရာတော် မရှိရင် ဆရာတော်ရဲ့ တပည့်တွေ သီတင်းသုံးကြပါတယ်၊အဲဒီလို နေထိုင်မှုကို မဟနက ထွက်ပေးဖို့ စာထုတ်ပါတယ်၊ပီနန်ဆရာတော်ကြီးက ဒီလိုနင်ထုတ်မှုကို နိုင်ငံတော် သမ္မတကြီးထံ
စာရေးအသိပေးပါတယ်၊ ဦးသိန်းစိန်ကလည်း ဦးညိုအုန်းမြင့်ကို လွှတ်ပြီး မစိုးရိမ်ဖို့ အေးချမ်းစွာ သီတင်းသုံးနေထိုင်ဖို့ ပီနန်ဆရာတော်ကြီးကို လျှောက်ထားပါတယ်၊ နိုင်ငံတော်သမ္မတကိုယ်တိုင်က အဲဒီလို လျှောက်တင်ခဲ့ပေမယ့်
မဟနကလည်း ထွက်ပေးဖို့ စာ(၃)ကြိမ်ထုတ်ခဲ့ပြီး မနာခံလို့ဆိုပြီး ၁၀၊၆၊၁၄ရက်နေ့ ည(၁၁)နာရီမှာ လုံခြုံရေးအင်အားတွေသုံးပြီး သီတင်းသုံးနေတဲ့ဆရာတော်တွေကို ပင်ဆောင်ပြီး လူဝတ်လဲ ထောင်ထဲပို့ လုပ်ခဲ့တာပါ၊
ဒီဖြစ်စဉ်တွေအပေါ်မှာ သီတဂူဆရာတော်ကလည်း သူရဲ့ ဗုဒ္ဓတက္ကသိုလ်တွေကို သံဃိတပိုင်ဆိုပြီး ဦးအံ့မောင်တို့ လာသိမ်းမှာ စိုးရိမ်တော်မူတယ်လို့ တရားဝင်မိန့်ကြားသွားခဲ့ပါတယ်၊
ဒီလို မတရားတဲ့ဖြစ်စဉ်အပေါ် ဗုဒ္ဓဘာသာဝင် အတော်များမျာက မကျေနပ်ကြပါဘူး၊ ဒီမကျေနပ်ချက်တွေကြောင့် မလိုလားတဲ့အုံကြွမှုဖြစ်လာပြီး(၂၀၁၅)ကိုထိခိုက်အောင် ကြံရွယ်တယ်ဆိုတဲ့ စကားတွေ ဆူညံနေသလို
ငြိမ်နေရင် ဒီထက်ပိုပြီးပြဿနာရှာလာမှာကိုလည်း စိုးရိမ်သူတွေ ရှိနေကြပါတယ်၊ အချို့ သမ္မတကြီးဦးသိန်းစိန်ကို ယုံကြည်သူတွေကလည်း ဒီဖြစ်စဉ်မှာ ဦးသိန်းစိန် ရဲ့ စကားဟာ
ပြီးပြီးပျောက်ပျောက် အရာမထင်တဲ့အတွက် ဦးသိန်းစိန်အတွက် အမည်းစက်ထင်သွားတဲ့ သမိုင်းကြွေးဖြစ်သွားပြီလို့ ဆိုကြပါတယ်၊
အဲဒီလို အပြောအဆိုတွေကြားမှာ ဦးအံ့မောင်က သူ့ကိုယ်သူ သမ္မတရုံးရဲ့ အကြံပေးပုဂ္ဂိုလ်ဆိုပြီး သတင်းစာရှင်းလင်းပွဲတွေ ထလုပ်ပါတယ်၊ လူထုတွေအနေနဲ့လည်း သူတို့ မသိသေးတဲ့ သမ္မတအကြံပေးတွေ ရှိနေပါသေးလားဆိုတဲ့အတွေးတွေ ၀င်လာတဲ့အချိန်မှာဘဲ
သမ္မတရုံးကတာဝန်ရှိသူတွေကလည်း ဦးအံ့မောင်ဟာ သမ္မတရဲ့ အကြံပေး မဟုတ်ဘူးလို့ ငြင်းလာပြန်ပါတယ်၊ ဒီလို အခြေအနေတွေအပေါ် လူထုတွေက ကိုယ်မြင်ရာကိုယ်ပြော ကိုယ်ထင်ရာတွေး ကွဲလွဲနေကြသော်လည်း ဗုဒ္ဓဘာသာဝင်လူထုတွေ အားလုံးရဲ့
ညီညွတ်စွာ လက်ခံချက်ကတော့ “ဒီ မဟာသန္တိသုခ ကျောင်းတိုက်
ဖြစ်စဉ်ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီဆိုတာပဲ ဖြစ်ပါတော့တယ်ခင်ဗျား..။

(ဟာဂျူလီ-ကသာ)

Oppo Phone မှာပါတဲ့ Myanmar keyboard နဲ့ Myanmar Language ကို တစ်ခြား Android Phone ပေါ်တွင် သုံးမယ်

 Oppo Phone မှာပါတဲ့ Myanmar keyboard နဲ့ Myanmar Language ကို
တစ်ခြား Android Phone ပေါ်တွင် သုံးမယ်။
Android Phone 4.0.3 အထက်ဖုန်းများတွင် ရပါသည်။
OPPO ဖုန်းအတွက် ထုတ်ထားတဲ့ SWYPE ကီးဘုတ်ပါ ။ မြန်မာ Language လဲပါပါတယ် ။
မြန်မာကီးဘုတ်စာလုံး အထားအသိုအနေအထား ၂ မျိုးထားလို့ရပါတယ် ။ ပုံမှန်အတိုင်း အင်စတောရုံပါပဲ ။Android 4.0.3 နဲ့အထက် ဖုန်းအားလုံးမှာသုံးလို့ရတယ်လို့သိရပါတယ် ။
Language မှာ ဗမာစကားဆိုတာကိုဒေါင်းပေးရပါမယ်။လိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းလိုက်ပါ


http://www.solidfiles.com/d/06aa0ac4f5/Oppo_Platform.1.6.10.28164-%5BOPPO0519%5D.apk
သူတို့ချင်း ကျ မျက်ကွယ် ပြုတတ်ကြပါတယ်.....................

The open sky ရဲ့ဖြစ်ကြောင်းရယ်တဲ့ကုန်စင်

-------------------------------------------------------------------------


 


 မနေ့က ၀ဇီရာရုပ်ရှင်ရုံမှာမပြဖြစ်တဲ့ The open sky
အကြောင်းကို အင်ဒိုနီးရှားဇတ်လမ်းဖြစ်တဲ့
Jalanan ကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာက
မပြဖြစ်တဲ့အတွက်ဝမ်းနည်းကြောင်းနဲ့

သူတို့ဇာတ်လမ်း Jalanan နဲ့ တွဲပြဖို့
စီစဉ်ထားတဲ့အကြောင်းပြောပြသွားပါတယ်။
Jalanan ဇတ်ကားနဲ့ တွဲပြချင်တဲ့
ရယ်ရွယ်ချက်ကမူဆလင်တွေဟာသနား
ဖို့အင်မတန်မှကောင်းကြောင်းဝါဒဖြန့်ဖို့

ဆိုတာထင်ရှားတာတွေ့ရတယ်။
Jalanan ဇတ်ကားအကျဉ်းချုပ်က
အင်ဒိုးနီးရှားမူဆလင်ဆင်းရဲသားတွေ
ကိုသနားစဖွယ်ရိုက်ပြထားတာပါ။တကယ်လို့ the open sky သာပြဖြစ်ခဲ့မယ်ဆိုရင်

ြဲမြန်မာပြည်ကမူဆလင်တွေကိုမတရား
သတ်ဖြတ်နေတယ်ဆိုပြီးကမ္ဘာကိုဝါဒဖြန့်
ပြီးသားဖြစ်သွားမှာပါ။အကွက်ကျကျစီစဉ်
ရိုက်ကူးထားတယ်ဆိုတာအထူးပြောစရာ
မလိုပါဘူး။
ဒီလိုရိုက်ကူးဖို့အတွက် OIC က
ဒေါ်လာဘယ်နှသန်းအကုန်ကျခံပြီး
ပေးခဲ့သလဲတော့မသိဘူး မြန်မာဒါရိုက်တာ
မင်းထင်ကိုကိုကြီးဆိုသူတောင် တိုင်းပြည်

နဲ့လူမျိုးမျက်နှာကိုပြောင်ပြောင်တင်းတင်း
အိုးမည်းသုတ်ဝံ့တာသာကြည့်တော့။
တနည်းအားဖြင့် မင်းထင်ကိုကိုကြီးဆိုသူဟာ တိုင်းပြည်နဲ့


လူမျိုးရဲ့ဂုဏ်သိက္ခာကိုရောင်းစားခဲ့တယ်
လို့ဆိုရင်မှားမယ်မထင်ကြောင်းပါခင်ဗျား။
by Ko Yangon




အင်တာနက်၌ချစ်ကြိုက်နေသည့်ချစ်သူမိန်းကလေးကိုသတ်ကာပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား ။

--------------------------------------------------------------------------

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ အင်တာနက်ပေါ်တွင် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းက စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံသို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။
ယင်းသို့အလောင်းအား ရင်ခွဲစစ်ဆေးရာ သေဆုံးသူမှာ ၀ဲဘက်ပခုံး ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းအရေခွံ အရေပြားစုတ်ပြဲဒဏ်ရာ၊ နောက်စေ့တည့်တည့် ဦးခေါင်းခွံအက်ကွဲ၊ အပေါ်သွားလေးချောင်းနှင့် အောက်သွားလေးချောင်းကျွတ်ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ ဆက်လက်စုံစမ်းရာ သေဆုံးသူမှာ တိုးချဲ့ (၃)ရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အ၀တ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ်ဖြစ်ကြောင်းနှင့် အခင်းဖြစ်မည့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အ၀တ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
"အသတ်ခံရတဲ့ကောင်မလေးနဲ့ ကျူးလွန်သွားတဲ့သူက အင်တာနက် Viber ပေါ် မှာတွေ့ရင်း ငြိစွန်းနေတယ်လို့ သိရတယ်။ ပြီးတော့ အခင်းမဖြစ်ခင် ယူသွားတဲ့ ပိုက်ဆံ သိန်း ၂၀ ရယ်၊ သူဝတ်ဆင်သွားတဲ့ ဆွဲကြိုး၊ လက်စွပ်တို့ဟာ အလောင်းကိုတွေ့တဲ့အချိန်မှာ ပျောက်ဆုံးနေတယ်။ အခင်းဖြစ်တဲ့ဝါးရုံထဲမှာ သူ့လက်ဆွဲအိတ်အခွံရယ်၊ ငါးထောင်ကျပ်တန် နှစ်ရွက်၊ ထီး၊ ဖိနပ်နဲ့ အ၀တ်ဝယ်ရင်ထည့်မယ့် အိတ်တို့ကိုပဲ တွေ့ရတယ်" ဟု မင်္ဂလာဒုံမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ဇွန် ၁၆ ရက်တွင် ပြောကြားသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှာ အသတ်ခံရသူမိန်းကလေး၏ လက်ကိုင်ဖုန်းနံပါတ်အားစုံစမ်းပြီး မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားစုံစမ်းခဲ့ပြီး အခင်းမဖြစ်မီ နံနက်စောစောပိုင်းတွင် အများဆုံးဆက်သွယ်ထားသည့် ဖုန်းနံပါတ်မှာလည်း ၀၉ -----ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
"ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးကိုသွားပြီး အခင်းမဖြစ်ခင် အခေါ်များခဲ့တဲ့ အဲဒီဖုန်းနံပါတ်ကို စုံစမ်းတယ်။ အဲဒီဖုန်းကို အမည်ပေါက်ဖုန်းပိုင်ရှင် အောင်--ဆိုတဲ့ သူကမကိုင်ဘဲ၊ သူ့သူငယ်ချင်းဖြစ်တဲ့ ဇာ--ဆိုတဲ့သူက ကိုင်တာဖြစ်ပြီးတော့ အခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့နှစ်ဦး အတူတူရှိနေတယ်လို့ ခြေရာခံမိတယ်။ ပြီးတော့ အလောင်းကပုပ်ပွနေတဲ့အတွက် ကာမကျူးလွန်ခံထားရမှု ရှိ မရှိကို တိကျတဲ့ဆေးစစ်ချက် မထွက်ရှိသေးပါဘူး" ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါဖုန်းနံပါတ်ကို တွေ့ရှိရပြီးနောက် မြန်မာ့ဆက်သွယ်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါဖုန်းကိုင်ဆောင်သူမှာ ရွာသာအေးရွာ၊ နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေ အသက် ၂၄ နှစ်အရွယ် ဇာ--ဆိုသူဖြစ်ကြောင်းနှင့် ၎င်းမှာ ဇွန် ၉ ရက်တွင် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ GI Group ကားဂိတ်မှ ယာဉ်အမှတ် ၅ဃ/....ဖြင့် မန္တလေးသို့ထွက်ခွာသည့် ခုံအမှတ် (၁၁) တွင် ကိုဇာ-- ၈/နမန (နိုင်)----- အား စိစစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါစစ်ဆေးတွေ့ရှိမှုအတွက် မင်္ဂလာဒုံမြို့မရဲစခန်းက (ပ) ၂၅၈/၁၄ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရန် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
Eleven Media Group

MH370 လေယာဉ်ပျောက်ဆုံးမှု ရက်ပေါင်း (၁၀၀) ပြည့်မြောက်

----------------------------------------------------------------------

ဘေဂျင်းမြို့ရှိ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုတွင် ကျန်ရစ်သူဆွေမျိုးများ ဆုတောင်းနေစဉ် Photo - REUTERS


MH370 ခရီးသည်တင် လေယာဉ်ပျောက်ဆုံးမှုကြီး ဖြစ်ပွားခဲ့သည့်မှာ ရက်ပေါင်း(၁၀၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ လေယာဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းအစအန ရှာမရသေးဘဲ ရှိနေဆဲဖြစ်သည်။
မတ်လ(၈)ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်းစဉ် ပျောက်ကွယ်သွားသည့် လေယာဉ်ပေါ် လိုက်ပါသွားသူများအနက် တရုတ်နိုင်ငံသားများ၏ ကျန်ရစ်သူ မိသားစုများက ရက်ပေါင်း(၁၀၀)ပြည့် ဆုတောင်းပွဲများ ကျင်းပသွားမည်ဟု ပြောကြားခဲ့သည်။
မလေးရှား လေကြောင်းလိုင်းက ၎င်းတို့၏ လေယာဉ်ကို ရှာဖွေ့တွေ့ရှိနိုင်ရန် ဆက်လက် ကြိုးစား အားထုတ်နေမည်ဟု ကတိပြုထားသော်လည်း ယခုအချိန်ထိ သိသာစွာ တိုးတက်လာသည့် သတင်းအချက်အလက်မျိုး လက်ဆုပ်လက်ကိုင် မပြနိုင်သေးချေ။
MH370သည် တရုတ်နိုင်ငံသား အများစု အပါအဝင် လူပေါင်း (၂၃၉)ဦးကို တင်ဆောင်ရင်း ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
လေယာဉ်ပေါ် ပါသွားသူများ၏ ဆွေမျိုးသားချင်းများသည် ရက်(၁၀၀)ပြည့် ကြေကွဲမှု အခမ်းအနားအတွက် ဘေဂျင်းတွင် စုရုံးဖြစ်ခဲ့ကြသည်။ အစ်မဖြစ်သူ လေယာဉ်ပေါ် ပါသွားသည့် ဒိုင်ရှူကွင်းက သူမအနေဖြင့် လက်ရှိအခြေအနေတွင် ဆုတောင်းနေရုံမှလွဲ၍ တစ်စုံတစ်ရာ မတတ်နိုင်ကြောင်း ဝမ်းနည်းကြေကွဲစွာ ပြောကြားခဲ့သည်။

“ကျွန်မတို့ရဲ့ မိသားစုဝင်တွေကို ပြန်မတွေ့ရတော့ဘူးလေ။ ကျွန်မတို့တွေ ဘာလုပ်ရမလဲ ဆိုတာလည်း သေချာမသိဘူး။ ဘာသတင်းမှလည်း မရသေးဘူး။ ဗုဒ္ဓမြတ်စွာဘုရားဆီမှာ ဆုတောင်းဖို့ပဲ ကျွန်မတို့ တတ်နိုင်မယ်လေ။ သနားကြင်နာမှု နတ်သမီးက ကျွန်မတို့ကို ကောင်းချီးပေးပါစေ။ မျှော်လင့်ချက်ကိုတော့ ကျွန်မတို့ မစွန့်လွှတ်ချင်သေးဘူး။ လေယာဉ်ပေါ် ပါသွားသူတွေ အနေနဲ့ ကောင်းကင်ဘုံရဲ့ ကူညီစောင့်ရှောက်မှုကို ခံယူခွင့် ရပါစေလို့ ဆုတောင်းပါတယ်”ဟု ဒိုင်က ဆိုသည်။
မလေးရှား ဝန်ကြီးချုပ် နာဂျက်ဘ် ရာဇက်ကလည်း ဇွန်လ(၁၅)ရက်နေ့တွင် လေယာဉ်ပေါ် ပါသွားသူများ၏ မိသားစုဝင်များအား စာနာကြောင်း ပြောဆိုခဲ့သည်။ “MH370 ပျောက်ကွယ်သွားတာ ရက်ပေါင်း(၁၀၀) တိုင်ခဲ့ပါပြီ။ လေယာဉ်ပေါ် ပါသွားသူတွေနဲ့ မိသားစုအတွက် အမြဲတမ်း အလေးထား အမှတ်ရနေမှာပါ။ မလေးရှား နိုင်ငံဟာ ရှာဖွေရေး လုပ်ငန်းတွေအတွက် စူးစိုက် အားထုတ်နေဆဲ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က Twitterမှတစ်ဆင့် ကတိပြု ပြောဆိုသွားသည်။


သမ္မတမှစ၍ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အဆင့်ပုဂ္ဂိုလ်များ ၀င်ငွေခွန်ပေးဆောင်ရမည်
---------------------------------------------------------------------

သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများလည်း ၀င်ငွေခွန်ပေးဆောင်ရတော့မည်ဖြစ်သည်။ (ဓာတ်ပုံ - သမ္မတရုံး)




 

 နိုင်ငံတော်သမ္မတမှစ၍ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်ပုဂ္ဂိုလ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်  ဒေသဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား ချီးမြှင့်ငွေများကို ၀င်ငွေခွန်ပေးဆောင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ထောက်ခံထားကြောင်း သတင်းရရှိသည်။
အဆိုပါပုဂ္ဂိုလ်များ၏ ချီး မြှင့်ငွေ၊ စရိတ်နှင့် အဆောင်အ ယောင်များဆိုင်ရာဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်း ငါးခုကို အမျိုးသားလွှတ်တော်တွင် ဆွေး နွေးအတည်ပြုပြီးနောက် ပြည် သူ့လွှတ်တော်သို့ ပေးပို့ခဲ့ရာ ပြည် သူ့လွှတ်တော်ဥပဒေကြမ်းကော်မ တီက အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း လွှတ် တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါအတည်ပြုချက်ကို ပြည်သူ့လွှတ်တော်တွင်လည်း ထပ်မံအတည်ပြုခဲ့ပါက အဆင့် အသီးသီးမှ အုပ်ချုပ်သူ အစိုးရအ ဖွဲ့ဝင်အားလုံးသည် ပြည်သူများ နှင့် နည်းတူလစာချီးမြှင့်ငွေမှ ၀င်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။
အဆက်ဆက်သော အစိုးရ များလက်ထက်မှ ယခုအစိုးရသစ်လက်ထက်ထိအဆင့်အသီးသီးမှ အုပ်ချုပ်သူ အစိုးရအဖွဲ့ဝင် အားလုံးသည် ၀င်ငွေခွန် မပေးဆောင်ခဲ့ရပေ။
အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းလိုက် သော ၀င်ငွေခွန်ဥပဒေသစ်အရ တစ်နှစ်ဝင်ငွေ ကျပ် ၁၈ သိန်းနှင့် အ ထက်ရရှိသော သူများသည် ၀င် ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရပြီး ယခု ၂၀၁၄ ဘဏ္ဍာနှစ်တွင် ထပ်မံပြဋ္ဌာန်းခဲ့သော ဥပဒေအရ တစ်နှစ်လျှင် အနည်းဆုံးဝင်ငွေကျပ်ငါးသိန်းရရှိသူပင်လျှင် ၀င်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။
လက်ရှိဥပဒေအရ နိုင်ငံ တော်သမ္မတ၏ လစာငွေသည် တစ်လလျှင် ကျပ်သိန်း ၅၀ ဖြစ် ပြီး ပြည်ထောင်စုဝန်ကြီးများသည် သိန်း ၃၀၊ ၀န်ကြီးဌာန ဒုတိယ၀န် ကြီးများသည် သိန်း ၂၀၊ ပြည်နယ် နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် များနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် ကျပ်သိန်း ၃၀၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ ဥက္ကဋ္ဌများသည် ကျပ် ၁၀ သိန်း လစဉ်ချီးမြှင့်ငွေအဖြစ် ရရှိသည်။
အဆိုပါလစဉ်ချီးမြှင့်ငွေများ အပြင် အဆင့်အလိုက် စရိတ်နှင့် အဆောင်အယောင်များဖြစ်သည့် အသုံးစရိတ်၊ ကားနှင့် နေအိမ် စ သည့်တို့ကို ရရှိသော်လည်း အ ဆိုပါစရိတ်နှင့် အဆောင်အ ယောင်များအတွက် အခွန်ပေး ဆောင်ရန်မလိုကြောင်း ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီ က တင်သွင်းထားသည်။
ဥပဒေကြမ်းကော်မတီ၏ တင်သွင်းချက်ကို ပြည်သူ့လွှတ် တော်တွင် ဇွန်လ ၂၀ ရက်၌ ဆွေး နွေးမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ပြီး ပါက ဥပဒေအဖြစ် အသက်ဝင် ကာ သတ်မှတ်ထားသည့် ပမာဏ များအတိုင်း အစိုးရအဖွဲ့ဝင်များ သည် အခွန်ပေးဆောင်ရမည်ဖြစ် သည်။