Saturday, June 28, 2014

 ကျောင်းသူတစ်ဦးကို ရေသန့်ဘူးထဲ လိင်စိတ်ကြွဆေး ခပ်တိုက်၍ အဓမ္မပြုကျင့်ပြီး အင်တာနက်တင်မည်ဟု ခြိမ်းခြောက်သူကို အမှုဖွင့် 

 

ေ ရွှေဘိုခရိုင် ကန့်ဘလူမြို့ ၌ ဧပြီ ၁၄ ရက်တွင် ဒသမတန်း ကျောင်းသူ တစ်ဦးကို ရေသန့်ဘူး ထဲ၌ လိင်စိတ်ကြွဆေး ခပ်တိုက်၍ သားမယား အဖြစ် ပြုကျင့်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ် ဟန်လင်းမြို့ ဟောင်းတွင် နေထိုင်သည့် တေဇာဝင်း (ခ) မွတ်တား သည် ကန့်ဘလူမြို့ မြန်မာ - အာရဗီ သိပ္ပံကျောင်း၌ ကျောင်းတက်ရန် ဇနီးဖြစ်သူ၏ အဒေါ် နေအိမ်၌ သွားရောက် နေထိုင် ခဲ့သည်။ ထိုသို့ တည်းခို နေထိုင်စဉ် ဧပြီ ၁၄ ရက် ည ၁၂ နာရီက အဆိုပါ နေအိမ် အပေါ်ထပ်တွင် စာကျက် နေသည့် အသက် ၁၅ နှစ်အရွယ် ၁ဝ တန်း ကျောင်းသူ မ----၏ ရေသန့်ဘူးကို ရေဖြည့် ပေးမည်ဟု တေဇာဝင်း (ခ) မွတ်တား က ယူဆောင် သွားခဲ့ပြီး အဆိုပါ ရေသန့်ဘူး အတွင်းမှ ရေများကို မ----- က သောက်သုံး မိခဲ့ရာ ကိုယ်ခန္ဓာ ခြေလက်များ လှုပ်ရှားမရ ချိန်၌ တေဇာဝင်း (ခ) မွတ်တားက အလို မတူဘဲ အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် ၂ဝ ရက်က အမည်မသိသူ တစ်ဦးသည် မ----၏ မိဘများထံ ရောက်လာပြီး စာတစ်စောင် နှင့် ဒီဗွီဒီ အခွေ တစ်ချပ်ကို တေဇာဝင်း (ခ) မွတ်တား က ပေးခိုင်း၍ လာရောက် ပေးကြောင်း ပြောပြ၍ ပေးသွား ခဲ့သည်။ အဆိုပါ စာကို မ---၏ မိဘများက ဖွင့်ဖောက် ကြည့်ရာ တေဇာဝင်း (ခ) မွတ်တား က မ----ဆို သူနှင့် သားမယား အဖြစ် နေထိုင်ပြီး ဖြစ်ကြောင်း၊ အပျိုစင် ဘဝကို ဖျက်ဆီးပြီး ဖြစ်ကြောင်း၊ မ-----နှင့် သားမယား အဖြစ် နေထိုင်သည် ကို ဗီဒီယို ရိုက်ကူး ထားကြောင်း၊ ထိုအခွေကို ပို့လိုက်ကြောင်း၊ မ----နှင့် ၄င်းကို မပေး စားပါဘဲ တိုင်ကြားပါက အင်တာနက် ပေါ်တင်ပြီး တစ်ကမ္ဘာလုံး သိ၍ အရှက်ရ စေမည် ဖြစ်ကြောင်း၊ အဆိုပါစာတွင် ခြိမ်းခြောက် ဖော်ပြထား သည်ကို မ-----၏ မိဘများက ဖတ်ရှုသိရှိ ခဲ့ရသည်။ ထို့ကြောင့် မ------မိဘများက ကန့်ဘလူမြို့မ ရဲစခန်းသို့ အမှုဖွင့် အရေးယူ ပေးရန် တိုင်တန်း ခဲ့သည်။
အဆိုပါ တိုင်တန်းချက် နှင့် ပတ်သက် ၍ ကန့်ဘလူမြို့မ ရဲစခန်းက ဇွန်၂၇ ရက် ည ၈ နာရီခွဲက တေဇာဝင်း (ခ) မွတ်တား ကို ပြစ်မှုကြီး ဖြစ်စဉ် အမှတ်၈/၂ဝ၁၄ (ပ)၁၇၇/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် ဆာင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၅၄)
Yadanarpondaily

ဦးဆန်းဆင့်ကို ထိန်းသိမ်းခဲ့၍ ဧရာဝတီတိုင်းမှ လယ်သမားများ ဆန္ဒထုတ်ဖော်မည်

                              ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့် (ဓာတ်ပုံ - နေလင်းထွန်း)


သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အားထိန်းသိမ်းခဲ့သည့်အတွက် ဧရာဝတီ တိုင်းအတွင်းမှ လယ်သမားများ နှင့် ဒေသခံများက ဇူလိုင် ၁ ရက် တွင် ပန်းတနော်မြို့၌ ကန့်ကွက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆန္ဒ ပြပွဲစီစဉ်သူများက ပြောသည်။

 အဆိုပါဆန္ဒပြပွဲကို နံနက် ၁၀ နာရီတွင်  စတင်မည်ဖြစ်ပြီး ပုသိမ်၊ ပန်းတနော်၊ ငပုတော၊ ကျောင်းကုန်း၊ ကန်ကြီးထောင့် ဒေးဒရဲ၊ မြောင်းမြ စသည့်ဒေသ တွင်း မြို့နယ်များမှ လယ်သမား များ၊ ဒေသခံများပါဝင်မည်ဖြစ် ကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်၏ ဧရာ ဝတီတိုင်းတာဝန်ခံဦးကြည်လွင် က ပြောသည်။
‘‘ဦးဆန်းဆင့်ဟာ တိုင်း လွှတ်တော်ဥက္ကဋ္ဌလုပ်တုန်းကလည်း ပါတီမျက်နှာမကြည့်ဘဲ ပြည်သူ့မျက်နှာကြည့်ပြီး လုပ်တဲ့သူဖြစ်တယ်’’ဟု ဦးကြည်လွင်ကပြောသည်။
ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဦးဆန်းဆင့်သည်  အစိုးရသစ် လက်ထက်တွင် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန် ပေးခံခဲ့ရပြီး ထိုစဉ်ကတည်းက ဒေသခံများ၏ ထောက်ခံမှုကို ရရှိခဲ့သူဖြစ်သည်။ ထိုစဉ်က လယ်သိမ်းခံရမှုများ၊ အင်းလုပ်ငန်းများအကြား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် နာမည်ကောင်းဖြင့် ကျော်ကြားခဲ့သူလည်းဖြစ်သည်။ ဦးဆန်းဆင့်သည် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်အပါအ၀င်သူ၏အစိုးရ အဖွဲ့ဝင်များနှင့် ဆက်ဆံရေး မပြေလည်သူဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတိုင်း လွှတ်တော်ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံခဲ့ရသူဖြစ်သည်။
ဦးဆန်းဆင့်အား တိုင်းလွှတ် တော်ဥက္ကဋ္ဌရာထူးမှဖယ်ရှားပြီး သာသနာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်စဉ်ကလည်း ဒေသခံများ က ပန်းတနော်မြို့တွင် ဆန္ဒပြခဲ့ ကြသေးသည်။
‘‘အခုအစိုးရလုပ်နေတဲ့ပုံစံ က သူလုပ်ချင်တာလုပ်တယ်။ တစ်ပါတီအာဏာရှင်၊ စစ်အာ ဏာရှင်ပုံစံဖြစ်နေတယ်။ ဘာ ကြောင့် အရေးယူတယ်ဆိုတာ ပြည်သူကိုချပြဖို့တော့ လိုအပ် တယ်’’ဟု ဦးကြည်လွင်က ပြော သည်။
သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် နိုင်ငံပိုင်ငွေများ အလွဲသုံးစားလုပ် သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဇွန်လ၁၉ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။

 အစိုးရ၏် ညံဖျင်းမှု့ တစ်ဖို့တည်း ကြည့်တဲ့ အုပ်ချုပ်မှု့ တို့ကြောင့် ပဒေသရာဇ် ခေတ်နှင့် မခြား ကျွန်အဖြစ်ရောင်းစားခံနေရသော သနားစရာ မြန်မာများ၏ါ (စင်္ကာပူ)


ကြိုးဟောင်းများကြောင့် လျှပ်စစ်ဓာတ်အား ဆုံးရှုံးနေမှုကို ဦးစားပေး ပြင်ဆင်ဖြေရှင်းရန် စွမ်းအင်အကြံပေးပြောကြား

 ရန်ကုန်မြို့လယ်တစ်နေရာတွင် သွယ်တန်းထားသော ဓာတ်ကြိုးများ (ဓာတ်ပုံ −ကျော်ဇင်သန်း)

လျှပ်စစ်စွမ်းအင်ကဏ္ဍ နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွက် အဓိက ပြင်ဆင်ရမည့်ပြဿနာမှာ ခေတ်နောက်ကျနေသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနည်းစနစ်များနှင့် ဟောင်းနွမ်းသော ဓာတ်ကြိုးများကြောင့် နှစ်စဉ်ပျောက်ဆုံးသွားသော လျှပ်စစ်ဓာတ်အားပြဿနာကို ဦးစားပေး ဖြေရှင်းရမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွမ်းအင်အကြံပေးက ပြောကြားလိုက်သည်။
သဘာဝ ပတ်ဝန်းကျင်နှင့် စွမ်းအင်အကြံပေး မစ္စတာ BruceC.Buckheit က မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ စီစဉ်သည့် အစိုးရ၊ လွှတ်တော်အမတ်၊ အရပ်ဘက် အဖွဲ့အစည်းတို့ ပူးပေါင်းပါဝင်သည့် သန့်ရှင်းသော စွမ်းအင်ရှာပုံတော် သီးသန့်ဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံတွင် ရောက်ရှိနေခြင်း ဖြစ်သည်။
စွမ်းအင်ပြဿနာ ဖြေရှင်းရန်မှာ စီမံကိန်းသစ်များ အကောင်အထည်ဖော်ခြင်း မဟုတ်ကြောင်း နှင့် ဓာတ်ကြိုးဟောင်းနွမ်းမှုများကြောင့် ဓာတ်အား ငါးရာခိုင်နှုန်း ဆုံးရှုံးနေခြင်းကို ဖြေရှင်းရမည်ဟု ဆိုသည်။
‘‘အခုစီမံကိန်း တော်တော်များများက အပြင်ကို ရောင်းနေတာများတယ်။ စွမ်းအင်ထုတ်နေတာထက် ဟောင်းနွမ်းတဲ့ ကြိုးတွေကြောင့် ပျောက်ကွယ်ဆုံးရှုံးသွားတဲ့ လျှပ်စစ်တွေကို ဖာထေးသင့်တယ်။ အခု မြန်မာနိုင်ငံရဲ့ ပုံစံက အပေါက်တွေမဖာရသေးဘဲ ရေတွေပြည့်အောင်ဖြည့်မယ်ပုံစံ ဖြစ်နေတယ်။ ဒါဟာ အရမ်းအန္တရာယ်ကြီးတယ်။ ဘာလို့လဲဆိုတော့ အခု အကောင်အထည်ဖော်မယ့် စီမံကိန်းတွေက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေလို့ပဲ’’ ဟု မစ္စတာဘရုတ်က စကားပြန်မှတစ်ဆင့် ဖြေကြားသည်။
အစိုးရက အာရှဖွံ့ဖြိုးရေးဘဏ်၏ အကြံပေးချက်အရ ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ၃၀ ရာခိုင်နှုန်း တိုးချဲ့ရန်နှင့် ရေအားလျှပ်စစ်စီမံကိန်းများ တိုးမြှင့်လုပ်ဆောင်ရန် ဇွန်လအတွင်း ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ သည်။
၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိမည်ဟု အစိုးရက ထုတ်ပြန်ထားသော်လည်း တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် သွယ်တန်းရမည့် မဟာဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ တပ်ဆင်ရန်မှာ ယခုအချိန်အထိ မပြီးစီးသေးချေ။
သွယ်တန်းခြင်းလုပ်ငန်းများသည် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသော်လည်း ကုန်ကျစရိတ်အတွက် အစိုးရက ကုန်ကျခံရန် လက်တွန့်နေသည်ဟု ဓာတ်အားလိုင်းများ သွယ်တန်းရာတွင် လိုအပ်သည့် ကုန်ပစ္စည်းများ ရောင်းချနေသူများထံမှ သတင်းရရှိသည်။
အဆိုပါပုဂ္ဂိုလ် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း လျှပ်စစ်ထုတ်ယူရေး လုပ်ငန်းကို အကောင်အထည်ဖော်နေသည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော် အမတ်များနှင့် တွေ့ဆုံပြီး ယခု ကျင့်သုံးရန် ရည်ရွယ်ထားသော မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒကို ပြင်ဆင်ရန် တိုက်တွန်းသွားမည် ဖြစ်သည်။
၎င်းပုဂ္ဂိုလ်သည် ယခင်က USEP(US Environmental Protection Association) အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင် ညွှန်ကြားရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါ အပြည်ပြည်ဆိုင်ရာ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ရေးရာ အကြံပေးအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

မြစ်ဆုံဆည်စီမံကိန်းရဲ့ နောက်ဆက်တွဲ ဂယက် 

 

 တရုတ်မြန်မာ ၂ နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှု တွေ ပိုလုပ်ကြမယ် ဆိုပြီး တရုတ်ပြည် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် လက်မှတ် ထိုးနေချိန်မှာပဲ၊ တရုတ်နိုင်ငံပိုင် CPI ကုမ္မဏီ ရဲ့ စီးပွားရေး လုပ်ငန်း တစ်ခုဖြစ် တဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်း နဲ့ မလွတ်ကင်း လို့ ပြောင်းရွှေ့ ပေးခဲ့ရ တဲ့ ကျေးရွာတွေက ဒေသခံတွေ ဟာ၊ ပြောင်းရွှေ့ပြီး ၃ နှစ် ကြာတဲ့ အထိ၊ နေရာသစ် မှာ အခြေမကျပဲ အခက်အခဲ တွေနဲ့ ရင်ဆိုင် နေရပါတယ်။
တရုတ်ကုမ္မဏီ ရဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်း ကြောင့် ပြောင်းရွှေ့ ပေးခဲ့ရတဲ့ ဒေသခံတွေ ကို စီမံကိန်းနဲ့ ဝေးတဲ့ နေရာတွေ မှာ စံပြကျေးရွာ တွေ တည်ဆောက်ပြီး နေရာချထား ပေးတာပါ။
၂၀၁၁ မှာ ဖျက်သိမ်းခံရတဲ့ မြစ်ဆုံ၊ တန်ဖရဲနဲ့ တချဲ့ပဒမ် ရွာသုံးရွာ ကို ပေါင်းပြီး နေရာ ပြန်ချပေးထားတဲ့ အောင်မြင်သာ စံပြကျေးရွာ မှာ မိသားစု သုံးရာကျော် ရှိပြီး၊ သိပ်မဝေးတဲ့ မလိယွန် စံပြ ကျေးရွာမှာတော့ အိမ်ထောင်စု တစ်ရာ ပတ်ဝန်းကျင် ရှိပါတယ်။ ရွှေ့ပြောင်းခံ ရွာသားတွေ အတွက် နေအိမ်တွေကို တရုတ်ကုမ္မဏီက ဆောက်လုပ် ပေးထားပါတယ်။
ဒါပေမယ့်၊ မိမိတို့ နေထိုင်ရာ အိုးအိမ်တွေကို သာမက၊ အသက်မွေး လုပ်ကိုင် စားသောက်ရာ တောင်ယာတွေ ကို စွန့်ခွာပြီး နေရာသစ်ကို ပြောင်းလာခဲ့ရ တဲ့ ရွာသားတွေဟာ အသက်ရှင် ရပ်တည်ရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးမြေတွေ အခုထက်ထိ အစားထိုး မရသေး တာကြောင့် ရပ်တည်ရ ခက်ခဲနေတယ် ဆိုပြီး၊ မြစ်ဆုံရွာကနေ အောင်မြင်သာ စံပြကျေးရွာ ကို ပြောင်းရွှေ့လာ တဲ့ ဒေါ်ဂျာခေါင်န်က ပြောပါတယ်။
လုပ်ငန်းကိုင်ငန်း အဆင်မပြေတဲ့ ပြောင်းရွှေ့ခံ ရွာသားတွေကို CPI ကုမ္မဏီက ခွဲတမ်းနဲ့ ဆန်ထုတ် ပေးတယ်လို့ သိရပါတယ်။ ဒီလို တရုတ်ကုမ္မ ဏီက ထုတ်ပေးတဲ့ ဆန်ကို မှီခိုနေရတဲ့ အတွက်လည်း ရွာသားတွေဟာ ကုမ္မဏီက လိုသလို ထိမ်းချုပ်တာကို ခံနေရတယ်လို့ ဒေါ်ဂျာခေါင်န်က ဆိုပါတယ်။
မြစ်ဆုံရေကာတာ စီမံကိန်း လုံးဝရပ်တံ့ရေး လှုပ်ရှားမှုထဲမှာ ပါဝင်တဲ့ ဒေသခံ ရွာသားတွေကို၊ ဆန်ဖြတ်တောက်တာမျိုး CPI က အကြပ်ကိုင် ဆက်ဆံတယ်လို့ ဒေသခံတွေ အဆိုအရ သိရပါတယ်။ ပြောင်းရွှေ့ နေရာချပေးရာ ဝန်းကျင်မှာ လုပ်ကိုင် စားသောက်ဖို့ မဖြစ်နိုင်တော့တဲ့ အခါ၊ ဖားကန့်ကို သွားကြသူတွေ၊ တရုတ်ပြည်ထဲ သွားကြရသူတွေ နဲ့၊ ဒေသခံတွေဟာ ကိုယ့်နေရပ်ကို စွန့်ခွာပြီး အဝေးကို ထွက်သွား နေကြရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ပုဂ္ဂလိကကျောင်း တစ်ရာကျော် လိုင်စင်ချပေး၊ ကျောင်းပေါင်း ၂၈၀ ကျော် ရှိလာ

 

ပညာရေးဝန်ကြီးဌာန သည် ယခု ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းသစ် တစ်ရာ ကျော်ကို ထပ်မံတိုးမြှင့် ဖွင့်လှစ် ခွင့်ပြုလိုက်ကြောင်း ပညာရေးစီမံ ကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
ယခင်နှစ်များက လျှောက် ထားခဲ့ဖူးခြင်း မရှိသော ကိုယ်ပိုင် ကျောင်း ၁၂၇ ကျောင်းကို လိုင် စင်ချထားပေးခဲ့ခြင်းဖြစ်ပြီး အ မှတ် (၂) အခြေခံပညာဦးစီးဌာန (အထက်မြန်မာပြည်)မှ ကျောင်း အများစု ပါဝင်ကြောင်း သိရ သည်။
‘‘ကျောင်းအများစုကတော့ အခြေခံပညာဦးစီးဌာန (၂)ကပါ။ ဒီနှစ်ထပ်ချပေးတဲ့ ကျောင်းတွေ မှာလည်း ငါးနှစ် သက်တမ်းရှိတဲ့ကျောင်း မပါပါဘူး။ ကျောင်းတွေတော့ အများကြီး တိုးလာပါ တယ်’’ ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိ သူက ပြောသည်။
ယခုနှစ်အတွက် ကိုယ်ပိုင် ကျောင်းအသစ်များအနေဖြင့် မြန်မာနိုင်ငံ အောက်ပိုင်းအခြေခံပညာဦးစီးဌာန (၁) မှ ၂၆ ကျောင်း၊ မြန်မာနိုင်ငံ အထက်ပိုင်း အခြေခံပညာဦးစီးဌာန (၂) မှ ၆၃ ကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန (၃) မှ ၃၈ ကျောင်း တို့ကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
အစိုးရသစ်က  ကိုယ်ပိုင် ကျောင်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ယခုနှစ်တွင် ကျောင်းအရေအ တွက် အများဆုံး ခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး နာမည်ကြီး အိုင်အယ်လ် ဘီစီအင်တာနေရှင်နယ်ကျောင်း က အလင်းရောင်အမည်ဖြင့် ဖွင့် လှစ်မည့် ကျောင်းလည်း ကိုယ်ပိုင်ကျောင်း ခွင့်ပြုချက် ရရှိသွား သည်။
‘‘အိုင်အယ်လ်ဘီစီက  အ လင်းရောင်နာမည်နဲ့ ရန်ကုန်နဲ့နေ ပြည်တော်မှာ ကိုယ်ပိုင်ကျောင်း  ဖွင့်နေပါပြီ။ ကိုယ်ပိုင်ကျောင်း တွေကတော့ အခြေအနေ ကောင်း နေပါတယ်’’ ဟု ကိုယ်ပိုင်ကျောင်း ဆရာတစ်ဦးက ပြောသည်။
ပညာရေးဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်း ၆၆ ကျောင်းကို စတင်ခွင့်ပြုခဲ့ပြီးနောက် သုံးနှစ် မြောက်ဖြစ်သော ယခု ပညာသင် နှစ်တွင် ကိုယ်ပိုင်ကျောင်း ၂၈၀ ထိ ရှိလာပြီဖြစ်သည်။
သို့သော် ကိုယ်ပိုင်ကျောင်း များ ထပ်မံခွင့်ပြုရာတွင် ငါးနှစ် သက်တမ်းခွင့်ပြုပေးခြင်း မရှိဘဲ တစ်နှစ်နှင့် ၂ နှစ် သက်တမ်းရှိ ကိုယ်ပိုင်ကျောင်းများသာ ခွင့်ပြု ခြင်းဖြစ်သည်။
ထို့ကြောင့် မန္တလေး၊ ပြင်ဦးလွင်နှင့် နေပြည်တော်တို့တွင်သာ ငါးနှစ်သက်တမ်းရှိ ကိုယ်ပိုင်ကျောင်း ရှစ်ကျောင်းရှိနေသည်။
 သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ပညာရေး ကဏ္ဍတွင် ပုဂ္ဂလိက အခန်းကဏ္ဍ ကို စတင်အလေးပေးလာခဲ့ပြီး ကိုယ်ပိုင်ကျောင်းများ တိုးမြှင့်ဖွင့် လှစ်ခွင့်ပြုနေသလို အင်တာနေ ရှင်နယ်ကျောင်းမှ ကျောင်းသား များ အစိုးရကျောင်းသို့ ပြောင်း ရွှေ့တက်ရောက်နိုင်ရန် အခွင့်အ လမ်း ဖန်တီးပေးထားသည်။

ငြိမ်းချမ်းရေး တည်တံ့ဖို့ မြန်မာ၊ တရုတ်၊ အိန္ဒိယခေါင်းဆောင်တွေ ကတိပြု 

  တရုတ်နိုင်ငံဟာ ဘယ်လောက်ပဲ အင်အားကြီးနိုင်ငံဖြစ်လာပါစေ၊ ဗိုလ်ကျလွှမ်းမိုးတာ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီဂျင်းပင်က ပြောလိုက်ပါတယ်။ မြန်မာ၊ တရုတ်၊ အိန္ဒိယ ၃ နိုင်ငံကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး အခြေခံမူတွေကို သဘောတူခဲ့ကြတာ အနှစ် ၆၀ ပြည့်
အထိမ်းအမှတ်အခမ်းအနားမှာ တရုတ်သမ္မတက ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း ဒီအခြေခံမူတွေကို နိုင်ငံတကာဆက်ဆံရေးရဲ့ စံနှုန်းတွေအဖြစ် ကျင့်သုံးသွားသင့်တယ်လို့ ဆိုခဲ့ပါတယ်။ အာရှဒေသမှာ တရုတ်ရဲ့ အင်အားကြီးမားလာမှုအပေါ် နိုင်ငံ တချို့က စိုးရိမ်နေကြချိန်မှာ တရုတ်သမ္မတက ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးလမ်းကိုပဲ ရွေးချယ်သွားမယ်လို့ ပြောကြားခဲ့တဲ့အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က ဆက်လက်တင်ပြပေးထားပါတယ်။

စစ်အေးစစ်ဖြစ်နေစဉ်ကာလမှာ မြန်မာ၊ တရုတ်နဲ့ အန္ဒိယ အိမ်နီးချင်းနိုင်ငံ ၃ ခုကြားမှာ ဘက်မလိုက်ရေးမူအဖြစ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း  အတူယှဉ်တွဲ နေထိုင်နိုင်ရေး အခြေခံမူ ၅ ချက်ကို ၁၉၅၄ ခုနှစ်မှာ ချမှတ်ခဲ့ကြပါတယ်။ ဒီလိုချမှတ်နိုင်ခဲ့တာ အနှစ် ၆၀ ပြည့်သွားတဲ့ အထိမ်းအမှတ် အခမ်းအနားကို စနေနေ့တုန်းက တရုတ်နိုင်ငံဘေဂျင်းမြို့တော်မှာ ကျင်းပခဲ့စဉ်မှာ ဒေသတွင်း ဆက်လက် ငြိမ်းချမ်းနေအောင် ဆောင်ရွက်သွားမယ်လို့ နိုင်ငံ ၃ နိုင်ငံလုံးက ခေါင်းဆောင်တွေက ကတိပြုခဲ့ကြပါတယ်။ ဒေသတွင်းမှာ တရုတ်နိုင်ငံဟာ စီးပွားရေးရော စစ်ရေးအရပါ အင်အားကြီးမားလာနေတဲ့ အပေါ် နိုင်ငံတချို့က စိုးရိမ်နေသလို တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက်အငြင်းပွားမှုနဲ့ ပါတ်သက်လို့ တရုတ်ဖက်က ဆောင်ရွက်မှုတွေအပေါ် ဝေဖန်စရာဖြစ်နေချိန်မှာ တရုတ်သမ္မတရှီဂျင်းပင်က သူ့နိုင်ငံအနေနဲ့ ဗိုလ်ကျလွှမ်းမိုးမှုမျိုးကို ဘယ်တော့မှလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။

“တရုတ်နိုင်ငံ ဘယ်လောက်ပဲ အင်အားကြီးတဲ့ နိုင်ငံဖြစ်လာပါစေ၊ ကျနော့်အနေနဲ့ ဗိုလ်ကျလွှမ်းမိုးတာမျိုး ဘယ်တော့မှာလုပ်မှာ မဟုတ်ပါဘူး၊ တရုတ်နိုင်ငံလိုပဲ တခြားနိုင်ငံတွေကလည်း ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကို လျှောက်လှမ်းစေချင်ပါတယ်။ တရုတ်နိုင်ငံကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဖွံ့ဖြိုးတိုးတက်အောင်လုပ်သွားမှာပါ။ ငြိမ်းချမ်းတဲ့ နည်းဟာ တရုတ်နိုင်ငံတခုထဲအတွက်တင် မဟုတ်ဘဲ အာရှဒေသအတွက်ရော ကမ္ဘာကြီးအတွက်ပါ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။”

အခြေခံမူ ၅ ချက်ထဲမှာပါတဲ့ သူများနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုဆိုတဲ့ မူကိုလည်း တရုတ်က ဆက်လက်ကျင့်သုံးသွားမယ် ဆိုတာကို ထပ်ပြီး ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်ခဲ့စဉ် ကာလတလျှောက်လုံး တရုတ်က အဲဒီမူကို လက်ကိုင်ထားပြီး မြန်မာနဲ့
နိုင်ငံရေးအရရော စီးပွားရေးအရပါ ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့အတွက် နိုင်ငံတကာမှာ ဝေဖန်စရာဖြစ်ခဲ့တာပါ၊ အချုပ်အခြာအာဏာနဲ့ပိုင်နက် တည်တံ့ခိုင်မြဲရေး အပေါ် အပြန်အလှန်လေးစားကြရေး၊ တနိုင်ငံနဲ့တနိုင်ငံ မကျူးကျော်ရေး၊ တဖက်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး၊ ၂ ဖက်အကျိုးအတွက် တန်းတူညီမျှရှိရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးစတဲ့ အခြေခံမူ ၅ ချက်ကို နိုင်ငံတကာ ဆက်ဆံရေးရဲ့ စံတွေအဖြစ် ကျင့်သုံးသင့်တယ်လို့ သမ္မတဦးသိန်းစိန်ကလည်း စနေနေ့က အခမ်းအနားမှာ ခုလို ပြောကြားခဲ့ပါတယ်။

“ဒီအောင်မြင်မှုတွေကို အခြေခံကာ တရုတ်၊ အိန္ဒိယ၊ မြန်မာ ဆက်ဆံရေးအတွက်သာမက ကမ္ဘာ့နိုင်ငံအားလုံး ဆက်ဆံရေးအတွက်ပါ ပိုမိုတောက်ပတဲ့ အကျိုးစီးပွားကို ဖွင့်လှစ်ပေးနိုင်ဖို့ ကျနော်တို့အားလုံး ဒီမူကြီးတွေကို နိုင်ငံတကာဆက်ဆံရေးရဲ့အခြေခံစံနှုန်းများအဖြစ် ကျင့်သုံးသွားဖို့ ကမ္ဘာ့နိုင်ငံသားများကိုလည်း တိုက်တွန်းလိုပါတယ်။”

ကမ္ဘာ့နိုင်ငံတွေ တခုနဲ့ တခု ဖြန့်ကြက်ဆက်သွယ်နေကြတဲ့ ခေတ်ကြီးမှာ ငြိမ်းချမ်းစွာ အတူတွဲ နေထိုင်သွားကြရေးဟာ အရေးကြီးတယ်လို့ အိန္ဒိယ ဒုသမ္မတ Mohammad Hamid Ansari က လည်း မိန့်ခွန်းပြောကြားသွားပါတယ်။

“နိုင်ငံတွေ တခုနဲ့တခုကြား အဖက်ဖက်က ဖြန့်ကြက် ယှက်နွယ် ဆက်သွယ်နေကြတဲ့ကမ္ဘာကြီးကို မဟတ္တမဂန္ဒီကြီး မျှော်မှန်းခဲ့တဲ့အတိုင်း တနိုင်ငံနဲ့ တနိုင်ငံ လွှမ်းမိုးမှုမရှိ အမြတ်ထုတ်မှုမရှိတဲ့၊ ရင်းနှီးပြီး အပြန်အလှန် အားထားကြတဲ့ အဖွဲ့ချုပ်ကြီးတခုဖြစ်အောင် အသွင်ပြောင်းသင့်တယ်လို့ အိန္ဒိယနိုင်ငံက ယုံကြည်ပါတယ်။”

အိန္ဒိယ ဒုသမ္မတ Ansari နဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ဟာ ဂျွန်လ ၃၀ ရက်နေ့အထိ တရုတ်နိုင်ငံမှာ ရှိနေကြမှာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ စနေနေ့ကပဲ ဘေဂျင်းမြို့စွန်မှာရှိတဲ့ ရှေးဟောင်း ကျောင်းတော်ကိုသွားရောက်ခဲ့ပါတယ်။ သက်တမ်း ၁,၂၀၀ ရှိတဲ့ Lingguang ကျောင်းတော်မှာ ဗုဒ္ဓရဲ့စွယ်တော်တစ်ဆူကို ပူဇော်ထားပါတယ်။ အဲဒီဗုဒ္ဓစွယ်တော်ဟာ ၂၀၁၁ ခုနှစ်တုန်းက မြန်မာနိုင်ငံကို လာရောက် အပူဇော်ခံခဲ့ဖူးပါတယ်ရှင်။

စုမြတ်မွန် / ဗွီအိုအေ (မြန်မာပိုင်း)

ဗီလိန်ပုဒ်မ ၁၈ အသက်ဝင်နေဆဲ ငြိမ်းစုစီဥပဒေ 

 မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးတွင် အစိုးရများ၊ လွှတ်တော်များ၊ အာဏာပိုင်အ ဖွဲ့အစည်းများအနေဖြင့် ပြည်သူ လူထုအသံနှင့် ဆန္ဒသဘောထား တို့ကို စဉ်ဆက်မပြတ် နားစွင့်သုံး သပ်နိုင်ရေးသည် ပဓာနကျသည့်အလျောက် ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းတို့ကို ကျယ်ကျယ်ပြန့် ပြန့် အသိအမှတ်ပြုနိုင်ရန် လိုအပ် သည်။ အောက်ခြေပြည်သူလူထု ၏ တောင်းဆိုချက်များ၊ လိုလား ချက်များ၊ အကျပ်အတည်းများ၊ ဘေးဒုက္ခများ၊ အနိုင်ကျင့်ခံရမှု များ၊ မတရားလုပ်ခံရမှုများ၊ ဖိနှိပ် ခံရမှုများ စသည့် ပုံရိပ်များနှင့်အ တူ၊ နိုးထလှုပ်ရှားလာသော ငြိမ်း ချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းများကို အစိုးရ၊ လွှတ်တော်နှင့် အာဏာ ပိုင်များအနေဖြင့် ဆုတ်ယုတ်မှုဟု မမြင်၊ တိုးတက်မှု၏ လမ်းစဟု ရှုမြင်နိုင်ရန် ပဓာနကျသည်။
ပြည်သူ့လွှတ်တော် တရားစီ ရင်ရေး၊ ဥပဒေရေးရာနှင့် တိုင် ကြားစာများ၊ အသနားခံစာများ၊ စိစစ်ဆောင်ရွက်ရေးကော်မတီ သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင် သည့် ဥပဒေမူကြမ်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂၆ အဖြစ် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးထုတ် ပြန်ခဲ့သည်။ ပြည်ထောင်စုလွှတ် တော်သည် ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေ၏ နိဒါန်း တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့ မဟုတ်) ပြည်သူတို့၏ ကိုယ့်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထား သည့် ဥပဒေများနှင့် မဆန့်ကျင် လျှင် လက်နက်မပါဘဲ ငြိမ်းချမ်း စွာစုဝေးခွင့်၊ စီတန်းလှည့်လည် ခွင့်၊ အခွင့်အရေးများကို လွတ် လပ်စွာသုံးစွဲဆောင်ရွက်နိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည့်အ လျောက် နိုင်ငံသားများက ယင်း အခွင့်အရေးများကို ဥပဒေနှင့်အ ညီ သုံးစွဲဆောင်ရွက်နိုင်ရန် အလို့ ငှာ ပြည်ထောင်စုလွှတ်တော် သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက် သည်ဟု ဖော်ပြထားသည်။
၂၀၁၁ ခုနှစ် ငြိမ်းစုစီဥပဒေ တွင်ပါရှိသော ခွင့်ပြုမိန့်ဆိုသည့် စကားရပ်ကို ခွင့်ပြုချက်ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစား ထိုးရမည်ဟု ၂၀၁၄ ခုနှစ် ငြိမ်းစု စီပြင်ဆင်သည့် ဥပဒေတွင် ဖော် ပြထားသည်။ ၂၀၁၃ ခုနှစ် ငြိမ်းစု စီပြင်ဆင်သည့် ဥပဒေမူကြမ်း၌ အခန်း(၁)၊ ပုဒ်မ ၂၊ ပုဒ်မခွဲ(ဃ) တွင် ခွင့်ပြုမိန့်ကို အကြောင်းပြန် ကြားစာ၊ ခွင့်ပြုမိန့်ကို ပြန်ကြား စာဟု အစားထိုးရန် အပါအ၀င်၊ ခွင့်ပြုမိန့်နှင့် ပတ်သက်သော စကားရပ်ပြင်ဆင်မှု အများအပြား ပါရှိခဲ့သော်လည်း ခွင့်ပြုမိန့်ကို ခွင့်ပြုချက်အဖြစ် ပြင်ဆင်ခြင်းကို သာ ပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည် ခြင်းတို့ကို ခွင့်ပြုမိန့်မဟုတ်၊ ခွင့် ပြုချက်ဖြင့် လုပ်နိုင်မည် ဖြစ် သည်။
အခန်း(၄)ခေါင်းစဉ်တွင် ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့်ငြင်းပယ်ခြင်းဆိုသည့် စကားရပ်ကို ပယ်ဖျက်ခဲ့သဖြင့် ငြိမ်းစုစီအတွက် ခွင့်ပြုချက်လိုသော်လည်း ခွင့်ပြုချက်ကို ငြင်းပယ်ခွင့် မရှိသည့် သဘောတွေ့ရှိရသည်။ ၂၀၁၃ ခုနှစ် ငြိမ်းစုစီပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် အခန်း(၄)ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်းဆိုသော စကားရပ်ကို အကြောင်းကြားစာအား ကူညီဆောင်ရွက်ခြင်းဆိုသည့် စကားရပ်နှင့် အစားထိုးရမည်ဟု ဖော်ပြခဲ့သော်လည်း အတည်မပြုနိုင်ခဲ့ပေ။ ငြိမ်းစုစီပြင်ဆင်သည့် ဥပဒေမူကြမ်းပါ အခြားစကားရပ်ပြင်ဆင်မှုများ အားလုံးနီးပါးကိုလည်း ပြင်ဆင်သည့် ဥပဒေတွင် အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။
၂၀၁၁ ခုနှစ် ငြိမ်းစုစီဥပဒေ၊ အခန်း(၃)၊ ပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)၌ပါ ရှိသော ကိုယ်ရေးအချက်အလက် ဆိုသည့် စကားရပ်ကို ၂၀၁၄ခုနှစ် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် အမည်နှင့် ဆက်သွယ်ရမည့် နေရပ်လိပ်စာ အပြည့်အစုံဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင်ခဲ့သည်။ ထို့ကြောင့်ငြိမ်းစုစီခွင့်ပြုချက် လျှောက်လွှာတွင် လျှောက်ထားသူ၊ ဦးဆောင်မည့် ပုဂ္ဂိုလ်နှင့် ဟောပြောမည့် ပုဂ္ဂိုလ်တို့၏အမည်နှင့် ဆက်သွယ်ရမည့် နေရပ်လိပ်စာအပြည့်အစုံတို့ကိုသာ ဖော်ပြရန် လိုအပ်မည်ဖြစ် သည်။ ထို့အပြင် ၂၀၁၄ ခုနှစ် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ပုဒ်မ ၈ တွင် ပုဒ်မခွဲ (စ) အဖြစ် ဟောပြောခွင့်ပြုသည့်အ ကြောင်းအရာနှင့် ကြွေးကြော်ခွင့် ပြုသည့် စကားရပ်များဟု ဖြည့် စွက်၊ အတည်ပြုခဲ့သဖြင့် အဆိုပါ နှစ်ချက်ကို ခွင့်ပြုချက်တွင် ထည့် သွင်းဖော်ပြရမည် ဖြစ်သည်။
၂၀၁၁ ခုနှစ် ငြိမ်းစုစီဥပဒေ၊ အခန်း(၄)၊ ပုဒ်မ ၅ တွင် သက် ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် နိုင်ငံသားတစ်ဦးက ဖြစ်စေ၊ နိုင်ငံ သားအများကဖြစ်စေ၊ အဖွဲ့အ စည်းတစ်ရပ်ရပ်ကဖြစ်စေ၊ ခွင့်ပြု မိန့်ရရှိရန် သတ်မှတ်ချက်များနှင့် အညီ တင်ပြလျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ သက်ဆိုင် ရာ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး၏  အတည်ပြုချက်ဖြင့် ခွင့်ပြုမိန့် ထုတ်ပေးခြင်း (သို့မဟုတ်) ခွင့်ပြု မိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းပြု နိုင်သည်။ သို့ရာတွင် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့ မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့် တရား အကျိုးငှာ ပြဋ္ဌာန်းထား သည့် ဥပဒေများနှင့် မဆန့်ကျင် လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်း ပယ်ခြင်းမပြုရဟု ပြဋ္ဌာန်းထား ခြင်းကို ၂၀၁၄ ခုနှစ် ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ တွင် ပုဒ်မ ၅ ကို သက်ဆိုင်ရာ မြို့ နယ်ရဲတပ်ဖွဲ့မှူးသည် နိုင်ငံ သား တစ်ဦးကဖြစ်စေ၊ နိုင်ငံသား အများကဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ ခွင့်ပြုချက် ရရှိရန် သတ်မှတ်ချက်များနှင့်အ ညီ တင်ပြလျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ သက်ဆိုင် ရာ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ခွင့်ပြုချက်ထုတ်ပေးရမည်ဟု ပြင်ဆင်ပြဋ္ဌာန်း ခဲ့သည်။ ခွင့်ပြုချက်ထုတ်ပေးရန် ငြင်းပယ်ခြင်းကို ပယ်ဖျက်ခဲ့သဖြင့် လာမည့်ကာလများတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းများ ပိုမိုမြင်တွေ့လာရနိုင်သည့်အလျောက် အစိုးရနှင့် အာဏာပိုင်များအနေဖြင့် ငြိမ်းစုစီများကို တိုင်းပြည်နှင့်ပြည်သူလူထု တိုးတက်မှုဘက်မှ ရှုမြင်နိုင်ရန် လိုအပ်မည် ဖြစ်သည်။
၂၀၁၃ ခုနှစ် ငြိမ်းစုစီဥပဒေ ကို ပြင်ဆင်သည့် ဥပဒေမူကြမ်း တွင် ပုဒ်မ ၇၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မ ၉ တို့ကို ပယ်ဖျက်ရမည်ဟူသော အချက်ကို ၂၀၁၄ ခုနှစ် ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ထိုကြောင့် ၂၀၁၁ ခုနှစ် ငြိမ်းစုစီ ဥပဒေ၊ ပုဒ်မ ၇ ၊ ပုဒ်မခွဲ(ခ)ပါ ခွင့် ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ပါက ကျိုးကြောင်းဖော်ပြ၍ လျှောက် ထားချက်ပါ နေ့ရက်နှင့် အချိန် မတိုင်မီ အနည်းဆုံး ၄၈ နာရီကြို တင်၍ သက်ဆိုင်ရာလျှောက်ထား သူထံ အကြောင်းပြန်ကြားရမည် ဟူသော အပိုဒ်နှင့် ပုဒ်မ ၉ ပါ ခွင့် ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခံရ ခြင်းနှင့် စပ်လျဉ်း၍အယူခံဝင်နိုင် ခြင်း၊ အဆုံးအဖြတ်ပေးခြင်း ဆိုင် ရာပုဒ်မတို့ကို ပယ်ဖျက်ခဲ့သည်။
၂၀၁၁ ခုနှစ် ငြိမ်းစုစီဥပဒေ အခန်း ၅၊ စည်းကမ်းသတ်မှတ် ချက်များ၊ ပုဒ်မ ၁၂၊ အပိုဒ် (ဋ)ပါ ခွင့်ပြုမိန့် ရုပ်သိမ်းခြင်းခံရပါက ဆက်လက်ဆောင်ရွက်ခြင်း မပြု ဘဲ လူစုခွဲရမည်ဟူသော စကား ရပ်ကို ၂၀၁၄ ခုနှစ် ငြိမ်းစုစီဥပဒေ ကို ပြင်ဆင်သည့် ဥပဒေတွင် အပုဒ်မခွဲ(က)မှ ပုဒ်မခွဲ (ည)အထိ ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာခြင်းမရှိ၍ ခွင့်ပြုချက် ရုပ် သိမ်းခြင်းခံရပါက ဆက်လက် ဆောင်ရွက်ခြင်း မပြုဘဲ လူစုခွဲရ မည်ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
၂၀၁၃ ခုနှစ် ငြိမ်းစုစီဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် အဆိုပြုခဲ့သော်လည်း လွှတ်တော်တွင် ဆွေးနွေး အတည်ပြုသောအခါ ပုဒ်မ ၁၈ ကို မပယ်ဖျက် နိုင်ခဲ့ပေ။ ၂၀၁၁ ခုနှစ် ငြိမ်းစုစီ ဥပဒေ၊ အခန်း ၇ ပုဒ်မ ၁၇ ၊ ၁၈ နှင့် ၁၉ တို့တွင် ပြစ်မှုနှင့် ပြစ်ဒဏ် များကို ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၁၇ သည် ခွင့်ပြုမိန့်နှင့်အညီ ငြိမ်းချမ်းစွာစုဝေးခြင်း (သို့မဟုတ်) ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုသူများအား နှောင့်ယှက် ကျူးလွန်သူများအတွက် ပြစ်ဒဏ် ဖြစ်ပြီး ပုဒ်မ ၁၈ နှင့် ၁၉ သည်  ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ပြုသူများကို အရေးယူအပြစ်ပေးသည့် ပြစ်ဒဏ်များ ဖြစ်သည်။
၂၀၁၄ ခုနှစ် ငြိမ်းစုစီဥပဒေ ကို ပြင်ဆင်သည့် ဥပဒေတွင် ပုဒ်မ ၁၇ တွင်ပါရှိသော ၂ နှစ် ထက်မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၁၈ တွင်ပါရှိသော တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၁၉ တွင်ပါရှိသော ခြောက်လထက် မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ကို သုံးလထက်မပိုသောထောင်ဒဏ်ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုး ပြင်ဆင် ပြဋ္ဌာန်းခဲ့သည်။
ပုဒ်မ ၁၈ ၏ ပြစ်ဒဏ်ကို လျှော့ပေါ့ပြင်ဆင်ခဲ့သော်လည်း ပုဒ်မ ၁၈ တည်နေဆဲဖြစ်ပြီး ခွင့် ပြုချက်ကို ဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ ငါးရက် ကြိုတင် လျှောက်ထားရမည် ဖြစ်သည်။ ခွင့်ပြုချက်ကို မငြင်းပယ်နိုင်ခြင်း သည် အတန်အသင့် ကောင်းမွန် သော်လည်း၊ ၂၀၁၁ ခုနှစ် ငြိမ်းစုစီဥပဒေ၊ ပုဒ်မ ၂၄ အရ၊ ပြည်ထဲရေးဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်း (သို့မဟုတ်) စည်းကမ်း များ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ် နည်းများကို ထုတ်ပြန်နိုင်သည်ကို လည်း သိရှိနိုင်ရန် လိုအပ်မည် ဖြစ်သည်။
ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းသည် ဒီမို ကရေစီအသွင်ကူးပြောင်းရေးအ တွက် အပြုသဘောဆောင်သော တွန်းအားများ ဖြစ်သည်ဟု အစိုးရ၊လွှတ်တော်နှင့် အာဏာပိုင်များအနေဖြင့် မှတ်ယူနိုင်ရန် လိုအပ်ဆဲဖြစ်ပြီး စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းတို့၏ နောက်ကွယ်မှ ပြည်သူလူထုအကြား မတရားမှုများ၊ နစ်နာမှုများ၊ မကျေနပ်မှုများကို ပြည်သူ့အသံ လွှတ်တော်များနှင့် ပြည်သူဗဟိုပြု အစိုးရတို့အနေဖြင့် ပိုမိုအလေးထားလာနိုင်မည်ဆိုလျှင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် ပိုမိုခိုင်မာ၊ အားကောင်းလာမည် ဖြစ်သည်။
နိဂုံး
အချုပ်အားဖြင့် ဆိုသော် ၂၀၁၃ ခုနှစ် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်းကို ခွင့်ပြုမိန့် မလို၊ အကြောင်းကြားစာဖြင့်သာ ဆောင်ရွက်နိုင်ရန်နှင့် ပုဒ်မ ၁၈ ကို ပယ်ဖျက်နိုင်ရန် ဦးတည်အဆို ပြုခဲ့သော်လည်း ၂၀၁၄ ခုနှစ် ငြိမ်း စုစီပြင်ဆင်သည့် ဥပဒေတွင် ခွင့်ပြုချက်၊ ပြစ်ဒဏ်လျှော့ပေါ့မှု များသာ အတည်ဖြစ်ခဲ့ပြီး၊ ပုဒ်မ ၁၈ သည် တည်မြဲတည်နေဆဲ ဖြစ် သည်။ ပုဒ်မ ၁၈ ပယ်ဖျက်ရေးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တင်းပြည့် ကျပ်ပြည့် မထောက်ခံခဲ့သည်မှာ သိသာမြင်သာသည်။ ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့အ သံ၊ လွှတ်တော်အသံ၊ ပြည်သူ့ ဆန္ဒ၊ လွှတ်တော်ဆန္ဒဆိုသည့် လွှတ်တော်၏ဆောင်ပုဒ်နှင့် ဟန်ချက်ညီညီ ရပ်တည်နိုင်ရန် လိုအပ်နေဆဲဖြစ်ကြောင်းနှင့် ငြိမ်းချမ်းစွာစုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းတို့အပေါ် အကျိုးထက်၊ အဆိုးမြင်နိုင်မှု ပိုကဲနေဆဲဖြစ် ကြောင်း ကောက်ချက်ပြု သုံးသပ်နိုင်ပါသည်။   ။
By ဒေါက်တာရန်မျိုးသိမ်း
7DAY DAILY

 

လယ်တီသိမ်နှင့် စေတီကို ဖျက်ဆီးခဲ့သူများအား ကျိန်စာတိုက်

       လယ်တီသိမ်နှင့် စေတီကို ဖျက်ဆီးခဲ့ သူများ ကျဆုံးစေရန် အတွက် လက်ပံတောင်းတောင် ဒေသခံ (၅၀) ကျော်တို့ မှ လယ်တီသိမ်နှင့် စေတီ အား ဖျက်ဆီးသူများ အမြန်ဆုံး ကျဆုံးကြ ပါစေဟု လက်ပံတောင်း တောင်စောင့် နတ်မင်းကြီးများအား တိုင်တည်ကာ ကျိန်စာတိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ကျိန်စာတိုက် ဆုတောင်းမှုကို လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်နိမိတ် ဧရိယာ ခြံစည်းရိုး အနီးတွင် ဇွန်လ (၂၆) ရက်နေ့ ညနေ (၅) နာရီ အချိန်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကျိန်စာတိုက်မှုကို ဆည်တည်း ကျေးရွာသားများက ပြုလုပ်ခဲ့ပြီး၊ငှက်ပျောပွဲသုံးပွဲဖြင့် ကြေးနီစီမံကိန်း သံလွင်ရဲကင်း ခြံစည်းရိုး အပြင်ဘက်တွင် သိမ်နှင့် စေတီကို ဖျက်ဆီးသူတွေ အ၀ိစီ ငရဲကျပါစေ၊ လယ်တီသိမ်နှင့် စေတီကို ဖျက်ဆီးခဲ့သော ဦးပိုင်၊ ၀မ်ပေါင် ကုမ္ပဏီတို့ ကျဆုံး ပါစေနှင့် ၀မ်ပေါင် ရဲလုံခြုံရေးများ ကျဆုံးပါစေ စသည်ဖြင့် ကျိန်စာတိုက် ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

                ဒေသခံတွေပိုင်တဲ့ လျော်ကြေး ယူမထားတဲ့ လယ်ယာမြေတွေ ကိုလည်း ထွန်ယက်ခွင့် မပေးဘူး။ လယ်တီသိမ်နဲ့ စေတီကျတော့ မတရား သဖြင့်ဖျက်ဆီး ပစ်တယ်။ ဘာမှ ဒေသခံတွေကို ထုတ်ဖော် ပြသခြင်း မရှိဘူး။ လူပုံအလယ်ကျောင်း ဖွင့်ပွဲတွေကျမှ လာပြီး ပွဲလာထုတ်တယ်။ ဒေသခံတွေ ဘယ်လောက် ခံစားနေရလဲ။ ဘယ်လောက် ဒုက္ခရောက်နေရသလဲ ဆိုတာကို လာပြီး ဆွေးနွေး တိုင်ပင်ခြင်း မရှိဘူး။ လယ်တီ သိမ်ဖျက်တဲ့ ၀မ်ပေါင်ဦးပိုင် ကုမ္ပဏီလည်း ဒေသခံတွေ ပြိုကွဲသလို ပြိုပါစေ။ လယ်တီသိမ်နဲ့ စေတီကို ဖျက်ဆီးပစ်ခဲ့ သူတွေလည်း အ၀ီစိငရဲ ကျပါစေလို့ ကျိန်စာတိုက်ပြီး၊ လက်ပံတောင်းတောင် စောင့်နတ်တွေကို တိုင်တည်ပြီး ဆုတောင်းခဲ့တာပါ ဟု ဆည်တည်းကျေးရွာမှ မရီဝင်းက The Messenger Media သို့ ပြောသည်။

လင်းလင်းမောင်
Messenger News Journal

အစိုးရအဖွဲ့၏ အတွင်းရေး အရှုပ်တ်ာပုံများ - သံဖနောင့် 

 အကြံပေး အချင်းချင်းပင် သမ္မတတွင် အကြံပေးမည်မျှ ရှိသည်ကို တိတိကျကျ မပြောနိုင်ပေ။ သမ္မတရုံးတွင် ၀န်ကြီးငါးဦး ရှိသည့်အနက် ဦးစိုးသိန်းသည် သမ္မတ၏ အခန်းသို့ တံခါးမရှိ ဓါးမရှိ ၀င်ထွက်ခွင့်ရသည်။ အခြား ၀န်ကြီးများ ၀င်လိုက ကိုယ်ရေးအရာရှိ မှတစ်ဆင့် ခွင့်တောင်းပြီးမှ ၀င်ရသော်လည်း ဦးစိုးသိန်းမူ သမ္မတ ရုံးခန်းတံခါးကို သူကိုယ်တိုင်ဖွင့်ပြီး ၀င်လိုသည့် အချိန် ၀င်နိုင်သည်။ နာဂစ်ကာလက ရေတပ်မှ စစ်သင်္ဘော သုံးစီး နစ်မြုပ်သွားသဖြင့် ရေတပ်ဦးစီးချုပ် ရာထူးမှ ဖယ်ရှားခံရတော့မည့် ဦးစိုးသိန်းကို တစ်ပတ်စဉ်ထဲ သူငယ်ချင်း ဖြစ်သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အသနားခံပြီး ကယ်တင် ထားခဲ့သည်ဟုလည်း အတွင်းသိများက ပြောဆိုနေကြသည်။

သို့သော် ဦးစိုးသိန်းသည် သူ၏ ကယ်တင်ရှင် ဦးသူရရွှေမန်းကို မောက်မာစွာ ဆက်ဆံသည်။ ဦးရွှေမန်းက စကားပြောလျှင်ပင် ပြန်ပြောချင်မှ ပြောသည်ဟုလည်း နာမည်ကြီးသည်။ အစိုးရ ၀န်ကြီးများ အတွင်းတွင် အမောက်မာဆုံး ပုဂ္ဂိုလ်ဟုလည်း နာမည်တစ်လုံး ရထားသူဖြစ်သည်။ စီးပွားကူးသန်း ၀န်ကြီးကား အခြား ၀န်ကြီးများနှင့် ယှဉ်တိုင်း အပြောဆိုခံရသည်။ ထို့ကြောင့် ဗိုလ်ချုပ်တွေကြားမှာ ကျွန်တော် တစ်ယောက်ပဲ ရိုးရိုးသားသား စစ်သားပါဟု ရင်ဖွင့်လေ့ရှိသည်။ ပြည်ထောင်စု ၀န်ကြီး ၃၆ဦးတွင် ပညာရေး ၀န်ကြီး၊ စီးပွားကူးသန်း ၀န်ကြီး၊ အမျိုးသား စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး၊ ကျန်းမာရေး ၀န်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး၊ ဆောက်လုပ်ရေး ၀န်ကြီး၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီး၊ အားကစား ၀န်ကြီးတို့ ၈ဦးသာ အရပ်သားများ ဖြစ်ပြီး ကျန်ဝန်ကြီး ၂၈ပါးမှာ စစ်ဗိုလ်များ ဖြစ်ကြသည်။ ထိုအထဲတွင်လည်း စစ်တက္ကသိုလ်မှ ဆင်းသည့် ၀န်ကြီးက ၂၅ဦးပါပြီး ဗိုလ်သင်တန်း ကျောင်းဆင်း ၀န်ကြီးမှာ ၃ပါးသာ ပါရှိသည်။ စစ်ဗိုလ်ဝန်ကြီး ၂၅ပါးတွင် လေတပ်မှ ၂ဦး၊ ရေတပ်မှ ၂ဦးပါဝင်သည်။ ထို့ကြောင့် ၀န်ကြီးများကို အချိုးကျ ကြည့်လျှင် စစ်ဗိုလ်များက ၇၇.၂ ရာခိုင်နှုန်းနှင့် အရပ်သားများက ၂၂.၈ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရသည်။ တစ်ဖန်စစ်ဗိုလ်များကို အချိုးချကြည့်လျှင် စစ်တက္ကသိုလ် ကျောင်းဆင်းများက ၈၉.၂ရာခိုင်နှုန်း ၀န်ကြီးများ နေရာများ ရရှိထားပြီး ဗိုလ်သင်တန်း ကျောင်းဆင်းများက ၁၀၁.၈ ရာခိုင်နှုန်းသာ ရရှိထားသည်။

သမ္မတကြီးသည် စစ်တက္ကသိုလ် အမှတ် ၉မှဖြစ်ပြီး သတ္တုတွင်း ၀န်ကြီး ဦးမြင့်အောင်မှာ သမ္မတနှင့် တစ်ပတ်စဉ်ထဲ ဖြစ်သည်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ပို့ဆောင်ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင်၊ သမ၀ါယမ ၀န်ကြီး ဦးကျော်ဆန်းတို့သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၁ သင်တန်းဆင်းများ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းနှင့် တစ်ပတ်စဉ်ထဲ သူငယ်ချင်းများ ဖြစ်ကြသည်။ ယဉ်ကျေးမှု ၀န်ကြီးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၀မှဖြစ်သည်။ သမ္မတ၀န်ကြီးရုံး ဦးသိန်းညွန့် သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၂မှဖြစ်သည်။ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၃မှဖြစ်ပြီး ဦးနေ၀င်း လက်ထက် ထောက်လှမ်းရေးများကို ဖြိုခွင်းခဲ့စဉ် ကျန်ခဲ့သူ ဖြစ်သည်။ စစ်တက္ကသိုလ် အမှတ်စဉ် ၁၅တွင် ၀န်ကြီးများအဖြစ် ဦးလှထွန်း၊ ဦးဆန်းဆင့်၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဦးဌေးအောင်တို့ ဖြစ်သည်။ စစ်တက္ကသိုလ် အမှတ်စဉ် ၁၆မှ နိုင်ငံခြားရေး ၀န်ကြီး တစ်ဦးရှိပြီး စစ်တက္ကသိုလ် အမှတ်စဉ် ၁၇မှ ဦးမြင့်လှိုင်၊ ဦးမြတ်ဟိန်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးသန်းဌေး၊ ဦးစိုးမောင်၊ ဦးတင်နိုင်သိန်း ၀န်ကြီး ၇ပါးရှိသည်။ ကာကွယ်ရေး ၀န်ကြီသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၈မှ ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၉မှ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တစ်ပတ်စဉ်ထဲ ဖြစ်သည်။ စက်မှုဝန်ကြီးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၀မှဖြစ်ပြီး ဦးဇေယျာအောင်သည် စစ် တက္ကသိုလ် အမှတ်စဉ် ၂၂မှဖြစ်သည်။ ဗိုလ်သင်တန်း ကျောင်းဆင်းများမှ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြန်ကြားရေး ၀န်ကြီးနှင့် အလုပ်သမား ၀န်ကြီးတို့ ၃ဦး ဖြစ်သည်။

ပြည်သူ အများစုက အစိုးရ အဖွဲ့အစည်းအဝေး ကက်ဘိနပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ကို လူသိများသော်လည်း နိုင်ငံတော် စီးပွားရေး ကော်မတီဆိုသည့် ဦးစိုးသိန်း ဥက္ကဋ္ဌ လုပ်နေသော အဖွဲ့ကို လူသိနည်းသည်။ ထိုအဖွဲ့သည် ၀န်ကြီးဌာနများနှင့် အစိုးရ အဖွဲ့အစည်းများက တင်ပြလာသော ငွေကြေးသုံးစွဲခွင့်နှင့် စီးပွားရေး လုပ်ငန်းများကို အဆုံးအဖြတ်ပေးသည်။ ဆိုရလျှင် စစ်အစိုးရခေတ်က ကုန်သွယ်ရေး မူဝါဒ ကောင်စီ၏ အလုပ်ကို လုပ်သည်။ ထိုနေရာမှ သတင်းဦး ရသူသည် စီးပွားရေးလောကတွင် နေ့ချင်းသူဌေး ဖြစ်သွားနိုင်သည့် စီးပွားရေး မူဝါဒ ချမှတ်သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ ကားအိုကားဟောင်းများ အပ်ပြီး ကားသစ်များ ပါမစ်ထုတ်ပေးသည့် သတင်းကို ကြိုတင်ရရှိသူများက နယ်အနှံ့ ကားအိုကားဟောင်းများ ဆင်းဝယ်ပြီး အချီကြီးပွသွားသည့် ကိစ္စမျိုးဖြစ်သည်။

အစိုးရ အဖွဲ့အတွင်းတွင်လည်း သမ္မတ၏ သဘောကောင်းမှုကို အခွင့်အရေး တစ်ရပ်အဖြစ် ယူနေသူများလည်း ရှိသည်။ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကို အပုပ်နံ့ အထွက်များသဖြင့် ရာထူးမှ ဖယ်ရှားရန် ကြံစည်ခဲ့သော်လည်း ဦးကျော်ဆန်းက သူ့ကို ရာထူးမှ ဖယ်ရှားပါက လည်ပင်းတွင် စာဆွဲပြီး လွှတ်တော်ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြမည်ဟု ပြန်လည် ခြိမ်းခြောက်သဖြင့် ၀န်ကြီးဌာနသာ ပြောင်းလဲလိုက်ရသည်ဟုလည်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။ လက်ရှိတွင်လည်း ကျန်းမာရေး ၀န်ကြီး ဌာနသည် စွမ်းဆောင်ရည် ညံ့ဖျင်းခြင်း၊ လာဘ်ပေးလာဘ်ယူ အသံများ ထွက်ခြင်းကြောင့် ကျန်းမာရေး ၀န်ကြီးကို သမ္မတရုံးတွင် တွဲဖက် ထိုင်စေပြီး ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ကျန်းမာရေး ၀န်ကြီးဌာနကို ကိုင်တွယ်နေရသည်။ ထို့ကြောင့် ဒုသမ္မတက ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်ကို ရာထူးမှ ထွက်စာတင်ရန်ပြောရာ ဒေါက်တာ ဖေသက်ခင်က မထွက်ဘူးဆိုရင်ရောဗျာဟု ပြန်လည် တုန့်ပြန်သဖြင့် ရာထူးမှ မဖယ်ရှားရဲပဲ ထားနေရသည်ဟု ဆိုသည်။

အထူးသဖြင့် သမ္မတအနီးမှ အကြံပေးများနှင့် ၀န်ကြီးအချို့သည် လုပ်ပိုင်ခွင့်များကို နည်းအမျိုးမျိုးနှင့် ရယူနေကြသည်။ ယခုလည်း သန္တိသုခကျောင်း ကိစ္စတွင် ကိုင်တွယ် ဖြေရှင်းသော ဦးအံ့မောင်သည် သမ္မတရုံး အကြံပေး မဟုတ်ပါဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ငြင်းဆိုသွားသည်။ သို့သော် ဦးအံ့မောင်သည် ရန်ကုန် ကမ္ဘာအေးရှိ သာသနာရေး ဦးစီးဌာနတွင် ရုံးတက်နေပြီး ရုံးခန်းတွင် နိုင်ငံတော် သမ္မတ အကြံပေး ပုဂ္ဂိုလ်ဟု မည်သည့်အတွက် ဆိုင်းဘုတ် ချိတ်ထားသည်ကို စဉ်းစားရန် ဖြစ်လာသည်။ သန္တိသုခကျောင်းကို စစ်ပွဲပုံစံညဘက် စီးနင်းရာတွင် တာဝန်ရှိသော သာသနာရေး ၀န်ကြီးကိုလည်း ရာထူးမှ အနားပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ သို့သော်လည်း သမ္မတ ဦးသိန်းစိန်၏ စိတ်နေစိတ်ထားအရ တစ်နှစ်သာ ကျန်တော့သည့် အစိုးရ သက်တမ်းတွင် ၀န် ကြီး အားလုံးကို အတတ်နိုင်ဆုံး မဖြုတ်ပဲ လက်တွဲခေါ်ယူသွားမည့် အခြေအနေက ပိုဖြစ်နိုင်သည်ဟု အတွင်းသိများက ပြောကြသည်။

နိုင်ငံတော်၏ မဏ္ဍိုင်ကြီး သုံးခုတွင် တရားစီရင်ရေး မဏ္ဍိုင်ကလည်း လုပ်ချင်ရာ လုပ်နေသည်။ လွှတ်တော်တွင် တရားစီရင်ရေး မဏ္ဍိုင်သည် ပြိုလုဖြစ်နေပြီဟု ဆွေးနွေးခဲ့ကြသော်လည်း တရားရေးမှ တာဝန်ရှိသူများက မည်သူ့ကိုမျှ မကြောက်၊ ချချင်သည့် အမိန့်တွေ ချနေကြသည်။ လာဘ် စားမြဲစားနေကြသည်။ ယခင်က အုပ်ချုပ်ရေး မဏ္ဍိုင်၏ လက်အောက်တွင် နေခဲ့သဖြင့် အညှိုးနှင့် လက်စားချေနေသလား ထင်ရအောင် မတော်မတရား အမိန့်များချသည်။ လက်နက်မှုသည် အာမခံ မပေးရဟု ဆိုသော်လည်း ပြောင်ပြောင်တင်းတင်း အာမခံပေးပစ်သည်။ စီရင်ချက်အတွက် အနည်းဆုံး ပြစ်ဒဏ်နှင့် အများဆုံး ပြစ်ဒဏ်ကြားတွင် တရားရေး မဏ္ဍိုင်မှ တာဝန်ရှိသူများ ပျော်ပျော်ကြီး ခရီးနှင် နေကြသည်။ အုပ်ချုပ်ရေးမှ တာဝန်ရှိသူ လူကြီးတစ်ဦးက ဒီတရားစီရင်ရေး မဏ္ဍိုင်ကြောင့် ဘာမှအုပ်ချုပ်လို့ကို မရတော့ပါဘူးဟု ငြီးတွားရသည့် အခြေအနေ ရောက်နေသည်။

တစ်ချိန်တည်းတွင် အစိုးရသည် တစ်ပါတီတည်း ဖြစ်သော ကြံ့ခိုင်ရေး ပါတီဝင် လွှတ်တော် အမတ်များ၊ လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော် နာယကတို့နှင့်လည်း အဆင်မပြေ ဖြစ်နေသည်။ လွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတနှင့် တရားဝင် တွေ့ဆုံခွင့် တောင်းထားသည်မှာ ခြောက်လကျော်ပြီ ဖြစ်သော်လည်း သမ္မတက တွေ့ခွင့်မပေးဟု အမျက်ထွက်သည်။ သမ္မတကလည်း သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ် ၇ ကျော် အဘယ်ကြောင့် တွေ့ဆုံသနည်းဟု မေးခွန်း ထုတ်ပြန်သည်ဟု ကြားရသည်။ မေလတွင် တပ်မတော်က စာမျက်နှာ ခြောက်မျက်နှာပါသော စာတစ်စောင်ကို သမ္မတနှင့် လွှတ်တော် နာယကထံပို့သည့် သတင်းများ ထွက်ပေါ်သည်။ စာထဲတွင် မည်သည်တို့ကို ရေးထားသည်ကို မသိသော်လည်း ထိုစာရပြီးနောက် သမ္မတ၊ လွှတ်တော် နာယကနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ သုံးပွင့်ဆိုင်တွေ့ကြသည်ဟု သတင်းရရှိသည်။ မေလ နောက်ဆုံးအပတ်တွင် ကြံ့ခိုင်ရေး ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို တံခါးပိတ် ကျင်းပပြီး ပါတီ လျှောက်လှမ်းမည့် အနာဂတ်လမ်းကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဟာဗျူဟာများ ချမှတ်လိုက်သည်ဟု သိရသည်။ ယခု အပတ်တော့ ဤမျှနှင့် နားပါဦးမည်။ ရှေ့ပတ်တွင် လွှတ်တော်၊ နိုင်ငံရေး ပါတီများနှင့် မီဒီယာများအကြား အရှုတ်တော်ပုံများ ရေးပါဦးမည်။

သံဖနောင့်

ြ ပြည်နယ်ခုနစ်ခုတွင် PR စနစ် ဆန့်ကျင်ရေး ဆန္ဒပြမည် 

  ရန်ကုန်၊ PRစနစ် ကျင့်သုံးခြင်းအား ဆန့်ကျင်သည့် အနေဖြင့် တိုင်းရင်းသား ပါတီ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း NBF မှ ပြည်နယ် ခုနစ်ခုတွင် PRစနစ်ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ယခုတစ်ပတ် အတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။

တိုင်းရင်းသားပါတီ ၂ဝ စုပေါင်း ဖွဲ့စည်းထားသည့် NBF အနေဖြင့် ဆန္ဒပြပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူများ PR စနစ်၏ ဆိုးကျိုးများ သိစေရန် ဦးစွာဟောပြောပွဲများပြု လုပ်မည်ဖြစ်ကြောင်း NBF အဖွဲ့ဝင် ကျားဖြူပါတီမှ အတွင်းရေးမှူးဦးစိုင်း အောင်မြင့်ခိုင်က ပြောသည်။

''ကျွန်တော်တို့ဘက်ကတော့ နေ ပြည်တော်ကို ကနေ့ စာတင်ထားပါ တယ်။ ကျောက်မဲမှာ လာမယ့်သော ကြာနေ့ မတိုင်ခင်လုပ်ဖြစ်ပါ့မယ်''ဟု ယင်းကပြောသည်။

အချိုးကျကိုယ်စားပြုစနစ်အား အမျိုးသားလွှတ်တော်မှ ကျင့်သုံးရန် အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် ပြည်သူလူထုအား အဆိုပါစနစ်ဖြစ် ပေါ်လာနိုင်မည့် အကျိုးသက်ရောက် မှုများကိုသိရှိစေရန်ရှင်းပြ၍ ဆန္ဒထုတ် ဖော်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲပြုလုပ်မည့် ပြည်နယ် များအနက် ကချင်ပြည်နယ်တွင်ပြုလုပ် ရန်ကိုမူ လမ်းပန်းဆက်သွယ်ရေးနှင့် အခြားကိစ္စရပ်များကြောင့် ညှိနှိုင်းဆဲ အခြေအနေတွင်ရှိနေပြီး ကျန်ပြည်နယ် များတွင် သက်ဆိုင်ရာပြည် နယ်များရှိ ပါတီများမှ ခွင့်ပြုမိန့်တင်ပြီးဖြစ်ကြောင်း NBF အဖွဲ့ဝင်များ ထံမှသိရသည်။

အချိုးကျကိုယ်စားပြုစနစ်ကျင့် သုံးမည်ဆိုပါက လာမည့်ရွေးကောက် ပွဲများတွင် မှန်ကန်စွာဆန္ဒပြုနိုင်မှုအား နည်းနိုင်ကြောင်းကိုလည်း NBF အဖွဲ့ ဝင်ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ မှဇွန်လအတွင်း ကြေညာချက်ထုတ် ပြန်ခဲ့သည်။

PR စနစ်ကို အမျိုးသားလွှတ် တော်တွင် ကျင့်သုံးမည်ဆိုပါက အမျိုး သားလွှတ်တော်ရှိ လွှတ်တော်ကိုယ် စားလှယ် ၁၆၈ နေရာအတွက်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူခန့်မှန်း ၃၅ သန်းကို အချိုးချရမည်ဖြစ်ပြီး လွှတ်တော်ကိုယ် စားလှယ်တစ်ဦးအနေဖြင့် မဲအရေအ တွက် နှစ်သိန်းရရှိနိုင်မှသာ လွှတ်တော် တွင် ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထို သို့ အချိုးချရွေးချယ်မည်ဆိုပါက တိုင်း ရင်းသား အများစုလွှတ်တော်တွင်း ဝင်ရောက်ရန်ခက်ခဲနိုင်ကြောင်း NBF အဖွဲ့ဝင်ပါတီများကဆိုသည်။

အမျိုးသားလွှတ်တော်တွင် အဆို ပါ PR စနစ်ကို ထောက်ခံသူ ၁၁၇ ဦး ရှိပြီးကန့်ကွက်သူ ၈၅ ဦးရှိခဲ့သည်။

ထောက်ခံသူများမှာ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်များမှဖြစ်ပြီး တပ်မတော်သားနှင့် တိုင်းရင်းသားပါတီ များမှ လွှတ်တော်ကိုယ်စားလှယ်အချို့ မှကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

အဂ္ဂမင်း - ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀) အမှတ် (၂၄)။
Yangon Media Group

ဘင်္ဂါလီများကို တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ရန်ကုန်သို့ ခေါ်လာသည့် အငြိမ်းစားရဲမှူးကြီး နှစ်ဦး၏ သားနှင့်သမီးကို ဖမ်းမိ 

  အငြိမ်းစား ရဲမှူးကြီး နှစ်ဦး၏ သားနှင့် သမီးက ဘင်္ဂါလီကိုးဦးကို တစ်ဦးလျှင် ကျပ် သုံး သိန်းဖြင့် ရန်ကုန်သို့ ပို့ရန်ကား ဖြင့် သယ်လာစဉ် အမ်းမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့အ၀င် စစ်ဆေးရေးဂိတ် တွင် အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦး ဦးဆောင်ကာ ဘင်္ဂါ လီ ကိုးဦးစီးလာသည့်ကားကို စစ် တပ်နှင့် ရဲတပ်ဖွဲ့ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က သတင်းကြိုရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း အမ်းမြို့နယ် ရဲစခန်းမှူး ဒုတိယရဲမှူးသောင်းလွင်ကပြော သည်။

‘‘တစ်ယောက်ကို သုံးသိန်းပဲ ရတာ။ ဘာမှလည်းရတာမဟုတ် ဘူး။ အဲဒါတောင်အကြွေး၊ ရန် ကုန်ရောက်မှ ပေးမယ်ဆိုပြီး သယ်လာတာ’’ ဟု ဒုတိယရဲမှူး သောင်းလွင်ကပြောသည်။

ဘင်္ဂါလီများကို ခေါ်သွင်း လာသူ နှစ်ဦးမှာ မြန်မာနိုင်ငံရဲတပ် ဖွဲ့တွင် ရဲမှူးကြီး အဆင့်ဖြင့် လေး စားလောက်ဖွယ် တာဝန်ထမ်း ဆောင်ခဲ့သူ အငြိမ်းစားရဲအရာရှိ ကြီးနှစ်ဦး၏ သားနှင့် သမီးဖြစ်ပြီး ယခုကဲ့သို့ ဘင်္ဂါလီများကို အခ ကြေးငွေယူ၍ သယ်ဆောင်ပေး သည့် လုပ်ရပ်အပေါ် အံ့သြမိ ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

ဘင်္ဂါလီ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားရှစ်ဦးကို ကျောက် တော်မြို့မှ ဇွန်လ ၁၆ ရက် ည တွင် စတင်ခေါ်ထုတ်လာခဲ့ပြီး ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့ ပဲပဒုံးစစ်ဆေးရေးဂိတ်တွင် ဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

‘‘ဒီစစ်ဆေးရေးဂိတ်မှာ စစ် တပ်ရော၊ ရဲရော၊ အကောက်ခွန်ရော၊ လ၀ကတွေရောအကုန်ပေါင်းစစ် ဆေးတာ။ အဲဒီနေရာက ကျော် လို့ကိုမရတာ။ အမှုအကြောင်း တော့  ကျွန်တော်တို့ မသိပါဘူး။ သူတို့အဖေဖြစ်တဲ့ ရဲမှူးကြီးနှစ် ယောက်ကတော့ တိုင်းပြည်အ တွက် တကယ်ကို တာဝန်ကျေခဲ့ တာပါ’’ဟု အမှတ်(၄) နယ်ခြား စောင့်လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲအရာ ရှိကြီးတစ်ဦးကပြောသည်။

အဆိုပါအငြိမ်းစားရဲမှူးကြီး နှစ်ဦးအနက် တစ်ဦးမှာ ယာဉ်မတော်တဆမှု တစ်ခုကြောင့် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ လူကြီးရောဂါဖြင့် ဆုံးပါးသွားကြောင်း သတင်းရရှိသည်။

ဘင်္ဂါလီကိုးဦးကို အမ်းမြို့နယ် ဆေးရုံတွင် ဆေးစစ်မှုပြုလုပ်ခဲ့ပြီး ရဲစခန်းတွင် ထိန်းသိမ်းထား ကာ အဆိုပါအမှုနှင့် ပတ်သက်၍ သံသယရှိသူ နောက်ထပ်အမျိုး သမီးတစ်ဦးကိုလည်း အမ်းမြို့နယ်ရဲတပ်ဖွဲ့က ထပ်မံစစ်ဆေးလျက်ရှိသည်။

By အောင်သစ်လွင်
7DAY DAILY

ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် အသုံးပြုရန် ဗိုလ်ချုပ်မောင်မောင်အုန်းအား ရဟတ်ယာဉ်တစ်စီးပေး 


ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် နိုင်ငံတော်သမ္မတက အဆိုပြုထားသော ဗိုလ်ချုပ် မောင်မောင်အုန်း ၀န်ကြီးချုပ်တာ ၀န်ထမ်းဆောင်စဉ် ကာလအတွင်း အသုံးပြုရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရဟတ်ယာဉ်တစ်စီးပေးထားကြောင်း သတင်းရရှိသည်။
အဆိုပါ ရဟတ်ယာဉ်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တွဲဖက်အသုံးပြုရန် မှာ ကြားထားကြောင်း ဗိုလ်ချုပ် မောင်မောင်အုန်းကပြောသည်။
ရခိုင်ပြည်နယ်သည် ပြဿ နာဖြစ်ပွားနေသော ပြည်နယ်ဖြစ် သဖြင့် အချိန်နှင့်တစ်ပြေးညီ အလုပ်လုပ်ဆောင်နိုင်ရန် ရဟတ် ယာဉ်ပေးထားခြင်းဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ်အရေး လေ့လာသူများကဆိုသည်။
‘‘ပုံမှန်အားဖြင့်တော့ ပြည် နယ်ဝန်ကြီးချုပ်တွေကို ရဟတ် ယာဉ်ပေးလေ့မရှိဘူး။ အကူအ ညီတောင်းလာရင်တော့ ပေးသုံး တာတွေတော့ရှိတယ်’’ဟု ကာ ကွယ်ရေးဝန်ကြီးဌာနမှ အဆင့် မြင့် အရာရှိကြီးတစ်ဦးက ပြော သည်။
ဇွန်လ ၂၅ ရက်ကပြုလုပ် သော ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ရခိုင်ပြည်နယ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဗိုလ် ချုပ်မောင်မောင်အုန်းအား ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆိုပြု ထားသော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး ဇွန်လ ၃၀ ရက် အစည်းအဝေး၌ အတည်ပြုခန့်အပ်သွားမည်ဖြစ်သည်။

အငြိမ်းစားယူရမည့် အသက်ကို (၆၃)နှစ်သို့ တိုးမြှင့်မည်ဟု သတင်းများထွက်နေ

 နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားယူရမည့် သက်တမ်းကို (၆၃)နှစ်အထိ တိုးမြှင့်မည်ဖြစ် ကြောင်း ၀န်ကြီးဌာနအချို့တွင် သတင်းများထွက်ပေါ်နေကြောင်း သတင်းရရှိသည်။
ယခင်က အငြိမ်းစားယူရ မည့် အသက်မှာ (၆၀)နှစ်ဖြစ်သော် လည်း ယခုထွက်ရှိလာသော ညွှန် ကြားချက်အရသုံးနှစ်ထပ်မံတိုး မြှင့်လိုက်ခြင်းဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် စတင်မည်ဟု သိရသည်။
‘‘နောက်နှဏ်မှာ စမယ်လို့ ပြောထားတယ်။ ရုံးကိုညွှန်ကြား စာရောက်တယ်လို့ ပြောတယ်’’ ဟု ကုန်သွယ်ရေးညွှန်ကြားမှု ဦး စီးဌာန နေပြည်တော်အရာရှိတစ် ဦးက ပြောသည်။
 တိုးမြှင့် ပင်စင်သက်တမ်း ၆၃ နှစ်ကို ညွှန်ကြားစာရောက်ရှိ မည်ဟု လွန်ခဲ့သော တစ်လခန့်က ပြောကြားထားသော်လည်း ယနေ့ အထိ မရောက်ရှိသေးကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ၀န်ကြီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထို့အပြင် ကျန်းမာရေးဝန် ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန  အစရှိသည့် ၀န်ထမ်းများကလည်း ပင်စင်သက်တမ်းအား ၆၃ နှစ်သို့ တိုးမြှင့်မည်ဟု ဌာနဆိုင်ရာ အ ထက်ပိုင်းက ပြောကြားထားသည် ဟု ဆိုသည်။
‘‘ပင်စင် ၆၃ နှစ်လို့ နှုတ်နဲ့ တော့ ပြောထားတယ်။ စာတော့ မရောက်သေးဘူး’’ ဟု ပေါက်ခေါင်းမြို့နယ် မြို့နယ်ဆရာဝန်ကြီးက ပြောသည်။
ပင်စင်သက်တမ်း တိုးမြှင့် ခြင်းအား တပ်မတော်သား ၀န် ထမ်းများအနေဖြင့် ကြားသိထား ပြီးဖြစ်သော်လည်း တရားဝင်စာ ဖြင့် ညွှန်ကြားမှု မရောက်ရှိသေး ကြောင်း နေပြည်တော်ကာကွယ် ရေး ဦးစီချုပ်ရုံးမှ တပ်မတော်အရာရှိ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် စာရင်းများအရ အသက် ၆၀ နှစ်အထက်ရှိသူပေါင်း လေး သန်းကျော်ရှိပြီး နိုင်ငံလူဦးရေ၏ ၈ ရာခိုင်နှုန်းခန့်ရှိကြောင်း ၂၀၅၀ ခုနှစ်တွင် အသက် ၆၀ နှစ်အ ထက်ရှိသူပေါင်း ၁၇ သန်းကျော် အထိ တိုးလာနိုင်၍ နိုင်ငံလူဦးရေ ၏ ၂၆ ရာခိုင်နှုန်းအထိ ရောက်ရှိ လာမည်ဖြစ်ကြောင်း နိုင်ငံတကာ သက်ကြီးရွယ်အိုနှင့် ပင်စင်အခွင့် အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ခန့်မှန်းထားသည်။
ယခုအချိန်တွင် နိုင်ငံ့ဝန် ထမ်း အငြိမ်းစားဝန်ထမ်းဦးရေ မှာ ခုနစ်သိန်းလေးသောင်းကျော် အထိ ရှိသည်။
 အငြိမ်းစား ပင်စင်သက် တမ်း သတ်မှတ်ချက်တွင် ၆၀ နှစ် ဖြင့် သတ်မှတ်ထားမှုသည် အနိမ့် ဆုံးဖြစ်ပြီး ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံအများစုတွင် နိုင်ငံစီးပွားရေး အတွက် ပင်စင်သက်တမ်းအား ၆၅ နှစ်ဖြင့် သတ်မှတ်ထားသည်။

 

အထက (13) မန်းလေး ၇ဲ့ကျောင်းတွင်း ပြုပြင်သင့်သော အချက်များ


အမှတ်(၁၃)အထကကျောင်းရဲ့ အနံ့ဆိုးထွက်သောအမှိုက်ပုံနှင့် ကျောင်းသား/သူလေးများအတွက် အန္ဒရာယ်ရှိ စာသင်ခန်း မျက်နှာကျက်ကြီးများကို ကြည့်ရှု့ကြပါအုံး။ ကျောင်းပတ်ပတ်လည်ရှိ လူနေဈေးဆိုင်ခန်းများမှ သိန်းပေါင်းမြောက်များစွာ ပိုက်ဆံကောက်ယူထားသောသူများ အရှက်မရှိရင် လဲသေသင့်ပါပြီခင်ဗျာ။ စည်ပင်ကပဲယူထားသလား? ပညာရေးဌာနကပဲယူကြသလား? ယူထားတဲ့သူများ အမြန်ဆုံးဖြေရှင်းပေးပါ။

မန္တလေး သတင်း ပုံရိပ်များ.