Monday, June 30, 2014

လက်ထပ်ဖို့ မစဉ်းစားသင့်တဲ့ မိန်းမ (၅) မျိုး

 

မင်္ဂလာဆောင်တယ်၊ လက်ထပ်တယ်ဆိုတာ လူတစ်ယောက်အတွက် တကယ့်ကို အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီတော့ ဘ၀တစ်လျှောက်လုံးအတွက် မှန်ကန်တဲ့ လူတစ်ယောက်ကို ရွေးချယ်ပြီး ပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက်ဆိုရင် ကိုယ့် ဘက်က စဉ်းစားရမယ့် ကိစ္စတွေ အများကြီး ရှိနေပြီပေါ့။ ဒါ့ကြောင့် ကိုယ့်ရဲ့ချစ်သူကောင်မလေးကို ကိုယ့်ဘက်က လက်ထပ်ခွင့်တောင်းဖို့ စဉ်းစားနေပြီဆိုရင် ဒီအချက်လေးတွေ ထည့်သွင်းစဉ်းစားဖို့ လိုပါပြီ။
၁။သူဟာ ကိုယ့်ရဲ့ နောက်ခံဘက်ဂရောင်း၊ ငွေကြေးကြောင့် ချစ်တာဆိုရင်။
သင်ဟာ ယောင်္ကျားလေးမို့လို့ သူလိုချင်တဲ့အရာတိုင်း အမြဲတမ်း ၀ယ်ပေးခဲ့ရတယ်။ နှစ်ယောက်သွား အပြင်သွားတဲ့အချိန်၊ ချိန်းတွေ့တဲ့အချိန်တိုင်းလည်း သင်ပဲ ပိုက်ဆံအမြဲရှင်းရတယ်။ ဒါတွေက ထားလိုက်ပါတော့၊ ခု အိမ်ထောင်ကျပြီးတဲ့အခါကျပြန်ရင်လည်း ရသမျှငွေကို သူ့ကိုပဲ အပ်ရမယ်၊ သူလည်း အဲ့ဒီအချိန်အလုပ်ကထွက်ပြီး အိမ်မှာပဲနေမယ် စတာတွေကို ခုချိန်ကတည်းက ကြိုပြောလေ့ရှိတယ်။ အိမ်ထောင်ကျပြီးသွားရင် တိုက်ခန်းဝယ်တဲ့အခါ သူ့နာမည်နဲ့ ၀ယ်ပေးဖို့ သင့်ကို တတွတ်တွတ်ပြောနေမယ်ဆိုရင်တော့ ဒီလိုချစ်သူမျိုးဟာ ကိုယ့်ကိုဘာအတွက်ကြောင့် ချစ်တာလဲ၊ ကြိုက်တာလဲဆိုတာ ထည့်စဉ်းစားဖို့ လိုပါပြီ။
၂။ယောင်္ကျားလေး သူငယ်ချင်းတွေနဲ့ ညဘက်ထွက်တိုင်း ပြဿ      နာရှာတတ်တဲ့ လူမျိုးဆိုရင်။
ကိုယ့်ချစ်သူကို သ၀န်တိုတာ ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်တာကို ဘယ်ကောင်မလေးကမှ လက်ခံမှာ မဟုတ်ပေမယ့် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ပြဿ      နာရှာပြီး ပွားတတ်တဲ့သူဆိုရင်လည်း ဒီလိုအခြေအနေမျိုးက ကြာရင်  ပြဿ နာအကြီးကြီး ဖြစ်လာနိုင်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးကလည်း ခိုင်မြဲမှာ မဟုတ်ပါဘူး။
၃။သူမဆီမှာ သူငယ်ချင်းဆိုလို့ တစ်ယောက်မှကို မရှိတဲ့သူဆိုရင်။
ကိုယ့်ကောင်မလေးမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ အပေါင်းအသင်းလည်း မရှိဘူးဆိုရင် ဒါဟာ တော်တော်လေး ထူးဆန်းတဲ့ ကိစ္စလို့ မထင်ဘူးလား။ ဘယ်သူမဆို တိုင်ပင်ရာ တိုင်ပင်ဖက် သူငယ်ချင်းတစ်ယောက်လောက်တော့ လူတိုင်း ရှိတတ်ကြတာပါပဲ။ အဲ့ဒီလိုတောင် မရှိဘူးဆိုရင် ကိုယ့်ချစ်သူဟာ သာမာန်မဟုတ်ဘူးဆိုတာ နားလည်ထားလိုက်တော့ပေါ့။
၎။သူနဲ့ကိုယ်နဲ့ ချစ်သူဖြစ်တာ လပိုင်းလောက်ပဲရှိသေးတာကို တွေ့တိုင်း ယူဖို့ချည်း ပြောနေပြီဆိုရင်။
သူ့အကြောင်း၊ ကိုယ့်အကြောင်း သိပ်လည်း မသိသေးဘဲ၊ လပိုင်းလောက်တွဲပြီး ယူမယ်လို့ ဆုံးဖြတ်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ တစ်ဦးနဲ့တစ်ဦး သေချာလေ့လာကြဖို့ အချိန်ယူကိုယူရမှာပါ။ ဒါမှသာ တစ်ယောက်ရဲ့မိသားစုက ဘယ်လိုရှိတယ်ဆိုတာ သိလာမယ်၊ သူဘာတွေမကြိုက်ဘူး၊ ဘယ်အရာတွေ လက်မခံနိုင်ဘူး ဆိုတာတွေ သေချာသိလာမှာပါ။
၅။သင်ချည်းပဲ တစ်ဖက်သတ်ချစ်နေရတာမျိုးဆိုရင်။
သူကအယူချည်း၊ ကိုယ်ကအပေးချည်း။ ဒါ့အပြင် သင်ကချည်း တစ်ဖက်သက်ချစ်နေရပြီး သူ့ဘက်က ချစ်တယ်သာပြောတယ်၊ ကိုယ့်ကိုအရေးမပေး၊ အဖက်လည်း သိပ်မလုပ်တဲ့ မိန်းမမျိုးဆိုရင်လည်း ကိုယ့်ဘက်က အိမ်ထောင်ဖက် အဖြစ်ရွေးချယ်တော့မယ်လို့ ဆုံးဖြတ်တဲ့အခါ စဉ်းစားရမှာတွေ အများကြီးပေါ့။
Trend Myanmar

ဖုန်း application မှ လိင်ဆက်ဆံဖက် ရှာဖွေသူများအကြား ရောဂါကူးစက်မှုများလာ 

 အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှု ပြုလုပ်သူများအနက်  မိမိတို့ လိင်ဆက်ဆံဖက်ကို ဖုန်း application  များမှတစ်ဆင့် ရှာဖွေသူများသည် လူချင်းတွေ့ဆုံ၍ဖြစ်စေ၊ လူမှုကွန်ယက်များမှဖြစ်စေ ရှာဖွေသူများထက် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ပိုမိုကူးစက်ခံနေရကြောင်း သုတေသနတစ်ခုအရ သိရသည်။
အင်တာနက်အသုံးပြုမှုနှင့် လူမှုကွန်ယက်များ ကြီးထွားလာမှုကြောင့် လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် လွယ်ကူလာပြီး ဆက်သွယ်စရာ သီးသန့် ဖုန်း application  များ ထွက်ပေါ်လာသည်အထိ ချဲ့ထွင်လာကြသည်။ ၎င်းင်းတို့အထဲတွင် လူတစ်ဦးချင်း၏ တည်နေရာကို ကိုယ်တိုင်ဖော်ပြထားနိုင်ပြီး အခြားသူများကို ဖိတ်ခေါ်နိုင်သည့် ပထ၀ီလူမှုကွန်ရက် (geosocial networ king – GSN) application  များလည်း ထွက်ပေါ် လာလျက်ရှိသည်။ Grindr  ၊ Scruff ၊ Recon  အစရှိသည့် GSN application  များကို အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများအကြား အမည်မဖော်လိုသူ အမျိုးသားအချင်း ချင်းတွေ့ဆုံနိုင်ရန် အများဆုံးအသုံး ပြုကြသည်။
၂၀၁၁ သြဂုတ်လမှ ၂၀၁၃ ဇန်န၀ါရီလအတွင်း HIV ကင်းစင်သောအမျိုးသားအချင်းချင်း လိင်ဆက်ဆံသူ (၇၁၈၄) ဦးထံမှ သတင်းအချက်အလက်များကို အင်တာဗျူး ပြုလုပ်၍ စုဆောင်းခဲ့သည်။  (၃၄) ရာခိုင်နှုန်းမှာ လူချင်းတွေ့ဆုံ၍ အချိန်းအချက်ပြုလုပ်ကြပြီး (၃၀) ရာခိုင်နှုန်းမှာ လူချင်းတွေ့သည့် နည်းနှင့် အင်တာနက်မှ ဆက်သွယ်နည်းနှစ်မျိုးစလုံး အသုံးပြုကြသည်။ (၃၆) ရာခိုင်နှုန်းမှာ ဖုန်း application  များအသုံးပြု၍ ဆက်သွယ်ကြသည်။
၎င်းတို့အနက် ဖုန်း application  များ အသုံးပြုဆက်သွယ်သူများသည် အခြားသူများထက် ဂနိုရောဂါကူးစက်ခံရမှု (၂၃) ရာခိုင် နှုန်းပိုမိုများပြားပြီး chlamydia  ပိုးကူးစက်ခံရမှု (၃၅) ရာခိုင်နှုန်း ပိုမိုများပြားသည်ကို တွေ့ရသည်။ ဖုန်း application  များသည် အထူးသဖြင့် အသက် (၄၀) အောက် အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများ အကြား ပိုမိုရေပန်းစားသည်ကိုတွေ့ရပြီး လူဖြူများနှင့် အာရှနွယ်ဖွားများ ပိုမိုအသုံးပြုကြသည်။
ဖုန်း application  များသည် အခြားနည်းလမ်းများထက် အသုံးပြုရပိုမိုလွယ်ကူခြင်းကြောင့် ဖုန်း application  သုံးသည့် အမျိုးသား များအကြား တွေ့ဆုံမှုအကြိမ်ရေ ပိုမိုနိုင်ပြီး လူပေါင်းစုံနှင့်တွေ့ ဆုံနိုင်ရန် အခွင့်အလမ်းပိုများခြင်းကြောင့် ရောဂါကူးစက်မှု ပိုများခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက ယူဆကြသည်။
  ဇော်ကို
Ref:NMD

မှတ်မှတ်သားသားစကားများ



 RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ မှတ်မှတ် သားသား စကားများ အစီအစဉ်ဖြစ်ပါတယ်။

ဒီတပတ်မှာတော့ ဝန်ကြီးဦးအောင်မင်း၊ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရာထားခံရသူ ဗိုလ်ချုပ်မောင်မောင်အုန်း၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုကိုကြီးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြောကြားချက်တွေကို စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။

http://www.rfa.org/burmese/multimedia/quotes-06272014230933.html 

 

အသံဖိုင်များ နားထောင်နိုင်ရန်

http://www.rfa.org/burmese/features/ns_weekly-09182009162332.html

မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း ကြက်မြစ်တွေ ဖမ်းမိ 

  မြဝတီ နယ်စပ်ကနေ ရန်ကုန်မြို့တော်သို့ တင်သွားလာတဲ့ မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း၊ ကြက်မြစ်တွေကို ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံကနေ မြဝတီ၊ မော်လမြိုင်၊ ရန်ကုန်မြို့တော်သို့ အဆင့်ဆင့် သယ်ယူလာတဲ့ အဲဒီ ကြက်သည်း၊ ကြက်မြစ်တွေကို ညောင်ခါးရှည် မိုဘိုင်းတင်းမ်အဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

ကြက်သည်း၊ ကြက်မြစ် အလေးချိန် ၂ ဒသမ ၅ တန်ကျော်ရှိပါတယ်။ ခန့်မှန်းတန်ဖိုး ၆၃ သိန်းကျော် တန်ဖိုးရှိတယ်လို့ သူက ဆိုပါတယ်။ ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ညောင်ခါးရှည် မိုဘိုင်းတင်းမ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေထက်မင်းက “မော်လမြိုင် ငါးဦးစီးဆီက ယူလာတဲ့ မျှောစာကို ပြတယ်။ ငါးဦးစီးရဲ့ မျှောစာက ကကတစ်ငါးကို ဖော်ပြထားတာ။ သယ်လာတာက စီပီတံဆိပ် ကြက်မြစ်ကြက်သည်းတွေ” လို့ ရှင်းပြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က တင်သွင်းရန် ခွင့်ပြုမထားသော စားသုံးရန်မသင့်သည့် အဆိုပါ ကြက်မြစ်ကြက်သည်းများကို မီးရှို့ဖျက်ဆီး၍ မြေမြှုပ်ခဲ့တယ်လို့ မိုဘိုင်းတင်းမ် အဖွဲ့က သိရပါတယ်။

မှောင်ခိုပစ္စည်း တင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ရဲစခန်းမှာ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ မှောင်ခိုဝင်လာတဲ့ ကြက်သည်း၊ ကြက်မြစ်တွေကို ပြည်တွင်းမှာ တစ်ကီလိုဂရမ် တစ်ထုတ်ကို ကျပ် ၂၇၀၀ ဈေးပေါက်ပါတယ်။

ပဲနို့နဲ့ အသားတုတွေလည်း မှောင်ခိုလမ်းကြောင်းကနေ ဝင်ရောက်လေ့ ရှိပါတယ်။

The Voice Weekly

Lord of the Rings ဇာတ်ကားထဲက ဇာတ်ကောင် Gollum နဲ့တူတဲ့ ထူးဆန်းသဏ္ဍန်ရှိတဲ့ သတ္တ၀ါကို တရုတ်ပြည်တောင်ကုန်းတွေကြားမှာတွေ့ရှိ

 တရုတ်ကမ္ဘာလှည့်ခရီးသည်တစ်ဦးက Lord of the Rings ဇာတ်ကားထဲက ဇာတ်ကောင် Gollum ရုပ်နဲ့တူတဲ့ သတ္တ၀ါတစ်ကောင်ဟာ ဘေဂျင်းမြို့ မြောက်ဘက် Huairou အရပ်ကကျောက်ဆောင်တွေကြားထဲ ခိုအောင်းနေတယ်လို့ဆိုပါတယ်။ အဲဒီ့အရာကို သက်သေပြဖို့အတွက်လည်း သူကဓာတ်ပုံတစ်ပုံကိုပြပါတယ်။

‘ကျွန်တော်အပေါ့သွားဖို့ သွားတဲ့အချိန်မှာ မကောင်းဆိုးဝါးတစ်ကောင်ကိုတွေ့တော့တာပဲ။ ကျွန်တော်သူ့ရဲ့ဓာတ်ပုံကိုလဲရိုက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်အခု ကြောက်လန့်နေတယ်’ လို့အဆိုပါတွေ့ရှိခဲ့သူဆိုပါတယ်။

အင်တာနက်မှာပြန့်နှံ့နေတဲ့ ဒီဓာတ်ပုံကို မြင်လိုက်ရတဲ့သူတစ်ဦးက မှတ်ချက်ပေးတဲ့နေရာမှာ အောက်ပါအတိုင်းရေးခဲ့ပါတယ်။

‘ပြီးခဲ့တဲ့တစ်ပါတ်တုန်းက ကျွန်တော်/ကျွန်မနဲ့ သူငယ်ချင်းတွေ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားငယ်တစ်ကားရိုက်ကူးဖို့ တောင်ကြားတွေထဲကို သွားခဲ့ပါတယ်။ ကျွန်တော်/ကျွန်မ အပေါ့သွားနေတုန်းမှာ လူတစ်ယောက်ယောက်လာပြီး ကျွန်တော်/ကျွန်မ ကိုဓာတ်ပုံရိုက်သွားပြီး ထွက်ပြေးသွားတယ်’ ဆိုပြီးဖြစ်ပါတယ်။

Ref:dangerousminds.net
Trend Myanmar

ဝမ်ပေါင်ကုမ္ပဏီ ဆန္ဒပြ ဝန်ထမ်းနဲ့ မေးမြန်းချက်

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံဘွဲ့ ရတွေကို အငယ်တန်းအော်ပရေတာ သင်တန်းတက်စေပြီး အလုပ်ခန့်ရာမှာ လစာ ညှိုနိုင်းမရဖြစ်နေတာ သုံးလ ရှိသွားပြီလို့ သိရပါတယ်။ ၀မ်ပေါင်ကုမ္ပဏီက အလုပ်သမားတွေကို ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင် ပြန်ဝင်ဖို့ စာထုတ်ထားပါတယ်။ သင်တန်းသားတွေက  လုပ်ငန်းခွင်မ၀င်ဘဲ ဆန္ဒပြမယ်လို့ဆိုပါတယ်။ သင်တန်းသားတစ်ဦးဖြစ်တဲ့ ကိုဖြိုးယုဌေးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

 ကိုဖြိုးယုဌေး နဲ့ ဆက်သွယ်မေးမြန်းချက်

http://www.rfa.org/burmese/interview/lpt-protest-onepeople-interview-06292014113834.html 

မန္တလေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲတွေ သတိပေးခံရ

မန္တလေး NLD က ဦးဆောင်ပြုလုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒရယူ လက်မှတ်ထိုးပွဲတွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က NLD ပါတီဝင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (မန္တလေး) က တာဝန်ခံတစ်ချို့ကို ခေါ်ယူသတိပေးခဲ့ကြောင်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတိုင်း NLD ဥက္ကဌ ဦးတင်ထွဋ်ဦးကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

 အသံဖိုင် နားဆင်ရန်နှင့် ရယူရန်

http://www.rfa.org/burmese/interview/mandalay-436-signature-campaign-06302014120404.html 

မီးပွိုင့်များတွင် တောင်းရမ်းနေသူများကို စီမံချက်ဖြင့် ဖမ်းဆီး


ဇွန်လ ၂၈ရက်က မန္တလေးမြို့လယ် ၇၈လမ်းနှင့် ၃၅လမ်း ထောင့်ရှိ မီးပွိုင့်တွင် တောင်းရမ်း နေသူ(၁၃)နှစ်နှင့် (၂)နှစ်အရွယ် ကလေးနှစ်ဦးအား လူမှုဝန်ထမ်းပို့ ဆောင်ပေးခဲ့ကြောင်း၊အနာကြီိး ရောဂါသည်တစ်ဦးအား ရေနံ့သာ ဆေးရုံသို့ ပို့ပေးခဲ့သည်။ ထို့အ ပြင် ကလေးငယ်များအားပိုက်ဆံ တောင်းရမ်းခိုင်းရန်အတွက် ဆိုင် ကယ်ဖြင့်လိုက်ပို့ပြီး ကိုယ်တိုင် လည်း လိုက်လံတောင်းခံနေသူ သုံးဦးကို  အမှတ်(၉)ရဲစခန်းသို့ ပို့ဆောင်ကာ အမှုဖွင့်အရေးယူ ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန   ဌာနခွဲမှူးဦးစိုး တင့်အောင်ကပြောသည်။
‘‘ယာဉ်ထိန်းကနေဖုန်းဆက် ပြောလို့ ဖမ်းလိုက်တာပါ။ နောက် ထပ်လည်း ကိုယ်တိုင်တောင်းတဲ့ သူတွေရော တောင်းခိုင်းတဲ့သူ တွေကိုပါ ဖမ်းသွားမယ်’’ဟု ဌာန ခွဲမှူးကပြောသည်။ ယခင်က လည်း မန္တလေးစည်ပင်က တောင်း ရမ်းစားသောက်နေသူများကို လူမှုဝန်ထမ်းဌာနများသို့ ပို့ဆောင် ပေးခဲ့သော်လည်း ပြန်လည်ထွက် ပြေးခြင်းများပြုလုပ်ခဲ့ကြသည်ဟု ဌာနမှူးကဆိုသည်။

မန္တလေးမြို့ရှိ မီးပွိုင့်များတွင် သာမက မြို့လယ်လမ်းများနှင့် စားသောက်ဆိုင်များတွင်ပါလိုက် လံတောင်းရမ်းနေသူများကို လည်း အရေးယူသင့်သည်ဟု မန္တ လေးမြို့ခံအချို့ကဆိုသည်။

‘‘အလှူခံငွေဖလားတွေနဲ့ စ တစ်ကော်လံအင်္ကျီတွေနဲ့ အား ကောင်းမောင်းသန်တွေ၊ ပိုက်ဆံမ ပေးရင် ခုပဲထချတော့မယ့်ပုံစံနဲ့ တောင်းတာ။ စားသောက်နေရင်း လည်းမရှောင်ဘူး။ ဇွတ်လာ တောင်းတာ။ အဲဒါမျိုးတွေလည်း ပပျောက်စေချင်တယ်’’ဟု မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၃လမ်းတွင်နေထိုင်သူကိုစည်သူ အောင်ကဆိုသည်။

မန္တလေးမြို့လယ် ဘူတာကြီး နှင့် ဈေးချိုတစ်ဝိုက်တွင်လိုက်လံ အလှူခံနေသည့် အဖွဲ့အစည်းများ အား ချမ်းအေးသာစံမြို့နယ် သံ ဃနာယကအဖွဲ့က   သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့ ထောက်ခံချက်ပါ၊ မပါစစ်ဆေးနေပြီး မပါရှိပါက အလှူခံခွင့်မပြု ကြောင်း၊ ထို့အပြင် သာသနာညှိုး နွမ်းအောင်အလှူခံနေသူများကို လည်း စစ်ဆေးအရေးယူနေ ကြောင်း ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့မှ သတင်းရ ရှိသည်။

By ညီညီဇော်

7DAY DAILY

တပ်မတော်မှဗိုလ်ကြီးဆိုသူမှ တာဝန်ထမ်းဆောင်နေသူ ယာဉ်ထိန်းရဲအား ဆဲဆိုစော်ကားမှုဖြစ်ပွား 

 (၃၀-၆-၂၀၁၄) ည (၇း၄၄) မိနစ် မန္တလေးမြို. ၃၅ လမ်း၊ လမ်း(၈၀)ဒေါင့်တွင် ရှေ.မှာ ဗင်ကားတစ်စီးအား နောက်မှ မတ်တူးကား တစ်စင်းမှ ၀င်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လာရောက် စစ်ဆေးသည့် ယာဉ်ထိန်းရဲကို တပ်မတော်မှ ဗိုလ်ကြီးဆိုသူ တစ်ဦးမှ လူအများရှေ.တွင် ဆဲဆိုစော်ကားမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။
ထိုသို. အော်ဟစ် ဆဲဆိုနေသူမှာ သူကိုယ်သူ ဗိုလ်ကြီးနိုင်လင်းဝင်း ဟု ပြောဆိုလျက် လ ပ ခ ( အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ) ၊အမြောက်တပ်မှဟု လည်းပြောဆိုကြောင်း သိရပါသည်။ ထိုသူသည် နောက်မှဝင်ရောက် တိုက်သောကားမောင်းသူ ဖြစ်ကြောင်းလည်း သိရပါသည်။

အရက်သေစာမူးယစ်နေပြီး ၄င်းမှ "ရဲတွေ အဆင့် မရှိဘူး။ ရဲတွေ ငွေပေးရင်ရတယ်၊ မင်းတို့  အဆင့် နဲ့ ငါ့ကို ပြောလို့ မရဘူး၊ ငါ့ ရှေ့ နေ နဲ့ ပြောဟုဆိုကာ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲကို လက်ညိုးငေါက်ငေါက်ထိုးပြောဆိုနေခဲ့ကြောင်း မျက်မြင်သက်သေများမှ ပြောဆိုပါသည်။

ထိုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မျက်မြင်သက်သေတစ်ဦးမှ" တပ်မတော်မှ တာဝန်ရှိ လူကြီးများ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံး မပုပ်စေချင်ရင် ယခုလို တာဝန်ထမ်းဆောင်နေသူ ယာဉ်ထိန်းရဲ
တစ်ယောက်အပေါ် လူအများရှေ.တွင် ဆဲဆိုစော်ကားနေမှုမျိုးအား ထိထိရောက်ရောက် အရေးယူသင့်ကြောင်း" ဝေဖန်ပြောဆိုခဲ့ ကြောင်းသတင်းရရှိပါသည်။

သတင်းဓါတ်ပုံ- အရည်ကြို ( မန္တလေးမြို. )

သတင်းစာရှင်းလင်းပွဲလုပ်သူအား ချောင်းမြောင်းရိုက်နက်မှုဖြစ်ပွား 

                                      သတင်းစာရှင်းလင်းပွဲဦးဆောင်သူ ကိုသန်းနိုင်

 သင်္ဃန်းကျွန်းမြို့နယ်င/က ရပ်ကွက်တွင် တရားမဝင် ကန်ထရိုက်တိုက်များ ဆောက်လုပ် နေမှုနှင့် ပက်သက် ၍ သတင်းစာရှင်းလင်းပွဲ လုပ်ခြင်းအပေါ် မကျေနပ်သူ အချို့မှ သတင်းစာ ရှင်းလင်းပွဲ လုပ်သူ များအား တိုက်ခိုက်မှု တစ်ခု ည ၁၀ ခွဲအချိန်၌ င/က ရပ်ကွက်အတွင်း ဖြစ်ပွား ခဲ့ကြောင်းသိရပါ သည်။
ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်င/က ရပ်ကွက်တွင် တရားမဝင် ကန်ထရိုက်တိုက်များ ဆောက်လုပ် နေမှုနှင့်ပက်သက်၍ ၃၀.၆.၂၀၁၄ ရက်နေ့ နေ့ လည် ၃ နာရီတွင် ကျောက်တံတားမြို့နယ် ၃၆ လမ်း အလယ်ဘလောက် အမှတ် ၁၈၁ မြန်မာဂျာနယ် လစ်ကွန်ယက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြ သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို. အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်လည်း
တက်ရောက်ရှင်းလင်း ခဲ့ကြောင်း သိရသည်။
ထိုသို့ သတင်းစာရှင်းလင်းပွဲ လုပ်ခြင်းအပေါ်မကျေနပ်သူ အချို့မှ သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူ ကိုသန်းနိုင်၊ အသက် ၄၇ အမှတ် ၁၂/၆၈ စံချိန်သစ်လမ်း င/က ရပ်ကွက် နေထိုင်သူအား ည ၁၀ ခွဲ အချိန်၌ မြင်လျှင်မှတ်မိသူ(၂)ဦးမှ ဓားဖြင့်ထိုးခြင်း၊ တုတ်ဖြင့် ၀င်ရောက်ရိုက်ပြီး ရိုက်ပြီးပြီးခြင်း အနီးနားရှိ တက္ကစီတစ်စီးအပေါ် တက်ပြေးကာ  ထွက်ပြေး လွတ်မြောက်သွား ခဲ့ကြောင်း သိရပါသည်။
၎င်းဖြစ်စဉ်နှင့်ပက်သက်၍ ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက် နိုင်ရန် သုဝဏ္ဏစခန်းမှ တာဝန်ရှိတပ်ဖွဲ့ဝင်များ ရဲအရာရှိများမှ အမှုဖွင့် လှစ်ထားရှိပြီး တရားခံများ ဖမ်းမိရေးနှင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းဓါတ်ပုံ- ကိုမင်း
Tomorrow

 

ထွန်တုံးတိုက်ပွဲဝင်နေသည့် နေရာတွင် စစ်တပ်က သေနတ် ၄၈ချက် ပစ်ဖောက်ခဲ့ဟုဆို 

 

 

 မန္တလေး၊ မဇ္ဈိမ။           ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာတွင် စစ်တပ်က သိမ်းဆည်းမြေ ဧက ၃ဝဝကျော်ကို ပြန်ရရန် ဇွန်လ ၈ရက်မှ စကာ ထွန်တုံးတိုက်ပွဲ ဝင်ခဲ့သည်ကို ဇွန်လ ၃ဝရက် နံနက် ၆နာရီကျော်က စစ်ကား ခြောက်စီး ရောက်လာပြီး စစ်သား ၁ဝဝခန့်က ဝိုင်းထားပြီး နံနက် ၁ဝနာရီခန့်တွင် သေနတ် ၄၈ချက် ဖောက်ခဲ့သည်ဟု မြေမွန်ကျေးရွာမှ လယ်သိမ်းဆည်းခံ တောင်သူ ကိုစောမွန်က မဇ္ဈိမကို ပြောသည်။
 “ စစ်သား ၁ဝဝ ကျော်လောက်က ကျွန်တော်တို့ တောင်သူတွေ ထွန်ယက်နေတာကို ဝိုင်းထားတယ်။ ကျွန်တော်တို့ ထွန်နေတဲ့ ကွင်းထဲက ဆောက်ထားတဲ့ တဲလေးထဲမှာ ဝင်နေရတယ်။ ဘယ်မှမထွက်ရဘူး။ သူတို့ကို ကြောက်လို့ကုတ်နေရတယ်။ အပေါ့ အလေးတောင် မသွားရဲဘူးဟု” ကိုစောမွန်ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း နယ်စပ်ရေးရာ ဝန်ကြီးထံသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်ရာ အစည်းအဝေး လုပ်နေသောကြောင့် ညနေ  ၅နာရီခန့်တွင် ပြန်လည်ဆက်သွယ်ရန် တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။ ညနေ ၅ နာရီတွင် ဆက်သွယ်ရာဆက်သွယ်မူ မရခဲ့ပေ။

“ကျွန်တော်တို့ ထွန်တာကို လာကူညီတဲ့ သူတွေရှိတယ်။ အဲ့ဒီကူညီတဲ့သူတွေထဲမှာ သားသည်အမေတွေပါတယ်။ အခုသူတို့တွေ ဒီတဲထဲမှာ ပိတ်မိနေတယ်။ ကလေးတွေက ရွာထဲမှာ ကျန်ခဲ့တယ်။ နံနက် ၆ နာရီ လောက် ကတည်းက ခုချိန်ထိနေနေရတယ်။ ထမင်းကို ဆားဖြူးပြီးတော့ စားနေရတယ်"ဟု ကိုစောမွန်က ပြောသည်။

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာက ဒေသခံတောင်သူ ၁၆ ဦး၏ သိမ်းဆည်ခံလယ်ယာမြေဧက (၃၁၉)ဧက၊ ကွင်းအမှတ် (၈၅၅/က) အမည်ပေါက် ကွင်းကို ၁၉၉၁-၉၂ခုနှစ်က စစ်ကိုင်းတိုင်း အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်က သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

  Written By မြတ်မင်း

 Mizzima - News in Burmese

 

ဘင်္ဂါလီနေအိမ်တစ်အိမ်တွင် စိတ်ကြွ ဆေးပြား ကျပ်သိန်း ၂၀၀ဝဖိုးခန့် ဖမ်းမိ 


 မူးယစ်ဆေး ဝါးအမှုဖြင့် ဖမ်းဆီးခံထားရသူ၏ ထွက်ဆိုချက်အရ ဇွန် ၂၈ရက်ညနေ လေးနာရီ က မောင်တောမြို့ မြို့ဦး အုပ်စု လသာရွာနေ ဟာမိတ်တူ ဆောင်း(ဘ)အဒူရော်မန် ဘင်္ဂါလီ လူ မျိုး၏နေအိမ်အား မောင်တော မူး ယစ်တပ်ဖွဲ့စု(၄၆)မှ ရဲအုပ်ဇော်လင်း ထွန်း၊ မောင်တောမြို့မရဲစခန်းမှ ရဲ အုပ်တိုးတိုးနှင့် ရဲအုပ်ဝင်းဌေးဦးတို့ မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးများဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မူးယစ် ဆေးဝါး သိန်း၂၀၀၀ ဖိုးခန့်ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မောင်တောမြို့မရဲစ ခန်းမှ မယ(ပ) ၁၁/၂၀၁၄၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါး များ ကာကွယ်တားဆီး ရေးပုဒ်မ-၅/၁၉(က)အမှုဖြင့်ဖမ်းဆီး ခံထားရသူ မြို့မတောင်ရပ် ကွက်နေ အေကေရာမ် (ဘ)ဇော်မူလုပ် ၏ထွက် ဆိုချက်အရ ဟာမိတ်တူဆောင်းနေ အိမ်အား သွားရောက် စစ်ဆေးရှာဖွေ ခဲ့ရာ နေအိမ်ဧည့်ခန်းနံရံတွင် ချိတ် ထားသော မိုးကာအကျီ င်္အိတ်ကပ်အ တွင်း အဖြူရောင်ပလတ်စတစ်ဖြင့် ထုပ်ထားသော WY စာတန်းပါ ပန်း ရောင်ဆေးပြား ၁ဝပြားကို ပရီးမီယာ စီးကရက်ဘူးခွံ အတွင်း တွင် ထည့် လျက် အပြာရောင်ဂတ်စ်မီးခြစ်တစ် လုံး၊ မူးယစ်ဆေးဝါးရှူရာ တွင်အသုံး ပြုသော ပိုက်တပ်ထားသော နီညို ရောင်ပလတ်စတစ်ဘူးခွံတစ်လုံး၊ ခဲ စက္ကူအပိုင်းအစတစ်ရွက်တို့ကို ရှာ ဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် နေအိမ်အတွင်း သက်သေခံပစ္စည်းများကို သိမ်းဆည်း နေစဉ် နေအိမ် အနောက်ဘက်ခြံစည်း ရိုးနားတွင် ပီနံအိတ် တစ်အိတ်ထမ်း ၍ ဘင်္ဂါလီလူမျိုး တစ်ဦး ထွက်ပြေး သွားသည်ကိုတွေ့ရသဖြင့် လိုက်လံ ဖမ်းဆီးရာ ပီနံအိတ် ထမ်းပြေး သူမှာ အိတ်ကိုထားကာ ထွက်ပြေးသွားပြီး ပီနံအိတ်အား အသိ သက်သေ များဖြင့် ရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား ငွေကျပ် သိန်း ၂၀၀ဝဖိုးခန့် ကို ဖမ်းဆီးရမိခဲ့ ကြောင်းနှင့် ထွက်ပြေးသွားသူအား ဖမ်းဆီးရမိနိုင်ရေးအတွက် အရေးယူ ထားကြောင်း သိရသည်။

NT

[--Democracy today Daily Newspaper--]

Yangon Media Group

မိုးထိမိုးမိဒေသ ရွှေလုပ်သား များ ထောင်ဒဏ် ၉ လစီ ချမှတ်ခံရ


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသ က ရွှေလုပ်သား ၄ ဦးနဲ့ သူတို့ကိုအကူအညီပေးသူ မုံရွာမြို့နယ်က ကိုရာဇာတို့ကို ဒီနေ့ ရမည်းသင်းမြို့နယ် တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထောင် ဒဏ် ၉ လစီ ချမှတ်လိုက်ပါတယ်။
ဒီနေ့ ရမည်းသင်းမြို့နယ် တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့က ကိုသိန်းအောင်မြင့်က အခုလို ပြော ပါတယ်။
"ကျနော့်ဆီ နေ့လည်ပေါ့နော် ၃ နာရီ ၁၅ မိနစ်က ကိုရာဇာ လှမ်းပြီးဖုန်းဆက်တာတော့ ကိုဝင်းအောင် ရယ်၊ ကိုမင်းဇော်ဦးရယ်၊ ကိုမြင့်အောင်ရယ် ကိုအောင်ဆန်းလင်းရယ် ကိုရာဇာရယ် ပေါင်း ၅ ဦးကို ရမည်းသင်းတရားရုံးကပေါ့နော် ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၆ လ၊ ပုဒ်မ ၁၄၃ နဲ့ ထောင်ဒဏ် ၃ လ ပေါင်း ၉ လအမိန့်ချလိုက်တယ်လို့ သူပြောသွားပါတယ်ခင်ဗျ"
မိုးထိမိုးမိဒေသမှာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနဲ့ ရွှေလုပ်သားတွေဟာ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေရာ ကနေ ကုမ္ပဏီက ရွှေလုပ်သားတွေကို လုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်တာကြောင့် ဒီနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က အဲဒီရွှေတွင်းတွေမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအထဲက  ရွှေလုပ်သားခေါင်းဆောင် ၁၅ ယောက်ကို တရားစွဲဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မေလက ၁၀ ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ရမည်းသင်းမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ခြေဥ ပြင်ဆင်ရေး ထောက်ခံသူ လက်မှတ်ပေါင်း သုံးသန်း NLD ရရှိ

 ကရင်ပြည်နယ် ဘားအံမြို့နယ် ကန်သာဦးခန်းမမှာ မေလ ၂၈ ရက်နေ့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ရေးထိုးပွဲ နဲ့ ဟောပြောပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ နန်းခင်ထွေးမြင့်တို့ လက်မှတ်ရေးထိုးစဉ်



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ တစ်လအတွင်း လက်မှတ်ရေးထိုးသူပေါင်း ၃သန်း ကျော် ရှိနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရုံးတွေမှာ စုဆောင်းရရှိတဲ့ လက်မှတ်တွေကို ရေတွက်ထားတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ပြောပါတယ်။
"ကျနော်တို့ တစ်ပြည်လုံးအတိုင်းအတာနဲ့ပေါ့ ဒီ ၂၉ ရက်နေ့မှာ တစ်လပြည့်မြောက်ပါပြီ၊ တိုင်းနဲ့ပြည် နယ်တွေမှာ သူတို့စုဆောင်းပြီး ရရှိထားတဲ့လက်မှတ် ကို ပြည်သူတွေကို ကျနော်တို့သိအောင် တိုင်းနဲ့ပြည် နယ် ၁၄ ခုမှာ လက်မှတ်ဘယ်လောက်ရနေတယ်၊ ၁၄ ခုထဲက တင်ပေးတဲ့လက်မှတ်တွေကို ကျနော် တို့ပေါင်းပြီးတော့ ကြေညာချက်ထုတ်လိုက်တာပါ၊ ကျနော်တို့ ရန်ကုန်တိုင်းကပဲ ၆ သိန်း၊ ဒုတိယကတော့ ဧရာဝတီတိုင်းနဲ့ မန္တလေးဖြစ်ဖို့ များပါတယ်ခင်ဗျ၊ ဘယ်နေရာကနေပဲ လက်မှတ်ထိုးထိုး တစ်ကြိမ်ပဲထိုးပေးပါလို့ မေတ္တာရပ်ခံထားတယ်"
အဲ့ဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီးက လက်မှတ်ပေါင်း ၆ သိန်းကျော်နဲ့ လက်မှတ်အများဆုံး ရရှိထားတာဖြစ်ပြီး မန္တလေးနဲ့ ဧရာဝတီတိုင်းတို့က ဒုတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်တွေကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကနေ လာမယ့် ဇူလိုင်လ ၁၉ရက်နေ့အထိ ကောက်ခံသွားမှာဖြစ်ပါတယ်။
လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့ ပခုက္ကူမြို့နယ်မှာ ကျင်းပမယ့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမယ်လို့ သိရပါတယ်။
ဟောပြောပွဲ စီစဉ်နေတဲ့အကြောင်း အန်အယ်လ်ဒီ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုက အခုလိုပြောပါတယ်။
"၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးမှာ လွှတ်တော်နဲ့ လက်ရှိအစိုးရအဖွဲ့ရယ်၊ ကာလုံးရယ်ဖက်က ပြောင်းလဲရေး အတွက်ကို ပြည်သူအားလုံး လက်ခံနိုင်တဲ့အနေအထားဆီကို ချဉ်းကပ်ဖို့အတွက် အားမလိုအားမရ အခြေအနေ တချို့ တွေ့ရတယ်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့က ဘက်တစ်ဖက်၊ ကာလုံနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဘက်တစ်ဖက်၊ ဒေါ်အောင်ဆန်းစုကြည်ရယ် နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်တွေက ဘက်တစ်ဖက် အားလုံးမျက်နှာချင်းဆိုင် ဆွေးနွေးပြီးတော့ ပြည်သူလူထုကို ပါသိရှိစေတဲ့ ပွင့်လင်းမြင်သာသော တွေ့ဆုံဆွေးနွေးမှုမျိုးလုပ်မှရမယ်လို့ ယုံကြည်ပါတယ်"
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွေကို လာမယ့် ဇူလိုင်လပထမပတ်အတွင်း  တောင်ကြီး၊ ကျိုင်းတုံနဲ့  တာချီလိတ်မြို့တို့မှာ ကျင်းပမှာဖြစ်ပါတယ်။

အိမ်၊ ဆိုင်၊ မြေ ငှားရမ်းခများကို အခွန်ဆောင်ရန် တင်ပြလာသူ တစ်ဦးမျှမရှိသေး 

 အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်နှင့် စက်ရုံ အဆောက်အအုံများ ငှားရမ်းခြင်းဖြင့် ရရှိသည့် ၀င်ငွေများကို အခွန် ကောက်ခံနိုင်ရေး အတွက် တင်ပြရန် ဇွန်လမှ စတင် ကြေညာ ထားသော်လည်း လက်ရှိအချိန်အထိ လာရောက်တင်ပြသူ တစ်ဦးမျှ မရှိသေးဘူးဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ
အရာထမ်း ၀န်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။

“ နည်းဥပဒေအရ ကောက်ခံဖို့ပါ။ အစောကတည်းက အခုချိန်ထိ တစ်ဦးမှမလာသေးလို့ ကြေညာနေရတာပါ ” ဟု ၎င်းအရာထမ်းက ပြောသည်။

ယင်းဝင်ငွေခွန်အပေါ် အခွန်ကောက်ခံနိုင်ရန်အတွက် လာရောက်တင်ပြရန် ကြေညာချက်ကို ဇွန်လ၃၀ရက်တွင် ထပ်မံကြေညာထားသည်။

အခွန်ရုံးသို့ ဆက်သွယ်ခြင်းမရှိသူများကို ပြည်တွင်းအခွန်များဦးစီးဌာနက ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများနှင့် ပူးပေါင်းကာ အချက်အလက်များရယူရန်လည်း ရည်ရွယ်ထားသည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ဟိန်းကိုစိုး
Mizzima - News in Burmese

ယူနတီဂျာနယ်သတင်းထောက်များကို မီဒီယာဥပဒေဖြင့်သာ အရေးယူရန် လျှောက်လဲ

 လျှို့ဝှက်ဓာတု လက်နက် စက်ရုံ ဆောင်းပါး ဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က သတင်းထောက် တွေရဲ့ အပြီး သတ် လျှောက်လဲ ချက်ကို ဒီနေ့ ပေးခဲ့ပြီး မီဒီယာ ဥပဒေနဲ့ အရေးယူ ဆောင်ရွက် ပေးဖို့ ရှေ့နေတွေက လျှောက်လဲ ခဲ့ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့မှာ စွဲဆို ခံထားရတဲ့ ယူနတီ ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း အပါအ၀င် သတင်းထောက် ၄ ဦးကို စီရင်ချက် ချမှတ်မှာ ဖြစ်သလို တရားလို ရှေ့နေတွေ က မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေတွေနဲ့ အရေးယူ ပေးဖို့ လျှောက်လဲ ခဲ့တယ်လို့ စွဲဆိုခံ ထားရတဲ့ သူတွေကို လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ ရှေ့နေ ဦးဝါ၀င်းမောင်က ပြောပါတယ်။

သတင်းမီဒီယာ ဥပဒေနဲ့ အရေးယူပြီး စီရင်ချက်ချမှတ်မယ်ဆိုရင်တော့ စွဲဆိုခံထားရတဲ့သူတွေဟာ ငွေဒဏ်ကိုသာ ပေးဆောင်ရမှာ ဖြစ်ပြီး ထောင်ဒဏ်ကနေ ကင်းလွတ်မှာလည်း ဖြစ်ပါတယ်။

မီဒီယာ ဥပဒေကို သမ္မတက လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့ပြီးဖြစ်ပေမယ့် နည်းဥပဒေကို အတည်ပြုဖို့ လွှတ်တော်က လက်ခံစဉ်းစားခြင်းမပြုသေးတဲ့အတွက် မီဒီယာ ဥပဒေ အသက်ဝင်မ၀င် အငြင်းပွားမှု ပေါ်ပေါက်လာနိုင်တယ်လို့ စာနယ်ဇင်းကောင်စီ ယာယီက ဦးဇော်သက်ထွေးက ပြောပါတယ်။

ဇွန် ၂၈ ရက်နေ့က နည်းဥပဒေကို စာနယ်ဇင်းကောင်စီယာယီက ရေးဆွဲပေးခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ အတည်ပြုပေးရမှာလည်း ဖြစ်ပါတယ်။

ယူနတီဂျာနယ်မှာ လျှိ့ဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါး သတင်းဖော်ပြခဲ့တဲ့ အတွက်  ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းအပါအ၀င် ဦးလူမော်နိုင်၊ ဦးစည်သူစိုး၊ ဦးသဲရာဇာဦး၊ ဦးပိုင်သက်ကျော်တို့ကို နိုင်ငံတော် လျှိုဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒီဥပဒေနဲ့ တရားစွဲဆို ပြစ်ဒဏ်စီရင်ခံရပါက ထောင်ဒဏ် ၁၄ နှစ်နဲ့ အထက် ကျခံနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)