Sunday, June 22, 2014

သန္ဓေသားတစ်ဦး၏ခံစားချက်

 ကျနော်အဲ့နေရာရောက်တုံးက အိမ်ကြီးက ကျယ်ကျယ်လွင့်လွင့်ပဲဗျ.. အဲ့နေရာရောက်ဖို့ ကျနော်တော်တော်ကြိုးစားခဲ့ရတယ်ဗျ. စရောက်တုံးကတော့ ကျယ်ပေမယ့် တဖြည်းဖြည်း တရက်ပီးတရက် တလပြီးတလ ကျနော်ဟာအမေစားတဲ့ အစာအာဟာရကိုမှီခိုပြီး ကြီးထွားလာခဲ့တယ်. တဖြည်းဖြည်းနဲ့အိမ်ကြီးဟာ ကျနော့်အတွက် ကျဉ်းကျပ်လာတယ်. တခါတလေကျနော် ဗိုက်အရမ်းဆာတယ်ဗျာ. ကျနော့်အမေက လောဘတော့ နည်းနည်းကြီးတယ်ဗျ. တခါတလေစားဖို့သောက်ဖို့တောင် မေ့နေတတ်တယ်ဗျ. ကျနော်လည်း ဘယ်ရမလဲ အမေကိုကန်ချင်လို့ရယ်မဟုတ်ပါဘူး အချက်ပေးတဲ့အနေနဲ့ခြေထောက်လေးလှမ်းကန်တတ်တယ်.. အဲ့ကျမှအမေက အဲငါ့သားလေး ဆာနေပီထင်တယ် အမေထမင်းစားမှာပေါ့သားရယ် ဆိုပြီး ပြောတတ်တဲ့အမေ့ရဲ့ ဂရုဏာအသံကို ကျနော်ကြားရတယ်.. တခါတလေ အမေကသူ့အပေါင်းအသင်းတွေကြားထဲမှာ ပြောနေကျစကားလေးတွေ ကျနော်မှတ်ထားတတ်တယ်.. ပိုက်ဆံရှာရမယ် ချမ်းသာအောင်လုပ်ရမယ် ငါ့ပိုက်ထဲကသားလေး လူတန်းစေ့နေနိုင်အောင်လို့ ရှာနေရတာပေါ့ သူငယ်ချင်းတို့ရယ် ဘယ်လောက်ပင်ပန်းပါစေ ငါကျေနပ်ပါတယ်တဲ့ အမေ့ရဲ့ ခဏခဏ ပြောထွက်နေကျ စကားလေးတွေပါ.. တခါတလေအပြင်က ပြန်လာတဲ့အဖေက ကျနော့်ကိုပွတ်ပီး (အမေ့ပိုက်) ဖေ့သားကြီးနေကောင်းရဲ့လားကွ မြန်မြန်ထွက်လာတော့ကွာ အဖေမင်းကိုချီချင်လှပြီကွာ ဆိုပြီး ပြောတတ်တဲ့ အဖေ့ရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကိုကျနော် ပီတိဖြစ်ရပါတယ်..
ဒီလိုနဲ့ ကျနော်အမေ့ရဲ့အာဟာရကိုမှီတွယ်ရင်း ၁လ ၂လ ၃လ ....... ၇လထိရောက်ခဲ့တယ်.. ကျနော်နေရတာအရမ်းကျဉ်းကြပ်လာပြီ.. အဖေနဲ့အမေကိုလည်း မြင်ဖူးချင်လှပြီ.. ကျနော်အပြင်ထွက်ဖို့  ရုန်းကန်နေမိတယ်.. ကျနော့်ရဲ့ရုန်းကန်မှုကြောင့် အမေနာကျင်စွာအော်တဲ့အသံကို ကြားလိုက်ရတယ်.. ဒါနဲ့ကျနော်အမေ့ကိုသနားလို့ ငြိမ်နေမိတယ်.. အမေဟာအရင်ကထက်ကျနော့ကို ပိုဂရုစိုက်လာတယ်... ဘုရားတရားပိုလုပ်လာတယ်.. အမေ့ရဲ့ဘုရားရှိခိုးသံ မေတာပို့သံတွေကို ကျနော်ကြားနေရတယ်..အဲလိုချိန်မျိုးမှာ ကျနော်ငြိမ်ငြိမ်လေး နေနေတတ်တယ်.. အဖေအလုပ်ကပြန်လာတဲ့ချိန်ဆို ကျနော်ပို ကမျဉ်းတတ်တယ်.. အဖေကလည်းကျနော့ကန်ချက်ကြောင့် အမေ့ပိုက်နိမ့်ချည် မြင့်ချည်ဖြစ်သွားတ်ာကို ကိုင်ကြည့်ပီး သဘောကျနေတတ်တယ်.. ငါ့သားကြီးလာရင် ဒိုလေးလိုဘောလုံးသမားလုပ်မှာလားကွ ဆိုပြီးကျနော့်ကို ကျီစယ်တတ်သေးတယ်.. ညနေပိုင်း အမေကအဖေ့လက်ကိုတွဲပြီး ကျူံးဘက်လမ်းလျှောက်ထွက်တတ်တယ်.. ဒီလိုနဲ့ ၈လ ၉လ ၁၀လ မှာကျနော်ဘယ်လိုမှနေလို့မရတော့ပါဘူး.. အပြင်ထွက်မှကိုရတော့မှာပါ.. အရမ်းကျဉ်းကျပ်နေပီဗျာ.. အမေရေသားကိုခွင့်လွှတ်ပါ.. အမေ့ကိုနာကျင်စေချင်တဲ့ ရည်ရွယ်ချက်မပါပါဘူးဗျာ.. ကျနော်အပြင်ရောက်မှ အမေတို့ကိုကျေးဇူးဆပ်တော့မယ်အမေ.. လို့စိတ်ထဲမှ ကြုံးဝါးပြီး လူ့လောကထဲရောက်ဖို့ ကျနော်အားကုန် ရုန်းနေမိတယ်.. ဒီတခါအမေက ကျနော်စိတ်မကောင်းမှာစိုးလို့လားမသိဘူး သူများလိုမအော်ရှာဘူးဗျ.. အံလေးကြိတ်ပီး ဘုရားစာရွတ်နေရှာတယ်... ဒီလိုနဲ့တနာရီခန့်ကြာတော့ ကျနော်အားကုန်သုံးပြီး လူ့လောကထဲကို ခြေစုံပစ်ဝင်ခဲ့တယ်.. မွေးပီကွ ယောကျာ်းလေး ဆိုပြီး အော်နေကြတဲ့ နာ့စ်တွေရဲ့ အသံကိုကြားတော့ ကျနော့အမေ ခပ်ယဲ့ယဲ့ပြုံးနေမယ်လို့ ကျနော်ထင်ပါတယ်.. ကျနော်ငြိမ်နေတာကို ဆရာဝန်တွေက မလိုလားဘူးထင်ပါတယ်.. ကျနော့်ဖင်ကို ခပ်နာနာလေး ရိုက်လိုက်တော့ ကျနော်လည်းဗြဲကနဲငိုပါလေရောဗျာ...
ခနနေတော့ နွေးထွေးသောလက်တစုံထဲ ကျနော်ရောက်ရှိသွားပီး ပူနွေးတဲ့အရာတစ်ခု ကျနော့ပါးစပ်ထဲရောက်ခဲ့တယ်.. ကျနော့အမေရဲ့ သွေးနို့ချိုတွေပေါ့ဗျာ... ကျနော်အမေ့မျက်နှာကို မမြင်ရသေးပေမယ့် အမေကျနော့ကို ပြုံးပြီးကြည့်နေမယ်ဆိုတာ ကျနော်ကောင်းကောင်းကြီး သိနေတယ်ဗျာ..
မြင့်မိုရ်တောင်ထက်မက ကျေးဇူးကြီးလှပါတယ် အမေရယ်...
ကဲ..သူငယ်ချင်းတို့လည်း အမေ့ရဲ့ မေတာတရားနဲ့ ဂရုဏာကို ခံစားမိကြမယ်ထင်ပါတယ်ရှင်...
(ကျူံးဘက်လမ်းလျှောက်ထွက်ရင်း ဗိုက်ကြီးသည်တယောက်လမ်းလျှောက်နေတာကို မြင်ပြီး တွေးမိတွေးရာဖြင့် ရေးမိခြင်းဖြစ်ပါတယ်... တချို့တလေ မဖြစ်နိုင်ပေမယ့် တချို့တလေက ဖြစ်နိုင်မယ်လို့ထင်ပါတယ်)

ကျေးဇူးရှင်အဖေနဲ့အမေကို ရှိခိုးကန်တော့လျက်

No comments:

Post a Comment