ရေမဆေးကျောက်ရှာသူများ အရေးယူရန် ရှိ၊ မရှိလွှတ်တော်တွင် မေးမြန်းမှုကြောင့် ဒေသခံများအခက်တွေ့
မြေစာပုံများတွင် တရား မ၀င်ကျောက်စိမ်း(ရေမဆေး ကျောက်)ရှာဖွေသူများကြောင့် နိုင်ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် နေ၍ အရေးယူဆောင်ရွက်ပေး ရန် အမျိုးသားလွှတ်တော်သို့ မေးမြန်းခြင်းမှာ ဒေသခံများအ တွက် အခက်အခဲများစွာဖြစ်ပေါ် စေကြောင်း သတင်းရရှိသည်။
‘‘ဖားကန့်မှာက ရေမဆေး ကျောက်တူးမှထမင်းစားရတာ။ဒါ ကို ပြည်သူ့ကိုယ်စားလှယ်ကလုပ် ငန်းရှင်တွေဘက်ပဲကြည့်တာ မ ကောင်းပါဘူး’’ဟု ရေမဆေး ကျောက်ရှာဖွေသည့်ဒေသခံဦး ဆိုင်တူးအောင်းကပြောကြား သည်။ ဖားကန့်မြို့နယ်သည် နယ် မြေလုံခြုံရေးတည်ငြိမ်မှုမရှိသည့် ဒေသဖြစ်သဖြင့် အခြေခံကုန်ဈေး နှုန်းများမှာ အခြားသောဒေသ များထက် သုံးဆခန့်ဈေးကြီးကြောင်း၊ ကျောက်စိမ်းတွင်းများ တူးဖော်စဉ်ကလည်း အခြေခံကုန်ဈေး နှုန်းများယခုထက်ပင်ဈေးကြီး ကြောင်း ၎င်းကဆိုသည်။
ဖားကန့်မြို့နယ်တွင် တရား မ၀င်ကျောက်မျက်များခိုးထုတ် နေမှုကြောင့် နိုင်ငံတော်နှင့် ပုဂ္ဂလိ ကလုပ်ငန်းရှင်များ နစ်နာဆုံးရှုံးမှု များစွာဖြစ်ပေါ်နေ၍ အရေးယူ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊မ ရှိအမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ်ဦးလှဆွေက ဇွန်လ၄ရက်တွင်မေးမြန်းခဲ့သည်။
တရားမ၀င်ကျောက်စိမ်းရှာ ဖွေသူများသည် မြေစာပုံများတွင် ကျောက်စိမ်းရိုင်းရှာဖွေမှုလုပ်ငန်းသာမက အဖျက်အမှောင့်လုပ် ငန်းများပါ ဆောင်ရွက်နေ ကြောင်း သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးကလွှတ်တော် ကိုယ်စားလှယ်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
‘‘မနေ့နဲ့ ဒီနေ့မှာ ကွက်ကျား လိုက်ဖမ်းနေတယ်။ အဖမ်းအဆီး များတော့ ရေမဆေးသမားတွေ လည်း အဆင်မပြေကြဘူး’’ ဟု ဒေသခံ ရေမဆေးကျောက်ရှာဖွေသူဦးအောင်မိုးကပြောကြားသည်။
လက်ရှိဖားကန့်ဒေသတွင် ရေမဆေးကျောက်ရှာဖွေသူများ မှာ ဒေသခံနှင့် ပြင်ပမှလာရောက် လုပ်ကိုင်သူစုစုပေါင်းလူဦးရေ တစ်သိန်းကျော်ခန့်ရှိကြောင်းသိရ သည်။ ဖားကန့်ဒေသတွင် လယ် ယာလုပ်ငန်းလုပ်ကိုင်သူ၊ အ ရောင်းအ၀ယ်လုပ်သူ၊ ကျောက်တူးသည့် ကုမ္ပဏီကြီးများတွင်လုပ်ကိုင်သူ ဒေသခံအနည်းငယ်သာရှိပြီး အများစုမှာ ရေမဆေး ကျောက်ရှာဖွေခြင်းကို လုပ်ကိုင်ကြောင်းအထက်ပါပုဂ္ဂိုလ်များက ပြောသည်။
No comments:
Post a Comment