"ပန်းပျိုးသူများ စာသင်ဝိုင်း"
"ပန်းပျိုးသူများ စာသင်ဝိုင်း" ၂၅ ရက်နေ့က စဖွင့်တော့ .ဓာတ်ပုံသွားရိုက်ဖြစ်တယ်.ပန်းရောင်းတဲ့ကလေးတွေ
မနှင်းဆီ မီးစက်ကြီး ကိုအောင်စိုးဦး နဲ့ စာသင်ပေးမယ့် Volunteer တွေ..ပန်းကူရောင်းပေးမယ် Volunteer တွေ အားလုံး အပြုံးကိုယ်စီနဲ့တက်ကြွနေတာတွေ့မိတယ်...ညနေ ၅ နာရီခွဲလောက်ရောက်တော့ ကလေးတွေ ကျုံးဘေးမှာ ပန်းရောင်းနေတာဓာတ်ပုံရိုက်..ကလေးတွေ အားလုံး စာသင်ချိန်ရောက်တော့မယ့်ဆိုပြီး.. အုပ်စုလိုက်ကြီး ရွှေပြည်မိုးဘက်ပြန်သွားတော့
သူတို့နောက်ကလိုက်ပြီး ဘယ်လိုစာသင်ကြမှာလဲ ဆိုတာစိတ်ဝင်စားလို့ သေချာလေ့လာမိတယ်..မနှင်းဆီက ကလေးတွေ အတန်းအလိုက်လူတွေခွဲ..ဆရာတစ်ယောက်က ကလေးတွေကို လိုက်နာရမယ့်စည်းကမ်းတွေပြောပြနဲ့.. ပန်းပျိုးသူများ စာသင်ဝိုင်း စတင် အသက်ဝင်လာတယ်..
အရင် ၂၀၀၉ လောက်တုန်းကChild Project တစ်ခုမှ အလုပ်လုပ်တုန်းက
မြောက်ပြင်လူငယ်သင်တန်းကျောင်း ရွေကျင်အမျိုးသမီသက်မွေးကျောင်း လမ်း၃၀ အမျိုးသမီးကျောင်းတွေမှာ အက်တစ်ဗတီတွေလုပ်ရတော့..အခုလိုစာသင်ပေးတဲ့
NFE(Non Formal Education) ဆိုတဲ့ ကျောင်းပြင်ပသင်ကြားမှုတွေလုပ်ပေးခဲ့ဘူးတယ်. အဲ့တုန်းက ကျတော်တို့ အဖွဲ့ က ကျောင်းတွင်းက ကလေးတွေကို စာသင်ပေးတယ်.. YWCA WV ကတော့ DIC စင်တာတွေဖွင့်ပြီး Street Child တွေကိုလုပ်ပေးတယ်.. အဲ့ဒီလိုတွေလုပ်တော့
ကျောင်းတွင်းမှာသင်ရင်ကလေးတွေက ပြန်ရမယ့် စေ့လို့ပြန်သွားရင် ကျောင်းအပြင်ဘက်မှာလုပ်တဲ့အဖွဲ့တွေနဲ့ ချိတ်ပေးရတာတွေရှိတယ်.. NFE မှာ ပြသာနာတစ်ခုရှိတယ်..အဲ့ဒါက ကိုယ်တွေ စာသင်ပေးမယ့် ကလေးတွေက ၀င်ငွေတခုခုရမယ့်လုပ်ငန်းလုပ်နေရင်..အဲ့ဒီကလေးကို
စာသင်ပေးဖို့ သူတို့လုပ်နေတဲ့ လုပ်ငန်းကိုရပ်ခိုင်းမလား အဲ့ဒီအတွက်ပိုက်ဆံ ကြားထဲက
ကိုယ်တွေကပေးမလားဆိုတဲ့ ဇယားတခုရှိတယ်..ကလေးမိဘတိုင်း တော်တော်များများ
ကတော့ ကိုယ်ကလေးကို စာတတ်စေချင်ကြတဲ့သူ မိဘတွေချည်းပဲ..ဒါပေမယ့်
လက်ရှိသူတို့ မိသားစုရှင်သန်ဖို့ ကလေးတွေပါ ကူပြီး ရုန်းကန်နေရတော့ ..ရေရှည်ကျတော့ NFE သွားတက်ခိုင်းဖို့ အစဉ်မပြေသလို..လုပ်ပေးနေတဲ့ အဖွဲ့တွေက
လည်း ရေရှည် ပိုက်ဆံမပေးနိုင်တာတွေရှိတယ်..အဲဒါတွေက ၂၀၀၉ ၂၀၁၀ လောက်က
NFE သင်ရင်တွေရတဲ့ ပြသာနာတွေ ..ဒီနောက်ပိုင်း ၂၀၁၃ ၂၀၁၄ ကျတော့
Street children အပြင် Working Children တွေပါ များလာတော့ ..CSO သေးသေးလေးတွေပရဟိသ လူငယ်တွေ ပေါင်းပြီး အဲ့ကလေးတွေ စာသင်ပေးလာတာတွေ့ရတယ်..စစချင် သတိထားမိတာက ဘူတာကြီးနားက စာသင်ဝိုင်း ..အဲ့စာသင်ဝိုင်းလည်း အရမ်း
အောင်မြင်တယ်.. အခု ပန်းပျိုးသူများ စာသင်ဝိုင်း ကျတော့. Working Child တွေ
အတွက်လုပ်ပေးမယ်ကြားတော့ ..စစချင်း အံသြသွားတယ်.. အလုပ်လုပ်နေတဲ့
ကလေးတွေကို စာသင်ပေးရင် သူတို့အလုပ်လုပ်တဲ့ ၀င်ငွေကိုဘယ်လို ဘယ်နည်းနဲ့
ပေးမလဲဆိုတာ စိတ်ဝင်စားတယ်.. အဲဒါကြောင့်လည်း စဖွင့်တဲ့နေ့သွားပြီး ဓာတ်ပုံရိုက်ရင်း လေ့လာခဲ့တယ်..ကလေးတွေ စာသင်နေတဲ့ အချိန် ပန်းကူရောင်းမယ့် Volunteer တွေက ရောင်းမယ်ဆိုတဲ့ ဖြေရှင်းနည်းနဲ့ ဖြေရှင်းခဲ့တယ်..ကျတော်တို့ မြန်မာနိုင်ငံမှာ NGO INGO တွေက သင်တန်းတွေပေးရင် အာဖရိကမှာဖြစ်ခဲ့တာတွေ
နိုင်ငံတကာမှာဖြစ်ခဲ့တာတွေ အခြေခံပြီး သင်ရိုးဆွဲ သင်တန်ပေးကြတာများတယ်..
အခု ပန်ပျိုးသူများ လုပ်နေတဲ့ အက်တစ်ပတီ က ရေရှည်အချိန်တခုမှာအောင်မြင်လာရင်
Working Children တွေအတွက် NFE သင်ဖို့ သင်တန်းပေးရင် တန်ဖိုးရှိတဲ့
Role Model တခုဖြစ်လာနိုင်တယ်...အဲ့ဒီအတွက်လည်း ပန်းပျိုးသူများ စိုက်တဲ့
အပင်လေးတွေကနေ ပန်းပွင့်တွေနဲ့ လှပနေတဲ့ ဥယျာဉ်ကြီးဖြစ်လာစေဖို့
ဆုတောင်းပေးလိုက်ပါတယ်။
စာသင်ပေးမယ့် စေတနာရှင် ဆရာ/မ တွေရော၊ ပန်းကူရောင်းပေးမယ့်သူတွေရော
ထပ်မံလိုအပ်နေပါတယ်။သိလိုသည်များစုံစမ်းလိုပါက အောက်ပါ
ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မနှင်းဆီ- ဖုန်း ၀၉၄၀၁၅၆၃၁၂၇
ကိုထွဋ် ( မြန်မာ ) -ဖုန်း ၀၉၄၀၂၇၆၁၉၆၁
ကိုရဲကြီး - ဖုန်း ၀၉၂၀၃၇၄၂၇
ကိုဝမ်း - ၀၉၄၀၂၇၇၃၂၈၂
ကိုမျိုးကြီး- ၀၉၂၀၁၁၈၈၈ ။
No comments:
Post a Comment