Sunday, June 8, 2014

 

 

နယ်စပ်တာဝန်ကျ တပ်မတော်သားများအတွက် ကျပ်သိန်း ၂၀ ကျော်ဖိုးလှူဒါန်း

 

မောင်တောနယ်စပ် တွင်တာဝန်ထမ်းဆောင်နေကြ သည့် တပ်မတော်သားများအတွက် မြန်မာနေရှင်နယ် Net W-ork အဖွဲ့က အလှူငွေနှင့် စားနပ်ရိက္ခာသိန်း ကျပ်၂၀ ကျော်ဖိုးကို ဇွန်လ ၇ ရက်က မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင်  လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
 အဆိုပါအဖွဲ့မှလှူဒါန်းပေး သည့် စားနပ်ရိက္ခာနှင့်အလှူငွေ များမှာ ပြည်သူများထောက်ပံ့ လှူဒါန်းထားခြင်းဖြစ်ပြီး စားနပ်ရိက္ခာ(၁၂)မျိုး တန်ဖိုးကျပ်၁၉ သိန်းနှင့်ငွေသား ကျပ်၁၀ သိန်းကို မြန်မာနေရှင်နယ် Net work အဖွဲ့ကသက်ဆိုင်ရာ တပ်ရင်းမှူးများထံသို့ပေးအပ်လှူဒါန်းခဲ့သည်။ ‘‘အခုလိုပြည်သူတွေရဲ့လုံခြုံရေးကို တာဝန်ယူပေးနေတဲ့တပ်ဖွဲ့ဝင်တွေကို အလှူပေးတာအရမ်းကောင်းပါတယ်။ အထူးသဖြင့် မောင်တောနယ်စပ်မှာ တာဝန်ထမ်းဆောင်နေတဲ့လုံခြုံရေးတပ်တွေကို ထောက်ပံ့ပေးတာဟာ နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက ကာကွယ်ရာရောက်ပါတယ်’’ ဟု မောင်တောမြို့ခံတစ်ဦးက ပြောကြားသည်။
 မောင်တောနယ်စပ်တွင် ၂၀၁၂ ဇွန်လ ၈ ရက်က ဆူပူအကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် နိုင်ငံတော်သမ္မတက အရေးပေါ်ကာလကြေညာကာတပ်မတော်သားများကို ရှေ့တန်းနယ်မြေအဖြစ် လုံခြုံရေးချပေးထားပြီး နယ်စပ်လုံခြုံရေးကိုနယ်ခြားစောင့်ရဲများနှင့်အတူ ပူးတွဲတာဝန်ထမ်းဆောင်စေလျက်ရှိသည်။

 

 


No comments:

Post a Comment