Saturday, June 21, 2014

Ooredoo နဲ​႔ Samsung ေ​ပါ​င​္း​ၿ​ပီး ေ​ဈးခ်ဳ​ိ​တဲ့ မို​ဘို​င်းလ်ဖု​န်းေ​တွ ထုတ်မှာ​လား


 


ဇူလိုင်လထဲမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဖြစ်လာမယ့် 3G ကွန်ရက် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုတွေ စတင်ဖို့ရှိနေတဲ့ Ooredoo ကုမ္ပဏီက ကမ္ဘာ့မိုဘိုင်းလ်ဖုန်းရဲ့ နည်းပညာမှာ ဦးဆောင်နေတဲ့ Samsung တို့ ဇွန် ၂ဝရက်နေ့မှာ လက်တွဲလိုက်ပါပြီ။ ဒီလိုလက်တွဲတာဟာ မိုဘိုင်းဈေးကွက်မှာ ဘာတွေ အကျိုးရှိစေမလဲ။
3G ဆင်းကတ်တွေ စတင်ရောင်းချချိန်မှာ Ooredoo ကပေးတဲ့ ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းဟာ ကမ္ဘာ့အဆင့်မီဖြစ်တယ်ဆိုတာ ပြသချင်လို့ ဆမ်ဆောင်းနဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး Ooredoo-Samsung ပူးပေါင်းမှု ရလဒ်အရ Exclusive Model Handset တွေ ထုတ်ဝေမှာဖြစ်တယ်လို့ ဒေါ်သီရိကြာညိုက ပြောပါတယ်။
မြန်မာပြည်သူတွေ နည်းပညာမြင့် ဆမ်ဆောင်း မိုဘိုင်းလ်ဖုန်းတွေကို ဈေးချိုချိုနဲ့ သုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး ပူးပေါင်းလိုက်တာဟာ မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ ကြီးမားတဲ့ ပြောင်းလဲမှုကြီးဖြစ်တယ်လို့ ဆိုပါတယ်။ မိုဘိုင်းလ်ဖုန်း ဈေးကွက်ထဲမှာ ရှိတဲ့ ကုန်အမှတ်တံဆိပ်ပေါင်းများစွာနဲ့ Ooredoo အနေနဲ့ ညှိနှိုင်းနေပြီး လူတိုင်းမျှော်လင့်စောင့်စားရတာနဲ့ ထိုက်တန်အောင် ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးမယ်လို့ ပြောပါတယ်။
Ooredoo ကုမ္ပဏီဟာ ပြီးခဲ့တဲ့ သတင်းပတ်ကလည်း ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Microsoft နဲ့လည်း ပူးပေါင်းလိုက်ပြီလို့ ကြေညာခဲ့ပြီး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အများကြီး အထောက်အကူ ဖြစ်စေမယ်လို့ ဆိုပါတယ်။
Ooredoo က ဇူလိုင်ကနေ စက်တင်ဘာအတွင်း 3G Network ဆင်းကတ်တွေကို စတင်ရောင်းချတော့မှာဖြစ်ပြီး တယ်လီနော်ကတော့ စက်တင်ဘာကျမှ 2G/3G ဆင်းကတ်တွေ ရောင်းမယ်လို့ ဆိုပါတယ်။ MPT က ဂျပန်ကုမ္ပဏီ KDDI နဲ့ပူးပေါင်းခဲ့ပေမယ့် ရတနာပုံတယ်လီပေါ့တ်ကတော့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

 

No comments:

Post a Comment