သတင်းစာရှင်းလင်းပွဲလုပ်သူအား ချောင်းမြောင်းရိုက်နက်မှုဖြစ်ပွား
သတင်းစာရှင်းလင်းပွဲဦးဆောင်သူ ကိုသန်းနိုင်
ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်င/က ရပ်ကွက်တွင် တရားမဝင် ကန်ထရိုက်တိုက်များ ဆောက်လုပ် နေမှုနှင့်ပက်သက်၍ ၃၀.၆.၂၀၁၄ ရက်နေ့ နေ့ လည် ၃ နာရီတွင် ကျောက်တံတားမြို့နယ် ၃၆ လမ်း အလယ်ဘလောက် အမှတ် ၁၈၁ မြန်မာဂျာနယ် လစ်ကွန်ယက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြ သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို. အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်လည်း
တက်ရောက်ရှင်းလင်း ခဲ့ကြောင်း သိရသည်။
ထိုသို့ သတင်းစာရှင်းလင်းပွဲ လုပ်ခြင်းအပေါ်မကျေနပ်သူ အချို့မှ သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူ ကိုသန်းနိုင်၊ အသက် ၄၇ အမှတ် ၁၂/၆၈ စံချိန်သစ်လမ်း င/က ရပ်ကွက် နေထိုင်သူအား ည ၁၀ ခွဲ အချိန်၌ မြင်လျှင်မှတ်မိသူ(၂)ဦးမှ ဓားဖြင့်ထိုးခြင်း၊ တုတ်ဖြင့် ၀င်ရောက်ရိုက်ပြီး ရိုက်ပြီးပြီးခြင်း အနီးနားရှိ တက္ကစီတစ်စီးအပေါ် တက်ပြေးကာ ထွက်ပြေး လွတ်မြောက်သွား ခဲ့ကြောင်း သိရပါသည်။
၎င်းဖြစ်စဉ်နှင့်ပက်သက်၍ ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက် နိုင်ရန် သုဝဏ္ဏစခန်းမှ တာဝန်ရှိတပ်ဖွဲ့ဝင်များ ရဲအရာရှိများမှ အမှုဖွင့် လှစ်ထားရှိပြီး တရားခံများ ဖမ်းမိရေးနှင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းဓါတ်ပုံ- ကိုမင်း
Tomorrow
No comments:
Post a Comment