Monday, June 30, 2014

အိမ်၊ ဆိုင်၊ မြေ ငှားရမ်းခများကို အခွန်ဆောင်ရန် တင်ပြလာသူ တစ်ဦးမျှမရှိသေး 

 အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်နှင့် စက်ရုံ အဆောက်အအုံများ ငှားရမ်းခြင်းဖြင့် ရရှိသည့် ၀င်ငွေများကို အခွန် ကောက်ခံနိုင်ရေး အတွက် တင်ပြရန် ဇွန်လမှ စတင် ကြေညာ ထားသော်လည်း လက်ရှိအချိန်အထိ လာရောက်တင်ပြသူ တစ်ဦးမျှ မရှိသေးဘူးဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ
အရာထမ်း ၀န်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။

“ နည်းဥပဒေအရ ကောက်ခံဖို့ပါ။ အစောကတည်းက အခုချိန်ထိ တစ်ဦးမှမလာသေးလို့ ကြေညာနေရတာပါ ” ဟု ၎င်းအရာထမ်းက ပြောသည်။

ယင်းဝင်ငွေခွန်အပေါ် အခွန်ကောက်ခံနိုင်ရန်အတွက် လာရောက်တင်ပြရန် ကြေညာချက်ကို ဇွန်လ၃၀ရက်တွင် ထပ်မံကြေညာထားသည်။

အခွန်ရုံးသို့ ဆက်သွယ်ခြင်းမရှိသူများကို ပြည်တွင်းအခွန်များဦးစီးဌာနက ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများနှင့် ပူးပေါင်းကာ အချက်အလက်များရယူရန်လည်း ရည်ရွယ်ထားသည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ဟိန်းကိုစိုး
Mizzima - News in Burmese

No comments:

Post a Comment