Friday, June 13, 2014

တိုက်စစ်မှူး ပီရယ်တာ၏ဂိုးဖြင့် မက္ကဆီကို ဖွင့်ပွဲတွင် (၃)မှတ်ရယူ

မက္ကဆီကိုအသင်းက ကင်မရွန်းအသင်းကို ပထမပိုင်းတွင် သွင်းယူခဲ့သော ဂိုး(၂)ဂိုးမှာ လူကျွံသည်ဟုဆိုကာ ဒိုင်လူကြီးမှ ငြင်းပယ်ခဲ့သော်လည်း တိုက်စစ်မှူးပီရယ်တာ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အုပ်စု(A)၏ ဒုတိယပွဲစဉ်အဖြစ် မက္ကဆီကိုနှင့် ကင်မရွန်းတို့ မြန်မာအချိန် (၁၀)နာရီခွဲတွင် ယှဉ်ပြိုင်ကစားခဲ့ရာ မက္ကဆီကိုအသင်းက ပွဲချိန်အများစုတွင် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားသွားခဲ့သည်။ ပထမပိုင်းတွင် တိုက်စစ်မှူး ဒေါ့ဆန်းတို့စ်သွင်းယူသော နှစ်လုံးမှာ ဂိုးဝင်သော်လည်း လူကျွံသည်ဟု ဒိုင်လူကြီးက သတ်မှတ်ကာ ဂိုးမပေးခဲ့ပေ။ သို့သော် ပွဲချိန် ၆၁ မိနစ်တွင် ဒေါ့ဆန်းတို့စ် ကန်သွင်းသောဘောလုံးကို ကင်မရွန်းဂိုးသမား ပုတ်ထုတ်စဉ် နောက်မှလိုက်လာသော တိုက်စစ်မှူး ပီရယ်တာက ထပ်မံသွင်းယူကာ မက္ကဆီကိုအတွက် အဖိုးတန် အနိုင်ဂိုးကို ရယူပေးခဲ့သည်။
ဂိုးပေးရပြီးနောက် ကင်မရွန်းမှာ ချေပဂိုးရရန်ကြိုးစားသော်လည်းမက္ကဆီကိုနောက်တန်းနှင့် ဂိုးသမားတို့ အကောင်းဆုံးခုခံကာကွယ်သွားခဲ့သည်။ မန်ယူတိုက်စစ်မှူး ဟာနန်ဒက်စ်မှာ ပီရယ်တာအစား မိနစ်(၇၀)ကျော်တွင်သာ ၀င်ရောက်ကစားခွင့်ရခဲ့သည်။ မက္ကဆီကိုမှာ နိုင်ပွဲကြောင့် အုပ်စု(A)တွင် ရမှတ်(၃)မှတ်ဖြင့် ဂိုးကွာခြားချက် ပိုသာသော ဘရာဇီးအသင်းနောက်မှ ဒုတိယနေရာတွင် ရပ်တည်နေသည်။

 

No comments:

Post a Comment