အပြုံး
သင့်ဘ၀တွင်
လူတွေကို ဘယ်နှခါလောက် ပြုံးပြဖူးပါသလဲ။ အမြဲတမ်းပြုံးပြဖူးပါသလား၊
တွေ့သမျှလူတိုင်းကို ပြုံးပြဖူးပါသလား။ အပြုံးဟာ လူမှုဆက်ဆံရေးမှာ
အောင်မြင်နိုင်ဆုံး လက်နက်တစ်ခုပါ။ ဒါပေမယ့် တွေ့သမျှ လူတိုင်းကို
ပြုံးပြဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ်သိတဲ့လူတွေကိုတောင်
အမြဲပြုံးပြဖို့ဆိုတာ မလွယ်ပါဘူး။ မလွယ်ပေမယ့် ပြုံးပြပါ။ ပြုံးပြဖို့၊
ပြုံးပြနိုင်ဖို့ ကြိုးစားရပါမယ်။ ဘယ်လိုစိတ်မျိုး၊ အနေအထားမျိုး
ဖြစ်နေပါစေ ပြုံးပြဖို့ မမေ့ပါနဲ့။ ကိုယ့်အပြုံးကြောင့် တစ်ဖက်လူ
စိတ်ကျေနပ်သွားမယ်ဆိုရင်လည်း ကိုယ့်လုပ်ငန်း အဆင်ပြေမယ့် အခြေအနေပါပဲ။
အမြဲပြုံးတတ်သူမို့ ချစ်သူ ခင်သူ ပေါလာတဲ့အတွက် မိမိဘာလုပ်လုပ်
ကူညီချင်သူတွေ ပေါလာမှာပါ။ ဒါဟာ မိမိအလုပ်ရဲ့ အောင်မြင်မှုပါ။ ပြုံးခြင်းဟာ
တစ်ဖက်သား စိတ်ချမ်းမြေ့ စရာ အပြုအမူ ဖြစ်တဲ့အတွက် အပေါဆုံးနဲ့
အကောင်းဆုံး၊ အခမဲ့ ရနိုင်တဲ့ လူမှုဆက်ဆံရေး လက်နက် တစ်ခုပါ။
သင်အမြဲပြုံးပါ၊ ကျွန်ုပ်လည်း အမြဲပြုံးနေပါ့မယ်။
credit: ဇော်ဖြိုး
No comments:
Post a Comment