Friday, June 27, 2014

JJ Express စီးသူတစ်ယောက်၏ ပေးစာ

ကျမ JJ Express ကို Member အဖြစ်နဲ့စီးနင်းလာတာ ၁နှစ် ၃လလောက်ရှိပါပြီ၊၊လုံခြုံစိတ်ချမှုအတွက် ယုံကြည်မှုနဲ့အားပေးပြီး စီးနင်းခဲ့တာပါ၊၊
အပတ်စဉ် သောကြာနေ့ညနေတိုင်းနေပြည်တော်မှရန်ကုန် ၊တနဂနွေညနေတိုင်းရန်ကုန်မှနေပြည်တော်သို့စီးနင်းလိုက်ပါလေ့ရှိပါတယ်၊၊ယခင်က Express ပေါ်ရောက်ပြီဆိုတာနဲ့ ကျမမျက်စေ့မှိတ်ထားပြီးအိပ်ပျော်သွားလေ့ရှိပါတယ်၊၊ တခါတလေအိပ်ပျော်သွားလေ့ရှိပါတယ်၊၊ရာဇာမင်းယာဉ်တိမ်းမှောက်ပြီးနောက်ပိုင်းမှာ ကျမခရီးသွားချိန်အိပ်လေ့မရှိတော့ပါဘူး၊၊ (၁၃-၅-၁၄)နေ့ ကဆုန်လပြည့်နေ့၊ ညနေ ၅-၃၀ JJ Express နဲ့ရန်ကုန်မှနေပြည်တော်သို့ ကျမစီးနင်းလိုက်ပါလာခဲ့ပါတယ်၊၊ ကားဝန်းကထွက်ခါစမှာ ယာဉ်မောင်းကဖုန်းတခါပြောပါတယ်၊၊ယာဉ်မောင်းစဉ်ဖုန်းမပြောသင့်တာ ယာဉ်မောင်းတိုင်းသိပါတယ်၊၊ ကျမကိုယ်တိုင်ယာဉ်မောင်းနေစဉ်ဖုန်းပြောဖို့အင်မတန်စဉ်းစားပါတယ်၊၊အရေးကြီးခဲ့လျင်တခါတလေပြောမိပါတယ်၊၊ ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းစီးတဲ့ယာဉ်ပေါ်မှာ ကိုယ့်ကိုကိုယ်တာဝန်ယူနိုင်လို့ပြောတာပါ၊၊ Express ယာဉ်မောင်းများဟာ မိမိတစ်ဦးတည်းမဟုတ်ပါဘူး၊၊လူပေါင်း ၄၀ လောက်ရဲ့အသက်ကသူ့လက်ထဲမှာပါ၊၊ မြို့ထဲမှာဖြည်းဖြည်းမောင်းစဉ်ပြောတာပဲလေဆိုပြီး ကျမဖြေသိမ့်လိုက်ပါတယ်၊၊အမြန်လမ်းပေါ်ရောက်တော့ တစ်နာရီမိုင် ၁၀၀ နှုန်းနဲ့မောင်းနေစဉ် မိုင်တိုင် ၇၇ လောက်မှာ ယာဉ်မောင်းရဲ့ဖုန်းထပ်မြည်လာပါတယ်၊၊ ယာဉ်မောင်းက ခါးမှာချိတ်ထားတဲ့ဖုန်းအိတ်ထဲကနေ သူ့ဖုန်းကိုခက်ခက်ခဲခဲဆွဲထုတ်ပြီး ဖုန်းကိုသေချာစိုက်ကြည့်ပြီးမှ ဖုန်းပြောပါတယ်၊၊မိုင်က ၁၀၀ နှုန်းမောင်းနေစဉ် ဒီလိုအပြုအမူဟာ အင်မတန် အန်ဒရာယ်များလှပါတယ်၊၊
ကျမက ခုံနံပါတ် ၄ မှာမို့ ယာဉ်မောင်းရဲ့အပြုအမူကို ဖုန်းနဲ့ဓါတ်ပုံရိုက်ထားလိုက်ပါတယ်၊၊ သိပ်မကြာဘူး ၁၁၁မိုင်ရောက်တော့ ဖုန်းထပ်လာလို့ ထပ်ပြောနေပြန်ပါရော၊၊ ယာဉ်မောင်းရဲ့လုပ်ရပ်က ခရီးသွားတွေရဲ့အသက်ကသူနဲ့ ဘာမှမဆိုင်သလိုပါပဲ၊၊အဲဒီယာဉ်မောင်းရဲ့အမည်က ဇော်လင်းထွန်းပါ၊၊ ၁၁၅ မိုင်ကနေ နေပြည်တော်ဘက်အခြမ်းကိုမောင်းတဲ့ယာဉ်မောင်းက ကားမောင်းရင်းဖုန်းလာလို့တစ်ကြိမ်ပြောပါတယ်၊၊အဲဒီယာဉ်မောင်းကိုကျမ နာမည်မှတ်မထားမိခဲ့ပါဘူး၊၊ (၁၈-၅-၁၄) နေ့ညနေပိုင်း နေပြည်တော်ပြန်ရန် JJ ဂိတ်ရောက်တော့ လတ်မှတ်ရောင်းတဲ့ကောင်မလေးတွေက ကျမကိုအသက်အာမခံဝယ်မလားမေးရင်း အသက်အာမခံအကြောင်းရှင်းပြပါတယ်၊၊ ကျမကအသက်အာမခံရောင်းမည့်အရေးထက် ယာဉ်မောင်းများအန်ဒရာယ်ကင်းအောင်မောင်းနှင်စေရေးကို ဦးစားပေးသင့်ကြောင်းပြောပြီး ကဆုန်လပြည့်နေ့က ယာဉ်မောင်းအကြောင်း ဓါတ်ပုံနဲ့တကွပြသတိုင်ကြားခဲ့ပါတယ်၊၊ သူများထမင်းအိုးမခွဲချင်တဲ့အတွက် ယာဉ်မောင်းကို နောက်မလုပ်ရန်သာပြောပေးရန် ကျမပြောခဲ့ပါတယ်၊၊JJ တံဆိပ်ပါ အင်ကျီဝတ်ထားသူတစ်ဦးကိုယ်တိုင် စာရွက်နဲ့မှတ်ပြီး နောက်မဖြစ်စေရန်ပြောပါမယ်လို့ ကျမကိုပြောပါတယ်၊၊ အဲဒီနေ့က ကျမစီးရမယ့် ယာဉ်ရဲ့ယာဉ်မောင်းက ဇော်လင်းထွန်းပဲဖြစ်နေပြန်ပါတယ်၊၊ စီးသာစီးလာရတယ် သူ့ကိုတိုင်လို့ကျမကို ရန်ပြုမလားလို့စိုးရိမ်စိတ်ဝင်မိပါတယ်၊၊
အဲဒီနေ့ကတော့ ယာဉ်မောင်းဖုန်းမပြောပါဘူး၊၊ အဲဒီအတွက် ကျမဒီကိတ်စကို ခေါင်းထဲကထုတ်ထားခဲ့ပါတယ်၊၊ (၂၂-၆-၁၄) ညနေ ၅-၃၀ JJ Express နဲ့ နေပြည်တော်အပြန်လမ်းမှာ ယာဉ်မောင်း ဇော်လင်းထွန်းမောင်းတဲ့ ကားနဲ့စီးနင်းလာခဲ့ပါတယ်၊၊ ၁၁၀ မိုင်လောက်မှာဖုန်းလာပါတယ်၊၊ သူမပြောလောက်ဘူးလို့ထင်ထားပေမယ့် ဖုန်းပြောပါတယ်၊၊ ကျမကို နောက်ဒီလိုမဖြစ်စေရပါဘူးလို့ JJ ကတာဝန်ရှိသူက လွယ်လွယ်ပြောလိုက်ခြင်းဖြစ်သလို ယာဉ်မောင်းကလည်း ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတာ လက်တွေ့ပြလိုက်တာပါပဲ၊၊ ကျမ ကဆုန်လပြည့်နေ့က ရိုက်ထားတဲ့ပုံနဲ့အတူ တင်ပြလိုက်ပါတယ်၊၊ ဒီအတွက်နဲ့ ကျမကိုအငြိုးထားမယ်ဆိုလည်းရပါတယ်၊၊ ကျမနည်းတူ ခရီးသွားအားလုံးလည်း အန်ဒရာယ်ကင်းကင်းနဲ့ အချိန်တန်ရင်အိမ်ပြန်ရောက်ချင်ကြမှာပါ၊၊ဒါကြောင့် အများအတွက်ရှေးရှူပြီး အကြိမ်ကြိမ်စဉ်းစားပြီးမှ JJ Page မှာ ဒီ Post ကိုတင်လိုက်တာပါ၊၊ JJ Group အနေနဲ့ မိမိကိုယ်ကျိုးစီးပွားအတွက်သာမက ခရီးသွားပြည်သူတွေဘေးကင်းလုံခြုံရေးကိုပါထည့်သွင်းစဉ်းစားသင့်ပါကြောင်းပြောကြားလိုပါတယ်၊၊

No comments:

Post a Comment