ဖားကန့်ရှိ ကျောက်တူးသမားများနှင့် ရွှေမျောတိုက်သမားများ လုပ်ငန်းရပ်ဆိုင်းရန် ညွှန်ကြားထားသော်လည်း အချို့လုပ်ကိုင်နေဆဲဖြစ်
ဖားကန့်ဒေသရှိ
ကျောက်တူးသမားများ၊ ရွှေမျောတိုက်သမားများအား ဇွန်လ ၁၂ ရက်တွင်
နောက်ဆုံးထား ရပ်ဆိုင်းရန် ညွှန်ကြားထားသော်လည်း အချို့မှော်များသာ
သိမ်းဆည်းကြပြီး အချို့မှာ ပုံမှန်အတိုင်း လုပ်ကိုင်နေကြကြောင်း
သတင်းရရှိသည်။
မိုးတွင်းဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ် ကျရောက်လာနိုင်သောကြောင့် ယာယီရပ်စဲထားရန် ဖားကန့်ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားခြင်းဖြစ်သည်။
‘‘စစ်သားတွေနဲ့ နီးတဲ့နေရာ တွေမှာတော့ မသွားကြတော့ဘူး။ ဒါပေမဲ့ ဝေးတဲ့ မှော်တွင်းမှာတော့ တူးနေကြတယ်။ ရဲတွေမြင်ရင် ထွက်ပြေးတယ်။ တချို့က ညပဲ လုပ်ကြတော့တာ’’ ဟု တစ်နိုင် တစ်ပိုင် ကျောက်ကျင်းထောင် ထားသူ ကျောက်လုပ်ငန်းရှင်ဦး နော်ဆိုင်းက ဆိုသည်။
သို့သော်စစ်သားများနှင့် ရဲ များလည်း နေ့တိုင်းလိုလို လိုက် လံဖမ်းဆီးလျက်ရှိပြီး ဖမ်းမိသည့် သူများ၏ ဆိုင်ကယ်များ၊ ကျောက် တူးသည့် ကိရိယာများကိုပါ သိမ်းဆည်းလိုက်ကာ ပြန်လည်ရောင်းချကြကြောင်းလည်း ဒေသခံများက ဆိုသည်။
‘‘ဖမ်းမိရင် ဖမ်းမိတဲ့ ပစ္စည်း တွေ အကုန်ယူတယ်။ ပြီးရင်သူ တို့ ပြန်ရောင်းတယ်။ ဖားကန့်လူ တွေက ဒီကျောက်ပဲ လုပ်စားကြ တာ။ ဖမ်းရင်လည်း ထမင်းစားရ မှာဆိုတော့ ဆက်တူးနေကြမှာပဲ’’ ဟု ကျောက်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ကျောက်တွင်းများသာမက တဲများကိုပါ ဖြုတ်သိမ်းရန် ညွှန် ကြားထားပြီး မဖြုတ်သိမ်းသည့် တဲများကို မီးရှို့သွားမည်ဖြစ် ကြောင်း ပြောဆိုထားသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါကိစ္စအား မေးမြန်း ရန် ဖားကန့်မြို့နယ် အုပ်ချုပ်ရေး မှူးထံ ဆက်သွယ်သော်လည်း ၎င်း တို့နှင့် မသက်ဆိုင်ကြောင်း၊ လုံးခင်ကျောက်မျက်ရုံကို ဆက်သွယ်ရန် ပြောဆိုခဲ့သည်။
ထို့နောက် လုံးခင်ကျောက် မျက်ရုံသို့ ဆက်သွယ်ခဲ့သော်လည်း ၎င်းတို့နှင့် မဆိုင်ကြောင်း၊ ရဲတပ်ရင်းနှင့် ကော်မတီနှင့်သာ ဆိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ ထို့နောက် ဖားကန့်မြို့နယ် ရဲတပ်ရင်းသို့ ဖုန်းခေါ်ဆိုခဲ့သော်လည်း ခေါ်ဆိုမှု မရခဲ့ပါ။
ဖားကန့်ဒေသတွင် အစိုးရ နှင့် ကေအိုင်အေတို့ ပြန်လည်ဖြစ် ပွားသည့် စစ်ပွဲများကြောင့် ကုမ္ပ ဏီများ ပိတ်ခဲ့ရသည်။ မြန်မာနိုင်ငံ အနှံ့မှ ဒေသခံနှစ်သိန်းခန့် လာ ရောက်လုပ်ကိုင်လျက်ရှိသည်။

No comments:
Post a Comment