အဲ့ဒိဝန်ကြီး ဦးဖေသက်ခင်ကို ကော့ကရိတ်ဆေးရုံရှေ့မှာ ဆန္ဒပြပေါ့ဗျာဟု ၀န်ကြီး ဦးစိုးသိန်းဆို

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ၂၀၁၄၊ ဇွန်(၇) ရက်နေ့
သမ်္မတရုံးဝန်ကြီး ဦးစိုး သိန်းနှင့် ဦးတင်နိုင်သိန်းတို့လာ ရောက်စဉ်
ဒေသတွင်းဖွံ့ဖြိုးတိုး တက်မှုများဆိုင်ရာကိစ္စရပ်များ
တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ကော့က
ရိတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌတို့တင်ပြချက်၊
ပြန်လည်ဆွေးနွေးချက်များကို ဖော်ပြအပ်ပါသည်။
ဥက္ကဋ္ဌ- ကျွန်တော်က ဦးလှတင်။ ကော့ကရိတ်မြို့နယ် ဖွံ့ဖြိုးတိုး တက်ရေးကော်မတီဥက္ကဋ္ဌဖြစ်ပါ တယ်။
ဝန်ကြီး- ဟုတ်ပြီလေ။ ခင်ဗျား ရဲ့ အခြေအနေလေးပြောပါဦး။
ဥက္ကဋ္ဌ- ကျွန်တော်တို့မြို့နယ်က တော့ မနှစ်ကနဲ့စာရင် ဒီနှစ်အများ ကြီးပြောင်းလဲတိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။
ဝန်ကြီး- ဟ ဘာတွေပြောင်း သွားတာလဲ။
ဥက္ကဋ္ဌ- မပြောင်းတာတစ်ခုက တော့ တင်ပြချင်ပါတယ်။ ပြောင်း တာကတော့
လမ်းပန်းဆက်သွယ် ရေး။ လမ်းတွေတော်တော်များများ ကြီး ခုဆိုကျေးရွာတွေမှာ
မိုင် တော်တော်များများ ကျောက်ခင်း လမ်းလည်းပြီးတယ်။ မြေသားလမ်း
လည်းပြီးတာပေါ့။ အားနည်းချက် က ဘာလဲဆိုတော့ ဒီနှစ်(၂၀၁၃ /၁၄)ပြီးရမယ့်
ကိစ္စတွေကမပြီး ဘဲနဲ့ (၁၄/၁၅)အထိ ကူးပြီးလုပ် ရတဲ့ အပိုင်းတွေရှိပါတယ်။
ဝန်ကြီး- ဘယ်ဟာမပြီးတာလဲ။
ဥက္ကဋ္ဌ- အဲဒါက ဘာဖြစ်လို့လဲ ဆိုတော့ ကုမ်္ပဏီတွေရဲ့အားနည်း
ချက်အများကြီးပါပါတယ်။ တင်ဒါ ရတဲ့ ကုမ္ပဏီတွေက စက်ပစ္စည်း ခနော်ခနဲ့နဲ့
လုပ်သားအင်အား နည်းနည်းလေးနဲ့ လုပ်သွားကြတဲ့ အတွက်ကြောင့် အင်တိုက်အား
တိုက်မဖြစ်ဘဲ အချိန်မီမပြီးစီးတဲ့ အပိုင်းတွေရှိပါတယ်။ အဲဒါကုမ္ပဏီ
ကိုပြောတော့လည်း...
ဝန်ကြီး- မရဘူး။ အဲဒါမရဘူး။ ခင်ဗျားကုမ်္ပဏီကိုပြောစရာမရှိဘူး။ ဒီမှာ
ရှေ့တန်းမှာထိုင်နေတဲ့လူ တွေကို ပြောရမှာ။ သူတို့ကို အဲဒီ အတိုင်းပြောရမှာ။
ဟုတ်ဖူးလား။ စာချုပ်ပါအတိုင်းဖြစ်ရမှာ၊ အား မနာပါနဲ့။ ခင်ဗျားအတွက်ပြော
တာမဟုတ်ဘူး။ ဒေသအတွက် ပြောတာ။ နောက်ပြီး ကျွန်တော် တို့ကလည်း
ဘတ်ဂျက်ငွေရမှာ။ ဘတ်ဂျက်ကို ပြည်ထောင်စုလွှတ် တော်မှာ တင်ထားရတဲ့အတွက်
ကြောင့် ဟုတ်ပြီလား။ ပြည်နယ်/ တိုင်းရင်းသား ဘတ်ဂျက်၊ ပြည်
ထောင်စုအစိုးရရဲ့ဘတ်ဂျက်(၂)ခု ပေါင်းပြီးတော့ ပြည်ထောင်စုလွှတ် တော်မှာ
အတည်ပြုပြီးတော့ ဒီ ပိုက်ဆံသုံးကိုသုံးမှဖြစ်မယ်။ ဟုတ် ဖူးလား။
သုံးအောင်ကြိုးစားရ မယ်။ ဖြုန်းတာမဟုတ်ဘူး။ Effect Use ဖြစ်အောင်တော့လုပ်ရ
မယ်။ ကျွန်တော်တို့ကအားရပါးရ ပြည်ထောင်စုလွှတ်တော်မှာတစ်ခါ တင်ပြ ခြေုငညါ
လုပ်ရတာပေါ့။Backing လုပ်ရတာပေါ့။ ကျွန်တော် တောင်းတဲ့ပိုက်ဆံမှန်ပါတယ်ဗျာ။
ခင်ဗျားပေးစမ်းပါဗျာ။ ပြောရတဲ့ အချိန်မှာ ဟုတ်ပြီဆိုပြီးတော့။
ခင်ဗျားလူတွေက ပြီးအောင်မလုပ် တဲ့အခါကျတော့ ကျွန်တော်မှတ် မိတယ်။
Trillion-1.4 Trillion ဒီနှစ်ပြန်အပ်လိုက်ရတယ်။ အဲဒီ လိုပဲ ခင်ဗျားပြောသလို
မသုံးတဲ့ လူတွေကြောင့် ဟုတ်ဖူးလား။ ဒီ တော့ ခင်ဗျားပြောတာမှန်တယ်။
သက်ဆိုင်ရာမြို့နယ်တွေ၊ စည်ပင် သာယာတွေက ကျတဲ့ပိုက်ဆံကို ထိရောက်စွာ Effect
Use ဖြစ်ဖို့ လိုတယ်။ ထိရောက်စွာလည်းသုံး ရမယ်။ သူ့အတိုင်းပြောတဲ့အတိုင်း
လုပ်ရမယ်နော်။ ဒါလေးကောင်း ပါတယ်။ ခင်ဗျားပြောတာ အဲဒီ တော့
ဘယ်နှခုလောက်သွားကျန် လဲ။
ဥက္ကဋ္ဌ- (၂)ခုလောက်ကျန်နေ သေးပါတယ်။
ဝန်ကြီး- တော်သေးတာပေါ့။ (၂၀)လောက်ကနေ (၂)ခုလောက် ကျန်တာ။
ဥက္ကဋ္ဌ- အရေးကြီးတဲ့ (၁)ခုက ကျွန်တော်တို့ကျန်းမာရေးအတွက် မြို့နယ်ဆေးရုံကြီး
ခုတင်(၁၀၀) မှာ ပျက်စီးနေတဲ့အပိုင်းတွေကို ဟိုမနှစ်က၀န်ကြီး ဒီအချိန်ဒီကို
လာကတည်းက ကျွန်တော်တို့ တင်ပြလိုက်တဲ့အပိုင်းက ဒီနှစ် ဒီအချိန်ရောက်တဲ့အထိ
ဘာမှ ပြင်ဆင်မှုမရှိသေးဘဲနဲ့ ခုချိန်ထိ မိုးဦးကျမှာ မိုးထပ်ယိုနေပါတယ်။
ဝန်ကြီး- ဟုတ်လား။
ဥက္ကဋ္ဌ- ဘတ်ဂျက်ကလာမယ် လာမယ်ပြောပြီး ဘာမှပြင်မပေး ဘူး။ နောက်တစ်ခါ...
ဝန်ကြီး- အဲဒါ လွယ်လွယ်လေး ဗျ။ ကျွန်တော်ကခင်ဗျားနာမည် မသိလို့။
ကော့ကရိတ်မြို့နယ် ဆေးရုံရှေ့မှာ ဆန္ဒပြပေါ့ဗျ။ အဲဒီ ၀န်ကြီး ဦးဖေသက်ခင်ကို
ဟုတ် ဖူးလား။ ခင်ဗျားပြောတော့ တစ် နှစ်ရှိပြီ။ ခင်ဗျားလာကြည့်ပါဦးလို့။
ဥက္ကဋ္ဌ- ကျွန်တော်စာလည်းတင် ထားပြီးပါပြီ။ လွှတ်တော်လိုင်းက တင်လိုက်တယ်။
ပြည်နယ်လိုင်း ကလည်း တင်တယ်။ ဌာနဆိုင်ရာ ကလည်းတင်တယ်။ တင်ပေမဲ့ လည်း
လာမယ်ဆိုတာအသံပဲ ကြားနေတယ်။ အခုထိလာမပြင် သေးဘူး။
ဝန်ကြီး- မဟုတ်ဘူး။ သူတို့က (၃)ခုလုံးညှိထားတာဖြစ်မယ်။ (၃)
ခုလုံးအမှိုက်ပုံးထဲရောက်သွားတာ ဖြစ်မယ်။ လွှတ်တော်မှာလည်း
ဆေးတွေပေးထားတော့ထည့်လိုက် မှာပေါ့။ ပြည်နယ်မှာလည်း လာဘ် ထိုးထားတော့
သူကအမှိုက်ပုံးထဲ ရောက်သွားတာနဲ့တူတယ်။ ကျွန်တော်တို့နှစ်ယောက်ကိုပို့။
ကျွန်တော်တို့နှစ်ယောက်ဆီကိုပို့။ဥက္ကဋ္ဌ- ဒီနှစ်မှ မရဘူးဆိုရင် တော့။
ကျွန်တော်တို့က ဆေးရုံကို အင်ဖက်နဲ့မိုးပြီးတော့ ကာမယ်လို့ စဉ်းစားတယ်။
ဝန်ကြီး- ဟာ...ဘယ်လိုလုပ် သွားဖြစ်မလဲ။ မိုးတော့မိုးရမယ်။ တာဝန်ရှိတဲ့သူကလည်းထွက်ရမယ်။
ဥက္ကဋ္ဌ- ကျွန်တော်တို့က မဖြစ် ဖြစ်တဲ့နည်းနဲ့ ကာပေးရမယ့် သဘောဖြစ်နေတယ်။
ဝန်ကြီး- မဟုတ်ဘူးလေ။ ခင်ဗျား အင်ဖက်နဲ့မိုးတာကျေးဇူးတင်တယ်။
တာဝန်ရှိတဲ့သူကလည်း အလုပ်က ထွက်ရမယ်လို့ပြောတာ။ တာဝန် ဆိုတာ အဲဒါကိုပြောတာ။
ဟုတ် ဖူးလား။ အဲဒီတော့ ဘယ်လိုလုပ် ရမလဲ။ အဲဒီကမပြီးတဲ့အတွက် ကြောင့်
ဆေးရုံမှာနောက်တစ်ခု ပေးချင်တောင်မှ ကိုယ်ကမပြီး တော့
ဘယ်လိုလုပ်သွားဖြစ်မလဲ။ မြန်မြန်ပြီးလေ နောက်နှစ်နောက် တစ်ခုထပ်ရဖို့
အခြေအနေကောင်း လေပေါ့။ ဟုတ်ဖူးလား။ ခင်ဗျား ပြောတာကျွန်တော်ကျေးဇူးတင် တယ်။
ကျွန်တော်ပြန်ပြောမယ်။ ခုတင်(၁၀၀)မပြီးသေးဘူး။ မိုးမလုံ သေးဘူး။
ဥက္ကဋ္ဌ- နောက်ပြီးတော့ ၀န်ထမ်း တွေခန့်ထားမှုကလည်း အများကြီး လိုနေပါတယ်။
ဝန်ကြီး- ဘာဝန်ထမ်းလဲ ခင်ဗျား လိုတာ။
ဥက္ကဋ္ဌ- ဆရာဝန်တွေအများကြီး လိုပါတယ်။
ဝန်ကြီး- ဟား ဟား ဟား ဆရာ ၀န်။ ကျွန်တော်မပြောတော့ဘူး။ ဒီ Issue က
ဒီပြဿနာက တစ် နိုင်ငံလုံးပြဿနာ။ ဒါကြောင့် ကျွန်တော်မပြောတော့ဘူးလို့ပြော
တာ။
ဥက္ကဋ္ဌ- ကျွန်တော်ဆီမှာတစ်ခုခု ဖြစ်ရင် ဘားအံကိုအချိန်မရှိအခါ မရှိ
ပြေးလွှားရတဲ့ဟာတွေကများ နေပါတယ်။ ဟိုမှာ အရိုးကုဆရာ ၀န်လည်းမရှိ၊
ဓာတ်မှန်ကိစ္စလည်း မရှိ။
ဝန်ကြီး- ရှိတယ်။ ခင်ဗျားမသိ လို့။ သူကအဲဒီကို ပိုစတင်ချလိုက် ပြီးရင်
နိုင်ငံခြားကိုလွှတ်လိုက် တယ်။ စည်းဝါးရိုက်ထားတာလေ။ ပိုစတင်ကကော့ကရိတ်။
နေတာက နိုင်ငံခြား။ အဲဒီလိုလုပ်ထားတာ။ ခင်ဗျားမှမသိတာ။
ဥက္ကဋ္ဌ- ဟိုမှာ မေ့ဆေးဆရာဝန် လည်းမရှိဘူး။ ခွဲစိတ်မယ်ဆိုလို့ ရှိရင် မေ့ဆေးဆရာဝန်မရှိတဲ့ အတွက်ကြောင့် အင်မတန်ဒုက်္ခ ရောက်ကြရပါတယ်။
ဝန်ကြီး- ဟုတ်တယ်။ သူအဲဒီလို လုပ်ထားတာ။ တချို့ဆေးရုံမှာ
ဆရာဝန်ကိုတစ်ယောက်မှမရှိဘူး။ စာရွက်ပေါ်မှာတော့ရှိတယ်။ တချို့ကျောင်းမှာ
ဆရာမရှိဘူး။ စာရွက်ပေါ်မှာပဲရှိတယ်။ ချင်းပြည် သွားတာ
ဦးတင်နိုင်သိန်းသွားတာ။ ကျောင်းသားချည်းပဲရှိတယ်။ ဆရာမတစ်ယောက်မှမရှိဘူး။
မဆိုးဘူး။ ဒီကျောင်းသားတွေက ငြိမ်နေတာပဲ။ မဆိုးဘူး။ စည်းကမ်း ရှိတယ်။
အဲဒီလိုပဲ ဆရာဝန်လည်း ကျန်းမာရေးဝန်ကြီးဌာနက အဲဒီ လိုပဲလုပ်တာ။ ဟုတ်ဖူးလား။
သူ့ကို ပြောရင် သူကပိုစတင်ချလိုက် တယ်။ နောက်ပြီးရင် တိုးတိုးလေး
ပြောပြီးတော့ နိုင်ငံခြားပို့လိုက် တာ။ ပြည်သူပဲဒုက္ခရောက်နေတာ။ ကောင်းတယ်။
ခင်ဗျားပြောတာ မှန်ပါတယ်။ ဒါကြားနေကြစကား လို့ပြောရမှာပါ။
ယင်းနေ့က သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ကော့ကရိတ်မြို့နယ်
ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးလှတင် တင်ပြဆွေးနွေးမှုများကို
တက်ရောက်လာကြသည့် ပြည်သူ များက သဘောကျနှစ်ခြိုက်အား ပေးထောက်ခံခဲ့ကြသည်။
ပွင့်ဆန်း
No comments:
Post a Comment