Friday, June 20, 2014

အခြေခံဥပဒေပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် တောင်ငူတွင် ဟောပြောမည်

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)


ရန်ကုန်- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ဇွန်လ ၂၁ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တောင်ငူ မြို့နယ်၌ ပြည်သူလူထုကို ဟောပြောမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်း ဒေသကြီး သနပ်ပင် မဲဆန္ဒနယ်မှ ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၁ ရက် နံနက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌  လူထုနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထို့နောက် တောင်ငူမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲ ပြုလုပ်သွားမည် ဖြစ်သည်။
 
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း လူထုတွေ့ဆုံဟောပြောမှုများ ပြုလုပ်ခဲ့သည်။

7DAY DAILY

No comments:

Post a Comment