ပုဂ္ဂလိကကျောင်း တစ်ရာကျော် လိုင်စင်ချပေး၊ ကျောင်းပေါင်း ၂၈၀ ကျော် ရှိလာ
ပညာရေးဝန်ကြီးဌာန သည် ယခု ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းသစ် တစ်ရာ
ကျော်ကို ထပ်မံတိုးမြှင့် ဖွင့်လှစ် ခွင့်ပြုလိုက်ကြောင်း ပညာရေးစီမံ
ကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
ယခင်နှစ်များက လျှောက် ထားခဲ့ဖူးခြင်း မရှိသော ကိုယ်ပိုင် ကျောင်း ၁၂၇ ကျောင်းကို လိုင် စင်ချထားပေးခဲ့ခြင်းဖြစ်ပြီး အ မှတ် (၂) အခြေခံပညာဦးစီးဌာန (အထက်မြန်မာပြည်)မှ ကျောင်း အများစု ပါဝင်ကြောင်း သိရ သည်။
‘‘ကျောင်းအများစုကတော့ အခြေခံပညာဦးစီးဌာန (၂)ကပါ။ ဒီနှစ်ထပ်ချပေးတဲ့ ကျောင်းတွေ မှာလည်း ငါးနှစ် သက်တမ်းရှိတဲ့ကျောင်း မပါပါဘူး။ ကျောင်းတွေတော့ အများကြီး တိုးလာပါ တယ်’’ ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိ သူက ပြောသည်။
ယခုနှစ်အတွက် ကိုယ်ပိုင် ကျောင်းအသစ်များအနေဖြင့် မြန်မာနိုင်ငံ အောက်ပိုင်းအခြေခံပညာဦးစီးဌာန (၁) မှ ၂၆ ကျောင်း၊ မြန်မာနိုင်ငံ အထက်ပိုင်း အခြေခံပညာဦးစီးဌာန (၂) မှ ၆၃ ကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန (၃) မှ ၃၈ ကျောင်း တို့ကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
အစိုးရသစ်က ကိုယ်ပိုင် ကျောင်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ယခုနှစ်တွင် ကျောင်းအရေအ တွက် အများဆုံး ခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး နာမည်ကြီး အိုင်အယ်လ် ဘီစီအင်တာနေရှင်နယ်ကျောင်း က အလင်းရောင်အမည်ဖြင့် ဖွင့် လှစ်မည့် ကျောင်းလည်း ကိုယ်ပိုင်ကျောင်း ခွင့်ပြုချက် ရရှိသွား သည်။
‘‘အိုင်အယ်လ်ဘီစီက အ လင်းရောင်နာမည်နဲ့ ရန်ကုန်နဲ့နေ ပြည်တော်မှာ ကိုယ်ပိုင်ကျောင်း ဖွင့်နေပါပြီ။ ကိုယ်ပိုင်ကျောင်း တွေကတော့ အခြေအနေ ကောင်း နေပါတယ်’’ ဟု ကိုယ်ပိုင်ကျောင်း ဆရာတစ်ဦးက ပြောသည်။
ပညာရေးဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်း ၆၆ ကျောင်းကို စတင်ခွင့်ပြုခဲ့ပြီးနောက် သုံးနှစ် မြောက်ဖြစ်သော ယခု ပညာသင် နှစ်တွင် ကိုယ်ပိုင်ကျောင်း ၂၈၀ ထိ ရှိလာပြီဖြစ်သည်။
သို့သော် ကိုယ်ပိုင်ကျောင်း များ ထပ်မံခွင့်ပြုရာတွင် ငါးနှစ် သက်တမ်းခွင့်ပြုပေးခြင်း မရှိဘဲ တစ်နှစ်နှင့် ၂ နှစ် သက်တမ်းရှိ ကိုယ်ပိုင်ကျောင်းများသာ ခွင့်ပြု ခြင်းဖြစ်သည်။
ထို့ကြောင့် မန္တလေး၊ ပြင်ဦးလွင်နှင့် နေပြည်တော်တို့တွင်သာ ငါးနှစ်သက်တမ်းရှိ ကိုယ်ပိုင်ကျောင်း ရှစ်ကျောင်းရှိနေသည်။
သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ပညာရေး ကဏ္ဍတွင် ပုဂ္ဂလိက အခန်းကဏ္ဍ ကို စတင်အလေးပေးလာခဲ့ပြီး ကိုယ်ပိုင်ကျောင်းများ တိုးမြှင့်ဖွင့် လှစ်ခွင့်ပြုနေသလို အင်တာနေ ရှင်နယ်ကျောင်းမှ ကျောင်းသား များ အစိုးရကျောင်းသို့ ပြောင်း ရွှေ့တက်ရောက်နိုင်ရန် အခွင့်အ လမ်း ဖန်တီးပေးထားသည်။

No comments:
Post a Comment