ဇောတိကဝန်ထမ်းတွေရဲ့ ဘွဲ့လက်မှတ်နဲ့ ငွေတစ်သိန်းခွဲကိစ္စ အရှုပ်တော်ပုံ
အလုပ်ထွက်လိုတဲ့ ဝန်ထမ်းတွေဟာ သူတို့ပေးထားတဲ့ ဘွဲ့လက်မှတ်မူရင်းတွေကို ပြန်လိုချင်ရင် ကျပ် တစ်သိန်းခွဲပေးရမယ်လို့ ဇောတိကကုမ္ပဏီရဲ့ပြောဆိုချက်ဟာ ဥပဒေနဲ့ ညီပါရဲ့လား။ ဝန်ထမ်းတွေရဲ့ ဘွဲ့လက်မှတ်မူရင်းတွေကို ဥပဒေအရ ရယူထားခွင့်ရှိရဲ့လား။ အလုပ်ထွက်သူတွေကတော့ အစိုးရကို အားကိုးလို့မရလို့ ၈၈မျိုးဆက်ကို တိုင်တန်းခဲ့ပါပြီ။ဇောတိကကုမ္ပဏီက ဝန်ထမ်းတွေကို တရားဝင်ဝန်ထမ်းဖြစ်ချင်ရင် ငွေသွင်းရမယ်ဆိုတဲ့ ညွှန်ကြားချက် ထွက်လာတာကြောင့် လူ ၂ဝကျော် အလုပ်ကနှုတ်ထွက်ခဲ့ပြီး ဘွဲ့လက်မှတ်မူရင်းကို ပြန်တောင်းတဲ့အခါမှာ ငွေတစ်သိန်းခွဲ တောင်းလို့ အလုပ်သမားဝန်ကြီးဌာနကို တိုင်ခဲ့ပေမယ့်လည်း အရာမရောက်လို့ ရဲကိုတိုင်မယ်လို့ ပြောပါတယ်။
ဇောတိကကုမ္ပဏီပိုင်ရှင် ဦးခင်လှိုင်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဘွဲ့လက်မှတ်လိုချင်ရင် ငွေတစ်သိန်းခွဲ ပေးဆောင်ရမယ်လို့ ပြောဆိုခဲ့တဲ့အပေါ် အစိုးရအာဏာပိုင်တွေကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ဇွန် ၁၉ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၈၈မျိုးဆက်က မသက်သက်အောင်လည်း တက်ရောက်ခဲ့ပါတယ်။
အလုပ်လုပ်မယ်ဆိုရင် အလုပ်ရှင်အလုပ်သမားအကြား EC ကန်ထရိုက်စာချုပ်ကို သေသေချာချာ ဖတ်ပြီးမှ လက်မှတ်ထိုးသင့်တယ်လို့ အကြံပေးခဲ့ပြီး အတည်မဖြစ်သေးတဲ့ ဥပဒေမူကြမ်းတွေကိုသုံးပြီး အလုပ်သမားပြဿနာတွေကို ဖြေရှင်းတာမျိုး မလုပ်သင့်ဘူးလို့ ပြောပါတယ်။
No comments:
Post a Comment