မြန်မာ့ဆေးလောကရဲ့ မိခင်ကြီး ဒေါ်မြင့်မြင့်ခင်ရဲ့ နောက်ဆုံးခရီး
ဆေးပညာလောကမှာ မာမီကြီးလို့ လူသိများပြီး မြန်မာမျိုးဆက်သစ်
ဆေးပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ ဆရာမကြီး ပါမောက္ခ
ဒေါက်တာမြင့်မြင့်ခင်ရဲ့ ဈာပနကို ဇွန် ၂၁ရက်နေ့က ရေဝေးသုဿန်မှာ
မီးသဂြိုဟ်ခဲ့ပါတယ်။ ဆရာမကြီးဟာ ဂုဏ်သိက္ခာရှိတဲ့ လူသားတစ်ယောက်အဖြစ် ဘယ်လို
နေထိုင်သွားခဲ့လဲ။
၁၉၉၅ကစတင်ပြီး လူတိုင်းအတွက် ထိုးတဲ့ခေါင်းဆောင် စာအုပ်ကို စတင်ရေးသားခဲ့ပြီး အသက် ၉ဝကျော်တဲ့အထိ အသိပညာဉာဏ်ကြီးမားစွာနဲ့ ဝီရိယရှိရှိ လူ့လောကကောင်းကျိုးကို သေဆုံးချိန်ထိတိုင် ထမ်းဆောင်ခဲ့သူပါလို့ ဆရာမကြီးရဲ့သား ဒေါက်တာမြင့်ဇံက ပြောပါတယ်။
ဆရာမကြီး ဒေါ်မြင့်မြင့်ခင်ဟာ ပန်းနာရင်ကြပ်၊ ကျောက်ကပ်နဲ့ နှလုံးဝေဒနာတွေကို ခံစားနေရပေမယ့် မြန်မာတွေ သိပ္ပံအမြင်ရှိဖို့၊ သက်ကြီးဆရာတွေကို ထောက်ပံ့ဖို့နဲ့ ပညာရေးဖွံ့ဖြိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်သုံးခုကို အကောင်အထည်ဖော်ရင်း ဇွန် ၁၉ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
မြင့်မြတ်တဲ့စိတ်ထားနဲ့ ဘဝကိုရှင်သန်နေထိုင်ခဲ့တဲ့ အသက် ၉ဝကျော် လူသားတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေကို ကျေနပ်နှစ်သိမ့်မိပါတယ်လို့ မိသားစုဆရာဝန်ဖြစ်တဲ့ ပါမောက္ခ ဦးမျိုးသွယ်က ပြောပါတယ်။ မြန်မာပြည်ဆေးလောက တိုးတက်အောင် ဖန်တီးသူ ၃ယောက်ထဲ ၂ဦးမြောက် ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။
ဒေါက်တာမြင့်မြင့်ခင် နောက်ဆုံးရေးသားခဲ့တဲ့ မြန်မာအမျိုးသမီးတွေရဲ့ အဆင့်အတန်း မြင့်မားပုံကို သမိုင်းနောက်ခံနဲ့ ချိန်ထိုးပြီး ဆေးရုံကုတင်ပေါ် ရေးသားထားခဲ့တဲ့ စာမျက်နှာ ၃ဝဝကျော် စာအုပ်ကို ဒီနှစ်ကုန်မှာ ထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။

No comments:
Post a Comment