Wednesday, July 2, 2014

သူတို့လေးတွေ စာသင်ခန်းထဲမှာ ခေါင်းငုံမနေရတာ့တာ၊ အရိုက်မခံရတော့တာ တခုတည်းနဲ့တင်ကျွန်တော်တို့ လုပ်ပေးရကျိုးနပ်နေပြီဆိုတဲ့ ( ပန်းပျိုးသူများစာသင်ဝိုင်း)

 


ဒီနေ့ထုတ် Tomorrow ဂျာနယ်ပါ ` ပန်းပျိုးသူများ စာသင်ဝိုင်း´
အကြောင်းရေးထားတဲ့ ဆောင်းပါးလေးဖတ်လိုက်ရတယ်။
ဒီထဲက ပန်းရောင်းတဲ့ကလေးကိုမေးလို့သူပြန်ဖြေထားတာက
` သားတို့သူငယ်ချင်းတွေစုပြီး ဟိုးမှာမြင်နေရတဲ့မန္တလေး
တောင်အကျော်က ရပ်ကွက်ကနေလာရတယ်။ညညပန်းရောင်း
ပြီးယင်ခြေလျင်စုပြန်ရတာ။သားတို့ကမီးပွိုင့်မှာ မီးနီရင်ကားတွေ
ဆီပြေးပြီးပန်းရောင်းတယ် ပလက်ဖောင်းပေါ်မှာသူငယ်ချင်း
တွေနဲ့ဆော့တယ်။အရင်ကဆိုကျောင်းကစာကျက်ခိုင်း၊အိမ်စာ
ပေးလိုက်ရင် မလုပ်နိုင်ဘူး။စာမေးပွဲနီးယင်တောင်လွယ်အိတ်
ယူလာပြီး ကျုံးဘေးကမီးရောင်အောက်မှာ စာကျက်ရတာအခု
တော့ ကျောင်းက အိမ်စာတွေပေးရင် လုပ်နိုင်ပြီမို့ အရိုက်မခံရ
တော့ဘူးပေါ့´ ကျောင်းကစာတွေသင် အိမ်စာတွေပေး သူတို့
ကမလုပ် ပန်းတွေရောင်း၊ နောက်နေ့ စာတွေမရ အိမ်စာတွေ
မလုပ်ခဲ့တော့ ခေါင်းလေးတွေငုံ မတ်တပ်တွေရပ်ရ အရိုက်ခံနေ
ရတဲ့ပုံတွေ စိတ်ထဲမြင်ယောင်မိတယ်။ ကျန်တာတွေဘာမှထည့်
မတွက်နဲ့ဦး သူတို့လေးတွေ စာသင်ခန်းထဲမှာ ခေါင်းငုံမနေရ
တော့တာ၊ အရိုက်မခံရတော့တာ တခုတည်းနဲ့တင်ကျွန်တော်
တို့ လုပ်ပေးရကျိုးနပ်နေပြီ။

ပန်းပျိုးသူများစာသင်ဝိုင်း

No comments:

Post a Comment