သနတ်ဖောက်ပြီး လူစုခွဲ
မန္တလေးမြို့တွင် ပဋိပက္ခ ဖြစ်ပွားရာ နေရာ၌ ဇူလိုင်လ ၂ရက် နံနက် ၁နာရီတွင်
ရဲတပ်ဖွဲ့က သေနတ်များ ပစ်ဖောက်ကာ လူစုခွဲနေရပြီဟု မဇ္ဈိမ၏ မန္တလေးအခြေစိုက်
သတင်းထောက်များက
သတင်းပေးပို့သည်။
မန္တလေးမြို့ ၂၇လမ်း ၈၂လမ်းနှင့် ၈၃လမ်းကြားတွင် ဇူလိုင် ၁ရက် ည၁၂နာရီကျော်က ဘာသာရေးပဋိပက္ခသဏ္ဍန် ဖြစ်ပွားမှုကို ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ထိန်းသိမ်းလျက်ရှိပြီး အပျက်အစီး
တစ်စုံတစ်ရာ မရှိပေ။
ညနေ ၆နာရီခန့်က ၈၂လမ်းနှင့် ၂၈လမ်းထောင့်ရှိ ဆန်းကဖေးဆိုင်ရှင်အား ဝန်ထမ်းအား အဓမ္မကျင့်သည်ဆိုသည့် သတင်းကြောင့် စစ်ဆေးရန် ဆိုင်ပိတ်ရာမှ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ၂၇လမ်း၊
၈၂လမ်းနှင့် ၈၃လမ်းတွင် ထပ်မံ ဖြစ်ပွားခြင်း ဖြစ်သည်။
မန္တလေးအခြေစိုက် မဇ္ဈိမသတင်းထောက်များ ပေးပို့ချက်အရ ယခုအချိန်တွင် လမ်းကို ပိတ်ဆို့ထားလျက်ရှိပြီး တစ်ဘက်နှင့်တစ်ဘက် ခဲများနှင့် ပစ်ခတ်လျက်ရှိသည်ဟု ဆိုသည်။ လူအင်အားမှာ
နှစ်ဘက်ခန့်မှန်းခြေ ၃၀၀ ခန့် ရှိသည်ဟု ဆိုသည်။
မဇ္ဈိမသတင်းဌာန
Mizzima - News in Burmese

No comments:
Post a Comment