Wednesday, July 2, 2014

သစ်ထူးလွင် ဘလော့ အပေါ် စွပ်စွဲချက်များနှင့် ပါတ်သတ်၍ သတင်းထုတ်ပြန်ချက် 

  ဇူလိုင်လ ၁ ရက်နေ့ ယမန်နေ့ ညပိုင်းက  မန္တလေးမြို့ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအား သစ်ထူးလွင်ဘလော့မှ များစွာ စိတ်မကောင်း ဖြစ်ရပါသည်။ အဆိုပါ  ဖြစ်ရပ်အား လူမှုကွန်ယက် စာမျက်နှာများတွင် သစ်ထူးလွင် သတင်းကို အခြေခံ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲ ပြောကြားချက်များကို တွေ့ ရှိနေရပါသည်။ မလိုလားအပ်တဲ့ ပြဿနာတွေ ပိုမိုကြီးထွားလာမှာ စိုးရိမ်းတဲ့ အတွက် သစ်ထူးလွင်မှ အဆိုပါ ဖြစ်ရပ်နှင့် ဆက်နွယ်နေသည့် သတင်းအား သစ်ထူးလွင် ဘလော့နှင့် Facebook စာမျက်နှာများမှ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်ပါသည်။ သတင်းဖြစ်စဉ်နှင့် ပါတ်သတ်၍ ပဋိပက္ခဖြစ်ပွားစေလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ပါ၊ အားနည်းသူဘက်က ရပ်တည်၍ အမှုကို ပေါ်လွင် စေချင်သည့် စိတ်စေတနာသာ ရှိခဲ့ပါသည်။

သစ်ထူးလွင် ဘလော့သည် မည်သည့် နိုင်ငံရေးပါတီ ၊ ဘာသာရေးအဖွဲ့ အစည်း၊ လူမှုရေးအဖွဲ့ အစည်း၊ လူပုဂ္ဂိုလ် တဦးတယောက်နှင့်မှ ပါတ်သတ်မှုမရှိကြောင်း ထပ်မံ အသိပေးအပ်ပါသည်။
သစ်ထူးလွင် ဘလော့သည် ပြည်သူများဘက်က အစဉ်ရပ်တည်ခဲ့သည် ဘလော့ဂါ သတင်းသမား တစ်ဦးသာ ဖြစ်ပါသည်။ ယ္ခုအခါ မမျှော်လင့်ဘဲ ၀မ်းနည်းစရာ ဖြစ်ရပ်များနှင့် ကြုံတွေ့ ခဲ့ရ၍ စာဖတ်ပရိတ်သတ်နှင့် ထိခိုက်နစ်နာရသူများ အားလုံးကို သစ်ထူးလွင် မှ အနူးအညွတ် တောင်းပန် အပ်ပါသည်ဟု သစ်ထူးလွင် page တစ်ခုမှ ပြောသွားပါတယ်။

No comments:

Post a Comment