Tuesday, June 10, 2014

အောင်စာရင်းကြည့်နေသူများကို တွေ့ရစဉ်(ဓာတ်ပုံ − မရန်)



ကချင်ပြည်နယ် မြို့နယ်နှစ်ခုတွင် တက္ကသိုလ်ဝင်တန်းအောင်သူ တစ်ဦးမျှ မရှိ

 

၂၀၁၃-၁၄ ပညာသင်နှစ်တွင် ကချင်ပြည်နယ်မှ ခေါင်လန်ဖူးမြို့နယ်နှင့် ဆော့လော်မြို့နယ်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူမရှိသဖြင့် ထို မြို့နယ်နှစ်ခုတွင် အောင်ချက်ရာခိုင်နှုန်းမရှိကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
‘‘အဓိကက ဒေသခက်ခဲလို့ ဖြစ်တာပါ။ ဒီဒေသတွေက နှစ်တိုင်းလိုလို ဘဲဥမကွဲကြဘူး’’ဟု ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုညွှန်မှူးကဆိုသည်။
၂၀၁၃-၁၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ခေါင်လန်ဖူးမြို့နယ်တွင် ကျောင်းသား ၄၄ ဦး၊ ဆော့လော် မြို့နယ်တွင် ကျောင်းသား ၁၀ ဦး ဖြေဆိုခဲ့ကြပြီး အောင်မြင်သူတစ်ဦးမှမရှိခြင်းဖြစ်သည်။
ကချင်ပြည်နယ်တွင်  ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၈ ဒသမ ၅၁ ရှိခဲ့ပြီး ယမန်နှစ်ထက် ၁၅ ဒသမ ၂၁ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ဆိုသည်။
ကချင်ပြည်နယ်ဝေးလံခေါင်ဖျားသည့် မြို့နယ်များတွင် ကျောင်းဆရာ၊ ဆရာမများ မလုံလောက်မှုကြောင့် စာသင်ကြားရေးတွင် အခက်အခဲများရှိကြောင်း ဒေသခံများထံမှ သိရသည်

 

No comments:

Post a Comment