Ooredoo ဆင်းကဒ်များ သြဂုတ်လ တတိယအပတ်တွင်စတင်ရောင်းချမည်
Ooredoo ကုမ္ပဏီ မှ ဆင်းကဒ်များကို သြဂုတ်လ တတိယအပတ်တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါသည် ။ ဆင်းကဒ်များကို Mobile Phone ဆိုင်တွေမှာ မှတ်ပုံတင်မိတ္တူတစ်စောင်ပေးကာ ကြိုက်သလောက်ဝယ်ယူနိုင်ကြောင်း သိရပါသည် ။ ဆင်းကဒ်တစ်ကဒ်ကို တစ်ထောင့်ငါးရာကျပ် သတ်မှတ်ထားပြီး ဆင်းကဒ်မှာ 3G အမျိုးအစားဖြစ်ကာ အင်တာနက် ၊ SMS , MMS နှင့် Video Call များရရှိနိုင်မည်ဖြစ်သည် ။ ဆင်းကဒ်ထဲတွင် ဖုန်းစမ်းသပ်ခေါ်ယူနိုင်ရန် ငွေကျပ် ၂၀၀ နှင့် SMS , MMS အစောင် ၂၀ အခမဲ့ထည့်သွင်းပေးထားကြောင်း သိရပါသည် ။
ဖုန်းခေါ်ဆိုရာ ဈေးနှုန်းတွေကတော့ Ooredoo ဖုန်းအချင်းချင်းဆိုရင်
တစ်မိနစ်ကို ၁၀ ကျပ် သတ်မှတ်ထားပြီး ၊ Ooredoo မှ
အခြားဖုန်းများသို့ခေါ်ဆိုလျှင် တစ်မိနစ်ကို ၂၅ ကျပ်
သတ်မှတ်ထားကြောင်းသိရပါသည် ။ Ooredoo မှ ဆင်းကဒ်များကို
မြို့ကြီးသုံးမြို့ဖြစ်သော ရန်ကုန်မြို့ ၊ မန္တလေးမြို့ နှင့်
နေပြည်တော်မြို့များတွင်သာ သယ်ယူသုံးစွဲနိုင်အုံးမည်ဖြစ်ပြီး ၊
ယခုနှစ်ကုန်ပိုင်းမှသာ တစ်နိုင်ငံလုံးသို့ သယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း
သိရပါသည် ။ Ooredoo ငွေဖြည့်ကတ်များကို ၅၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်တို့
ထုတ်လုပ်သွားမည်ဖြစ်ပြီး Ooredoo ဟန်းဆက်တွေကိုတော့ ၂၀၁၅ခုနှစ်မှ
စတင်ရရှိနိုင်မည်ဖြစ်ကြောင်း Sales Representative တစ်ဦးထံမှ သိရှိရပါသည် ။
No comments:
Post a Comment