Friday, June 13, 2014

မဟာသန္တိသုခကျောင်းတော်ကြီးအကြောင်းတစေ့တစောင်း

၁၉၉၅-ခုနှစ်တွင် ပီနန်ဆရာတော်ကြီးအား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်၍လာရောက်ယူစဉ် ဦးစောမြင့် မှအသက်ကြီးလာလျှင် ဆရာတော်ကြီးသီ
တင်းနေထိုင်ရန်ကျောင်းတစ်ကျောင်းဆောက်ပါရန်လျှောက်ထားခဲ့သည်။ ဆရာတော်ကြီး
မှ ဘုန်းကြီးအတွက် မလိုဘူး။ ဆောက်ချင်ယင် ပြည်ပသာသနာပြုလေ့ကျင့်ရေးကျောင်
ဆေက်ချင်တယ်ဟုမိန့်ကြားသည်မှစတင်ပေါ်ပေါက်လာခဲ့ပါသည်။ ကျောင်းတော်ကြီးကို
ပြည်တွင်းပြည်ပစေတနာရှင်များ၏လှူဒါန်းငွေနှင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
၁၉၉၉-ခုနှစ် ဒီဇင်ဘာလတွင်ကျောင်းတော်ကြီးကို နဝတ တာဝန်ရှိသူများမှ ရေ
စက်ချလှူဒါန်းခဲ့ပါသည်။ ဦးသန်းရွှေနှင့်အတူ လူမမယ် ဖိုးလပြည့်လည်းပါဝင်ရေစက်ချ
ခဲ့ပါသည်။ ထိုဒီဇင်ဘာလမှာပင်ပြည်ပသာသနာပြုရဟန်းတော်များကို သတင်းစာမှတ
ဆင့်ခေါ်ယူခဲ့ပါသည်။ ဝင်ခွင့်ကို အင်္ဂလိပ်ဘာသာဖြင့်ဖြေဆိုခဲ့ရပါသည်။ တာမွေမြို့နယ်
ထဲမှ အထက်တန်းကျောင်းတစ်ခုတွင်ဖြစ်ပါသည်။ ရဟန်း သီလရှင်အပါး ၁၀၀-ကျော်
ဖြေဆိုခဲ့ရာ ၄၄-ပါးရေးဖြေအောင်မြင်ခဲ့ပါသည်။ နှုတ်ဖြေ အင်္ဂလိပ်ဘာသာဖြင့်ပင်ဖြေ
ဆိုခဲ့ရပြီး ရဟန်းတော် ၂၁-ပါးနှင့် သီလရှင် ၅-ပါးရွေးချယ်ခဲ့ပါသည်။ နောက်မ တရုတ်
သီလရှင် ၁-ပါးလာရောက်သင်တန်းတက်ရောက်ခဲ့ပါသည်။ ရဟန်းတော် ၁-ပါးကျန်းမာ
ရေးမကောင်းသောကြောင့်သင်တန်းမှ နှုတ်ထွက်ခဲ့ပါသည်။
၂၀၀၂-ခုနှစ်တွင်သင်တန်းပြီးဆုံးခဲ့ပြီး ရဟန်းတော် ၆-ပါးကိုထိုင်ဝမ်သို့လည်း
ကောင်း၊ ၂-ပါးကို အမေရိကန် သို့လည်းကောင်း၊ ၂-ပါးကို နယူးဇီလန် သို့လည်း
ကောင်း သာသနာပြုစေလွှတ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် ဆရာတော်ကြီးမှ သင်တန်းဆင်းလက်မှတ်နှင့် အတွင်းရေးမှူး ၁ ဦးခင်ညွန့်မှခရီးဆောင်အိပ်တစ်လုံးစီ
ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆရာတော်ကြီးမှာ ပြည်ပတွင်သာအနေများပြီး သင်တန်း
ဖွင့်ပြီးသည်မှ သင်တန်းဆင်းသောအခါမှ ဤကျောင်းတော်ကြီးသို့ ပြန်လည်ကြွရောက်
ခဲ့ပါသည်။
ဆရာတော်ကြီးပြန်လည်ကြွရောက်လာစဉ် ကျောင်းတော်ကြီး၏ ဥပဌာက ဥက္ကဌအဖြစ်ဆောင်ရွက်နေသော ဦးစောမြင့် ( မဆလ ခေတ်ရာတန်များငွေမဲ မကျေ
ငြာမှီ သတင်းပေါက်ကြားမှုဖြင့်ပြုတ်ခဲ့၊ မဟေသီမဂ္ဂဇင်းတိုက်ပိုင်ရှင်၊ ယခုသေဆုံးပြီး)
အား ခင်မြားဥက္ကဌရာထူးမှနားတော့ဟုပြောဆိုခဲ့ပါသည်။ ဆရာတော်ကြီး၏ နိုင်ငံအ
သီးသီး၌ရှိသောကျောင်းတိုက်အားလုံး၏စည်းမျဉ်းတွင် ဂေါပက ဥက္ကဌတာဝန်ကို ၂-နှစ်
သာထမ်းဆောင်စေပါသည်။ထိုသို့ မိန့်ကြားပြီးဆရာတော်ကြီး ပြည်ပသို့ ပြန်လည်ကြွ
သွားခဲ့ပါသည်။ ဦးစောမြင့် ဥက္ကဌရာထူးမှနားရန်ဖြစ်လာသောအခါငွေစာရင်းများရှင်းရန်
ကိစ္စပေါ်ပေါက်လာပါသည်။ ငွေစာရင်းများ အဓိကကိုင်တွယ်နေသူမှာ ဦးတင်ရွှေ (ဗိုလ်မှူးးငြိမ်း၊ ဦးစောမြင့်၏ယောက်ဖ) ဖြစ်ပါသည်။
ငွေစာရင်းများရှင်းလင်းရန်အခက်ခဲရှိလာခဲ့ပြီး ဦးစောမြင့်နှင့် ဦးအံမောင် (ဘုန်းကြီးလူထွက်၊ ယခင်သာသနာညွှန်ကြားရေးမှူးး၊ နအဖခေတ် နိုင်ငံတော်ကောင်စီ အကြံပေး၊ ဦးသန်းရွှေနှင့်ရင်းနှီး၊ ယခုကမ္ဘာအေးတွင်နေထိုင်ကာ မဟန အားဆရာ လုပ်လျက်ရှိ) နှင့်ပေါင်းမိကာ ၂၀၀၂-ဒီဇင်ဘာလတွင် မဟနဆရာတော်များအား
ကျောင်းတော်ကြီးသို့ ပင့်ဆောင်ခဲ့ပါသည်။ ပင့်ရသည့်အကြောင်းမှာ သြဝါဒခံယူရန်ဟု ဆိုပြီး အမှန်တကယ်အခန်းအနားတွင်ကျောင်းတော်ကြီးကိုထိုးအပ်ခဲ့ပါသည်။ မဟန လည်းဘုမသိ ဘမသိနှင့် လက်ခံခဲ့ရခြင်းဖြစ်ပါသည်။ ထိုစဉ်က မဟန ဥက္ကဌမှာ မကွေး ဆရာတော် ဦးကုမာရ ဖြစ်ပေလိမ့်မည်။ RFA နှင့် အင်တာဗျူးးစဉ် မကွေးဆရာ
တော်မှကျောင်းတော်ကြီးကို မဟန သိမ်းတာမဟုတ်ကြောင်း အစိုးရသိမ်းတာဖြစ်
ကြောင်းမိန့်ကြားခဲ့ပါသည်။ ဤသို့ဖြင့်ကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်တော်မူ
သောရဟန်းတော်တို့အား ၂၀၀၃-ခုနှစ် ဖေဖော်ဝါရီ ၂၈ နေ့တွင်မောင်းထုတ်ခဲ့ပါသည်။
အမှန်တကယ်တွင်ကျောင်းတော်ကြီးကို အစိုးရသိမ်းတာလဲမဟုတ်၊ မဟနသိမ်းတာလဲမဟုတ်ဘဲ ဦးအံ့မောင်အကြံနှင့်ဦးစောမြင့်သိမ်းခဲ့ခြင်းသာဖြစ်သည်။ ယခုအချိန် ထိဦးတင်ရွှေမှာ ကျောင်းတော်ကြီးတွင်နေထိုင်လျက်ရှိပါသည်။ ( ညကအဖြစ် အပျက်မတိုင်မှီအထိ)။
ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာညီလာခံမကျင်းမမှီ မလေးရှားသံရုံးမတဆင့် ဆရာ
တော်ကြီးကြွလာရန်နှင့် ကျောင်းတော်ကြီးပြန်လည်လွှဲအပ်ရန်စီစဉ်ခဲ့ကြပါသည်။ စီစဉ်
သူဦးခင်ညွန့်မှာ ညီလာခံမတိုင်မီပြုတ်သွားခဲ့ပါသည်။ ယခုအခါ နိုင်ငံရေးပွင့်လင်းမြင် သာမှုရှိပြီထင်၍ဆရာတော်ကြီးမှ ကျောင်းတော်ကြီးပြန်ရရန်ကျိုးးစားခဲ့ခြင်းဖြစ်ပါသည် ။ ဆရာတော်ကြီးနေရန်မဟုတ်ဘဲ သာသနာ့အကျိုးဆောင်ရွက်ရန်သာဖြစ်ပါသည်။
စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အချိန်ခါကြအောင် စာရင်းရှင်းတမ်း မကြားဘူးပေ။ ၁၁-ထပ်တွင် တယ်လီဖုန်းတာဝါတိုင်များငှါးရမ်းထားရှိစေခြင်း၊ ၄-ထပ်တွင် ရုံးခန်းများ ငှါးရမ်းထားခြင်း၊ ၂-ထပ်တွင် Video ရိုက်ရန်အခန်းများငှါးထား
ခြင်း၊ မြေညီထပ်တွင် မင်္ဂလာခန်းမ ငှါးရမ်းခြင်းတို့ဖြင့်စီးပွါးရေးလုပ်စားနေကြပါသည်။
ထိုသို့ဝင်ငွေကောင်းနေပါသောကြောင့်ကျောင်းတော်ကြီးအားပြန်လည်မပေးလိုခြင်းသာဖြစ်ပါသည်။
မဟာသန္တိသုခမှမွေးထုတ်လိုက်သော ပထမပတ်သင်တန်းသားများမှ စင်္ကာပူတွင် ၄-ပါး၊ အမေရိကန်တွင် ၂-ပါး၊ ကနေဒါတွင် ၁-ပါး၊ အင်္ဂလန်တွင် ၁-ပါး၊ ထိုင်ဝမ်တွင် ၂-ပါး၊ သြစတေလျတွင် ၁-ပါး၊ နယူးဇီလန်တွင် ၂-ပါး၊ ပြည်တွင်း၌ ၄-ပါး သာသနာပြုလျက်ရှိပါကြောင်း။
ဤ Post တွင် မမှန် မကန် ရေးသားမှုများပါခဲ့သော် မဟာအဝီစိငရဲသို့ ကြပါစေသား။ မှန်မှန်ကန်ကန် ရေးသားထားသည်ရှိသော် ဤ ဘဝ၌ပင် မဂ်ညဏ် ဖိုလ်ညဏ်ရ ၍ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုမှကင်းဝေးရာဌာနသို့ရောက်စေသော် ....။

 

No comments:

Post a Comment