ဖားကန့်မြို့ရှိ ကျောက်တွင်းလုပ်ကွက်တစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ-မင်းထက်စံ
ဖားကန့် ရှိ တစ်နိုင်တစ်ပိုင် ရေမဆေးကျောက်စိမ်း ရှာသူအားလုံး နေရပ်ပြန်ရမည်
ရန်ကုန်၊ ဇွန် ၉- ကချင်ပြည်နယ် ဖားကန့် မြို့ ကျောက်လုပ်ကွက်များ မှ
ရေမဆေးကျောက်ရှာသူများ (တစ် နိုင်တစ်ပိုင်ကျောက် စိမ်းရှာဖွေသူ)အား ဇွန်
၁၂ရက်နောက်ဆုံးထား၍ ကျောက် မျက် တူး ဖော်ရေးလုပ်ကွက်အတွင်း မှဖယ်ရှားကာ နေ
ရပ်ပြန်ရ မည်ဖြစ် ကြောင်း ဖားကန့် မြို့နယ်အတွင်း
တရားဝင်သတင်းထုတ်ပြန်လိုက် သည်။
ထိုသို့ထုတ်ပြန်လိုက်ခြင်း ကို ဖားကန့် မြို့နယ်အတွင်းရှိ တပ်မတော်၊
အုပ်ချုပ်ရေးမှူးရုံး၊ ရဲတပ်ဖွဲ့များ၊ လူ ဝင်မှုကြီးကြပ်ရေးမှူးများ စသည့်
အဖွဲ့ အစည်းများပါဝင်သည့် အစည်းအဝေး ဆုံးဖြတ် ချက် အပြီးတွင် ထိုသို့ထုတ်
ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအနေအထားအရ တစ် နိုင်တစ်ပိုင်
ကျောက်စိမ်းရှာဖွေသူများ သည် ကျောက်မျက်တူးဖော်ရေး ကုမ္ပ ဏီများ ၏
လုပ်ကွက်များ အတွင်း ကျူး ကျော်တဲများဆောက်ကာ ကျောက် စိမ်းတူး ဖော်နေကြ
ခြင်းဖြစ်သည်။
ဖားကန့် ဒေသတွင်းရှိ ရေမဆေး ကျောက်ရှာသူများအား နေရပ်ပြန်
ရန်ပြောဆိုထားမှုသည် ယခုရက်ပိုင်း တွင် ပညာပေးကာလ သတ်မှတ်ထား သော်လည်း
နောက်ပိုင်းတွင် ပုဒ်မ -၁၄၄ ထုတ် ပြန် သွားမည်ဖြစ်သည်။
မိုးညှင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်စိုးလေးက
''အခုလိုလုပ်ဆောင်တာ ဥပဒေကြောင်းအရ ကောင်း မွန်ပါတယ်။ ဒါပေမဲ့
စနစ်တကျကိုင်တွယ်ဖို့ အရေး ကြီးပါ တယ်။ ဒီလိုမဟုတ် ရင် ရေမဆေး
ကျောက်ရှာသူတွေ အုပ်စုဖွဲ့ပြီး လု ယက်တာတွေ၊ ဥပဒေမဲ့လုပ်တာတွေ
ဖြစ်လာနိုင်တယ်'' ဟု မှတ်ချက်ပေး ပြောဆိုသည်။
ထိုသို့အုပ်စုဖွဲ့လုယက်ခြင်းများ မဖြစ်ပေါ်စေရန် အတွက်ကိုလည်း တပ်မတော်နှင့်
ရဲတပ်ဖွဲ့ပူးပေါင်းကာ မိုဘိုင်းကင်းလှည့် အဖွဲ့ဖြင့် ဆောင်ရွက်
ပေးသွားမည်ဖြစ်ကြောင်းကိုလည်း အစည်းအဝေး တွင် ဆုံးဖြတ်ခဲ့ ကြောင်း
ယင်းအစည်းအဝေး တက်ရောက်သူ များထံမှ သိရသည်။
ယင်းသို့ အမိန့်ထုတ်ပြန်ခြင်း သည် ဇွန် ၅ ရက်က ပြုလုပ်သည့် အမျိုး
သားလွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်မှ အ
မျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦး လှဆွေ ၏ ဖားကန့်တွင် တရားမဝင်
ကျောက်တူးဖော်ရေးကိစ္စနှင့် ပတ်သက် ပြီးမေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း
နှင့်ပတ်သက်နိုင်သည်ဟုလည်း ဒေ သခံများက ထင်မြင်ချက်ပေးပြော ဆို နေကြသည်။
ဖားကန့် မြို့ ဒေသခံ တစ်ဦးဖြစ် သော ဦးအောင်ထွန်းဦးက ''လွှတ်
တော်ကိုယ်စားလှယ်ဦးလှဆွေ အမျိုး သားလွှတ်တော် မှာ မေးပြီးတဲ့နောက် စစ်တပ်၊
ရဲ၊ ရယကနဲ့ ရပ်မိရပ်ဖတွေ အစည်း အဝေးခေါ်ပြီး အဖွဲ့တစ်ဖွဲ့ဖွဲ့ လိုက်တယ်။
အဲဒီအဖွဲ့က တစ်နိုင်တစ် ပိုင်လုပ်စားတဲ့ ရေမဆေးသမားတွေ ကို ဒီ
၁၂ရက်နောက်ဆုံးထားပြီး ဖယ် ပေးဖို့ လုပ်ကွက်တွေမှာ စာလိုက်ကပ်
တော့တာပဲ''ဟုပြောသည်။
ဇွန် ရရက်က ဖားကန့် မြို့နယ် အတွင်းရှိ လုံးခင်း၊ ဆိုင်းတောင်၊ က
ရင်ချောင်နှင့် ဆိပ်မူစသော မှော်လုပ် ကွက်တို့တွင် အထက်ပါကဲ့သို့ နေ
ရပ်ပြန်ရန် သတိပေးဆိုင်းဘုတ်များ လိုက်လံ ကပ် နေကြောင်း သိရသည်။
No comments:
Post a Comment