Tuesday, June 10, 2014

ကျောင်းရှိ ဆရာတော်များကို ရွှေစင်စင်္ကြာ ကားနှင့် ပင့်ဆောင်သွား 

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ရှိ သံဃာတော်များအား ရဲများက အမည်မသိအရပ်သို့ ဇွန်လ ၁၁ရက် နံနက် ၁နာရီဝန်းကျင်ခန့်က ခေါ်ဆောင်သွားစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)  Mizzima - News in Burmese



မဟာသန္တိသုခကျောင်းတိုက်အတွင်းမှ ဆရာတော် ၁၀ပါးခန့်ကို ရွှေစင်စင်္ကြာ မှန်လုံကားကြီးဖြင့် ပင့်ဆောင်သွားပြီး ကားအတွင်းရှိ ဆရာတော်များကမူ အပြင်ကို ထွက်ရန် အကူညီတောင်းသည့်ဟန် ကားမှန်တခါးများကို ထုရိုက်နေသည်ကို တွေ့ရသည်။

ယင်းဆရာတော်များကို တိုင်းသာသနာရေး ဦးစီးအဖွဲ့က ပင့်ဆောင်သွားခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမူ မသိရှိဟု ကျောင်းတိုက်မှ ကပ္ပိယက မဇ္ဈိမကို ပြောသည်။

ယင်းအခြေအနေသည် ကျောင်းတိုက်ကို ဝင်စီးသည့် အခြေအနေဟု ပြောလို့ရသည်ဟု ထိုနေရာတွင် ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်နှင့် အယ်ဒီတာများက ဆိုသည်။

လက်ရှိအချိန်တွင် ကျောင်းတိုက်အတွင်း၌ ရဲကားများနှင့် ရဲများရှိနေပြီး ကျောင်းပတ်ချာလည်တွင်လည်း ရဲကားများ၊ ရဲများ အပြည့် ဝန်းရံထားသည်။

ဆရာတော်များကို ပင့်ဆောင်မသွားမီ အခြားဆရာတော်များ ကျောင်းတိုက်သို့ ရောက်လာသည်ကို တွေ့ရသည်။ သို့သော် မေးမြန်းခွင့် မရပေ။

လက်ရှိတွင် မဟာသန္တိသုခကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ပီနန်ဆရာတော်ကြီးမှာ ဇွန်လ ၅ရက်မှ စကာ ဂျပန်နိုင်ငံသို့ သာသနာပြုခရီး သွားနေသည့် အချိန်ဖြစ်သည်။

မဇ္ဈိမသတင်းဌာန
Mizzima - News in Burmese 

 

No comments:

Post a Comment