သရေခေတ္တရာရှေးဟောင်းဇုန်တွင် အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ပါက ဥပဒေအရ အရေးယူမည်
သရေခေတ္တရာမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မြို့အဖြစ်
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က
သတ်မှတ်ခဲ့ပြီးနောက် စီးပွားရေးသမားများက စီးပွားရေးဆိုင်ရာ အဆောက်အအုံများ
တိုးချဲ့ရန် စီစဉ်နေခြင်းကြောင့် ထိုကဲ့သို့ပြုလုပ်ပါက ဥပဒေအရ
အရေးယူမည်ဖြစ်ကြောင်း သရေခေတ္တရာ ရှေးဟောင်းလုပ်ငန်းအဖွဲ့ ဒု-ညွှန်ကြားရေး
မှူး ဦးအောင်အောင်ကျော်က မဇ္ဈိမကို ဇွန်လ ၃၀ ရက်တွင် ပြောသည်။
“ရှေးဟောင်း ယဉ်ကျေးမှုဇုန်ထဲမှာ တစ်ခုခုလုပ်မယ်ဆိုရင် သက်ဆိုင်ရာ
ယဉ်ကျေးမှုဇုန် တာဝန်ရှိ သူတွေ ဆီကခွင့်ပြု ချက် တောင်းရမယ်။
ခွင့်ပြုချက်ရတယ်ဆို ရင်တောင် လုပ်ချင်တိုင်း လုပ်လို့မရဘူး။အဆောက်
အအုံတိုးချဲ့တာ၊ ခွင့်ပြုချက်မရဘဲ အဆောက်အအုံ ဆောက်တာနဲ့
မူရင်းအဆောက်အအုံကို ဖျက်ပြီး အ သစ်ဆောက်တာတွေကို ယဉ်ကျေးမှုအမွေအနှစ်
ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၈ နဲ့ ၁၉ အရ အရေးယူသွားမယ်”ဟု
၎င်းကပြောသည်။ ထိုသို့ အရေးယူမည့် အကြောင်းကိုလည်း မီဒီယာ များတွင် ထုတ် ပြန်
ကြေညာသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။သရေခေတ္တရာဇုန်အတွင်း ကျေးရွာပေါင်း ၁၇ ရွာရှိပြီး ယူနက်စကိုက ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များက စီးပွားရေးလုပ်ရန် မြေကွက်လိုက်လံဝယ်ယူ မှုများရှိ နေကြောင်း သိရသည်။
“ယဉ်ကျေးမှုဇုန်ထဲမှာ စီးပွားရေးလုပ်ဖို့ လိုက်ဝယ်နေသူတွေရှိတယ်။ မြေဈေးတွေ တက်တာကလည်း ကြမ်းတယ်။ အရင်က ၂၅ သိန်းတန်တဲ့ မြေကွက်ဆို သိန်း ၁၀၀ လောက်ခေါ်ကြတယ်။ တချို့ဆိုရင် သိန်း ကို သောင်းနဲ့ချီပြီး ခေါ်နေကြတယ်။ မြေ ဈေးတွေတော့ တော်တော်တက်သွားတယ်” ဟု ဒေသခံ ဦးခင်မောင်ဝင်းက ဆိုသည်။
သရေခေတ္တရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်အတွင်း ဥပဒေနှင့်မကိုက်ညီ သောလုပ်ရပ်များ လုပ်ဆောင်ခြင်း တွေ့ရှိ ရပါက ယဉ်ကျေးမှုဝန်ကြီးဌာနက ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေအရ ပုဒ်မ ၁၈ နှင့် ပုဒ်မ ၁၉ ပုဒ်မခွဲ(က)နှင့် (ခ)အရ စွဲဆိုမည် ဖြစ်ရာ ငွေဒဏ် ငါးသောင်းကျပ်ဖြစ်စေ၊ ထောင်ဒဏ် ငါးနှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ကျခံရမည်ဖြစ်သည်။
ယူနက်စကိုက မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ထောင်ချီသက်တမ်းရှိသော ရှေးဟောင်းမြို့ သုံးမြို့ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာတို့ကို “ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်နေရာများ”အဖြစ် ဇွန်လ ၂၂ ရက်က အသိအမှတ်ပြုခဲ့သည်။ပျူမြို့များမှာ ဘီစီ ၂၀၀ မှ အေဒီ ၉၀၀ အကြား နှစ်ပေါင်း ၁,၀၀၀ ကျော် တည်ရှိခဲ့ သော မြို့များဖြစ်သည်။
Written by ဖိုးစိုးသူ
No comments:
Post a Comment