Tuesday, July 1, 2014

လူရွှင်တော်အသင်းပိုင် သပြေခြံတွင် မိဘဆပ်စေတီ တည်မည့် ဒိန်းဒေါင်

Written by  မြင့်မြင့်စိုး 

မြောက်ဒဂုံ ၄၈ ရပ်ကွက်ရှိ လူရွှင်တော်အသင်းသို့ ဒိန်းဒေါင် လှူဒါန်းထားသော သပြေခြံတွင် မိဘဆပ် စေတီဟု အမည်ပေးထားသော စေတီတစ်ဆူ တည်ထား ကိုးကွယ်နိုင်ရန် စီစဉ်နေသည်ဟု ဒိန်းဒေါင်က မဇ္ဈိမသို့ ပြောသည်။
ယင်းစေတီကို ဒိန်းဒေါင် ကိုးကွယ်သော ဘုန်းကြီး တစ်ပါးမှ ကျပ်သိန်း ၅ဝ ၊ ဒိန်းဒေါင်မှ ကျပ်သိန်း ၅ဝ၊ လူရွှင်တော် ခင်လှိုင်မှ ကျပ်သိန်း ၅ဝ စီ စတင် မတည်ကာ တည်ထား ကိုးကွယ် သွားမည်ဖြစ်သည်။
"ကျွန်တော် သိမ်လည်း လှူ ဖူးတယ်။ ဘုရားတည်တာရယ်၊ သိမ်လှူ တာရယ် မိဘမဲ့ကလေးတွေ ရှင်ပြုပေးတာရယ် ဝါသနာပါတယ်။ သိမ်လည်းလှူ ဖူးသွားပြီ။ ဘုရားကတော့ ကျွန်တော်မတည်ရသေးဘူး။ အဲဒီတော့ လူရွှင်တော်တွေ အသက်ကြီးရင်နေဖို့ ကျွန်တော်လှူ ထားတဲ့ မြောက်ဒဂုံက သပြေခြံထဲမှာ ဘုရားတည် ဖို့ရှိတယ်။ စေတီနာမည်က မိဘဆပ်စေတီ အခုတည်နေပြီ။" ဟု ဒိန်းဒေါင်ကပြောသည်။
မိဘဆပ် စေတီတော်မှာ ဥာဏ်တော် အမြင့် ၂၇ ပေရှိပြီး လှိုဏ်ဂူပုံစံမျိုး တည်ထား ကိုးကွယ်မှာဖြစ်သည်။ မိဘဆပ် စေတီတော် တည်ထား ကိုးကွယ်နိုင်ရန် အတွက် တည်ထား ကိုးကွယ်မည့် မြေနေရာ သန့်စင်ခြင်းလုပ်ငန်း ကို ဝါဆိုလပြည့်နေ့တွင် လုပ်ဆောင် သွားမည်ဖြစ်သည်။

No comments:

Post a Comment