ဘုန်းတော်ကြီးသင် ကျောင်းများအတွက် ထောက်ပံ့ကြေးနှင့် လစာ အစိုးရပေးမည်
Written by ဇာနည်အောင်
ပညာရေးသင်ကြားရန်ခက်ခဲသည့် တိုင်းရင်းသားဒေသ၊
ဝေးလံခေါင်သီဒေသများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာမသင်ကြားနိုင်သည့်
ကလေးများကို ပညာသင်ကြားပေးလျက်ရှိသည့် ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းများကို ထိုက်သင့်သော ကျောင်းထောက်ပံ့ကြေးနှင့်
ထိုကျောင်းများမှ ဆရာ၊ဆရာမများအတွက်
လစာထောက်ပံ့ကြေးများကို၂၀၁၅-၂၀၁၆ပညာသင်နှစ်တွင်
စတင်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက မဇ္ဈိမကို ပြောသည်။
လက်ရှိဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက)များကို ပညာရေးဝန်ကြီးဌာနမှ
ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ပညာသင်နှစ်တစ်နှစ်အတွက်
ကျောင်းသုံးဗလာစာအုပ်အချို့နှင့်ကျပ်၁,၀၀၀သာ ထောက် ပံ့ပေးထားပြီး
ကျောင်းထောက်ပံ့စရိတ်များ လုံးဝပေးအပ်ခြင်းမရှိသည့် အတွက်ထောက်ပံ့ကြေးများ
ပေး အပ်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် သာသနာရေး ဦးစီးဌာနတို့
ညှိနှိုင်းသွားမည်ဆိုသည်။“လာမယ့်ပညာသင်နှစ်မှာ ပေးနိုင်အောင် သာသနာရေးဦးစီးဌာနနဲ့ ညှိနှိုင်းသွားပါမယ်”ဟု ပြောသည်။ထောက်ပံ့ကြေးပေးရာတွင် ဘုန်းတော်ကြီးသင်ပညာရေးအဖွဲ့ထံ တရားဝင်အခြေခံပညာကျောင်းဖွင့် လျှောက်ထားခွင့်ပြုထားသည့် ဘက ကျောင်းများကိုသာ ကျောင်းထောက်ပံ့ကြေးများ ပေးအပ်မည့်အပြင် ဆရာ၊ ဆရာမ များကိုလည်း အစိုးရပညာရေး ၀န်ထမ်းများ၏ လစာနှုန်းထားအတိုင်း ပေးသွားမည်ဟု ၎င်း ကဆိုသည်။
ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက တစ်နိုင်ငံလုံးတွင်လိုင်စင်ရ ဘကကျောင်းများ အပါအ၀င် လိုင်စင်မရှိသည့် ဘကကျောင်းများ၏ စာရင်းအတိအကျ သိရှိနိုင်ရန် စာရင်းကောက်ယူပြုစု သွားမည်ဖြစ် သည်။၊
အမှတ်(၃)အခြေခံပညာ ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က “ဘုန်းတော်ကြီး ကျောင်းတွေကတော့ အလှူရှင်တွေနဲ့ လည်ပတ်နေကြရတယ်။ အဲဒီမှာသင်ပြပေးနေတဲ့ ဆရာ၊ ဆရာမ တွေကို ဆရာဖြစ်သင်တန်းတွေ ပေးသွားမယ်”ဟု ဘကကျောင်းများ ထောက်ပံ့ ကြေးပေးအပ်မည့်အစီ အစဉ်ကို အတည်ပြု ပြောကြားသည်။၊
မြန်မာ့ပညာရေး လက်ရှိအခြေအနေသည် ဆရာနှင့် ကျောင်းသားအချိုးမှာ ၁ အချိုး ၃၀ (၁း ၃၀)ဖြစ် နေ သဖြင့် ဘက ကျောင်းများတွင် ကျောင်းသားနှင့် ဆရာအချိုးကွာဟမှု ပိုမိုမြင့်မားလျက်ရှိရာ အချိုး နှုန်း တူညီ စေရန် ဆရာ၊ ဆရာမများ ပိုမို ခန့်အပ်မည်ဟုလည်း ၎င်းကဆိုသည်။အစိုးရက မူလတန်းမှ အလယ်တန်း ထိအခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်နေသော်လည်း၊ဘကကျောင်းများအတွက် အခမဲ့ပ ညာ ရေးစနစ်မှာ အလှမ်းဝေးကွာနေ ဆဲဖြစ်ပြီး ဘုန်းတော်ကြီးသင်ကျောင်းများ အတွက်ထောက်ပံ့ခြင်းမရှိဟု ဘက ကျောင်းဆရာတော်များက မိန့်သည်။၊
အစိုးရက ကျောင်းများကိုကျောင်းသုံး ဗလာစာအုပ်များ အခမဲ့ပေးအပ်မည်ဟုဆိုသော်လည်း ကျောင်းစဖွင့် သည်မှာ တစ်လရှိပြီဖြစ်သော်လည်း ကျောင်းများသို့ ပေးအပ်ရမည့် သင်ရိုးညွှန်းတမ်းများကိုပင် ပြည့်စုံစွာ ပေးအပ်နိုင်ခြင်းမရှိသေးပေ။
No comments:
Post a Comment