Tuesday, July 1, 2014

ရန်ကင်းခေါင်းဖြတ်လူသတ်မှု အပြီးသတ် လျှောက်လဲချက်ကြားနာပြီး အမိန့်ချမည်

Written by  ကျော်စိုးမိုး 

ရန်ကင်းခေါင်းဖြတ် လူသတ်မှု နှစ်ဖက်အပြီးသတ် လျှောက်လဲချက်ကို လာမည့် ဇူလိုင်လ ၁၀ ရက်တွင် ကြားနာပြီးပါက အမိန့်ချမှတ်နိုင်မည်ဟု အဆိုပါအမှုကို ကိုင်တွယ်စစ်ဆေးနေသည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး တွဲဖက်ခရိုင်တရားသူကြီး(၄) ဦးငြိမ်းမြင့်က ဇွန်လ ၃၀ ရက် ရုံး ချိန်းတွင် ပြောသည်။
“လာမယ့်ရုံးချိန်းကျရင် တရားလိုတရားခံ နှစ်ဖက်ရဲ့ အပြီးသတ်လျှောက်လဲချက်တွေကို ကြားနာမယ်ပြီး နောက်တစ်ခေါက် ရုံးချိန်းကျရင်အမိန့်ချမှတ်နိုင်မှာပါ”ဟု ၎င်းက ဆိုသည်။
ဇွန်လ ၃၀ ရက် ရုံးချိန်းတွင် လူသတ်မှုကျူးလွန်သူ ချစ်ပို(ခ)ဝေယံဖြိုးနှင့် ပြန်ခေါ်သက်သေတစ်ဦးဖြစ်သည့် မူတူး(ခ)မောင်မောင်သိန်းတို့ကို စစ်ဆေးခဲ့ပြီး ချစ်ပိုက မိမိသည် လူသတ်မိခဲ့သော်လည်း သေစေလိုသည့် ရည်ရွယ်ချက်ရှိရှိဖြင့်ကျူးလွန်ခဲ့ခြင်းမဟုတ်ဘဲ လက်လွန်သွားခြင်းကြောင့်ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
“ကျွန်တော်သတ်တာမှန်ပေမယ့် သူ့သေကိုသေရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ပါဘူး။ အဲ့ဒီအ ချိန်က ဘာကိုမှမမြင်ဘဲဒေါသအလျောက်လုပ်လိုက်မိတာပါ”ဟု ချစ်ပိုက တရားရုံးတွင်တွက်ဆိုခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ပြုလုပ်ခဲ့သောရုံးချိန်းတွင်မူ တရားသူကြီးဦးငြိမ်းမြင့်က ချစ်ပိုကို ပြစ်မှုပုဒ်မ ၃၀၂(၁)(ခ)တရားစွဲဆိုပြီး အဆိုပါပုဒ်မသည် သေစေလိုသည့် ရည်ရွယ်ချက်ဖြင့်ကျူးလွန်သည့်အတွက် စွဲ ချက်ဖြစ်ကာ ပြစ်ဒဏ်အဖြစ်သေဒဏ်မှလွဲ၍ မည်သည့်ပြစ်ဒဏ်မှချမှတ်၍မရ၊ ငြင်းလိုက ငြင်းနိုင်သည်ဟု ချစ်ပိုကို သုံးကြိမ်တိုင်တိုင် မေးမြန်းခဲ့သော်လည်း ၎င်းက ငြင်းဆန်ခြင်းမပြုဘဲလက်ခံခဲ့သည်။
သေဆုံသူ ကိုမင်းမင်းဦး၏ မိသားစုဝင်တစ်ဦးက “လူတစ်ယောက်ရဲ့ခေါင်းကို ပြတ်လုနီးနီးထိ ခုတ်သတ် တာကိုကြည့်ခြင်းအားဖြင့် ရည်ရွယ်ချက်ရှိမရှိဆိုတာသိသာပါတယ်။ အမှုကို အမျှတဆုံးစီရင်ချက်ချ ပေးပါ လို့ပဲ ပြောချင်ပါတယ်”ဟု ဆိုသည်။
ပြီးခဲ့သည့်မတ်လ ၁၅ ရက်က ရန်ကင်းမြို့နယ်၊ မေတ္တာရိပ်သာလမ်းပေါ်တွင် ချစ်ပို(ခ)ဝေယံဖြိုးက ကိုမင်းမင်းဦး၏ လည်ပင်းကိုဓားဖြင့်ခုတ်ကာ သတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်ရပ်အမှုမှန်အမြန်ဆုံးပေါ် ပေါက်စေရေးအတွက် ရန်ကင်းမြို့နယ်နေ ပြည်သူများက မတ်လ ၂၈ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

No comments:

Post a Comment