မြန်မာပြည်ကျောက်စိမ်း ရေးသားထားသည့် နိုင်ငံတော်ကို လုပ်ကြံသည်ဆိုသည့် စကားလုံးကို ပြန်ပြင်စေချင်သည်ဟု ဇာတ်မင်းသား မိုးမင်းပြောလာ
မြန်မာပြည်ကျောက်စိမ်း ရေးသားထားသည့် နိုင်ငံတော်ကို လုပ်ကြံရန်
ယူဆသည်ဟူသည့် စကားအသုံးအနှုံးကို ပြန်လည် ဖြေရှင်းစေ လိုသည်ဟု
ဇာတ်မင်းသားမိုးမင်းက ၎င်း၏ ကိုယ်ပိုင် ဖေ့ဘွတ်ပေါ်တွင် ရေးသားထားသည်။
ယင်းရေးသားချက် နှင့်ပက်သက်ပြီး မြန်မာပြည်ကျောက်စိမ်းသည် ၂ဝ၁၄ ခုနှစ်
ဇွန်လ ၂၃ရက်က ၎င်း၏ ကိုယ်ပိုင် စာမျက်နှာပေါ်တွင် "(လူသိအောင်ဖွဲ့ပါဗျာ) သဘင်၊
ဂီတ၊ ရုပ်ရှင် လောကမှ ပညာရှင်များကို သတိပေးနှိုးဆော်ပါသည်၊ ဘာအဖွဲ့
ညာအဖွဲ့တွေက များလာပြီးဗျာ၊လူမသိအောင် အဖွဲ့တစ်ခု ဖွဲ့ပြီဆိုရင်၊
မကောင်းတာကြံဖို့၊ နိုင်ငံတော်ကို လုပ်ကြံဖို့ မကောင်းတာ
လုပ်ဖို့ဖွဲ့တယ်လို့ ယူဆတယ် အနုပညာရှင်များတို့"ဟုရေးသားထားခြင်း အပေါ် သဘင်
ပညာရှင် တစ်ဦးဖြစ်သည့် ဇာတ်မင်းသား မိုးမင်းက ယခုလို တုန့်ပြန်
ပြောဆိုလိုက်ခြင်းဖြစ်သည်။မိုးမင်း၏ ကိုယ်ပိုင် စာမျက်နှာပေါ်တွင်မူ ၂ဝ၁၄ ခုနှစ် ဇွန်လ ၂၇ရက်က"ကိုကျောက်စိမ်း ပြောတဲ့ နိုင်ငံတော်ကိုတောင် လုပ်ကြံမယ်လို့ ယူဆရတဲ့ အနုပညာအဖွဲ့ကို ကျွန်တော်တို့ အလွန်စိတ်ဝင်စားနေပါတယ် ခင်ဗျာ ရှောင်ရှားရန် လိုအပ်လျှင်လည်း တိုက်ခိုက်ရန် အနုပညာထု တစ်ခုလုံးမှာ တာဝန်ရှိတယ်လို့ ကျွန်တော်ကလည်း ယူဆပါတယ။် ထင်ယောင် ထင်မှားတွေဖြစ်အောင်postတင်ပြီး ပစ်မထားသင့်ပါ။ အနုပညာသမားများအပေါ် အထင်အမြင်သေးစိတ်များ ဝင်ရောက် လာနိုင် ပါသည်။ မိမိ post ကို မိမိ တာဝန် ပြီးဆုံးစေချင်ပါသည်"ဟု ပြန်လည်ရေးသားထားသည်။
ဘဘင် ပညာရှင် မိုးမင်းအား မဇ္ဈိမ မှ ဆက်သွယ်မေးမြန်းခဲ့ရာ မိုးမင်းက မြန်မာပြည်ကျောက်စိမ်း ကိုယ်ပိုင် စာမျက်နှာပေါ်တွင် ရေးသား ထားသော စာသားများ အားလုံးထဲမှ နိုင်ငံတော်ကို လုပ်ကြံဖို့ ဟူုသည့် စကားလုံးကို သိချင်ပြီး ရုပ်ရှင်၊ ဂီတ၊ သဘင်ဟု ရေးသား ထားခြင်းကြောင့် ဘဘင်သမား တစ်ဦးအနေဖြင့် ယင်း စကားလုံးအား နိုင်ငံတော်မှ နားလည်စေရန် သေချာစွာ ပြန်လည် ဖြေရှင်းသင့်ကြောင်းနှင့် ကိုယ်တိုင်ရေးသားထားသည့် စကားလုံးကို ကိုယ်တိုင်တာဝန်ယူနိုင်ရန် အရေးကြီးသည် ဟု မိုးမင်းကထပ်မံပြောသည်။
ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ အဖွဲ့သုံးဖွဲ့တွင် အနုပညာရှင်များစွာ ပါဝင်လျက်ရှိပြီး အနုပညာရှင်များ အနေဖြင့် ပြည်သူ အကျိုးပြု လုပ်ငန်းများနှင့် ပရဟိတ လုပ်ငန်း များကို လုပ်ကိုင်နိုင်ရန် အတွက် အသင်းအဖွဲ့များ၊ပရဟိတအဖွဲ့များ ဖွဲ့စည်းကာ ပြည်သူလူထု ကောင်းကျိုးကို ဆောင်ရွက်လျက်ရှိပြီး အတုအယောင် အဖွဲ့ အစည်းကို တွေ့ရှိပါက ရုပ်ရှင်၊ ဂီတ၊ သဘင် သုံးခုစလုံးနှင့် တိုင်ပင်ကာ အတုအယောင် အဖွဲ့အစည်းကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သင့်သည်ဟု မိုးမင်းကပြောသည်။
မြန်မာပြည်ကျောက်စိမ်း၏ ဖုန်းသို့ မဇ္ဈိမမှ ဆက်သွယ် မေးမြန်းရာတွင် မန္တလေးမှ သူငယ်ချင်း တစ်ယောက်အား နောက်ပြောင်ပြီး ယင်းစာသား များကို တင်လိုက်ခြင်းဖြစ်ပြီး မည်သူကိုမှ ရည်ရွယ်လိုသည့် စိတ်ဓါတ်မရှိဟု မြန်မာပြည်ကျောက်စိမ်းကပြောသည်။ မြန်မာပြည်ကျောက်စိမ်း အနေဖြင့် ယင်းစကားလုံး စာသားများနှင့် ပတ်သက်ပြီး ပြန်လည်ဖြေရှင်းရန် အစီအစဉ်မရှိဟုပြောသည်။
"လောကကြီးမှာ ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာ လုပ်ရင် မကောင်းတာဖြစ်မယ်၊ ဦးကတော့ အဲဒီလိုပဲယူ ဆထားပါတယ်"ဟု ၄င်းကပြော သည်။
နည်းပညာများ ထွန်းကားလာသည့် ခေတ်ကြီးတွင် ကိုယ်ပိုင် စာမျက်နှာ ဖေ့ဘွတ်ကို အသုံးပြုသူများ များပြားလာပြီး ယင်းကိုယ်ပိုင် စာမျက်နှာပေါ် တွင် ရေးသား သည့် စာများကို ကိုယ်တိုင် တာဝန် ယူနိုင်မှသာ ရေးသား သင့်သည်ဟု မိုးမင်းက အကြံပြုပြောကြားခဲ့သည်။
Written by မြင့်မြင့်စိုး
No comments:
Post a Comment